Happy Father's Day

83 views
Skip to first unread message

Luke Tuihing

unread,
Jun 19, 2011, 9:01:06 AM6/19/11
to muithlahingna, {THLARAU THAWNNAK}
On 6/18/11, THANG NO <thang...@gmail.com> wrote:
> သိုးထိန်းသံ ဓမ္မရသစာစောင်
> *သမီးရဲ့ရင်ထဲမှာ......*
> [image: Father Day][image: Happy Father Day]
>
> ဖေဖေ ဖြတ်သန်းခဲ့ရတဲ့ လောကဓံကို အပြုံးနဲ့ဖြတ်သန်းခဲ့တယ် ဖေဖေနဲ့နေရတာ
> ကမ္ဘာမှာ အကောင်းဆုံးလို့ အမြဲပြောခြင်တယ်
>
> ဖေဖေရဲ့ နေရာကို ဖေဖေ့လို ဘယ်သူများနေနေနိုင်မှာလဲ ဖေဖေရဲ့သား၊ သမီးအပေါ်
> ပေးဆပ်ခဲ့တဲ့ အရာတွေ
>
> (အချိန်၊ စိတ်နှလုံး၊ ဘ၀၊ အားလုံး) အတွက် ကျေးဇူးပါ ......
>
> သမီးရဲ့ ဖြစ်တည်မူက ဖေဖေ မရှိလို့ဖြစ်ပါ့မလား
>
> ငယ်ငယ်တုန်းက ဖေဖေ ရဲ့ ခြေရင်းမှာ ဖေဖေ ပြောပြတဲ့ပုံပြင် ဗဟုတုတတွေကို
> ခုချိန်ထိတမ်းတနေတောင့်တနေဆဲ ကြားရမြဲ ဒီအချိန်လေးတွေကို သမီးအရမ်း မက်မောတယ်
> .....ဖေဖေ
>
> ဖေဖေ ...သမီးရဲ့ မချက်တတ်ချက်တတ် ထမင်း၊ဟင်းကို အပြုံးမပျက် စားခဲ့တယ်
> ဖေမေလို့ခေါ်ခြင်တယ်
>
> မေမေ့ရဲ့ တာဝန်တွေကိုပါ တစ်ဦးတည်း ပိုင်နိုင်စွာ အပြုံးမပျက်ထမ်းခဲ့တဲ့ ဖေဖေ
> ဟာ သမီးရဲ့ ရင်ထဲမှာ
>
> - HERO
> - SUPERMAN
> - ASSENTIAL
> - UNIGUE ...............
>
> Vicky Huai
>
>
>
>
> ဘုရားသခင်၏ အလိုတော်နှင့်အညီ သွန်သင်သော ဖခင်များ
> [image: Father] အခြေပြုကျမ်း (ဧ၊၆း၎) ဖခင်တစ်ဦးဖြစ်ရသော အခွင့်သည်
> ဘုရားသခင်ထံမှ အလွန်ကြီးမြတ်သော ကောင်းချီးတစ်ပါး ဖြစ်ပါသည်။ အ ကြောင်းမှာ
> (ဆာ၊၁၂၇း၃)၌ ““ဘွားမြင် သော သားသမီးတို့သည် ထာဝရဘုရားသခင် ဆုချ၍
> ပေးသနားတော်မူသော အမွေဥစ်္စာဖြစ်ကြ၏””ဟု တွေ့ရ ပါသည်။ သားသမီးရရှိသော ဖခင်တို့
> သည် ဘုရားသခင်ထံမှ အမွေရရှိသောသူများ ဖြစ်ကြ၏။
> ဘုရားသခင် ပေးသနား သော အမွေကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ဖခင်များကို
> ဘုရားသခင်ပေးအပ်သော တာဝန်ဖြစ်ပါသည်။ ယနေ့ သားသမီးများကို ငယ်ရွယ်စဉ်မှစ၍
> ကြီးပြင်းလာသည်အထိ အနစ်နာခံ၊ အပင်ပန်းခံကာ ပြုစုပျိုးထောင်လာပြီး လောကအတွက်
