Groups keyboard shortcuts have been updated
Dismiss
See shortcuts

ရှေးဟောင်း ပျူမြို့သုံးမြို့ အကြောင်း (ဗိသာနိုး သရေခေတ္တရာ ခေါ် ဂြီက္ပေတြ နှင့် ဟန်လင်း)

306 views
Skip to first unread message

Tomme Aung

unread,
Sep 4, 2014, 2:52:09 AM9/4/14
to travel...@googlegroups.com


ရှေးဟောင်း ပျူမြို့သုံးမြို့ အကြောင်း
(ဗိသာနိုး သရေခေတ္တရာ ခေါ် ဂြီက္ပေတြ နှင့် ဟန်လင်း) အပိုင်း ၁


ဇွန်လ ၂၄ ရက် ၂၀၁၄ ခုနှစ်တွင် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော ၃၈ ကြိမ်မြောက် ယူနက်စကို အဖွဲ့၏ နှစ်ပတ်လည် ညီလာခံ၌ မြန်မာနိုင်ငံရှိ ဗိသာနိုး သရေခေတ္တရာ နှင့် ဟန်လင်းမြို့ဟောင်းတို့ကို World Heritage Sites များအဖြစ် အဖွဲ့ဝင် နိုင်ငံများက အတည်ပြု သတ်မှတ်ပေးခဲ့သည်။
ဒီအဖြစ်မတိုင်ခင် မန္တလေးမြို့ ကုသိုလ်
တော်ဘုရားအား ဂျွန်လ ၂၀၁၃ ခုနှစ်တွင် အဆိုပါစာရင်းတွင် ထည့်သွင်းခဲ့ပြီးဖြစ်သည်။ သို့သော် ဇုံကြီးတစ်ခုအနေဖြင့်မဟုတ်ဘဲ site တစ်ခုအဖြစ်သာ ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။
(AFP သတင်း)
အထက်ပါ ပျူမြို့ သုံးခုကို ရှေးပျူလူမျိုးများသည် ဘီစီ ၂၀၀ မှ အေဒီ ၉၀၀ အထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မြို့ပြတည်ထောင်ခဲ့ခြင်းကြောင့်
၎င်း ပျူလူမျိုး တို့၏ စကားသည် ယခုခေတ် မြန်မာလူမျိုးတို့၏ စကားနှင့် အတော်ဆင်၍သော်၎င်း ယခုလို ကမ္ဘာရှေးဟောင်း အမွေအနှစ်စာရင်းမှာ ထည့်သွင်းရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ပျုမြို့သုံးမြို့ကိုယူနက်စကို အဖွဲ့ထံသို့ 1996 ခုနှစ်ကတည်းက မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုဋ္ဌာန
မှ တင်သွင်းအဆိုပြုခဲ့ခြင်းဖြစ်သည်
၎င်း မြို့များနှင့်အတူ
အင်းဝ အမရပူရ စစ်ကိုင်း မင်းကွန်း မန္တလေး ဒေသ
ပြဒါးလင်းဂူ
အင်းလေးဒေသ
ပဲခူး ဟံသာဝတီ
နှင့် မြောက်ဦးဒေသတို့ကိုပါ ပူးတွဲ တင်ပို့ခဲ့ခြင်းဖြစ်သည်။
ယူနက်စကိုအဖွဲ့၏ အဆိုအရ ကုသိုလ်တော်ဘရားသည် အမှတ်စဉ် ၃၀၀ ခုမြောက် ပျုမြို့ သုံးမြို့ကို ၃၀၁ ခုမြောက် အဖြစ် နောက်ဆုံး သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
သို့ပါ၍ အဆိုပါ ဆိုဒ်များကို ပြည်တွင်းပြည်ပမှလူများ အထူးစိတ်ဝင်စားလာကြသည်။
ခရီးသွားကုမ္ပဏီများက ပျု သုံးမြို့ဖြတ် ခရီးလမ်းကြောင်းများအပါ ခရီးစဉ်ရေးဆွဲဖို့ အားထုတ်လာကြတာတွေ့ရသည်။
ရှေးခေတ်ပျုလူမျိုးများအကြောင်း
လူတော်တော်များများ ကြားဖူးကြပေလိမ့်မည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းက
ဏ္ဍတွင်လုပ်ကိုင်နေကြသောသူများ ပိုမိုအကျိုးရှိစေရန် အနည်းငယ် တင်ပြချင်ပါသည်။
ပျု လူမျိုးတို့သည် ခန့်မှန်း သုံးရာစု ခန့်မှ စ၍ မြန်မာနိုင်ငံတွင်းနေထိုင်ခဲ့ကြ
သော တိဗက်-မြန်မာ အနွယ်ဝင်များဖြစ်ကြောင်း ဒေါက်တာသန်းထွန်းရေးသားသည့် ခေတ်ဟောင်းရာဇဝင်တွင် ဖော်ပြပါရှိခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မလာခင်က တရုပ်မြန်မာနယ်စပ်ဖြစ်သော ယူနန်
(ယုန်ချန်) အနောက်တောင်အရပ်တွင် ခရစ်နှစ်ဦးမှစ၍ ကြာမြင့်စွာနေလာပြီးမှ သုံးရာစုလောက်တွင် မြန်မာနိုင်ငံတွင်း ဝင်ရောက်လာခဲ့ခြင်း ဖြစ်ဟန်ရှိသည်။
၎င်းတို့ကို တရုပ်များက "ဖျောက်" လူမျိုးများဟု ခေါ်ဆိုခဲ့ကြပါသည်။
( ဆန်း ရာဇဝင်)
ဂျာဗားလူမျိုးများက ပျု လူမျိုးများကို တဆူလ် ဟုခေါ်သည်။ အဓိပ္ပာယ်မှာ ယူနန်ပြည်နယ်အနီးရှိ တောင်တန်းများအနီးနေထိုင်ကြသူမျ
ားဟု ဆိုသည်။
ထိုသူများမှ ပျူလူမျိုးများဖြစ်လာကြသည်ဟု ဒေါက်တာသန်းထွန်းမှ သုံးသပ်ပြခဲ့သည်။
ပျုလူမျိုးတို့ တရုပ် နန်ကျောင်ကို တိုက်ခိုက်ခဲ့သော်လည်း ပျုလူမျိုးတို့ ဒေသပင် ဖျက်ဆီးခံလိုက်ရသည်။
မြောက်ဘက် ဟန်လင်းကြီးမှ စတင်၍ တောင်ဘက်ပြည်မြို့များအထိ ဧရာဝတီ မြစ်ဝှမ်းတစ်လျှောက်ကို ပျုဒေသဖြစ်ခဲ့ဟန်ရှိသည်ဟု ယူဆကြတာများသည်။
ပျုလူမျိုးတို့၏ ကျောက်စာတစ်ချို့အရ ပျုစကားနှင့်စာသည် ဗျည်းမဲ့၍ အသံနေအသံထား ၈ ခုရှိကြောင်း တိဗက်- မြန်မာ ဘာသာစကားမျိုးဖြစ်သည်ဟု " တင် လောကဘာသာကျမ်း" တွင် ဆိုသော်လည်း ဟန်လင်းကြီး ပျုသချိင်္ုင်းကျောက်စာအရ တောင်ပိုင်းအိန္ဒိယမှဆင်းသက်လာသေ
ာ လေးရာစု ဂုပ္တ လက်ရေးဟန်ဖြစ်သည်ဟု ကျောက်စာဝန်ဦးမြက ထောက်ပြခဲ့ဖူးသည်။
ထိုစကားမှန်ခဲ့သော် သုံးရာစု လောက်ကတည်းက ရှိနေခဲ့ပြီးဖြစ်သည်။
သီဝနတ်မင်းကိုးကွယ်ခြင်း ဗိသာနိုးနတ်ကိုးကွယ်ခြင်း မဟာယန ဗုဒ္ဓဘာသာဖြစ်ခြင်း တို့ကို တူးဖော်ရရှိသော အရုပ်များအရ သိရသည်။
ထို့အပြင် သုံးရာစု လောက်တွင် ဟိနယန ဝါဒများလည်း ထွန်းကားနေပြီ ကို တွေ့ရသည်။
ပျူမြို့ဟောင်း သုံးမြို့အကြောင်း ဆက်ပါဦးမည်။

