မြန်မာစာ ပါမောက္ခဦးဧမောင် ရဲ့ ဘာသာပြန်နည်း အယူအဆ

883 views
Skip to first unread message

Thomas Latt

unread,
May 3, 2011, 4:44:30 AM5/3/11
to travel...@googlegroups.com

မြန်မာစာ ပါမောက္ခဦးဧမောင် ရဲ့ ဘာသာပြန်နည်း အယူအဆ

Monday, 02 May 2011 09:00 ပါမောက္ခ ဦးဧမောင်
E-mail Print PDF

 

ဘာသာပြန်စာပေအသင်းမှာ ယခုလို လာရောက်ဟောပြောခွင့် ရတဲ့အတွက် များစွာဝမ်း မြောက်ပါတယ်။ ကျွန်တော် ကိုယ်တိုင် ဘာသာပြန်ကိစ္စမှာ ၀ါသနာ ပါခဲ့ပါတယ်။ ဘာသာပြန် ကိစ္စဟာ နိုင်ငံတစ်နိုင်ငံရဲ့

ကြီးပွားရေး အတွက် များစွာအရေးကြီးပါတယ်။ မြန်မာစာပေကြီးပွား တိုးတက်စေရန် ကမ္ဘာ့စာပေ ကမ္ဘာ့စိတ်ကူးစိတ်သန်း များကို မြန်မာ ဖြစ်နိုင်သရွေ့ဖြစ်အောင် ဖန်တီးပြုစုပေးဖို့ လိုပါတယ်။

 

ဘာသာစကားတစ်ခုမှ ဘာသာစကားတစ်ခုသို့ ကူးပြောင်းပြန်ဆိုမှုနှင့် စပ်လျဉ်းပြီး တွေးရှုလိုက်မယ်ဆိုရင် (tion) ရှင်းသုံးရှင်း ရှိကြောင်း သိထားစေလိုပါတယ်။

အဲဒီရှင်းသုံး ရှင်းကတော့

(၁) Translation ဘာသာပြန်ခြင်း။

(၂) Adoption လူမျိုးခြား စိတ်ကူးနှင့် စကားများကို တိုက်ရိုက် မွေးစားယူခြင်း။ ပုံစံပြရ မယ်ဆိုရင် (Democracy) ကို ဒီမိုကရေစီဝါဒ၊ (Socialism) ကို ဆိုရှယ်လစ်ဝါဒ၊ (Communism) ကို ကွန်မြူနစ်ဝါဒ စသည်ဖြင့် မြန်မာဘာသာထဲမှ တိုက်ရိုက် မွေးစား ယူထားတာတွေကို တွေ့နိုင်ပါတယ်။

(၃) Adaptation ဆီလျော်အောင် ပြန်ဆိုရေးသားခြင်း။ ပုံစံပြရမယ်ဆိုရင် ရွှေဥဒေါင်း ရေး `ရူပနန္ဒီ´ (She) နှင့် စုံထောက် မောင်စံရှား ( Sherlock Holmes) တို့ဖြစ်ပါတယ်။

 

ယနေ့ ဟောပြောရမှာကတော့ ( Translation) ဘာသာပြန် အကြောင်းပါပဲ။ ဘာသာပြန်သူများအတွက် ရှိနှင့်ပြီးဖြစ်တဲ့ (John's O' London) `လန်ဒန်က ဂျွန်´ ခေါ် အင်္ဂလိပ် မဂ္ဂဇင်း ထဲမှာ ဖော်ပြထားတဲ့ (Ten Commandments ) ပညတ်ချက် ဆယ်ပါးဟာ အလွန်ကောင်းပါတယ်။ သို့ပေမဲ့ ဒါတွေကို အကျယ် မချဲ့လိုတော့ပါ။ ကျွန်တော်လက်တွေ့ ဆည်းပူး ရရှိခဲ့တဲ့ အချက် များကိုသာ ဖောက်သည်ပေးလိုပါတယ်။

ဘာသာပြန်မှုနဲ့ပက်သက်ပြီး အကျဉ်းချုပ်ပြောရရင် ဘာသာပြန်သူများဟာ အောက်ပါအချက်သုံးချက်နဲ့ ပြည့်စုံသင့်တယ်လို့ ထင်မြင်မိ ပါတယ်။

(၁) ပြန်ဆိုမည့် ဘာသာခြား စကားကို ကျွမ်းကျင်ရပေမယ်။

(၂) ပြန်ဆိုမည့် ပညာရပ်အကြောင်းကို အတော်အတန် ခေါက်မိရပေမယ်။

(၃) မိမိပြန်ဆိုရေးသားမည့် ဘာသာရင်း (စကား) ကို အထူးတက်ကျွမ်းရပေမယ်။

ဒီသုံးချက်ကို အနည်းငယ်ထပ်ပြီး ရှင်းလင်းပြလိုပါသေးတယ်။

 

ပထမအချက်ဖြစ်တဲ့ ဘာသာခြားစကားကို ကျွမ်းကျင်ရမယ်ဆိုတာကိုတော့ ထင်ရှား သိသာပါတယ်။ ဘာပြုလို့လဲဆိုတော့ ဘာသာခြားစကားကို ကိုယ်တိုင် တက်ကျွမ်းမှသာ ဘာသာပြန်နိုင်ပေမယ်။ မတက်ကျွမ်းပါက ပြန်ဆိုနိုင်မည် မဟုတ်ပါ။ ရှေးဦးစွာ ကိုယ်တိုင်က နားလည်ပြီး သဘောပေါက်ဖို့ အရေးကြီးပါတယ်။ မိမိကိုယ်တိုင်က ဘာသာခြားစကားကို မတတ်မသိရင် တခြားလူကို ဘယ်နည်းနဲ့မှ ကျကျနန ပြန်ပြောနိုင်မယ် မဟုတ်ပါ။ ဘာသာခြား စကားကို မဆိုထားနဲ့ ကိုယ့်ဘာသာစကားကိုပင် ကိုယ်တိုင်နားမလည် မတတ်ကျွမ်းရင် သူများကို ရှင်းရှင်းလင်းလင်း တိတိကျကျ ပြန်ပြောဖို့ ခက်လှပါတယ်။

ဒါကြောင့် စာအုပ်တစ် အုပ်ကို ဘာသာပြန်တော့မယ်ဆိုရင် ပထမဦးစွာ ကိုယ်တိုင်နားလည်သဘောပေါက်အောင် အစအဆုံး ဖတ်ကြည့်ပါ။ နောက်တစ်ပုဒ်စီ တစ်ကြောင်းစီ ဆန်းစစ် ကြည့်ပါ။ အဲဒီတော့မှ သူများ နားလည်အောင် ပြန်ပြောနိုင်ရေးနိုင်ဖို့ လမ်းရှိပါလိမ့်မယ်။ ဒါကတော့ ကျွန်တော့ ကိုယ်တွေ့ ပါပဲ။ ကျွန်တော် ဗြိတိသျှရာဇ၀င်ကို ဘာသာ ပြန်တုန်းက ပထမဦးစွာ ကိုယ်တိုင် နားလည်အောင် ဖတ်ပြီး ဘာသာပြန်တာပါပဲ။

 

ဒုတိယ အချက်ကတော့ ပြန်ဆိုမည့် ပညာရပ်ကို အတော်အတန်ခေါက်မိဖို့ လိုပါတယ်။ မိမိသင်ယူဖူးတဲ့ ပညာရပ်ကို ပြန်ဆိုတာက ပိုမိုအောင်မြင်ဖို့ လမ်းများပါတယ်။ နောက်ပြီး မိမိပြန်ဆိုမည့် စာအုပ်ပါ အကြောင်းအရာတွေကိုလည်း ဖတ်ပေးရပါသေးတယ်။ အဘိဓာန်ကို လှန်လှောရှာဖွေ ကြည့်ရှုရုံနဲ့ မလုံလောက်ပါ။ တခါတရံ အင်္ဂလိပ်ဘာသာ အတွေးအခေါ်အယူ အဆများကို မိမိက မှန်တယ်ထင်ပေမဲ့ မှားနေတတ်ပါတယ်။ ပုံစံပြရမယ်ဆိုရင် `ဒိုမေ သတင်း ဖြန့်ချိရေးဌာန´က အင်္ဂလိပ်ဘာသာနဲ့ပေးတဲ့ သတင်းကို ဂျပန်ခေတ် မြန်မာသတင်းစာ တစ်စောင်ထဲမှာ ဘယ်လို တွေ့ရသလဲဆိုတော့-

`ဂျပန်လေတပ်ငယ် တတပ်သည် ဗြိတိသျှ ရေတပ်ငယ်တတပ်ကို ရခိုင်ပင် လယ်ကန်းရိုးတန်းအနီးတွင် တွေ့မြင်၍ တိုက်ခိုက်ရာ ဗြိတိသျှရေတပ်ငယ်သည် လျှို့ဝှက်သော (ဒေဗီဂျုန်း) သင်္ဘောဆိပ်သို့ ထွက်ပြေးလေ၏´ လို့ တွေ့ရပါတယ်။ ကျွန်တော်လည်း အဲဒီ (ဒေဗီဂျုန်း) ဆိုတဲ့ သင်္ဘောဆိပ်ကို ဘယ်မှာမှ မကြားဘူးတာနဲ့ သတင်းစာဖတ်ရင်း ဘာသာပြန်ပုံဟာ ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယမကင်း ဖြစ်မိပါတယ်။ ဒါနဲ့ အင်္ဂလိပ်ဘာသာ နဲ့ရေးထားတဲ့ သတင်းစာကို လှန်လှော့ ကြည့်လိုက်တော့-

(A small British fleet was sighted off the coast of Arakan by a Japanese air squadron and the fleet was sent to Davy Jone's locker) လို့ ရေးထားတာကို တွေ့ရပါ တယ်။ ဒီနေရာမှာ ဘာသာပြန်သူဟာ လိုအပ်တဲ့ ဗဟုသုတကို မရှာမှီးတဲ့အတွက် (Davy Jone's loker) ကို လျှို့ဝှက်တဲ့ ဒေဗီဂျုန်းသင်္ဘောဆိပ်ရယ်လို့ တလွဲပြန်ဆိုရေးသားထားခြင်းပင် ဖြစ်ပါတယ်။ စင်စစ် ကြည့်သင့်ကြည့်ထိုက်တဲ့ စာအုပ်စာတမ်းများကို ရှာဖွေကြည့်ရှုလို့ ရှိတာဖြင့်ရင် သို့တည်းမဟုတ် မေးသင့် မေးထိုက်သူများကို မေးမြန်းလို့ရှိတာဖြစ်ရင် (Davy Jones's Locker) ဟာ လျှို့ဝှက်တဲ့ သင်္ဘောဆိပ်ဆိုတာ မဟုတ်ဘဲ ရေသုသာန်၊ ရေသင်္ချိုင်းဆိုတာကို မုချသိပြီး ` ဂျပန်လေတပ်ငယ် တစ်တပ်သည် ဗြိတိသျှ  ရေတပ်ငယ်တစ်တပ်ကို ရခိုင် ကန်းရိုးတန်း ပြင်ဘက်တွင် တွေ့မြင်၍ တိုက်ခိုက်နှစ်မြှုပ်လိုက်လေသည်´ လို့ မူလဆိုတဲ့ သဘောမှန်အတိုင်း ဘာသာပြန် နိုင်စရာလမ်းရှိပေလိမ့်မယ်။

ဒါ့ကြောင့် အခက်အခဲတွေ့တိုင်း သက်ဆိုင်ရာ စာအုပ်စာတမ်းများမှာ ရှာဖွေကြည့်ရှုသင့်ပါတယ်။ သို့မဟုတ်ရင်လဲ ကျွမ်းကျင်သူများထံမှာ ဆည်းကပ်မေးမြန်း ယူသင့်ပါတယ်။ ကျွန်တော့်အထင်ပြောရရင် စာဆိုတာဟာ တစာစာ နေမှပဲ တော်ရုံကျပါတယ်။ ပညာဟာ ရပ်နေတယ်လို့မရှိပါ။ တိုးဆုတ်နှစ်ခုသာ ရှိပါတယ်။ ဥဒါဟရုဏ်အားဖြင့် ပညာလိုက်စားတာ ဟာ လေယာဉ်ပျံလိုပါပဲ။ လေယာဉ်ပျံဟာ စက်လည်လေ ရှေ့ကို တဟုတ်ထိုး တိုးနေလေပါပဲ။ စက်ရပ်တာနဲ့ တပြိုင်နက် ကျတာနဲ့ တစ်ချက်ထဲပါပဲ။ စာလည်း ထိုနည်းတူပါပဲ။ ဇွဲကောင်းကောင်းနဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်လေ တိုးတက်လေပါပဲ။ အားထုတ်မှုရပ်စဲတာနဲ့ တပြိုင်နက် ဆုတ်ယုတ်တာနဲ့ တစ်ချက်ထဲပါပဲ။

