Groups
Groups
Sign in
Groups
Groups
မုတ်သုံ
Conversations
About
Send feedback
Help
ကလေးအတွေး
22 views
Skip to first unread message
sóe láy
unread,
Aug 14, 2012, 9:21:41 AM
8/14/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to
ကလေးအတွေး
(၁)
အမွှာလေးနှစ်ယောက်က ကျောင်းဆင်းပြန်တာနဲ့ ဖေဖေ့ကို အားရဝမ်းသာပြောတယ်။
"ဖေဖေ.. ဖေဖေ... ဒီနေ့အခန်းထဲမှာ အချောဆုံး၊
အခန့်ဆုံးဖခင်တစ်ဦးကိုရွေးပါလို့ မဲပေးကြတော့ ဖေဖေရသွားတယ်သိလား?"
"ဟုတ်လား... ! ဖေဖေက ဘယ်လိုရသွားတာလဲ?"
"လူတိုင်း ကိုယ့်ဖေဖေကို ကိုယ်မဲထည့်ကြတယ်လေ။ ဖေဖေက မဲနှစ်မဲနဲ့ အနိုင်ရသွားတာပေါ့"
(၂)
"ဖေဖေ... မောင်မောင်ရဲ့ အဖေက ရေကူးအရမ်းတော်တာပဲ။ ဖေဖေကျတော့ ဘာဖြစ်လို့
ရေမကူးတတ်တာလဲ?"
"မောင်မောင်ရဲ့ အဖေက ငါးအမြဲစားတော့ ရေကူးတတ်တာပေါ့။ ဖေဖေက ငါးမှမစားတာ
ဘယ်ရေးကူးတတ်ပါ့မလဲ?"
"ဟင်း... ဖေဖေက ကြက်သားအမြဲစားတယ်ဆိုပေမယ့် ဥလဲ မဥတတ်ပါလား!"
(၃)
"ဒီစာတစ်ပုဒ်ကို အလွတ်ဆိုနိုင်ရင် သားကို ကြက်ကောင်လုံးကင် ဝယ်ကျွေးမယ်"
"ဖေဖေ... သား နှစ်ပိုဒ်ပဲဆိုမယ်။ သား ကြက်ပေါင်နှစ်ချောင်းပဲ စားချင်လို့ပါ"
(၄)
တနင်္ဂနွေနေ့မှာ ဖေဖေနဲ့စုစု တိရစ္ဆာန်ရုံ သွားလည်ကြတယ်။
ခြင်္သေ့လှောင်အိမ်နားရောက်တော့ စုစုက ဖေဖေကို ဟိုဟာမေး၊ ဒီဟာမေးနဲ့
အရမ်းစိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့တယ်။ ဒါပေမဲ့ တအောင့်ကြာတော့ စုစု
ရုတ်တရက် တိတ်ဆိတ်သွားတယ်။ ဖေဖေက စုစု မှိုင်တွေနေတာကိုတွေ့တော့
ဘာဖြစ်တာလဲလို့မေးတယ်။
စုစုက တုန်ရင်တဲ့အသံနဲ့.....
"ဖေဖေ... သမီး ကြောက်လာပြီ... တကယ့်လို့ ဒီခြင်္သေ့ကြီး
လှောင်အိမ်ထဲကနေလွတ်လာပြီး ဖေဖေ့ကို စားလိုက်ရင် သမီး ဘယ်ဘတ်စ်ကားစီးပြီး
အိမ်ပြန်ရမလဲဟင်?"
(၅)
မိုးချုပ်တာနဲ့ ကျော်ကျော်ရဲ့ဖေဖေ အိပ်ရာဝင်သွားတယ်။ ဖေဖေရဲ့ဟောက်သံက
ကျော်ကျော့်ကို စာထဲစိတ်မဝင်စားနိုင်အောင် နှောက်ယှက်နေခဲ့တယ်။
"ဖေဖေ... ဖေဖေ.. မြန်မြန်ထ.. မြန်မြန်ထ" ဖေဖေကို ကျော်ကျော်လှုပ်နှိုးလိုက်တယ်။
"ဘာဖြစ်တာလဲ? ဖေဖေ အခုလေးတင်ပဲ အိပ်လိုက်တာ" ဖေဖေက စိတ်ဆိုးတယ်။
"ဖေဖေ ဟောက်နေတာ ၂ နာရီလောက်ရှိတော့မယ်။ ဖေဖေမောမှာစိုးလို့
သားနှိုးလိုက်တာ.. ဖေဖေ အနားယူပြီး ပြန်အိပ်ပါနော်"
(၆)
အားကစားကွင်းထဲမှာ...
"ဖေဖေ... ဒီလူတွေ ဘာဖြစ်လို့ အားကုန်ပြေးနေကြတာလဲ?"
"သူတို့ ပြိုင်ပွဲဝင်နေတာ.. ပထမက ဆုရမယ်လေ"
"ပထမက ဆုရမယ်၊ ကျန်တဲ့သူက ဆုမရဘဲနဲ့ ဘာဖြစ်လို့ လိုက်ပြေးနေရတာလဲဟင်?"
အီးမေးလ်ကရတဲ့ ဖတ်စရာတချို့ကို ဘာသာပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ
--
*--
Be Happy,*****
* Moe Moe.*
*
--
bë happY
ヅ
╔═══╗ ♪
║███║ ♫
║ (●) ♫
╚═══╝♪♪
➬
soǝ lɐʎ
➬
emoj...@gmail.com
➬
soe...@hotmail.com
☺☺☺☺☺☺☺☺☺☺☺☺
Reply all
Reply to author
Forward
0 new messages