#ဗိသာနိုးမြို့ဟောင်း

ဗိသာနိုးမြို့ဟောင်းသည် ပျုမြို့ဟောင်းများထဲမှာ ရှေးအကျဆုံးဖြစ်သည်ဟု သုတေသီတို့ကယူဆကြသည်။
မြို့ဟောင်းရာသည် တောင်တွင်းကြီးမြို့မှ အနောက်မြောက်ဘက် ၁၁ မိုင်အကွာ
ကုက္ကိုခွရွာ၏မြောက်ဘက်တွင်ရှိသည
်။
ပြည်မှသော်၎င်း မန္တလေးမှသော်၎င်းလာခဲ့သော် မကွေးမှာညအိပ်ပြီး ဗိသာနိုးကို သွားရောက်လည်ပတ်နိုင်သည်။
ဗိသာနိုးကို ၁၉၀၅ ခုနှစ်တွင်စတင်တူးဖော်ခဲ့ကြသည်။
ဗိသာနိုးမြို့ကို သရေခေတ္တရာထက် ပို၍စောသည်ဟု ထင်ခြင်းမှာ ဟိနယနကို ကိုးကွယ်ကြောင်းမတွေ့ရခဲ့သောကြေ
ာင့်ဖြစ်သည်။
၁၉၅၉ ခုနှစ်တွင် မြို့တွင်းမြို့ပြင် ကျုံးနှင့် အခြားနေရာများအနှံ့ တူးဖော်ခဲ့သည်။
ဗိသာနိုးမြို့ဟောင်းတူးဖော်ရာအက
ွက် ၉ မှ သစ်တိုင် မီးသွေးကို ရေဒီယိုကာဗွန်နည်းဖြင့် စစ်ဆေးရာတွင် ယခင်နှစ် ၁၉၀၀ ခန့်က မီးလောင်ပျက်စီးသည့် မီးသွေးဖြစ်ကြောင်း သိရှိရသည်။
မည်သည့်ခုနှစ်ကတည်ပြီးမည်သူတွေက
ဆောက်လုပ်ခဲ့မှန်းမသိရှိခဲ့ကြပါ
ဗိသာနိုးမြို့ဟောင်းမြို့ရိုးသည
် တစ်ဘက်လျင် ၁ မိုင် ၂ ဖာလုံခန့် ရှိပြီး မြို့ရိုးလေးဘက်ကာရံထားသည်။
မြို့ပေါက်တွင် သစ်သားတံခါးကြီများ
ကာရံတပ်ထားပြီး ကတုတ်ကျင်းများ ဝန်းရံနေသည်။
မြို့အုတ်ရိုးတံတိုင်းသည် လူတစ်ရပ်ခန့်ရှိ၏။ ကျုံးမှာလည်း ဆယ်ပေခန့်သာကျယ်သည်။
အရိုးနှင့် အရိုးအိုးကိုတွေ့သော နေရာများကို သချိင်္ုင်းများအဖြစ်သတ်မှတ်သည်။ြ
မို့ပြင်၌ အရိုးအိုးထားရန် အုတ်တိုက်ရှိပြီး မြို့လည်၌လည်း အရိုးအိုးတိုက်ကိုတွေ့ရ၍ လူရှင်နေရာ လူသေနေရာ ဟူ၍ ခွဲခြားတတ်သေးဟန်မတူပေ။
မြို့တွင်း အုတ်ကြွင်းများကိုကြည့်လျင် အုတ်မြစ်ချ နက်နက်ထားပြီး တိုက်အိမ်များဆောက်ခဲ့သည်မဟုတ် မြေပြင်ပေါ်တွင်အုတ်တင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မြေတင်တိုက်များဖြစ်သဖြင့် အုတ်နံရံ အလွန်ထူသည်။
နံရံကို အင်္ဂတေ အချောကိုင်၍ ဆေးဖြူဆေးဝါ သုတ်ခဲ့ကြသည်ကို တွေ့ရသည်။
မြို့ရိုးအတွင်းတွင်ကန်ကြီးနှစ်
ကန်နှင့် သောက်ရေကန်ကြီးကြီးတစ်ကန်ကို တွေ့ရသည်။ မြို့လည်နန်းတော်ကုန်းအရှေ့တွင်မူ ထိန်ကန်ကြီးနှင် ထိန်ကန်သေး ဟူ၍ ကန်အသေး နှစ်ကန်ရှိသည်။
နန်းတော်ကုန်းသည် မြို့ရိုး အလယ်တွင်မရှိဘဲ မြောက်ဘက်မြို့ရိုးတံတိုင်းအနီး
တွင်ရှိ၏။ ထိုနန်း၏ အရှေ့ပေါက်သည် နန်းတော်ကုန်း အရှေ့ ဘက်မုခ်နှင့် တည့်တည့်မှာဖြစ်သည်။
မုခ်ဘေးတစ်ဘက်စီတွင် အရုပ်တစ်ရုပ်စီရှိသည်။
ဗိသာနိုးမြို့ဟောင်းတူးဖော်ရာ အကွက် ၂၁ မှ အင်္ဂတေ အရုပ်ငယ်လေးများ တွေ့ရှိခဲ့သည်။ ဗိသာနိုး မှ တွေ့ရှိရသော အရာများမှာ အရိုးအိုး ရေတည်အိုး ချက်ပြုတ်အိုး လည်တံရှည်အိုး ရေသွန်းကရား သပိတ် ဆီမီးခွက်နှင့် ကလေးကစားရန် ရှပ်ဒိုးတို့ဖြစ်သည်။ တစ်ချို့အိုးများတွင် ကချေသည်အရုပ် သူတော်စင်ရုပ် ငါးနှစ်ကောင်ရုပ် ကာလသားအိုးရုပ်များဖြင့်အလှဆင်
်ထားခဲ့ကြသည်။
ထိုပုံများကြောင့် အိန္ဒိယမှဗြဟ္မဏ ဝါဒတစ်မျိုး ရောက်ရှိနေခဲ့ပြီဟု ယူဆနိုင်သည်။
ထို့အပြင် လူအသုံးအဆောင်များဖြစ်သော မြေပုတီး သန္တာပုတီး ရောင်စုံ ကျောက်ပုတီး မြေနားတောင်း မြေလက်ကောက် ငွေပြားလည်ဆွဲ ဆံထိုးတို့ကိုလည်း တူးဖော်တွေ့ရှိခဲ့သည်။
အလေးချိန်ခွင်ဟု ယူဆရသော ကြေးခြင်္သေ့ အလေး ဟင်္သာအလေးတို့တွေ့ရှိရ၍ ဈေးရောင်းဈေးဝယ်ထွန်းကားနေပြီ
ဖြစ်သည်။
သီရိဝစ္ဆေ နှင့် တက်နေပါသော ဒင်္ဂါးပြားများလည်းရှိခဲ့သည်။ ထိုကြောင့်ပင် ဗိသာနိုးမှာနေထိုင်ခဲ့ကြသူတို့သ
ည် ဗုဒ္ဓဘာသာ မရောက်မီကပင် နေခဲ့ကြသူများဖြစ်မည်ဟု ထင်ကြပါသည်။
လူသေကို မီးသင်္ဂြိုလ်၍ အရိုးပြာကို အိုးနှင့်ထည့်သော ဓလေ့ရှိသည်။ သို့သော် သာသနိက ပစ္စည်းများ မတွေ့ခဲ့ရပါ။
မည်သို့ဆိုစေကာမူ ဗိသာနိုး မြို့ အနေအထား အဆောက်အဦများ သုံးစွဲသောခွက်နှင့် ဒင်္ဂါးများကြောင့် ယဉ်ကျေးမှု မြင့်မားစွာ နေထိုင်ခဲ့သူများဖြစ်မည်ဟု သုံးသပ်မိပါသည်။

