Fwd: ၂၉-၅-၂၀၁၁

11 views
Skip to first unread message

Luke Tuihing

unread,
May 30, 2011, 3:10:59 AM5/30/11
to {THLARAU THAWNNAK}


---------- Forwarded message ----------
From: THANG NO <thang...@gmail.com>
Date: 2011/5/29
Subject: Fwd: ၂၉-၅-၂၀၁၁
To:




---------- Forwarded message ----------
From: Tho Thain Thang <thohta...@gmail.com>
Date: 2011/5/29
Subject: ၂၉-၅-၂၀၁၁
To: thang...@gmail.com




သိုးထိန်းသံ ဓမ္မရသစာစောင်
header
http://www.thohtainnthan.co.cc/

ဘုရားသခင်ရှေ့မှာ မင်္ဂလာရှိသောသူ


Josephတရားသောသူ၌ အမင်္ဂလာ မရောက်ရာ။ (သုတ္တံ၊ ၁၂း၂၁)
ဘုရားစကား နားထောင်တဲ့သူရဲ့ အသက်တာထဲမှာ အမင်္ဂလာရောက်ရတဲ့အခွင့်ကို ဘုရားသခင်က မပေးဘူး။ ဘုရားစကား နားမထောင်တဲ့သူရဲ့ အသက်တာမှာတော့ အမင်္ဂလာနဲ့ ပြည့်ဝနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အသက်တာထဲမှာ ဘုရားစကားကို နားထောင်လို့ ဒုက္ခပြဿနာနဲ့ တွေ့ကောင်းတွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲဒီအရာဟာ အဓိက မဟုတ်ပါဘူး။ ဘုရားသခင်ရှေ့မှာ မင်္ဂလာရှိဖို့က အဓိကပဲ ဖြစ်ပါတယ်။ လူရှေ့မှာ ဘယ်လောက်ပဲ ကောင်းစားနေပါစေ။ မျက်နှာရနေပါစေ။ ဘုရားသခင်ရှေ့မှာ အမင်္ဂလာဖြစ်ခဲ့ရင် အလွန်ဝမ်းနည်းစရာ ဖြစ်ပါတယ်။ (၁ပေ ၃း၁၃-၁၄)

ဒါကြောင့် သင်ဟာ ယခုဘုရားသခင်ရှေ့မှာ မင်္ဂလာရှိသောသူလား။
အမင်္ဂလာနှင့်ပြည့်နေသောသူလား။

ယောသပ်ကို သူ့ညီအစ်ကိုတွေက အဲဂုတ္တုပြည်မှာ ကျွန်အနေနဲ့ ရောင်းစားလိုက်တယ်။ ယောသပ်ဟာ ကျွန်ဘ၀ရောက်နေပေမယ့် ဘုရားသခင်ကို ချစ်နေတယ်။ ( က ၃၉း၁)

ယောသပ်ကို သခင့်ရဲ့မယားက သူနဲ့အိပ်ဖို့နေ့တိုင်း သွေးဆောင်သော်လည်း ယောသပ်ဟာ ဘုရားသခင်စကားကို နားထောင်တဲ့အတွက် ထိုဒုစရိုက်ကို ရှောင်နိုင်ခဲ့တယ်။ ( က ၃၉း၇၊၉-၁၀)

နောက်တစ်ခါ သခင့်ရဲ့မယားက ယောသပ်ရဲ့အ၀တ်ကိုကိုင်ပြီး ဒုစရိုက်ပြုစရာအခွင့်ကို အတင်းအကြပ် ဖန်တီးတယ်။ ဒီအမှုကိုလည်း ယောသပ်ဟာ ဘုရားသခင်စကား နားထောင်ခြင်းအားဖြင့် ကျော်လွှားအောင်မြင်ခဲ့တယ်။ (က ၃၉း၁၁-၁၃)

သခင်မက ယောသပ်သည် အကျွန်ုပ်ကို မရိုမသေပြုသည်ဟု အော်ဟစ်သောအခါ သခင်သည် ကြား၍ ယောသပ်ကို အမျက်ထွက်၏။ ထိုအမှုအရာကြောင့် ယောသပ်သည် ထောင်ထဲကို ရောက်ခဲ့တယ်။ (က ၃၉း၁၉-၂၀)

