စာ မူကြမ်းအား စာပြင်မအပ်ခင် သူငယ်ချင်းများ မိုးတွင်းအပြင်းပြေဖတ်ရန် တင်ပေးပါသည်။ စာရိုက်မှား ပါသည်။

17 views
Skip to first unread message

Tomme Aung

unread,
Sep 7, 2013, 8:11:33 AM9/7/13
to travel...@googlegroups.com


အခန်း (၄)

 

     ကျောင်းဖွင်.ပြီး ၁ လခန်.တွင်မိုးတွင်းကာလကိုဖြတ်သန်းရသည်။ တိမ်များနေ.စဉ် အုပ်ဆိုင်းနေပြီး ရီဝေေ၀ မြူခိုးများက အချစ်ဇာတ်လမ်းကိုဖန်တီးပေးနေသည်။ သွေးတို.နှစ်ယောက် ကျောင်းမှာ တစ်ရက်ပြီးတစ်ရက်တွေ.ဖန်များလာတော. သံယောဇဉ် ရစ်တွယ်လာကြသည်။ စာအုပ်တစ်အုပ်ဖတ်ခဲ.ဘူးသည်.အထဲမှ  လူဆိုတာ အကျင်.ရဲ.သားကောင်တဲ.၊ အဲဒီစကားမှန်နေမလားမသိ၊ ဖြူအေးကို တွေ.ပါများလာတော. သူမကို အစဉ်အမြဲတွေ.ချင်နေမိသည်။ သူမရဲ.စကား သံလေးတွေ ကြားပါများတော. ထပ်ခါထပ်ခါ ကြားချင်နေပြန်သည်။ ယနေ.လဲ အတန်းထဲမှာ ဆရာမ စာသင်နေတုန်း ဖြူအေးကို  လှစ်ကနဲ ခိုးကြည.်မိသည်။

ကျောင်းအခန်းတွင်း ရှိ တံခါးပေါက်ကို ဖြတ်ရွှေ.တိုက်ခတ်လာသောလေပြေမှာ ဖြူအေး၏ ဆံနွယ်လေးများအား တိုးဝှေ.အသနားခံနေကြသည်။ မထိတထိ အေးစက်စက် အတွေ.ကြောင်. ၀င်းပသော နှဖူးပေါ်ရှိ ချွေးငွေ.များ ခမ်းခြောက်ပျောက်ကွယ်ကုန်မှ ဖြူအေးမှာ နေရထိုင်ရသက်သာလာဟန်ရှိသည်။  စာသင်ခန်းအတွင်း ပန်ကာတပ်ဆင်ထားသော်လည်း လူအများစုဖွဲ.ရှိနေမှုကြောင်.အနည်းငယ်စွတ်စို ပူအိုက်ရသည်။ လက်ချောင်းလေးများဖြင်.ဆံနွယ်လေးများကို သတ်တင်အပြီး ဖြူအေးက နောက်ပြန်လှည်.ကြည်.ခိုက် သွေးနှင်.အကြည်.ချင်းဆုံရပြန်သည်။ ဘာရယ်ကြောင်.မှန်းမသိ နှစ်ဦးစလုံး ပြိုင်တူပြုံးမိကြ၏။ ဒါသည် ခေတ်တစ်ခေတ်ရဲ.ရင်ခုန်သံပင်ဖြစ်မည်ဟု သွေး တွေးဆ ကြည်.မိသည်။

နေ.လည်စာ စားချိန် ကျောင်းနားစဉ် ရဲရဲနီအောင်ပွင်.နေသော စိန်ပန်းပင်အောက်မှာ ထမင်းချိုင်.လေးတွေ ဖွင်.ရင်း အတူတူစားဖြစ်ကြသည်။

  သွေး နင်.ကြည်.ရတာ စာလိုက်နိုင်သလိုပဲ။ နင်ကထက်မြက်တယ်၊ အကင်းလည်းပါးတယ်။ ငါကတော. တော်တော်အာရုံစိုက်တာတောင် တစ်ချို.စာတွေကို သိပ်နားမလည်ဘူး။

သွေးကို အသားဟင်းထည်.ပေးရင်းဖြူအေးကပြောသည်။

  နင်နားမလည်တာရှိရှင် ပြီးမှ ရှင်းပြပေးမယ်လေ

  သွေး နင် ငါတို.သင်နေရတဲ. စာသင်ကြားမှုစနှစ်ကို ဘယ်လိုမြင်လဲ။

ငါတော. ဒါသင်ရင် ဒါကျက် ဒါပဲဖြေပြီး၊ အမှတ်ကောင်းဖို.ပဲ တွေးတယ်ဟာ၊ သိပ်လေးတာတွေ မစဉ်းစားပါနဲ.သွေးပြောအပြီး ထမင်းဆက်စားသည်။