 

တတိယအချက်ဖြစ်တဲ့ ကိုယ့်ဘာသာစကားကို ကျွမ်းကျင်ရမယ်ဆိုတာကတော့ အရေးကြီးဆုံးပါပဲ။ ကိုယ့်ဘာသာစကား နဲ့ပြန်ဆိုရေးသားရာမှာမို့ ကိုယ့်ဘာသာစကားကို ကောင်းကောင်းကြီး ကျွမ်းကျင် ရပေမယ်။ ကိုယ်နားလည်သလို သူများနားလည် အောင် ပြောရန်မှာ မလွယ်ကူလှပါ။ အချို့မှာ ကိုယ်တိုင်နားလည်သော်လည်း တစ်ခြားသူများ နားလည် အောင် ပြန်မပြောတက် ကြပါ။

ဥဒါဟရုဏ်ကတော့ ဘုရားနဲ့ ပစ္စေကဗုဒ္ဓါကဲ့သို့ပင် ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ကိုယ်တော်တိုင် သစ္စာလေးပါးကို သိနားလည်သလို သူများကိုလည်း ဟောပြောပြသနိုင်ပါတယ်။ ပစ္စေကဗုဒ္ဓါကတော့ သစ္စာလေးပါးကို ကိုယ်တော် တိုင် သိနားလည်ပေမဲ့ အခြားသူများကို သဘောပေါက် သိနားလည်ပြီး ကျွတ်တန်းဝင်အောင် တဆင့်ပြန် လည် ဟောပြောနိုင်စွမ်းမရှိပါ။

 

ဘာသာပြန်သူများဟာ သူများနားလည်အောင် ပြန်ဆိုရေးသားနိုင်ကြရန်အတွက် မြန်မာဘာသာမှာ အတော်ပင်နိုင်နင်း ကျွမ်းကျင်ကြရပေမယ်။ စကားပရိယာယ် (command of language) အတော် ကြွယ်ဝရပေမယ်။ ဒီကိစ္စဟာ သိပ်ပြီး မလွယ်ကူလှပါ။ လူများဟာ စကားပြောတက်တဲ့ အချိန်ကစပြီး စကားမပြောနိုင်တဲ့အချိန်အထိ မရေမတွက် နိုင်လောက်အောင် အကြိမ်ပေါင်း များစွာ ခဏခဏ စကားပြောဆို နေကြပေမဲ့ ရှေ့နောက်အဆင်သင့်ပြီး လိပ်ပတ်လည်အောင် ပြောတက်သူ ရှားလှပါတယ်။

စကား ပြောတက်သူ ရှားတာထက်ပင် စာကို အဟုတ်တကယ်တမ်း ရေးတက်သူ ပိုမို ရှားပါတယ်။ `နှုတ်တစ်ရာ စာတစ်လုံး´ ဆိုတဲ့ အတိုင်း နှုတ်နဲ့ပြောရုံနဲ့ မပြီးသေးပါ။ ကောင်းမွန်တဲ့ စာပေအဖြစ် တာရှည် တည်တံ့အောင် အက္ခရာ ကမ္ဗည်းတင်နိုင် ရေးနိုင်မှ တော်လှပြီလို့ ဆိုရပေမယ်။ ရေးနိုင်အောင် တကယ်တမ်း ကြိုးစားမယ်ဆိုရင် ''Where there is a will, there is a way'' ဆိုတဲ့ အင်္ဂလိပ်စကားပုံလို `ဆန္ဒရှိက နည်းလမ်းရ´ ဆိုတာမျိုးဖြစ်မှာ အမှန်မုချပါပဲ။

 

တနည်းအားဖြင့် စဉ်းစားလိုက်ပြန်တော့လဲ ဘာသာပြန်သူများဟာ အလွန်သနားစရာ ကောင်းပါတယ်။ သူတို့ဟာ မောင်း ကြေးနင်းခတ်သူများနဲ့ တူကြပါတယ်။ လူထုပရိတ်သတ်ဟာ တရားဟောမဲ့ သူကိုသာ အာရုံပြုပြီး မောင်းသမားများကိုတော့ အာရုံမပြုကြ အမှတ်မထားကြပါဘူး။ ဘာသာပြန်သူဟာလည်း ဘာသာပြန်တဲ့အတွက် တယ်ပြီး ထင်ရှားလှတယ် မရှိပါဘူး။ မူလရေးသူသာ ကျော်ကြားလေ့ ရှိပါတယ်။ နောက်ပြီးတော့လည်း ဘာသာပြန်သူမှာ အချုပ်အချယ် များစွာရှိပါတယ်။ သူ့မှာ မူလ စာကိုယ်ကို ပြင်နိုင်ခွင့်မရှိပါ။ သူ့စိတ်ကူးကိုလည်း မထည့်သွင်းနိုင်ပါ။ ဘာသာပြန် မတိကျရင်တော့ သူနာမည် ပျက်ပါတယ်။ မှန်ကန်တိကျတဲ့ အခါကျတော့ သိပ်မထူးခြားလှပါဘူး။

 

ဘာသာပြန်ဆိုရာမှာ ဗမာ့အသုံးနဲ့ ဘာသာခြား အသုံးမတူတဲ့အတွက် စကားများကို ထွင်ယူရပါတယ်။ ကျွန်တော် ဗြိတိသျှရာဇ၀င်ကို ဘာသာပြန်တုန်းက (Century)ဆိုတဲ့ အင်္ဂလိပ်စကားမှာ တစ်နေလို့ လေး ငါးရက်လောက်ကြာသွားပါတယ်။ နောက်ကြံဆဖန်များတော့ `ရာစု´ ဆိုတဲ့ စကားကိုရလာပါတယ်။ သို့ပေမဲ့ ဒီလိုအခက်အခဲတွေ့တိုင်းသာ ကာလရက်ရှည် ကြာမြင့်နေမယ်ဆိုရင် ဘာသာပြန်လုပ်ငန်းမှာ အများကြီး နှောင့်နှေးလေတော့မှာပဲလို့ စိုးရိမ်မကင်းဖြစ်လာပါတယ်။

ဒါနဲ့ ဘာသာပြန်တဲ့အခါ ရုတ်တရက်ကြံဆမရတဲ့စကားရပ်အခက်အခဲကို အသားလေးထားပြီး ရှေ့ဆက်ကာ တောက်လျှောက် ပြန်ဆို သွားရပါတယ်။ အဲဒီတော့မှ ခရီးတွင်တော့တာကို တွေ့ရပါတယ်။ ခက်ခဲတဲ့စကားရပ်ကိုတော့ နေရင်းထိုင်ရင်း သွားရင်း လာရင်း စားရင်း သောက်ရင်းဆိုသလို တွေးတောကြံဆယူရပါတယ်။ အထက်ကပြောခဲ့သလိုပဲ ကြံဆဖန် များတော့ ကိုယ့်စိတ်တိုင်းကျ စကားကို ရလာတာပါပဲ။ ပုံစံပြရမယ်ဆိုရင် ဗြိတိသျှရာဇ၀င်ထဲမှာပါတဲ့ To launch an offensive နဲ့ To wage a defensive campaign ဆိုနဲ့ အင်္ဂလိပ်စကားရပ် အသီးသီးကို `တိုက်စစ်ပြုသည်´ `ခံစစ်ပြုသည်´ ရယ်လို့ ဖတ်ဖူး မှတ်ဖူးတဲ့ စာပေတွေကို မှီးပြီး အထက်ကပြောခဲ့တဲ့ နည်းအတိုင်း တစ်ဖြည်းဖြည်း တွေးတော့ကြံဆ ယူထားခြင်းပင် ဖြစ်ပါတယ်။

 

မိမိ ဘာသာမှာ ကျွမ်းကျင်ဖို့ အတွက်ကတော့ မြန်မာစာများများ ဖတ်ပေးရပါလိမ့်မယ်။ ဘာသာပြန်တဲ့အခါ မြန်မာဝါကျ ဖွဲ့ပုံစစ်စစ် ဖြစ်စေရပါမယ်။ တစ်ခါတစ်ရံ မြန်မာလူမျိုး ပြန်ဆိုရေးသားထားတဲ့ မြန်မာစာကို မြန်မာဖတ်လို့ နားမလည်တာတွေ တွေ့ရှိရပါသေးတယ်။ ကျွန်တော်တို့ ငယ်ငယ်က ဥပဒေ ဘာသာပြန်များကို ဖတ်ပြီး နားမလည်ဘူး ဆိုသလိုပါပဲ။ အကောင်းဆုံးကတော့ ဘာသာပြန်ထားတဲ့ စာကို အင်္ဂလိပ်စာ တစ်လုံးမှ မတက်သူ တစ်ယောက်ကို အဖတ်ခိုင်း၊ နောက် သူပြန်ပြောတဲ့ အဓိပ္ပာယ် ကို အင်္ဂလိပ်လို ပြန်ကြည့် အင်္ဂလိပ်လို လုံးဝမတက်သူ နားလည်တာနဲ့ အင်္ဂလိပ်လိုတက်သူ နားလည်တာချင်းတူရင် ဘာသာပြန် ကောင်းဘဲလို့ မှတ်ယူရန် ဖြစ်ပါတယ်။

 

ဘာသာပြန်တဲ့အခါ (idioms) ဓလေ့သုံးစကားများကို ကောင်းစွာသိရှိနားလည်ဖို့လိုပါတယ်။ (Burmese idioms ) ဗမာ့ဓလေ့သုံး စကားနဲ့ (English idioms ) အင်္ဂလိပ်ဓလေ့သုံးစကားဟာ တစ်ခုနဲ့တစ်ခု မတူကြပါ။ `ကျွန်တော် စာမေးပွဲထိုင် မလို့´ ရယ်လို တစ်ချို့ကျောင်းသားတွေ ပြောလေ့ရှိကြပါတယ်။ ဒီစကားစာ မှားတာပါပဲ။ အင်္ဂလိပ်လိုတော့ ( I am  going to sit examination) လို့ဆိုရင် မှန်ပါတယ်။ မြန်မာ့ ဓလေ့သုံးစကားအတိုင်းဆိုရင်တော့ `ကျွန်တော် စာမေးပွဲဝင်မလို့´ သို့မဟုတ် `ကျွန်တော် စာမေးပွဲဖြေမလို့´ ဟု ဆိုမှသာ မှန်ပါလိမ့်မယ်။

ဘာသာပြန်တဲ့အခါ ကိုယ့်ကိုယ်ကို စာကြည့်သူအနေနဲ့ ထားရပါတယ်။ ခုနှစ်တန်း ရှစ်တန်း ကိုးတန်း ကျောင်းသားများ နားလည်အောင် ရှင်းလင်းပြတ်သားစွာ ရေးရပေလိမ့်မယ်။ `ဌာနာဌာနကောသလ္လ´ ဆိုသလို စကားကို သူ့နေရာနဲ့သူ နေသားတကျ ရေးသား သုံးစွဲသင့်ပေတယ်။ ဒီလိုရေးစွမ်းနိုင်ဖို့အတွက် စကားပရိယာယ် ကောင်းကောင်းကြီး ကြွယ်ဖို့လိုပါတယ်။ အဲဒီအတွက် မြန်မာစာတွေကို မလွတ်တမ်းဖတ်ပေးရပါလိမ့်မယ်။

အထူးသဖြင့် ဦးပုညရဲ့ အရေးအသားတွေကို ဖတ်ဖို့ ကောင်းတယ်လို့ ထင်ပါတယ်။ နှစ်ခေါက် သုံးခေါက်လောက်ဖတ်လိုက်ရင် ကိုယ်ပိုင် မြန်မာစကားလုံး အရေအတွက် သိသိသာသာ ကြီး တိုးတက်လာတာကို မုချတွေ့ရမယ့်အပြင် ( Coined words) သမာသ်နာမ်ဖွဲ့ယူပုံကိုလဲ တက်ကျွမ်းနားလည်လာပါလိမ့်မယ်။ အခုလို အကြံပေးရခြင်းမှာ ဦးပုညရဲ့ စာဟန်စာသွား လေယူလေသိမ်းတွေကို အတုယူဖို့အတွက် ရည်ညွှန်းခြင်း မဟုတ်ပါ။