ယောသပ်သည် ဘုရားစကား နားထောင်မိသည့်အတွက် (၁) ကျွန်အနေနဲ့ ရောင်းစားခံရတယ်။ (၂) သွေးဆောင်ခံရတယ်။ (၃) ပြင်းထန်စွာ သွေးဆောင်ခံရတယ်။ (၄) အရှက်ကွဲ ထောင်ကျခံရတယ်။ ဒါပေမယ့် ယောသပ်ဟာ ဘုရားသခင်ကို အပြစ်တင်ခြင်း လုံးဝမရှိပါဘူး။ ဘုရားစကား နားထောင်မိလို့ ဒုက္ခပြဿနာနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘုရားသခင်ရှေ့မှာ မင်္ဂလာရှိသည်။

ဘုရားသခင်ရှေ့မှာ မင်္ဂလာရှိတဲ့သူဟာ လူရှေ့မှာ ထိုမင်္ဂလာရဲ့ အကျိုးကို ဘုရားသခင်က ထင်ရှားစွာပြမှာ ဖြစ်တယ်။ ထို့နောက် ယောသပ်ကို ဘုရားသခင်က ကောင်းကြီးမင်္ဂလာသုံးပါး ချပေးခဲ့ပါတယ်။ (က) ဖာရောဘုရင်၏ အဖအရာ (ခ) နန်းတော်အုပ်အရာ (ဂ) အဲဂုတ္တုတစ်ပြည်လုံးကို အုပ်စိုးသော သခင်အရာဖြစ်ပါတယ်။ (က ၄၅း၈)

* သင်ဟာ ဘုရားသခင်ရဲ့ ချီးမြောက်ခြင်းကို ခံစားချင်ပါသလား။
* သင်ဟာ ဘုရားသခင်ရဲ့ ရှေ့မှာ မင်္ဂလာရှိဖို့ ပေးဆပ်ရမယ့် အဖိုးအခကို ပေးဆပ်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီလား။
--------------------------------------------------------------------------------------------------------------------------------------
ကျေးဇူးတရားနှင့် အသက်ရှင်ခြင်း