အေးဟာ ငါလဲ အဖေကို သနားလို. လိုင်းကောင်းရအောင် လုပ်မယ် ပြီးရင် အဖေ.ကို လုပ်ကျွေးမယ်ဟာ၊ တစ်ခြားဘာကိုမှ စိတ်ထဲ မထားချင်ဘူး။

 ငါ လဲနင်.လိုပါပဲ

သွေး အတန်းထဲက စုစုလှိုင်က နင်.ကို ကြိတ်ပြိုင်နေသလိုပဲ။ ဖြူအေး ပြုံးစစနှင်. မေးလာသည်တွင် စားမည်ပြင်သည်.ထမင်းလုပ် ပြုတ်ကျသွားသည်။

နင်ကလဲဟာ၊ သူ.အကြောင်းမပြောစမ်းပါနဲ.၊ နင်နဲ.ငါ.အကြောင်းပဲပြောနေတဲ.ဟာကို

 သွေးရဲ.ပြောပုံကို ခေါင်းလေးစောင်း ကိုယ်ငဲ.ပြီး အကဲခတ်နားထောင်နေသော ဖြူအေးကို သွေး ခိုးလို.ခုလုဖြစ်ရသည်။

ဘာလဲနင်သူကို.စိတ်ဝင်စားနေတာမို.လား၊ သူကစာလဲတော်တယ်၊ ချောလဲ အချောဆုံး အလှတစ်ပါးနော်၊ နင်စိတ်ကူးမလွဲနဲ.

 နားစမ်းပါဟာ၊ နင်ပြောသလို ဒီအချိန်မှာ စာကလွဲလို. ငါဘာမှ စိတ်ထဲမထားဘူး

 အေးပါ တစ်ခြား ဘာမှ မစဉ်းစားတာပဲကောင်းပါတယ်ဟာ

 အတည်ပေါက်နဲ.ပြောလိုက်သော ဖြူအေးမျက်နာမှာ တစ်ခုခုကို လှို.၀ှက်ထားသလိုရှိသည်။ သူတို.နှစ်ဦး၏အထက် မိုးကောင်ကင်မှာ ညိုမှောင်နေသောတိမ်လွှာများက အဖြူရောင်နောက်ခံတိမ်အုပ်ကို အထပ်ထပ်ဖ;ုံအုပ်လာသည်။ အစာရှာထွက်လာကြသော ငှက်လေးများ ကမျောကသော ပျံပြေးကုန်ကြသည်။ မိုးဖွှဲလေး တစ်ပြောက်နှစ်ပြောက် အကျမှာ ဖြူအေးနှင်.သွေးတို. အတန်းရှိရာသို. ပြန်လာခဲ.ကြသည်။

  နေ.စဉ် ပါလာသည်.ထမင်းနဲ.ဟင်းကို ဝေမျှစားရင်း ကျောင်းသားဘ၀ ခေတ်တစ်ခေတ်ကို အတူတူ ကုန်လွန်ဖြတ်သန်းခဲ.သည်။ မွန်းလွဲပိုင်းကျောင်း အပြီးဆင်းချိန်မှာလဲ အတူတူပြန်ဖြစ်ကြသည်။ ဖြူအေးနှင်.သွေးတို.နှစ်ဦး ကို ပင်းကူနက်ကြီး ကရစ်ပတ်ထားသလို ဖြစ်နေပြီး အချစ်သမုဒ်ဒရာခရီးကို အတူတူ ရွက်လွှင်. ဖို. စတင်ခြေလှမ်းပြင်လိုက်ကြပြီ။ သို.သော် တစ်ဦးအချစ်ကို တစ်ဦးက သိပေမဲ. ကျောင်းသားဆိုသော အသိ၊ ရမှတ်ကောင်း ရမှဖြစ်မည်ဆိုသော အသိစိတ်တို.ကြောင်. နုပ်မှ ဖွင်.ဟ မပြောမိခဲ.ကြပေ။ ကဗျာဆန်သော အချစ်တို.သည် အဆုံးစမဲ.သော သာယာဖွယ်ခရီးစဉ်တစ်ခု ဟု သွေးစိတ်ထဲ စွဲမြဲစွာ မှတ်ယူနေမိသည်။ တစ်ဦးအပေါ်တစ်ဦးက ဂရုစိုက်ပေးခြင်း၊ ကျောင်းစာများပြန်လည်ဆွေးနွေးကြခြင်းနှင်.သာ အချိန်ကုန်လွန်ခဲ.ကြသည်။ တစ်ခြားကျောင်းသူကျောင်းသားများအားဂရုမစိုက်နိုင်ပဲ စာကျက်လိုက်၊ အချင်းချင်း စကားပြောလိုက်နှင်. သီးခြားဂြိုလ်တစ်ခုပေါ် ရောက်နေသလားထင်နေကြသည်။ သည်လိုနှင်. ညနေပိုင်းကျောင်းဆင်းချိန်ရောက်လာပြန်သည်။

အိမ်အပြန်လမ်းမှာ နှစ်ဦးစလုံး အတွေးကိုယ်စီဖြင်. ငြိမ်သက်နေမိကြသည်၊ သွေးကရှေ.မှ ဦးဆောင်ကာ လေးတိလေးကန် ဖြင်.လျှောက်နေသည်၊ဖြူအေးက လမ်းဘေးရှိပန်းရိုင်းပင်လေးတွေကိုတုတ်တစ်ချောင်းဖြင်. တို.ထိကစားရင်းနောက်ကလိုက်လာသည်။

ဗြုန်းဆို မိုးရွာချမှ ဖြူအေး တစ်ယောက် အသိဝင်လာကာ ဦးခေါင်းထက်က ထီးကလေးကိုမော.အကြည်.

