သမ္မတကြီးသို့ တိုင်ကြားစာ

17 views
Skip to first unread message

ဗမာ့ သွေး

unread,
Sep 10, 2012, 11:18:19 PM9/10/12
to
မင်္ဂလာပါ သမ္မတကြီး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ခင်ဗျာ


လက်ရှိအစိုးရ၏ ကောင်းမွန်သော အပြောင်းအလဲတချို့ကို တွေ့ရှိခဲ့လို့ ၀မ်းသာကြည်နူးခဲ့ရသလို ယခင် စစ်အစိုးရ လက်ထက်က
အတိုင်း အချို့သော ကိစ္စရပ်များဖြစ်ပွားနေဆဲ တွေ့ရှိခဲ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။

သမ္မတကြီး ဦးဆောင်၍ လက်ရှိ အစိုးရ အနေဖြင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်အောင် အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ထားတယ်လို့ သိရပါတယ် ။

တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၇၄၀၀၀ ကျော်ဖြင့် စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာနနှင့် Mother Industrial တို့ လက်မှတ်ရေးထိုးချုပ်ဆိုသည့် သဘောတူစာချုပ်ကို ကြည့်ရှုလျှင်
ထိုနောက်ကွယ်တွင် အလွန်ကြီးကျယ်သော လာဘ်ပေးလာဘ်ယူမှု ရှိနေသည်ကို  ရိုးရိုး ပြည်သူလူထုပင် အလွယ်တကူ နားလည်နိုင်ပါသည်။

ထို့ကြောင့် လက်ရှိ အစိုးရ အနေဖြင့် လာဘ်ပေးလာဘ်ယူမှု အမှန်တကယ် ပပျောက်စေချင်ပါလျှင် ယခုကိစ္စကို စံပြအနေဖြင့်
သေချာစွာ စုံစမ်း၍ ထိရောက်စွာ အရေးယူပေးပါရန် နိုင်ငံသား တဦးအနေဖြင့် လေးစားစွာ တိုင်ကြားအပ်ပါသည် ။

ကျွန်ူပ်တို့ တိုင်းပြည် ဘဏ္ဍာကို တရားဝင်ဗြောင်ကျကျ လိမ်လည်လှည့်ဖျားကာ ကိုယ်ကျိုးစီးပွား အတွက် အသုံးချနေသည့် ၀န်ထမ်းများနှင့်
စီးပွားရေး လုပ်ငန်းရှင်များကြောင့်  ပြည်သူလူထု မှာ ပိုမို ဆင်းရဲမွဲတေလာကြခြင်း ဖြစ်ပါသည်။

ကျွန်ူပ်တို့ တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုး တိုးတက်စေလိုသည့် အစိုးရ မှန်ခဲ့ပါလျှင် ၀န်ကြီးဌာနများနှင့် စီးပွားရေး လုပ်ငန်းရှင်များ
ပူးပေါင်းကာ တိုင်းပြည်ကို နွံထဲက ရုန်းမထွက်နိုင်အောင် လုပ်ဆောင်နေသည့် လာဘ်ပေးလာဘ်ယူမှုများကို အမြန်ဆုံးအရေးယူပေးပါရန်
လေးစားစွာ မေတ္တာရပ်ခံလိုပါတယ် ။


ခင်မင်လေးစားလျှက်

ဗမာ့သွေး








Monday, 10 September 2012 01:36
AddThis Social Bookmark Button
စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့သော တညင်းကုန်းအုတ်စက်ရုံအား စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်

၂၃၇ ဧကကျော် ကျယ်ဝန်းသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၇၄၀၀၀ ကျော်ဖြင့် စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာနနှင့် Mother Industrial တို့ လက်မှတ်ရေးထိုးချုပ်ဆိုသည့် သဘောတူစာချုပ်ပါ အချက်များအရ သိရသည်။

ချထားပေးရာတွင် တင်ဒါခေါ်ကာ ယှဉ်ပြိုင်ဆွဲယူရသည့် စနစ်မျိုးဖြင့် မဟုတ်ကြောင်း၊ လက်ရှိ အဆိုပါ အုတ်စက်ရုံအနီး တစ်ဧက မြေငှားရမ်းခမှာ ဂိုဒေါင်အပါဆိုပါက လမ်းမကြီး မျက်နှာစာတန်းမှာ တစ်လလျှင် ကျပ် ၁၆ သိန်းကျော်မှ သိန်း ၂၀ အထိရှိပြီး ဂိုထောင်မပါမြေသီးသန့်ဆိုပါက ကျပ်ရှစ်သိန်းမှ ကိုးသိန်းအကြားဈေးရှိသည်ဟု သိရှိရသည်။

၂၃၇ ဧကကျော်ကျယ်ဝန်းသည့် အုတ်စက်ရုံအတွက် ၀န်ကြီးဌာနမှရရှိမည့် မြေငှားရမ်းခနှုန်းမှာ ရှိသင့်သည်ထက် အဆမတန် နည်းပါးနေပြီး တင်ဒါခေါ်သည့် စနစ်ကိုသာ ကျင့်သုံးခဲ့ပါက ယခုထက်ပို၍ ငှားရမ်းခရရှိနိုင်မည်ဖြစ်သည်။

အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ တညင်းကုန်း အုတ်စက်ရုံနှင့် Mother Industrial ကုမ္ပဏီလီမိတက်တို့မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး စက်မှုဝန်ကြီးဌာန၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Mother Industrial ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မြတ်တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တညင်းကုန်းအုတ်စက်ရုံအား ငှားရမ်းရာတွင် စက်ရုံနှင့် မြေနေရာ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ယာဉ်နှင့် ယန္တရားများပါ ပါဝင်ပြီး မြေငှားရမ်းခ တစ်ဧက တစ်လလျှင် ကျပ် ၇၄၀၀၀ ကျော်ဖြင့်ငှားရမ်းခွင့်ကို ၁၅ နှစ်အထိ နှစ်ရှည်ခွင့်ပြုခဲ့သည်။

၁၅နှစ်အကြာတွင် သက်တမ်းကုန်ဆုံးမည်ဆိုသော်လည်း ဆက်လက်သက်တမ်းတိုးခွင့်ကို တစ်ကြိမ်လျှင် ၅ နှစ်ဖြင့် သုံးကြိမ်အထိ တိုးခွင့်ပြုထားသဖြင့် စုစုပေါင်းနှစ် ၃၀ အထိ နှစ်ရှည်ငှားရမ်းသည့် အနေအထားဖြစ်ကြောင်း သိရှိရသည်။

Mother Industrial ကုမ္ပဏီလီမိတက်အနေဖြင့် အုတ်စက်ရုံလုပ်ငန်းအပြင် ကျယ်ဝန်းသည့် မြေဧရိယာပေါ်တွင် အခြားလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ပြီး ယခုအခါ အဆောက်အအုံသစ်များ စတင်တည်ဆောက်ရန်စီစဉ်နေသည်ဟု စက်ရုံဝန်ထမ်း များက ပြောကြားခဲ့သည်။

တညင်းကုန်းအုတ်စက်ရုံရှိ ၀န်ထမ်းတစ်ဦးက''တင်ဒါမခေါ်ဘူး။ ဒီအတိုင်းပေးတာ။ အခု ပြည်ထောင်စု ၀န်ကြီးအသစ်လက်ထက်မှာ မဟုတ်ဘူးနော်။ အရင်ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းရှိတဲ့အချိန် သြဂုတ်လ ၂၄ ရက်နေ့မှာ စာချုပ်ကြတာ။ စက်ရုံ၊ ယာဉ်ယန္တရား၊ ဆက်သွယ်ရေးပစ္စည်း အစုံနဲ့ စက်ရုံမြေဧက ၂၃၇ ဒသမ ၆၂၉ ဧကပါ ပါတယ်။ တစ်ဧကကို ကျပ် ၇၄၀၀၀ ကျော်ပဲ တစ်လ ငှားရမ်းခပေးရတာပေါ့။ ဒီတော့ နိုင်ငံတော်ကရမယ့် မြေငှားခကလည်း မဖြစ်စလောက်ပဲရတယ်''ဟု ဆိုသည်။

တညင်းကုန်းအုတ်စက်ရုံမှ ၀န်ထမ်းတစ်ဦးကလည်း ''နိုင်ငံတော်သမ္မတကြီးက ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို အားပေးရမယ်ဆိုတဲ့ စကားလုံးအပေါ်မှာ လက်တစ်လုံးခြား လုပ်တယ်လို့ မြင်တယ်။ တင်ဒါမခေါ်တာကအစ ထင်သာမြင်သာမရှိဘူးဆိုတာ ပေါ်လွင်နေတာပဲ''ဟု သုံးသပ်ခဲ့သည်။

နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးနောက် နိုင်ငံတော်အတွက် အကျိုးရှိစွာဆောင်ရွက်နိုင်မှု ရှိ/မရှိကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က စိစစ်သွားမည်ဖြစ်ပြီး  စိစစ်တွေ့ရှိသည့် အကျိုးကျေးဇူးများနှင့် အားနည်းချက်များကို သုံးသပ်တင် ပြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

''စစ်သင့်တယ်။ ဘယ်လောက်ထိ ဒီလိုနည်းတွေနဲ့ လွှဲပြောင်းပြီးပြီလဲ၊ နိုင်ငံနဲ့ဝန်ထမ်းတွေ ဘယ်လောက်နစ်နာခဲ့ပြီလဲပါ စစ်သင့်တယ်။ အခုက တကယ်စက်ရုံလိုချင်တာထက် မြေကို ဦးထားမယ်၊ အခြား စီးပွားရေးလုပ်မယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာရင် ပေါင်းလုပ်မယ်ဆိုတာ ပိုများပါတယ်။ နိုင်ငံပိုင်တွေကို ပုဂ္ဂလိကပိုင်လွှဲတဲ့အခါ ပိုင်ရှင်အမည်မပြောင်းရလို့ပါတယ်။ ပြောင်းတာတွေရော ဘယ်လောက်ရှိပြီလဲပါ စစ်သင့်တယ်''ဟု လည်းလေ့ လာသူတစ်ဦးက ပြောသည်။

Reply all
Reply to author
Forward
0 new messages