> အကျိုးပြုသော သား ကောင်းသမီးကောင်းများကို မွေးထုတ် ပေးသော ဖခင်များသည် လောကကို
> အလှဆင်သူများ၊ ကမ်္ဘာကြီးကို ဘုရား သခင်အလိုတော်အတိုင်း ပြုစုပျိုး ထောင်သူများ
> ဖြစ်ကြပါသည်။ ဂုဏ်ပြုထိုက်သော ဖခင်များဖြစ်ကြပါသည်။
> ဘုရားသခင်အလိုတော်နှင့်ညီသော သွန်သင်ဆုံးမခြင်းကိုပြုနိုင်ရန် ကျမ်းစာမှ
> ဖခင်အချို့တို့၏ အားနည်းချက်နှင့် အားသာချက်တို့ကို လေ့ လာကြည့်ကြပါစို့။
> ဖခင်ဧလိ၏ အားနည်းချက်
> (၁ရာ၊၃း၁၃)တွင် ဧလိ၏ အသက်တာကို ““သူ၏ သားတို့ ယုတ် မာခြင်းနှင့်
> အပြစ်ဒုစရိုက်ကို သိသော်လည်း ကျပ်တည်းစွာ မဆုံးမဘဲ နေသောကြောင့် သူ၏
> အိမ်သားတို့၌ ငါသည် အစဉ်အမြဲ ဒဏ်ပေးမည်ဟု ငါပြောခဲ့ပြီ””ဟု တွေ့ရပါသည်။
> ဖခင်ဧလိ၏ အားနည်းချက်မှာ သားများ ယုတ်မာခြင်းနှင့် အပြစ်ဒုစရိုက်ကို သိသော်လည်း
> ကျပ်တည်းစွာ မဆုံးမဘဲနေသော အချက်ဖြစ်သည်။ သားသမီးတို့၏ ပြုသော အပြစ်ကို
> ဂရုမထားခြင်း၊ လျစ်လျူရှုခြင်းသည် သူတို့ကို ပို၍ အပြစ်ပြုရန်
> အခွင့်ပြုခြင်းနှင့်တူ၏။
> သားသမီးများ အပြစ်ဒုစရိုက်ပြုလာလျှင် ဘုရားသခင် မကြိုက်မနှစ် သက်ကြောင်း
> ကျမ်းစာမှ ပုံဥပမာများဖြင့် ဂရုတစိုက် စနစ်တကျ သွန်သင်သင့် ပါသည်။
> သားသမီးများကို အပြစ်ပြုလာမှ သွန်သင်ခြင်းထက် အိမ်ထောင်ဝတ်ပြု ခြင်းတွင်
> ကျမ်းစာအမြဲ ဖတ်ကြားသွန်သင်ခြင်းသည် သာ၍ ကောင်းပါသည်။ တချို့မိဘများ
> မိမိသားသမီးများ၏ အပြစ်ကို တစ်ပါးသူများက လာပြောပြ သောအခါ စိတ်ဆိုးတတ်ကြပါသည်။
> ဂရုမစိုက်သည့်ပြင် ကိုယ့်သားသမီးတို့၏ အပြစ်ကိုပင် ကာကွယ်ပေးကြသေးသည်။ ထိုသို့
> မဖြစ်သင့်ပါ။ “အမှား”ကိုသိမှ “အမှန်ကို သွန်သင်နိုင်ပေမည်။ မီးကို မပေါ့ဆရ၊
> ပေါ့ဆ၍ လောင်ခဲ့လျှင် တစ်အိမ်လုံး ကျွမ်းလိမ့်မည်။ ထို့အတူ သားသမီးတို့ကို
> နှုတ်ထွက်ကျမ်းစာအတိုင်း ကျပ်တည်းစွာ သွန်သင်ခြင်း၊ ပေါ့ဆလျှင် သူတို့၏ဘဝ
> ကျွမ်းလောင်၍ အဆုံးတွင် မိဘ ရင်ကျိုးရလိမ့်မည်။
> ဖခင်ရှမွေလ၏ အားနည်းချက်
> (၁ရာ၊၈း၃)တွင် ““ရှမွေလ၏ သားတို့သည် အဘ လမ်းသို့ မလိုက်။ ငွေကိုတပ်မက်သော
> စိတ်နှင့် လွဲသွား၍ တံစိုးစားလျက် တရားကိုဖျက်ကြ၏””ဟု တွေ့ရ၏။ ဖခင်ရှမွေ လ၏