ဖြူအေး နင်ဒီထီးကိုဆောင်းလိုက်၊ နင်.လက်ထဲက ချိုင်.ငါ.ကိုပေး

အို..မဟုတ်တာ ၊လာ အတူတူဆောင်းမယ်လေသွေး ရဲ.လက်ကို ကမန်းကတန်း လှမ်းဆွဲရင်း ဖြူအေးကပြောသည်။ ဖြူအေး၏.လက်ကလေးကို ညင်သာစွာဆွဲဖြုတ်ချရင်း

ရတယ်ဖြူအေး နင်သာဆောင်းပါဟာ၊ ငါကစိုရွှဲနေပြီးသား၊ နင်က ငါ.လွယ်အိတ်ပဲ ယူလာပေးနော် သွေး ၏စကားသံမှာ တုန်ရင်နေသလိုရှိပေမယ်.ကြင်နာသည်.ဂရုဏာလိုင်းတို.ပါဝင်နေသည်။ ဖြူအေးမှာလဲ သွေးရဲ. ကြင်နာသည်.အပြုအမူကြောင်. ရင်ခုန်သွားရသည်။  မျက်နာပေါ် မိုးစက်များထိမှန်လို. မိုးရေတို.စီးဆင်းနေပြီး ယောက်ကျားပီသသောသွေး၏ မျက်နာ ပေါ်မှာ ဖြူအေးတစ်ယောက် မျှောပါသွားရသည်။

 သွေးက ဖြူအေးကို တစ်ချက်စူးစိုက်ကြည်.ပြီး  လှည်.ထွက်လိုက်သည်။ ရင်ထဲမှာလဲ တစ်ဦးထဲ ပြောနေမိသည်။ ဖြူအေးရယ် နင်.မျက်ဝန်းထဲမှာရွာနေတဲ. အချစ်မိုးကို ငါမြင်နေရတယ်။ အပြင်မှာ ရှိတဲ.မိုးချုန်းသံတွေ ငါ.နှလုံးသားရင်ခုန်သံရဲ. အောက်မှာ တိမ်မြုပ်ပျောက်ကွယ်ကုန်ပြီသိလား။ နင်ရော ငါလိုပဲ ရင်ခုန်နေမလားလို.  သွေး တွေးနေမိသည်။

ဖြူအေး၏ရင်ထဲမှာတော. မိုးသက်လေအေးတို.သည် ယခုလို သွေးက အလိုက်တသိ ကြင်နာမှုပေး ခြင်းကြောင်. ဖြစ်ပေါ်လာရသော ရင်ထဲအေးမြမှုလောက် ပိုမအေးနိုင်ဟုခံစားနေရသည်။ ဖြစ်နိုင်လျင် မိုးစက်တွေအောက်မှာ တစ်ခါထဲရင်ဖွင်.လိုက်ပါတော.လား သွေးရယ်လို. ပြောနေမိသည်။သွေးရောဖြူအေးပါ အတွေးကိုယ်စီဖြင်. ခေတ်တစ်ခေတ်ရဲ.ရင်ခုန်သံအမှန်ကို မြင်လိုက်ကြရသည်။ သွေးတစ်ယောက်အခွင်.အရေးယူသည်ထင်မှာစိုးသဖြင်.ရေငုံနုပ်ပိတ်နေလိုက်သည်။

အမှန်မှာ သူတိုနှစ်ဦးအတူတူ ကျောင်းဆင်းအပြီး အိမ်ပြန်ရသောအချိန်သည်  ၁၀ မိနစ်ခန်.သာကြာသည်။သွေးက မြို.၏တောင်ဖျား အနောက်ပိုင်းနေပြီး ဖြူအေးက မြို.တောင်ပိုင်း အရှေ.ခြမ်းမှာနေသည်။ ဖြူအေး၏ဖခင်သည် ၀န်းသိုမြို.အနောက်ဖက် သစ်တောကြိုးဝိုင်းအတွင်း အိမ်ရှိသော်လည်း သမီးမိန်းကလေးဖြစ်ရွှေ. တူမများပိုင်သော ဘော်ဒါဆောင်တွင် ဖြူအေးကိုထားသည်။ လည်းကောင်းမှ ဖြူအေးကို ချစ်ရသည်.အတွက် မိမိနဲ.နီးရာမှာထားပြီး တစ်ပတ်တစ်ခါလာလာကြည်.သည်။ မိတစိုးလေး ဖြူအေးမှာ အစစအရာရာ ပြည်.စုံသော်လည်း နွဲ.ဆိုး ဆိုးတတ်သူမဟုတ်ပါ။ ပင်ကိုယ် ကိုက အေးအေးဆေးဆေးနေတတ်ပုံမှာ ဖခင် ဥိးစိန်ခိုအတိုင်းပင်ဖြစ်သည်။

