at 9:33 AM 0 comments
Wednesday, 20 April 2011 02:22 Editor .အခမဲ့ အွန်လိုင်း သင်တန်း ၁၀
မျိုးကို နာမည်ကျော် ယေးလ် တက္ကသိုလ်ကြီးက ဖွင့်လှစ်လိုက်သည်။
မြန်မာအပါအ၀င် တကမ္ဘာလုံးမှ အင်တာနက်ကွန်ယက် ဆက်သွယ်ထားရှိသည့်
နေရာတိုင်းတွင် ဤသင်တန်းများကို တက်ရောက် လေ့လာ နိုင်ကြမည် ဖြစ်သည်။
အမေရိကန်ပြီးလျှင် ဤသင်တန်းများသို့ တရုတ်၊ ယူကေ၊ ကနေဒါ၊
တောင်ကိုးရီးယား၊ ဂျာမဏီ၊ ဘရားဇီး၊ အိန္ဒိယနှင့် သြစေတြးလျတို့မှ
ကျောင်းသားများ ၀င်ရောက် လေ့လာလျက်ရှိကြသည်။
အခမဲ့ သင်တန်း ၁၀ မျိုးမှာ ဘဏ္ဍာငွေကြေး သီအိုရီမှသည် ဒွန်ကီအုတ်အထိ၊
သဘာဝပတ်ဝန်းကျင် နိုင်ငံရေးမှသည် ဥပဒေနှင့် ကောင်းကင်ဘုံသစ် အထိ
မျိုးစုံစွာ ပါဝင်ကြောင်း ကွန်နတ်တီကတ်အခြေစိုက် တက္ကသိုလ်က
ကြေညာလိုက်သည်။
ယေးလ်ကောလိပ်ကျောင်းသားများကို သင်ကြား ပို့ချခဲ့သည့် ဗီဒီယိုမှတ်တမ်း
တစ်ခွေလုံးစီကို သင်တန်းတိုင်းတွင် ကြည့်ရှု လေ့လာနိုင်ကြမည်ဖြစ်သည်။
ထင်ရှားသော ယေးလ်ပါမောက္ခများ၏ သင်ကြားချက်များလည်း ဖြစ်သည်။
ဤသင်တန်းများကို http://oyc.yale.edu ဆိုဒ်တွင် ၀င်ရောက် လေ့လာနိုင
်ကြသည်။
အရည်အသွေး ကောင်းမွန်စွာ ရိုက်ကူးထားသည့် ပညာရေး ဗီဒီယိုများ၊
အသံဖိုင်များဖြင့် သင်တန်းများကို အွန်လိုင်း တက်ရောက် လေ့လာနိုင်ပါမည်။
အမှန်တကယ် ယေးလ် စာသင်ခန်းများထဲ ၀င်ရောက် သွားသည့်အတိုင်း ခံစား
လေ့လာနိုင်မည်ဟုလည်း ဆို၏။
သင်တန်းတိုင်းအတွက် အညွှန်းများကို ထားရှိပြီး ပုံနှိပ်ရန် ဖိုင်များ၊
သင်ရိုးမာတိကာများ၊ စာဖတ်ရန် ကဏ္ဍများ၊ ပြဿနာ ပုစ္ဆာများနှင့် အခြားသော
သင်ထောက်ကူများကို ရှာဖွေနိုင်မည်ဖြစ်သည်။
မိမိအားလပ်သည့်အချိန်တွင် ကြည့်ရှုလေ့လာရန်အတွက် စိတ်ဝင်စားသည့်
ပညာရပ်ဆိုင်ရာ ဗီဒီယိုဖိုင်၊ အသံဖိုင်တို့ကိုလည်း မိမိ၏ကွန်ပျူတာထဲတွင်
ဒေါင်းလုပ်ယူ၊ သိမ်းဆည်းထားနိုင်ပါသည်။
အိုင်ဖုန်းနှင့် အိုင်ပက်တို့အတွက်လည်း သီးသန့်ကဏ္ဍ ထားရှိပြီး
ခရီးထွက်ရင်း လမ်းပေါ်တွင်လည်း အင်တာနက်မှတဆင့် သင်ယူလေ့လာနိုင်သေးသည်။
သင်တန်း တက်ရောက်ခွင့်အတွက် မှတ်ပုံတင်ရန် မလိုအပ်ဟု သိရသည်။ တက္ကသိုလ်က
ရမှတ်နှင့် အောင်လက်မှတ် ထုတ်ပေးမည် မဟုတ်သလို ပါမောက္ခများနှင့်လည်း
ဆက်သွယ် ပြောဆိုခွင့်တော့ မရှိပါ။
ဒီဇင်ဘာ ၂၀၀၇ ခုနှစ်က စတင်ခဲ့ရာတွင် ယနေ့အချိန်အထိ အွန်လိုင်း ကျောင်းသား
၃ သန်းကျော် လေ့လာခဲ့ကြသည်။ ၂၀၀၉ ဧပြီလမှစပြီး ယနေ့အထိ ဖတ်ရှုသည့်
စာမျက်နှာပေါင်း ၂၆ သန်း ကျော်ရှိသည်။
ယေးလ် ယူကျူ့ YouTubeနှင့် အဲပဲလ် အိုင်ကျွန်း iTunes ချန်နယ်များမှလည်း
ဝင်ရောက်လေ့လာနိုင်ကြသည်။
လိပ်စာများမှာ
http://oyc.yale.edu/
http://www.youtube.com/yalecourses
http://itunes.yale.edu/
လူ ၁၅ သန်းကျော်ခန့် ဤယေးလ်ချန်နယ်များမှတဆင့် ပညာဆည်းပူးနေကြောင်း
သိရသည်။
“တကမ္ဘာလုံးက ပြည်သူတွေဟာ ယေးလ်အွန်လိုင်းသင်တန်းကို အခမဲ့
ဝင်ရောက်လေ့လာနိုင်ကြတဲ့အတွက် ကျွန်တော်တို့ အင်မတန်
ဝမ်းသာပီတိဖြစ်ရပါတယ်။” တက္ကသိုလ် ဥက္ကဌဖြစ်သူ ရစ်ချဒ်စီလဲဗင်က ဆိုသည်။
“ဒီနေ့ ထုတ်လွှင့်မယ့် သင်တန်းအသစ်တွေမှာတော့ နောက်ဆုံးနည်းပညာကို
အပြည့်အ၀ အသုံးချထားပါတယ်။ တက္ကသိုလ်ရဲ့ အထင်ကရဌာနကြီးတွေရဲ့
သင်ကြားမှုတွေကို လေ့လာချင်ကြတဲ့သူတွေဆီ ရောက်နိုင်ဖို့ပါ။”
Source: Yale University
မောက္ခနိုင်ငံတကာ ပညာရေးသတင်း