စာ မူကြမ်းအား စာပြင်မအပ်ခင် သူငယ်ချင်းများ မိုးတွင်းအပြင်းပြေဖတ်ရန် တင်ပေးပါသည်။ အပိုင်း၉- ၁၀

12 views
Skip to first unread message

Tomme Aung

unread,
Sep 7, 2013, 8:18:39 AM9/7/13
to travel...@googlegroups.com

အခန်း ( ၁၀ )

  တစ်ညလုံး ရထားစီးသရဖြင်. သွေး အနည်းငယ် နွမ်းလျလျဖြစ်နေသည်။ ရထား ပြတင်းပေါက်ကိုဖြတ်ကျော်ဝင်လာသည်. မနက်ခင်းလေပြေမှာ သွေး၏နဖူးပြင်ကို လာရိုက်ခတ်ကြသောကြောင်.  စိတ်ပြန်လည် ကြည်လင်လာပြီး စိမ်းလန်းသောမြင်ကွင်းကို တ၀ကြီးငေးကြည်လိုက်သည်။  စစ်ကိုင်းတောင်နှင်. မင်းဝံတောင်ကြောတို. တစ်ဆက်တည်း ရှိနေသည်ကို  ပဒူရွာ နှင်.ခက်ခ ရွာ အလွန်လောက်ကတည်းက ကောင်းမှုတော် စေတီကြီးနှင်.အတူ တွေ.ရသည်။ စစ်ကိုင်းပြတ်ရွှေ. ကြော ကို မြင်ရတော. သွေးငယ်စဉ်က ဖခင်နှင်.အတူ ရွှေမင်းဝင်မြို.သစ်တည်ကာစနိုက် မြေကွက်ဝယ်ရန် အသွား လည်းကောင်း တောင်ကြောအကြား ဖြတ်သွားခဲ.ဘူးသည်ကို အမှတ်ရမိသည်။ တောင်ပေါ်ရှိ စေတီများက ရထားကြီး ဥသြစွဲဖို. သတိပေးလိုက်သည်ထင်သည်။ ဥသြသံရှည် သုံးကြိမ်ခန်. အချက်ပေးအပြီးတွင်သွေးတို.စီး လာသော ရထားက အင်းဝ တံတားကြီးပေါ် စတင်ဖြတ်နေပြီ။ စစ်ကိုင်းတောင်ရိုးပေါ်တွင် ထုံးဖြူသုတ်စေတီများက အလွှာလိုက် အုပ်စုလိုက် ပေါက်ရောက်နေသော တရုပ်စကားပန်းပင်နှင်. တမာပင်တန်းတို.အကြား အကွက်လိုက် ဖြန်.ကျက်တည်ရှိနေသည်မှာ ငယ်စဉ်က စားရသော ပေါက်ပေါက် ပွင်.တို.ကို အစုလိုက် ပန်းကန်ပြားပေါ် တင်ထားသလိုရှိပြီး တောင်ကတုံးများမှာတော. ပေါက်ပေါက်ပွင်. အနားတူးကာ အထက်လန်နေသကဲ.သို..ရှိသည် ဟု မဆီမဆိုင်တွေးမိလိုက်သည်။ စစ်ကိုင်းမြို.သည် မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူလာလည်သူများ အတွက်ဖမ်းစားနိုင်လောက်အောင် သာယာလှပသည်.အပြင် ဘုန်းကြီးကျောင်း နှင်. မယ်သီလရှင်ကျောင်းများ ရာနှင်.ချီ ရှိနေရွှေ.လဲ၊ တရားဘာဝနာ ပွားများအားထုတ်ချင်သူတို.အတွက် တရားအရိပ် နားခိုရာ နေရာဖြစ်သည်။ ရှေး စာဆိုများက    စစ်ကိုင်းမြို.၊စစ်ကိုင်းတောင် နှင်. ဧရာဝတီမြစ်တို. အကြောင်း သီချင်းများ၊ ကဗျာများ ဖွဲ.ကာ အမွှန်းတင်ဖော်ကျူး.ခဲ.ကြသည်။

 ရွှေကြက်ယက်ကျေးရွှာ ကို ဖြတ်ကျော်လာအပြီးတွင် မန်းတလေးမြို.ကို ရောက်တော.မည်။

သွေးတစ်ရောက် စိတ်ထဲမွန်းကျပ်လာ၏။ ဖခင် ဘယ်လိုများနေပါလိမ်.ဟူသော အတွေးဝဲကယက်လှိုင်း အဖန်ဖန်တွေးပူ ရိုက်ခတ်နေမိရွှေ. ဦးခေါင်းတင်းကျပ် အသက်ရှူရပ်မတတ် ဖြစ်နေသည်။

မန်းလေးဘူတာကြီးကိုရထားဆိုက်ပြီးချိန်မှာတော. ဖခင်အားချုပ်နှောင်ထားသည်. အမှတ်

(  ) ရဲစခန်းသို. အပြေးနှင်လိုက်သည်။ မန်းတလေးမြို. မနက်ပိုင်းတွင် လတ်ဆတ်သောလေဖြင်. နေလို.ကောင်းအောင် တစ်ခဏ လှည်.စားခဲ.မှုတို.သည် ၁၀ နာရီ ကျော်သည်.နောက် အရေခွံ လဲလိုက်ပြီ။ ကတ်တရာ လမ်းတို.ကို အရည်ပျော်လာအောင် မထိတထိ အပူငွေ.ပေးနေ၏။ သို.သော် သွေး၏ရင်ထဲက အပူကိုတော. ဟန်ပျက်လောက်အောင် မနှောက်ရှက်နိုင်ပေ။ ရင်ထဲကအပူကတောင် လမ်းများကို ပွက်ပွက်ဆူသွားစေနိုင်သည်။ နေရောင်ခြည်အပူသည် သွေး၏ ခန်ဓါကိုယ် သွေးလည်ပတ်မှုကို အရှိန်ပိုမြှင်.ပေးလိုက်၏။ သုံးဘီးကား ငှားစီရွှေ. ဖခင်အားချုပ်နှောင်ထားသည်. နေရာလာခဲ.သည်။ ရောက်သော်ယာဉ်မောင်းအား ပိုက်ဆံချေကာ ရဲစခန်း အတွင်းသို.ကတိုက်ကရိုက်ဝင်လာခဲ.သည်။