အချိန်တန်လမ်းခွဲဆိုသလို ယခုလည်း လမ်းခွဲမှာရပ်ပြီး တစ်ဦးမျက်နှာ တစ်ဦး စူးစိုက်ကြည်.မိကြပြန်သည်။ သွေးစိတ်ထဲ ဇော်ဝင်းထွဋ်ရဲ.သီချင်းတစ်ပုဒ်ကို သွားသတိရလိုက်သည်။ လျှောက်စမ်း.ဂန်ဓါရရဲ.ခရီးသည်..

ခွဲခွာရတိုင်း နှလုံးသားတို. ဂန်ဒါရ ကဲ.သို. ချောက်သွေ.သွားရသည်မှာအကြိမ်ကြိမ်အခါအခါ ရှိခဲ.ပြီ။ ဖြူး အေးရယ် ငါဒီလို ခဏခဏမခွဲရအောင်ရယ်၊ နင်နဲ.အတူတူ ဘ၀တစ်သက်တာ လက်တွဲပြီးပျော်ရွှင်စွာနေရဖို. ငါကျိုးစားမယ်ဟာ။ ငါ နင်.ကို သွေးထွက် မတတ်ချစ်တယ်။ ငါရှုးမိုက်မိတယ်။ ဒါကနင်.ကို တစ်သက်တာအေးချမ်းမှုပေးမှာပါဟာ။

သွေး မည်မျှကြာကြာ တွေးနေမိသည်မသိပါ၊ ဖြူအေးက သွားပြီနော်လို.ပြောမှ သတိဝင်လာရသည်။ လှပသော ရှုခင်း ကြား ဖြူအေး ထွက်ခွာသွားသည်ကို ငေးနေကြည်.မိသည်။ လေနုအေးတစ်ချက် လာအတွေ.မှာ တစ်ကိုယ်လုံးခိုက်ခိုက်တုန်အောင် ချမ်းနေမှုကို သတိရတော. အိမ်သို. ခပ်သွက်သွက် ခြေလှမ်းပြင်လိုက်သည်။ ဒါပေမဲ. စိတ်ဝိဥာဉ်တို.သည် ဖြူအေးနှင်.အတူ လိုက်ပါသွားကြပြီ။

ဖြူအေးရယ် ..အချိန်တန်တော.မင်းနားလည်လာမှာပါ၊ အခုတော. ငါ.အချစ်တွေသက်သေထူဖို. အချိန်မကျသေးလို. စိတ်တွေလျှော.ထားလိုက်တယ်။

ချစ်သူ မင်းထာဝရ ပျော်နိုင်ပါစေ နော်……

 အခန်း( ၅ )

 လူတွေကို အသံအက်ကြီးဖြင်. အမြဲခြောက်လန်.ပြီး နေရောင်ခြည်မတိုးအောင် ကာထားလေ.ရှိသော မိုးသားတို. ဆောင်းရာသီလေပြေအေးများကြောင်. မစွာနိုင်ပဲ အဝေးကို တိတ်တဆိတ်ထွက်ခွာသွားကြပြီ။ ပင်လယ်ပြင်ကိုဖြတ်သန်းခဲ.ပြီး အတွေ.အကြုံရင်.ကျက်သော မိုးရိပ်မိုးသားတို. တောင်တန်းတွေကို လက်ပြနုတ်ဆက်ခဲ.ကြသည်။ ဆောင်းရာသီ၏ ထွေးပွေ.မှုကို ကျေနပ်နေသည်. ထင်းရှုးပင်နှင်.ကောင်းကင်ပြာကြီးတို.ခင်မျာ ငှက်ကလေးများနှင်.အရောင်စုံ လိပ်ပြာလေးများဆော.ကစားနေပုံကို ကြည်.နေကြသည်။ မြူနှင်းဖွေးဖွေးလေးများက ကုန်းရိုးမြေလမ်းပေါ် စိတ်တိုင်းကျ ကြဲချနေပြန်သည်။နှင်းရေကို ပထမဦးစွာသောက်ရရွှေ. လူလူသူသူဖြစ်လာရသော မျက်ပင်လေးများလည်း ရင်ကော.ခါးမော.ဖြစ်လာရသည်။လူတွေရဲ.ခြေလှမ်းများအောက် နှင်းချေခြင်းကို အံတုပြီး ရဲရဲရင်.ရင်. ပေါက်ဖွားရှင်သန်စေသည်. မျက်ခင်းပြင်သည် ကမ်  ဘာမြေရဲ.ဆွင်ငင်အားကိုတောင် မမှုကြပါ၊ အံတုရဲကြသည်။ ဆောင်းလေတစ်ချက်အဝှေ.မှာ သွေးတစ်ယောက် စိတ်မရှည်စွာဖြင်. ခြေလှမ်းပြင်လိုက်သည်။

 သွေး ရေသွေး.၊ ဖြူအေးက ဒီမှာ.

