Groups
Groups
Sign in
Groups
Groups
မုတ်သုံ
Conversations
About
Send feedback
Help
အရုပ်တစ်ရုပ် နှင်းဆီဖြူတစ်ပွင့် နဲ့ စိတ်ထိခိုက်ဖွယ်အဖြစ်လေးတစ်ခု
59 views
Skip to first unread message
sóe láy
unread,
Nov 27, 2012, 1:21:44 AM
11/27/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to
အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ - - - ။
ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်
းကပေါ့ ။ အသက် ၅ နှစ်လောက်ပဲရှိတဲ့ ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။ အရောင်းစာ ရေးမ လေးကပြောတယ် ။
“ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”
အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင်
သွားပြီး ကျွန်တော့်ကို မေးတယ် ။ “ ဦးဦး ကျွန်တော့်မှာ ငွေမ လုံလောက်ဘူးဆိုတာ သေချာလားဟင် ”
ကျွန်တော်သူ့ငွေတွေကိုရေတွက
်ကြည့်ပြီးပြန်ပြောခဲ့တယ် ။ “ အင်းဟုတ်တယ် ကောင်လေး မင်းမှာ ဒီအရုပ်လေး ၀ယ်ဖို့ ငွေမလုံလောက်ဘူးလေ ” ကောင်လေးဟာ သူ့လက်ထဲမှာ အရုပ်ကလေးကိုဆက်ပြီးကိုင်ထာ
းတုန်းပါပဲ ။ နောက် ဆုံး ကျွန်တော်သူ့နားသွားပြီး သူ့ကိုမေးခဲ့တယ် ။ အဲဒီအရုပ်ကလေးက ဘယ်သူ့ကိုဝယ်ပြီးပေးမလို့လဲ
ဆို တာကိုပေါ့ ။
“ ဒီအရုပ်ကလေးက ကျွန်တော့် အစ်မ သိပ်ကြိုက်ခဲ့တဲ့အရုပ်ကလေးပ
ါ သူအရမ်းလိုချင်နေခဲ့တယ် သူ့မွေးနေ့ အတွက် ကျွန်တော်ဝယ်ပြီးသူ့ကိုပေးခ
ျင်လို့ပါ ဦးဦး”
“ ဒီအရုပ်ကလေးကို ၀ယ်ပြီး အမေ့ကို ပေးလိုက်မယ် အဲဒီအခါ အမေက နေ အစ်မဆီသွားတဲ့အခါ အဲဒီအ ရုပ်က လေးကို ပေးနိုင်မှာပါ ” သူ့မျက်လုံးထဲမှာ အလွန် ၀မ်းနည်းနေတဲ့အရိပ်အယောင်တေ
ွနဲ့ စကားကိုဖြည်း ဖြည်းချင်း ပြောတယ် ။
“ တကယ်တော့ အစ်မ က ကောင်းကင်ဘုံမှာပါ အဖေက ကျွန်တော့်ကိုပြောတယ် အမေလည်း မကြာခင်မှာ ကောင်းကင်ဘုံမှာ အစ်မ ကိုသွားပြီး တွေ့လိမ့်မယ်တဲ့ ဒါကြောင့် အစ်မဆီကို အမေနဲ့အတူ ကျွန်တော် ဒီအရုပ်ကလေးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ
”
ကျွန်တော့် နှလုံးခုန်သံဟာ ရပ်တန့်သွားမတတ်ပါပဲ ။ ဒီအသက် ၅ နှစ်အရွယ်ကောင်လေးက ကျွန်တော့် ကိုစိုက်ကြည့် ပြီးဆက်ပြောတယ် ။ “ ကျွန်တော်အဖေ့ကိုပြောပါတယ် အမေ့ကို မသွားဖို့ တားပေးဖို့အတွက်ပေါ့ ကျွန်တော်အခု အရုပ်ဝယ်ပြီးပြန်သွားတဲ့အချ
ိန်ထိ အမေ့ကို စောင့်နေစေချင်တယ်လေ ” ပြီးတော့ ကောင် လေးက သူရယ်မောနေတဲ့ပုံလေးတစ်ပုံက
ို ကျွန်တော့်ကို ထုတ်ပြတယ် ။
“ ကျွန်တော် ဒီပုံလေးကို အမေနဲ့ထည့်ပေးလိုက်မယ် အမကျွန်တော့်ကို မမေ့သွားအောင်ပေါ့ ဒါပေမယ့် အဖေက ပြောတယ် သားမေမေဟာ သားမမ နဲ့ အမြန်ဆုံးသွားတွေ့ရတော့မယ်တ