Graceဘုရားသခင်ရဲ့ကျေးဇူးတော်ပဲ။ စားရတာလဲကျေးဇူးတော်၊ သွားရတာလည်း ကျေးဇူးတော်၊ လုပ်ကိုင် နေရတာလည်း ကျေးဇူးတော်၊ ကျန်းမာနေတာလည်း ကျေးဇူးတော်၊ စသည်ဖြင့် အရာရာ မှာ ကျေးဇူးတော်ကို ချီးမွမ်း၍မကုန်နိုင်ပါ။ မယုံကြည်သူတို့ကတော့ မိမိ ကြိုးစားအားထုတ်မှုအပေါ် အသက်ရှင်သောကြောင့် ကျေးဇူးတော်ဟူ၍မရှိပါ။ ကံကံ ၏အကျိုးသာရှိပါသည်။ ယုံကြည်သူတွေကတော့ မိမိကြိုးစားမှုအပေါ် အခြေမတည်ပဲ ဘုရားသခင်၏ ကျေးဇူးပြုမှုအပေါ်သာ အခြေတည်သော ကြောင့် ကျေးဇူးတော်ဟူသော စကားကို သုံးကြသည်။ ကျေးဇူးတော်နဲ့ကြွယ်ဝနေ တာ ကောင်းပါသည်။
    ကျေးဇူးတော်အကြောင်းကို တဖွဖွပြောနေ သူတစ်ယောက်က မကောင်းမှုတွေနဲ့ အသက်ရှင်နေသူ ဖြစ်နေလျှင် ကျေးဇူးတရားကို မထီမဲ့မြင်ပြုသူဖြစ် တယ်။ ဘာကြောင့်လည်းဆိုတော့ ဘုရားသခင် ကျေးဇူးပြုထားတာက သူ့ကို အပြစ်လုပ်ဖို့ ရည်ညွှန်း နေသလို ဖြစ်နေလို့ပါပဲ။ ဘုရားသခင် သည် မည်သူကို မျှ အပြစ်သို့မသွေးဆောင်ပါ။
    ယုံလည်းယုံ၊ ခုန်လည်းခုန်ဆိုသည့် သဘောကို ခံယူ၍ မိမိကိုယ်တိုင်ကလည်း လုပ်ရမည်။ ဘုရားကိုကြီးအားမကိုးနဲ့ ဆိုသည်ကလည်းရှိ၏။ အစကတည်းက မိမိအစွမ်းအပေါ်၌ အားကိုးလောက် လျှင် ခရစ်တော်ယေရှု လောကသို့ကြွလာစရာပင် မလို တော့ပါ။ မိမိ လုပ်နိုင်သမျှအားလုံးဟာ ဘုရားသခင် လက်ခံနိုင်လောက်အောင် မပြည့်စုံသောကြောင့်သာ ခရစ်တော်က ကိုယ်စားလုပ်ပေးခဲ့ရ၏။ ခရစ်တော် လုပ်ဆောင်ပေးသောအရာက ပြီးပြည့်စုံသောကြောင့် လူကထပ်၍လုပ်စရာမ လိုတော့ပါ။ အကယ်၍ လူလုပ်ရပ်ဖြင့် ရောနှောလိုက်ပါက ကျေးဇူးတရားကို ဖျက်စီးခြင်းသာ ဖြစ်သည်။ ကျေးဇူးတော်ဆိုတာ လူ၏ လုပ်ဆောင်နိုင်ခြင်း၊ မလုပ်ဆောင်နိုင်ခြင်းတို့နှင့် မဆိုင်ပါ။ ကျေးဇူးပြုသောဘုရားသခင်နှင့် ခရစ်တော် ယေရှုနှင့်သာ ဆိုင်ပါ၏။
    ဘုရားသခင်ထံတိုးဝင်တဲ့အခါ ယေရှုခရစ် ကို လက်ခံယုံကြည်ထားမှုဖြင့်သာ အထံတော် သို့ ရောက်နိုင်ပါတယ်။ ဘုရားသခင်က ကျွန်တော်ကို လက်ခံတယ်ဆိုရာမှာ ကျွန်တော်ရဲ့ ပကတိအခြေ အနေ ကြောင့်တော့ မဟုတ်ပါ။ ယေရှုခရစ်တော်ကြောင့်သာ ဖြစ်ပါတယ်။
    ခရစ်တော်ကြောင့်သာဆိုလျှင် မိမိသည် အရေးပါစရာမလိုတော့ပါ။ မိမိအခြေအနေကိုလည်း တင်ပြနေစရာမလိုပါ။ ခရစ်တော်သည်သာကျွန်တော်ရဲ့ ဘ၀၊ အရာခပ်သိမ်း၊ ချီးမြှောက်ခြင်း အကြောင်း၊ ဖြစ်ပေတယ်။ ဒါဟာကျေးဇူးတရားပါပဲ။
