စာ မူကြမ်းအား စာပြင်မအပ်ခင် သူငယ်ချင်းများ မိုးတွင်းအပြင်းပြေဖတ်ရန် တင်ပေးပါသည်။ အပိုင်း ၆- ၇

24 views
Skip to first unread message

Tomme Aung

unread,
Sep 7, 2013, 8:14:50 AM9/7/13
to travel...@googlegroups.com

အခန်း ( ၆ )

               ထင်းရှုးပင်များနေရာအနှံ. ပေါက်နေသော တောမြို.လေး၏ စည်ပင်သာယာဈေးက ဆောင်းတွင်းမြုနှင်းတွေအုပ်ဆိုင်းလျက်ကြားမှ ကြက်ပျံမကျ စည်ကားနေသည်။ ခေါပုတ်ရောင်းသူမှစပြီး ဆီတို.ဟူးရောင်းသည်.ဆိုင်အထိ လူတွေကြိတ်ကြိတ်တိုး ၀ယ်နေကြသည်။ ဟင်းသီးဟင်းရွက် ဆိုင်ကလေးများ ဈေးအပြင်ဘက်တန်းတွင် အရောင်အသွေးစုံအောင် တင်ရောင်းကြသည်။ သွေးတို.နေသော  မြို.ကလေးတွင် လူတော်တော်များများမှ ဟင်းပေါင်းလုပ် စားကြတာများသည်။သီးရွက်စုံရေလုံပြုပ်ပြီး ထမင်းရည်ထည်.ခါ ဆီမလိုပဲ ဟင်းရွှက်စုံအား နူးအောင်ပေါင်းထားသည်ကို ဟင်းပေါင်းဟု ရှမ်းနီလူမျိုးများကခေါ် ကြသည်။ မြိန်ရေရှက်ရေ ထမင်းနှင်. စွဲမြဲစွာစားကြသည်. မပါမဖြစ် ဟင်းလျာဖြစ်၏။  ဈေးအတွင်းပိုင်းတွင်  ကုန်ခြောက်ဆိုင်နှင် လူသုံးကုန်ပစ်စည်းဆိုင်များက အစီအရီနေရာယူထားကြသည်။ ယခုလို ဈေးကို တစ်ပတ်တစ်ခါ အမ ဖြစ်သူနှင်.လိုက်ရတာကို သွေးသဘောကျသည်။ လူအများ၏နေ.တစ်ဓူဝ ဘ၀များတွင် စားဝတ်နေရေးသည် အဓိက ဟုဆိုပေမဲ. နေ.သစ်တစ်ခုရဲ. စားရေးအတွက်ချက်ပြုပ်ဖို.ရန် လူတွေဈေးထဲမှာ ခြေချင်းလိမ်နေကြသည်။

အမဖြစ်သူ ဈေးအတွင်းဝင်သွားချိန် သွေးက ရှမ်းအသုပ်ဆိုင်တွင် ရှမ်းတို.ဟူးနွေးတစ်ပွဲ မှာစားရင်း အမဖြစ်သူအလာကို စောင်.နေသည်။ ရေနွေးကြမ်း တစ်ခွက်ငဲ.ကာ သောက်ပြီး ဈေးသွားဈေးလာလူများအား ထိုင်ကြည်.နေမိ၏။ လူအုပ်ကြားထဲမှ အဖြူရောင် ၀မ်းဆက် ၀တ်ထားသော မိန်းကလေး မှာ ပေါ်လွင်သောလှပမှုနှင်. တည်ကြည်သော ဟန်ပန်ရှိမှုကြောင်. သွေးငေးကနဲ ဖြစ်သွားရသည်။ သေချာကြည်.တော.မှ ဖြူအေးမှန်း သိလိုက်ရရွှေ. သွေး အပျော်တွေ.ရသွား၏။

ဖြူ အေးရေ..ဟေ.၊ ဖြူအေး……”

နုပ်မှ မပွင်.တပွင်.လှမ်းခေါ် မိသည်။သို.သော် ဖြူအေးမကြားပါ။ ထို.ကြောင်. အသံကုန်ဟစ်ခါ အော်ခေါ်မည် အပြုဝယ်။  

  ဟေ. သွေး ဘာတွေ စားနေတာလဲ၊ ငါ.လဲ ကျွေးဦးလေ။

ဘယ်ကနေ ဘယ်လိုပေါက်လာမှန်း မသိသည်. စုစုလှိုင်မှ ပြောအပြီး သွေးထိုင်နေသော စားပွဲရှိခုံတွင် လာရောက်ထိုင်သည်။ သွေးလဲယောင်တောင်တောင်ဖြစ်သွားရသည်။

အေး ငါ.အမနဲ. အတူတူ လိုက်လာတာ ၊နင်ကော ဘာလာဝယ်တာလဲ။  စောစောက ဖြူအေးကို ဟိုနားမှာ တွေ.လိုက်တယ်