ဲ့ ” ကောင်လေးဟာ ရီေ၀၀မ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ လက်ထဲက အရုပ်ကလေးကို စိုက်ကြည့်ရင်းပြောနေတယ် ။
ကျွန်တော် ပိုက်ဆံအိတ်ကိုချက်ချင်း ဆွဲထုတ်ပြီးကလေးကိုပြောလိုက
်တယ် ။ “ ငါတို့နောက်တစ်ခါ ပြန်စစ်ရ အောင်အရုပ်အတွက် လုံလောက်တဲ့ ပိုက်ဆံ ရှိချင်ရှိနေမှာပေါ့ မဟုတ်ဘူးလားကလေးရဲ့ ”
“ ကောင်းပါပြီ ” လို့ ကောင်လေးကပြောတယ် ။ “ ငွေပြည့်ပါစေလို့ ကျွန်တော်ဆုတောင်းနေပါ့မယ် ” ကျွန်တော် သူမမြင် တွေ့ခင်မှာပဲ ပိုက်ဆံအိတ်ထဲကငွေအချို့ကို
အမြန်ထုတ်ယူပြီးကောင်လေးငွေ
တွေကို စတင်ရေ တွက်ခဲ့ တယ် ။ အရုပ်အတွက် ငွေက လုံလောက်ယုံတင်မကပါဘူး ပိုတောင်ပိုလို့နေပါသေးတယ် ။
ကောင်လေးကပြောတယ် “ ကျွန်တော့်ကို လုံလောက်တဲ့ငွေတွေပေးတဲ့အတွ
က် ဘုရားသခင်ကို ကျေးဇူး တင်ပါ တယ် ” တဲ့ ။
“ ကျွန်တော်လွန်ခဲ့တဲ့ညက မအိပ်ခင် ဘုရားသခင်ကိုပြောခဲ့တယ် အမကို လက်ဆောင်ပေးလိုက်ဖို့အတွက် လုံလောက် တဲ့ ငွေလိုချင်ပါတယ်လို့ အခု သူကြားသွားသလားမသိဘူးနော် ! ”
“ ကျွန်တော် အမေ့အတွက်လည်း နှင်းဆီအဖြူလေးတစ်ပွင့်လောက
် ၀ယ်ပေးချင်ပါတယ် -- ဘုရားသခင်ဆီမှာ ကျွန်တော်အ များကြီးမတောင်းရဲတော့ပါဘူး
ဒါပေမယ့် သူက ကျွန်တော့်ကို အရုပ်တစ်ရုပ်နဲ့ နှင်းဆီအဖြူ တစ်ပွင့် အတွက် လုံလောက်တဲ့ငွေကိုပေးခဲ့တယ်
လေ မေမေက နှင်းဆီဖြူလေးတွေကိုချစ်တယ်
”
##########################
##############
ကျွန်တော်ဈေးဝယ်ပြီးတဲ့အခါ
ကျွန်တော့်စိတ်အခြေအနေက လုံးဝကွဲပြားခြားနားသွားပြါ
ပီ ကျွန်တော် ကောင်လေး ကို စိတ်ထဲကနေ လုံးဝမမေ့နိုင်ခဲ့ဘူး ။ အဲဒီနောက်မှာ ကျွန်တော် လွန်ခဲ့တဲ့ ၂ရက်လောက် က သတင်းစာထဲက သတင်းတစ်ပုဒ်ကိုသွားပြီးသတိ
ရမိလိုက်တယ် ။ အရက်မူးသမား တစ်ဦး မောင်းလာ တဲ့ကားတစ် စီးက အမျိုးသမီးတစ်ဦးနဲ့ ကောင်မလေးငယ်တစ်ဦးကို တိုက်မိပြီး ကောင်မလေးကတော့ နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတဲ့သတင်းပေါ့ ။ အမျိုးသမီးကတော့ အရေးပေါ်ကုသမှုနဲ့ ဆေးရုံမှာ ရောက်နေ တဲ့အကြောင်း ။ နောက်ဆုံးမတတ်နိုင်တော့တဲ့အ
ဆုံး သူ့မိသားစုက အသက်ကို ဆွဲဆန့်ထား ရတဲ့အသက်ကယ်စက်တွေကို ဖြုတ်ပစ်ဖို့ သဘောတူဆုံးဖြတ်လိုက်ကြောင်း
ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးဟာ Coma လို့ခေါ်တဲ့ အချိန်ကြာကြာ သတိလစ်မေ့မျောခြင်းကနေ ပြန်လည် အသက်ရှင် သန်လာနိုင်မှု မရှိတော့တဲ့အတွက် ဖြစ်ပါတယ် ။ ဟင် ဒါဆို ဒီကောင်လေးဟာ အဲဒီမိသားစုက ကောင်လေး များဖြစ်နေမလား ?
