Air Bagan to initiate e-Ticket

15 views
Skip to first unread message

Nyi Nyi ®

unread,
Oct 3, 2012, 12:28:49 AM10/3/12
to travel...@googlegroups.com
Air Bagan လေကြောင်းလိုင်းက e-Ticket စနစ်ကို အောက်တိုဘာလအတွင်းမှ စတင်ကာ ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယခင်က သတ်မှတ် လက်မှတ် အရောင်းကောင်တာများတွင် လက်မှတ် သွားရောက် ဝယ်ယူပြီး မူရင်းလေယာဉ်လက်မှတ်ကို ရရှိကာ ထိန်းသိမ်းထားရပြီး e-Ticketing စနစ်ဖြင့် ဝယ်ယူပါက လေယာဉ်လက်မှတ်မူရင်း ထုတ်ပေးမည်မဟုတ်ဘဲ လေယာဉ်လက်မှတ်တွင် ပါသော အချက်အလက်ကို A4 စာရွက်တွင် Print ထုတ်ပေးမည် ဖြစ်သည်။ အဆိုပါ e-Ticketing စနစ်ကို အောက်တိုဘာလ ၁ ရက်မှ စတင်ကာ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းဝန်ဆောင်မှု အတွက် Bangkok Airway နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် e-Ticket များ ရောင်းချရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ Vietnam Airline နှင့်လည်း လက်မှတ် ရေးထိုးထားပြီးဖြစ်ကာ e-Ticket ထုတ်ယူနိုင်ရေးကို ဆက်လက် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ခရီးသည်များ ကိုယ်တိုင် အင်တာနက်မှ ကြိုတင်လက်မှတ် ဝယ်ယူပြီး ဘဏ်များနှင့် ချိတ်ဆက်ကာ e-Ticket ထုတ်ယူမှု အစီအစဉ်ကို ပြည်ပရှိ K-Bank နှင့်လည်းကောင်း၊ ပြည်တွင်းရှိ AGD ဘဏ်နှင့်လည်းကောင်း ချိတ်ဆက်ကာ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ e-Ticket ကို အသုံးပြုခြင်းအားဖြင့် လက်မှတ်ကိုင်ဆောင် ထိန်းသိမ်းနေရခြင်းနှင့် ပျောက်ဆုံးလက်မှတ် ကိစ္စရပ်များ ပပျောက်သွားမည်ဟု ဆိုသည်။ Air Bagan လေကြောင်းလိုင်း အနေဖြင့် လေယာဉ် လက်မှတ်များ ရောင်းချရာတွင် ပြည်တွင်း ပထမဦးဆုံးအဖြစ် Computerized Reservation System (CRS) ကိုလည်း စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ယခုလာမည့် ခရီးသွားရာသီတွင် ခရီးသည်နှင့် လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များ လက်မှတ်များ ဝယ်ယူခြင်း၊ ရောင်းချခြင်း ပြုလုပ်ရာတွင် အဆိုပါ စနစ်များကို အသုံးပြုသွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Thomas Latt

unread,
Oct 3, 2012, 1:21:05 AM10/3/12
to travel...@googlegroups.com
good news.

2012/10/3 Nyi Nyi ® <nyi...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/gJSk_MXPBuAJ.
For more options, visit https://groups.google.com/groups/opt_out.
 
thawdar

unread,
Oct 4, 2012, 4:07:38 AM10/4/12
to travel...@googlegroups.com

  That sounds great!!! If they would launch e Check-in system together , then it'd be greater, you can save a lot of time,

TTO
Reply all
Reply to author
Forward
0 new messages