လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက
ပေါ်ထွန်းခဲ့တဲ့မွန်ရိုးရာ မိချောင်းတူရိယာဟာ မွန်လူမျိုးတို့ရဲ့ အထွတ်
အမြတ်ထားတဲ့ တူရိယာတခု ဖြစ်ပါတယ်။ မွန်လူမျိုးတို့ရဲ့
ရှေးဟောင်းယဉ်ကျေးမှု ကနေ ဆင်းသက်လာတဲ့ အမျိုးသားရေး လက္ခဏာ တရပ်လို့
ဆိုပါတယ်။ ရှေးအစဉ်အဆက်ဆက်က အမြတ် တနိုးတီးခတ်လာ ခဲ့တဲ့ ရိုးရာမိချောင်း
တူရိယာဟာ အခုချိန်မှာ ကျွမ်း ကျွမ်းကျင်ကျင် တီးခတ်တတ်တဲ့
သူနည်းလာပါပြီးလို့ ဆိုပါတယ်။
ခေတ်ရေစီးကြောင်း ပြောင်းလဲသွားတာနဲ့အမျှ အဟောင်းနေရာမှာ
အသစ်သစ်တို့အစားထိုးဝင်ရောက်လာတာဟာ ဓမ္မတာတခုလို့ ဆိုပေမဲ့
ခေတ်ဘယ်လိုပြောင်းပြောင်း မိမိအမျိုးသားရဲ့ ရိုးရာ
ယဉ်ကျေးမှုမတိမ်ကောမပပျောက်သွားအောင် ထိန်းသိမ်း သွားဘို့ဟာ လူမျိုးတိုင်း
ရဲ့သမိုင်းပေးတာဝန်တခုပါ။ တကယ်လို့လူမျိုးတမျိုးရဲ့ ရိုးရာယဉ်ကျေးမှု
အသွင်လက္ခဏာ ပျောက်ကွယ်သွားယင် သည်လူမျိုးပျောက်ကွယ်သွား တာနဲ့မခြားဘူးလို့
သမိုင်းသုတေသီတို့က ဆိုပါတယ်။
အဲဒီလိုရှည်လျားတဲ့သမိုင်းကြောင်းတွေနဲ့ရှိလာခဲ့တဲ့ မိချောင်းတူရိယာရဲ့
နောက်ခံသမိုင်းကြောင်းရာဇဝင် တွေကို မွန်ဂီတ သမိုင်းလေ့လာသူ
နိုင်အောက်ပိုင်က အခုလိုရှင်းပြခဲ့ပါတယ်။
“ဗုဒ္ဓြွမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန် ရာမညတိုင်း ဒဂုံမြို့မှာ
ဥက္ကလာပမင်း ထီးနန်းစိုးစံစဉ်ကာလမှာ ပေါ့။ အဲဒီအချိန် သူ့ရဲ့သားတော်
မင်းနန္ဒာဟာ သံလျှင်ဘက်ကမ်းက ချစ်သူရှင်မွေ့နွန်းဆီသွားရာမှာ ငမိုးရိပ်
မိချောင်းကိုဘဲစီးသွားလေ့ ရှိတယ်။ တနေ့တော့ စီးတော် မိချောင်းငမိုးရိပ်နဲ့
ရန်သူမလက်တိုတို့ရင်ဆိုင်တိုက်ပွဲဖြစ် ခဲ့ရာမှာ မင်းသားမင်းနန္ဒာ
အန္တရာယ်ကျရောက်မှာစိုးလို့ ငမိုးရိပ်မိချောင်းက အာခံ တွင်းထဲမှာငုံထားပြီး
ဒဂုံဘက် ကမ်းကိုကူးလာခဲ့တယ်။ ဒီဒဂုံ ဘက်ကမ်းလဲရောက်ရော
မိချောင်းရဲ့ခံတွင်းမှာရှိတဲ့မင်းသားခင်မျာ အသက်
ရှုမွန်းကြပ်ပြီးအသက်ပါမလာတော့ဘူး။ အဲဒါနဲ့ဥက္ကလာပမင်းကြီးဟာ
သားတော်စိတ်နဲ့ စိတ်ထောင်းကိုယ်ကြေဖြစ်နေ တယ်ပေါ့။ နောက်ဆုံးတော့
နန်းတော်ထဲ မှာမိချောင်းရုပ်ကြိုးတပ်တူရိယာတီထွင်စေပြီး သားတော်ကိုသတိရ