#
သရေခေတ္တရာခေါ် ဂြီက္ပေတြ မြို့ဟောင်း

ရှေးယခင်များစွာက သရေခေတ္တမြို့ကို ဂြီက္ပေတြမြို့ဟု ခေါ်ဆိုခဲ့ကြသည်။ တင့်တယ်သာယာခြင်း ဟု အဆိုရှိသော မြို့ဟောင်းနေရာကို ပြည်မြို့၏ အရှေ့တောင်ဘက် ၅ မိုင်အကွာရှိ မှော်ဇာကျေးရွာ အနီးအပါးတွင် တွေ့ရသည်။၂၀၁၃ ခုနှစ်တွင် ပြည်တွင်းပြည်ပ ခရီးသွား ၆၀၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့သောပျူမြို့ဟော
င်းဖြစ်သည်ဟု ယူနက်စကို အဖွဲ့မှဆိုသည်။
သရေခေတ္တရာသည် တစ်ခြားမြို့ဟောင်းများဖြစ်သည့်
ဗိသာနိုး နှင့် ဟန်လင်းတို့ထက်စာလျင် သွားရသည်မှာ ပို၍ အဆင်ပြေသည်။ ဗိသာနိုးကို သွားမည်ဆိုလျင် မကွေးမှာ ညအိပ်ရမည်။ ဟန်လင်းကို သွားချင်သူများ ရွှေဘိုမှာ တည်းပြီးမှ သွားရတတ်သည်။