ကောင်လေးနဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီးနော
က် ၂ ရက်မြောက် နေ့မှာပေါ့ ။ ကျွန်တော် သတင်းစာမှာဖတ်လိုက်ရတဲ့ ။ ဆေးရုံပေါ်က အရေးပေါ်အခြေအနေရောက်နေတဲ့အမ
ျိုးသမီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြေ
ာင်း -----။ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး ။ ကျွန်တော် နှင်းဆီ ဖြူ အစည်းတွေဝယ်ပြီး နာရေးအိမ်ကို လိုက်သွားခဲ့ တယ် ။ အဲဒီနေရာမှာ ကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးနဲ့ သူ့ဖခင်တို့ဟာ အမျိုးသမီးနဲ့ မိန်းကလေး ငယ်လေးတို့အတွက် မမြုပ်နှံခင် နောက်ဆုံးဆုတောင်းစကားတွေပေ
းဖို့ -- လူတွေကြည့်ဖို့ စောင့်နေပါတယ် ။ အမျိုးသမီးကိုထည့်ထားတဲ့ ခေါင်းတလားထဲမှာတော့ အမျိုးသမီးရင်ဘတ်ပေါ်မှာ နှင်းဆီပွင့်လေးတစ်ပွင့် နဲ့ ရယ်မောနေတဲ့ ကောင်လေးရဲ့ ဓါတ်ပုံကို တင်ထားပါတယ် ။ ဘေးနားက ကောင်မလေးရဲ့ ရင်ဘတ်ပေါ်မှာတော့ အရုပ်ကလေးတစ်ရုပ်တင်ထားပါတယ
် ။ ကျွန်တော် ဆက်ပြီး ကြည့်ဖို့ ခွန်အားမရှိတော့ပါဘူး ။ မျက်ရည်တွေနဲ့ ကျွန်တော် အဲဒီနေရာကနေ ထွက်ခွာလာခဲ့တယ် ။ အဲဒီအချိန်ကစလို့ ကျွန်တော် ဘ၀ဟာ ပြောင်းလဲသွား ခဲ့ပါ တယ် ----။
ကောင်လေးရဲ့ သူ့အမေနဲ့သူ့အမ အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရ
ားဟာ ပုံဖော်ပြဖို့တောင် ခက်ခဲလွန်း လှပါတယ် ။ ဒါပေမယ့် အချိန်တစ်စက္ကန့်အတွင်းမှာပဲ
အမူးသမားတစ်ဦးက သူ့ကို သူ့မိဘ ၊ သူ့အမ တွေနဲ့ ခွဲခွာစေ ပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ။
##########################
###############
ကျေးဇူးပြုပြီး
ေ က် း ဇူ း ၿပ ဳ ၿပီ း - - - -
“ အရက်သောက်ပြီး ကားမမောင်းကြပါနဲ့ ”
အခု ခင်ဗျားမှာ ရွေးချယ်စရာ ၂ ခုရှိပါတယ် ။
- ဒီစာလေးနဲ့ မက်ဆေ့လေးကို သူငယ်ချင်းတွေဆီမျှဝေပေးပါ Share လုပ်တဲ့အခါမှာလည်း အရက် သောက်ပြီးကားမမောင်းကြပါနဲ့
လို့ ပြောဖြစ်အောင်ပြောပေးကြပါ ။
- သင့် နှလုံးသားကို ဒီအဖြစ်အပျက်လေးက မထိ စေခဲ့ဘူးဆိုရင်တော့ သင်မေ့လိုက်ပါ ။
“ ယောက်ျားတစ်ယောက် မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးဟာ သူ/သူမ ဘာတွေ ပေးဆပ်နိုင် သလဲဆို တဲ့အပေါ်မူတည်တယ် -- သူ/သူမ ဘာတွေ လက်ခံနိုင်သလဲဆိုတဲ့အပေါ် မူတည်နေတာမဟုတ်ပါဘူး ”
သက်တန့်ချို
Feb 25-2012
Do not drink and drive အား ဘာသာပြန်ခံစားသည် ။
( ကျွန်တော်ဒီစာလေးဘာသာပြန်ပြ
ီးတော့ စိတ်မကောင်းလွန်းလို့ အကြာကြီး ထိုင်နေမိတယ် -- စိတ်မကောင်း ပါဘူး ကောင်လေးရယ် -- ငါတို့လည်းတစ်နေ့ လိုက်သွားကြရမှာပါ အဲဒီအခါ မင်းရယ် မင်း အမေ ရယ် မင်း မမ ရယ် မင်းတို့မိသားစုလေး ပြန်လည်ဆုံတွေ့ကြပါစေလို့ ဦးဦး ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်ကွာ ----)
စာဖတ်ပရိတ်သတ်သူငယ်ချင်းမျာ
းကို အစဉ်လေးစားသောအားဖြင့်.....
..................
သက်တန့်ချို
--
bë happY
ヅ
╔═══╗ ♪
║███║ ♫
║ (●) ♫
╚═══╝♪♪
➬
soǝ lɐʎ
➬
emoj...@gmail.com
➬
soe...@hotmail.com
☺☺☺☺☺☺☺☺☺☺☺☺
Reply all
Reply to author
Forward
0 new messages