လွမ်း ဆွတ်တဲ့အထိန်းအမှတ်အနေနဲ့ မိချောင်း တူရိယာပေါ်လာခဲ့တယ်လို့
ကျွန်တော့်ဆရာ မိချောင်းတူရိယာပညာရှင် နိုင်ထဝိုင် ပြောပြခဲ့ပါတယ်။”
ကြိုးတပ်တူရိယာထဲမှာဆိုယင် ကြိုးသုံးချောင်းသာရှိတဲ့ မွန်ရိုးရာမိချောင်း
တူရိယာဟာတကယ့်ကိုထူးခြား ပါတယ်။ စူးရှတဲ့အသံလွင်လွင် လေးနဲ့
နဝင်ပီယံဖြစ်စေပြီး နားသောတအာရုံကိုလည်း ထူးထူး ခြားခြားမြူးကြွ
စေပါတယ်။ ရှေးဟောင်းမိချောင်းတူရိယာဟာ အခြားကြိုး တပ်တူရိယာနဲ့မတူတဲ့
ထူးခြားမှုတွေကို နိုင်အောက်ပိုင်
ပြောပြပါသေးတယ်။
“မိချောင်းတူရိယာနဲ့အခြားတူရိယာ ကွာဟချက်ဆိုတာက
မိချောင်းဆိုတာကသူက(ှူငအန)လုပ်လို့ရ တယ်။ ဥပမာမွန်မှာဆိုလို့ရှိရင်
လခြမ်းသူကအသံသေ။ ပတ္တလားအသံသေ။ မိချောင်းဆိုတော့ (ှူငအန )လုပ်လို့ ရ တယ်။
အသံတွေက အရွေ့အပြောင်းလုပ်လို့ရတယ်။ ”
ပဒေသရာဇ်စံနစ်ရဲ့ဆိုးမွေကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်
ဖန်တီးခွင့် ဆုံးရှုံးခဲ့တဲ့ မွန်လူမျိုး တွေအတွက်
အရင်ကထီးသုံးနန်းသုံးဖြစ်ခဲ့တဲ့ မွန်ရိုးရာမိချောင်းတူရိယာကို
ထိန်းသိမ်းစောင့်ရှောက်သူမဲ့ပြီး လက်တဆုတ်စာ ပညာ ရှင်တွေကဘဲ
ရိုးရာအမွေအနှစ်မပျောက်ပျက်အောင် ထိန်းသိမ်းနေကြပါ တယ်လို့ ဆိုပါတယ်။
လက်ရှိမိချောင်းတူရိယာ ပညာရှင်နဲ့ ပက်သက်ပြီး နိုင်အောက်ပိုင်က
အခုလိုပြောပါတယ်။
“အခုဆိုယင်ကျွန်တော်သိသလောက်ပေါ့နော်။
မိချောင်းတူရိယာကိုကျွမ်းကျွမ်းကျင်ကျင်တီးတတ်တဲ့သူဆိုလို့ ဆရာ
နိုင်ထဝိုင်ရယ် ဆရာနိုင်ချင်ရယ် ဆရာနိုင်ရွှေပြည်ရယ် ဆရာနိုင်ထောပိုင်ရယ်
ဆရာနိုင်ဟံသာရယ် ဒါဘဲ ကျန်တော့ တယ်။ ကျန်တဲ့သူတွေက
ပညာရှင်အဆင့်ရောက်ဘို့တော်တော်ကိုကြိုးစားရအုံးမယ်။”
မိချောင်းတီးခတ်တဲ့လက်ကွက်တွေဟာ အခြားတူရိယာတွေနဲ့မတူပါဘူး။
နည်းပရိယာယ်အပိုင်းတွေများပြီးတော့ ကျွမ်းကျင်မှုရှိမှသာ
အကွက်သံစဉ်တွေကိုဖေါ်နိုင်မယ်လို့နိုင်အောက်ပိုင်ကဆိုပါတယ်။
မိချောင်းတီးကွက်ဆိုတာက ပထမဦးဆုံးစတီးတာနဲ့ မွန်တွေက ဇယ်နဲ့စတီးတယ်။
ဇယ်ဆိုတာက စီစကေးပေါ့။ ဗမာသံနဲ့ဆိုရင်သံမှန်ပေါ့။ နောက်ပြီးတော့
တန်းပွန်း(တင်ပန်) ဆိုတာက ဗမာမှာ(၅)ပေါက်သံနဲ့သွားကိုက် ညီတယ်။