 

(Choice of words) စကားလုံးရွေးချယ်သုံးနှုန်းခြင်းနဲ့ (Coined words) သမာသ်နာမ်ဖွဲ့စည်း တီထွင်ခြင်းတို့မှာ နည်းမှီ စံနစ်ပြုရန်နဲ့ အတုမြင် အတက်သင်ရန် အတွက်သာ ရည်ညွှန်းခြင်း ဖြစ်ပါတယ်။ (Beginning of English History) ဆိုတဲ့ `အင်္ဂလိပ် ရာဇ၀င်၏ မူလအစ´ ကို ဘာသာပြန်တုန်းက (Feudalism) နဲ့ အဓိပ္ပာယ်တူ မြန်မာစကားလုံးကို ရှာတဲ့အခါ ဦးပုည ၀တ္ထုပေါင်း ချုပ်ဟာ ကျွန်တော့်ကို အတော်ပဲ ကျေးဇူးပြုခဲ့ပါတယ်။ ဆဒ္ဒန်ဆင်မင်း ၀တ္ထုထဲမှာ

`နှစ်ယောက်စလုံး၊ တပြုံးပြုံးနှင့် အသုံးကံကျွေး၊ ငါးရွာစားပေးပြီးလျှင်၊ ကျေးဇူးရှင်မ၊ သူကိုယ်တိုင်လမ်းပြ၍၊ ဘုန်းဘုရာ့စွယ်တော်ကို၊ အဖြတ်ကျွန်တော် ရောက်ပါသည်´

လို့ဖတ်ဖူး မှတ်ဖူးတာကို နည်းမှီ စံပြုပြီး (Feudalism) ကို အမှုထမ်း အရာထမ်းများအား ကံကျွေးချခြင်းရယ်လို ဘာသာပြန်ခဲ့ရ ပါတယ်။

ဒါ့ကြောင့် အချို့မြန်မာစာတွေကို ရှေးရေးစာ ဖြစ်လေပြီကောရယ်လို့ အကြောင်းမဲ့သက်သက် တယူသန်နဲ့ ပစ်ပယ်ဖို့ မဟုတ်ပါ။ ရှေးစာဖြစ်တဲ့ အတွက်ကြောင့်သာ ညံ့တော့တယ်။ ခေတ်စာ ဖြစ်တဲ့အတွက်ကြောင့်သာ ကောင်းတော့တယ်လို့ တဖက်သတ် မထင်မှတ်အပ်ပါ။

 

လွှတ်တော်မှတ်တမ်း၊ ဆေးကျမ်း၊ အရေးတော်ပုံနှင့် ရာဇ၀င် အစရှိတဲ့ ကျမ်းတွေကိုလဲ ဖတ်ပေးဖို့ ကောင်းလှပါသေးတယ်။ လုံးရေနည်းနည်းနဲ့ အဓိပ္ပာယ် အင်မတန် ခရီးရောက်ပြီး ပြောဆိုရွတ်ဖတ်လို့ လွယ်ကူတဲ့ သမာသ်ပုဒ် တွေ အများအပြား နည်းယူစာရတွေ့ရပါလိမ့်မယ်။ တချို့စကားတွေဟာ တကယ်ကောင်းပေမဲ့ ခုခေတ်မှာတော့ လူသိနည်းတဲ့ အတွက် ၀မ်းနည်းစရာ တမ်ကော ပပျောက်လုမတက် ရှိနေကြပါတယ်။ `ပုံစံပြရမယ်ဆိုရင် လွှတ်တော်မှတ်တမ်းထဲမှာ `ကြီးရိုး´ `စီးရိုး´ ဆိုတဲ့ စကားဟာ `သူကြီးရိုးရာ´၊ `မြင်းစီးရိုးရာ´ ကို ဆိုလိုတာမို့ တိုတိုနဲ့ အဓိပ္ပာယ် ခရီးရောက်တဲ့အတွက် အဲဒီစကားမျိုး ကို ခုခေတ်ပြန်သုံးဖို့ ကောင်းလှပါတယ်။ ဒါမျိုး အတုယူပြီးတော့လဲ တိုတိုနဲ့ အဓိပ္ပာယ်ပေါ်လွင်မယ့် တခြား သမာသ်ပုဒ်တွေကို တီထွင်ပေးသင့်ပါသေးတယ်။

 

နောက်ပြီး တစ်ခုက မြန်မာစကားဟာ (Monosyllabic Language) လုံးချင်းဘာသာစကားဖြစ်လို့ စကားတိုင်းမှာ သီးသန့် အဓိပ္ပာယ် တစ်ခုစီ ရှိပါတယ်။ မြန်မာစာကို မပြတ်လေ့လာဆည်းပူးရင်း စကားတစ်လုံးစီရဲ့ သီးသန့်အဓိပ္ပာယ်ကို တိတိကျကျ သိခွင့်ရလာပါလိမ့်မယ်။ ဒီလိုတိတိကျကျ သိမှလဲ သူများနားလည်အောင် ပြတ်ပြတ်သားသား ရေးနိုင်လာပါလိမ့်မယ်။ ပုံစံပြရမယ်ဆိုရင် စာဆိုကျော် ရှင်မဟာရဌသာရရဲ့ `ပုရေနိသင်´ ချီရတုမှာ

`ချစ်စ ထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်တွဲ၊ သန်လွဲမခန့်၊ အသန်စွန့်၍၊ ဝေးဓွန့်ခရီး၊ ချုံကြီးတောစုံ၊ ၀ါးရုံဝါးစေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်။´

လို့စပ်ဆိုရာမှာ `သန်ကောင်´ ရင်းမြစ် အဓိပ္ပာယ်ကို တိတိကျကျမသိသူများက `သန်းခေါင်´ မှသာ မှန်တယ်ဆိုပြီး ရှင်မဟာရဌသာရရဲ့စာကို ပြင်ကြပါတယ်။ `တစ်ရက်မှ တစ်ရက်သို ကူးသန်းရွှေ့ပြောင်းသွားတဲ့အခေါင်အဖျားကာလ´ ရယ်လို့ အဓိပ္ပာယ် အကျယ်ပေးကြပြန်ပါတယ်။ စင်စစ် `သန်ကောင်´ ဆိုတဲ့စကားက မူရင်းဖြစ်ပြီး ရှေးပိုကျပါတယ်။ ဒီစကားဟာ တိဗက်ဘာသာ * Tsan-gun ဆိုတဲ့ စကားနဲ့ အတူတူဖြစ်တာမို့ အဓိပ္ပာယ် အစ်အမှန်အားဖြင့် `ညဥ့်လယ်´၊ `ညဉ်ဗဟို´ လို့ ထွက်ပါတယ်။ သူ့စကားနဲ့ သူ့အဓိပ္ပာယ်ဟာ ရှင်းနေတာမို့ ယုတ္တိတန်တယ်လို့ ယုံကြည်ရန်ဖြစ်ပါတယ်။ အဲဒီတော့ ဒီစကားရဲ့ ယုတ္တိတန်တဲ့ အဓိပ္ပာယ်ကို ဒီလိုတိတိကျကျသိရခြင်းအားဖြင့် `၀ါခေါင်´၊ `ရေလယ်ခေါင်´ တို့ရဲ့ အဓိပ္ပာယ်တွေကို ကြံဆသိသာ နိုင်တဲ့အပြင် `ညဥ့်သန်ခေါင်´ ဆိုတဲ့စကားမှာ `ညဥ့်´ မပါဘဲ အဓိပ္ပာယ်ပြည့်ဝနိုင်ကြောင်း သိသာရန် ဖြစ်ပါသေးတယ်။

`သန်ကောင်´ က `သန်ခေါင်´ သို့ အရေးအသား ပြောင်းလာတာကတော့ အသံနဲ့ဝေါဟာရ ပြောင်းထုံးနည်းစနစ်အရသာ ဖြစ်ပါတယ်။ တစ်ရက်မှ တစ်ရက်သို့ ကူးသန်းရွှေ့ပြောင်းတဲ့ အခေါင်အဖျားကာလဆိုတဲ့ အဓိပ္ပာယ်အရ မဟုတ်ပါ။ ဒါတွေကို ခုလို ကျွန်တော် အစီရင်ခံရခြင်းမှာ (Philology) ဝေါဟာရဗေဒနဲ့ (Phonetics) ၀ါစဿရဗေဒကို အဓိကထားကာ ဘာသာပြန် သူများအား လိုက်စားစေလိုတဲ့ အတွက်ကြောင့် မဟုတ်ပါ။ စကားလုံးရဲ့ တိကျတဲ့ အဓိပ္ပာယ်ကို သိစေမှု သမာသ်ပုဒ်တွေ ဖွဲ့စွမ်းနိုင်စေမှုကိုသာ ရည်မှန်းရှေးရှုခြင်း ဖြစ်ပါတယ်။

နောက်ပြီး လူသုံးများတဲ့ စကားလေးသုံးလုံးကို ပုံစံတင်ပြီးပြောရရင် `လှ၊ ချော၊ ယဉ်´ ဆိုတာဟာ တစ်ခုနဲ့ တစ်ခု အဓိပ္ပာယ် တူပါသလား။ ဒါမှမဟုတ်ရင် ကွဲပြားခြားနားပါသလား။ ကွဲပြားခြားနားခဲ့ရင် ဘယ်လိုကွဲပြားလို့ ဘယ်လိုခြားနားပါသလဲ စသည်ဖြင့် သေသေချာချာ စဉ်းစားကြည့်ရင် ထင်သလောက်မလွယ်ကူတာကိုတွေ့ရပါလိမ့်မယ်။

 

ဝတ္ထုတွေထဲမှာ `လှတစ်မျက်နှာ၊ ယဉ်တစ်ကိုယ်လုံး´ ရယ်လို့တော့ဖြင့် ခဏခဏသုံးစွဲထားတာကို တွေ့ရတက်ပါတယ်။ အဲဒီစကားသုံးအရ မျက်နှာလှပြီး ကိုယ်ဟန်ပုံပန်းအချိုးအစား မကျသူကို လှတယ်လို့ ဆိုရတော့မလို တစ်ကိုယ်လုံးလှသူကို ယဉ်တယ်လို့ ဆိုရတော့ မလိုကျတဲ့အတွက် သဘောယုတ္တိ မတန်အောင်ရှိနေပါတယ်။ တကယ်ဆိုတော့ `လှတာ´ ဟာ ပကတိမျက်စိအမြင် (တနည်း) စက္ခုအာရုံနဲ့ဆိုင်ပါတယ်။ ဒါ့ကြောင့် ကြည့်ကောင်းတာဟာ လှတာပါပဲ။ ရုပ်ဆင်းသွင်ပြင် တင့်တယ်ခြင်း သွင်ပြင်ဆင်းရောင် ကောင်းမွန်ခြင်းပါပဲ။ အနုစိတ် အဓိပ္ပာယ်ကတော့ ပုံပန်းနှင့် အဆင်းအရောင် နှစ်မျိုးလုံးပင် ကြည့်ကောင်းရမယ်လို့ ဆိုလိုခြင်းပါပဲ။ `ချောတာ´ ကတော့ အပြင်မျက်နှာပန်းရဲ့ ပြေပြစ်မှု မွတ်ညက်မှုကို ဆိုလိုတာပါ။ ပက္ခစကားကတော့ ကြမ်းတာပါပဲ။ `ယဉ်တာ´ ကတော့ (Action) အမူအရာနဲ့ဆိုင်ပါတယ်။ `သိမ်မွေ့နူးညံ့တာ´ ကို ဆိုလိုပါတယ်။ ပက္ခစကားကတော့ `ရိုင်းတာ´ ဖြစ်ပါတယ်။ ဦးပုညရေးခဲ့တဲ့

`ထွတ်ထွတ်ကလေး လှတယ်လို့၊ ရွရွကလေးရယ်တဲ့ လှမ်းတဲ့မေ။ ညက်ညက်သာ ချောတော့၊ မနော ကြည်ကြည်တင့်၊ ကျမ်းနှင့်မသွေ။ ။မြင်မြင်သူ မြင်တဲ့ခိုက်၊ ကြိုက်လို့ပဲ သေသေ၊ ယဉ်ပေစွ ကြော့ကြော့ဆုံး။ ။လှလှရဲ့ လှလှရဲ့ လှခေါင်၊ မြိတ်လွတ် ကယ် ပြေယောင်နဲ့၊ ပိတုန်းတော် ကေကေနွဲ့ကို ပန်းထဲ့လို့ထုံး´