 မသဲကွဲသော မြူနှင်းတွေကြား အပြေးအလွှားလိုက်လာနေသော ဖြူအေးကို ၀ီုးတိုးဝါးတားတွေ.လိုက်ရသည်။  ဒီနေရာမှာ ဒီလိုဆုံတွေ.ကြပြီး ကျောင်း ကိုအတူတူ သွားတတ်တာ လမ်းဆုံမှာရှိသည်. အုတ်တံတားလေးသိသည်။ ရေစီးမြောင်းနံဘေးကပ်ပေါက်နေသော တောရိုင်းပန်းများက စာနာကြသည်။ မနီးမဝေးရှိ လိပ်ပြာလေးများမှ သက်သေထူပေးသလိုရှိသည်။

ထင်းရှုးနှင်.ကျွန်းပင်များကတော. သွေးတို.နှစ်ယောက် အမြဲဆုံတွေ.ဖို. အားပေးစကားဆိုကြသည်။ ဆောင်းရာသီ၏အေးမြမှုသည် နှစ်ယောက်အတူတူ ကျောင်းကို သွားစဉ် ခွန်အားတွေ ပေးကြသည်။ ဒါပေမဲ. ဖြူအေးကို ချစ်ကြောင်းပြောဖို. အထိတော. မလုံလောက်ခဲ.ပါ။ အဆုံးအစမဲ.သော ကောင်းကင်ကြီးမှ သွေးအား အနာဂါတ်လှပစေရန် တံခါးတစ်ချပ် ဖွင်.ဟပေးထားသလိုရှိသည်။

 ဘ၀ဆိုသည် သက်ရှိထင်ရှားရှိစဉ်မှာ ရှေ.ဆက်ရမည်.အကြောင်းအရာများနှင်. ပြည်.နှက်နေသည် ဟုသွေး၏ဖခင်ပြောတာအမှတ်ရမိသည်။ သို.ပါရွှေ. ကျောင်းစာထဲမှာပဲ စိတ်ကိုမြုပ်နှံထားရသောသွေး၊ ဖြူအေးနှင်.အတူတူရှိနေရသော အချိန်တို.နဲ.ပင် ကျေနပ်နေရသည်။

ယခုလဲ ဖြူအေးတစ်ယောက် သွေးရှိရာရောက်လာမှ သက်ပြင်းချမိပြီး မျက်နှာလေးဝင်းလက်သွားရသည်။

ဖြူအေး နင်.မျက်နှာ ဖြူဖတ်ဖြူရော်နဲ.နေမှကောင်းရဲ.လား၊ ငါ ..နင်မလာလောက်တော.ဘူးထင်းပြီး အခုပဲသွားတော.မလို.

  သွေး စကားကိုမရပ်မနားပြောလိုက်မိသည်။ စနေတနင်းဂနွေ ကြားနှစ်ရက်ပိတ်သဖြင်. မတွေ.ရသည်.ရက်အတွင်း ဖြူအေးကို ၂ နှစ်လောက် မတွေ.ရသလို သွေး စိတ်ထဲ ထင်နေမိသည်။

မဟုတ်ပါဘူးဟာအဖေ.အလုပ်က စားရင်းတွေကူတွက်ပေးနေရလို. နဲနဲနောက်ကျသွားတာပါ။ နင်ကလည်းမျက်နာကြီး အောက်သိုးသိုးနဲ.ဘာဖြစ်နေတာလဲ

ငါက တွေ.နေကြနေရာ၊ တွေ.နေကျအချိန်မှာ နင်.ကိုမတွေ.ရရင် စိတ်ထဲဘယ်လိုကြီးမှန်းလဲမသိဘူး။ အလုပ်တွေ သိပ်မလုပ်နဲ.ဦး၊စာမေးပွဲကြီးကနီးနေပြီနော်

ငါတို.က ဖအေတစ်ခုသမီးတစ်ခုလေဟာ၊အချိန်နဲနဲလောက်ပဲ ကူလုပ်ပေးတာပါ

အေးပါ ငါက နင်.အတွက်ပြောတာပါ၊အခုလည်း ကျောင်းစာသင်နှစ်ပြီးရင် ကျောင်း တွေ ခဏပိတ်မယ်လို.ကြားနေရတယ်။ ဒီနှစ်ထဲ အမှတ်ကောင်းကောင်းနဲ.အောင်ထားမှဖြစ်မယ်။

