မင်းဘူး နဂါးပွက်အိုင်

132 views
Skip to first unread message

Tomme Aung

unread,
Oct 13, 2014, 1:29:58 AM10/13/14
to travel...@googlegroups.com
မင်းဘူး နဂါးပွက်အိုင်

မကွေးမြို့တစ်ဘက်ကမ်း မင်းဘူးမြို့တောင်ဘက် ၂မိုင်အကွာ ရေနံတူးစင်များနှင့် မလှမ်းမကမ်းတွင်
နဂါးပွက်အိုင်တည်ရှိပါသည်။
ကားဖြင့်သွားမည်ဆိုလျင်
မကွေးမြို့ မှ အနောက်ပိုင်း တံတားပေါ်ဖြတ်ကာ  ၁၅ မိနစ်အတွင်း မင်းဘူးမြို့ကိုရောက်ပါမည်။ မြို့ထဲမရောက်ခင် မုခ်ဦးအနီးမှတစ်ဆင့် ဘယ်ဘက်ကွေ့ လိုက်လျင် နဂါးပွက်အိုင်များရှိရာ တောင်ပူစာကို တွေ့နိုင်ပါသည်။

နဂါးပွက်အိုင်ဟု ဒေသခံများက ခေါ်သော ရွှံ့မီးတောင်သေးလေးများ ဟိုမှာသည်မှာတွေ့ရသည်။ အကြီးဆုံး ရွှံ့အိုင်ကြီးမှာ  တောင်ကုန်းအထက်ဝတွင်ရှိသည်။ ဒါကိုပင် နဂါးပွက်အိုင်ဟု ခေါ်ဆိုဟန်ရှိသည်။
ဒေသခံလူများမှ ထိုနေရာသည် နမ္မာဒ နဂါးကြီး နေရာအဖြစ် ယုံကြည်ကြသည်။
နဂါးကြီး အသက်ရှုသဖြင့် ရွှံ့များ လေပူဖောင်းကဲ့သို မျက်နှာပြင်ပေါ်သို့ ထိုးထွက်လာခြင်းဖြစ်သည်။ နဂါးကြီးကို နဂါးစာကျွေးခြင်း ပန်းဆက်ခြင်း ဖြင့် အရိုအသေပေးလျင် ဒေသတွင်း ကောက်ပဲသီးနှံ ပေါခြင်း  ရာသီဥတု မှန်ကန်ခြင်း နှင့် လူအများကျမ္မာရေးကောင်းစေနိုင်သည်ဟု ယုံကြည်ကြသည်။