ဆိုတဲ့ လေးချိုးကိုဖြစ်စေ၊ ရတုစာဆို ဘုရင် နတ်ရှင်နောင်ရဲ့

`တင့်လှပေဟန်၊ ဘက်မရန်တည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့၊ ပြာပြာလတ်လတ်၊ မွတ်မွတ်ညက်ညက်၊ ရွှန်းရွှန်းစက်မျှ၊ ၀င်းလက်ရောက်ရွှေ၊ အခေါင်ပေတည့်´

ဆိုတဲ့ ရူပကလျာဘွဲ့ကိုဖြစ်စေ သေချာစွာ လေ့လာကြည့်ရှု့ရင် ကျွန်တော်အထက်က အစီရင်ခံခဲ့တဲ့ အဓိပ္ပာယ်တွေ မှန်ကန် ကြောင်း သိသာပါလိမ့်မယ်။ ဒါ့ကြောင့် ဒီလိုတိကျတဲ့ အဓိပ္ပာယ်ကို သိစေဖို့အတွက် မြန်မာစာကို များများကြီး လေ့လာပေးဖို့ရန် ထပ်လောင်းတိုက်တွန်းလိုပါတယ်။

 

နောက်ပြီးတစ်ခါ ဘာသာပြန်ပုံ နည်းစနစ်နဲ့ ပက်သက်ပြီး စဉ်းစားလိုက်မယ်ဆိုရင်

(၁) မူလစာကိုယ်အတိုင်း လုံးချင်းပြန်မလား။

(၂) မူလစာကိုယ်ကို အားလုံးခြုံပြီး ပြန်မလား။

(၃) မူလစာကိုယ်ကို အင်္ဂလိပ်ဘာသာနဲ့ ဖတ်၍ သိနားလည်တဲ့ အဓိပ္ပာယ်နဲ့ မြန်မာဘာသာပြန်ကို ဖတ်၍သိနားလည်တဲ့

အဓိပ္ပာယ်ချင်းတူအောင် ပြန်မလား။

ဆိုတဲ့ ပြဿနာတွေ ပေါ်လာပါတယ်။ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာဟာ ကံ ကတ္တား ကစလို့ ၀ါကျဖွဲ့ပုံချင်း မတူတဲ့အတွက် လုံးချင်းပြန်ဖို့ သင့်မယ်မထင်မိပါ။ အကယ်၍ အားလုံးခြုံပြီး ပြန်ပြန်ရင်လဲ မူလစာရေးသူရဲ့ စိတ်ကူးစိတ်သန်းအချို့အ၀က်ဟာ လစ်ဟင်းကြွင်းကျန် နေရစ်တတ်ပါတယ်။ အမှန်မှာ မူလစာရေးသူရဲ့ စိတ်ကူးစိတ်သန်းနဲ့ စကားအိမ်ဖွဲ့ပုံတွေဟာ အလွန်အရေး ကြီးလှပါတယ်။ ဒါ့ကြောင့် အားလုံးခြုံပြီး ပြန်ဆိုခြင်းဟာ မသင့်လှပေဘူးလို့ ဆိုရခြင်းဖြစ်ပါတယ်။

 

တတိယအချက်ဖြစ်တဲ့ အင်္ဂလိပ်လို ဖတ်တဲ့အခါ သိရှိနားလည်တာချင်းဟာ ထပ်တူထပ်မျှ ဖြစ်လေအောင် မြန်မာဝါကျ စစ်စစ်ကိုသုံးပြီး ပြန်မယ်ဆိုရင် စာအရသာချင်း တူညီမှာမို့ သင့်မြတ်ပေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဒီမျှသာမကသေးပါ။ စာဖတ်ပရိတ်သတ်များအခက်တွေ့ မယ်နေရာတိုင်းမှာ ရှင်းတမ်းနဲ့ မှတ်ချက်ကလေးများထည့်ပေးမယ်ဆိုရင် ပိုမိုကောင်းမွန်မယ်လို့ သဘောရမိပါတယ်။ ဒါနဲ့စပ်လျဉ်း ပြီး ကျွန်တော်ပြန်ဆိုခဲ့တဲ့ အောက်ပါကောက်နုတ်ချက် နမူနာကလေးကို တင်ပြလိုပါတယ်။

ဗြိတိသျှရာဇ၀င်မှ ကောက်နုတ်ချက်

(a) Political Situation.

When Queen Anne died without children in 1974, the English people were left to choose between two possible rulers. On the one hand, there was Queen Anne's young half-brother, 'The Pretender' as he was called. If strict hereditary succession had been the rule in England, he would have come to the throne, and a large section of the Tory Party, who believed in the Devine Right of King. Parliament however, had the sole right to determine the succession, and even the Tories had helped to pass the Act of Settlement (1701) which debarred James Edward from becoming King of England.

(က) နိုင်ငံရေးအခြေအနေ

၁၇၁၄  ခုနှစ်တွင် `အင်-န်´ ဘုရင်မသည် သားထောက်သမီးခံ ကင်းမဲ့စွာဖြင့် ကွယ်လွန်သောအခါ အင်္ဂလိပ်လူမျိုးတို့မှာ မင်းအဖြစ် ဆက်ခံနိုင်အံသူ နှစ်ဦးအနက် တစ်ဦးဦးကို ရွေးချယ်တင်မြှောက်ရန်သာ လမ်းရှိတော့သည်။ ထိုနှစ်ဦးအနက် တစ်ဦးသည်ကား `အင်-န်´ ဘုရင်မနှင့် အဖေတူ အမေကွဲ မောင်တော်စပ်သူ `ဂျိမ်းစ် အက်ဒွပ်´ ဖြစ်၍ `ပရီတင်းဒါး´၁ ဟူ၍လည်း ခေါ်တွင်ကြသေး၏။ အကယ်၍ အင်္ဂလန်ပြည်၏ ထီးနန်းဆက်ခံရေး၌ ရိုးရာကိုသာ အထူးတလည် အခြေခံထားကာ လိုက်နာခဲ့ပါ မူ ထိုသူသည်ပင် ထီနန်းဆက်ခံရန် အကြောင်းရှိပေသည်။ `တိုးရီးပါတီ´ ၂ ၀င်အများစုကလည်း `ဒီဗိုင်းရိုက်´၃ ဟူသော

ဝါဒကို ယုံကြည်သူများဖြစ်၍ ထိုမင်းသား ဘုရင်ဖြစ်သည်ကို ရှုစိတ်ကြလေမည်ပင်။

သို့ပါသော် `ပါလီမန်´ သာလျှင် ထီနန်းဆက်ခံရေးနှင့် စပ်လျဉ်းသော ပြဿနာကို လုံးဝဆုံးဖြတ်ပိုင်ခွင့်ရှိနေသည့်အပြင် `ပါလီမန်´ သည် ၁၇၀၁ ခုနှစ်တွင် `ထီးနန်းဆက်ခံရေးဥပဒေ´ ကို ပြုလုပ်ခဲ့စဉ်က `တိုးရီး´ တို့ပင် ကောင်းစွာကူညီခဲ့လေသည်။ ထိုဥပဒေအရ `ဂျိမ်းစ်အက်ဒွပ်´ မှာ ဘုရင်ဖြစ်ဖို့ရန် လမ်းပိတ်လျက် ရှိနေတော့၏။

 

နောက်ထပ် အစီရင်ခံချင်တာကတော့ မြန်မာဘာသာဟာ ဝေါဟာရ မကြွယ်ဝလို့ ထင်သလို ရေးသားဖော်ပြလို့ မဖြစ်နိုင်ဘူးဆိုပြီး အထင်သေး လက်လျှော့ကာ ညည်းညူသံကို ခဏခဏပင်ကြားရပါတယ်။

မှတ်ချက်

၁ `ပရီတင်းဒါး´ ဆိုသည်မှာ မြန်မာဘာသာအားဖြင့် ထီးနန်းရပိုင်သည်ဟု တောင်းဆိုသူ´ ဟူ၍ အဓိပ္ပာယ်ရသည်။

၂ `တိုးရီးပါတီ´ နှင့်ပက်သက်၍ အခန်း (၁) နောက်ဆက်တွဲတွင် အကျယ်ဖော်ပြထားသည်။ ဤနေရာ၌ ကျယ်လွန်းအံ့စိုး၍       ချန်ခဲ့သည်။

၃ `ဒီဗိုင်းရိုက်´ ဟူသည်မှာ ထာဝရဘုရားက ဘုရင်များအား ပေးထားသည်ဟုဆိုသော တိုင်းပြည်စိုးပိုင်ခွင့်ကိုဆိုလိုသည်။ ယင်းသို့ မင်းအဖြစ်ကို ထာဝရဘုရားက ပေးထားသည်ဖြစ်ရာ ဘုရင်အား မင်းအဖြစ်မှ မည်သည့်နည်းနှင့်မှ တိုင်းသူ ပြည်သားများက မလျှောချပိုင်ဟု ယူဆခြင်းဖြစ်လေသည်။

 

နောက်ထပ် အစီရင်ခံချင်တာ တစ်ခုကတော့ မြန်မာဘာသာဟာ ဝေဟာရ မကြွယ်ဝလို့ဆိုပြီး အထင်သေးကာ လက်လျှော့ညည်းညူသံကို ခဏခဏပင်ကြားရပါတယ်။ စင်စစ် သိမ်မွေ့နက်နဲတဲ့ သဘောတရားတွေကို သဘောပေါက်သိနားလည်အောင် မြန်မာစာနဲ့ဘဲ ရေးသားခဲ့တာ တွေကို ထောက်ချင့်ကြည့်မယ်ဆိုရင် နဲနဲကလေးမျှ အထင်သေး လက်လျှော့စရာမဟုတ်ပါ။ `တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း´ ဆိုတာမျိုးလို ထူးခြားချက်ဟာ ဘာသာတိုင်းမှာ ရှိစမြဲဖြစ်ပါတယ်။ ဂျာမန်ဘာသာမှာ လောကဓာတ် ပညာနဲ့ စပ်ဆိုင်တဲ့စကားလုံးတွေဟာ အခြားအခြား ဘာသာတွေမှာထက် များသလို မြန်မာဘာသာမှာလဲ (Numeral Adjective) ဇာတိသင်္ချာပစ္စည်း စကားတွေဟာ အခြားဘာသာ တွေမှာထက် ထူးထူးကဲကဲ ပေါများလှပါတယ်။ ဥဒဟာရုဏ်ပြရပါရင် ဘုရားတစ်ဆူ၊ ဘုန်းကြီးတစ်ပါး၊ လူတစ်ယောက်၊ ဆင်တစ်စီး၊ ခွေးတစ် ကောင်၊ တောင်းတစ်လုံး အိမ်တစ်ဆောင်၊ မီးတစ်ပြောင်၊ လှေတစ်စင်း၊ သစ်တစ်ပင်၊ တုတ်တစ်ချောင်း၊ ဆေးတစ်လက်၊ ပိုက်ဆံတစ်ပြား စသည်များဖြစ်ပါတယ်။

 

ဒီတော့ `မြန်မာဘာသာမှာ ဝေါဟာရကြွယ်တယ် မကြွယ်ဘူး´ ဆိုတာဟာ သက်ဆိုင်ရာ ဘာသာပြန်သူ စာကုံးသူ တို့ရဲ့ အသိဥာဏ်ပညာ ဗဟုသုတနဲ့ ကြိုးပမ်းမှု အပေါ်မှာသာ အဓိကတည်နေပါတယ်လို့ ယုံကြည်ချင်သလိုရှိပါတော့တယ်။ ဘာပြုလို့လဲဆို တော့ စကားဝေါဟာရဆိုတာဟာ ပရမတ်သဘောမဟုတ်ဘဲ `ပညတ်´ သဘော သက်သက်မျှသာဖြစ်တဲ့အတွက် `တွင်´ အောင် လုပ်ဖို့ရန် များစွာ မခဲယဉ်းလှပါ။ `တွင်´ တာနဲ့ တစ်ပြိုင်နက် ဝေါဟာရ ဦးရေဟာ ပွားများတိုးတက်လာတော့တာပါပဲ။ လူတို့ရဲ့ယဉ်ကျေးမှုလင်းရောင်ခြည် လေးထွက်ပြူစ ခေတ်အခါက မြန်မာစကား ဝေါဟာရတွေဟာ ခုခေတ်မှာလောက်တော့ များပြားလှတာ မဟုတ်ပါ။