အေးနော် နိုင်ငံရေးကလဲဘယ်လိုမှန်းလဲမသိဘူး၊ စိတ်ပျက်စရာကြီး

ဖြူအေးပြောမှ နိုင်ငံရေးအခြေအနေကို တွေးလိုက်မိသည်။ မြန်မာနိုင်ငံ အနှံ.ရှိ မြို.များမှာ မကြာမကြာဆန်ဒ ပြမှု.များကြောင်. တစ်ချို.သောကျောင်းတွေ ပိတ်ထားရသည်။ ရပ်ရွှာတစ်ချို.တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီး လူအများစိုးထိတ်နေရသော အခိုက်အတန်.ဖြစ်သည်။ ကိုးတန်းအောင်လို. ဆယ်တန်းတက်ရမည်. နှစ်တွင် ကြား တစ်နှစ် ကျောင်း ပိတ်ခဲ.သေးသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ. က ဦးဆောင်ကာ ကျောင်းသားလှုပ်ရှားမှုအရေးကို ကြမ်းကြမ်းထမ်းထမ်း ကိုင်တွယ်ဖြေရှင်းသဖြင်. ကျောင်းသားတစ်ချို. ကျဆုံးရကြောင်း သိရှိရသည်။ သွေး စိတ်ထဲတွင် စိတ်မကောင်းဖြစ်မိရုံမှအပ ဘာမျှမလုပ်နိုင်ပါ၊ ကိုယ်လိုငယ်ရွယ်ပြီး သတ်တိရှိရှိ အသေခံတိုက်ပွဲဝင်ခဲ.ကြသော ကျောင်းသားများကို လေးစား စာနာမိသည်။ သွေး မှာ အတွေးများထဲနစ်မျောနေမိသည်။

 နောက်ကပါလာသော ဖြူအေးကိုတောင်သတိမရမိပေ။

နင်ဒီနေ. ၀တ်ထားတဲ.ပုံစံက အရမ်းသားနားနေသလိုပဲ၊ ဘာလဲ ကျောင်းမှာ စုစုလှိုင်နဲ. တွေ.မှာမို.လား

 နားစမ်းပါဟာ ပေါက်တက်ကရ ၊ ဒီ ဂွမ်းစိန်နဲ.ငါ.ကိုမစပါနဲ.

အမလေးတော် ငါသိပါတယ်၊ သူကအတန်းထဲမျာ နင်.ကို ခိုးခိုးကြည်.နေတာသိပါ.

  ထားလိုက်ပါဟာ၊ နင်ဒီနေ. ပန်နေကြ စံပယ်ပန်းလေး မပန်ခဲ.ဘူးနော်

သွေးစကားလမ်းကြောင်းပြောင်းလိုက်သည်။

ဖြူအေးလာ၊ ငါ နင်.ကို လမ်းခုလတ်က ခရေပန်းတွေကောက်ပြီး ပန်ပေးမယ်။

 ငါမှ ခရေပန်း မကြိုက်တာကို

ဘာလဲ ငါက စေတနာနဲ.ပန်ပေးတာကို နင်ကမကြိုက်ဘူးလား

ဖြူအေးရင်ထဲဝယ် ကြည်နုးနေမိသည်။ ပြောတာပြောရတယ် သွေးရယ် နင်ငါ.စိတ်ကို ဒီလောက် ရင်းနီးနေတာတောင် မသိဘူးလား ငတုံး၊ ငါက နင်ပန်ပေးတဲ.ပန်းဆို ကျေနပ်ပြီးသားပါဟာ။ ဖြူအေးစိတ်ထဲတွင်ပြောနေမိသည်။

ဖြူအေးလာဟာ၊ ပန်းသီပြီးပြီ ၊ ငါ ပန်းပန်ပေးမယ်

ရုတ်တရက် အနားကပ်လာသော သွေးကြောင်. ဖြူအေးရင်ထဲ ထိတ်ကနဲဖြစ်သွားရသည်။ပိုဆိုးသည်မှာ လက်ချင်းထိလိုက်သဖြင်. အပျိုဖြန်းလေး  ဖြူအေး ရင်ထဲဟတ်ထိသွားရသည်။ သွေးမှ  ခရေပန်း ပန်ပေးတာကို မျက်လုံးလေးစင်းလျှက် ငြိမ်ပြီးနေ နေမိသည်။ 

ဟေ. မျက်စိဖွင်.လိုက်တော.၊ ပန်ပေးပြီးပြီ

သွေးခမျာလဲ ယခုလို ကိုယ်ချစ်နေရသူကို ပထမဦးဆုံး ပန်းပန်ပေးရသည်မို. ပျော်ရွှင်နေသည်။ ဖြူအေးမှ မိမိ၏ကြင်နာမှုကို ခံယူစဉ် သူမ၏မျက်နာလေးကို အနီးကပ်တ၀ကြီး ကြည်.မိလေသည်။

