Fwd: Steps to Peace With God

40 views
Skip to first unread message

Luke Tuihing

unread,
May 30, 2011, 3:13:07 AM5/30/11
to {THLARAU THAWNNAK}


---------- Forwarded message ----------
From: THANG NO <thang...@gmail.com>
Date: 2011/5/30
Subject: Steps to Peace With God
To:



သိုးထိန်သံ ဓမ္မရသစာစောင်

Steps to Peace with God
http://myatmingalar.com

Step One
Step
                            One

ဘုရားသခင်၏ရည်ရွယ်ချက်း ဘ၀ နှင့် ငြိမ်းချမ်းရေး

ဘုရားသခင်က သင့်ကိုချစ်လို့ ထာဝရပြည့်ဝစုံလင်တဲ့ဘ၀နဲ့ ငြိမ်းချမ်းခြင်းကို တွေ့ကြုံခံစားစေချင်တယ်။

သမ္မာကျမ်းစာမှာ ဒီလို ပြောထားပါတယ်...

" ငါတို့သခင် ယေရှုခရစ်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။" (ရောမ၊ ၅း၁)

" ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်။ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ " ( ယောဟန်၊ ၃း၁၆)

" ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှာ လာသတည်း။ " ( ယောဟန်၊ ၁၀း၁၀)

ဒါဆိုရင် ဘာဖြစ်လို့ ထာဝရပြည့်ဝစုံလင်တဲ့ဘ၀နဲ့ ငြိမ်းချမ်းခြင်းကို လူသားတွေ မပိုင်ဆိုင်နိုင်ကြတာလဲ။


Step Two
Step Two 1

ပြဿနာ ၊ ကင်းကွာနေခြင်း

ဘုရားသခင်ဟာ လူကို သူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီ ပြည့်ဝစုံလင်တဲ့ဘ၀ကို ဖန်ဆင်းပေးခဲ့တယ် သူ့စကားနားထောင်ဖို့ သူ့ကိုချစ်ဖို့ စက်ရုပ်ဆန်ဆန် မဖန်ဆင်းခဲ့ဘူး။ လူ့ရဲ့ကိုယ်ပိုင်ဆန္ဒနဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ပေးထားတယ်။

လူသားဖြစ်တဲ့ ကျွန်တော်တို့ကတော့ ဘုရားသခင်ကိုချစ်ပြီး ဘုရားစကားနားထောင်ရမယ့်အစား ကိုယ့်စိတ်ကြိုက် အသက်ရှင်ဖို့ ဘုရားစကားနားမထောင်ခြင်းလမ်းကို ရွေးချယ်လိုက်ပါတယ်။ ဒီနေ့ထိတိုင်အောင်ပါပဲ။

ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ ဝေးကွာနေရပါတယ်။

သမ္မာကျမ်းစာမှာ ဒီလို ပြောထားပါတယ်...

 " လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။" (ရောမ၊ ၃း၂၃)

 " အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။ " (ရောမ၊ ၆း၂၃)

Step Two 2
ဘုရားသခင်ဆီရောက်ဖို့ လူသားရဲ့ ကြိုးစားအားထုတ်မှု

ဘုရားနဲ့လူကြား အဆက်အသွယ်ပြတ်နေခြင်းကို တံတားခင်းဖို့ လူတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြပါတယ်။

သမ္မာကျမ်းစာမှာ ဒီလို ပြောထားပါတယ်...

" လူထင်သည့်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း ၊ အဆုံး၌သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏။"(သုတ္တံ၊ ၁၄း၁၂)

"သင်တို့ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့်ကွာစေပြီ။ ကြားတော်မမူစေခြင်းငှာ၊ သင်တို့အပြစ်သည် မျက်နှာတော်ကိုလွှဲစေပြီ။" ( ဟေရှာယ၊ ၅၉း၂)

ဒါပေမယ့် ဘုရားသခင်ပြင်ဆင်ပေးတဲ့ နည်းလမ်းတစ်ခုကလွဲလို့ ဘယ်သူမှ ဘုရားသခင်ဆီ မရောက်နိုင်ပါဘူး။


Step Three
Step
                            Three
ဘုရားသခင်၏ပေါင်းကူးတံတား ၊ ကားတိုင်တော်