 

သူ့ခေတ်နဲ့သူ တီထွင်လာခဲ့ ကြတဲ့ ဘေး ဘိုး စဉ်ဆက်တို့ရဲ့ ဂုဏ်ကျေးဇူးကြောင့် ဒီလောက်များပြား ကျယ်ဝန်းတဲ့ ဝေါဟာရတွေကို ကျွန်တော်များ အမွေခံလိုက်ရပြီးဖြစ် ရာ ခုဒီခေတ်ရောက်ကာမှ ဝေါဟာရနယ်ချဲ့မှုကို မကြိုးပမ်းပါဘဲ စကားမကြွယ်ဘူး မလုံလောက်ဘူးဆိုပြီး ညည်းညူလက်လျှော့နေမယ်ဆိုရင် ရှေးသူဟောင်းတို့ရဲ့ ဂုဏ်ကျေးဇူးကိုပင် မထောက်ထားရာ ကျရောက်နေပါလိမ့်မယ်။

 

ဒါ့ကြောင့် ကျွန်တော်ယုံကြည်ချက်ကို အချုပ်အားဖြင့် အတိအလင်းအစီရင်ခံရပါရင် `မြန်မာဘာသာဟာ ဝေါဟာရ နယ်ချဲ့သူအတွက် စကားလုံးကြွယ်ဝတဲ့ဘာသာ၊ ဝေါဟာရ နယ်မချဲ့သူ အတွက် စကားလုံး မကြွယ်ဝတဲ့ ဘာသာ´ အမြဲ ဖြစ်နေပေလိမ့်မယ်လို့ နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ဆိုချင်ပါတော့တယ်ခင်ဗျား။

 

ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခဟောင်း ဦးအေးမောင် (၁၉၀၅-၁၉၈၅) ရဲ့ တင်ပြချက် ဖြစ်ပါသည်။

thida win

unread,
May 5, 2011, 6:32:21 AM5/5/11
to travel...@googlegroups.com
Hey !! Bro !! Thanks you so much for this article . I got knowledge
about how to translate - it's enlighten me :))) thanks you so for it
:))) Cause I wanna do translate a small broucher about the meditation
that's some body asking me to do it . I was a bit frustrated cause I
don't know much about the translation.This article is like the lesson
for me - thanks again for it .

Best Regards

Thi Da Win

On 5/3/11, Thomas Latt <thomas...@gmail.com> wrote:
> မြန်မာစာ ပါမောက္ခဦးဧမောင် ရဲ့ ဘာသာပြန်နည်း အယူအဆ

> <http://www.maukkha.org/index.php?option=com_content&view=article&id=1582:2011-05-02-09-15-50&catid=91:opinion&Itemid=359>


> Monday, 02 May 2011 09:00 ပါမောက္ခ ဦးဧမောင်
> [image:

> E-mail]<http://www.maukkha.org/index.php?option=com_mailto&tmpl=component&link=aHR0cDovL3d3dy5tYXVra2hhLm9yZy9pbmRleC5waHA/b3B0aW9uPWNvbV9jb250ZW50JnZpZXc9YXJ0aWNsZSZpZD0xNTgyOjIwMTEtMDUtMDItMDktMTUtNTAmY2F0aWQ9OTE6b3BpbmlvbiZJdGVtaWQ9MzU5>
> [image:
> Print]<http://www.maukkha.org/index.php?view=article&catid=91%3Aopinion&id=1582%3A2011-05-02-09-15-50&tmpl=component&print=1&layout=default&page=&option=com_content&Itemid=359>
> [image:
> PDF]<http://www.maukkha.org/index.php?view=article&catid=91%3Aopinion&id=1582%3A2011-05-02-09-15-50&format=pdf&option=com_content&Itemid=359>


>
>
>
> ဘာသာပြန်စာပေအသင်းမှာ ယခုလို လာရောက်ဟောပြောခွင့် ရတဲ့အတွက် များစွာဝမ်း
> မြောက်ပါတယ်။ ကျွန်တော် ကိုယ်တိုင် ဘာသာပြန်ကိစ္စမှာ ၀ါသနာ ပါခဲ့ပါတယ်။ ဘာသာပြန်
> ကိစ္စဟာ နိုင်ငံတစ်နိုင်ငံရဲ့
>
> ကြီးပွားရေး အတွက် များစွာအရေးကြီးပါတယ်။ မြန်မာစာပေကြီးပွား တိုးတက်စေရန်
> ကမ္ဘာ့စာပေ ကမ္ဘာ့စိတ်ကူးစိတ်သန်း များကို မြန်မာ ဖြစ်နိုင်သရွေ့ဖြစ်အောင်
> ဖန်တီးပြုစုပေးဖို့ လိုပါတယ်။
>
>
>
> ဘာသာစကားတစ်ခုမှ ဘာသာစကားတစ်ခုသို့ ကူးပြောင်းပြန်ဆိုမှုနှင့် စပ်လျဉ်းပြီး
> တွေးရှုလိုက်မယ်ဆိုရင် (tion) ရှင်းသုံးရှင်း ရှိကြောင်း သိထားစေလိုပါတယ်။
>
> အဲဒီရှင်းသုံး ရှင်းကတော့
>
> (၁) Translation ဘာသာပြန်ခြင်း။
>

> (၂) Adoption လူမျိုးခြား စိတ်ကူးနှင့် စကားများကို တိုက်ရိုက် မွေးစားယူခြင်း။
> ပုံစံပြရ မယ်ဆိုရင် (Democracy) ကို ဒီမိုကရေစီဝါဒ၊ (Socialism) ကို
> ဆိုရှယ်လစ်ဝါဒ၊ (Communism) ကို ကွန်မြူနစ်ဝါဒ စသည်ဖြင့် မြန်မာဘာသာထဲမှ
> တိုက်ရိုက် မွေးစား ယူထားတာတွေကို တွေ့နိုင်ပါတယ်။
>
> (၃) Adaptation ဆီလျော်အောင် ပြန်ဆိုရေးသားခြင်း။ ပုံစံပြရမယ်ဆိုရင် ရွှေဥဒေါင်း
> ရေး `ရူပနန္ဒီ´ (She) နှင့် စုံထောက် မောင်စံရှား ( Sherlock Holmes)
> တို့ဖြစ်ပါတယ်။
>
>
>
> ယနေ့ ဟောပြောရမှာကတော့ ( Translation) ဘာသာပြန် အကြောင်းပါပဲ။
> ဘာသာပြန်သူများအတွက် ရှိနှင့်ပြီးဖြစ်တဲ့ (John's O' London) `လန်ဒန်က ဂျွန်´
> ခေါ် အင်္ဂလိပ် မဂ္ဂဇင်း ထဲမှာ ဖော်ပြထားတဲ့ (Ten Commandments ) ပညတ်ချက် ဆယ်ပါးဟာ
> အလွန်ကောင်းပါတယ်။ သို့ပေမဲ့ ဒါတွေကို အကျယ် မချဲ့လိုတော့ပါ။ ကျွန်တော်လက်တွေ့
> ဆည်းပူး ရရှိခဲ့တဲ့ အချက် များကိုသာ ဖောက်သည်ပေးလိုပါတယ်။
>
> ဘာသာပြန်မှုနဲ့ပက်သက်ပြီး အကျဉ်းချုပ်ပြောရရင် ဘာသာပြန်သူများဟာ
> အောက်ပါအချက်သုံးချက်နဲ့ ပြည့်စုံသင့်တယ်လို့ ထင်မြင်မိ ပါတယ်။
>

> *(၁) ပြန်ဆိုမည့် ဘာသာခြား စကားကို ကျွမ်းကျင်ရပေမယ်။*
>
> *(၂) ပြန်ဆိုမည့် ပညာရပ်အကြောင်းကို အတော်အတန် ခေါက်မိရပေမယ်။*
>
> *(၃) မိမိပြန်ဆိုရေးသားမည့် ဘာသာရင်း (စကား) ကို အထူးတက်ကျွမ်းရပေမယ်။*


>
> ဒီသုံးချက်ကို အနည်းငယ်ထပ်ပြီး ရှင်းလင်းပြလိုပါသေးတယ်။
>
>
>
> ပထမအချက်ဖြစ်တဲ့ ဘာသာခြားစကားကို ကျွမ်းကျင်ရမယ်ဆိုတာကိုတော့ ထင်ရှား
> သိသာပါတယ်။ ဘာပြုလို့လဲဆိုတော့ ဘာသာခြားစကားကို ကိုယ်တိုင် တက်ကျွမ်းမှသာ
> ဘာသာပြန်နိုင်ပေမယ်။ မတက်ကျွမ်းပါက ပြန်ဆိုနိုင်မည် မဟုတ်ပါ။ ရှေးဦးစွာ
> ကိုယ်တိုင်က နားလည်ပြီး သဘောပေါက်ဖို့ အရေးကြီးပါတယ်။ မိမိကိုယ်တိုင်က
> ဘာသာခြားစကားကို မတတ်မသိရင် တခြားလူကို ဘယ်နည်းနဲ့မှ ကျကျနန ပြန်ပြောနိုင်မယ်
> မဟုတ်ပါ။ ဘာသာခြား စကားကို မဆိုထားနဲ့ ကိုယ့်ဘာသာစကားကိုပင် ကိုယ်တိုင်နားမလည်
> မတတ်ကျွမ်းရင် သူများကို ရှင်းရှင်းလင်းလင်း တိတိကျကျ ပြန်ပြောဖို့ ခက်လှပါတယ်။
>

> ဒါကြောင့် *စာအုပ်တစ် အုပ်ကို ဘာသာပြန်တော့မယ်ဆိုရင် ပထမဦးစွာ


> ကိုယ်တိုင်နားလည်သဘောပေါက်အောင် အစအဆုံး ဖတ်ကြည့်ပါ။ နောက်တစ်ပုဒ်စီ
> တစ်ကြောင်းစီ ဆန်းစစ် ကြည့်ပါ။ အဲဒီတော့မှ သူများ နားလည်အောင်

> ပြန်ပြောနိုင်ရေးနိုင်ဖို့ လမ်းရှိပါလိမ့်မယ်။* ဒါကတော့ ကျွန်တော့ ကိုယ်တွေ့

> *ဥဒါဟရုဏ်ကတော့ ဘုရားနဲ့ ပစ္စေကဗုဒ္ဓါကဲ့သို့ပင် ဖြစ်ပါတယ်။ ဘုရားရှင်ဟာ


> ကိုယ်တော်တိုင် သစ္စာလေးပါးကို သိနားလည်သလို သူများကိုလည်း
> ဟောပြောပြသနိုင်ပါတယ်။ ပစ္စေကဗုဒ္ဓါကတော့ သစ္စာလေးပါးကို ကိုယ်တော် တိုင်
> သိနားလည်ပေမဲ့ အခြားသူများကို သဘောပေါက် သိနားလည်ပြီး ကျွတ်တန်းဝင်အောင်

> တဆင့်ပြန် လည် ဟောပြောနိုင်စွမ်းမရှိပါ။*


>
>
>
> ဘာသာပြန်သူများဟာ သူများနားလည်အောင် ပြန်ဆိုရေးသားနိုင်ကြရန်အတွက်
> မြန်မာဘာသာမှာ အတော်ပင်နိုင်နင်း ကျွမ်းကျင်ကြရပေမယ်။ စကားပရိယာယ် (command of
> language) အတော် ကြွယ်ဝရပေမယ်။ ဒီကိစ္စဟာ သိပ်ပြီး မလွယ်ကူလှပါ။ လူများဟာ
> စကားပြောတက်တဲ့ အချိန်ကစပြီး စကားမပြောနိုင်တဲ့အချိန်အထိ မရေမတွက်
> နိုင်လောက်အောင် အကြိမ်ပေါင်း များစွာ ခဏခဏ စကားပြောဆို နေကြပေမဲ့
> ရှေ့နောက်အဆင်သင့်ပြီး လိပ်ပတ်လည်အောင် ပြောတက်သူ ရှားလှပါတယ်။
>
> စကား ပြောတက်သူ ရှားတာထက်ပင် စာကို အဟုတ်တကယ်တမ်း ရေးတက်သူ ပိုမို ရှားပါတယ်။
> `နှုတ်တစ်ရာ စာတစ်လုံး´ ဆိုတဲ့ အတိုင်း နှုတ်နဲ့ပြောရုံနဲ့ မပြီးသေးပါ။
> ကောင်းမွန်တဲ့ စာပေအဖြစ် တာရှည် တည်တံ့အောင် အက္ခရာ ကမ္ဗည်းတင်နိုင် ရေးနိုင်မှ
> တော်လှပြီလို့ ဆိုရပေမယ်။ ရေးနိုင်အောင် တကယ်တမ်း ကြိုးစားမယ်ဆိုရင် ''Where
> there is a will, there is a way'' ဆိုတဲ့ အင်္ဂလိပ်စကားပုံလို `ဆန္ဒရှိက
> နည်းလမ်းရ´ ဆိုတာမျိုးဖြစ်မှာ အမှန်မုချပါပဲ။
>
>
>