သရေခေတ္တရာသည် ပြည်မြို့နှင့် နီးကပ်စွာတည်ရှိခြင်း ဈေး ဆေးခန်း တည်းခိုခန်းကောင်းများစွာရှိခြင
်း တို့ကြောင့် နိုင်ငံခြားသားများအတွက်လည်း အဆင်ပြေလှသည်။ ပြည်မြို့ဝန်းကျင်တွင် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းခြင်း( နွေရာသီ အနည်းငယ်ပူသည်မှလွဲ၍) ရှေးဟောင်းအမွေအနှစ် ကြည့်စရာ ပေါများခြင်း ရန်ကုန်မြို့နှင့်တစ်ခြားမြှို့များမှ ရေလမ်း ကုန်းလမ်းကနေ အလွယ်တကူ လာရောက်နိုင်ခြင်းအပြင် အကောက်တောင်နှင့် ဖိုးဦးတောင်များကိုပါ တစ်ပါတည်း လည်ပတ်လို့ ရခြင်းတို့ကြောင့် နိုင်ငံခြားသားများအကြိုက်တွေ့စေနိုင်ပါသည်။
အင်္ဂလိပ်လက်ထက် ရှေးဟောင်းသုတေသန မှ Mr. Forch Hammer ဆိုသူက ၁၈၈၂ နှင့် ၁၈၈၅ ခုနှစ်များတွင် စတင် တူးဖော်ခဲ့သည်။
၁၉၀၉ ခုနှစ်တွင် ပြင်သစ် လူမျိုး Leo De Beulie နှင့် ကျောက်စာဝန်တော် ဦးစိန်ခိုတို့က အတူတူ တူးဖော်ခဲ့ကြပြန်သည်။
မြို့ရိုးမှာ ထုထည်ကြီးမားသည်။ တစ်ဆယ့်ရှစ်မိုင် စတုရန်းကျယ်ဝန်းသည့်အတွက် တခြားမြို့ဟောင်းများထက် ကျယ်ဝန်းပြီး အဝန်းအဝိုင်းပုံဖြစ်သည်။
မြို့ကိုပတ်၍ အတွင်းကျုံး အပြင်ကျုံး ဟူ၍ ကျုံးနှစ်ထပ် ဆောက်လုပ်ခဲ့တာ တွေ့ရသည်။
မြို့ရိုးအတွင်းမြောက်ဘက်အခြမ်း
တွင် အဆောက်အဦ သိပ်မတွေ့ရပါ။
အင်္ဂလိပ်လက်ထက် ဖေါက်သော ရန်ကုန်ပြည် ရထားလမ်းမှာ မြို့ရိုးအတွင်းရှိ မှော်ဇာ ဘူတာကို ဖြတ်သွားသည်။
မှော်ဇာ တောင်ဘက်တွင် နန်းတော်ကုန်းရှိသည်။
မြို့ရိုးမြောက်ပြင်တွင် ဘုရားမာ တောင်ဘက်တွင်ဘောဘော ဘဲဘဲ နှင့် လေးမျက်နှာ ဘုရားတို့ရှိသည်။ မြို့ရိုးအပြင်ဘက် အရှေ့တောင်တွင်အပြင်မုဠော ဘုရားရှိသည်။
မြို့ရိုးအတွင်းတွင် ထူပါရုံ ဘုရားထောင် ဆင်ချီတိုင် ဇေယျမင်္ဂလာ အတွင်းမုဋ္ဌော အရှေ့ဈေးဂူ အနောက်ဈေးဂူ တို့မှ နန်းတော်ကုန်းကို ဝန်းရံထားသည်။
မြို့ရိုး၏ အနောက်မြောက်ထောင့်တွင် ဘုရားကြီးရှိသည်။ ဘဲဘဲ လေးမျက်နှာနှင့် ဈေးဂူတို့သည် ဂူ အသေးများဖြစ်ကြသည်။
မြို့ရိုး၏ အပြင်ဘက် တောင်စူးစူးတွင် ဗိသာနိုးမိဖုရားသချိင်္ုင်းနှင့် ခံတပ်သဖွယ်ဆောက်ထားသော ပျုတိုက်များရှိသည်။ ပျု သချိင်္ုင်းများကိုမူ အနောက်တောင်အရပ်ရှိ သိမ်တောင်နှင့် ကန်သုံးဆင့်တောင်များပေါ်၌ တွေ့ရှိရပါသည။်


အပိုင်း ၂

သရေခေတ္တရာမြို့ဟောင်းအနှံ့တွေ့ရှိရသော အရာများမှာ ရုပ်ကြွရုပ်ပြား Relief အကြီးများ ဋ္ဌါပနာတိုက်ဖုံး ကျောက်ပြားများ ရုပ်တုတော်ငယ်များကို ရွှေ ငွေ ခဲ သို့မဟုတ် ကြေးလောဟာ တို့ဖြင့် ပြုလုပ်ထားသည့် အရုပ်များ ဖန်စိမ်းနှင့် ထုလုပ်ထားသော ရုပ်တုများ ငွေခေါင်းပွစေတီငယ်များ ရွှေငွေ အုပ်ဆောင်း လင်ပန်း ကလပ် ခွက် ဖလား ကနုတ်ပန်းအခွေအလိပ်များ ရွှေချထားသော ပန်းကန်ပြားများ ငွေလှေငယ်များ ကျောက်စိမ်းဆင် ကျောက်သလင်း မကန်းရုပ် မဟူရာလိပ် ဝမ်းဘဲ လမင်း လိပ်ပြာရုပ် အစရှိသည့်အကောင်များ ငွေခြင်းလုံး တစ်လုံး ရွှေကြာပန်း ငွေကြာပန်းများ ရတနာကျောက်မျက်ချယ်ထားသော လက်စွပ်လက်ကောက်များ ရွှေငွေ ကွပ်ထားသော မြေပုတီး ဂေါဒန်ပုတီး ကြက်သွေးကျောက်ပုတီး ဂေါမြိတ်ပုတီး မဟူရာပုတီး ကျောက်သလင်းပုတီး ကျောက်စိမ်းပုတီး ရောင်စုံဖန်ပုတီး
အစရှိသဖြင့် တူးဖော်တွေ့ရှိခဲ့ကြသည်။
ပျုဒင်္ဂါးပြားများကိုလည်းတွေ့ရသည်။ အရွယ်အစားမှာ ကျပ်သုံးဒင်္ဂါး မှ မတ်စေ့အဝိုင်းအရွယ် အထိ ရှိသည်။
သရေခေတ္တရာ မြို့ဟောင်းမှ ကျောက်စာများတွင် ပျုမြို့တော်ကို တည်ဆောက်ခဲ့သူမှာ ဟီရိဝိကြမ ဖြစ်သည်ဟု ဖော်ပြပါရှိသည်။ အရိုးအိုးကျောက်စာလေးခုလည်းရှိသည်။
ထိုကျောက်စာ အရဆိုလျင်
၃၅ ခု ( အေဒီ ၃၅၄ ) သူရိယ ဝိကြမ

