Re: အင်းဝမြင်းယာဉ်ပို့ဆောင်ခ တိုးမြှင့်ခြင်း တရားဝင်ထုတ်ပြန်ချက်

9 views
Skip to first unread message

chawchaw mirror

unread,
Jul 14, 2014, 3:31:01 AM7/14/14
to Mandalay Tour Guides Society, travelmyanmar
မြင်းလှည်းခ  ငွေ နှစ်ထောင်ကျပ် တိုးမြှင့် ကောက်တာ
 နိုင်ငံခြားသား ဧည့်သည် အတွက် သိပ်ပြီး မထိခိုက် နိုင်ပါဘူး။

ဒါပေမဲ့ ပိုမို ထပ်မံ ပေးရတဲ့ ငွေ နဲ့ အတူ ၀န်ဆောင်မှု ကောင်းစေဖို့ အတွက်-

အရေးကြီးတာက အင်းဝက မြင်းလှည်းတွေ ( ပုဂံက မြင်းလှည်းတွေလို )
 သန့်ရှင်းမှု ရှိဖို့။ တောင့်တင်း ကြံ့  ခိုင်ဖို့ ။ထိုင်ခုံ အခင်း ဒီထက်ပို ပြီး ငြိမ့်ငြောင်း စေဖို့။
မြင်းလှည်းမောင်း သူတွေ နေ့ခင်းကြောင်တောင်မှာ အရက်နံ့ မနံစော်ဖို့။
မြင်းလှည်းမောင်းသူ ဖြစ်ပါစေ အနည်းအကျဉ်း သပ်သပ် ရပ်ရပ် ရှိစေဖို့။
ဧည့်သည် မြင် မကောင်းလောက်အောင် ကွမ်း တစ်ပြစ်ပြစ်
(  မောင်းနေစဉ် ) တစ်လမ်းလုံး မထွေးစေဖို့။
မြင်းလှည်း ကို ဒုန်းစိုင်း လု မမောင်းကြဘဲ စည်းကမ်း တစ်ကျ မောင်းနှင်ပေးဖို့။

စတဲ့ အချက်တွေကို သူတို့ ကို ထိန်းချုပ် ကြည့်ကြတ် သည့် အဖွဲ့ အစည်း
အင်းဝမြင်းယဉ် အသင်းကို
 တင်ပြ ဆွေးနွေးသင့်တယ်လို့  အကြံပြု ပါတယ်။

လေးစားစွာဖြင့်

ချောချောကြေးမုံ ( ပြင်သစ်ဘာသာ ဧည့်လမ်းညွှန် )။


2014-07-10 19:52 GMT+06:30 Mandalay Tour Guides Society <mandalaytour...@gmail.com>:

အင်းဝမြင်းယာဉ်ပို့ဆောင်ခ တိုးမြှင့်ခြင်း တရားဝင်ထုတ်ပြန်ချက်

                ၂၀.၆.၂၀၁၄ ရက်နေ့ အင်းဝမြင်းယာဉ်အသင်း အစည်းအဝေးဆုံးဖြတ်ချက်အရ အင်းဝမြင်းယာဉ်ပို့ဆောင်ခတိုးမြှင့်ကြောင်း၂၅.၆.၂၀၁၄ ရက်စွဲဖြင့် တရားဝင်ကျေငြာချက်ကိုမြင်းလှည်းယာဉ်ပိုင်ရှင် ၇၁ ဦးလက်မှတ်ရေးထိုး၍ ထုတ်ပြန်ပေးပို့လာပါသည်။ဧည့်လမ်းညွှန်များအားလုံးသိရှိနိုင်ပါရန် ထုတ်ပြန်ချက်မူရင်းအတိုင်းထပ်ဆင့်ပေးပို့အကြောင်းကြားအပ်ပါသည်။

 

သို့

          ဦးရဲမြတ်ထွန်း (ဥက္ကဌ)

          ဦးဝင်းဇော်ဦး (အတွင်းရေးမှူး)

          အထက်မြန်မာပြည်ဧည့်လမ်းညွှန်များ

          မန္တလေးတိုင်းဒေသကြီး

ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်

 

အကြောင်းအရာ။                   မြင်းယာဉ်ပို့ဆောင်ခဈေးနှုန်းနှင့်ပတ်သက်ပြီးယခင်ဈေးနှုန်းထားထက် နှစ် ထောင်ကျပ်တိုးမြှင့်ပြီးသတ်မှတ်ကြောင်းကိုအကြောင်းကြားသည့်ကိစ္စ။

          အထက်အကြောင်းရာပါကိစ္စနှင့်ပတ်သက်၍ အင်းဝမြို့၊ အိုတုတ္တန်း၊ ကူးတို့ဆိပ်ကမ်းတွင် မြင်းယာဉ်လုပ်သားများအနေဖြင့် အသိပေးအပ်ပါသည်။

          ယခုအခါ မြင်းကျွေးရသည့် အစားအစာများနှင့် မြင်းယာဉ်သုံးပစ္စည်းများသည် တန်ဘိုးမြင့်၍ ၀ယ်ယူသုံးစွဲနေရပါသောကြောင့် ယခင်နှုန်းထား (၆၀၀၀/-)ကျပ်မဟုတ်ဘဲ (၂၀၀၀/-) ကျပ်တိုးမြှင့်ပြီး မြင်းယာဉ်ပို့ဆောင်ခကို (၈၀၀၀/-) ကျပ်သတ်မှတ်သွားမည် ဖြစ်ပါသည်။ မြင်းယာဉ်ခတက်ရောက်ရသည့်ကိစ္စကိုလူကြီးမင်းတို့နှစ်ဦးမှတဆင့် ဧည့်လမ်းညွှန်များကိုအသိပေးပါရန် မေတ္တာရပ်ခံပါသည်။

          အိုးတုတ္တန်းဂိတ်မြင်းယာဉ်အဖွဲ့သားများအားလုံးပူးတွဲလက်မှတ်ရေးထိုး၍ လေးစားစွာတင်ပြအပ်ပါသည်။

 

မိတ္တူကို-

          ၁။ အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တံတားဦးမြို့

          ၂။ အုပ်ချုပ်ရေးမှူး၊ ဥတည်ကျေးရွာအုပ်စု၊ တံတားဦးမြို့ထံသိသာပါရန် ပေးပို့အပ်ပါသည်။

 

သတင်းအရ

သောင်းနိုင်ဦး

သတင်းနှင့်ပြန်ကြားရေး

မန္တလေးဇုန်၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအင်း

၁၀.၂၀၁၄


Reply all
Reply to author
Forward
0 new messages