> အားနည်းချက်မှာ သားသမီးများကို ငယ်ရွယ်စဉ်မှ သွန်သင်လမ်းပြခြင်း
> မရှိသောကြောင့်ဖြစ်၏။ ““သူငယ်တို့ သွားရာ လမ်းဝ၌ ဆုံးမသွန်သင်လော့၊
> သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ လိုက်သွားလိမ့်မည်။ (သု၊၂၂း၆)
> (ဟေ၊၃၈း၁၉၊မြည်၊ ၂း၁၉)ဟု ကျမ်းစာက ဖခင်တို့ကို သတိ ပေးလျက် ရှိပါသည်။
> အသက်ကြီးရင့်လာမှ သားသမီးတို့၏ ဆိုးကျိုးဒဏ်ကို ခံရမည့်အရေးကို တွေးမြင်လျက်
> ယခုပင် သားသမီးတို့ကို ကျမ်းစာအတိုင်း သွန်သင်ကြပါစို့။
> ဖခင်ဒါဝိဒ်၏ အားနည်းချက်
> (၃ရာ၊း၅-၆)၌ ““ဟိဂ်္ဂိတ်သား အဒေါနိယကနှင့် ဘုရင်လုပ်မည်ဟု အကြံရှိလျက်
> ခမည်းတော်(ဒါဝိဒ်)က သင် သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူစိတ်နာအောင်
> တစ်ခါမျှ မပြောစဖူး””ဟု တွေ့ရသည်။ ဖခင်ဒါဝိဒ်မင်း၏ အားနည်းချက်မှာ
> သားအပေါ်အလိုလိုက်မိခြင်း၊သားသမီး စိတ်နာလိမ့်မည်ဟု အမှန်ကို အမှန်
> အရှိကိုအရှိအတိုင်း မသွန်သင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဖခင်ဒါဝိဒ်မင်း၏
> အသက်တာ၌ အလိုလိုက် အမိုက်စော်ကားဟူသော ဒဏ် ကို သားများထံမှ ခံခဲ့ရပါသည်။
> တစ်ချို့ဖခင်များဟာ ““သူတို့သိလာမှာပါ””ဟူ၍ သားသမီးများကို လွှတ်ထားတတ်
> သောသူများ ရှိကြ၏။ ကျမ်းစာက တတ်တိုင်းနေစေသော သူငယ်သည် အမိကို
> အရှက်ခွဲတတ်၏”(သု၊၂၉း၁၅-ခ)ဟု ဆိုထားပါ သည်။
> ပျောက်သောသား ဖခင်၏ အားနည်းချက်
> (လု၊၁၅း၁၂-၂၄)တွင် တွေ့ရသော ဖခင်တစ်ဦး၏ အားနည်းချက်မှာ သမ်္မာတရား
> မသိသေးသော ငွေ၏ တန် ဖိုးကို နားမလည်သေးသော သားငယ်၏ အလိုကို လိုက်ကာ သားငယ်၏
> လက်ထဲ၌ ဥစ်္စာအားလုံးကို ပေးလိုက်ခြင်းပင် ဖြစ်သည်။ တချို့သော မိဘတို့သည်
> ရွှေ၊ငွေ အထောင် အသောင်းထက် သာ၍ တန်ဖိုးရှိသော (ဆာ၊၁၁၉း၇၂)နှုတ် ထွက်စကားတော်ကို
> သားသမီးတို့အား ရှေးဦးစွာ အမွေဥစ်္စာ မပေးဘဲ၊ လောကစည်းစိမ် ရွှေငွေများကိုသာ
> အဓိက ထားပေးတတ်ကြသဖြင့် သားသမီးများ လောကရွှေငွေ ကြောင့် ပျက်စီးခြင်းလမ်းသို့
> ရောက်ကြရပေသည်။
> အထက်ပါဖခင်များ၏ အားနည်းချက်များကို ဆင် ခြင်လျက် ဘုရားသခင်၏
> အလိုတော်နှင့်အညီ သွန်သင် သော ဖခင်များ ဖြစ်ကြရန်အတွက်