ဟုတ်လား ခေါ်လိုက်လေ

ခဏလေးနော် ငါသွားခေါ်လိုက်မယ်၊ နင်စားချင်တာမှာထားလိုက်

သွေးစိတ်အိုက်သွားရသည်။ တွေ.ချင်သောသူအားမတွေ.ရသေးပဲ မတွေ.ချင်သည်.သူကိုမှ လာတွေ.နေရသည်။ သွေး ပြောလဲပြော ဆိုင်ထဲမှထွက်ခါ ဖြူအေးကို လိုက်ရှာမိသည်။

ဈေးတန်းထောင်.တစ်နေရာတွင် ဆတ်သားခြောက်ဝယ်နေသော ဖြူအေးကိုတွေ.မှ စိတ်ထဲပျော်သလိုဖြစ်သွားသည်။

ဟော်တော်အဲ.. သွေး နင်ပါလား ဘာလာလုပ်တာလဲ

 သွေးက ဖြူအေးရဲ. ဈေးခြင်းတောင်းကိုနောက်မှရုတ်တရက်လှမ်းဆွဲယူလိုက်သဖြင်. အံ.သြသွားပုံရသည်။

အေး ငါနဲ. စုစုလှိုင် တို.ဟူးနွေးဆိုင်မှာ ထိုင်နေကြတာ။ လာဟာ နင်.ကို မြင်လို.လာခေါ်တာ

 ခဏလေးနော် သွေး

ဖြူအေးက ငွေပေးချေပြီး သွေးနှင်.အတူလိုက်လာခဲ.သည်။ စုစုလှိုင်က ဆိုင်ထဲမှ လှမ်းကြည်နေသည်။

ဆိုင်မှာသွေးတို. အတူတူထိုင်ပြီး မနက်စာ အတူတူစားသောက်ကြ၏။ပြီးလျင် ရေနွေးကြမ်းသောက်ကြသည်။

ဖြူအေး နင်နဲ.သွေး အတူတူလမ်းလျှောက်လာတာ အတွဲညီတယ်ဟာ၊ အရမ်းလိုက်တာပဲ

စုစုလှိုင်ကပြောသဖြင်. ဖြူအေးရှက်သွေးဖျာသွားရသည်။ စိတ်ထဲတွင်တော.ကျေနပ်နေသလိုရှိသည်။ဒါကိုသွေးရိပ်မိတော.

ဖြူအေး..စုစုလှိုင်နဲ.ငါက ဒီမှာဆုံမိကြတာလေ သွေး က စကားလမ်းကြောင်းပြောင်းလိုက်သည်။

စုစုလှိုင် နင်ကော ဈေးဝယ်ပြီးပြီလားဖြူအေးကမေးသည်တွင်

ဟင်.အင်း၊ ငါက တို.ဟူးနွေးကို မနက်တိုင်း ကျောင်းမသွားခင် ဒီမှာလာစားနေကြ၊ ဒီနေ.ကျောင်းပိတ်ရက်မို. နဲနဲ နောက်ကြပြီးမှ ရောက်လာတာ။ ငါတို.အိမ်က ဈေးနဲ.နီးတယ်လေ

 အော်…” ဖြူအေးမှ သဘောပေါက်သွားပြီး ခေါင်းညှိတ်ပြသည်။

သွေးက သူမတို. အလယ်မှာထိုင်ရင်းရေနွေး ငဲ.ထည်.ပေးနေသည်။

သွေး နင်က မျက်နာလိုက်တယ်နော်၊ ကျောင်းမှာ ဖြူအေးရှိနေရင် ငါတို.ကို သူငယ်ချင်း တွေလို. မထင်တော.ဘူး။

မဟုတ်ပါဘူးဟာ၊ ဖြူအေးက ကျောင်းသူအသစ်ဆိုတော. အားငယ်နေမှာဆိုးလို. ငါက ကူညီတာပါ

ဟုတ်ပါပြီ၊ ငါကစတာပါဟာ စုစုလှိုင် က သွက်သွက်လက်လက်ရှိပြီး ဖြူအေးက အေးဆေးစွာ စကားပြောတတ်သည်။ အတွေးပွားရတာကြိုက်သောသွေး သူမတို.နှစ်ယောက်ပြောစကားတို.ကို ငြိမ်ပြီးနားထောင်နေလိုက်သည်။ တစ်အောင်.လောက်ကြာသော် အမ ဖြစ်သူ ဈေးထဲမှ ထွက်လာတာမြင်တော.

 

ငါ. အမလာပြီ ငါသွားတော.မယ်။ အကုန်ရှင်းပြီးပြီ။ ဖြူအေး နင်ငါတို.နဲ. လိုက်ခဲ.လေ

  သွေး ဖြူအေးကို ဂရုစိုက်ခေါ်သွားနော် ပျောက်သွားဦးမယ်  ဟီဟိ…….

