ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခဲ့ရာမှာ ချင်းပြည်နယ်ထဲက မျိုးနွယ်စု ၅၃မျိုးကို ကုတ်နံပါတ်တွေနဲ့ ကောက်ယူရာမှာ အမည်နာမတွေကို သတ်ပုံမှားယွင်းဖော်ပြတာ၊ ထပ်တလဲလဲ ဖော်ပြမှုတွေကြောင့် အလွဲအမှားတွေဖြစ်နေတယ်လို့ စီယင်း-ချင်းလူမှုရေးအသင်းက ဇူလိုင် ၂၉ရက်နေ့က ပြောဆိုခဲ့ပါတယ်။
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို စီးယင်း-ချင်းမျိုးနွယ်စု ကုတ်နံပါတ် ၄၁၅မှာ Zizan လို့ မှားယွင်းရေးတာကို Siyin လို့ အမှန်ပြင်ဆင်ပေးဖို့ တင်ပြထားတယ်လို့ ဗိုလ်တထောင်က စီးယင်းနှစ်ခြင်းအသင်းတော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။
ကိုယ့်လူမျိုးတောင် မသိဘဲ မှားရေးကြတာကြောင့် စိတ်မှန်းနဲ့ စာလုံးပေါင်းအမှန်ကို ခေါ်ဝေါ်နေတာမျိုး မနှစ်သက်တဲ့အကြောင်းနဲ့ စီးယင်း-ချင်းလို့ ဖော်ပြတာမျိုးကိုလက်ခံတယ်လို့ သူက ဆိုပါတယ်။ သန်းခေါင်စာရင်းကောက်တဲ့နေရာမှာ ဘာလူမျိုးလဲလို့ မေးမယ့်အစား ဘယ်မျိုးနွယ်စုမှာ ပါဝင်သလဲလို့ မေးရင် ပိုပြီးတိကျမယ်လို့ သူက ဆိုပါတယ်။
သန်းခေါင်စာရင်း နောက်ဆုံးကောက်ယူခဲ့တဲ့ ၁၉၈ဝတုန်းက စာအုပ်တစ်အုပ်နဲပ သန်းခေါင်စာရင်း ကောက်ခဲ့တာကြောင့် အမှားအယွင်းတွေ ထွက်လာခဲ့ပြီး နစ်နာခဲ့ရတယ်လို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ပူးဇိုဇမ်က ပြောပါတယ်။ ကုတ်နံပါတ် အတိအကျမပေးထားတာကြောင့် မျိုးနွယ်စုဝင် ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မရနိုင်ဘူးလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက နှစ်ပေါင်း ၃ဝအတွင်း ပထမဆုံး ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ်သန်းခေါင်းစာရင်းနဲ့ ပတ်သက်ပြီး တိုင်းရင်းသားမျိုးနွယ်စု အများအပြားက အစိုးရထုတ်ပြန်ခဲ့တဲ့ လူမျိုးဖော်ပြတဲ့ ကုတ်နံပါတ်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အများကြီးရှိခဲ့ပါတယ်။
သန်းခေါင်စာရင်း ရလဒ်တွေကို လာမယ့် ၂ဝ၁၅မှာ အပြီးသတ်ထုတ်ပြန်သွားနိုင်မယ်လို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောဆိုခဲ့ပါတယ်။
| Reply via web post | • | Reply to sender | • | Reply to group | • | Start a New Topic | • | Messages in this topic (1) |