> *တနည်းအားဖြင့် စဉ်းစားလိုက်ပြန်တော့လဲ ဘာသာပြန်သူများဟာ အလွန်သနားစရာ


> ကောင်းပါတယ်။ သူတို့ဟာ မောင်း ကြေးနင်းခတ်သူများနဲ့ တူကြပါတယ်။ လူထုပရိတ်သတ်ဟာ
> တရားဟောမဲ့ သူကိုသာ အာရုံပြုပြီး မောင်းသမားများကိုတော့ အာရုံမပြုကြ
> အမှတ်မထားကြပါဘူး။ ဘာသာပြန်သူဟာလည်း ဘာသာပြန်တဲ့အတွက် တယ်ပြီး ထင်ရှားလှတယ်
> မရှိပါဘူး။ မူလရေးသူသာ ကျော်ကြားလေ့ ရှိပါတယ်။ နောက်ပြီးတော့လည်း ဘာသာပြန်သူမှာ
> အချုပ်အချယ် များစွာရှိပါတယ်။ သူ့မှာ မူလ စာကိုယ်ကို ပြင်နိုင်ခွင့်မရှိပါ။
> သူ့စိတ်ကူးကိုလည်း မထည့်သွင်းနိုင်ပါ။ ဘာသာပြန် မတိကျရင်တော့ သူနာမည်

> ပျက်ပါတယ်။ မှန်ကန်တိကျတဲ့ အခါကျတော့ သိပ်မထူးခြားလှပါဘူး။*


>
>
>
> ဘာသာပြန်ဆိုရာမှာ ဗမာ့အသုံးနဲ့ ဘာသာခြား အသုံးမတူတဲ့အတွက် စကားများကို
> ထွင်ယူရပါတယ်။ ကျွန်တော် ဗြိတိသျှရာဇ၀င်ကို ဘာသာပြန်တုန်းက (Century)ဆိုတဲ့
> အင်္ဂလိပ်စကားမှာ တစ်နေလို့ လေး ငါးရက်လောက်ကြာသွားပါတယ်။ နောက်ကြံဆဖန်များတော့
> `ရာစု´ ဆိုတဲ့ စကားကိုရလာပါတယ်။ သို့ပေမဲ့ ဒီလိုအခက်အခဲတွေ့တိုင်းသာ ကာလရက်ရှည်
> ကြာမြင့်နေမယ်ဆိုရင် ဘာသာပြန်လုပ်ငန်းမှာ အများကြီး နှောင့်နှေးလေတော့မှာပဲလို့
> စိုးရိမ်မကင်းဖြစ်လာပါတယ်။
>
> ဒါနဲ့ ဘာသာပြန်တဲ့အခါ ရုတ်တရက်ကြံဆမရတဲ့စကားရပ်အခက်အခဲကို အသားလေးထားပြီး
> ရှေ့ဆက်ကာ တောက်လျှောက် ပြန်ဆို သွားရပါတယ်။ အဲဒီတော့မှ ခရီးတွင်တော့တာကို
> တွေ့ရပါတယ်။ ခက်ခဲတဲ့စကားရပ်ကိုတော့ နေရင်းထိုင်ရင်း သွားရင်း လာရင်း စားရင်း
> သောက်ရင်းဆိုသလို တွေးတောကြံဆယူရပါတယ်။ အထက်ကပြောခဲ့သလိုပဲ ကြံဆဖန် များတော့
> ကိုယ့်စိတ်တိုင်းကျ စကားကို ရလာတာပါပဲ။ ပုံစံပြရမယ်ဆိုရင်
> ဗြိတိသျှရာဇ၀င်ထဲမှာပါတဲ့ To launch an offensive နဲ့ To wage a defensive
> campaign ဆိုနဲ့ အင်္ဂလိပ်စကားရပ် အသီးသီးကို `တိုက်စစ်ပြုသည်´ `ခံစစ်ပြုသည်´
> ရယ်လို့ ဖတ်ဖူး မှတ်ဖူးတဲ့ စာပေတွေကို မှီးပြီး အထက်ကပြောခဲ့တဲ့ နည်းအတိုင်း
> တစ်ဖြည်းဖြည်း တွေးတော့ကြံဆ ယူထားခြင်းပင် ဖြစ်ပါတယ်။
>
>
>

> *မိမိ ဘာသာမှာ ကျွမ်းကျင်ဖို့ အတွက်ကတော့ မြန်မာစာများများ ဖတ်ပေးရပါလိမ့်မယ်။


> ဘာသာပြန်တဲ့အခါ မြန်မာဝါကျ ဖွဲ့ပုံစစ်စစ် ဖြစ်စေရပါမယ်။ တစ်ခါတစ်ရံ
> မြန်မာလူမျိုး ပြန်ဆိုရေးသားထားတဲ့ မြန်မာစာကို မြန်မာဖတ်လို့ နားမလည်တာတွေ
> တွေ့ရှိရပါသေးတယ်။ ကျွန်တော်တို့ ငယ်ငယ်က ဥပဒေ ဘာသာပြန်များကို ဖတ်ပြီး
> နားမလည်ဘူး ဆိုသလိုပါပဲ။ အကောင်းဆုံးကတော့ ဘာသာပြန်ထားတဲ့ စာကို အင်္ဂလိပ်စာ
> တစ်လုံးမှ မတက်သူ တစ်ယောက်ကို အဖတ်ခိုင်း၊ နောက် သူပြန်ပြောတဲ့ အဓိပ္ပာယ် ကို
> အင်္ဂလိပ်လို ပြန်ကြည့် အင်္ဂလိပ်လို လုံးဝမတက်သူ နားလည်တာနဲ့ အင်္ဂလိပ်လိုတက်သူ

> နားလည်တာချင်းတူရင် ဘာသာပြန် ကောင်းဘဲလို့ မှတ်ယူရန် ဖြစ်ပါတယ်။ *

> အရာထမ်းများအား ကံကျွေးချခြင်းရယ်လို ဘာသာပြန်ခဲ့ရ ပါတယ်။* *
>
> *ဒါ့ကြောင့် အချို့မြန်မာစာတွေကို ရှေးရေးစာ ဖြစ်လေပြီကောရယ်လို့


> အကြောင်းမဲ့သက်သက် တယူသန်နဲ့ ပစ်ပယ်ဖို့ မဟုတ်ပါ။ ရှေးစာဖြစ်တဲ့ အတွက်ကြောင့်သာ
> ညံ့တော့တယ်။ ခေတ်စာ ဖြစ်တဲ့အတွက်ကြောင့်သာ ကောင်းတော့တယ်လို့ တဖက်သတ်

> မထင်မှတ်အပ်ပါ။*

> *တတိယအချက်ဖြစ်တဲ့ အင်္ဂလိပ်လို ဖတ်တဲ့အခါ သိရှိနားလည်တာချင်းဟာ ထပ်တူထပ်မျှ


> ဖြစ်လေအောင် မြန်မာဝါကျ စစ်စစ်ကိုသုံးပြီး ပြန်မယ်ဆိုရင် စာအရသာချင်း

> တူညီမှာမို့ သင့်မြတ်ပေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။* ဒီမျှသာမကသေးပါ။

> * *
>
>
>
> *နောက်ထပ် အစီရင်ခံချင်တာ တစ်ခုကတော့ မြန်မာဘာသာဟာ ဝေဟာရ မကြွယ်ဝလို့ဆိုပြီး


> အထင်သေးကာ လက်လျှော့ညည်းညူသံကို ခဏခဏပင်ကြားရပါတယ်။ စင်စစ် သိမ်မွေ့နက်နဲတဲ့
> သဘောတရားတွေကို သဘောပေါက်သိနားလည်အောင် မြန်မာစာနဲ့ဘဲ ရေးသားခဲ့တာ တွေကို
> ထောက်ချင့်ကြည့်မယ်ဆိုရင် နဲနဲကလေးမျှ အထင်သေး လက်လျှော့စရာမဟုတ်ပါ။
> `တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း´ ဆိုတာမျိုးလို ထူးခြားချက်ဟာ

> ဘာသာတိုင်းမှာ ရှိစမြဲဖြစ်ပါတယ်။* *ဂျာမန်ဘာသာမှာ လောကဓာတ် ပညာနဲ့


> စပ်ဆိုင်တဲ့စကားလုံးတွေဟာ အခြားအခြား ဘာသာတွေမှာထက် များသလို မြန်မာဘာသာမှာလဲ
> (Numeral Adjective) ဇာတိသင်္ချာပစ္စည်း စကားတွေဟာ အခြားဘာသာ တွေမှာထက် ထူးထူးကဲကဲ
> ပေါများလှပါတယ်။ ဥဒဟာရုဏ်ပြရပါရင် ဘုရားတစ်ဆူ၊ ဘုန်းကြီးတစ်ပါး၊ လူတစ်ယောက်၊
> ဆင်တစ်စီး၊ ခွေးတစ် ကောင်၊ တောင်းတစ်လုံး အိမ်တစ်ဆောင်၊ မီးတစ်ပြောင်၊
> လှေတစ်စင်း၊ သစ်တစ်ပင်၊ တုတ်တစ်ချောင်း၊ ဆေးတစ်လက်၊ ပိုက်ဆံတစ်ပြား

> စသည်များဖြစ်ပါတယ်။*


>
>
>
> ဒီတော့ `မြန်မာဘာသာမှာ ဝေါဟာရကြွယ်တယ် မကြွယ်ဘူး´ ဆိုတာဟာ သက်ဆိုင်ရာ
> ဘာသာပြန်သူ စာကုံးသူ တို့ရဲ့ အသိဥာဏ်ပညာ ဗဟုသုတနဲ့ ကြိုးပမ်းမှု အပေါ်မှာသာ
> အဓိကတည်နေပါတယ်လို့ ယုံကြည်ချင်သလိုရှိပါတော့တယ်။ ဘာပြုလို့လဲဆို တော့
> စကားဝေါဟာရဆိုတာဟာ ပရမတ်သဘောမဟုတ်ဘဲ `ပညတ်´ သဘော သက်သက်မျှသာဖြစ်တဲ့အတွက်
> `တွင်´ အောင် လုပ်ဖို့ရန် များစွာ မခဲယဉ်းလှပါ။ `တွင်´ တာနဲ့ တစ်ပြိုင်နက်
> ဝေါဟာရ ဦးရေဟာ ပွားများတိုးတက်လာတော့တာပါပဲ။ လူတို့ရဲ့ယဉ်ကျေးမှုလင်းရောင်ခြည်
> လေးထွက်ပြူစ ခေတ်အခါက မြန်မာစကား ဝေါဟာရတွေဟာ ခုခေတ်မှာလောက်တော့ များပြားလှတာ
> မဟုတ်ပါ။
>
>
>
> သူ့ခေတ်နဲ့သူ တီထွင်လာခဲ့ ကြတဲ့ ဘေး ဘိုး စဉ်ဆက်တို့ရဲ့ ဂုဏ်ကျေးဇူးကြောင့်
> ဒီလောက်များပြား ကျယ်ဝန်းတဲ့ ဝေါဟာရတွေကို ကျွန်တော်များ အမွေခံလိုက်ရပြီးဖြစ်
> ရာ ခုဒီခေတ်ရောက်ကာမှ ဝေါဟာရနယ်ချဲ့မှုကို မကြိုးပမ်းပါဘဲ စကားမကြွယ်ဘူး
> မလုံလောက်ဘူးဆိုပြီး ညည်းညူလက်လျှော့နေမယ်ဆိုရင် ရှေးသူဟောင်းတို့ရဲ့
> ဂုဏ်ကျေးဇူးကိုပင် မထောက်ထားရာ ကျရောက်နေပါလိမ့်မယ်။
>
>
>
> ဒါ့ကြောင့် ကျွန်တော်ယုံကြည်ချက်ကို အချုပ်အားဖြင့်