    ဂလာတိ ၁း၆-၇ ကိုကြည့်ရင် ““ခရစ်တော် ၏ကျေးဇူးအားဖြင့် သင်တို့ကိုခေါ်တော်မူ သောသူ””ဟု ဆိုထားသောကြောင့် ဘုရားသခင်ထံတော်သို့ ရောက်ရှိ စေရန် ခရစ်တော်ကသာ ကျေးဇူးပြုထားပါတယ်။ သို့ပေမဲ့အချို့က အခြားသောဧ၀ံဂေလိတရား နောက် သို့လိုက်၍ ခရစ်တော်၏ ဧ၀ံဂေလိတရား ကို မှောက်လှန် တယ်လို့ ဆိုထားပါသေး တယ်။ ကျေးဇူးတရား ကို မှောက်လှန်သော အခြားသော ဧ၀ံဂေလိ တရားက မည်သို့ဖြစ်ပါသနည်း။ နှစ်မျိုးရှိပါတယ်။
    ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း ရထား ပြီးမှ ဘယ်လိုအမှားမျိုးပြုပါစေ ခွင့်လွှတ်ထားပြီးဖြစ်တယ် ဆိုကာ အားနည်းခြင်းကို ခွင့်ပြုထားခြင်းပါ။ ဘုရားသားဖြစ်လျက် လောကီဆန်စွာ အသက်ရှင်နေ ခြင်းကို ခွင့်ပြုသော သွန်သင်မှုများကို သွန်သင်သူ လည်းရှိသလို ဒါကိုသဘောကျလို့ လက်ခံသူများက လည်း လွတ်လပ်သောဘုရားသားများ အနေဖြင့် အကျင့်ဟောင်းကိုမပြင်ပဲ ဘုရားသားအဖြစ် ရှင်သန်နေ ကြပါတယ်။ ဘုရားသခင်ထံလာရင်လည်း မိမိအား နည်းခြင်းကို တဖွဖွပြောနေတတ်တာကလည်း ပကတိ လူသား၏အားနည်းမှုကို အခွင့်ကောင်းယူတာနဲ့ တူပါတယ်။ ကျေးဇူးတော်ကိုခံယူပြီးရင် မိမိ ဆိုတာမရှိ၊ ခရစ်တော်သာရှိရမယ်။
    နောက်ဧ၀ံဂေလိတစ်မျိုးကတော့ ပညတ် တော်တွေကို လိုက်လျှောက်စေဖို့၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုလ်နေ့တွေကိုစောင့်ဖို့ တိုက်တွန်းပြီး မိမိလုပ်ဆောင် နိုင်မှုအပေါ်မူတည်သော အကျိုးခံစားခွင့်ကို သွန်သင် တဲ့တရားဖြစ်ပါတယ်။ ဒီတရားကြောင့် အဆင့်အတန်း ခွဲခြားသော အသင်းတော် အဖွဲ့အစည်း ဖြစ်လာပါတော့ တယ်။ ခရစ်တော်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန် မရှိ၊ လူလွတ်မရှိ၊ သကုသိလူမရှိပါ။ ယခုမှာ ထိုတရား ကြောင့် လူများကိုကွဲပြားခြားနားစေပြီး ကျွန်တော်က တော့ဖြင့် ဘယ်သို့ဘယ်ပုံ ဆက်ကပ်ပါဝင်နေတာ၊ ဘယ်လိုကျင့်စောင့်တာ၊ ဘယ်လောက်ပေးလှူတာ စသည့်ဖြင့် ၀ါကြွားကာနေသူများရှိလာစေသည်။ အသင်းတော်တွင်း အဆင့်အတန်းခွဲတာတွေ၊ လူမျိုးခွဲ တာတွေ၊ လောကီအရာ၌ ဦးစားပေးတာတွေ ကလည်း ခရစ်တော်တရား(ကျေးဇူးတရား)နှင့် မဆိုင်သော အရာ များဖြစ်သည်။
    ရုတ်တရက်ကြည့်လျှင် ထိုအခြားသော ဧ၀ံ ဂေလိတရားနှစ်ပါးမှာ အားနည်းသူ (ပင်ကိုယ်အရ အပြစ်ကိုနှစ်သက်သူ)နှင့် တတ်စွမ်းသူ (မိမိအစွမ်း သတိ္တ၌၀ါကြွားသူ)တို့ကိုအားရ ကျေနပ်စေ၍ ကောင်း သည်။ ခရစ်တော်၏ဧ၀ံဂေလိတရား (ကျေးဇူးတရား) နှင့်တော့ကွာခြားလှ၏။ ကျေးဇူးတရားက ထိုအစွန်းနှစ် ဘက်ရောက်သော တရားများနှင့်မတူပဲ ခရစ်တော်က သာ ကျေးဇူးပြုသည်ဟု ဆိုလိုသည်။  ငါမဟုတ်၊ ခရစ်တော် သာဖြစ်သည်ဟု ၀န်ခံမှသာ ကျေးဇူးတရား၌ အသက်ရှင်သူဖြစ်မည်။ ““မိမိဟာအားနည်းသူ တစ်ယောက်ဖြစ်တယ်””ဟု အမြဲဆိုသောသူက ခရစ်တော် လုပ်ဆောင်ပေးခဲ့တာကို ၀န်မခံသူဖြစ်သည်။ ခရစ်တော်ထက် မိမိ၏ကျော်ကြားမှုကို ရှာသောသူလည်း အတူတူပင်။ ခရစ်တော်ပျောက်နေသော သူများ ဖြစ်သည်။
