အမြဲလိုလို ပင်ပန်းနေပါ​သလား

0 views
Skip to first unread message

thatd dar

unread,
Apr 8, 2011, 8:15:47 AM4/8/11
to သဒ္ဓါ -ပညာရေး ၀န်ဆောင်မှု (ဘော်ဒါနှင့်ဘာသာစုံသင်တန်း)
ပင်ပန်းလွန်းလို့ အလုပ်ထဲ အာရုံနှစ်မရ ဖြစ်နေပါလား။
မနက်အိပ်ရာနိုးတဲ့အခါမှာတောင် မလန်းဆန်းဘဲ ပင်ပန်းနေပါသလား။
သင့်ခန္ဓာကိုယ်
အားအင် ကုန်ခန်းနေလို့ပင်ပန်းနေခြင်းပါ။ *Coenzyme Q 10
ဓာတ်ချို့တဲ့နေခြင်းက
အဓိက အကြောင်းရင်းတစ်ခုဘဲ ဖြစ်ပါတယ်။*

Coenzyme Q 10 ဆိုတာ ဗီတာမင်လိုအရာဖြစ်ကာ လူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းမှာ
ပါရှိနေပါတယ်။ ဓာတုစွမ်းအင်ဖြစ်တဲ့ Adenosine Triphosphate (ATP)
ထုတ်လုပ်ရာမှာ
အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ CoQ 10 မရှိပါက
ထိုစွမ်းအင်ဖြစ်ပေါ်ဖို့
မလွယ်ပါ။ ထိုစွမ်းအင်မရှိပါက အားလည်းရှိမှာ မဟုတ်ပါဘူး။

ငယ်ရွယ်စဉ်မှာ ကျွန်တော်တို့ ဆဲလ်တွေထဲမှာ များစွာပါရှိနေခြင်းကြောင့်
ခန္ဓာကိုယ်ထဲ အားအင်လုံလောက်စွာ ရှိနေပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ
ခန္ဓာကိုယ်ထဲ
ထိုဓာတ်လျှော့ နည်းလာပြီး စွမ်းအင်ထုတ်လုပ်မှု ကျဆင်းလာပါတယ်။
စွမ်းအင်လျော့နည်းခြင်းက ကျန်းမာရေးထိခိုက်ကာ အိုမင်းရင့်ရော်စေပါတယ်။

*အောက်ပါတို့ က စွမ်းအင်လျော့နည်းခြင်း လက္ခဏာရပ်တွေဘဲ ဖြစ်ပါတယ်။ သင့်မှာ
ဖြစ်ပေါ်နေတဲ့ လက္ခဏာရပ်တွေနဲ့ တူနေသလား ဆန်းစစ်ကြည့်လိုက်ပါ။*

*၁။ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေခြင်း*

*အသက် ၃၀ ကျော်တဲ့ လူတိုင်းလိုလို ဒီလိုမျိုး တစ်ချိန်မဟုတ်
တစ်ချိန်ကြုံခဲ့ဖူးကြမှာပါ။ *စိတ်ကဆောင်ပေမဲ့ လူက ပင်ပန်းလွန်းလို့
လိုက်မလုပ်
နိုင်တာ မျိုးပေါ့။ ညစာချက်ခြင်း၊ လမ်းလျှောက်ခြင်းတို့လို
ပုံမှန်လုပ်ဆောင်ချက်တွေအပြင် အားကစားခန်းမ Gym ကိုသွားပြီး လေ့ကျင့်ခန်း
လုပ်တာမျိုး လို အပိုလုပ်ဆောင်ချက်တွေကိုပါ မလုပ်နိုင်တော့ပါဘူး။
ဘာကိုဘဲဖြစ်ဖြစ်လုပ်ဖို့ အင်အားမရှိတော့ပါဘူး။ နေ့တာတွေကလည်း
ပိုတိုလာသလို
ခံစားနေရ ပါတယ်။ ဒီလိုဖြစ်ခြင်းက *အင်အားလျော့နည်းခြင်းရဲ့ လက္ခဏာတစ်ရပ်ပါ။
*

*၂။ အိပ်ရာဝင်ချိန်ထက် အိပ်ရာထချိန်မှာ ပိုပင်ပန်းနေခြင်း*

မနက်တိုင်း အိပ်ရာထဖို့ ခက်ခဲနေတတ်ပါသလား။ မနက်အိပ်ရာထချိန်မှာ
ပင်ပန်းနွမ်းနယ်နေခြင်းရဲ့ အကြောင်းရင်းနှစ်ရပ်ရှိပါတယ်။ အိပ်ရေးမဝခြင်း
ဒါမှမဟုတ် ကောင်းကောင်းအိပ်မပျော်ခြင်း ကြောင့်ပါ။ ကျွန်တော်တို့တစ်တွေဟာ
နေ့စဉ်အိပ်ချိန် ခြောက်နာရီမှ ရှစ်နာရီကြားရှိပါမှ အိပ်ရာထတဲ့အခါ
ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေမှာပါ။ အိပ်ချိန်ပြည့်ပေမဲ့
အိပ်ရာဝင်တဲ့အခါ ပင်ပန်းနေသေးပါက စွမ်းအင်ကုန်ခန်းနေခြင်းကြောင့်
ဖြစ်နိုင်ပါတယ်။ အိပ်ခြင်းကိုအနှောင့် အယှက်ဖြစ်စေနိုင်တဲ့
စိတ်ဖိစီးမှုကိုလည်း
စွမ်းအင်လျော့နည်းနေတဲ့အခါ ကိုင်တွယ်ရခက်ခဲစေပါတယ်။ စိတ်ဖိစီးမှုက
စွမ်းအင်ကို
ထပ်လျော့ နည်းစေခြင်းကြောင့် အရင်ကထက်နှစ်ဆပိုပြီး
နွမ်းလျှမောပန်းနေတတ်ပါတယ်။