သခင်ယေရှုဘုရားဟာ ကားတိုင်တော်ပေါ်မှာ အသေခံပြီး ၃ရက်မြောက်နေ့မှ သင်္ချိုင်းမှ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ သခင်ယေရှုဘုရာဟာ ကျွန်တော်တို့လူသားများရဲ့ အပြစ်ကြွေးကို ကားတိုင်တော်ပေါ်မှာ ပေးဆပ်ခဲ့ခြင်းအားဖြင့် ဘုရားသခင်နဲ့ လူကြားမှာ ပေါင်းကူးတံတားခင်းပေးခဲ့တယ်။

သမ္မာကျမ်းစာမှာ ဒီလို ပြောထားပါတယ်...

 " ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသော  အာမခံတစ်ဦးတည်းရှိ၏။ " (၁တိ ၂း၅)

 " ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ၀ိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူ သည်ဖြစ်၍ ငါတို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ခြင်းငှာ၊ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့ အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏။ " (၁ပေ ၃း၁၈)

 " ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။ " (ရောမ ၅း၈)

ဘုရားသခင်က ဒီနည်းလမ်းတစ်ခုတည်းကိုသာ ပြင်ဆင်ပေးခဲ့တယ်။ ဒါဟာ လူသားတိုင်းရွေးချယ်ရမယ့် တစ်ခုတည်း သောလမ်းဖြစ်တယ်။

_________________________________________________________________________________________________

Step Four
Step
                                      Foru
ကျွန်ုပ်တို့၏လက်ခံမှု ၊ သခင်ယေရှုဘုရားကိုလက်ခံခြင်း

ကျွန်ုပ်တို့အနေနဲ့ သခင်ယေရှုဘုရားကို အသက်သခင်ကယ်တင်ရှင်အဖြစ် ကိုယ်တိုင် ခေါ်ဖိတ်လက်ခံရပါမယ်။

သမ္မာကျမ်းစာမှာ ဒီလို ပြောထားပါတယ်...

 " ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကို ဖွင့်အံ့။ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။ " (ဗျာဒိတ် ၃း၂၀)

 " ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ " (ယော ၁း၁၂)

 " အဘယ်သို့နည်း ဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ " (ရောမ ၁၀း၉)

သင် အခု ဘယ်နေရာမှာလဲ။

ယခုပင် သခင်ယေရှုဘုရားကို အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံနိုင်ပြီလား။

ဒီနေရာမှာ သခင်ယေရှုဘုရားကို အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံနိုင်မယ့် နည်းလမ်းကို ဖေါ်ပြထားပါတယ်။

1.သင်ဟာ အပြစ်သားဖြစ်ကြောင်း သင့်ရဲ့ အခြေအနေမှန်ကို လက်ခံပါ။
2.
သင့်အပြစ်များအတွက် နောင်တရပါ။
3.
သင့်ရဲ့ အပြစ်များအတွက် သခင်ယေရှုဘုရားဟာ ကားတိုင်ပေါ်မှာ အသေခံပြီး ၃ရက်မြောက်နေ့မှာ သေခြင်းမှရှင်ပြန်   ထမြောက်ခဲ့ကြောင်း ယုံကြည်လက်ခံပါ။
4.
ဆုတောင်းခြင်းဖြင့် သခင်ယေရှုဘုရားကို သင့်နှလုံးသားထဲ ခေါ်ဖိတ်လက်ခံပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သင့်အသက်တာကို ဦးဆောင်လမ်းပြပါမည့်အကြောင်း ဆုတောင်းဆက်ကပ်ပါ။