    ဂလာတိ ၂း၂၀မှာတော့ ရှင်ပေါလုက ““ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကားတိုင် မှာအသေခံပြီ””ဟု ဆိုထားပါတယ်။ ပေါလုဆိုတာ မရှိ တော့ဘူး။ ခရစ်တော်သာရှိပါတော့တယ် လို့ ဆိုလို တာပါ။ ဒါဆိုရင် ပေါလုရဲ့ အတိတ်က ဘာကြီးပဲဖြစ်ခဲ့ ပါစေ အခုမရှိတော့ပါဘူး။ အခုရှိနေတာက ခရစ်တော် ဟာ မည်သူမည်ဝါဖြစ်ကြောင်းသာ ဖြစ်ပါတယ်။ ပေါလုကိုကြည့်ရင် ခရစ်တော်ကိုသာ မြင်တွေ့ရစေတာ မျိုးပါ။ သူကပေါလုနဲ့မတူပဲ ခရစ်တော်နဲ့တူနေတာ ပါ။ ပေါလုလုပ်နေသမျှဟာ ခရစ်တော်လုပ်နေ တာပါ။ ပေါလုပြောနေသမျှဟာ ခရစ်တော်ပြောသလိုပါ။ ပေါလုက ခရစ်တော်လို ဖြစ်သွားတာပါ။ ““သို့သော် လည်း အသက်ရှင်သေး၏။ ထိုသို့ဆို သော်ငါသည် ကိုယ်တိုင်မရှင်။ ခရစ်တော်သည်ငါ၌ရှင်တော်မူ၏။”” ဒါဟာကျေးဇူးတရား၌ အသက်ရှင်ခြင်းဖြစ်ပါတယ်။ ငါအားနည်းတယ်၊ ငါအားကြီးတယ်ဆိုတာမရှိပါ။ ခရစ်တော်သာ ရှိပါတော့တယ်။ တချို့က ““ငါဘာ ကောင်လဲဆိုတာ သိစေရမယ်”” လို့ဆိုတယ်။ မှားပါ တယ်။ ခရစ်တော်ဘယ်သူလဲ ဆိုတာသာပြရပါမယ်။
    ခရစ်တော်မည်သူဖြစ်ကြောင်းနှင့် သူဘာ လုပ်သလဲဆိုတာကို စဉ်းစားကြည့်ကြရအောင်။
    ခရစ်တော်ဟာ လူဇာတိခံသော ဘုရားသား ပါ။ သူလုပ်သမျှ ဘုရားသခင်နှစ်သက်တယ်။ ဘုရား နှစ်သက်တာကိုလည်း ယေရှုလုပ်ပါတယ်။ ကျေးဇူး တရားနဲ့အသက်ရှင်ရင် ခရစ်တော်လို ဖြစ်ရ ပါမယ်။
    ခရစ်တော်ဟာ ဆုတောင်းသောသူ ဖြစ်ပါ တယ်။  တစ်ညလုံးလည်းဆုတောင်းတယ်။ အစာရှောင် လည်း ဆုတောင်းပါတယ်။ ရက်ပေါင်း(၄၀)တိုင် အစာ ရှောင်ပါတယ်။ ခရစ်တော်သာ ကျွန်တော်အထဲမှာ ရှင်သန်နေရင် ဆုတောင်းသောသူဖြစ်မှာပါ။ အစာ လည်း ရှောင်လာနိုင်မှာပါ။
    ဥပမာအနေနဲ့ ယေရှုက ဂေသရှေမန် ဥယျာဉ်မှာ ဆုတောင်းတော့ တပည့်တော် ၃ယောက်က ငိုက်နေကြတယ်။ အကြိမ်ကြိမ်ဆုတောင်းဖို့ နှိုးဆော် ပေမဲ့ ဆုမတောင်းနိုင်ကြပါဘူး။ သင်ကော ဆုတောင်း နိုင်ပါပြီလား။ တချို့က ခရစ်ယာန်ဖြစ်နေတာ ကြာပါပြီ ဆုမတောင်းတတ်ကြပါဘူး။ ဆုတောင်း လျှင်လည်း အိပ်ငိုက်ကြပါတယ်။ အစာရှောင်ဖို့ကတော့ ဝေးလှစွ။ ကျေးဇူးတရားမှာ အသက်ရှင် သူမှန်လျှင် ဆုတောင်း သောသူဖြစ်ရပါမယ်။
    ယေရှုခရစ်ဟာ ဆာလောင်တတ်သော လူသားပါ။ သူ၏စားစရာဟာ ခမည်းတော်၏ အမှုကို ပြီးစီးစေခြင်းပါ။ ယေရှုဘယ်လို စားသောက်သလဲ ဆိုတာ မသိပါဘူး။ သိထားတာကတော့ အစားထက် ၀ိညာဉ်အလုပ်ကို ဦးစားပေးလုပ်ပါတယ်။ ၀ိညာဉ် အလုပ်ပြီးခြင်းက သူ၏စားသောက်ခြင်းပါ။ ကျေးဇူး တရား၌ရှင်သန်နေသူဟာ အစားအတွက် အသက်မရှင် ပါ။ ခမည်းတော်၏အလုပ်၊ ၀ိညာဉ်ကယ်တင်ခြင်း အလုပ်ကိုသာ ဦးစားပေးအသက်ရှင်သူဖြစ်ပါတယ်။
