Groups
Groups
Sign in
Groups
Groups
မုတ်သုံ
Conversations
About
Send feedback
Help
The Magic Pebbles
9 views
Skip to first unread message
sóe láy
unread,
Aug 26, 2012, 1:21:26 AM
8/26/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to
တစ်ခါတုန်းက အိမ်ခြေယာခြေမဲ့ လူမျိုးစုတစ်စုရှိတယ် ။ သူတို့ဟာ
နေရာအတည်တကျမနေကြပဲ ရေကြည်ရာမြက်နုရာလျှောက်သွားနေလေ့ရှိတယ် ။ တစ်ညတော့
သူတို့ဟာ နေရာတစ်ခုမှာ စခန်းရပ်နားဖို့ပြင်နေတုန်း သူတို့နားကို
လက်ဖြာနေတဲ့အလင်းတန်းကြီးတစ်ခု ကျလာခဲ့တယ် ။ သူတို့လူစုက အဲဒါကို
ကောင်းကင်ထက်က တန်ဖိုးရှင်ကြီးပဲလို့ တွေးလိုက်ကြပြီး သူတို့ကို
ဘာတွေများ မှာကြားမလဲလို့ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်စားနေခဲ့ကြတယ်
။
အလင်းတန်းထွက်လာပြီးတဲ့ အခါ အဲဒီအလင်းတန်းထဲကနေ အသံတစ်သံ ထွက်လာခဲ့တယ် ။
“ ကဲ သင်တို့လူစု ကျောက်စရစ်ခဲတွေကို ကောက်နိုင်သမျှ ကောက် ကြပါ ပြီးတော့
ကုန်းနီအိတ်တွေထဲမှာထည့်ပြီး သွားပါ
တစ်နေ့ခရီးသွားပြီးနောက်တစ်နေ့ညဖက်မှာသင်တို့အားလုံးပျော်ရွှင်ရလိမ့်မယ်
တချိန်တည်းမှာပဲ သင်တို့ စိတ်မချမ်းမသာလည်းဖြစ်လိမ့်မယ် ” လို့ပြောပြီး
ပျောက်ကွယ်သွားတယ် ။
သူတို့လူစုတစ်ခုလုံး စိတ်ပျက်ပြီး ဒေါသတွေထွက်သွားကြတယ် ။ သူတို့လူစု
ကြီးပွားချမ်းသာဖို့နဲ့ လောကကြီးအကျိုးဘယ်လိုသယ်ပိုးရမလဲ
ချမ်းသာသုခတွေကို ဘယ်လိုခံစားရမလဲဆိုတဲ့အရေးကြီးတဲ့အချက်တွေကိုမပြောသေးပဲ
ဘာမဟုတ်တဲ့ အဓိပ္ပါယ်မရှိတဲ့အရာကို ခိုင်းသွားလို့
မကျေနပ်ဘူးဖြစ်နေခဲ့ကြတယ် ။ ဒါပေမယ့် လည်းအလင်းတန်းထဲက တန်ခိုးရှင်လို့
သူတို့သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ရဲ့စကားဖြစ်တာကြောင့်လည်း
လုံးဝလစ်လျှူမရှုဝံ့ဘူးဖြစ်နေကြတယ် ။ ဒါနဲ့ သူတို့လည်း
အမျိုးမျိုးဝေဖန်ပြောဆိုပြီး ကျောက်စရစ်ခဲ တစ်လုံးနှစ်လုံးလောက်ကို
ကုန်နီအိတ်တွေထဲထည့်ခဲ့ကြတယ် ။
နောက်တစ်နေ့ မှာ တစ်နေ့လုံးခရီးနှင်ခဲ့ကြပြီး
ညဖက်စခန်းချဖို့နေရာကိုရွေးခဲ့ကြတယ် ။ အဲဒီအခါ သူတို့
ကုန်နီအိတ်တွေထဲနှိုက်ကြည့်တဲ့အခါ ကျောက်စရစ်ခဲတွေဟာ
စိန်တွေဖြစ်နေတာကိုတွေ့ခဲ့ကြရတယ် ။
စိန်တွေရလာတဲ့အတွက်သူတို့တဖွဲ့လုံးဝမ်းသာပျော်ရွှင်ခဲ့ကြရတယ် ။ ဒါပေမယ့်
အများကြီးမကောက်မိခဲ့လေခြင်းဆိုပြီး နောင်တတွေရလို့ ၀မ်းနည်းခဲ့ကြရတယ် ။
------------------------------------------
ကျွန်တော်တို့ ယနေ့အချိန်မှာ တွေ့ကြုံရတဲ့အခက်အခဲတွေကနေရတဲ့သင်ခန်းစာတွေ
၊ လေ့လာဆည်းပူးခဲ့တဲ့ ပညာရပ်တွေဟာ အခုအချိန်မှာ
ဘာမှသိပ်အသုံးမ၀င်တဲ့ကျောက်စရစ်ခဲတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။
ဒါပေမယ့်တကယ်ဘေးကြုံရတဲ့အချိန်မှာ အဲဒီကျောက်စရစ်ခဲတွေဟာ
စိန်တုံးအဖြစ်ပြောင်းလဲပြီးကိုယ့်ကို ကယ်တင်နိုင်ပါလိမ့်မယ် ။
ဒီနေ့ဒီအချိန်ကစလို့ သင်လည်းကျောက်စရစ်ခဲတွေကို ရနိုင်သမျှ စုဆောင်းပါ ။
များနိုင်သမျှ သယ်နိုင်သမျှ သယ်ယူပါ ။
နောင်တချိန်လျှောက်လှမ်းမယ့်ခရီးလမ်းမှာငယ်ငယ်ကစုဆောင်းထားတဲ့ကျောက်စရစ်ခဲတွေဟာ
စိန်တွေအဖြစ်ပြောင်းလဲလို့ သင့်အတွက်အလွန်အသုံးဝင်လာပါလိမ့်မယ် ။
သက်တန့်ချို
John Wayne Schlatter ရေးသားသော The Magic Pebbles အား ဘာသာပြန်သည် ။
--
bë happY
ヅ
╔═══╗ ♪
║███║ ♫
║ (●) ♫
╚═══╝♪♪
➬
soǝ lɐʎ
➬
emoj...@gmail.com
➬
soe...@hotmail.com
☺☺☺☺☺☺☺☺☺☺☺☺
Reply all
Reply to author
Forward
0 new messages