Fwd: [Leitungkhua] Leitung dong aki thei/ deih TOYOTA Company te'n Kawlgam ah Mortor setyong (Factory) lam ta ding

1 view
Skip to first unread message

Zam pau

unread,
May 6, 2014, 6:11:44 AM5/6/14
to thingunau

TOYOTA motor
kawl ngam pan ki vawt tu ci...





---------- Forwarded message ----------
From: kham suan <kkoa...@gmail.com>
Date: 2014-05-05 22:06 GMT-05:00
Subject: [Leitungkhua] Leitung dong aki thei/ deih TOYOTA Company te'n Kawlgam ah Mortor setyong (Factory) lam ta ding
To: tongsan <ton...@googlegroups.com>, zomi <zo...@yahoogroups.com>, puzonet <puz...@yahoogroups.com>, leitungkhua <leitu...@yahoogroups.com>, "zom...@yahoogroups.com" <zom...@yahoogroups.com>, zo-net <zo-...@yahoogroups.com>


 

တိုယိုတာ ကုမ္ပဏီမှ မြန်မာတွင် မော်တော်ကားစက်ရုံ တည်ဆောက်မည်

5 May 2014 16:44(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က)


ဂျပန်နိုင်ငံ အခြေဆိုက် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် တိုယိုတာ ကားထုတ်လုပ်ရေး ကုမ္ပဏီမှ မြန်မာနိုင်ငံတွင်း ပထမဆုံး စက်ရုံဖွင့်လှစ်ကာ ရင်းနှီး မြှုပ်နှံ တော့မည် ဖြစ်သည်။

အဆိုပါ ကုမ္ပဏီမှ လက်ရှိ တွင် ဈေးကွက် အနေအထားနှင့် စက်ရုံ တည်ဆောက်မည့် နေရာ စသည့် တို့ကို လေ့ လာလျက် ရှိကြောင်း ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန မှ သိရသည်။ ကျွန်တော်တို့ နဲ့ ကတော့ ဆွေးနွေး ပြီးသွားပြီ၊ ဒီဘဏ္ဍာနှစ် အတွင်း မှာဘဲ ရင်းနှီး မြှုပ်နှံ ဖြစ်မှာပါ ဟု ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။

ထို့ပြင် တိုယိုတာ ကုမ္ပဏီ အနေဖြင့် အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ ဖြိုးတိုး တက်မှု ၀န်ကြီးဌာန၊ ဘဏ္ဍာရေး ၀န်ကြီး ဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန တို့ နှင့်လည်း ဆွေးနွေးမှု များ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ယင်း ကုမ္ပဏီ ရင်းနှီး မှုကြောင့် ပြည်သူ များအား အလုပ်အကိုင် အခွင့်အလမ်းများ များစွာ ရှာဖွေ ပေးနိုင်မည့် အပြင် မော်တော်ယာဉ် ဈေးကွက် မှာလည်း ပိုမို တွင်ကျယ်လာ စေမည် ဖြစ်ကြောင်း ဦးအောင်နိုင်ဦး က ဆိုသည်။

ဒီလို ကုမ္ပဏီကြီးတွေက တိုက်ရိုက် ၀င်လာတော့ ကိုယ်နိုင်ငံ က Show room တွေ နည်းနည်းတော့ ထိခိုက်မှာပဲ၊ ဘာဖြစ်လို့ လဲဆိုတော့ ဒီက ကားတွေကို ပြည်ပ ကနေ မှာနေ ရတာ သူတို့က ဒီမှာလုပ် ဒီမှာရောင်း မှာဆိုတော့ တစ်ပန်း သာနေတယ် ဟု မြန်မာနိုင်ငံ ကားတင်သွင်း ရောင်းချ သူများ အသင်း ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။

တိုယိုတာ ကား ထုတ်လုပ်ရေး ကုမ္ပဏီ သည် ၁၉၃၇ ခုနှစ် ကတည်းမှ စတင် ကာ ဂျပန် နိုင်ငံ တိုယိုတာမြို့တွင် စက်ရုံတည်ထောင် ကာ မော်တော်ယာဉ်များ ထုတ်လုပ် ရောင်းချ နေပြီး လက်ရှိ မြန်မာ နိုင်ငံ၏ ဈေးကွက်တွင် လည်း အောင်မြင်မှု ရရှိ နေရုံ သာမက ကမ္ဘာ့ နိုင်ငံအသီးသီး တွင်လည်း အောင်မြင်မှု ရရှိ နေသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။

Messenger News Journal

Kham Khan Suan (Artist Kyaw Kyaw Oo)

__._,_.___
Reply via web post Reply to sender Reply to group Start a New Topic Messages in this topic (1)

.

__,_._,___

Reply all
Reply to author
Forward
0 new messages