အုတ်တံတိုင်း အညိုရောင် မနိမ်.မမြင်.၊ အချုပ်ခန်းသံတိုင်များနောက်တွင် အချုပ်သားများ ၂၀ လောက်ကိုတွေ.လိုက်ရသည်။ ဖခင်ကို အမြန်ရှာဖွှေမိသော်လည်း မိန်ပြပြ အလင်းရောင်ကြောင်. မည်သူမည်ဝါ မကွဲပြားပါ။ သွေး ၀မ်းနဲကြီးစွာနဲ. ဖခင်ကို အော်ခေါ်ကြည်.လိုက်သည်။

  ဖေဖေရေဖေဖေ.

အသံက တစ်စို.စို.ဖြစ်နေရွှေ. ကျယ်လောင်စွာထွက်မလာပါ။

နောက်ကလိုက်လာသော ရဲဘော်တစ်ဦးက

  တရားခံ ကိုထွန်း ၊ ခင်များသားလာတွေ.တယ်၊ ခဏလာပါ။ ဟုခေါ်လိုက်သည်။

သြော် ဟုတ်ကဲ.၊ အခုလာပါပြီ။

အားအင်ချိနဲ.နေသံနှင်.အတူ ဖခင်ကိုတွေ.လိုက်ရချိန် သွေးမှာ ဒူးထောက်ယိုင်ကျသွားရသည်။

သား လူလေး မင်းလိုက်လာတယ်နော်၊ ဖေဖေ၀မ်းသာတယ်ကွာ၊ မင်းမေမေရော နေကောင်းရဲ.လား

ဖခင်အရင်ဦးဆုံးသိချင်သည်မှာ သွေးမိခင်၏ကျမ်းမာရေးဖြစ်သည်။

ဟီး ဟီး . မေမေနေကောင်းပါတယ်၊ ဖေဖေ ..ဘယ်လိုဖြစ်ရတာလဲဗျာ ..အဟင်.အဟင်..

သွေးတစ်ကိုယ်လုံးတုန်ရီစွာဖြင်. ဖခင်ကိုကြည်.ပြီးငိုနေမိ၏။ ဖခင်ကသွေးရဲ.လက်ကို ဆုပ်ကိုင်ပြီးမျက်ရည် မကျအောင် အတန်တန် ထိမ်းနေပုံရသည်။

သားမငိုနဲ. ဖေဖေဘာမှ မဖြစ်ဘူး၊ ရက်မကြာခင် လွတ်မှာပါ။ အခုဟာကမင်းလဲအသိပဲ၊ဖေဖေက ဥပဒေဘောင်အတွင်းကပဲသစ်လုပ်ငန်းလုပ်တာ၊ ဖေဖေရဲ. အလုပ်သမား ကျွဲကြီးညီနောင်က တရားမ၀င်သစ်ထပ်တင်တာမိတော. ဖေဖေကိုပါ ရောပြီးဖမ်းတာ၊သူတို.ကို ဖမ်းဝရမ်းထုတ်ထားတယ်။ သူတို.ကိုမိရင် ဖေဖေ ဒီအမှုနဲ.မဆိုင်ဘူးဆိုတာ ရှင်းသွားမယ်။

ဖခင်က ရှည်လျားစွာရှင်းပြတော.သွေးစိတ်ထဲ ပေါ.သွားသလိုရှိသည်။ ဖခင်က ဆက်ပြောသည်။

စခန်းမူးကြီးကလည်း ကျွဲကြီးတို.ညီအကိုဒီလိုလုပ်တာ နှစ်ခါ သုံးခါလောက် ရှိပြီလို.   ဖေဖေ.ကိုပြောပါတယ်။ ဒါပေမဲ. လောလောဆယ် ဥပဒေလမ်းကြောင်း အရ ရှင်းရမှာဆိုတော. ခဏသီးညည်းခံဖို.ပြောသေးတယ်။ငါ.သား ဘာမှ စိတ်မပူနဲ.

ကျွဲကြီးညီနောင်မှာ ဖခင်၏ လူယုံတော် တပည်.နှစ်ယောက်ဖြစ်ကြသည်။ နှစ်ဦးစလုံး အသားမဲပြီး ထွားကျိုင်းသန်မာသောကြောင်. ကျွဲကြီးညီနောင်ဟု ခေါ်ကြခြင်းဖြစ်သည်။ သန်မာသလို အလုပ်အင်မတန်လုပ်နိုင်သည်။ ဇွဲရှိသလို သစ်စာလဲရှိသူများအဖြစ် လူတိုင်းက ချီးမွှမ်းကြသည်။ ယခုလို သစ်စာမဲ.သည်.လုပ်ရပ်မျိုးလုပ်သည်ကိုမည်သူမျှ ယုံကြလိမ်.မည်မဟုတ်ပါ။