စုစုလှိုင်၏ စနောက်မှုကို မသိသလိုနေလိုက်ပြီး ဖြူအေးနှင်. အတူ ထွက်လာလိုက်သည်။

အဲဒီ စုစုလှိုင်က အရမ်းနောက်တာပဲနော်သွေး၊ ငါ မနေတတ်အောင် ဖြစ်ရတယ်

သူက ဘွင်းဘွင်းကြီးပြောတတ်တယ်၊ ဒါပေမဲ. စိတ်ရင်းကောင်းပါတယ်ဟာ

ဘာလဲ နင်က ရှေ.နေလိုက်ပေးတာလား၊ ဒါဆို နင်သူကို ကြိုက်လိုက်ပါလား

နင်ကလဲဟာ၊ ငါက သဘောပြောတာပါ

ငါသူကို ချစ်ဖို.မပြောနဲ. စကားတောင် မပြောချင်ဘူး၊ အားနာလို.အလိုက်အထိုက်ပြန်ပြောတာ။ငါ ချစ်ရသူက နင်ပဲ။ သွေးစိတ်ထဲမှာ တစ်ယောက်ထဲ ပြောနေမိသည်။ လမ်းခွဲတစ်ခုအရောက်တွင် ဖြူအေးကို သွေးတို.မောင်နှမ က နုပ်ဆက်ခဲ.လိုက်သည်။

မောင်လေး စုစုလှိုင်က ချောတယ်၊ဖြူအေးကလဲ သဘာဝကျကျလှတယ်နော်။ နှစ်ယောက်စလုံးက သူ.အလှနဲ.သူပဲ။ စိတ်ရင်းလဲဖြူကြတယ်။ ငါ.မောင်ကို သူတို.သဘောကျနေသလိုပဲ။ဒါပေမဲ. ဒီအချိန်မှာ စာကိုပဲအာရုံစိုက်နော် မောင်လေး

ဟုက်ကဲ.ပါ မမရာ၊ ကျွန်တော် အမှတ်ကောင်းကောင်းရဖို.ပဲ စိတ်ထဲရှိပါတယ်

တကယ်လို. ငါ.မောင် ဆယ်တန်းပြီးလို. အမှတ်ကောင်းရပြီ ထား၊ အချိန်တန်လို. ဘ၀လက်တွဲဖော်ရွှေးမယ်ဆိုရင် ဘယ်သူကိုရွှေးမလဲ

ဟာ မမကလဲ။ မမပဲ ပြောပြီးတော.၊ ဒီအချိန် ဒါတွေ မတွေးရဘူးဆို

သွေးတစ်ယောက် ဘ၀င်ဆူသွားရသည်။ အမ၏ မေးစကားကို ဝေ.လည်ကြောင်ပတ်လုပ်ရင်း ရှက်စိတ်ဖြင်. စကားမပြောပဲ အိမ်ပြန် လာခဲ.သည်။ စိတ်ထဲမှာ ဘယ်သူ.ကိုချစ်မိနေလဲဆိုတာ အဖြေရှိပြီးသားပါ မမရာ ဟု ပြောနေမိသည်။

သွေး တို.အိမ်မှာ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးဖြစ်သည်။ အိမ်မှာ ကျယ်ဝန်းသော ခြံဝန်းအလယ်မှာဆောက်ထားသည်။ အိမ်ရှေ.တွင် ညီလေးနှင်.ညီမလေးတို.အတွက် ဖခင်က သစ်သားတန်းဖြင်. ဆော.ကစားရန် ဒန်းလုပ်ပေးထားသည်။ အိမ်နောက်ဖက်တွင် မိခင်စိုက်ထားသော ဆလပ်ရွှက်ခင်းရှိပြီး အိမ်ကြီး၏ဦးခေါင်းတွင် နှစ်ရှည် မန်ကျီးပင်ကြီးရှိသည်။အရိပ်အာဝါသကောင်းသော ထိုအပင်ကြီးအောက် နွေရာသီရောက်လျင် မိသားစုလိုက်ထိုင်ခါ စကားစမည်ပြောလေ.ရှိသည်။

သွေးခြံစည်းရိုး တံခါးကို ဖွင်.ကာ အိမ်ထဲ ၀င်လိုက်ချိန်တွင် ဖခင်မှ သစ်တင်ကားဖြင်. သစ်ကွင်းသွားရန်အသင်.ဖြစ်နေပြီ။ မိမိအလာကိုစောင်.နေသော ဖခင်အား

