အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖိတ်စာ

5 views
Skip to first unread message

ဗမာ့ သွေး

unread,
Sep 5, 2012, 11:07:39 PM9/5/12
to

စစ်အစိုးရရဲ့ အတ္တကို ဖော်ကြူးမှုကြောင့် ညီအစ်ကို မောင်နှမအချင်းချင်း စစ်ခင်းတာကို ပျော်မွေ့
နေကြတာကို အမွေဆက်ခံထားတဲ့ လက်ရှိ အစိုးရကြောင့် မြန်မာနိုင်ငံ တ၀ှမ်းမှာ ဒုက္ခသည်များ တနေ့တခြား တိုးပွားလာတာကို တွေ့မြင်ရတော့ အရမ်းကို ၀မ်းနည်းစရာ ကောင်းပါတယ် ။

ငါအယူအဆသာ အမှန်ပါဆိုတဲ့ ခံယူချက်ကို လက်နက်နဲ့ ကိုယ်တိုင်ဖြေရှင်းကြခြင်းကြောင့်
တိုင်းပြည် ဘဏ္ဍများ အလဟဿ ဆုံးရှုံးသွားသလို လူသားများစွာရဲ့ အသက်တွေလည်း   သွေးမြေကျနေတာကို  သိနေပါလျှက် ဆက်လက် မိုက်မဲကြသူများကို ဘယ်သူမှ  မဟန့်တားပေးနိုင်ကြတော့ဘူးလား ။

ထိုစစ်ပွဲတွေ ရပ်တန့်သွားအောင် လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်း မရှိတော့လို့လား ။

ပြည်တွင်းစစ်ဆိုတာ အသာထား နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာစစ်ကြီးများတောင်
ရပ်တန့်သွားအောင် ငြိမ်းချမ်းရေး လိုလားသူများက ကြိုးစားနိုင်ခဲ့ကြတာပါဘဲ ။


လူကြီးတွေ အတ္တနဲ့ ပုံဖော်ထားတဲ့ သွေးပန်းချီကားတွေ နေရာမှာ  ကျနော်တို့ လူငယ်များက
ငြိမ်းချမ်းရေးပန်းချီးကားများ အစားထိုး ချိတ်ဆွဲထားနိုင်မှ မြန်မာနိုင်ငံရဲ့ အနာဂတ်က
ပိုမို လှပလာမှာပါ လို့ ယုံကြည်ထားတယ် ဆိုရင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့
အခမ်းအနားကို ကြွရောက် ချီးမြှင့်ပေးကြပါလို့ ပွဲစီစဉ်သူများ ကိုယ်စား လေးစားစွာ မေတ္တာရပ်ခံပါတယ် ခင်ဗျာ ။


ခင်မင်လေးစားလျှက်

ဗမာ့သွေး


01(web).jpg
02(web).jpg
Reply all
Reply to author
Forward
0 new messages