ငါ.ရင်ထဲတစ်မျိုးလေးပဲ သွေးရယ်

ဖြူအေးနုတ်ခမ်းမှ လွှတ်ခနဲ ပြောလိုက်သော စကားကို သွေးမတုန်.ပြန်ပဲ နေလိုက်သည်။

ငါဒီလိုအဖြစ်မျိုးထပ်ကြုံချင်တယ်ကွာ၊ စာမေးပွဲကြီးပြီးလို.ကတော. နင်.ကိုပန်းတွေတစ်ပွေ.ကြီး ပေးပြီး နမ်းပစ်လိုက်မယ်ဟာ။ သွေးတွေးနေရင်းဖြင်. ဖြူအေးရှေ.မှ ဖြတ်လျှောက်ပြီး ကျောင်းဖက်သို.ခြေဦးပြင်လိုက်သည်။

 ဖြူအေးလဲ ထပ်ချပ်မကွာ လိုက်လာပြီး အားမလိုအားမရ ဖြစ်နေရသည်။ သို.သော်နှစ်ဦးသား ကျောင်းချိန်အမှီ သွားရမှာမို. ခပ်သုတ်သုတ် လှမ်းလိုက်ကြသည်။

ကျောင်းခန်းအတွင်းဝင်မည်အလုပ် သွေး၏ပခုံးအား တစ်ဦးတစ်ယောက်ကပုတ်သဖြင်.ကြည်.လိုက်စဉ် စုစုလှိုင်ဖြစ်နေသည်။

ဟေ. သွေးနင်ကစာတော်သားပဲ၊ အခုအစမ်းစာမေးပွဲမှာ အဆင်. ၁ ရတယ်ဆိုတော. ငါ.ကိုမုန်.လိုက်ကြွေးလေ

စုစုလှိုင်မှာ သွက်သွက်လက်လက်နှင်. အတော်ပင်လှပသော မိန်းကလေးဖြစ်သည်။ အသားအရေ ၀င်းဝင်း ခန်ဓါကိုယ် တင်းတင်းနှင်.  အခြားမိန်းကလေးများထက် ပိုဖွင်.ထွားသည်။ အချောဆုံးဆု ပေးမည်ဆိုလျှင် သူမပင် သရဖူဆောင်းနိုင်ပေသည်။ ၏ါပေမဲ. ဖြူအေးကလွဲရွှေ. သွေး မည်သူ.ကိုမှ စိတ်မ၀င်စားမိပါ။ယ္ခုလဲ မျက်နှာပေးကောင်းကောင်း ၊တစောင်းအကြည်.လေးနှင်.ညုတုတု ပြောလာသော သူမကို ဘာပြန်ပြောရမယ်မသိ ဖြစ်နေရသည်။ တစ်ခြားကောင်လေးများမှ ၀ိုင်းပိုးခြင်းခံရသော စုစုလှိုင်မှာတော. သွေးတစ်ယောက်ကိုပဲ စာသင်ခန်းအတွင်းက တစ်ဦးထဲသောကျောင်းသားအဖြစ် မှတ်ထင်နေပုံရသည်။

အေးပါဟာ၊ အခုအစမ်းစာမေးပွဲက အရေးမကြီးပါဘူး၊ စာမေးပွဲကြီးပြီးလို. ငါအမှတ်ကောင်းကောင်း ရမှ နင်.ကို မုန်.ကျွေးမယ်နော် 

နင်ဂတိတည်ရမယ်နော်သွေး။ ငါကဂတိတည်ပြီး ထက်မျက်တဲ. သူမှ ကြိုက်တာ

သူမနဲ.ပြောအပြီး သွေးက ခုံတန်းမှာထိုင်တယ်ဆိုရင်ပဲ ဖြူအေးရဲ.မျက်စောင်းထိုးတာ ကောင်းကောင်းခံလိုက်ရသည်။  ဒီလိုမျိုးဖြစ်တတ်တာ အကြိမ်ရေ မနဲတော.ပေ။ ဖြူအေးရဲ.မျက်စောင်းလေးကိုပဲ  ကျေနပ်နေပြန်သည်။

ဖြူအေးရယ် နင်.ရဲ.စိတ် ငါမသိလို.မဟုတ်ပါဘူး၊ ဘ၀ဆိုတာကိုလဲငါသိတယ်၊ ငါကျိုးစားရမယ်။ ငါ.မိသားစုကို ငါကောင်းကောင်း ဦးဆောင်ရဦးမယ်။ ပြီးတော. နင်နဲ.ငါတို. နှစ်ယောက်အတူတူ လျှောက်ရမဲ.လမ်းမှာ ဆူးကြမ်းတွေ မရှိအောင် ငါကျိုးစားနေတာပါ။ ဒါပေမဲ.ငါ နင်.ကို  ပိုလို.သာချစ်နေရယ် ဖြူအေးရယ်။ ဒီအချိန်မှာ ငါ.ကို နင်နားလည်ပေးပါနော်……