၅၀ ခု ( အေဒီ ၃၆၈ ) သူရိယ ဝိကြမကွယ်လွန်

၅၇ ခု ( အေဒီ ၃၇၆ ) ဟီရိဝိကြမ ပျံလွန်

၈၀ ခု ( အေဒီ ၃၉၉ ) သီဟ ဝိကြမ ကွယ်လွန်
ဟူ၍ တွေ့ရှိရသည်။
C. O Bladen ဆိုသူမှ အဓိပ္ပါယ်ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ဤ တွင် ပျုတို့သုံးစွဲသော လက်ရေးသည် ဂုပ္တခေတ် လက်ရေးဖြစ်၍ ပျုခေတ်ကို အေဒီ ၃၁၉ ပေါင်း၍ အေဒီနှစ်ကို ပြလိုက်ခြင်းဖြစ်သည်။ သရေခေတ္တရာ ကို ခရစ်နှစ် လေးရာစုတွင် တည်ခဲ့သော ဟီရိဝိကြမ နှင့် အေဒီ ၃၇၆ တွင် ပျံလွန်သော ဟီရိဝိကြမ တို့ တစ်ဦးစီဖြစ်ကြောင်း ဒေါက်တာသန်းထွန်းကဆိုခဲ့သည်။
ထိုမင်းဆက်နှင့်အတူ ပျိုလူမျိုးတို့၏ သာသနာ ယုံကြည်မှု ကို ပါမေက္ခလုစ်က အောက်ပါအတိုင်း သုံသပ်ပြခဲ့သည်။ ပျုတို့၏ ယုံကြည်မှုသည် ရှေးအလွန် အိန္ဒိယနိုင်ငံများကဲ့သို့ ဝါဒပေါင်းစုံ အရောအနှော Syncretist ဖြစ်သည်။ သီဝ နတ်မင်းကိုးကွယ်မှု Saivism ဗိသာနိုးကိုးကွယ်မှု Vaishnavism တို့ကိုလည်းတွေ့ရသည်။ ကြေးရုပ်ထုငယ်များမှာ အဝလောက တေဂ္ဂရ နှင့် အခြားဗောဓိသတ္တများဟု ထင်ရသော အရုပ်များတွေ့ရခြင်းကြောင့် မဟာယနကိုးကွယ်မှုကိုလည်း တွေ့ရသည်။ ဟိနယန သည်လည်းထွန်းကားနေပြီဟုဆိုသည်။
ရုပ်ထုများစွာနှင့် ပါဠိကျောက်စာများကျန်ရစ်နေခဲ့ခြင်းက အဆိုပါအချက်ကို မှန်ကန်ကြောင်းယူဆနိုင်သည်။

တရုပ်ဗုဒ္ဓဘာသာဝင် ဘုရားဖူးဖြစ်သော ယွမ်းဂျေန်း က အေဒီ ၆၄၈ တွင် ၄င်း ယိကျင့် က အေဒီ ၅၆၇၅ ခုနှစ်က ၄င်း ဂြီက္ပေတြသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ဟု မှတ်တမ်းတင်ခဲ့ကြတာကို တွေ့ရှိရပါသည်။

