Visa Card follows after Master Card

8 views
Skip to first unread message

Nyi Nyi ®

unread,
Dec 24, 2012, 10:26:57 AM12/24/12
to travel...@googlegroups.com
ကမ္ဘာအဝန်းတွင် တွင်ကျယ်စွာ အသုံးပြုနေသည့် Visa ကတ်ဖြင့် ဒီဇင်ဘာလလယ်မှ စတင်ကာ မြန်မာနိုင်ငံ အနှံ့ရှိ ATM စက်များတွင် ကျပ်ငွေ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း Visa ကတ်ကွန်ရက်နှင့် ချိတ်ဆက်ထားသည့် ကမ္ဘောဇဘဏ်နှင့် သမဝါယမ ဘဏ်တို့မှ တာဝန်ရှိသူများက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြား သည်။ မြန်မာနိုင်ငံအနှံ့ရှိ ကမ္ဘောဇဘဏ်၏ ATM စက် ၃၇ လုံးနှင့် သမဝါယမဘဏ်၏ ATM စက် ၄၅ လုံးတွင် ငွေထုတ်နိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်း အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က ပြောကြားသည်။ အထက်ပါ ဝန်ဆောင်မှုသည် မြန်မာနိုင်ငံရောက် နိုင်ငံခြားသားများ အထူးသဖြင့် လိုအပ်နေသည့် ပြည်တွင်း ATM စက်များတွင် ကျပ်ငွေ ထုတ်ယူခြင်းအတွက်သာ အသုံးပြုနိုင်ပြီး ငွေသွင်းခြင်း၊ ကတ်အချင်းချင်း ငွေလွှဲခြင်း၊ ငွေပေးချေခြင်း လုပ်ငန်းများတွင် အသုံးမပြုနိုင်သေးချေ။ မြန်မာ အရှေ့တိုင်းဘဏ်၏ ATM စက်များတွင်မူ ဇန်နဝါရီလမှ စတင်ကာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်းဘဏ်မှ လက်ထောက် အထွေထွေမန်နေဂျာက ပြောကြားသည်။ Visa ကတ်ဖြင့် ငွေထုတ်ယူရာတွင် ဝန်ဆောင်ခအဖြစ် တစ်ကြိမ်လျှင် မြန်မာကျပ်ငွေ ၅၀၀၀ နုတ်ယူမည်ဖြစ်ပြီး တစ်ရက်လျှင် ကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်ကြောင်း သမဝါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ရှင်းပြသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၂၁၇ နိုင်ငံတွင် အသုံးပြုလျက်ရှိသော Master Card ကိုလည်း နိုဝင်ဘာလမှ စတင်ကာ သမဝါယမဘဏ်၏ ATM စက် ၃၆ လုံးတွင် ထုတ်ယူအသုံးပြုနိုင်ပြီ ဖြစ်သည်။ ယင်းကတ်များအပြင် Maestro နှင့် Cirrus Card များဖြင့်ပါ မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီး တစ်ကြိမ်ထုတ်လျှင် သုံးသိန်းအထိ ထုတ်ယူနိုင်ကြောင်း သမဝါယမဘဏ်၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။ နိုင်ငံတကာသုံး ကတ်များ မြန်မာနိုင်ငံတွင် အသုံးပြုလာနိုင်သဖြင့် ကတ်ကိုသာ အသုံးပြုနေသည့် နိုင်ငံခြားခရီးသည်များအတွက် အဆင်ပြေပြီး ခရီးသွားလုပ်ငန်းများ အတွက်လည်း အထောက်အကူဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးတင်ထွန်းက ပြောကြားသည်။ Visa Card ကွန်ရက်သည် ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့နှင့် ၂၀၁၂ နိုဝင်ဘာလမှ စတင်ကာ တရားဝင် ချိတ်ဆက်ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""
Reply all
Reply to author
Forward
0 new messages