> - မိမိကိုယ်တိုင် အာဗြဟံကဲ့သို့ ယုံကြည်ခြင်း ကြီး မားခိုင်ခန့်သော
> ဖခင်ဖြစ်ဖို့ လိုအပ်ပါသည်။ (ဟေဗြဲ၊ ၁၁း၁၇-၂၉) သို့မှသာ ဣဇက်ကဲ့သို့
> ယုံကြည်ခြင်း၏ ပြည့်ဝသော သားကို မွေးထုတ်ပေးနိုင်ပေမည်။
> - ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟု ကျိန်ဆို၍
> ၀န်ခံခြင်းပဋိညာဉ်ဖွဲ့ဆိုရဲသော အာသမင်းကဲ့သို့ သော ဖခင်မျိုးဖြစ်ရန်
> လိုအပ်ပါသည်။ သို့မှသာ ဟောရှ ဖတ်ကဲ့သို့သော သား ရှင်ဘုရင်မျိုးကို
> မွေးထုတ်နိုင်မည် ဖြစ်ပါသည်။ (၂ရာ၊၁၅း၁၀-၁၅၊၁၇း၎-၆)။
> - ဘုရားသခင်ကို ကြောက်ရွံ့သော စုံလင်ဖြောင့် မတ်ခြင်းနှင့် ပြည့်စုံသော
> သားသမီးများ လမ်းမမှားရလေ အောင် ဘုရားသခင်ကို အမြဲယဇ်ပူဇော်သော ယောဘကဲ့ သို့သော
> ဖခင်များ လိုအပ်နေပါသည်။ (ယော၊၁း၁-၅)။
> - တိမောသေကဲ့သို့သော သားကောင်းရတနာကို မွေး ထုတ်ပေးနိုင်သော
> ယုံကြည်ခြင်းဖခင် ရှင်ပေါလုကဲ့သို့ (၁တိ၊၁း၁၂)ယုံကြည်ခြင်းအမွေ
> လက်ဆင့်ကမ်းနိုင်သည့်အ ထိ သွန်သင်နိုင်သော ယုံကြည်ခြင်း ဖခင်များဖြစ်ရန် ကြိုး
> စားကြပါစို့ဟု ဆန်္ဒပြုလျက်
>
> ဆရာပါနီမောင်
> ------------------------------
> ဖခင်များနေ့ပေါ်ပေါက်လာပုံ
> [image: Dad]အမေရိကန်ပြည်ထောင်စုမှ မစ္စဂျွန်ဘရု(စ်)ဒေါ့(ဒ်) Mrs.John Bruce
> Dodd သည်မိခင်များကို မေလဒုတိယအပတ်တွင် မိခင်များနေ့အဖြစ် သတ်မှတ်ပြီး
> ဂုဏ်ပြုသည်ကိုတွေ့ရသဖြင့် ဖခင်များကိုလည်း ထိုနည်းတူ နေ့တစ်နေ့ကို
> ဖခင်များနေ့အဖြစ် သတ်မှတ်သင့်ကြောင်း စိတ်ထဲတွင် ဖြစ်ပေါ်လာပါသည်။
>
> အဘယ်ကြောင့်ဆိုသော်သူမ၏ မိခင်သည် သူတို့မောင်နှမ ငါးယောက်
> ကလေးဘဝတွင်ကွယ်လွန်သွားခဲ့သည်။ သူတို့ဖခင်သည် သား သမီး ငါးယောက်ကို
> ပြုစုပျိုးထောင်ပေးခဲ့ပါသည်။
>
> သူမဖခင်၏ နာမည်သည် မစ္စတာ ဝီလျံဂျက်ဆင်စမတ် (Mr. Willian Judson Smart) ဖြစ်ပြီး
> ၁၈၆၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ တောင်ပိုင်း နှင့် မြောက်ပိုင်းတပ်များ
> ကျွန်ကိစ္စနှင့် ပြည်တွင်းစစ်ဖြစ်ပွါးစဉ်က မြောက် ပိုင်းတပ်တွင် တပ်သားအဖြစ်
> အမှုထမ်းခဲ့ပါသည်။
>