ဖေဖေ ၊ သား မျက်နှာသစ် လက်ဆေးပြီး  အခုပဲလာခဲ.မယ်

အေးအေး၊ မကြာနဲ.နော်သား၊ ဖေဖေတို. ဒီနေ. လုပ်စရာတွေ အများကြီးရှိသေးတယ်

ဖခင်စကားမကြားတကြားနှင်.ပင် ရေချိုးကန်နားသွားရွှေ.ခြေလက်ဆေးကြောလိုက်သည်။

ယနေ.ကျောင်းပိတ်ရက်မို. ဖခင်၏အလုပ်ကိုကူလုပ်ပေးရမည်။ ဖခင်ကလဲသွေးကို လုပ်ငန်း လုပ်တတ်ရန် လုပ်ကွက်ရှိရာသို. မကြာခဏ ခေါ်သွားတတ်သည်။ ကားပေါ် တက်၊ ကားစက်နိုးပြီး ထွက်ခဲ.ကြသည်။  လမ်းခုလတ်အရောက် ဖြူအေးကို သတိရမိပြန်သည်။ ဖြူအေးရယ် နင်ငါ.အပေါ် စိုးမိုးနိုင်လွန်းတယ်ကွာ။ လမ်းကြမ်းသဖြင်. ကားဘီးတို.ခါမှုကြောင်. ဖြူအေးကိုချစ်လို.တွေးနေရသောအတွေးတို. လွင်.စင်ကျကုန်ကြသည်။ ဖတ်ကနဲဆို စုစုလှိုင်၏ ချစ်စဖွယ် အပြုံးက မျက်လုံးထဲ ပေါ်လာသည်။ အသိကပ်ချိန်တွင် ချက်ချင်း အတွေးဖြတ်ပစ်လိုက်သည်။ မင်းငါ.ဆီထပ်မလာနဲ.နော် ငါနဲ.အဝေးမှာ မင်းနေ၊ ဖြူအေးနဲ.ငါ.အချစ်ကို မင်းနားမလည်ပါဘူး။

သစ်ထုတ်ကွင်းကိုရောက်ပြီးမကြာပါ။ ဖြူအေးကိုချစ်ရသော သွေး အလုပ်ထဲစိတ်နှစ်ကာ တစ်နေ.တာဖြတ်သန်းလိုက်သည်။ သို.သော် စုစုလှိုင်၏ ပြုံးစေ.စေ.မျက်နှာက ဖြူအေးနှင်.သွေးတို.ကို လှောင်ပြောင်နေသလို မြင်ရပြန်သည်။

သွေး စိတ်ကိုတင်းခါ ဖခင်အလုပ်အားကျိုးစားလုပ်ကိုင်ပေး ရွှေ. အချိန်တွေကို ကုန်လွန်စေခဲ.သည်။ နေမင်းကြီးကတော. သွေး၏ ခံးစားမှုကို ကောင်းကောင်းကြီးသိနေသလိုရှိသည်။လက်ပြမနုပ်ဆက်ခင် စာနာသောအနေဖြင်. အလင်းရောင်ကို မှိန်တစ်ချက် မမှိန်တစ်ချက် အချက်ပြပြီး သွေးကို ဖြေသိမ်.ပေးသွားပေသည်။ ဖြူအေးကို ချစ်ဖို. ငှက်လေးများက တိုးတိုးလေးပြောသွားကြသည်။ ဖြူအေး………… တစ်နေ.တာအပူတွေပြေပျောက်ဖို. မင်းအကြောင်းအိမ်မက်ကလေး ပေးမက်ခွင်.ပြုပါနော်………

 

 

 

 

 

 

 

 

 

 

 

 

 

အခန်း ( ၇ )

 ဆောင်းအကုန်နွေအကူး၊ လေရူးလေးကထန်၊ တန်ပေါင်းကုန်၊ သည်တန်ခူး နှစ်ဦးရောက်ခဲ.ပြန် သွေးငယ်ငယ်က မန်းတလေးမြို.တွင်နေထိုင်စဉ် ကြားခဲ.ဘူးသည်. သီချင်းလေးကို သတိရမိသည်။

ဆောင်းကြွေသစ်ရွက်တို. နုပျိုသော သစ်ရွက်တို.ကို နေရာပေးရပေပြီ။  တစ်ရွက်ချင်းကြွှေကျ ၊ မြေမှာထပ်လျက်လှနေသော ရွက်ကြွေလမ်းလေးမှာ မြေနီရောင်လမ်းထက် ၀ါညို.ညို. အရောင် ဖုံးခါ စိန်ပန်းနဲ. ထင်းရှုးပင်တန်း တို.ကို. ပေါင်းစပ်ပေးထားသည်။ ပူပြင်းခြောက်သွေ.မှုကြောင်.လား၊ အိုမင်းရင်.ရော်လို.ပဲ ကြွေရသလား တပ်အပ်မသိပေမဲ.

 ရွက်သစ်လေးများထွက်လာစေဖို. မိမိကိုယ်မိမိ စတေးပေးကြသော ရွက်ကြွေများအပေါ် ဖြတ်လျှောက်ရမှာ အားနာနေပြန်သည်။

စာမေးပွဲကြီးပြီးသွားပြီ။ သွေး စာမေးပွဲကောင်းကောင်းဖြေနိုင်သဖြင်. ၀မ်းသာနေမိသည်။ ဖြူအေးလဲဖြေနိုင်မည်ထင်သည်။

ဒီနေ.သည် စာမေးပွဲဖြေဆိုသည်.နောက်ဆုံးနေ.ဖြစ်သလို ဖြူအေးကို ချစ်ကြောင်းဖွင်.ဟပြောဖို.ဆုံးဖြတ်ထားသောနေ.ဖြစ်သည်။ သွေးတစ်ယောက်တွေးနေရင်း ရင်ခုန်သံမြန်လာသလို တစ်ခါမှ မကြုံဘူးသည်. ခံစားမှုတို.ကိုသိရှိလိုက်ရသည်။ လက်ဖျားတို.အေးလာပြီး ခန်ဓါကိုယ် ကျုံ.၀င်သွားသလား ထင်မှတ်ရသည်။

