ကိုသက်ထွန်းအောင်
ဒီပုံတွေက တမင်လုပ်ထားတာပါ အထဲကိုဖွင့်ကြည့်ရင်
ပိုအမြင်မတော်တာတွေ့လိမ့်မယ် လွန်ခဲ့တဲ့ ဇွန်လလောက်ကထဲကတက်နေတဲ့ပုံတွေ
အပြင်လောက က လူတွေက တိုးရစ်ဇင်ဝန်ကြီးဌာန နဲ့ အမတို့
ဒီလောကထဲကလူတွေကိုဆဲထားတာ ပက်ပက်စက်စက်ပေါ့ အမနဲ့ ဖေ့ဘုတ်ပေါ်မှာ
အကြီးအကျယ် ပြဿနာဖြစ်ပြီးပြီ
သူက အေရာ ဟိုတယ် ၀က်ဆိုက်ထဲက ပုံတွေယူသုံးထားတာ သူရောက်လာဟန်ရှိတဲ့လ က
ဧပြီလ ပုံတွေတင်တာ ဇွန်လ တကယ်တော့ ဧပြီလက Hanns Seidel Foundation က
ကျင်းပတဲ့ Responsible Tourism Training Course က ဧရာ ပုဂံ မှာလုပ်တာ အမ
ကိုခိုင်ဦးဆွေ ဒေါ်ခင်သိန်းဝင်း တို့နဲ့ ပုဂံ က ဂိုက်တွေ ပါတယ်
အဲဒီအချိန်က သူတကယ်ရောက်မလာဘူး ဘယ်တုံးကမှလဲရောက်မလာဘူး
သူက မော်ဒယ်ဘဲ သူ့ အေဂျင်စီ က လုပ်တာ
အမက ဖေ့ဘုတ်စတင်တဲ့ မဗေဒါ ရဲ့ တိုင်းလိုင်းကိုသွားတော့
နိုင်ငံခြားသူပုံနဲ့ တိုင်းလိုင်း ဖိုတိုတင်ထားတာ အဲဒါနဲ့ အမက သူ့ကို
စာဝင်ရေးတယ် ဘာကြောင့် မဟုတ်တဲ့ပုံတွေတင်ပြီး ဖွရတာလဲ ငါတို့
တိုးရစ်ဇင်ကလူတွေက ဒီလို မဖွယ်မရာ လုပ်နေတဲ့ကောင်မျိုး အပြင်မှာ
တွေ့လို့ကတော့ မခံပါဘူး စသဖြင့်ရေးတယ် အမရေးတာကို အပြင်လောက က လူတွေက
သဘောမပေါက်ဘူး အမပြောတာက ဒါက အပြင်ကနေလုပ်တာ ပုဂံလဲရောက်မလာဘူး
သူမတ်တပ်ရပ်နေတာ ရွှေဇီးကွက် နဲ့ ပတ္တမြားလှေတွေနား ဧရာဆိပ်မှာ လှေပေါ်က
လူတွေက သူ့ မြင်ပုံတောင်မရှိဘူး နောက်ပြီး ဇက်ပေါ်ကပုံ
သူထိုင်နေပုံကိုကြည့် လေထဲပျံနေသလိုဘဲ ဓါတ်ပုံအားလုံးက ဖန်တီးထားတာ
ဝန်ကြီးက အမိန့်ပေးလို့ မန္တလေး တိုးရစ်ရဲတပ်ဖွဲ့ နဲ့
ပုဂံတိုးရစ်ရဲတပ်ဖွဲ့ စစ်ဆေးပြီးပါပြီ အမလဲ သိသလောက် အကူအညီပေးလိုက်တယ်
ဧရာဟိုတယ်ကိုလဲ ဘယ်တုံးကမှ ရောက်မလာဘူး ဖိုတိုရှော့ တွေသုံးထားတာပါ
ဒါပေမဲ့ သူနဲ့တကွ သူ မော်ဒယ်လုပ်တဲ့အေဂျင်စီကို Black List ထဲ
ထည့်မယ်ပြောပါတယ် မဟုတ်တဲ့ပုံတွေတင်ပြီး တို့တိုင်းပြည်ကိုရော ပုဂံက
လူတွေကိုရော တိုးလောက က လူတွေကိုရော စော်ကားတာ
အမဆိုလဲ ဖေ့ဘုတ်မှာ ရန်တွေ သတ်လိုက်ရတာ ဗျန်းဗျန်းကွဲပေါ့ အမက ပထမ
ဆုံးစဖွတဲ့ မိန်းမကိုပါ ပက်ပက်စက်စက် ဆဲပစ်လိုက်လို့လေ
အမတို့ကတော့ ဒီလိုလာစော်ကားတဲ့ကောင်တွေ့ရင် တွေ့တဲ့နေရာ ဘယ်လွယ်လိမ့်မလဲ
ဒါပေမဲ့ အပြင်လူတွေကတော့ အမတို့ တိုးလောကက လူတွေရဲ့ ရပ်တည်ချက်ကို
ဘယ်နားလည်မလဲ တယောက်ကဆို သူနဲ့လိုက်နေတဲ့ တိုးဂိုက်က ဘာမှမပြောဘူးလား
ဘယ်လိုဂိုက်လဲ ဘာညာတောင်ရေးတာ ဘယ်တိုးဂိုက်ကများ ဖင်ပြောင်ချွတ်ထားတဲ့
တိုးရစ်နဲ့သွားပါမတုံးကွယ် စဉ်းစားကြည့်ပါဦး
သေသေချာချာကြည့်ရင် ဓါတ်ပုံထဲက လူတွေ Lighting မတူတာတွေ့ရမှာပါ Outdoor
Picture တွေမှာပေါ့ ထိုင်နေတဲ့လူတွေ အံ့သြနေတဲ့ပုံကလဲ လုပ်ရတာလွယ်ပါတယ်
အခုခေတ်က အတုတွေကို အစစ်ထင်အောင်လုပ်ရတာ သိပ်လွယ်ပါတယ်
အမ