Groups
Groups
Sign in
Groups
Groups
မုတ်သုံ
Conversations
About
Send feedback
Help
Fwd: မြွေကိုက်လူနာများပြား မြွေဆိပ်ဖြေဆေးအရေးပေါ်လိုအပ်
11 views
Skip to first unread message
ဗမာ့ သွေး
unread,
Sep 3, 2012, 11:36:15 PM
9/3/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to
ညောင်ဦးကရုဏာရှင်အသင်းမှမြွေဆိပ်ဖြေဆေး သွားရောက်လှူဒါန်း(၂၆-၈-၂၀၁၂)
ပုဂံမြို့ ၊ ကိုးလုံးရပ်နေ ဦးပေါက်စ ၊ အသက်(61)နှစ်သည် ည(၁၀း၃၀)ခန့်တွင်
မြွေဟောက်အကိုက်ခံရသဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်လာရာ ကရုဏာရှင်အသင်းမှ ကိုဖိုးသစ်၊ကိုဖိုးလုံး၊ ကိုမျိုးထက်၊ကိုအောင်မိုး၊ကိုနေဇော်ထိုက် တို့မှ မြွေဆိပ်ဖြေဆေးA.S.V(India)(၇)လုံး၊တန်ဖိုး=98000ကျပ်ကို ချက်ချင်းသွားရောက်လှူဒါန်းပေးခဲ့ပြီး လူနာရှင်အား
အားပေးစကားပြောကြားပေးခဲ့ပါသည်။
လူနာရှင်မိသားစုမှလည်းအလှူငွေ( ၁၀၀၀၀၀ိ)ကျပ်ကို ကျေးဇူးတင်စွာဖြင့် ပြန်လည်လှူဒါန်းပေးခဲ့ပါသည်။
ထိုသို့ပြန်လည်လှူဒါန်းပေးခြင်းအတွက် ကရုဏာရှင်အသင်း နှင့်ညောင်ဦးမြို့နယ်သူ/သားများမှ လှိုက်လှဲဝမ်းမြောက်စွာဖြင့် ကျေးဇူးဥပသကာရ တင်ရှိပါကြောင်း ၊ နွမ်းပါးသော မြွေကိုက်
လူနာများအတွက် မြွေဆိပ်ဖြေဆေးလှူဒါန်းရာတွင် ပြန်လည် အကျိုးရှိအောင် သုံးစွဲမည်ဖြစ်ကြောင်း အများပြည်သူတို့အား လေးစားစွာအသိပေးအပ်ပါသည်။
ညောင်ဦးမြို့တွင် မြွေကိုက်ခံ ရသောလူနာအရေအတွက် များပြားလွန်းသည့်အတွက် ဆေးဖိုး
ငွေများလိုအပ်နေပါသဖြင့် ၀ိုင်းဝန်းလှူဒါန်းပေးကြပါရန် နှိုးဆော် အပ်ပါသည်။
ညောင်ဦးကရုဏာရှင်အသင်းမှမြွေဆိပ်ဖြေဆေး သွားရောက်လှူဒါန်း မြွေကိုက်ခံရသောကိုဒီလှိုင်း(၂၁)နှစ်၊မြောက်ကုန်းရွာ၊ကျောက်ပန်းတောင်းမြို့နယ် နေသူ၊လူနာရှင်အမည်မလဲ့လဲ့ဝင်းတို့မှ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မြွေဆိပ်ဖြေဆးမလုံလောက်သောကြောင့် ကရုဏာရှင်အသင်း သို့အကူအညိတောင်းခံရာ အသင်းမှတာဝန်ကျအကျိုးဆောင်များ ဖြစ်သော ဦးအောင်ကျော်မြင့်၊ကိုသစ်လွင်မြင့်၊ကိုဖိုးအောင်
တို့သည် ရန်ကုန်မြို့နေ ဦးလှဌေး +ဒေါ်ယဉ်ယဉ်လှ သား-မောင်သက်ခန့်ဦး၊မောင်ရှိုင်းဘုန်းသက်
( ဌေးမိသားစုကုမ္ပဏီနှင့်ဇွဲကပင်ယူနိုက်တက် ဘာလုံးအသင်း)တို့မှ MPF VIPER ANTI-VENIN
10ml-2vials (တန်ဖိုး=150000ိ)ကျပ်ကိုလူနာရှင် များလက်ဝယ်သို့သွားရောက်လှူဒါန်းပေးခဲ့ပါသည်။
ညောင်ဦးကရုဏာရှင်အသင်းမှမြွေဆိပ်ဖြေဆေး သွားရောက်လှူဒါန်း(၂၈--၂၀၁၂) ညောင်ဦးမြို့နယ်၊အထက်ညဥ့်ကျေးရွာနေ ဦးဝင်းဗိုလ် သည် ယာလုပ်ငန်းလုပ်ကိုင်နေစဉ်
မြွေပွေးအကိုက်ခံရသဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်လာရာ ကရုဏာရှင်အသင်းမှ ကိုအောင်ကျော်မြင့်၊ ကိုမောင်ခိုင်၊ကိုအောင်မိုး တို့မှ မြွေဆိပ် ဖြေဆေးA.S.V(India)(14)လုံး၊တန်ဖိုး=196000ကျပ်ကို လူနာရှင်များလက်ဝယ်သို့ ချက်ချင်းသွားရောက်လှူဒါန်းခဲ့ပါသည်။
မြွေဆိပ်ဖြေဆေးအတွက် ကုန်ကျစရိတ်များပြားလွန်းသည့်အတွက် အများပြည်သူတို့မှ ၀ိုင်းဝန်းလှူဒါန်းပေးကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။
အခုအချိန်မှာ (India)လိုင်းတွေပိတ်နေလို့ မြွေဆိပ်ဖြေဆေးဝယ်ဖို့အခက်အခဲရှိ သဖြင့် ဆေးဝယ်ယူနိုင်ရန် အဆက်အသွယ်များရှိပါက ကူညီပေးပါရန် လေးစားစွာတင်ပြ
အကူအညီတောင်းခံအပ်ပါသည်။
FBပေါ်မှာ ကိုဗမာ့သွေးနဲ့တွေ့လို့ လိပ်စာရတာပါ။ ဖြစ်နိုင်ရင်ညောင်ဦးမြို့နယ် သူ/သား အများပြည်သူတို့အတွက် မြွေဆိပ်ဖြေဆေးလှူပေးပါဦး။
ဆက်သွယ်ရန် ကရုဏာရှင်အသင်း၊ညောင်ဦးမြို့
ဖုန်း064-61144၊
ကိုကိုမောင်၊(တွဲဖက်အတွင်းရေးမှူး) 09.402512242
--
မေတ္တာဖြင့်
မမင်း
Reply all
Reply to author
Forward
0 new messages