 အချစ်စိတ်တွေ ကမ်ဘာပေါ် ဖုံးလွှမ်းပေးသလိုမျိုး သွေး၏ခန်ဓါတစ်ခုလုံး ဖြူအေးကို ချစ်သည်. ဓါတ်တို. ဖုံးအုပ်ခြင်းခံလိုက်ရသည်။အဆုံးထက်တိုင်တက်ရောက်လာသည်.ချစ်စိတ်တို. သွေးတစ်ကိုယ်လုံးကို သိမ်းကျုံးဝါးမျိုလိုက်တော.သည်။ အိုကွာဘာပဲဖြစ်ဖြစ် ငါရောက်ချင်ခဲ.တဲ.နေ.ကိုရောက်ပြီ။ ဖြူအေးရယ် ငါနင်.ကို သွေးပျက်မတတ်ချစ်တယ်။နင်နဲ.စတွေ.တဲ.နေ.ကတည်းက ချစ်နေခဲ.ရသူပါဟာ။

ဖြူအေးနင်.ကို ငါချစ်တယ်။ အရမ်း အရမ်း ချစ်တယ်……ဟား.……..

သွေးတစ်ယောက်ထဲ တောင်ကမ်းပါးဘေး အသံကုန်ဟစ်ပြီး ပြောချပစ်လိုက်သည်။ အချစ်လှိုင်းအားတို.ပြင်းသဖြင်. တောင်နံရံရိုက်ခတ်ပြီးပြန်လာသောပဲ.တင်သံတို.ဖြစ်ပေါ်ခါ မိမိကို ချစ်ခင်ကြသော အနီးရှိကျေးငှက်လေးများပင် ထပျံပြေးကုန်ကြသည်။သွေးနှင်.ဖြူအေးတို.၏ နေ.စဉ်ပြောစကားချိုချိုလေးများကိုသာ ရင်းနှီးခဲ.သည်ကတစ်ကြောင်း၊ ယခုလိုအသံပြာကြီးနဲ.ပေါက်ခွဲထုတ်လိုက်သည်. သွေး၏လည်ချောင်းကွဲရှရှတတအသံသည် ယခုတစ်ကြိမ် ငှက်လေးတွေကို လန်.အောင်ပြုမိလိုက်ပေပြီ။ခွင်.လွှတ်ပေးပါငှက်လေးတို.ရယ်.၊ ငါ.ခံစားမှုလှိုင်းကိုမင်းတို.နားလည်ပေးပါနော်။ ဒီတစ်ခါတော. ငါ စွန်.စားချင်လို.ပါကွာ။

သွေး ကုဋေကုဋာ အတွေးပွားရင်း ဖြူအေးနှင်.ချိန်းဆိုထားသောနေရာလေးမှာ ဦးစွာရောက်ရှိနေခဲ.သည်။ ရာသီဥတုကသွေးဘက်မှာရှိနေသည်။ အဖြူရောင်တိမ်တောင်များ က အပြာရောင်ကောင်းကင်ကြီးထဲ ခုန်ပေါက်ပြေးလွှား ကစားနေကြ၏။ အေးမြသောလေပြေက စိတ်ကိုလန်းဆန်းတက်ကြွစေပြီး ဖြူအေးနဲ.တွေ.ရမှာကိုကြောက်သဖြင်. ဇောချွေးပြန်နေမှုအား ချော.မြူသုတ်ပေးနေသလိုပင်။  ဖြူအေးရယ်တွေ.ချင်လှပြီကွာ။

တွေးမိတွေးရာ တွေးနေသည်.သွေး  ဖြူအေးကိုချစ်တဲ.အကြောင်းပြောဖို.  တစ်ဦးထဲ ရီဟာဇယ် လုပ်ကြည်.နေမိသည်။

 မြူနှင်းများမရှိတော.ပြီဖြစ်သည်. ကုန်းရိုးတန်း လမ်းကလေးပေါ်ဖြတ်လျှောက်ပြီး  မိမိဆီဦးတည်လာနေသော မိန်းကလေးတစ်ဦးကြောင်. သွေး သတိပြန်ကပ်လာရသည်။ 

အနီးသို. ခြေသံအကျအန၊ တင်ပါးယိမ်းနွဲ.ဟန် ရစ်သန်မှန်မှန်နှင်.လာနေသူရောက်သော်

ဖြူအေးမဟုတ်ပါ။ သွေး အံ.သြတုန်လှုပ်သွားရသည်။

ဟင် .နင်....နင်  စု..စုစုလှိုင်၊ နင်ဘာဖြစ်လို.ဒီကိုလာတာလဲ

အမေလေး သွေးရယ် ၊ ငါကိုတွေ.တာများ တောထဲက ဘန်းဂါးကျားတွေ.တာကြနေတာပဲ၊ ဖြူအေးက စာပေးခိုင်းလိုက်လို. လာလဲကူညီရသေးတယ်၊ ဖြစ်နေလိုက်တာများ၊ ရော. အင်. ဒီမှာဖြူအေးပေးတဲ.စာ