သွေးမှာ တွေးရင်းတွေးရင်း လည်းကောင်းတို.နှစ်ဦးအား စိတ်တိုလာရသည်။ ကျွဲကြီးညီနောင်

မင်းတို.ကိုတွေ.လို.ကတော.မလွယ်ဘူးမှတ်။ မင်းတို.မို.လို.လုပ်ရက်တယ်။ ကိုယ်.ကျေးဇူးရှင်ကိုမှ ပြန်ကိုက်ရတယ်လို.။ စိတ်ထဲမှာ အချင်ပေါက်ပေါက်နှင်. အံကြိတ်ကာ ပြောနေမိသည်။ ဖခင်က သေသေချာချာ ပြောပြမှ သင်းတို.လက်ချက်မှန်း သိလိုက်ရသည်။

သား မငိုနဲ.တော.၊ မင်းက ယောက်ကျားပဲကွာ။

အဲဒါဆို အခုသား ဘာလုပ်ပေးရမလဲ ဖေဖေ၊မေမေသာ ဒီအကြောင်းသိရင် စိတ်ညစ်ပြီးသေမှာ၊မပြောလို.ကလည်း မဖြစ်ပြန်ဘူးဗျာသွေး ပြောရင်း ထပ်ငိုမိပြန်သည်။

သား ဒီလိုလုပ် ဖေဖေမှာ စခန်းမူးကြီးဆီအပ်ထားတဲ.ငွေရှိသေးတယ် အဲတာယူထား၊ ရမန်ကြီးနှစ်ကြိမ်ပြီးရင် အမှုစစ်မယ်လို.ကြားတယ်။ ဖေဖေကို အိုးဖိုထောင်သစ်ကြီးကိုပို.ကြလိမ်.မယ်။ ဖေဖေသူငယ်ချင်း ဦးကိုကိုဆီ သွားပေး၊ သူက မြောက်ပြင် ၁၄ လမ်းမှာနေတဲ.ရှေ.နေပဲ၊ သူနဲ.တွေ.ရင် ဖေဖေကလွှတ်လိုက်တယ်ပြော၊ သူကို ဖေဖေ.ရဲ.ရှေ.နေအဖြစ်ငှားဖို.နဲ. ဖြစ်ကြောင်းကုန်စင် အမှန်အတိုင်း ပြောချေကွာ။ ပြီးရင် သား ငွေယူပြီး အိမ်ကိုပြန်။ မင်းအမေကို ဒီအကြောင်း ဖြေးဖြေးခြင်းပြောပြ။ လုပ်ငန်းကို ခဏရပ်ထားခိုင်း၊ အလုပ်သမားတွေကို ၂ လစာပေးပြီး အနားပေးထားကွာ။ မိသားစုကို ငါ.သားက သေသေချာချာ ဂရုစိုက် စောင်.ရှောက်ပါ။ ဖေဖေ.ကို တွေ.ချင်ရင် ဗုဒ်ဓဟူးနေ.တိုင်းထောင်ဝင်စာတွေ.လို.ရတယ်။

ဖခင်ကမမောတမ်း အကွက်စေ.စေ. ပြောပြနေမှုကို မျက်ရည်အရွှမ်းသားဖြင်.သွေး လိုက်မှတ်နေသည်။ ကံကြမ်မာရယ် ဘာဖြစ်လို.များ ကျွန်တော်တို.မိသားစု ထံကိုမှ တိုက်တိုက် ဆိုင်ဆိုင် ၀င်လာရတာလဲဗျာ ဟု ညည်းနေမိသည်။

ဟုတ်ကဲ.ဖေဖေ . ဖေဖေ ကျမ်းမာရေးဂရုစိုက်ပါ။ သားလဲ အရွှယ်ရလာပါပြီ။ စိတ်ချ ဖေဖေပြောတဲ.အတိုင်း သား တစ်သဝေမတိမ်း လုပ်ပါမယ်။

အဲဒါမှ အဖေ.သား၊ ဒါပေမဲ. သားရော အဖေ ပါ နှစ်ယောက်စလုံး စိတ်ပူပန်မှုများနေရင် ကျန်တဲ.သူတွေပါ ဒုက်ခ ရောက်ကုန်လိမ်.မယ်။ အားတင်းထားကွာ မငိုနဲ.

ဖခင်က မငိုဖို.ပြောပေမဲ. သူကိုယ်တိုင်လဲ မျက်လုံးအိမ်ထဲမှာ မျက်ရည်ဥလေးများနှင်.ပြည်.နေပြီး မငိုမိအောင် မျက်မှောင်ကြုတ်ရွှေ. အခါခါ အားတင်း တားစီးနေသည်။ သို.သော် အဆုံးတွင် မျက်ရည်တစ်စက်က အာခံကာ ဖျှော.တော.တော. ပါးပြင်ပေါ် လိမ်.ဆင်းကျလာသည်။ သွေးမမြင်ရစေရန် ဖခင်က တစ်ဘက်သို.လှည်.လိုက်သည်။ သွေး မြင်လိုက်သည်။ဖခင်ငိုတာ တစ်ခါမှ မမြင်ဘူးသော သွေး ဖခင်နှင်.အတူ အတိုင်းမဲ.ငိုကြွေးပေါက်ကွဲလိုက်တော.သည်။

ဖခင်ကောင်းပီသခဲ.တဲ. အဖေ၊ ကေသရာဇာ ခြင်သေ.မင်းလို ရဲရင်.ခဲ.တဲ.အဖေ ယခု ထိုအရာများ ပြောက်ကွယ်ကာ စိုးရိမ်မှု ၀မ်းနဲမှုတွေသာ ဖခင်၏မျက်နှာပြင်ပေါ် ဖုံးလွှမ်းနေတာကို အတိုင်းသားမြင်လိုက်ရသည်။  

ဖခင်အတွက် လိုအပ်သည်တို.ကို ၀ယ်ယူပေးပြီး နုပ်ဆက်ထွက်ခွာ လာခဲ.တော.သည်။ သို.ပေမဲ. ဖခင်၏ ညိုးနွမ်းနေသောမျက်နှာကို မျက်ဝန်းထဲဖျောက်ဖျက်မရပါ။