> အတိအလင်းအစီရင်ခံရပါရင် *`မြန်မာဘာသာဟာ


> ဝေါဟာရ နယ်ချဲ့သူအတွက် စကားလုံးကြွယ်ဝတဲ့ဘာသာ၊ ဝေါဟာရ နယ်မချဲ့သူ အတွက်

> စကားလုံး မကြွယ်ဝတဲ့ ဘာသာ´ *အမြဲ ဖြစ်နေပေလိမ့်မယ်လို့ နောက်ဆုံး


> နိဂုံးချုပ်အနေနဲ့ ဆိုချင်ပါတော့တယ်ခင်ဗျား။
>
>
>
> ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခဟောင်း ဦးအေးမောင် (၁၉၀၅-၁၉၈၅) ရဲ့ တင်ပြချက်
> ဖြစ်ပါသည်။
>

> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To post to this group, send email to travel...@googlegroups.com.
> To unsubscribe from this group, send email to
> travelmyanma...@googlegroups.com.
> For more options, visit this group at
> http://groups.google.com/group/travelmyanmar?hl=en.
>
>

Thomas Latt

unread,
May 8, 2011, 10:19:14 PM5/8/11
to travel...@googlegroups.com

မင်းသုဝဏ် ရဲ့ ဘာသာပြန် အယူအဆ

Saturday, 07 May 2011 03:36 မင်းသုဝဏ်
E-mail Print PDF

ဘာသာပြန်မှုဆိုသည်မှာ အထူးအဆန်း တော့ မဟုတ်ပါ။ ဘာသာမတူသူ နှစ်ဦး တွေ့ဆုံစကား ဆိုလျှင်ပင် တစ်ဦးဦးက ဘာသာပြန်ရ ပါတော့သည်။ ပြောသူ က နာသူ၏ ဘာသာဖြင့် ပြန်ဆို ပြောနိုင်သည်။

ပြောသူက မိမိဘာသာဖြင့်ပြောသည်ကို နာသူက မိမိဘာသာဖြင့် ပြန်ဆိုနားလည်နိုင်သည်။ သို့တည်းမဟုတ်လည်း ပြောသူနှင့် နာသူ နှစ်ဦးစလုံး နားလည်သော ကြားဘာသာ တစ်ခုခုဖြင့် ဘာသာပြန်ပြောဆို၍ ဘာသာပြန် နားလည်နိုင်ပါသည်။

 

ကျွန်တော်တို့ ရာဇ၀င်ကိုပြန်ကြည့်လျှင် ယခုမြန်မာခေါ်သူတို့သည် ရှေးကပျူလူမျိုး၊ ကမ်းယံလူမျိုး၊ သက်လူမျိုး၊ မွန်လူမျိုး၊ ကုလား လူမျိုးတို့နှင့် ဒွေးရောယှက်တင် နေခဲ့သည်ကိုတွေ့ရပါသည်။ ထိုသူတို့ သည် အခန့်သင့်သလို ဘာသာပြန်ဆို ဆက်ဆံပေါင်းသင်း နေခဲ့ ကြမည် ဖြစ်ပါသည်။ ဤသို့ နှုတ်ပြောစကားဖြင့် ဘာသာပြန်မှု မျိုးမှာ ရှေးပဝေသဏီကပင် ရှိပြီးဖြစ်သည့် ကိစ္စတစ်ရပ် ဖြစ်ပါသည်။

 

ထို့နောက် အနော်ရထာမင်းစော ပိဋကတ်တော်တို့ကို ပုဂံပြည် သို့ ပင့်ဆောင်လာပြီးလျှင် မြန်မာစကားကိုလည်း အက္ခရာ တင်သော ကာလ၌ အက္ခရာနှင့် ဘာသာပြန်မှု ပေါ်ပေါက်လာ ရမည်မှာ မုချပင် ဖြစ်ပါသည်။ ထင်ရှားသော ဘာသာပြန်မှု တစ်ရပ်မှာ ပုဂံက မြစေတီ ကျောက်စာပင် ဖြစ်ပါသည်။ ထိုကျောက်စာမှာ လေးထောင့်ကျောက်တိုင်တွင် ရေးထိုးထားသော ကျောက်စာ ဖြစ်ပါသည်။ တစ်မျက်နှာတွင် ဘာသာတစ်မျိုးနှင့် ရေးထား၍ လေးမျက်နှာတွင် ဘာသာ လေးမျိုးကို တွေ့ရပါသည်။ အကြောင်းအရာမှာကား ရာဇကုမာရမင်းသား ဘုရားတည်သည့် အကြောင်း တစ်မျိုး တည်းပင် ဖြစ်ပါသည်။

 

ဤအကြောင်းကို ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ ဘာသာသာလေးမျိုးဖြင့် အကြောင်း အတ္ထုပ္ပုတ္တိ တစ်သွေမတိမ်းရလေအောင် ရေးသားထားသည်မှာ တစ်ခုခုကိုမူတည်၍ ဘာသာပြန်ထားချက် ဖြစ်သည်ဟု ဆိုရပါမည်။ ထိုဘာသာပြန်ချက်တို့မှာ အလွန်သိပ်သည်း ကျစ်လစ် မှန်ကန်သည်ဟု ပညာရှင်အများ ချီးမွမ်းကြပါသည်။ မြန်မာပြည်တွင် ပါဠိကျမ်းဂန်ကို လေ့လာ ခဲ့သည်မှာ ကြာပါပြီ။ ပါဠိကျမ်းဂန်ကို ပါဠိတော်မှာစ၍ အနုမဓုတို့တိုင်အောင် ဘာသာပြန်ခဲ့သည်မှာလည်း ပုဂံခေတ် မှစကာ ယနေ့တိုင်အောင်ဖြစ်သဖြင့် ပါဠိကျမ်းဂန်ကုန်လုနီးပါး ဖြစ်သည်ဟု ဆိုရမလောက် ဖြစ်ပါသည်။ ဤအချက်ကို သာသနာ လင်္ကာရကျမ်းနှင့် ပဋကတ်သမိုင်းတို့ကို လေ့လာပါက ကောင်းစွာတွေ့ရပါ လိမ့်မည်။

 

ထိုသို့နှစ်ပေါင်းခုနှစ်ရာ ရှစ်ရာမျှ ပါဠိကျမ်းဂန်ကို မြန်မာပြန်ဆိုခဲ့သည် မှန်သော်လည်း ထိုဘာသာပြန်ချက်တို့မှာ များသောအားဖြင့် စာသင်သားတို့အတွက်သာ ဖြစ်ပုံရပါသည်။ ခင်ဗျားတို့ ကျွန်တော်တို့ကဲ့သို့သော လူပြိန်း များအတွက် ဟုတ်ပုံမရပါ။ ထို့ကြောင့်လည်း ယခုအခါ လူပြိန်းများအတွက်ကိုပါ ရည်မှန်းကာ ပါဠိကျမ်းဂန်ကို မြန်မာပြန် ဆိုရန် ပိဋကတ် ဘာသာပြန် ဌာနကြီးကို ဖွဲ့စည်း တည်ထောင်လိုက်သည်ဟု ထင်မိပါသည်။

 

ဤတွင် ကျွန်တော်အစီရင်ခံလိုရင်းမှာ ဘာသာပြန်မှုဆိုသည်မှာ အဆန်းတော့မဟုတ်ပါ။ သို့သော် ခက်ခဲသော ပညာ ရပ်တစ်ခုဖြစ် သည်ကိုကား မမေ့အပ်ကြောင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော်တို့ စာပေဗိမာန်က ပြုစုနေသည့် ဘာသာပြန်မှုမျိုးမှာ ခက်ပါလိမ့်မည်။ ဘာ့ကြောင့်ဆိုသော် ကျွန်တော်တို့က ပညာပေးလိုသောသူတို့တွင် အရပ်သားများ ပါနေသောကြောင့် ဖြစ်ပါသည်။ သူတို့အတွက် ဘာသာပြန် လျှင် သူတို့ နားလည်အောင် ဘာသာပြန်ရမည် ဖြစ်ပါသည်။ သူတို့နားလည်အောင် ဘာသာမပြန်နိုင်သေးသမျှ ကျွန်တော်တို့ လုပ်ငန်းမှာ အောင်မြင်သင့်သလောက် အောင်မြင်ပြီဟု မခေါ်နိုင်သေးပါ။

 

ဤတွင် ရှေးဆရာများ၏ ဘာသာပြန်နည်းနှစ်မျိုးကို ထုတ်ဖော်ပြောဆိုလိုပါ သည်။ ရှေးဆရာတို့သည်လည်း (၁) ပညာသည် စာသင်သားတို့အတွက် ဘာသာပြန်နည်းတစ်မျိုး (၂) အရပ်သား လူသာမန်တို့အတွက် ဘာသာပြန်နည်းတစ်မျိုး ဟူ၍ နည်းနှစ်မျိုး သုံးခဲ့ကြပါသည်။ ပထမတစ်မျိုးမှာ -ဧ၀ံ၊ ဤသို့။ သုတံ ကြားလိုက်ရ၏။ ဥပလက္ခိတံ၊ မှတ်လိုက်ရ၏။ ဥပဓာရိတံ၊ ဆောင်လိုက်ရ၏-ဆိုသော ပါဠိနှင့် မြန်မာ ဖက်တွဲပြန်ဆိုသော ပဒတ္ထနိသျ ပြန်မျိုး ဖြစ်ပါသည်။ ဤအမျိုးမှာ စာသင်သားတို့အတွက် ကောင်းပါသည်။

ဒုတိယ အမျိုးမှာ ဝေဿန္တရာ ဇာတ်တော်ကြီး၊ ဇိနတ္ထပကာသနီ၊ ဓမ္မပဒသတ္ထုတော်ကြီး၊ မိလိန္ဒပဥှာဝတ္ထုတို့ကဲ့သို့ စကားပြေ ဖြစ်သည့် ဘာသတ္ထနိသျ ပြန်မျိုး ဖြစ်ပါသည်။ ဤဘာတ္ထနိသျပြန်နည်းဖြင့် ပြန်ဆိုထားသော ကျမ်းဂန်များကို သင်ပုန်းကြီးကုန်ရုံနှင့် ကျောင်းထွက်သွားရသော `တောင်သူလယ်သမားတို့ပင် ထွန်ဖြုတ်ခိုက် စာခြောက်ခိုက် ဖတ်ရွတ် နိုင်သည်ကို တွေ့ရပါသည်။

 

ဤသို့ လူအများဖတ်နိုင်အောင် ဘာဝတ္ထပြန်နည်းဖြင့် အောင်မြင်စွာ မြန်မာပြန်ဆိုသွားကြသော ပုဂ္ဂိုလ်များကိုကြည့်လျှင် ဧရာမ စာတက်ပုဂ္ဂိုလ်ကြီး များဖြစ်သည်ကို တွေ့ရပါလိမ့်မည်။ သူတို့ကဲ့သို့ ပြန်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနိုင်မှ ကျွန်တော်တို့ လုပ်ငန်းသည် ရည်မှန်းရာသို့ ရောက်ပါလိမ့်မည်။ ထိုသို့သော ဘာသာပြန်ဆရာအကျော်အမော်တို့၏ လုပ်ငန်းများကို လေ့လာကြည့်သောအခါ အောက်ပါ လိုလားအပ်သော အချက်သုံးချက်ကို တွေ့ရပါသည်။

(၁) ဘာသာပြန်သူသည် ကိုယ့်ဘာသာရင်းကို ခြေခြေမြစ်မြစ်နားလည်ရမည်။

(၂) ဘာသာပြန်သူသည် သူ့ဘာသာစကားကို ခြေခြေမြစ်မြစ်နားလည်ရမည်။

(၃) ဘာသာပြန်သူသည် မိမိပြန်ဆိုမည့် စာအုပ်ကို သို့တည်းမဟုတ် ပညာရပ်ကို ခြေခြေမြစ်မြစ်နားလည်ရမည်။