 စာရွှက်ခေါက်လေးကို တုန်ရီနေသော လက်နှင်.ဖြေပြီး သွေး ဖတ်ကြည်.လိုက်သည်။

သွေး ငါ နင်နဲ.ချိန်းတဲ.နေရာ လာမလို.ပါပဲ။စာမေးပွဲလဲဖြေနိုင်ပါတယ်။ နင် ငါ.ကို ဘာတွေပြောမှာလဲဆိုတာငါအရမ်းသိချင်နေတယ်။ ဒါပေမဲ. သိပ်မထူးဆန်းတာပြောမယ်ဆိုတာ ငါ.နှလုံးသားကသိနေသလိုပဲ။ ငါ.ဆန်ဒတွေ မပြည်.ပါဘူးဟာ။ အခုလေးတင် အဖေ သစ်ထုတ်ကွင်းအသွား သစ်ကားမှောက်ဒဏ်ရာရလို. ဆေးရုံမှာတင်ထားရတယ်ကြားတယ်၊ အဲဒါ ငါ.အဖေဆီ လိုက်သွားရမှာမို. စုစုလှိုင်ကိုအကူအညီတောင်းပြီး စာပေးခိုင်းလိုက်တာ.

သွေးရဲ. အခင်မင်ရဆုံး သူငယ်ချင်း ဖြူအေး.။

ဟား…….၊ သွားပြီကွာသွေးက ဖြူအေးစာကို ဖတ်အပြီး ခြေမှိုင်လက်မှိုင်ကျသွားရသည်၊ စိတ်ထဲတင်းကျပ်သလိုခံစားရပြီး စိတ်ပျက်သွား၏၊ မျက်လုံးများ ပြာဝေလာပြီး ရှေ.မှာရပ်နေသော စုစုလှိုင်ကိုတောင် ခပ်ဝါးဝါးသာ မြင်တော.သည်။

ဘာတဲ.လဲသွေး၊ ဖြူအေးဘာဖြစ်တာလဲ

ရော.ဟာ နင်ပဲ ဖတ်ကြည်.လိုက်တော.၊ ငါသွားတော.မယ်။ နင်.ကိုကျေးဇူးတင်ပါတယ်

 သွေးကစာကိုလှမ်းပေး လိုက်ပြီး စုစုလှိုင်ရှေ.မှ လှည်.ထွက်လိုက်သည်။ သို.သော်

 နေပါဦးသွေး ငါမေးပါရစေဦး စုစုလှိုင်က သွေးလက်တစ်ဖက်ကို လှမ်းစုပ်ကိုင်ရင်းမေးလိုက်သည်။ ပြီးမှ သတိရသွားဟန်ရှိရွှေ. သွေးလက်ကို လွှတ်လိုက်၏။

 သွေးလဲ ဘာပြောရမှန်းမသိ ကြောင်ပြီးငေး နေမိချိန်တွင် သွေးရင်ခွင်ထဲကို စုစုလှိုင်ရောက်နေပြီ။

သွေး .. နင် ရက်စက်တယ်ဟာ၊ နင်ဖြူအေးကို ချစ်နေတာ ငါသိရတော. ပိုဝမ်းနည်းမိတယ်။ နင်က ငါ.ကို ရှိတယ်လို.ကို မသတ်မှတ်ဘူးနော်၊ နင်နဲ.ဖြူအေးတို. ဘာဖြစ်နေကြလဲဆိုတာ ငါမသိပေမဲ. ငါ  သိတာ တစ်ခုပဲရှိတယ်။ငါ နင်.ကို ချစ်တယ်ဟာ။ ငါ နင်.ကို မိန်းကလေးတန်မဲ. ချစ်တဲ.အကြောင်းပြောရဲတာ နင်.ကြောင်.။ ငါမိန်းကလေးဖြစ်ရတာ မကြိုက်ဘူး၊ ငါ.ငါအရှက်မရှိတော.ဘူးသွေးရယ်.။

ပြောရင်း ရင်ခွင်ထဲမှာ ငိုနေသော စုစုလှိုင်ကို သွေးသနားသွားမိသည်။ သူမ အငိုတိတ်အောင်ပြောပြီး ပြန်ဖို.ပြောရုံမှအပ တစ်ခြားမရှိပြီ။ ယခုပုံစံမြင်ကွင်းကို တစ်ခြားလူများမြင်ပြီး သူတို.မှ တစ်ဆင်. ဖြူအေးသိသွားလျင် မကောင်းပါ။

သွေး စုစုလှိုင်ကို အလိုက်သင်.ထွေးပွေ.ရင်း အားပေးစကားဆိုလိုက်ရသည်။

စုစုလှိုင်၊ မငိုနဲ.ဟာ ငါ နင်.ကို နားလည်ပါတယ်။ ငါနင်.ကို ညီမတစ်ယောက်လိုချစ်တယ်။ အခုချိန်မှာတစ်ယောက်ယောက်မြင်သွားရင် မကာင်းဘူး။