သွေးမှာ ရှေ.နေ ဦးကိုကိုတို.အိမ်ကို အသိတစ်ယောက်ထံမှ ငှားလာခဲ.သော ဆိတ်ငါးကောင် တံဆိပ် စက်ဘီးလေးဖြင်. လမ်း ၈၀ အတိုင်း ၁၄ လမ်းသို. ထွက်လာခဲ.သည်.။ လမ်းမကြီးပေါ်ဝယ် စက်ဘီးဆိုက်ကားများဖြင်. စည်ကားလှသည်။ မန်းတလေးရှိလမ်းတိုင်း စတုရန်းပုံစံချ ဖောက်လုပ်ထားပုံမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို.ရှိလမ်းများ အတိုင်းပင်ဖြစ်သည်ဟု သူများပြောတာကြားဘူးသည်။ မင်းတုန်းမင်းကြီး၏အစီအမံ ကို အမေရိကန်များ ပုံတူကူး တည်ဆောက်တာလား လို. ကလေးစိတ် မကုန်သေးသော သွေး အူကြောင်ကြောင် အတွေးဖြင်. စက်ဘီးနင်းလာခဲ.သည်မှာ အာဠ၀ီတံတားအနီးပင်ရောက်လာခဲ.သည်။ သွေး စိတ်အိုက်သွား၏။ ဒီတံတား၊ ဟုတ်တယ်ဒီတံတားပင်ဖြစ်သည်။ သီပေါမင်းနှင်.စုဖုရားလတ်တို.အား ဧရာဝတီဆိပ်ကမ်းရှိ မီးသင်းဘောဖြင်.ရန်ကုန်သို. ပင်.ဆောင်ရန် ဒီတံတားပေါ်မှပင် ဖမ်းဆီးခေါ်ဆောင်သွား

ကြတာ ဖြစ်သည်။ ရန်ကုန်မြို.က တစ်ဆင်. အိန်ဒိယ နိုင်ငံ ရတနာဂီရိ ကို ပို.လိုက်ကြသည်ဟု စာတွေဖတ်ရွှေ. သိရသည်။ သွေးတွေးနေရင်း မိမိကိုယ်ကို စိတ်ပျက်လာသည်။ ဘာဖြစ်လို. အတိတ်နိမိတ်မကောင်းတဲ. တံတားရှိတဲ. လမ်းကမှ ရွှေးချယ်လာခဲ.မိပါလိမ်.ဆိုပြီး သွေးကိုယ်သွေး အပြစ်တင်မိပြန်သည်။ တတ်နိုင်ဘူးလေ၊ ရှိစေတော. ၊ ဒီလမ်းကသွားမှ ဦးကိုကိုတို.အိမ်ကို တန်းတန်း မတ်မတ် ရောက်နိုင်သည် မဟုတ်လား။ သွေး  တစ်စိမ်.စိမ်.ထွက်နေသာချွေးတို.ကိုသုတ်ပစ်ပြီး စက်ဘီးကို အားတင်းကာ ဆက်နင်းလိုက်သည်။

အသက် ၁၇ နှစ် ကျော်ကာစ လူငယ်လေးတစ်ယောက် အရွှယ်နှင်.မလိုက်အောင် ဒုတ်ခတို.များမြောင်လာပြီ။ အသက်ငယ်သလောက် သတ်တိကောင်းသူ သွေးမှာ ဆယ်တန်းစာမေးပွဲကြီးအပြီး၊ ဘ၀စာမေးပွဲကို ယခုမှ လက်တွေ.ကျကျ ထပ်မံဖြေဆိုလိုက်ရသည်။

 တစ်ထပ်တိုက်အနီရောင် အုတ်နံကပ်တိုက်ကလေးရှေ.တွင် သွေးက စက်ဘီးကိုရပ်လိုက်ပြီး အိမ်နံပါတ် ကိုသေချာစွာတိုက်ကြည်.သော် ဦးကိုကိုတို.အိမ်မှန်းသိရ၏။ အသက်ကြီးကြီး အဖွားအိုတစ်ဦးအား အိပ်ရှေ. စံပယ်ပန်းခြံအား ရေလောင်းနေသည်ကိုတွေ.ရ၏။

ဖွားဖွား .. ဦးကိုကိုတို. အိမ်လားခင်မျာ။ ဦးကိုရှိသလား မသိဘူး

သယ်သူလဲ .. ဘာကိစ်စ ရှိလို.လဲကွဲ.၊ ကိုကိုက အလုပ်ရှိလို. အပြင်ခဏသွားတယ်၊ လာ အထဲကိုဝင်ပါဦး

အဖွားအိုမှလက်ထဲက ရေပိုက်ခေါင်း ပိတ်လိုက်ပြီး  ခြံဝင်းတံခါးကို လှပ်ကာ အတွင်းဝင်ရန် သွေးကို လှမ်းခေါ်လိုက်သည်။ 

 ကျွန်တော် ဦးကို ကိုအလုပ်အပ်ဖို.လာတွေ.တာပါ ဖွာဖွား

သြော်အေးအေး.. ဒီမှာထိုင်ပါဦးအဖွားက ပြောအပြီး အိမ်ခန်းထဲဝင်သွားသည်။

သွေး ဧည်.ခန်းထဲမှာ တစ်ဦးတည်း ထိုင်ရင်း နံရံပေါ် ရှိ ချိတ်ဆွဲထားသော ပန်းချီကားကြီးကို ကြည်.နေမိသည်။ ထိုပန်းချီကားအောက်တွင် ရှေးခေတ်တိုက်ပွဲဝင် ငှက်ကြီးတောင် ဓါးနှစ်ချောင်းအား ကြက်ခြေခတ်အနေအထားဖြင်. ချိတ်ဆွဲ ထားသည်ကိုတွေ.ရ၏။ ဓါးတစ်ချောင်း၏ လက်ကိုင်ရှိ ကတ်တီပါအစတွင် ညိုညစ်စ်ညစ်သွေး စွန်းထားပုံရသည်။ သွေးတို.က ခြောက်တောင်နေပြီ။ရှေးခေတ် ပန်းချီကားတစ်ချပ် ဖြစ်ပြီး နုပ်ခမ်းမွှေးစစနှင်.ဥပတိရုပ်အလွန်ကောင်းသည်.စစ်သူကြီးတစ်ဦး၏ပုံတူပန်းချီ ဖြစ်သည်။