*၃။ နေ့လယ်နေ့ခင်းငိုက်မျဉ်းနေခြင်း*

နေမြင့်လာတာနဲ့အမျှ ပိုပြီးပင်ပန်းလာပါသလား။
ထမင်းစားချိန်အပြီးမှာပြုလုပ်တဲ့
အစည်းအဝေးတွေမှာ မျက်လုံးမဖွင့်နိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်
ငိုက်မျဉ်းနေမှာစိုးလို့ အစည်းအဝေးကို ရှောင်နေတတ်ပါသလား။
ဒီလိုနေ့လယ်ခင်းမှာ
အလွန်ငိုက်မျဉ်းနေခြင်းကလည်း စွမ်းအင်လျော့နည်းခြင်း လက္ခဏာတစ်ရပ်ပါပဲ။

*၄။ အာရုံစူးစိုက်၍မရခြင်း*

ထုံထိုင်း တွေဝေနေတာမျိုး၊ ဝေတိဝေဝါး ဖြစ်နေတာမျိုး၊ အာရုံစူးစိုက်ဖို့
ခက်ခဲနေတာမျိုး ဖြစ်နေတတ်တာကို သင့်ကိုယ်သင် သတိထားမိနေပါသလား။
တစ်ခါတစ်လေ
မှတ်ဉာဏ်မကောင်းတာမျိုးရော ဖြစ်ဖူးပါသလား။ *ဒီလိုဦးနှောက်စွမ်းရည်
မသိမသာလျော့နည်းလာတာကလည်း သင့်ခန္ဓာကိုယ် မှာ အားအင်လျော့နည်းခြင်းရဲ့
တခြားလက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။*

*၅။ အားမရှိတဲ့အခါ အစာပိုစားမိခြင်း*

တချို့လူတွေလိုပဲ သင်လည်း အဆာပြေမုန့်တွေကို ရေခဲသေတ္တာ၊ ကြောင်အိမ်ထဲမှာ
အများကြီးလှောင်ထားတတ်သလား။ နည်းနည်းလေးပင်ပန်းတာနဲ့ အဆာပြေ မုန့်တွေကို
ထုတ်စားနေတတ်ပါသလား။ အဲဒီတော့ ဘာတွေဖြစ်လာနိုင်သလဲ၊ အစာစားလိုက်လို့
သင့်အင်အားတွေ ခဏတစ်ဖြုတ်တော့ တက်လာပါရဲ့။ ဒါပေမဲ့ ခဏအကြာမှာ
တစ်ခါပြန်ကျသွားပြန်တာကြောင့် မုန့်ထပ်စားမိပြန်ရော။ အဲဒီတော့
သေချာတာတစ်ခုက
ဝိတ် တက်လာခြင်း ပဲဖြစ်ပါတယ်။ စွမ်းအားပြန်တက်လာခြင်းတော့ မဟုတ်ပါ။

ခန္ဓာကိုယ်ကနေ ဗိုက်ဆာခြင်းနဲ့ မောပန်းခြင်း တို့ကို တုံ့ပြန်မှုက
အလွန်တူနေတတ်ပါတယ်။ ဒါကြောင့်လည်းအများစုက မောပန်းခြင်းကို ဗိုက်ဆာခြင်း
နဲ့
မှားကာ မလိုအပ်ချိန်မှာ အဝစားမိတာကြောင့် အလေးချိန်တက်ပြီး
ဝလာခြင်းဖြစ်ပါတယ်။

*စွမ်းအင်တိုးအောင် ဘယ်လိုလုပ်မလဲ*

*ဒီလိုစွမ်းအင်တွေ လျော့နည်းရခြင်းရဲ့ အဓိကအကြောင်းရင်းက Coenzyme Q10
(Co Q10)
လျော့နည်းခြင်းကြောင့်ဖြစ်လို့ ဒီဓာတ် ခန္ဓာကိုယ်ထဲ ပြန်များအောင်
ဖြည့်ပေးရပါမယ်။ အမဲသား၊ ဝက်သားနဲ့ ဟင်းသီးဟင်းရွက်တွေမှာ သဘာဝအတိုင်း
ပါရှိတတ်ပေမဲ့ ဒီအစာတွေထဲပါဝင်တဲ့ပမာဏက နည်းလွန်းလို့ မလုံလောက်ပါဘူး။
ဒါကြောင့် CoQ10 ပါရှိတဲ့ အားဆေးကို သုံးဆောင်မှီဝဲပေး ဖို့လိုပါတယ်။*

*(ဒေါက်တာ နုမြတ် ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပေးလိုက်ပါသည်)*

Reply all
Reply to author
Forward
0 new messages