သွေး သူမကို ရင်ခွင်ထဲမှ ထုတ်ပြီး မျက်ရည်တွေ သုတ်ပေးလိုက်တော.မှ စုစုလှိုင်အငိုရပ်သွား၏။မျက်ဝန်းထဲမှာ မျှော်လင်.ခြင်းများစွာနဲ.မော.ကြည်ပြီး

သွေး ဘာလို.နင်က ဖြူအေးကိုချစ်တာလဲဟုမေးလာသည်။ ခံစားချက်ကို ဖွံ.ပြောပြီးလို. စိတ်သက်သာရာရသွားသောကြောင်.စုစုလှိုင်မှာစကားကောင်းကောင်း ပြောလာနိုင်၏။

အေး ငါလဲ သေသေချာချာတော.မသိဘူး၊ ဒါပေမဲ. ငါ သူ.ကို အရမ်းချစ်တယ်ဟာ၊ တစ်ခါမှ မမက်ခဲ.ဘူးတဲ. အိမ်မက်ဆန်းတွေ သူကြောင်.မက်ခဲ.ရတယ်၊ ဘာနဲ.မှ မတူတဲ. ခံစားမှု တစ်မျိုးပဲ၊ ငါ အဲဒါကို ဘာနဲ.မှ မလဲနိုင်ဘူး

သွေး  ငါနင်.ကိုချစ်ရတာလဲ အဲဒီအတိုင်းတစ်ထပ် ထဲပဲ၊ဖြူအေးနေရာမှာ ငါဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ

အေးပါ ငါနာလည်ပါတယ်ဆိုမှ၊ နင်.ကို ငါ အထင်မသေးပါဘူး၊နင်လဲလူသားတစ်ဦးဘဲလေ၊ နင်.ရင်ထဲရှိတဲ.အတိုင်းပြောတာပဲ မဟုတ်ဘူးလား။ လာ ငါနင်.ကို  အိမ်ပြန်လိုက်ပို.ပေးမယ်

စုစုလှိုင်ကို ကျေနပ်အောင်ချော.ပြောပြီး သွေး ရှေ.ကနေ ခြေလှမ်းပြင်လိုက်သည်။ နောက်ကနေလိုက်လာသော သူမ ဘာတွေများတွေးလိမ်.မလဲ။ သွေး စိတ်တွေ ထွေပြားနေသည်။ စုစုလှိုင်တို.အိမ်ရှေ.အရောက်ဝယ်..

သွေး နင်ကို ငါအရမ်းချစ်ခဲ.သလို အရမ်းလဲလေးစားမိတယ် သိလား၊ ဒီနေဖြစ်ခဲ.သမျှကို ငါကျိုးစား မေ.ဖျောက်ကြည်.မယ်။ ဒါကလဲ နင်.ကို စိတ်ချမ်းသာစေချင်လို၊ နင်နဲ.ဖြူအေးတို. နှစ်ယောက် ဘ၀လမ်းဖြောင်.ဖြူးပါစေလို. ငါ ဆုတောင်းပေးလိုက်ပါတယ်။ ရော.ဒီမှာ ငါ.လက်ကိုင်ပ၀ါလေး၊ ပ၀ါ ပေးရင် ဝေးတတ်တယ် ဆိုလို. ငါပေးတာ။ ငါနဲ. နင် ဝေးမှ ဖြူအေးစိတ်ချမ်းသာမယ်မဟုတ်လားစုစုလှိုင်ပေးသော လက်ကိုင်ပ၀ါလေးကို သွေးလှမ်းယူလိုက်သည်။ မျက်ရည်များစိုရွှဲနေသော ကြောင်. လှပသော မျက်လုံးလေးများအစ်ဖူးနေပြီ။ သွေး စိတ်ထဲ ငိုချင်သလိုလို ဖြစ်လာရသည်။ စိတ်ကို မနည်းထိမ်းပြီးမှ

စုစုလှိုင် ငါလဲနင်.နဲ.ထပ်တူ ၀မ်းနဲရပါတယ်။ ရှေ.လျှောက် ငါ.ကိုတစ်ကယ်ချစ်တယ်ဆိုရင် အရာရာအားလုံးကိုမေ.ပစ်ပြီး ပျော်အောင်နေနော်။ ငါ နင်စိတ်ချမ်းသာ ပျော်ရွှင်တာကိုပဲမြင်ချင်ပါတယ်။ ငါသွားတော.မယ်နော်

အင်း..

စုစုလှိုင်ကိုနုပ်ဆက်ခါ ပြန်လာသော သွေးတစ်ယောက် စိတ်ထဲ လေးလံနေသည်။ လမ်းပေါ်ရှိ ကျောက်ခဲလေးများကို ခြေထောက်ဖြင်.ကန်ထုတ်ရင်း အိမ်သို. စိတ်ပျက်လက်ပျက်ပြန်လာခဲ.သည်။

စိတ်ထဲမှာ ဖြူအေးအကြောင်းပဲ ဆက်တွေးနေမိ၏။ ဖြူအေးရယ် နောက်နေ.တွေမှာလဲ ဒီလိုအဖြစ်မျိုး ထပ်မကြုံပါရစေနဲ.နော်.။ နောက်တစ်ခါနင်နဲ.တွေ.ရင် ချစ်တယ်လို.ပြောဖြစ်အောင် ပြောမယ်ဟု အထပ်ထပ်အခါခါတွေးရင်းဖြင်. သွေး အိမ်ကို ရောက်ခဲ.ရသည်။

