ထူးခြားတဲ့ သတင်းလေးပါ.. ။

23 views
Skip to first unread message

ဗမာ့ သွေး

unread,
Oct 5, 2012, 11:22:48 PM10/5/12
to
 ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာသယ်ဆောင်လာသော ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိ
To:


ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာသယ်ဆောင်လာသော ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိ PDF Print
Wednesday, 03 October 2012 20:00
AddThis Social Bookmark Button
ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာ သယ်ဆောင်လာသော ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံမှာ အသုံးပြုရန် ပြည်ပမှ မှာထားသော ဂျုံစေ့များကို သီလ၀ါဆိပ်ကမ်းမှတစ်ဆင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဆိုပါစက်ရုံအတွင်းသို့ ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်လာပြီးနောက် လက်နက်ခဲယမ်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိခဲ့သည့် လက်နက်ခဲယမ်းအမျိုးအစားများမှာ ၇ ဒသမ ၆၂ ကျည် ၂၈ တောင့်၊ ကျည်ကတ်နှစ်ခု၊ M-20 အမျိုးအစား ပစ္စတိုတစ်လက်၊ အပြာရောင်ကြိုးအိတ်တစ်ခုနှင့် ကာကီရောင် သေနတ်လွယ်ကြိုးတစ်ခုတို့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍လည်း ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံမှ တာဝန်ရှိသူ စီမံကိန်းမန်နေဂျာအား သွားရောက်မေးမြန်းရာ '' ဒီကိစ္စကို လုံဝမသိပါဘူး''ဟု ပြန်ဖြေကြားခဲ့သည်။

ဂျုံစေ့များအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိခဲ့ရသည့် ဂျုံများမှာ ပါကစ္စတန်နိုင်ငံထုတ် ဂျုံစေ့များဖြစ်ပြီး စင်ကာပူကုမ္ပဏီမှတာဝန်ခံ တင်သွင်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ဒိုင်းမွန်းစတားကုမ္ပဏီမှ မှာယူထားသော ဂျုံစေ့များပါရှိသည့် ကွန်တိန်နာအတွင်းမှ တွေ့ရှိခဲ့ရသော လက်နက်ခဲယမ်းများနှင့်ပတ်သက်၍ ပြည်တွင်းလမ်းကြောင်းများကို စုံစမ်းစစ်ဆေးရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရဲတပ် ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒဂုံအရှေ့မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ စခန်းမှူးဖြစ်သူရဲအုပ် ထွန်းလင်းအား သွားရောက်မေးမြန်းရာ '' ကျွန်တော်တို့အနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖြေလို့ လုံးဝမရပါဘူး''ဟု ပြန်လည်ပြောကြားခဲ့သည်။

ဒဂုံအရှေ့စက်မှုဇုန်အတွင်း လည်ပတ်လျက်ရှိသော စက်ရုံအရေအတွက်မှာ ၂၉ ရုံရှိပြိး ဆောက်လုပ်ဆဲ စက်ရုံပေါင်း ၃၀ ခန့်ရှိကြောင်း အဆိုပါစက်မှုဇုန်စီမံခန့်ခွဲရေးရုံးမှ သိရှိရသည်။
 
 
Ref: weekly eleven website
 
 

ကျွန်တော့်အမြင်အရ ကျွန်တော်တို့သတိကြီးကြီးကိုထားသင့်ပါတယ်။

1.     ဂျုံတွေက အကြမ်းဖက်သမားတွေရဲ့ရိပ်မြုံ ပါကစ္စတန်နိုင်ငံကလာတာရယ်။

2.     ကျည်ဆံတွေက အကြမ်းဖက်သမားတွေအကြိုက် AK 47 ချေမှုန်းရေးရိုင်ဖယ်မှာ သုံးတဲ့ 7.62 အမျိုးအစားဖြစ်တာရယ်။

3.     ပါကစ္စတန်တာလီဘန်အကြမ်းဖက်အဖွဲ့တစ်ခုကနေပြီးမြန်မာနိုင်ငံကို ခြိမ်းခြောက်ထားတာရယ်။

4.     ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့ကနေပြီး လူ200ကျော်လောက်သေတဲ့ မွန်ဘိုင်းတိုက်ခိုက်မှုလုပ်ခဲ့ဖူးတာရယ်

5.     ကန်တော်မင်္ဂလာပန်းခြံမှာ ကာဘိုင်ကျည် 199 တောင့်ကို အမှိုက်ပုံးထဲကတွေတာရယ်။

6.     လစ်ဗျားမှာလဲ မကြာသေးခင်က အမေရိကန်သံအမတ်လုပ်ကြံသတ်ဖြတ်ခံထားရတာရယ်။

7.     ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနည်းစု ဗုဒ္ဒဘာသာဝင်တွေကို အကြမ်းဖက်နေတာရယ်။

အားလုံးကိုပေါင်းစပ်စဉ်းစားကြည့်ရင် တစ်ခုခုကိုညွှန်ပြနေပါတယ်။ လူစည်ကားတဲ့နေရာ တစ်ခုခုကို ၀င်ရောက်စီးနင်းပြီး ဓားစာခံဖမ်းတာမျိုး အကြမ်းဖက်တိုက်ခိုက်တာမျိုးမလုပ်ဖူးလို့မပြောနိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့ပြည်သူချစ်သော Icon နှစ်ဦးဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့လုံခြုံရေးကို အဆင့်မြှင့်ထားသင့်ပါတယ်။

ပြည်သူပြည်သားများမှလဲ သွားလာနေထိုင်ရာတွင် မသိလိုက်မသိဘာသာမနေပဲ သတိမူပြီးဂရုတစိုက်နဲ့ မိမိရဲ့ပတ်ဝန်းကျင်မှာ မသင်္ကာစရာတွေ့ရင် ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားသင့်ပါတယ်။

မွန်ဘိုင်းတိုက်ခိုက်မှုမှာတွေ့ရှိရတာက အကြမ်းဖက်သမားတွေရဲ့ AK 47 နဲ့ လက်ပစ်ဗုံး ပစ်အားကို အိန္ဒိယရဲတပ်ဖွဲ့က မလှန်နိုင်ခဲ့တဲ့အတွက် အမေရိကန် SWAT အဖွဲ့လို ထိထိရောက်ရောက် တန်ပြန်နိုင်အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ခေတ်မီလက်နက်တပ်ဆင်ထားတဲ့ rapid response team နဲ့ လက်ဖြောင့်သေနတ်သမား sniper team တွေကိုလဲထည့်သွင်းဖွဲ့စည်းထားသင့်ပါတယ်။

လုံခြုံရေးအဖွဲ့များ ကိုင်တွယ်ရခက်အောင် နေရာအမြောက်အမြားကို တပြိုင်တည်းတိုက်ခိုက်လာနိုင်တဲ့အတွက် လုံလောက်တဲ့ တပ်ဖွဲ့ဝင်များကို အသင့်ထားရှိဖွဲ့စည်းထားသင့်ပါတယ်။

Prevention is better than cure ဆိုတဲ့ ဆိုရိုးအတိုင်း ကြိုတင်ပြင်ဆင်ထားခြင်းဟာ တကယ်ဖြစ်လာတဲ့အခါမှာ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကို အနည်းဆုံးအတိုင်းအတာအထိ လျော့ချနိုင်တဲ့အတွက် ရန်သူကို အထင်မသေးပဲ ပြင်ဆင်ထားခြင်းဟာ မမှားတဲ့အလုပ်ဖြစ်ကြောင်းအကြံပြုလိုပါတယ်။

 
 
 


Reply all
Reply to author
Forward
0 new messages