ဘယ်လိုဆုတောင်းရမလဲဆိုရင်

သခင်ယေရှုဘုရား
                       ကျွန်တော်ဟာ အပြစ်သားတစ်ဦးဖြစ်ပြီး ကိုယ်တော်ရဲ့ခွင့်လွှတ်ခြင်း လိုအပ်နေကြောင်း သိပါတယ်။ ကိုယ်တော်ဟာ ကျွန်တော့်အပြစ်အတွက်ကြောင့် အသေခံပေးခဲ့ကြောင်း ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့အပြစ်များမှ ရုန်းထွက်လွှတ် မြောက်ချင်ပါတယ်။ ကျွန်တော့် နှလုံးသားအသက်တာထဲ ကိုယ်တော် ၀င်ရောက်ကိန်းဝပ်ပါမည့် အကြောင်း ယခုပင် ဖိတ်ခေါ်ပါတယ်။ ကိုယ်တော်ကို ကျွန်တော့်၏ အသက်သခင်ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ၍ ကိုယ်တော့်အလိုကျ အတိုင်း အသက်ရှင်ပါမယ်။
                       သခင်ယေရှုဘုရား၏နာမတော်မြတ်၌ဆုတောင်းပါ၏ ဘုရား။
                       အာမင်။

Step 4 ဘုရားသခင်၏စိတ်ချရသော နှုတ်ကပတ်တော်

သင့်အနေနဲ့ အထက်ပါအတိုင်း ဆုတောင်းလိုက်တဲ့အခါမှာ -

သမ္မာကျမ်းစာမှာ ဒီလို ပြောထားပါတယ်...

 " အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။ " (ရောမ ၁၀း၁၃)

သင့်အသက်တာထဲ သခင်ယေရှုဘုရား ၀င်ရောက်ကိန်းသပ်ဖို့ ရိုးသားစွာ ဆုတောင်းလျှောက်ပါသလား။

 " ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ၀ါကြွားစရာအခွင့်မရှိ။ " (ဧဖက် ၂း၈-၉)

Step 4 " သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။ ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှာ၊ ဤအရာ များကို သင်တို့အား ငါရေး၍ ပေးလိုက်၏။ " (၁ယော ၅း၁၂-၁၃)

သခင်ယေရှုဘုရားကို လိုက်ခံလိုက်တဲ့အခါ ယုံကြည်သူတိုင်းရဲ့ စိတ်နှလုံးသားထဲ ၀င်ရောက်ကိန်းဝပ်တော်မူတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အံ့သြဖွယ်လုပ်ဆောင်မှုအားဖြင့် ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့မိသားစုဝင်ဖြစ်ခွင့် ရရှိသွားပါတယ်။ ဒါကို "အသစ်တဖန်မွေးဖွားခြင်း" (သို့) "ဒုတိယမွေးခြင်း"လို့ ခေါ်ပါတယ်။

အဲဒီဘ၀ကို လေးနက်စေဖို့ သင့်အနေနဲ့

1. သခင်ယေရှုအကြောင်း ပိုသိလာနိုင်ဖို့ သမ္မာကျမ်းစာကို နေ့တိုင်းအစဉ်ဖတ်ရှုပါ။
2.
ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ဆီကို နေ့တိုင်းစကားပြောပါ။
3.
သခင်ယေရှုဘုရားအကြောင်းကို တခြားသူတွေကို ပြောပြပါ။
4.
သခင်ယေရှုဘုရားအကြောင်း ဟောပြောတဲ့ ခရစ်ယာန်အသင်းတော် တစ်ပါးပါးမှာ ပါဝင်ပြီး ၀တ်ပြုကိုးကွယ်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ယုံကြည်သူများနဲ့အတူ အမှုတော်မြတ်မှာ ပါဝင်ပါ။
5.
လိုအပ်မှုများနဲ့ ပြည့်နက်နေတဲ့ ဒီကမ္ဘာကြီးမှာ သခင်ယေရှုဘုရားရဲ့ ကိုယ်စားလှယ်အဖြစ် တခြားသူများအပေါ် သင့်ရဲ့မေတ္တာစေတနာများကို ထင်ဟပ်ဖေါ်ထုတ်ခြင်းအားဖြင့် သင့်ရဲ့ ဘ၀အသက်တာသစ်ကို ပြသပါ။

ပိုမိုသိလိုပါက thohtainnthan [at]gmail[dot]com ကို စာရေးဆက်သွယ်လိုက်ပါ။



--
Jesus love you.
http://thangno.com
http://newdream.info/

step3p.gif
Steps-to-Peace-with-God-Billy-Graham.jpg
step2p.gif
step4cp.gif
step1p.gif
step4bp.gif
step4P.gif
step2p_1.gif
Reply all
Reply to author
Forward
0 new messages