#ဟန်လင်း ပျူ မြို့ဟာင်း

ဟန်လင်းပျု ယဉ်ကျေးမှု အမွေအနှစ်နယ်မြေသည် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မန္တလေး-ရွှေဘို ကားလမ်းပေါ်ရှိ စိုင်နိုင်ကွေ့မှ အရှေ့ဘက် ၁၁ မိုင် ရွှေဘိုမြို့မှ ၁၀ မိုင် ၅ ဖာလုံ ခန့်ရှိ ဟန်လင်းကြီးစံပြရွာ ၏ မြောက်ဘက် ကပ်လျက်တည်ရှိပါသည်။
မန္တလေးသွားမည်ဆိုလျင် မန္တလေး အုန်းတော ဆားတောင် လှတော ရွာသာကြီးလမ်း ပြီးလျင် ၇ မိုင်ခန့်လောက်တွင် ညာဘက်အခြမ်းတွင် စိုင်နိုင်လမ်းခွဲရောက်သည်။ စိုင်နိုင်ကွေ့အရှေ့ဘက်ကို တည့်တည့် ၅ မိုင်ကျာ်သွားလျင် ဗိုလ်တဲကိုရောက်မည်။ ဗိုလ်တဲမှ ၄ မိုင်ခန့် တွင် မုဆိုးခြုံရွာ နှင့် ဘူတာကိုရောက်မည်။
၂ မိုင်ခန့် ဆက်ပါက ဟံလင်းစံပြရွာကို ရောက်ပါသည်။
ဟံလင်းရွာကြီးသည် ဓါးကုန်း မလားကုန်း ကုလားမောင် ညောင်ပင်ကုန်း ဂွေးကုန်း တောင်ရပ် မြောက်ရပ် ဟူ၍ ရက်ကွက် ၇ ရပ်ကွက်ဖြင့် တည်ထားသော ရွာကြီးဖြစ်သည်။
တွဲဖက် အထက်တန်းကျောင်းတစ်ကျောင်းရှသည်။ အိမ်ခြေ ၁၃၀၀ ခန့်နှင့် လူဦးရေ ၂၂၀၀ ကျော်ရှိသည်။
ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ကိုင်ခြင်း ဘဲ နွား ဆိတ် မွေးမြူ ခြင်း နှင့် ကုန်းတွင်းဆားချက်လုပ်ခြင်းများဖြင့် အသက်မွေးဝမ်းကျောင်းကြသည်။
ဟံလင်းစံပြရွာကြီးတစ်ဝိုက်ရှိ မကျည်းကုန်း မင်းရွာကုန်း ပက်ကလာ ကုန်းရွာကြီး နှင့် ဂွေးကုန်းရွာ အပါအဝင် ရွာပေါင်း ကိုးရွာ နီးပါးခန့် အိမ်တိုင်း ဆားချက်လုပ်ကြသည်။
ဟံလင်းရွာ ကြီး တောင်ဘက် နေရာ တစ်ဝိုက်ရှိ မြေလယ်ကွက်များတွင် မိုးတွင်းကာလမှလွဲ၍ သဘာဝအတိုင်း မြေကြီး အငံဓါတ်ပေါက်ကာ ဆားပွင့်များ ဖြစ်ပေါ်နေတတ်သည်။ ထိုမြေကို လယ်ထွန်သလို ထယ်ကြောင်း ထယ်ရသည်။ ထို ထယ်ကြောင်းအတိုင်း ဖြစ်လာသော ဆားပွင့်များကို ဇကာဖြင့် စစ်ကာကြုံးယူရသည်။
အိမ်တဲများတွင် စရေခေါ် စိမ်ရေအိုးများတွင် ထည့်ပြီး ရေနှင့်ရောပြီးမှ အနည်ထိုင်စေပါသည်။
အပေါ်ရေကြည်ကို ခပ်ပြီး ဆားဖို ထဲထည့်ရသည်။ ပြီနောက် မီးအပူမြိုက်လိုက်သော် ရေများအငွေ့ပျံ သည်ဖြစ်၍ ကုန်းတွင်းစားသန့်ကိုရ ရှိပါသည်။
ဆားချက်လုပ်ငန်းကို ဟံလင်းရွာကြီး တောင်ဘက်ခြမ်းမှ လူများပါ ချက်ကြသည်။ဆားချက်အိမ်ရေ ရာကျော်ရိသည်။
ဆားချက်တဲ တစ်တဲမှ တနေ့ ဆားအချိန် တစ်ဆယ်မှ နှစ်ဆယ်ကျော်အထိရကြသည်။ ဆားတစ်ပိသာကို သုံးရာကျပ် ခန့်ရရှိကြသည။်
မိုးတွင်းကာလတွင် အဆိုပါလယ်မြေများ မိုးရေဝင်ရောက်သဖြင့် ဆားချက်လုပ်ငန်းမလုပ်ဘဲ
ပြောင်း စပါး နှင့် ကောက်ပဲသီးနှံ အချို့ကို စိုက်ပျိုးကြပါသည်။
ဟံလင်းရွာ အဝင် တံတား မဖြတ်ကူးခင် လမ်းဘယ်ဘက်ခြမ်းတွင် ပျူသချိင်္ုင်း နှစ်ခု တူးဖော်ကွက် ၂၉ နှင့် ၃၀ တို့ကို တွေ့ရသည်။ ထိုနေရာများမှ လူအရိုးစု များကို လက်ဝတ်ရတနာများဖြင့် တွေ့ရသော သချိင်္ုင်းများ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်လောက်က သချိင်္ုင်းများဟု ဆိုကြသည်။
ရွာဝင် လမ်းမ အတိုင်း အနည်းငယ်ဝင်ခဲ့လျင် ရေပူစမ်းကန်ကြီးတစ်ကန်ကို တွေ့ရသည်။ ထိုကန်မှ ရှေ့တူရှု သွားလျင် ကျောက်စာတိုက်ရောက်ပြီး
ဘယ်ဘက်ကို ကွေ့လျင် ပြတိုက်နှင့် ဆားချက်သည့် ကုလားမောင်ရပ်ကွက် ကိုရောက်ပါသည်။
လမ်းဘယ်ဘက်တွင် စာကြည့်တိုက်ရှိသည်။ ၄င်းနောက်တွင် ကြက်ဥကျက်ရေပူစမ်းကန်များ ရှိသည်။ ရေပူစမ်းကန်များ အများဆုံးတွေ့ရသော နေရာဖြစ်သည်။ေ
ရှေးအခါကလူများ ကြက်ဥထည့်ပြုပ်လျင် ကျက်သည့်အတွက် ယင်းသို့နာမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။
ယနေ့အခါတွင်ရေသည် ခပ်နွေးနွေးသာပူသဖြင့် တစ်ရွာလုံးမှ လူများ အဝတ်လျှော်ရေချိုးကြသည်။ေ
နောက်ထပ် ရေပူစမ်းတွင်းများကိုလည်း အရှေ့ဘက် ခပ်လှမ်းလှမ်းမှာ တွေ့ရပြန်သည်။
ဟံလင်းရွာ အဆုံး အရှေ့ဘက်တွင် ဟံလင်းပျုရှေးဟောင်းလေ့လာရေးပြတိုက်ရှိသည်။ ညာဘက်ကွေ့မည်ဆိုလျင် တူးဖော်ကုန်းအမှတ် ၂၅ သချိင်္ုင်းကို ရောက်ရှိမည်။ ရှေးဟောင်းပြတိုက်ကို ဇူလိုင်လ ၂၀၁၄ ခုနှစ်တွင်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တနင်္လာ နှင့် ပြန်တမ်းဝင်ပိတ်ရက်များတွင် ပိတ်ပါသည်။ မနက် ၉ ၃၀ မှ ညနေ ၄ ၃၀ အထိ ဖွင့်သည်။ ဒေသခံမြန်မာလူမျိုးများ ဝင်ကြေးမပေးရပါ။ နိုင်ငံခြားသားဆိုလျင် တစ်ဦးကို ငွေ ၅၀၀၀ ကျပ်ကောက်ခံပါသည်။