 အသေအချာ ကြည်.လေ ထိုစစ်သူကြီးက သွေးကိုပြန်ပြီး စိုက်ကြည်.နေသလိုရှိရွှေ. သွေးကြက်သီး များပင်ထလာရသည်။ အတော်လက်ရာမြောက်တဲ.ပုံပါလားဟု တွေးမိ၏။ ထိုစစ်သူကြီး၏ သဏန်မှာ ထူထဲသော မျက်ခုံးနှင်. စူးရှသောမျက်ဝန်းတစ်စုံတို.ကြောင်. တည်ကြည်ခန်.ငြားသောပုံကိုဆောင်သည်။ မဟုတ်မခံစိတ်နှင်. အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းတတ်သော မျက်နှာပိုင်ရှင်မျိုးဖြစ်သည်။ ထူးခြားသည်မှာ မာန်ပါပါ ဘာမထီ အကြည်.ဖြစ်သည်။ ဒီအကြည်.မျိုး၊ ဒီမျက်လုံးမျက်ဖန်မျိုးကို သွေး အရင်က တွေ.ဘူး ရင်းနှီးဘူးသလိုလိုရှိသည်။ ဘယ်မှာတွေ.ဘူးပါလိမ်.ဟု စဉ်းစားနေချိန်တွင် ခုနက အဖွားအိုမှာ သွေးဆီပြန်လာနေသည်။ ပါးစပ်ကလဲ ပြောလိုက်သေး၏။

လူကလေး ရေနွေးကြမ်းသောက်ဦး၊ ဒါကမန်းတလေးထိုးမုန်၊မြည်းပါဦးကွဲ.

ဟုတ်ကဲ.ဖွားဖွား။ဦးကို ဘယ်အချိန်လောက် ပြန်လာတတ်သလဲခင်မျ

သွေး ထိုးမုန်.ကိုခက်ရင်းဇွန်းဖြင်.ယူစားရင်း မေးလိုက်သည်။

အေး..သူအပြင်သွားရင် သိပ်မကြာဘူး၊ ခဏနေဆို ပြန်လာတော.မှာပါ

ဟုတ် သွေးခပ်တိုတိုဖြေပြီုး ရေနွေးငဲ.သောက်လိုက်သည်။ အလာတွင် စက်ဘီးနင်းရရွှေ. ရေငတ်နေတာကြောင်. ရေနွေး သုံးခွက်ဆင်.သောက်လိုက်မိ၏။

သွေးအနဲငယ်စိတ်ပျက်မိသည်။ စောင်.စားရသောအလုပ်ကိုမုန်းသည်.သွေး ယခုလဲ ဦးကိုကို ပြန်လာမည်.အချိန်ထိ စောင်.ရဦးမည်။ အထူးသဖြင်. မန်းတလေးမှလူများ ပြောတတ်သည်. တစ်အောင်.စောင်.ပါ၊ သိပ်မကြာပါဘူး၊ ကွမ်းတစ်ယာညက်လောက်ကြာမယ်၊ တစ်ပြ ပဲဝေးတာပါ ဆိုသည်. စကားတစ်ချို.ကို ပိုပြီးကြောက်နေမိသည်။ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသည်. စကားရှိသည်။ မန်းလေးကသူများ စကားကြွယ်ကြသည်။ သွေးအတွက်လဲ သူတို.ပြောသော မြန်မာစကားမှာ နားဝင်ချိုလှသည်။ ဒါပေါ.လေ တစ်တိုင်းပြည်လုံးက ပြည်သူများ ပြောနေကြသည်. စကားကလဲ မန်းလေးစကားကို အခြေတည် ပြောကြတာမဟုတ်လား။ ထီးသုံးနန်းသုံး စကားပေပဲလေ။

သွေးတစ်ယောက်ထဲ တွေးရင်း ထိုးမုန်.ထပ်စားရန် လက်အလှမ်းဝယ်

ဟယ် သွေး………နင်ဒီကိုဘာလာလုပ်တာလဲ

 သွေးက ဒီအသံရင်းနီးပါတယ်လို. တွေးပြီး နောက်ဖက်လှည်.ကြည်.လိုက်သည်။

ဟာ……. သွားပြီ..ထိုးမုန်.ကိုလှမ်းယူသည်.လက်တို. အကြောသေ ရပ်တန်.သွားကာ ကိုင်ထားသော ခက်ရင်းသေးလေး ထောက်ကနဲ ပြုတ်ကျသွား၏။

 ဟဲ.  ၊ ဘာသွားတာလဲ ၊ ငါ.ကိုတွေ.တာ သရဲတစေ တွေ.လိုက်တာကျနေတာပဲ။ ငါပါဟ…”

အာ.. အေးနင်ကိုး၊ စုစုလှိုင်။ နင် ဒီဒီကို.. ဘဲ.နှယ်.လုပ်ရောက်နေတာလဲ.