 ဖြူအေးနှင်. မတွေ.ရသည်မှာ ၂ ပတ်ကျော်ကြာလာခဲ.သည်။ အဆောင်တွင်လဲဖြူအေး မနေတော.ပါ။ သူမဖခင်ရှိသော သစ်တောကြိုးဝိုင်းမှာ ပြောင်းနေရသည်၊ ဖခင်ကို အနီးကပ် ပြုစုပေးနေရသည်ဟု  ဖြူအေးရေးပေးသော စာအရသိရ၏။ ဦးစိန်ခိုမှာလည်း ဦးနောက်နှင်.အာရုံကြောထိခိုက်သွားရသဖြင်. ကျမ်းမာရေး ပိုရွှေ.ဆိုးရွှားလာနေကြောင်း၊ အလုပ်အားလုံးကို ဖြူအေးဦးလေးဖြစ်သူ ဦးစိန်ညိုမှ ၀င်ရောက်လုပ်ကိုင်ပေးနေကြောင်း အပြည်.အစုံရေးပြထားသည်။ တစ်ရက်ကျမှ လူမမာ သတင်းမေးရင်း ဖြူအေးဆီသွားမည်ဟုဆုံးဖြတ်လိုက်သည်။  ဒီကြားထဲ နှစ်ဦးသား မတွေ.ဆုံမိကြပါ။  သွေးတစ်ယောက်လဲ ဖခင်၏ အလုပ်ကို ၀င်ရောက်လုပ်ကိုင်ပေးနေရသည်။ ယခုမှ မိဘ လုပ်ငန်းအားစောက်ချလုပ်ပေးနိုင်သဖြင်.ဖခင်ဖြစ်သူမှာလဲ သက်သာရာရတော.သည်။

 လုပ်ငန်းခွင်ဝင်နေသော သွေး မှာ စိတ်က ဖြူအေးထံသာ ရောက်နေသည်။ ဖြူအေးရယ် နင်နဲ. တစ်ခါလောက် တွေ.ချင်ပါသေးတယ်။ နင်ကြိုက်တတ်တဲ. ဘောလ်ပင်လှလှလေးရယ် ပိုက်ဆံအိတ် လှလှလေးတစ်လုံးရယ်ကို ငါနင်နဲ.တွေ.ရင်ပေးဖို.၀ယ်ထားတယ်။ နင်နဲ.တွေ.မှ နင်.လက်ကလေးကိုင်ပြီး၊ ငါ နင်.ကိုဘယ်လောက်အထိချစ်တယ်ဆိုတာ ပြောပြမယ်ဟာ။ သစ်တုံးတွေကိုဖြတ်တဲ.လွှသွားထက် ချွှန်မြတဲ.စကားလုံးတွေ ငါရွှေးထားတယ်။ နင်.ကိုချစ်တဲ.စိတ်နဲ.မတွေ.ရမချင်း သစ်တုံးတွေ လေးသလို ငါ.စိတ်တွေလးလံနေတယ်။

ငါပြုစုနေကြ စာရင်းဇယားစာရွှက်တွေနောက်မှာ နင်.ရဲ.မျက်နှာကိုပဲ ငါ တွေ.နေရတယ်။

အဝေးမှာရှိတဲ. မှိုင်းပြပြ တောင်တန်းတွေကနေတစ်ဆင်. ငါ.ချစ်စကားတွေ ပဲ.တင်ထပ်ပြီး နင်.ဆီ ပျံဝဲလာစေရမယ်။ ယုံပါဟာ၊ နင်.ကိုလွှမ်းလို. ညို.နေတဲ.ငါ.မျက်နှာကို ကြည်.ပြီး ငှက်လေးတွေ လှောင်ပြောင်တာကို မခံချင်တော.ဘူး။

သွေး အတွေးတို.ရပ်ပြီး သစ်တန်တွက်လက်စ စာရင်းကိုအပြီးသတ်လိုက်၏။ ဖြူအေးကို သိပ်မကြာခင် သွားရောက်တွေ.ဖို. ဆုံးဖြတ်လိုက်သည်။ သို.သော် ယခုပင်လျင် သွေး၏စိတ်တို. လျင်မြန်သော အဟုန်ဖြင်. ဖြူအေးရှိရာကို ရောက်ရှိနေပြီ။ ဖြူအေးရော သွေးကို စောင်.မျှော်နေမှာလား။ အချိန်တန်တော. နေမင်းကြီး လက်ပြနုပ်ဆက်ချိန်ရောက်မှ အလုပ်တွေရပ်နားထားလိုက်သည်။

မနက်ဖန်အတွက် အသက်ဆက်အောင် အားဆေးတစ်ခွက် ကိုယ်.ကိုပေးပါလား ဖြူအေးရယ်……..။



Reply all
Reply to author
Forward
0 new messages