ဟံလင်း သုတေသန ပြတိုက်သည် ၂ ခန်းပတ်လည် မြေစိုက် တိုက်လေးဖြစ်ပြီး အမျိုးစုံလင်စွာ ခင်းကျင်းပြသထားသည်။
တူးဖော်မှု မှ တွေ့ရှိရသော ပုတီးစေ့ နှင့် ကျောက်ပုတီးမျိုးစုံ ငွေဒင်္ဂါးများ ကျောက်စာအပိုင်းများ ရွှေ ငွေ လည်ဆွဲများ ကြေးနှင့် သံ လက်နက်များ မြေအိုးများ အုတ်ကျိုးများပျုစာ ထွင်းအုတ်များအပြင် တူးဖော်ကုန်းပြ မြေပုံများ နှင့် မြို့ရိုးပုများကို တူးဖော်သည့် ခုနှစ်များဖြင့် ဖော်ပြထားပါသည်။
ထူးခြားချက်မှာ ခွက်လေးခွက်ပါလည်ရှည် မြေကလပ် ကို တွေ့ရခြင်းဖြစ်သည်။ ထိုမြေကလပ်သည် ဗိသာနိုး နှင့် သရေခေတ္တရာ တို့တွင် တွေ့ရသော ကလပ်များကဲ့သို ခွက်တစ်ခုတည်းပါ မြေကလပ်မဟုတ်ပါ။
လူသေမြုပ်နှံရာတွင် အစားအစာထည့်ကာ အတူတူ မြုပ်နှံခဲ့သည့် ဓလေ့ဖြစ်သည်။သို့သော်ယခု ကလပ်မှာ ထောက်လေးခု ခွက်လေးခွက်ကို အလယ်ထောက်တိုင် တစ်ခုထဲဖြင့် ပြုလုပ်ထားသည်မှာ ဆန်းပြားသောလက်ရာဖြစ်သည်။
ထိုမှလွန်သော် မြေလမ်းအတိုင်း မြောက်ဖက်လားသော် ရွှေကူကြီးဘုရားကို ရောက်မည်။ ထိုဘုရားသည် ဟံလင်းဒေသတစ်ဝိုက် အကြီးဆုံးသောစေတီဖြစ်ပါသည်။
ထိုနေရာတွင် ရှေးဟောင်းစေတီပျက်များ သုံးလေးဆူ တွေ့ရသည်။ ရွှေကူကြီးဘုရား နောက်ကျောတွင် တူးဖော်ကုန်းအမှတ် ၂၆ ပျုသချိင်္ုင်းရှိသည်။ ဟံလင်းမြို့ဟောင်းတောင်ဘက်နှင့် အနောက်တောင် ဘက်တို့တွင်အမှတ် ၂၅ ၂၆ ၂၉ နှင့် ၃၀ ဟူ၍ စုစုပေါင်း ပျုအရိုးစု သချိင်္ုင်းလေးခုရှိကြောင်း သိလာရသည်။ ၂၉ နှင့် ၃၀ တို့ကို သွားရောက်လေ့လာလိုလျင် ပြတိုက် မှ သော့ယူ ဝန်ထမ်းတစ်ဦးကို အကူအညီတောင်းရသည်။
ယခု တူးဖော်ကုန်း ၂၆ သချိင်္ုင်းတွင် လူအရိုးစု ၁၀ ခုကျော် တွေ့ရသည်။ ပထမဆုံးအရိုးစုမှာ မြေလွာ ၅ ပေလောက်တွင်တွေ့ရသည်။ ခန္ဓာကိုယ်အပေါ်နှင့် ဘေးပတ်လည်တွင် မြေအိုး အသေးတို့ဖြင့် အတူတူ မြုပ်နှံထားခဲ့ခြင်းဖြစ်သည်။
အဆိုပါသချိင်္ုင်းကို ၂၀၀၅ ခုနှစ်တွင် တူးဖော်ခဲ့သည်။ အလောင်းများအားလုံးကို ဦးခေါင်းမြောက်ဘက်လှည့်မြုပ်နှံခဲ့ခြင်းဖြစ်သည်။
အလောင်းများနှင့်အတူ အိုးများ လက်ဝတ်ရတနာများကိုပါ ထည့်သွင်းမြုပ်နှံခဲ့သည်ကို တွေ့ရသည်။
အောက်မြေလွှာ ၁၀ ပေလောက်တွင် အရိုးစု သုံးခု ရှိသည်။ အောက်ဆုံးမြေလွှာ ၁၅ ပေတွင်လည်း အရိုးစု တစ်ချို့ကို ထပ်မံတွေ့ရပြန်သည်။
ထိုအောက်ဆုံးရှိ အရိုးစုလူ၏ ညာလက်တွင် ကျောက်လက်ကောက် တစ်ကွင်းဝတ်ဆင်ထားသည်ကို တွေ့နိုင်သည်။ မြေအိုးကြီး နှစ်လုးံကိုမူ ပထမ မြေလွှာ တွင် ပကတိ အကောင်းအတိုင်း ပုံမပျက်တွေ့ရပါသည်။
တစ်ချို့ရုပ်ကြွင်းများသည် မြေအောက်မြေလွှာများတွင် ကန့် ဆားနှင့် ထုံးဓါတ်များ ပါဝင်နေခြင်းကြောင့် တစ်ဝက်တစ်ပြတ် ကျောက်ဖြစ်နေသည်ကို တွေ့ရသည်။
သို့သော်ဦးခေါင်းတစ်ချို့မှာ ကြေမွနေသည်။
ရုပ်အလောင်းမြုပ်နှံရာတွင် မြေအတိမ်အနက် မတူညီခြင်းကြောင့် ယင်းနေရာတွင်ပင် သချိင်္ုင်းရာအဖြစ် ခေတ်အဆက်ဆက် မြုပ်နှံခဲ့ကြောင်း ယူဆနိုင်သည်။
ကျောက်ပုတီးစေ့များ ကျောက်ချောလက်နက်များ ကြေးခလောက်များကို တူးဖော်ရာမှ ဤနေရာတွင် တွေ့ရှိခဲ့သည်။
ခေတ်ကာလအားဖြင့် လွန်ခဲ့သော နှစ် ၂၀၀၀ မှ ၅၀၀၀ အတွင်း ဖြစ်မည်ဟု ရှေးဟောင်းဋ္ဌာနမှ ဖော်ပြခဲ့သည်။
တူးဖော်ကုန်း ၂၆ ကို လွန်ပါက အမှတ် ၁၇ ကို ရောက်သည်။ နန်းတော်ကုန်း အဝင်မုခ် များဖြစ်သည်။ ၁၉၆၆ - ၁၉၆၇ ခုနှစ်တွင်တစ်ကြိမ် ၂၀၁၁ မှ ၂၀၁၂ တွင်တစ်ကြိမ် ပေါင်းနှစ်ကြိမ် တူးဖော်ခဲ့သည်။
မြို့ရိုးတံတိုင်း ဝင်ပေါက် အုတ်ခြေအုတ်ရိုးသာကျန်ရှိသည်။
နှစ်ပရစ္ဆေရ ကြာမြင့်ခဲ့သည့်အတွက် အုတ်များဆွေးမြေ့နေပေသည်။
ထိုမြိုံ့ရိုးကို တောင်ဖက်မြို့ဝင်ပေါက်ဟုခေါ်ပါသည်။
မြို့ဝင်ပေါက် အကျယ်အဝန်းမှာ ၅. ၂ မီတာ ရှ၍ အရှေ့လက်တံနှင့် အနောက်လက်တံတို့ မြို့ရိုးနှင့် ဆုံရာတွင် အတွင်းဘက်၌ အခန်းငယ်ကိုယ်စီ တွေ့ရသည်။ လုံခြုံ