သွေး အထစ်ထစ်အငေါ.ငေါ. ဖြစ်နေချိန် စုစုလှိုင်ရဲ. စူးရှ ပြင်းပြ မာန်ပါသော မျက်ဝန်းအောက်တွင် ခဏအရည်ပျော်သွားရသည်။

ငါ..ငါ..၀မ်းသာလိုက်တာသွေးရယ် ဒီတစ်သက် နင်.ကို မတွေ.ရတောဘူးလို.ထင်နေတာ

သူမက သွေးနှင်.မျက်နှာချင်းဆိုင်ခုံမှာ လာထိုင်သည်။

သွေး  အိမ်မက်ကမ်ဘာထဲ ရောက်နေသလိုပင်၊ အဖြစ်တို.ကဆန်းကြယ်လှသည်။  တွေးထင်မထားသူကို မထင်သည်.နေရာမှာတွေ.နေရသည်။ ဖခင်ပြောသော စကားထဲကလို ဘ၀ဟူသည် အခန်း အကန်.ငယ်လေးများနှင်. ဖွဲ.စည်းထားသည်တဲ.။ အခု အဲဒီအထဲက အကန်.ငယ်ကလေး တစ်ခုတွင်း လက်တွေ.၀င်ရောက်မိနေပြီ။

သလဲသီးတို.တွင်ပါသော အကန်.ငယ်များသည် အတွင်းအခွန်ငယ်လေးများ ကြောင်. တစ်စေ.နှင်.တစ်စေ.ကြားခွဲခြားခံထားရသည်။ လူ.ဘ၀အကန်.တို.တွင်မူ အချိန်၏ ခွဲခြား ကန်.သတ်မှုကြောင်. တစ်ကန်.နှင်.တစ်ကန်.အကြား ကွဲပြားနေကြသလိုရှိသည်။     မည်သို.ဆိုစေ ပဥစလက်ဆန်သော ဘ၀တစ်ဆစ်ချိုးကွေ.အောက် အားလုံးရောက်ကြရသည်မျာ ဓမတာပင်ဖြစ်သည်။

ဟဲ.  သွေး…” စုစုလှိုင် ထပ်မံခေါ်မှ အတွေးမျှင်ပျက်၏။

အေးငါအံ.သြနေတာ။ နင်ဒီမှာ ဘာလာလုပ်တာလဲ

သွေး သိချင်တာအမေးတွင်

ဘာလုပ်ရမှာလဲ။ ဒါက တို.ဘိုးဘိုး ဖွားဖွားတို.ရဲ.အိမ်လေ။ ငါစာမေးပွဲကြီးပြီး ကျောင်းပိတ်ချိန်တိုင်း မန်းတလေးမှာဖွားဖွားတို.နဲ. လာနေ နေကြလက်ချောင်းလှလှလေးများနှင်. အကြေကောက် ကောက်ထားသည်. ဆံနွယ်တို.အားထိးု.ဆွရင်း စုစုလှိုင်ကဆက်ပြောသည်။

အော်အဲလိုကိုး

ဒါနဲ. ဒီပန်းချီကားထဲက သူက ဘယ်သူလဲ

ဒါလား.. သူက ဘိုးဘိုးရဲ.ဖေဖေလေ၊ ရွှေလှံဗိုလ်ဆိုတာပေါ့။ သီပေါမင်းလက်ထက်က အမှုထမ်းခဲ.တဲ့ စစ်ဗိုလ်ကြီး။

သူမရဲ. မာန်ပါပါ ရှင်းလင်းပြောပြမှုအောက် မျောပါသွားရသည်။ အနီရောင်ကိုကြိုက်နှစ်သက်ပုံရသည်. စုစုလှိုင်မှာ အနီရောင်ဇာပေါက် အကျီင်္လေး နှင်. အဖြူပေါ် အနီရောင် နှင်းဆီပန်းရိုက် ထမီလေး ၀တ်ဆင်ထားသည်မှာ တစ်မျိုးလှနေပြန်သည်။ 

နင်.ကိုဒီမှာတွေ.ရတော. ငါ အံ.သြနေတာ

ငါလဲ အတူတူပဲ၊ နင်ခြံထဲဝင်လာကတည်းကကြည်နေတာ။ နင် နဲနဲပိန်ပြီး မျက်နှာလေးချောင်ကျသွားတော. ရုတ်တရက် မမှတ်မိဘူးဖြစ်နေတာ။ဒါနဲ.နေပါဦး နင်ဒီကိုဘာလာလုပ်တာလဲ

စုစုလှိုင်မေးသော မေးခွန်းမှာ လွယ်ကူသော်လည်း၊ သွေးမှာ ဘယ်ကစပြောရမည်မသိဖြစ်နေရ၏။စိတ်ထဲတွင် လေးလံနေ၏။နှလုံးသားက မဖြေချင် ၊ ဦးနောက်ကလည်း ပြောပြဖို. ခွင်.မပြုချင်နှင်. တုံ.ဆိုင်းတုံ.ဆိုင်းဖြစ်နေပြန်၏။

ဟဲ.ပြောပြပါဆိုမှ

အေးဟာ ဘယ်ကစပြောရမှန်းမသိဘူးဖြစ်နေလို.