မြန်မာပြည်အရပ်ရပ်မှ ဒေသခံဘုရားဖူးများ ဖေဖေါ်ဝါရီ လလယ်မှ ဧပြီလ သင်္ကြန်မတိုင်ခင်အထိ ကျင်းပသော ရွှေစက်တော်ဘုရားကို လာရောက်ဖူးမျော်ကြသည်။ အပြန်တွင်လမ်းကြုံသဖြင့် နဂါးပွက်အိုင်သို့ ဝင်လာတတ်ကြသည်။
မန်းချောင်းအနီးရှိ ရွှေစက်တော် ဘုရား သမိုင်းနှင့် နဂါးပွက်အိုင်သည် ဆက်စပ်မှုရှိပါသည်။ ဗုဒ္ဓမြတ်စွာဘုရား သည် နောက်ပါ ရဟန္တာ ၅၀၀ ခြံရံလျက် ရွှေစက်တော်အရပ်သို ဒေသစာရီ ကြွချီခဲ့ဖူးသည်။ ဤ တွင် မင်းဘူးနဂါးပွက်အိုင်တွင်နေသော နမ္မာဒ နဂါးကြီးနှင့်  ဥရဟဒ်ဝန္ဒာ တို့မှ ဗုဒ္ဓဟောကြားသောတရားနာရသဖြင့် စိတ်အေးချမ်းမှု ဖြစ်ကြသည်။ ဗုဒ္ဓ ပြန်မကြွခင်  ၄င်းတို့တရားရ စိတ်အေးချမ်းစေသလို  လူသားတွေပါ အကျိုးရှိစေဖို့အတွက် တစ်ခုခု ချန်ထားပေးပါရန် လျှောက်ထားကြသည်။ သို့ပါ၍ ဗုဒ္ဓမှ မန်းချောင်းအနီးစက်တော်ရာတောင်တွင် ခြေရာတော် နှစ်ခု စွန့်ကြဲတော် မူခဲ့ပါသည်။
နောင်တွင် အထက်စက်တော်ရာ  အောက်စက်တော်ရာ ဟုတွင်ခဲ့ပါသည်။
ဆိုသော် နမ္မာဒ နဂါးကြီးသည် ထိုသမိုင်းလာ နဂါးဖြစ်ပြီး ယခု နဂါးပွက်အိုင်အရပ်တွင် နေထိုင်ကြောင်း ဒေသခံများမှ ယုံကြည်ကြပါသည်။
အမှန်မှာ နဂါးပွက်အိုင်ဆိုသည် ရွှံ့မီးတောင် အသေးလေးများဖြစ်သည် ဟု ဘူမိဗေဒပညာရှင်များမှ သတ်မှတ်ခဲ့ကြသည်။ အိုင်လေးများမှာ အနားသတ် အဝိုင်းပုံစံဖြစ်ကြသည်။ ရွှံ့ရည် အပျစ်များ တစ်ပွက်ပွက်ထနေတာတွေ့ရသည်။
မြေအောက်ရှိ ဓါတ်ငွေ့တစ်မျိုး သို့မဟုတ် အရပ်အခေါ် လေပူဖောင်းများ ရွှံ့ရည် မျက်နှာပြင်ပေါ်သို့ ထိုးထွက်ကြသည်။
တစ်ခါတစ်ရံ မပေါက်ဘဲ ပူဖောင်းလေးများသဏ္ဍန် အချိန်ကြာစွာ ရွေ့လျား ဖြစ်ပေါ်နေတတ်ပါသည်။ နံနက် ၇ နာရီ တွင်တစ်ကြိမ် ညနေ ၈ နာရီလောက်တွင်တစ်ကြိမ် ဆူပွက်ကျကာ အငွေ့ထနေတတ်သည်ဟု ဒေသခံများက ပြောပြပါသည်။
တစ်ချို့ရွှံ့အိုင်များမှာ နေ့လည်ပိုင်းတွင် င်ြမ်သက်နေတတ်သည်။ သို့သော် ရွှံ့ရည်ပူသောအချိန်ရှိတတ်၍ လက်ဖြင့် ကိုင်တွယ်ခြင်းမပြုသင့်ပေ။
အကြောင်းမှာ ၃ ဒီကရီမှ ၁၀၀ ဒီကရီ စင်တီဂရိတ်အထိ ရှိတတ်သောကြောင့်ဖြစ်ပါသည်။
ရွှံ့အိုင်များတွင် ဘောင်ခေတ်ထားသလို အနားသတ်ရှိသော်လည်း ရွှံ့ရည်များ မျက်နှာပြင်ကျော်ကာ လျှံကျ စီးမြောနေသည်ကိုလည်းတွေ့ရပါသည်။
ရွှံ့ရည်စီးကျမှု များသော ရွှံ့အိုင်များ ၁ မီတာမှ ၅ မီတာအထိ အမြင့်ဖြစ်ပေါ်စေသည်။ တစ်နှစ်ထက်တစ်နှစ် အရွယ်ကြီးလာတာ ရှိသလို သေးသွားသော ရွှံ့အိုင်များလည်းရှိသည်။
နဂါးပွက်အိုင်ကြီးသည် ကုန်းအထက်တွင် ရှိသည်။
ဝန်းထရံ ကာထားပေးပြီး ရွှံ့ရည်များလွယ်ကူစွာ စီးမျှောစေရန် မြောင်းတူးပေးထားသည်။
လေပူဖောင်းနှင့် အကွက်ကြီးများ အဆက်မပြတ် ဖြစ်နေတတ်သည်။
၈၆ % သော လေပူဖောင်းမှာ မီသိန်းဓါတ်ငွေ့ဖြစ်သည်။ ကျန် ပါဝင်သောအရာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်
နိုက်ထရိုဂျင် တို့ဖြစ်သည်။ နဂါးပွက်အိုင်ရှိ အိုင်များ၏ ပုံစံမှာ ရေပူစမ်းပုံစံဖြစ်သည်။
သို့သော် မြေအောက်တစ်နေရာမှ အခြားဒြပ်စင်များပါ ရောနှောနေတတ်သဖြင့် ရေနှင့်ပေါင်း၍ ရွှံ့စေးသဏ္ဍန်ဖြစ်စေကာ အထက်ပါ ဓါတ်ငွေ့များ ထိုးထွက်လာခြင်းဖြစ်သည်။
တစ်ချို့ရွှံ့အိုင်ငယ်လေးများတွင် အက်စစ်ဓါတ်နှင့် ဆားဓါတ်တို့ပါဝင်ပြီး  ဟိုက်ဒရို ကာဗွန်ဓါတ်ထွက်သဖြင့် ခြောက်သွားလျှင် ရွှံ့စီးကြောင်းတစ်လျှောက် ဆားဓါတ်ပေါက်ကာ ဆားပွင့်များဖြစ်နေတတ်သည်။
ကမ္ဘာပေါ်ရှိ တစ်ခြားရွှံ့အိုင် သို့မဟုတ် ရွှံ့မီးတောင်များဖြစ်ပေါ်သကဲ့သိုပင် ကွဲပြားမှုမရှိပါ။
ရွှံ့မီးတောင်ဖြစ်ပေါ်စေခြင်း နှစ်မျိုးရှိပါသည်။
ရေနံထွက်သောနေရာဖြစ်ခြင်း နှင့် ငလျင်ကြော plates များ အချင်းချင်းတွန်းတိုက်ကြသောကြောင့် ရွှံ့မီးတောင်များ ဖြစ်ပေါ်စေနိုင်ပါသည်။
ဟေလီယံ ဓါတ်ငွေ့ထုတ်လွှတ်သွေှာရွှံ့မီးတောင်များကိုလည်း ကမ္ဘာပေါ်တွင်တွေ့ရတတ်ပါသည်။
ရွှံ့မီးတောင်များကို ပုံစံအမျိုးမျိုး တွေ့ရတတ်သည်။
၁။ Gryphon တွင်းနက်ကန်တော့ပုံ ၃ မီတာ အနည်းဆုံးရှိ
၂။ Mud cone ရွှံ့နှင့် ကျောက်မှုံ့ ရော တောင်ပို့ ပုံ ၁၀ မီတာ အထိ ရှိတတ်
၃။ Scoria cone ရွှံ့ရည်ပူပြင်း ထိပ်ချွန်ပုံ
၎။ Salse ဆူပွက်ကျတတ်သည့် ရွှံ့အိုင်ပုံ
၅။ Spring ဆူပွက် အငွေ့ပျံ လျှံကျတတ်သည် ရွှုံအိုင်ပုံ
၆။ Mud shield နုပ်ခမ်းအနားထူ ကာထားသလို ရှိသည့် ရွှံ့အိုင်ပုံ