ဘာကြောင့်ဗမာသံငါးပေါက်နဲ့ကိုက်ညီသလဲဆိုယင် ဗမာကအောက်ဘက်ကနေစရေတွက်လာတယ်။
မွန်မှာကျတော့ အပေါ်ဘက်ကရေတွက်တယ်။ အဲဒါတော့ကွာတယ်။ မွန်မှာကျတော့ တစ် နှစ်
သုံး လေး ငါး ဘယ်ဘက်ကရေတယ်။ မြန်မာဂီတမှာကျတော့ ညာဘက်အခြမ်းကရေတယ်။ ဗမာက
ရေတွက်တော့ ငါးပေါက် နဲ့သွားကိုက်ပြီး မွန်ကျတော့ လေးပေါက်နဲ့ကိုက်တော့
တန်းပွန်(တင်ပန်)လို့ခေါ်တယ်။
ရေ
ှးဟောင်းကြိုးတပ်တူရိယာထဲမှာဆိုယင်
ဆရာခင်မောင်လေးရဲ့လေ့လာချက်အရ (၇)မျိုးရှိတယ်လို့ ဆိုပါတယ်။
မွန်ရိုးရာမိချောင်းတူရိယာက စောင်းအမျိုးအစားထဲမှာ ပါတယ်လို့လဲဆိုပါတယ်။
(၁) ရစ်ခေါင်းပုံစောင်း
(၂) မိကျောင်းခေါင်းစောင်း
(၃) နဂါးခေါင်းဗျပ်စောင်း
(၄) မိုးသားခေါင်းဗျပ်စောင်း
(၅) ဗူးကြီးဗျပ်စောင်း
(၆) ကြိုးတစ်ချောင်းတပ် ဗူးဗျပ်စောင်း
(၇) ဗူးကလေးဗျပ်စောင်း။
ထန်မင်းဆက်လက်ထက် တရုတ်ပြည်ရောက်မိချောင်းစောင်းဟာ
ယခုမွန်တို့အသုံးအပြုနေတဲ့ မိကျောင်း စောင်းမျိုး ဖြစ်တယ်လို့
ဆရာကြီးဒဂုန်နတ်ရှင်ကဆိုထားပါတယ်။ တရုတ်ပြည်ရောက်
မိကျောင်းစောင်း(၂)ခုအနက် တစ်ခုရဲ့ပုံ သဏ္ဍာန်ဟာ
အခုမိကျောင်းကဲ့သို့ဖြစ်နေပါတယ်။ (၄)ပေရှည်ပြီးတော
့ခြေလေးချောင်းရှိတယ်လို့ ဆိုပါတယ်။ ဝမ်းဗိုက် ဟောင်းလောင်းရှိနေပြီး
ကျောဘက်မှာမိကျောင်းရေနဲ့တန်ဆာဆင်ထားပါတယ်။ ကြိုး(၉)ချောင်းကို
ဆန့်တန်းရန်အကန့် ထားရှိထားပါတယ်။ လက်ဝဲဘက်နှင့် လက်ယာဘက်မှာ
ရွှေ့ပြောင်းနိုင်တဲ့ ခလုတ် (၁၂) ခုရှိပါတယ်။ အခြားထူးခြားချက် တစ်ခုကတော့
မိကျောင်းစောင်းနှင့် မတူအောင်ရောင်စုံခြူးပန်းခြူးနွယ်တို့နဲ့ တန်
ဆာဆင်ထားပြီး မြွေသားရေနဲ့ ဖုံးအုပ် ထားပါတယ်။
ထိုစဉ်က တရုတ်မိကျောင်းစောင်းပြုလုပ်ထားပုံကတော့
အခုမွန်တို့အသုံးအပြုနေတဲ့ မိကျောင်းတူရိယာ နဲ့အခြေခံအား ဖြင့်
တူညီပေမဲ့လည်း ယခုမွန်မိကျောင်းမှာ ကြိုး(၃)ချောင်းသာပါရှိပြီး
လက်ဝဲလက်ယာမှာ ရွှေ့ပြောင်းနိုင်သော ခလုတ် များမပါရှိဘဲ
ထိပ်တစ်ဘက်တစ်ချက်မှာ ကြိုးညှိဘို့အတွက် ဒလက်သုံးခုပါရှိပါတယ်။
ယင်းမိကျောင်းပုံစံကနေယခုခေတ် မိကျောင်းပုံစံသို့
ပြောင်းလဲခဲ့သလားလို့တွေးတောစရာပါ ။ မည်သို့ပင်ဖြစ်စေ
ယခုအခါမိကျောင်းတူရိယာကို မွန်တို့က သာအသုံးပြုနေကြလို့ ထန်မင်းဆက်လက်ထက်