> ဤဖခင်သည် ဇနီးသည်ကွယ်လွန်သွားပြီးနောက် နောက်ထပ်အိမ်ထောင် မပြုဘဲ
> လူမမယ်သားသမီး(၅)ယောက်အား ကြီးပြင်းလာသည်အထိ ဖခင် တယောက်အနေဖြင့်
> မိသားစုစားဝတ်နေရေးအတွက်တဘက်မှ အလုပ် လုပ်ပြီး မိခင်တယောက်ကဲ့သို့လည်း
> ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ တစ်နည်းအားဖြင့် ဖခင်လည်းဖြစ်၊ မိခင်လည်းဖြစ်သော
> ဖခင်တယောက်ဖြစ်လေသည်။
>
> သမီးကြီးဖြစ်သူ Mrs. Dodd သည်ဖခင်ကို သတိရလွမ်းဆွတ်သည်နှင့် မကျေနပ်နိုင်ဘဲ
> ဖခင်များနေ့ကို သတ်မှတ်ပြီး ဂုဏ်ပြု ရန်အတွက် နိုင်ငံရေး၊ လူမှုရေး၊
> ဘာသာရေးခေါင်းဆောင်များကို လှုံ့ဆော်မှုကြောင့် ပထမဦးစွာ ဝါရှင်တန်ပြည်နယ် တွင်
> ၁၉၁၀ခုနှစ်တွင် စတင်ပြီး ဖခင်များနေ့ကို ကျင်းပခဲ့သည်။ နောက်ပိုင်းတွင်
> အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းပြည်နယ် များတွင်
> ဖခင်များနေ့ကိုနှစ်စဉ်ကျင်းပကြသည်။ ယခုကာလတွင် ဖခင်များနေ့ဖြစ်သော ဇွန်လတတိယပတ်
> တနင်္ဂနွေနေ့အား ၁၉၇၂ ခုနှစ်မှစ၍အမေရိကန်နိုင်ငံတစ်ဝန်းတွင် တညီတညွတ်တည်း
> သတ်မှတ်ပြီး ဖခင်များကို ဂုဏ်ပြုခဲ့ကြသည်။ ထို့နောက်
> ကမ္ဘာပေါ်ရှိနိုင်ငံတော်တော်များများသည်လည်း ဖခင်များနေ့ကို ထိုနည်းတူစွာ
> ယခုအခါတွင် ကျင်းပကြသည်။
>
> အမေရိကန်ပြည်ထောင်စုတွင် ဇွန်လဆန်းမှစ၍ သတင်းစာနှင့် ရုပ်မြင်သံကြားများတွင်
> ဖခင်များနေ့ရောက်ပါတော့သည်။ ဖခင်များကို ဂုဏ်ပြုဖို့၊ လက်ဆောင်ပေးဖို့
> မမေ့ပါနှင့် စသည်ဖြင့် ကြော်ငြာ်သည်။
>
> ကျွန်တော်၊ ကျွန်မတို့သည် သားသမီးများကို ကျွေးမွေးရန်ပင်ပန်းတကြီး
> လုပ်ဆောင်ရသော ဖခင်များကို ဤနေ့မှာပြန်လည် သတိရအောက်မေ့ဖို့ရန်နှင့် ဤကဲ့သို့
> ဖခင်များကိုပေးသည့် ဘုရားသခင်ကိုလည်း ကျေးဇူးတင်ဖို့အရေးကြီးလှပါသည်။
>
> ဖူးသဒါး(ကိုင်းပြင်ကြီး)
> ------------------------------
> ပုခက်လွှဲသော ဖခင်
> [image: cartoon] အိပ်မက်သစ်မီဒီယာမှ စီစဉ်တင်ဆက်ပါသည်။
> ------------------------------
>
> --
> Jesus love you.
> http://thangno.com
> http://newdream.info/
> http://myatmingalar.com
>
Reply all
Reply to author
Forward
0 new messages