ဟူ၍ ၆မျိုး တွေ့ရှိရပါသည်။
ယခု နဂါးပွက်အိုင်သည် ပုံစံ ၂ ။ ၅ နှင့် ၆ ပုံစံမျိုးဖြစ်သည်ကို တွေ့ရှိရပါသည်။
အိန္ဒိယ တရုပ် မြန်မာ အီရန် ပါကစ္စတန် ဖိလစ်ပိုင် ဂျပန် နိုင်ငံများနှင့် မြောက်အမေရိက နိုင်ငံများတွင် ရွှံ့မီးတောင် များကို တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် မင်းဘူးအရပ် သပိတ်ကျဉ်း နယ် ရခိုင်ပြည် ကျောက်ဖြူ ဒေသ ပုပ္ပါး မုံရွှာ ဘုတလင်နယ် တို့တွင် ရွှံ့မီးတောင်များ ကို တွေ့ရှိနိုင်ပါသည်။
မြန်မာနိုင်ငံရှိ နဂါးပွက်အိုင်ကို ဒေသခံဘုရားဖူးများလာရောက်ကြသလို နိုင်ငံခြားသား တိုးရစ်များလည်း ၂၀၁၀ ခုနှစ်နောက်ပိုင်း တစ်ဖြည်းဖြည်း လာရောက်လည်ပတ်ကြတာ တွေ့ရသည်။
တစ်ခြားနိုင်ငံများရှိ ရွှံ့ကန်များတွင် နိုင်ငံခြားသားများအား ရွှံ့ရည်စိမ်ခိုင်းပြီး ဝင်ငွေရှာကြသော်လည်း ယခု နဂါးပွက်အိုင်သည် ဘာသာရေးဆိုင်ရာ( နတ်ယုံကြည်မှု  )ဒေသဖြစ်ခြင်းကြောင့် ရွှံ့ရည်စိမ်ခြင်းခွင့်မပြုကြောင်းသိရပါသည်။ သို့သော် အေးချမ်းသာယာသော ဒေသဖြစ်ခြင်းကြောင့် နိုင်ငံခြားသား တိုးရစ်များ တစ်နေ့ထက်တစ်နေ့ ပိုမို လာရောက်ကြကြောင်းသိရှိရပါသည်။

                    သွေးသစ်
                   ခရီးသွားသုတေသီ
M 1.jpg
M 2.jpg
M 3.jpg
M 4.jpg

Thida Win

unread,
Oct 14, 2014, 2:24:22 AM10/14/14
to travel...@googlegroups.com
အစ်ကို နဂါးပွတ်တောင်ကို နိုင်ငံတကာခရီးသွားများလာရောက်လေ့လာမှု ပိုမို
ခေါင်းစဉ်နဲ့ ကိုးကားပြီး သတင်းရေးချင်ပါတယ်။ ခွင့်ပြုမလားအစ်ကို
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msgid/travelmyanmar/cc90ad90-c59f-427d-900c-353bf8590612%40googlegroups.com.
> For more options, visit https://groups.google.com/d/optout.
>

Khin Thida

unread,
Oct 14, 2014, 2:24:22 AM10/14/14
to travelmyanmar
Hello Ko Thwe Thit ( KTTA ),

Thanks so much for your article. May I share it on FB page?

Ma Thida



--

Thaung Naing Oo

unread,
Oct 14, 2014, 2:24:25 AM10/14/14
to travelmyanmar
သုတကြားမြင် များစွာပင် ရရှိပါသည်။ အမြဲပေးပို့နေသည့်အတွက် ပရဟိတစိတ်ကို
အထူးကျေးဇူးတင်ပါသည်။
သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်

2014-10-13 11:59 GMT+06:30 Tomme Aung <tomm...@gmail.com>:

--
Reply all
Reply to author
Forward
0 new messages