သန်းခေါင်စာရင်း ဖြည့်လျှင် မျိုးနွယ်စုကို မေးမည်
ကချင်ပြည်နယ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ ကချင် လူမျိုးလို့ ဖြေဆိုသူတွေကို ဘာမျိုးနွယ်စုလဲ ဆိုတဲ့မေးခွန်း ကိုလည်း မေးမြန်းမှာဖြစ် တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ဒီနေ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူရဲ့ မေးခွန်း ကို ပြန်လည်ဖြေကြား ခဲ့ပါတယ်။
သန်းခေါင်စာရင်းကောက်ယူမယ့် မေးခွန်းပုံစံမှာ ကချင်မျိုးနွယ်စုတွေရဲ့ ဘုံနာမည်ဖြစ်တဲ့ "ကချင်" ကို မျိုးနွယ်စု စာရင်းမှာ ကုတ်နံပါတ် "၁၀၁"လို့ ထည့်သွင်းထားတဲ့အပေါ် နောက်ထပ် မျိုးနွယ်စုမေးခွန်းကို မေးမြန်းဖို့ ရှိမရှိ ဒေါ်ဒွဲဘူက မေးမြန်းခဲ့တာပါ။
ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ကချင်လို့ဖြေဆိုသူတွေကို မျိုးနွယ်စုမေးခွန်း ဆက်လက် မေးမြန်းမှာ ဖြစ်တယ်လို့ အခုလို ဖြေပါတယ်။
" မည်သို့ပင် ဖြစ်စေကာမူ ဖြေကြားသူက ကချင်လူမျိုးလို့ ဖြေကြားပါက စာရင်းကောက်များက ကချင်လူမျိုးတွင် မည်သည့် မျိုးနွယ်စု ဖြစ်ပါသလည်းဟု ထပ်မံ မေမြန်းပေးပါမည် ပြည်သူ့ဆန္ဒနဲ့ အညီလည်း လိုက်နာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထပ်မံ ရှင်းလင်းဖြေကြားအပ်ပါတယ်"
လက်ရှိ ၂၀၁၄ သန်းခေါင်စာရင်းပုံစံဟာ ၁၉၇၃ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းအပေါ် အခြေခံပြီး တိုင်းရင်းသား ၁၃၅ မျိုးကို အတည်ပြုထားတာဖြစ်ကြောင်းနဲ့ ကုတ်နံပါတ်မရှိသေးတဲ့ တိုင်းရင်းသားတွေကို 'အခြား' ဆိုတဲ့နေရာမှာ ထည့်သွင်းစေတာလို့ ဒုတိယ၀န်ကြီးက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
Kham Khan Suan(Artist Kyaw Kyaw Oo)
| Reply via web post | Reply to sender | Reply to group | Start a New Topic | Messages in this topic (3) |
--
--
Group sung tum nuam te atu..
thingun...@gmail.com ah ...
1. NU + PA min
2.Minpi + Min no (Full name + nick name)
3.Tu lai tak omna Ngam (Resident of country)
4. Khua lui ( If available )
tu teng hong thaak ham tang ta vun.
Lai mipi sim tu dei leh (thin...@googlegroups.com) ah thaak tu
---
You received this message because you are subscribed to the Google Groups "Thingunau" group.
To unsubscribe from this group and stop receiving emails from it, send an email to thingunau+...@googlegroups.com.
For more options, visit https://groups.google.com/d/optout.