[မြန်မာ မဟာသင်္ကြန်၂၀၀၇] သင်္ကြန်နဲ့ ပတ်သတ်ပြီးတော့.........

2 views
Skip to first unread message

Ye

unread,
Apr 3, 2007, 11:09:43 PM4/3/07
to myanmar...@gmail.com
သင်္ကြန်နဲ့ ပတ်သတ်ပြီးတော့ ဆိုရရင်ခံစားမှုက ၂ မျိုးရှိတယ်..
တစ်မျိုးက ပျော်ရွှင်ခြင်း နဲ့  နောက်တစ်မျိုးက ရင်ခုန်ခြင်း ပါ..
ရင်ခုန်တဲ့နေရာမှာလည်း ၂ မျိုး ၂ စား ရှိတယ်………
ဖွင့်ထားတဲ့ သီချင်းသံတွေကြောင့် ရင်ခုန်တာရယ်..
ကျွတ်ကျဲလို့  ရင်ခုန်တာရယ်ပေါ့………
ကျွတ်ကျဲလို့ ရင်ခုန်တာကလည်း ၂ မျိုး ရှိပြန်ရော..
အိမ်ပြန်နောက်ကျလို့ ဆူခံရ မှာကို စိုးရိမ်တာက တစ်ခု…
ရည်းစားက စိတ်ဆိုးမှာကို စိုးရိမ်တာက တစ်ခုလေ……
ရည်းစားက စိတ်ဆိုးမှာကလည်း ၂ မျိုး ရှိတာပဲ..
တစ်မျိုးက တစ်ခြားကောင်မလေးနဲ့  တွဲမိလို့ …
နောက်တစ်မျိုးက အရက်တွေမူးပြီးမှောက်နေလို့ …
အဲဒီ့မှာ
တစ်ခြားကောင်မလေးနဲ့ ကြိုက်သွားတယ်ဆိုရင်တော့
ရည်းစားကစိတ်ဆိုးလည်း ကိတ်စ မရှိဘူး……အေးဆေးပဲလေ………
ပြီးတော့
မူးပြီးမှောက်နေရင်လည်း ရည်းစားက စိတ်ဆိုးတာကို
ဂရုတောင်စိုက်နိုင်မှာ မဟုတ်ပါဘူးဗျာ…………
(မြန်မာကဗျာဆရာကြီးတစ်ဦး၏ Idea ကိုတစ်ပိုင်းတစ်စ မှီငြမ်းပါသည်..
အပြောင်အပြက် လုပ်ခြင်း မဟုတ်ရပါခင်ဗျာ……)
(Special P.S. လက်တွေ့ မှာ ကျွန်တော့်တွင်
ရည်းစားလည်းမရှိပါ..အရက်လည်းမသောက်တတ်ပါ..ရိုးသားပါသည်..)

--
Posted By Ye to မြန်မာ မဟာသင်္ကြန်၂၀၀၇ at 4/04/2007 09:39:00 AM
Reply all
Reply to author
Forward
0 new messages