အတန်းထဲသို. ဓါတုဗေဒ သင်မဲ.ဆရာမ ၀င် လာချိန်တွင် အားလုံးငြိမ်သက်သွားကြသည်။

ဆရာမ၏သင်ကြားမှုအောက်နစ်မျှောသွားရပြီး ဆက်တိုက်ဆိုသလို နောက်ထပ်ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမများ၏အလှည်.ရောက်လာခဲ.သည်။

 ကျောင်းစာကို အဓိကထား လေ.လာနေရရွှေ. တခြားအကြောင်းမှားကို တွေးဖို.အချိန်မရခဲ.ပါ။

ဒီလိုနဲ. ညနေစောင်းကျောင်းဆင်းချိန်ရောက်သည်.အခါ သွေး စာကောင်းကောင်းလိုက်နိုင်သဖြင်. မိမိကိုယ်ကို မိမိ ကျေနပ်နေရသည်။ အိမ်အပြန်လမ်းတစ်လျှောက် ဖြူအေးနားမလည်သော သင်ခန်းစာများကိုရှင်းပြပြီး လမ်းဆုံလမ်းခွဲ တံတားအနီးရောက်တော. ထုံးစံအတိုင်း လက်ပြနုတ်ဆက် လမ်းခွဲခဲ.ကြသည်။သို.သော် စာကတစ်ဖက် အချစ်ကတစ်လှည်.နှင်. ဗျာများနေရမှုတို.ဖြင်. တစ်နေ.တာကုန်ဆုံးစေသည်။ ဒါသည်လည်း မိမိလိုလားသော အဖြစ်မျိုးပေမို. အိမ်ပြန်အရောက် ၀မ်းလျားမှောက်လျက် ခဏအနားယူလိုက်သည်။ဖြူအေးရယ် ကျောင်းစာတွေကို ငါမုန်းတယ်၊ နင်.ကိုတော.ငါ အရမ်းချစ်တယ်၊ ချစ်တယ်ဟာ……

အိမ်မှာ မိသားစုအလုပ် ၀ိုင်းကူလုပ်ပေးသည်.သွေး ကျောင်းကပြန်လာကတည်းကစိတ်စိတ်နေမိသည်။

မောင်လေး၊ နင်စကားလဲမပြောဘူး၊ ဘယ်သူ.ကို စိတ်စိုးနေတာလဲ၊ ဒါမှမဟုတ် ကျောင်းစာမလိုက်နိုင်လို.လား

အမကြီး က သွေးမျက်နှာကြည်.ပြီးမေးလာသော်

မမရယ် တစ်ခြားဘာအခက်အခဲမှ မရှိပါဘူး၊ အခုတစ်လော ငါ.စိတ်တွေ ထွေနေသလို

ဖြစ်နေလို.ပါ

မောင်လေး တစ်ခြားဘာမှ မစဉ်းစားနဲ.နော် ၊ စာကိုပဲ အလေးထားကျိုးစား ဟုတ်လား

ဟုတ်ကဲ.မမ.

အမကြီးအားစိတ်မပါတပါ ဖြေလိုက်ပြီး မိမိ အိပ်ခန်းထဲဝင်လာခဲ.တော.သည်။ ငှက်လေးတွေ သစ်ကိုင်းများပေါ်ဝယ် အိပ်တန်းတက်ဖို. ပြင်နေကြသည်ကို ပြတင်းပေါက်မျ မြင်ရသည်။ တောင်တန်းများပေးမေးတင်နေပြီဖြစ်သည်.နေမင်းကြီးက သွေးကို နောက်ဆုံးသော လိမ်မော်ရောင် ရောင်ခြည်တန်းဖြင်. နုတ်ဆက်နေသည်။ မှောင်ရိပ်သန်းနေသော တောတန်းများရဲ. အလှကြောင်. စာမကျက်နိုင်သေးသောသွေး ငေးမိငေးရာ ကြည်.နေမိသည်။ ဖြူအေး၏သ၀န်တိုဟန်ပုံစံလေးက နေမင်းကြီးပျောက်သွားချိန်မှာ တောင်ကြောများကြားမှ ထွက်ပေါ်လာသည်။ သြော် အချစ်ဆိုတာ အချိန်ကျလို.ချစ်ရပြန်တော. အချိန်မရောက်သေးလို. ဖွင်.ပြောလို.မရသေးပါလား ဖြူအေးရယ်။

တစ်နေ.နေ. ချစ်တဲ.အကြောင်းဖွင်.ပြောဖြစ်ခဲ.ရင် ဖြူအေးဘယ်လိုတုန်.ပြန်မလဲလို. တွေးမိပြီး သွေးတစ်ယောက် တစ်ညတာအပူအလွမ်း ဖြေဖျောက်ရင်း အိမ်မက်စမ်းရေတို.ချိုးနေမိသည်။

ဖြူအေး ငါကိုအကြာကြီး ပစ်မထားခဲ.ပါနဲ.နော်..ဒီည ငါ.အိမ်မက်ထဲ နင်ရှိနေပေးပါကွာ……

 


Reply all
Reply to author
Forward
0 new messages