    ကျွန်တော်တို့ကတော့ စားစရာရှိမှ၊ အစာကို အရင်ရှာပြီးမှ၊ စုဆောင်းငွေရှာဖွေထားပြီးမှ ခမည်းတော် ရဲ့အလုပ်ကို လုပ်မယ်လို့ စဉ်းစားကြတယ်။ ခရစ်တော် ရဲ့လုပ်ရပ်နဲ့တော့ ကွာပါတယ်။
    အဲဒီလိုကွာလို့မရပါဘူး။ ထပ်တူဖြစ်ရပါ မယ်။ ငါဆိုတာသေပြီးပြီဆိုတာ မမေ့သင့်ပါ။
    ခရစ်တော်ဟာ လူသားတွေရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးတဲ့ နေရာတွေမှာ ရှိနေ တတ်ပါ တယ်။ အပျော်အပါး၊ ဟေးလားဝါးလားနေရာတွေကို မသွားပါဘူး။ အချိန်နှင့်အမျှ လူတွေကိုကူညီနေရလို့ မအားပါဘူး။ လိုအပ်နေသူတွေစီရောက်ဖို့ ခရီးရှည် လမ်းလျောက်တာမျိုးတွေ၊ လှေစီးသွားရတာမျိုးတွေ၊ ရှိပါတယ်။ အပင်ပန်းခံပြီး အရောက်သွားကာ ကူညီပါ တယ်။ ယနေ့ခေတ်လို လေယျာဉ်တွေရှိခဲ့ရင် ယေရှု ကမ်္ဘာပတ်ဦးမှာ။ လူတွေရဲ့လိုအပ်မှုကို ဖြည့်စည်းပေးဖို့ ပဲလေ။ ကျေးဇူးတရားနှင့် ရှင်သန်သူတွေကလည်း ဒီလိုပါပဲ။ အချိန်ရှိခိုက် လူတွေရဲ့အမှန်တကယ် လိုအပ် နေမှုကို ကူညီနေမှာပါ။ အနာရောဂါငြိမ်းခြင်း၊ နတ်ဆိုး နှင်ထုတ်ခြင်း၊ အပါယ်ခံရသူများနှင့် မိတ်ဆွေဖွဲ့ခြင်း၊ ၀မ်းမြောက်ဖွယ် ဧ၀ံဂေလိတရား ကိုဟောခြင်းများပြုမှာပါ။
ကိုယ်အတွက် လိုအပ်တာတွေတောင်းပြီး ရတဲ့အခါ ကျေးဇူးချီးမွမ်းတတ်တာကိုတော့ အရေးတယူ မပြော လိုပါ။ လောကမှာ ကိုယ်အတွက်ပဲ အသက်ရှင်တတ်သူ ကို ကျေးဇူးတရားနဲ့ အသက်ရှင်သူလို့ မခေါ်ဆိုနိုင်ပါ။
    ခရစ်တော်ကကိုယ်အထဲမှာ ရှင်သန်နေမှ ခရစ်တော်ကဲ့သို့ စရိုက်မျိုးပေါ်လွင်နေမှာပါ။
    ခရစ်တော်ကိုပြပါဆိုလျှင် သင့်ကိုယ်သင် ပြလိုက်ရုံပါပဲ။ ကျေးဇူးပြုသူကို ကျေးဇူးတင်ရုံနဲ့မပြီး ပါဘူး။ ကျေးဇူးသိတတ်ရင် ““ငါ”” ဆိုတာကို လက်ဝါး ကားတိုင်မှာ ရိုက်ထားပြီး သတ်လိုက်ပါ။
    ကျေးဇူးပြုသူယေရှုကို အသက်ရှင်ခွင့်ပေး လိုက်ပါ။ ယေရှုနဲ့တူလာပါမယ်။ ယေရှုနဲ့တူလေ မိမိ မည်သူမည်ဝါဖြစ်ခြင်းက ပျောက်သွားပါလိမ့်မယ်။ ဒါဟာ ကျေးဇူးတရားရဲ့ သဘောသဘာဝပါပဲ။ ယုံကြည်သူတိုင်း ““ငါ””သဘောမှ လွတ်မြောက်ကြပါ စေ။
ရန်နိုင်ဝင်း

  New Dream Media မှ စီစဉ်တင်ဆက်ပါသည်။




--
Jesus love you.
http://thangno.com
http://newdream.info/

Tissot_Joseph_and_His_Brethren_Welcomed_by_Pharaoh.jpg
thumbnail.aspx.jpg
Reply all
Reply to author
Forward
0 new messages