အစချီလိုက်သည်ဆိုလျင်ဖြင်. အဖြစ်အပျက် ကြမ်မာဆန်းကို စုစုလှိုင်အား ဖြေးဖြေးမှန်မှန် စို.နင်.စွာ ပြောပြလိုက်သည်။

 သွေးပြောပြသော ဇာတ်ကြောင်းအဆုံး တွင် စုစုလှိုင်၏ မျက်နှာလေး ဂရုဏာ သက်သွားဟန်ရှိသည်။

ဖြစ်ရလေ သွေးရယ်၊ ငါလေ နင်.ကို ကိုယ်ချင်းစာပါတယ်။ နင်က နင်အဖေအလုပ်မှာ သွားလုပ်နေတော. မြို.ပေါ် မှာ မတွေ.ရတာကိုး၊ သိပါဘူး၊ ငါက စာမေးပွဲကြီးပြီးလို. နင်နဲ.ဖြူအေး တစ်နယ်တစ်ကျေး ခိုးပြေးကြတာ မှတ်နေတာ။

နင်ကလည်းတစ်မှောင်.၊ နင်.ကိုပြောပြတာ အမှန်တွေကြည်.ပဲ၊ အခု နင်.ဦးလေးဆီမှာ အကူအညီတောင်းဖို. ငါ.ဖေဖေက ပြောခိုင်းလို. ဒီကိုရောက်လာတာ။

သွေးလေသံမာမာဖြင်. ပြန်ပြောလိုက်မိသည်။စုစုလှိုင်ပြုံးစေ.စေ.ဖြင်.သွေးကိုစောင်းငဲ.ကြည်.သည်တွင် ဖြူအေးကို သတိတစ်ချက်ရမိလိုက်၏၊ ကိုယ်ခန်ဓါတွင်း သွေးဖျင်းကနဲထသွား၏။ငါ ဖြူအေးကိုချစ်တဲ.စိတ်အပေါ် ငါ ဘယ်တော.မှသစ်စာ မဖေါက်ဘူး။

အေးပါဟာ .. ငါက နင်နဲ.တွေ.ရတာကိုပဲ ၀မ်းသာနေတာ။ နင်က ငါကို မတူသလိုမတန်သလို အမြဲတမ်း ဆက်ဆံခဲ.တာ

သွေး အတိတ်ကို ပြန်မြင်မိသည်။ ဖြူအေးကို ချစ်ရသည်မှာ ရင်ထဲတွင် အတိုင်းမဲ.အေးချမ်းသာယာမိသည်။ စုစုလှိုင်ကိုတော. ဖုတ်လေသည်.ငပိ ရှိတယ်လို.မထင်မိပေ။သွေး စိတ်ထဲအားနာသွား၏၊ ဟုတ်လည်းဟုတ်သည် သွေးတစ်ယောက် သူမအပေါ် စိမ်းကားစွာ ဆက်ဆံခဲ.မိသည်။ အမှန်ဆိုလျင် သွေးနဲနဲရိုင်းသွားခဲ.သည်။ ကိုယ်.အပေါ် စိတ်ထားကောင်းသောသူကိုမှ ဥပစ်ခါထားခဲ.မိသည်။သမင်မျက်လုံးလေးနှင်. ညုတုတုပြောပြနေသော စုစုလှိုင်၏ ဟန်ပန်မှာ ခဏတာ မျောပါသွားရသည်။

စုစုလှိုင် ငါနင်.ကို မခင်လို.တော. မဟုတ်ပါဘူး၊ ငါက ဖေဖေ.ကို ကူညီလုပ်ပေးနေရတာမို.၊ နင်တို.လို အေးအေးဆေးဆေး မနေရပါဘူး၊ အခုတောင် ဒီပြသာနာကို ဘယ်လိုရှင်းရမလဲမသိဘူး။

 သွေး အားပျက်စွာ ပြောပြနေချိန်တွင် အခန်းတွင်းသို. အသားညိုညို ထောင်ထောင်မောင်းမောင်း နှင်.လူတစ်ယောက် ၀င်လာသည်။

 ဦးကိုရေ ဒီမှာ ဦးထွန်းရဲ.သားရောက်နေတယ်၊ မင်းနဲ.တွေ.ချင်လို.တဲ.

အေးသူငယ် .. မင်းအဖေကဘာမှာလိုက်လို.လဲဦးကိုကတိုက်ပုံအင်္ကျီ ကိုချွတ်ပြီး ချိတ်နဲ.ချိတ်လိုက်ကာ သွေးကိုမေး၏။

သွေးက ဖခင်မှာလိုက်သည်ကို အစအဆုံး ပြောပြလိုက်သည်။

သြော်ဒီလိုလား၊ မခက်ပါဘူး၊ မင်းအဖေရဲ.လုပ်ရပ်မှန်ကန်တယ်ဆိုရင် ဦးရှေ.နေလိုက်ပေးမယ်။ နောက်နှစ်ပတ်ကြာ ဗုဒ်ဓဟူးနေ. ၉ နာရီမှာ တရားရုံးကစောင်.နေမယ်လို. မင်းအဖေကိုပြောလိုက်။စိတ်လည်းမပူနဲ.ဦးလို. ပြောပြလိုက်ကွာသူကပြောပြီး အခန်းတွင်းသို. ၀င်သွားသည်။

ဦးကိုနှင်. ပြောစရာရှိတာပြောအပြီး သွေးကအားလုံးကို  နုပ်ဆက်ကာ ပြန်မည်အပြု စုစုလှိုင်

မှ ခြံဝင်းတံခါးအထိ လိုက်ပို.ပေးသည်။

သွေး နင် မပြန်ဖြစ်ခင် ငါဆီကို ဖုန်းဆက်လိုက်ငါဆိုင်ကယ်နဲ. လာခေါ်လိုက်မယ်။ပြီးရင် နင်သွားစရာရှိတဲ.နေရာ ငါလိုက်ပို.ပေးမယ်။

ကျေးဇူးတင်ပါတယ်ဟာ၊ နင်းရဲ.စေတနာကို ငါနားလည်ပါတယ်

သွေးနင် အဲလိုမပြောနဲ.၊ ငါ.ရင်ထဲစိတ်မကောင်းဘူး၊ နင်ကို ငါကသနားမိလို.ကိုယ်ချင်းစာလို.ပါ၊ နင.်ကို အပြည်.အ၀မကူညီနိုင်ရင်တောင် ငါ တတ်နိုင်သရွှေ. ကူညီပေးမယ်။ နင်ဘာပဲလိုလို ငါပေးစပ်ဖို.အဆင်သင်.ပဲ