ရေး အစောင်အတွက် ဆောက်ခဲ့ဟန်တူသည်။
ယင်းအပေါ်ယံ မြေလွှာအောက်တွင် မီးသွေးပြာ အုတ်ကျိုးများ နှင့် သံတိုသံစများကို တွေ့ရသည်။မြို့ရိုးဝင်ပေါက်တွင် သစ်သားပြသာဒ်များ မီးလောင်ကျွမ်း၍ ပျက်စီးခဲ့မည်ဟု ယူဆခဲ့ကြပါသည်။
လူအရိုးစု ၆ ခုကိုလည်း ယင်းနေရာတွင်ပင် တူးဖော်တွေ့ရှိခဲ့ရပါသည်။
သက်တမ်းတွက်ချက်မှုအရ လွန်ခဲ့သော နှစ်ပေါင်း ၁၇၀၀ ခန့်ကဖြစ်မည်ဟု ယူဆပါသည်။
အထက်ပါ မြို့ဝင်ပေါက်နှင့်မျက်နှာချင်းဆိုင်တွင် တူးဖော်ကွက် ၁၉ ကို တွေ့ရသည်။
ဘုန်းကြီးကျောင်း သို့မဟုတ် ဘာသာရေးဆိုင်ရာ အဆောက်အဦ ဖြစ်နိုင်သည်။ စတုဂံပုံ အုတ်တံတိုင်းအတွင်း အခန်းနှစ်ခန်းပါရှိသည့် ပန္နက်ပုံစံကိုတွေ့ရသည်။
ရှေးဟောင်းသုတေသနမှ ပုဂံခေတ်နှောင်းပိုင်း အုတ်ကျောင်းများနှင့် ဆင်တူပြီး ရေစင်တော်အိုး ဆီမီးခွက် ပုတီးများ အင်္ဂတေပန်းလက်ရာ အစိပ်အပိုင်းများ အိုးခြမ်းပဲ့များနှင့် မြေနားထောင်းများကို တွေ့ရှိခဲ့ကြသည်။
တစ်ခြားတစ်ဘက်တွင် အမှတ် ၁၈ ရှိသည်။ ထူးခြားမှု မရှိပါ။
မြောက်ဘက်ကို ဆက်သွားလျင် တူးကွက် ၁၁ နှင့် ၃၂ ကို တွေ့နိုင်သည်။ ၄င်းတို့သည် အရှေ့ဘက် မြို့ဝင်ပေါက်များဖြစ်ကြသည်။
ထိုနေရာမှ အနောက်ကို ဝင်ခဲ့သော် နန်းတော်ကုန်း အမှတ် ၁၊ ၂ နှင့် ၉ တို့တွေ့ရမည်။ နန်းတော်ကုန်း အကြွင်းအကျန်လည်းရှိသည်။
ထိုမှ မြေက်ဘက်ကပ်လျက် တွင် တူးဖော်ကွက် ၂၂ ရှိသည်။ အဆိုပါ အကွက်သည် လေးထောင့်စပ်စပ် ဖြစ်ပြီး အထဲတွင် တိုင်ငုတ်တုပ်များ ကို တွေ့ရသည်။
ဘာသာရေးဆိုင်ရာ အုတ်တိုက်ဖြစ်မည်ဟုယူဆကြသည်။ ဟံလင်းမြို့ဟောင်းရာရှိ အဆောက်အဦး အားလုံးထဲတွင် လှပသော လက်ရာဖြစ်မည်ထင်ပါသည်။
တူးဖော်ကုန်း ၃၃ နှင့် ၂၁ တို့သည်အနောက်ဘက် မြို့ဝင်ပေါက်များဖြစ်ကြသည်။
မြို့ဟောင်းရာ၏ အရှေ့တောင်ဘက်ပိုင်း မြို့ရိုးအတွင်းတွင် အမှတ် ၁၂ ကို တွေ့ရသည်။ တူးဖော်မှုမှ အလယ်တွင် လှည်းဘီးပုံသဏ္ဍာန် ပါရှိသော စေတီ လုံးအောက်ခြေ နှင့် စတုရန်းပုံရှိသော အုတ်ပန္နက်အဆောက်အဦဖြစ်ကြောင်းသိရပါသည်။
အပေါ်ပိုင်း အညိုရောင်မြေလွှာမှ ဒယာဒါနံ ကမ္ပည်းအက္ခရာ ပါရှိသည့် အညိုရောင်ဂေါတန် ကျောက်တံဆိပ်ငယ်ကို တစ်ခုကို တွေ့ခဲ့ရသည်။ ဤနေရာမှပင် အရိုးအိုး ၉ လုံး ပက်လက်မြုပ်ထားသော အရိုးစု တစ်စု အရိုးပြာပုံ ၃ ပုံကို တွေ့ရှိခဲ့ရသည်။
အရိုးအိုးနှင့်ပြာကို အရိုးအိုးနှင့်ထည့်သွင်းမြုပ်နှံသည့်ဓ
လေ့ကို ဤအဆောက်အဦးတွင်တွေ့ရသည်။ ဗိသာနိုး ပင်လယ် သရေခေတ္တရာ မြို့ဟောင်းတို့တွင်တွေ့ရသော အစောပိုင်း ပျုစေတီတို့နှင့် ပုံစံ တူကြောင်းတွေ့ရသည်။
ဟံဟင်းဒေသသည် စိုက်ခင်းတွေအကြား လယ်ကွင်းတွေနှင့် လှပတင့်တယ်သော မြို့ဟောင်းဖြစ်သည်။ တခြားတူးဖော်ကွက်များတွင်ထူးခြားမှု သိပ်မတွေ့ရပါသဖြင့် ဤမျှ လောက်သာ ဖော်ပြလိုက်ပါသည်။
ဟံလင်းအကြောင်းစာအုပ် ယနေ့တိုင်မတွေ့ရှိရသေးသော်လည်း မကြာမီ ကာလများတွင်သုတေသီများက ရေးသားကြမည်ဟု ထင်ပါကြောင်း နှင့် အများအတွက် အကျိုးရှိစေမည်ဟု ထင်ပါ၍ ရေးသားမျှဝေလိုက်ပါသည်။

အစဉ်လေးစားလျက်
သွေးသစ်
ခရီးသွားသုတေသီ
၂၀၁၄ သြဂုတ်လ
Han Lin Map.jpg

Tomme Aung

unread,
Sep 4, 2014, 3:12:29 AM9/4/14
to travel...@googlegroups.com

မိမိကိုယ်တိုင် ငွေကုန်ကျခံ အချိန်ကုန်ခံကာ ကွင်းဆင်းလေ့လာ မှု တို့ကို ဆရာဦးသန်းထွန်းရေးသောစာအုပ်၊ဦးစိန်မြင့်၏ စာအုပ် နှင့် တခြားစာအုပ်များ ကို ရည်ညွှန်း ဖော်ပြထားပါသည်။
   အများအတွက် အကျိုးရှိနိုင်မည်ဟုယူဆပါသည်။

Minn Zayar

unread,
Sep 4, 2014, 11:36:25 PM9/4/14
to travel...@googlegroups.com

Thanks indeed !

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/db2d172b-7700-4cf5-a9e6-d911c8d0214c%40googlegroups.com.
For more options, visit https://groups.google.com/d/optout.
Reply all
Reply to author
Forward
0 new messages