Groups
Groups
Sign in
Groups
Groups
Myanmar Thin Gyan 2007 - Water Festival
Conversations
About
Send feedback
Help
[မြန်မာ မဟာသင်္ကြန်၂၀၀၇] ငယ်ငယ်တုန်းက သင်္ကြန် ...
2 views
Skip to first unread message
yadanar
unread,
Apr 3, 2007, 8:15:42 AM
4/3/07
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to myanmar...@gmail.com
ငယ်ငယ်တုန်းကဆို နယ်မှာနေခဲ့တာဆိုတော့ သင်္ကြန်ဆိုရင်ခံစားမှုက တစ်မျိုးပါ။ လူတွေ အများကြီးနဲ့ တွေ့ရတယ်။ မောင်နှမတွေ အများကြီးကစားရတယ်။ မုန့်တွေအများကြီးစားရတယ်။ ဒီလောက်ပါပဲ ...။ ရေပက်ခံထွက်တာလည်း မသိ။ မဏ္ဍပ်မှာ ရေပက်တာလည်း မသိ...။ မနက်မိုးလင်းတာနဲ့ အမေကြီးခေါ်ဆောင်ရာ ဘုန်းကြီးကျောင်းကို .. ဆွေမျိုးတွေအားလုံးနဲ့ သွားရပါတယ်။ မန္တလေးက အဒေါ်ကော၊ အဖွားရော ... အားလုံးလာကြပါတယ်။ သက်တူရွယ်တူ မတိမ်းမယိမ်းမောင်နှမကိုက အယောက် (၂၀) ကျော်ရှိပါတယ်။ ဘုန်းကြီးကျောင်းကို ဘာသွားလုပ်သလဲဆိုတော့ ...သင်္ကြန်တွင်းမှာ ဘုန်းကြီးကျောင်းမှာ ... သီလယူ၊ဥပုသ်လာစောင့်တဲ့ ဥပုသ်သည်တွေကို ကုသိုလ်လုပ်တာပါ။ အကြိုနေ့မှာ ရွှေချဉ်ဆနွင်းမကင်း၊ အကျနေ့မှာ ပဲကြီးကြော်၊ အကျတ်နေ့မှာ မုန့်လုံးရေပေါ်။ အတက်နေ့မှာ ကျောက်ကျော၊ တစ်နေ့တစ်မျိုးမရိုးရအောင် ကျွေးပါတယ်။ ပဲကြီးကြော် ကျွေးမယ့်နေ မတိုင်ခင်ဆို ညပိုင်း အိမ်မှာလူတွေအများကြီးနဲ့ ပဲကြီးကြော်ထိုးကြတယ် ... ပျော်စရာကြီး။ မုန့်လုံးရေပေါ်လုပ်မယ့်နေ့ဆို တစ်ရပ်ကွက်လုံးက လူတွေလာကူကြသည်။ အခုတော့လည်း ... အမေကြီး လည်း မရှိတော့ပြီ ...။ ]]ရတနာ}} လည်း မန္တလေးမှာ ...။သင်္ကြန်ဆို အိမ်ထဲက အိမ်ပြင်မထွက်ရ။ဆိုးလိုက်တဲ့ ဘ၀နော် ... ။
--
Posted By yadanar to
မြန်မာ မဟာသင်္ကြန်၂၀၀၇
at 4/03/2007 06:44:00 PM
Reply all
Reply to author
Forward
0 new messages