ဤခြေခြေမြစ်မြစ်ကို နားလည်မှုသုံးရပ်နှင့် ပြည့်စုံသည်ဆိုလျှင် လူတစ်ဖက်သားနားလည်အောင် မိမိ၏ အသိပညာကို တစ်မျိုးနှင့် မဟုတ်လျှင် တစ်မျိုးနှင့်ပေးနိုင်မည်ဟု ယုံကြည်ထိုက်ပါသည်။

 

ကိုယ့်ဘာသာရင်းကို ခြေခြေမြစ်မြစ်နားလည်မှုအတွက် ကျွန်တော်တို့မှာ မြန်မာဝါကျဖွဲ့ထုံးကျမ်းကို အမြီးပြန်ခေါင်းပြန် လေ့လာထား ရန်လိုပါသည်။ သတ်ပုံသတ်ညွှန်းကျမ်းများကို အကြိမ်ကြိမ်အဖန်ဖန် ကြည့်ဖို့လိုပါသည်။ ရှိသမျှ မြန်မာ အဘိဓာန်၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ အင်္ဂလိပ်-မြန်မာအဘိဓာန်များကို တစ်မျိုးမကျန် လေ့လာဖို့လိုပါသည်။ ထို့အပြင် ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဇိနတ္ထပကာသနီ၊ သမန္တစက္ခုဒီပနီ၊ က၀ိလက္ခဏာဒီပနီ၊ စွယ်စုံကျော်ထင်ကျမ်း၊ မဏရတနာပုံ သတ္ထု၊ အရေးတော်ပုံငါးစောင်၊ ဦးကုလား၊ မှန်နန်း၊ သုသောဓိတ ဆိုသော ရာဇ၀င်များမှစ၍ မြန်မာစကားပြေ ကျမ်းများကို ကာလပေါ်စာနယ်ဇင်းများအထိ ဖတ်ရှုလေ့လာဖို့လိုပါသည်။

 

ကျွန်တော်ပြောသည်ကို လွန်လွန်းသည်ဟု တစ်ချို့က ထင်ပါလိမ့်မည်။ မလွန်ပါ။ သူလိုငါလို ဖြစ်ကတက်ဆန်း မင်းတိုင်းကျေ ဘာသာပြန်မျိုးကို မဆို၊ တကယ့်ဘာသာပြန်မျိုးကိုလိုလျှင် ထိုကျမ်းများကို လေ့လာဖူးသူမှသာလျှင် ပြန်ဆို ပြုစုနိုင်ပါလိမ့်မည်။ သို့မဟုတ်ကလည်း ၀မ်းတွင်းပါပညာရှိ မှသာလျှင် ပြန်ဆိုနိုင်ပါလိမ့်မည်။ သူ့ဘာသာကို ခြေခြေမြစ်မြစ် နားလည်ဖို့ရန် အတွက်ကိုတော့ ဘယ်နည်း ဘယ်နိသျ လိုက်သင့်သည်ဟု ကျွန်တော် မပြောနိုင်ပါ။ ဆိုင်ရာပုဂ္ဂိုလ်များပြောမှ သင့်လျော်ပါ မည်။

 

သို့သော် အင်္ဂလိပ်စာကို အလွယ်ကလေးပင်ဖြစ်လင့်ကစား တစ်ခါတစ်ရံ မြန်မာပီသအောင် ပြန်ဖို့ မလွယ်ကြောင်းကို ကျွန်တော် ပုံတစ်ခုဆောင်၍ ပြောလိုပါသည်။ လေးငါးနှစ်ခန့်ရှိသော ကျွန်တော့် တူမလေးတစ် ယောက်သည် သူ့အစ်မ များနောက်က ပြေးလိုက်၍ (၀ိတ်၊ ၀ိတ်) ဟု အင်္ဂလိပ်စကားနှင့်အော်ပြောနေသည်ကို ကျွန်တော်တစ်ခါက ကြားရပါသည်။ ထိုအခါ ကျွန်တော်က (၀ိတ်၊ ၀ိတ်) ဆိုတာဘာလဲလို့မေးလိုက်၍ (နေဦး၊ နေဦး) ဟုဆိုလိုကြောင်း ပြန်ပြောပါသည်။ ထိုအခါ ကျွန်တော့်မှာ တူမလေးကို တိတ်တိတ်ပုန်း အရှုံးပေးလိုက်ရပါသည်။ ဘာ့ကြောင့်ဆိုသော် (၀ိတ်၊ ၀ိတ်) ကို ကျွန်တော်က (စောင့်၊ စောင့်) ဟု စိတ်ထဲတွင် ဘာသာပြန်ထားပါသည်။ သူက (နေဦး၊ နေဦး) ဟု ပြန်ပါသည်။ ကျွန်တော့် ဘာသာပြန်ချက်ကို မမှန်ဟု မပြောနိုင်သော်လည်း သူ့ဘာသာပြန်ချက်က ပိုမို မြန်မာပီနေသည်ကိုကား ၀န်ခံရပေမည်။ ဤသို့ မြန်မာပီသအောင်ပြန်ဆိုနိုင်မှလည်း လူအများစု နားလည်လွယ်နိုင် ပေမည်။ ဤကိစ္စမှာ သူ့ဘာသာကို နားလည်ရုံမျှမက ကိုယ့်ဘာသာကိုလည်း ခြေခြေမြစ်မြစ်နားလည်ဖို့ လိုသေးသည်ကို သက်သေခံလျက် ရှိပါသည်။

 

ခြေခြေမြစ်မြစ် နားလည်မှုသုံးရပ်နှင့် ပြည့်စုံသော သူတစ်ဦး၏ ဘာဝတ္ထ ပြန်ထားချက်တစ်ရပ်ကို ဖတ်ပြလိုပါသည်။ ဤအချက်မှာ ယောမင်းကြီး ပြန်ဆိုရေးသားသည့် ဥတုဘောဇနကျမ်းမှ ဖြစ်ပါသည်။ သုဿုတ ဆေးကျမ်း၊ ဘာဝပ္ပကာသ ဆေးကျမ်း၊ ရာဇနိဃဏ္ဋု ဆေးကျမ်း၊ ဒဗ္ဗဂုဏပကာသ ဆေးကျမ်းဆိုသော သက္ကဋဘာသာကျမ်းများမှ ကောင်းနိုးရာရာတို့ကို ထုတ်နုတ် မြန်မာပြန်ဆိုရေးသားထားချက် ဖြစ်ပါသည်။

`တပေါင်း၊ တန်ခူး နှစ်လတို့သည် ၀သန္တဥတုမည်၏။ လောကသည် စဉ်းငယ်ပူ၏။ ကောင်းကင်သည် ကြည်လင်၏။ အရွက်နုတို့ဖြင့် သစ်ပင်တို့သည် တင့်တယ်ကုန်၏။ ပေါက်၊ ချယား၊ သော်က၊ သရဘီ အစရှိသော ပန်းတို့သည် ပွင့်ကုန်၏။ ဥသြငှက်၊ ပျားပိတုန်းတို့ဖြင့် ပြွမ်းကုန်၏။ တောင်လေလာ၏။ သလိပ်ပျက်၏။ လောက မခြောက်။ ချိုဆိမ့်သော အရသာရှိသော အမြစ်၊ အရွက်၊ အသီးမျိုးအားရှိ၏။

အချို၊ အဆိမ့်၊ အဖန်၊ အေးသော ကြေခဲသောအစာ၊ နေ့၌အိပ်ခြင်း၊ တက်သောအစာတို့ကို ကြဉ်ရှောင်အပ်ကုန်၏။

အပင်ပန်းခံခြင်း၊ နှိပ်နယ်ခြင်း၊ အခိုးတောက်ခြင်း၊ ချဉ်စပ်သောအရသာရှိသော အရည်တို့နှင့် လုပ်ဆေးခြင်း၊ မျက်စဉ်းခပ်ခြင်း၊ နှာနှပ်ခြင်း၊ သလိပ်ထွက်အောင် အန်ဆေးတိုက်ခြင်း၊ ကြစုသီးနှင့် ပျားရည်၊ ကြည်းကုန်း၌ကျက်စားသော သားငှက် တို့၏အသား၊ ထောပတ်ရိုက်၍ ကင်သောအသား၊ စိမ့်စမ်းရေ၊ တံခွန်ရေတို့ကို မှီဝဲသုံးဆောင်အပ်ကုန်၏။ ကရမက် ပရုတ်၊ သားလှကျေးဇူးတို့ကို လိမ်းကျံအပ် ကုန်၏။ ကြေလွယ်သော သလိပ်ကိုနိုင်သော အစပ်၊ အပူ၊ အငန်၊ အခါး အရသာ တို့ကို စားအပ်ကုန်၏။ ချိပ်၊ ဆူးပန်း၊ ပိန္နဲ အစရှိသော ဖန်ရည်တို့ဖြင့် ဆိုးအပ်သော စောင်ပုဆိုးတို့ကို ၀တ်ရုံအပ် ကုန်၏။

 

ဤယောမင်းကြီး၏စာကို ဖတ်ကြည့်ကြစမ်းပါ။ မည်မျှသိပ်သိပ်သည်းသည်း ကျစ်ကျစ်လစ်လစ် ပီပီသသ ပြေပြေပြစ်ပြစ် ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူရှိသည်ကို လေ့လာကြစမ်းပါ။ ဤသို့ရေးတတ်နိုင်အောင်လည်း ကြိုးစားကြစမ်းပါ။ လူများစုအတွက် ဘာသာပြန် လုပ်ငန်းကိုဖြစ်စေ၊ ကျမ်းပြုလုပ်ငန်းကိုဖြစ်စေ လုပ်လျှင် လယ်တီဆရာတော်ကြီး၏ နည်းကို လိုက်နာသင့်ပါသည်။   လယ်တီဆရာတော်ကြီးသည် အလွန်နက်နဲသိမ်မွေ့သော တရားတော်တို့ကိုပင် လူသာမန်တို့ ဥာဏ်နှင့် မီအောင် ရေးသားဟောပြောခဲ့သည် ကို အများပင် သိကြပါသည်။ ဆရာတော်ကြီး၏ ၀ါဒမှာ ဥတ္တမပုရိသကျမ်းတွင် တွေ့ရ သည့် အတိုင်း ဖြစ်ပါသည်။

`ပါဠိသံ ကျမ်းသံနှင့် ပြော၍နေလျှင် စကားကြီးခန့်၏။ ပြောနေကျ မြန်မာစကားမျိုးမဟုတ်၍ အသိဥာဏ် တန်းခနဲ စိုက်ခနဲ မသွား။ ယောင်ဝါးကြီး နေကြ၏။ အချို့သောသူတို့သည်  အင်္ဂလိပ်စာကိုတွေ့လျှင် အင်္ဂလိပ်သံနှင့် အကုန်ဖတ်၍ ပြောနိုင်ကြ၏။ ဘာကိုဆိုသလဲဟု စစ်၍မေးလျှင် မြန်မာစကားနှင့် အလုံးစေ့အောင် နေရာချ၍ မပြတက်။ ဤကဲ့သို့ နေကြသည်။ ထို့ကြောင့် ဤစာအုပ်မှာ သဘောပြောခဏ်း ဆိုက်လျှင် မြန်မာပြောချည်း လာလတ္တံ့။´

 

အထက်ပါစကားဖြင့် လယ်တီဆရာတော်ဘုရားကြီးသည် ပါဠိမှ မြန်မာသို့ ပြန်ဆိုသူတို့ကိုလည်းကောင်း၊ အင်္ဂလိပ်မှ မြန်မာပြန်ဆိုသူ တို့ကိုလည်းကောင်း ဝေဖန်တော်မူခဲ့၍ မိမိနည်းကိုလည်း ဖော်ပြတော် မူခဲ့လေသည်။ ကျွန်တော်တို့ခေတ်ကား ယေဘုယျအားဖြင့် ဘာသာပြန် ခေတ်ဖြစ်သည်။ ထို့ကြောင့် မိမိဘာသာပြန်မှု အောင်မြင်ရေးအတွက် အထက်တွင် ကျွန်တော် တတ်သမျှ မှတ်သမျှ ပြောခဲ့သည်တို့ကို အခြေပြု၍ ဆက်လက်လေ့လာ ဆည်းပူးနိုင်ကြရအောင် အထူးစေတနာ ရှေ့ထား၍ ကြိုးစားသင့်သည် ထင်ပါကြောင်း။            ။

 

မင်းသုဝဏ်

(၀င်းကျော် တင်ပြသည်)



2011/5/5 thida win <thidaw...@gmail.com>
Reply all
Reply to author
Forward
0 new messages