တရုတ်နန်းတော်ရောက် နေခဲ့တဲ့ မိကျောင်းစောင်းဟာ ယခုမွန်
မိကျောင်းတူရိယာမျိုးဖြစ်တယ်လို့ ဆရာကြီးဒဂုန်နတ်ရှင်ရဲ့အဆိုကို
လက်သင့်ခံရမယ်လို့ ဆရာခင်မောင်လေးက သုတေသနပြုရေးသားထားပါတယ်။
ယနေ့လက်ရှိအနေအထားကတော့ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအနေအထားအရသော်၎င်း
မွန် အမျိုးသားတို့ အနေနဲ့
ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ဆုံးရှုံးနေလို့
မွန်ရိုးရာမိချောင်းတီးခတ်မှုအတတ်ပညာဟာ တိမ်ကောလုနီးပါးဖြစ် နေပါပြီး။
မွန်ဂီတပညာရှင်တွေအနေနဲ့ မျိုးဆက်သစ်လူငယ်တွေကို လက်ဆင့်ကမ်း
သင်ကြားနေပေမဲ့ အတိုင်းတာတခု အထိဘဲလုပ်ဆောင်နိုင်ပါသေးတယ်။
အခုခေတ်မွန်လူငယ်အဆိုတော်တွေထဲမှာ ခေတ်ပေါ်တေးဂီတနဲ့
ရိုးရာမိချောင်းဒူရိယာတီးလုံး တေးသွားတွေကို တွဲဖက် အသုံးပြုတာ
တချို့တလေတော့ ရှိနေပါသေးတယ်၊ ဒါပေမဲ့လည်း မိချောင်းဒူရိယာကို တကယ်
ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့သူကတော့ သိပ်ကို နည်းသွားပါပြီးလို့
နိုင်အောက်ပိုင်ကအခုလို ဆွေးမြေ့စွာ ပြောပြပါတယ်။ သူ့ရဲ့မျက်လုံးတွေဟာ
အနာဂါတ်ရဲ့မျှော်လင့်ချက်အတွက် လင်းတခါ မှိန်တလှည့်ဖြစ်နေလေရဲ့။
အခုခေတ်လူငယ်တွေဆိုတာတွေက အခုခေတ်သစ်တူရိယာတွေဝင်လာတယ်။
ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှု တူရိယာတွေ ကို သူတို့ချစ်မြတ်နိုးမှသာ
သူတို့ထိန်းသိမ်းစောင့်ရှောက်နိုင်မယ်။ ဒီထိန်းသိမ်းတဲ့နေရာမှာ လေ့လာ
လိုက်စားတဲ့ နေရာမှာ အရင်ကထက်နည်းပါးလာတယ်။
လက်ရှိမြန်မာနိုင်ငံမှာ စစ်အစိုးရအနေနဲ့ရိုးရာအဆိုအကအရေးအတီးပြိုင်ပွဲတွေ
ကျင်းပပြီး မြန်မာ့ယဉ် ကျေးမှုအသွင် လက္ခဏာတွေမပျောက်ပျက်အောင်
ထိန်းသိမ်းနေတယ်ဆိုပေမဲ့ တိုင်းရင်းသားတို့ရဲ့ ဂီတ၊ယဉ်ကျေး မှုတွေကို
ထိန်းသိမ်း မှုမရှိသေးတာကြောင့် တိုင်းရင်းသား ယဉ်ကျေးမှုတွေ
ပျောက်ကွယ်သွားကို စိုးရိမ်မိ တယ်လို့ နိုင်အောက်ပိုင်က ပြောပါ တယ်။
သူ့ရဲ့ဘေးနားမှာရှိနေတဲ့မိချောင်းတူရိယာလေးဟာ သိမ်ငယ်တဲ့မျက်လုံးနဲ့ တီး
ခတ်နိုင်မဲ့ပိုင်ရှင်သစ်ကို မျှော်လင့် နေသယောင်ယောင်ရှိနေပါတယ်။