[မြန်မာ မဟာသင်္ကြန်၂၀၀၇] ကျနော့်ဘဝ

0 views
Skip to first unread message

Ye

unread,
Apr 3, 2007, 11:07:38 PM4/3/07
to myanmar...@gmail.com

သင်္ကြန်ဆိုရင်လူတိုင်းမြူးကြ၏။ ထိုထဲတွင်လူထုမေတ္တာခံမည့်သားသားလေးကျွန်တော်မပါဝင်သည်မှာသုံးနှစ်တောင်ရှိလေပြီ။ မနှစ်ကဆိုကိုရင်တောင်ဝတ်လိုက်သေးတယ်။ သိပ်အထင်မကြီးနဲ့ဦးလေ။ ပြီးတော့အခုလိုသင်္ကြန်မှာ heart ထိထားလို့လည်းဟုတ်ဘူး နော်....။ ဖြေရှင်းထားရသေးတယ်။ တော်ကြာတစ်မျိုးထင်နေဦးမယ်။ သားသားကအရမ်း plan ကြီးတာ။ သင်္ကြန်မှာပုံးလိုက်မကိုင်ရရင်မလုပ်ဘူးလို့ ကြံစည်ထားတာ။ ရေပုံးမဟုတ်တာတော့သိလောက်ပါတယ်နော်။ အဲဒီလိုနဲ့ပေါ့လေမျှော်လင့်ချက်တွေ ရင်မှာပိုက်ပြီးစောင့်စားရင်းရွှေပြည်တော်ကိုမျှော်ရတာသုံးနှစ်ရှိပြီကိုကိုမမတို့ရယ်။ (ဒီအကြောင်းလေးတွေကို ဆွေးဆွေးမြေ့မြေ့လေးဖတ်ကြပါ။) သားသားကိုလေသင်္ကြန်အတွက်ဆိုပြီးစာသားလေးတစ်ခုကစောင်းရေးထားသလား အောက်မေ့ရတယ်။ NO MONEY NO HONEY! တဲ့။ ဒီနှစ် သင်္ကြန်မှာတော့အဲ့ဒီလို၂ခုလုံးအတွက် sponsor အလိုရှိသည်လို့ကြေငြာရမလိုဖြစ်နေပြီ။ (ဟိုလိုလိုဒီလိုလိုနဲ့.ကြေငြာပြီးသွားပြီ..ဟိဟိ) ။ဒါနဲ့အခုသူငယ်ချင်းသုံးယောက်အသစ်ရထားတယ်။ (အထီးတွေချည်းပဲ..ကံကောင်းလိုက်ပုံများ) သူတို့နဲ့ပဲစီးပွားရေးအလို့ငှာ သင်္ကြန်မှာ ဘီယာဘူးခွံ၊ ရေသန့်ဘူးခွံတွေလိုက်ကောက်ရင်ကောင်းမလားမသိဘူး. (စိတ်ဝင်စားပါက contact လုပ်ခြင်းဖြင့်ရန်ကုန်မြို့ကြီးသာ သန့်ရှင်း စေအံ့။ (ကိုသိုလ်လည်းရ....၀မ်းလည်းဝ.....)



--
Posted By Ye to မြန်မာ မဟာသင်္ကြန်၂၀၀၇ at 4/04/2007 09:37:00 AM
Reply all
Reply to author
Forward
0 new messages