မှိုင်းညို.ညို. မျက်နှာဖြင်.ဂရုဏာသက်စွာ စုစုလှိုင်ကပြော၏။

စိတ်ချ၊ ငါ အကူအညီလိုအပ်လာရင် ပြောပါ.မယ်၊ အခုတော. ဖေဖေ.အတွက် လိုအပ်တာစီစဉ်ရမှာမို. ခွင်.ပြုဦးဟာ

သွေးစက်ဘီးပေါ်တက်ကာ နင်းဖို.ဟန်ပြင်လိုက်သည်။စိတ်ထဲတွင် ၀မ်းနည်းဝမ်းသာဖြစ်ရပြီး စုစုလှိုင်ကို နောက်ပြန်တစ်ချက်ကြည်.မိ၏။ သူမ က ခြံတံခါးပေါ်လက်ထောက်ပြီး သွေး    ထွက်ခွာအသွားကို ကြည်.နေသေးသည်။ သွေးရင်ထဲ တစ်မျိုးကြီးဖြစ်ရကာ ယောင်တောင်တောင်ဖြင်. လပ်ရပ်ပြလိုက်သည်တွင် စုစုလှိုင်ကလည်း သွေးကိုလက်ပြန်ပြတာတွေ.လိုက်သည်။ သွေးသက်ပြင်းရှည်ချပြီး စက်ဘီးနင်းထွက်လာခဲ.တော.သည်။

လမ်းတစ်လျှောက် စက်ဘီးဖြေးဖြေးစီးရင်း အတွေးများပွားရသည်။ ယနေ.အဖို. မည်သို.မျှတွေးထင်မထားသော ကိစ်စအရပ်ရပ်တို. ဖြစ်ပေါ်ခဲ.ရသည်။ မန်းတလေးကျုံး
၊ အုတ်ရိုးတံတိုင်းနှင်.သရဲခိုပြအိုးတို.ကို ကြည်.ရင်း ဖြအေးကို မဆီမဆိုင်သတိရမိသည်။ စုစုလှိုင်၏ ရစ်မူးဖွယ်အပြုံးများကလည်း ဖြူအေးကို အတင်းကာရော မေ.လျော.စေအောင် ထပ်ခါထပ်ခါတိုက်တွန်းနေသလိုပင်။ ရံဖန်ရံခါမှ ပေါ်လာတတ်တဲ.စုစုလှိုင်၏အကြည်.တို.သည် နွေးထွေးသလိုရှိပြီး၊ ဖြူအေး၏ တည်ကြည်သော အလှသည် အေးမြသလိုရှိသည်။ သွေးတစ်ယောက် ကပေါက်ကချာအတွေးများဖြင်. ခရီးနှင်ခဲ.သည်မှာ တစ်ညတာ ဖြတ်သန်းမည်. ဒေါ်လေးတစ်ယောက်၏ အိမ်ရှေ.သို.ပင်ရောက်လာခဲ.သည်။

ဖခင်၏ညီမ၀မ်းကွဲ ဖြစ်သူ အဒေါ်နှင်. ဆွေမျိုးများအား အဖြစ်သနှစ် အကုန် ပြောပြတော.လည်း အားလုံးမှ စိတ်မကောင်းဖြစ်နေကြသည်။ ၀ိုင်းဝန်းအားပေးစကား ပြောကြသည်။

ညအမှောင်ရိပ်ကျအိပ်ချိန်ရောက်မှ မိမိအတွက် ပြင်ပေးထားသော အခန်းအတွင်း ၀င်လာခဲ.သည်။ စိတ်ထဲတွင် ဘ၀င်မကျမိပြန်ပါ။ ဒီကနေ.တွေ.ရသောစုစုလှိုင်အစား

ဖြူအေးသာဖြစ်ခဲ.မယ်ဆိုလျင်ကောင်းမှာပဲလို.တွေးမိသည်။ သို.သော်ဖြူအေးရယ် နင်နဲ.ငါ.ကို တရုပ်ပြည်က ရှည်လျားတဲ. မဟာတံတိုင်းကြီးက စည်းတားထားသလိုပဲ။

တစ်ယောက်ထဲ အမှောင်ရိပ်အောက်လျှောက်နေရပြီလေ။ဖြူအေးရယ် ဒီတစ်သက် ဒုက်ခတွေဆက်နေရင်တောင်  နင်.ဆီကိုအပြေးလာခဲ.မယ်။

 တော်တော်နှင်.အိပ်မရသောညမှာ သွေး စာတိုတစ်ကြောင်းနဲ. ကဗျာတစ်ပုဒ်၊ နုလုံးသားထဲကဆွဲထုတ်ပစ်လိုက်တယ်။

တစ်ဆစ်ချိုးအကွေ.

ဘ၀တစ်ကွေ.

ကောင်းတာတွေ.မလား

ဆိုးတာတွေ.မလား

တစ်မြည်.မြည်.နဲ.ရင်ဖိုဖွယ်……

 ကွေ.ချင်ရာကွေ.

တွေ.ချင်ရာတွေ.

ခွေ.ချင်ရာခွေ.

ရွှေ.ပင်ရွှေ.ဘူး

ဘူးမခံဘူး

ကန်တာရဆူး

စူးလို.ရူးတောင်

သတ်တိထူးနဲ. ခူးပြမယ်။

သွေး ပဥစလက်ဆန်သော ရေးချက်တွေနဲ. ဘ၀တစ်ကွေ.ပြေးတွေ.လိုက်တယ်။

 ဖေဖေ မြန်မြန်လွတ်ပါစေဗျာ………….။

 



Reply all
Reply to author
Forward
0 new messages