* (နွေကကြိုး က ဇန္န၀ါရီလ 8, 2011 နေ့ 3:19pm မှာတင်ခဲ့ပါတယ်)
* နွေကကြိုးရဲ့ ဘလော့တွေကိုကြည့်မယ်
ဘဝမှာ ကျန်းမာပျော်ရွှင်ချင်တယ် ဆိုရင်တော့ ဦးနှောက်၊ စိတ်ဓာတ်၊
ဘဝတက်လမ်း၊ အသည်းနဲ့ ဆက်ဆံရေးတွေမှာ ကိုယ်ခံစွမ်းအား ကောင်းမွန်စွာနဲ့
အကောင်းဆုံး အထောက်အပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။
သင့်ဦးနှောက်ကို အားဖြည့်ပါ။
သီချင်းတိုးတိုးလေး နားထောင်ရင်း ဦးနှောက်ရဲ့ ဖိစီးမှု
ဖြစ်ပေါ်နေတဲ့အပိုင်းကို ဖြေလျှော့ပေးပါ။ အေးငြိမ့်နေတဲ့ သံစဉ်ဟာ
နားမှတစ်ဆင့် စိတ်ရှုပ်ထွေးနေတဲ့ ဦးနှောက်ဆီ ရောက်ရှိကာ စိတ်ပြေလျော့
သွားစေပါတယ်။
သင့်စိတ်ဓာတ်ကို အားဖြည့်ပါ။
နာနတ်သီးစိတ်ကို စားပေးပြီး အတိတ်ရဲ့ ပျော်ရွှင်ဖွယ်ရာ အရိပ်တွေကို
တွေးတော လိုက်ရင် ကြည်နူးမှုကို ပိုမိုရရှိစေပါလိမ့်မယ်။ အတိတ်ရဲ့
အမှတ်ရဖွယ်ပုံရိပ်တွေဟာ ပစ္စည်းဥစ္စာတွေထက် ပိုပျော်ရွှင်စေပါတယ်။
နာနတ်သီးမှာ မှတ်ဉာဏ်စွမ်းအား ကောင်းမွန်စေတဲ့ မဂ္ဂနိစ်အများအပြား
ပါဝင်နေပါတယ်။
သင့်ဘဝတက်လမ်းကို အားဖြည့်ပါ။
အနက်ရောင် ဘယ်ရီသီးပါဝင်တဲ့ နံနက်စာကို စားပေးတာက အသက်မွေးဝမ်းကြောင်း
အလုပ်လုပ်ကိုင်နေသူတွေမှာ တခြားသူတွေထက် တွေးခေါ်မြော်မြင်မှု
ပိုကောင်းပြီး ပိုအောင်မြင်ကြတာကို တွေ့ရပါတယ်။
သင့်အသည်းကို အားဖြည့်ပါ။
အရက်သောက်မယ့်အစား အကျိုးပြု ဘက်တီးရီးယားပါဝင်တဲ့ ဒိန်ချဉ်သောက်ပေး
နိုင်ပါတယ်။ ရုရှားလေ့လာမှုအရ အရက်အလွန်အမင်းသောက်သူတွေဟာ
အသည်းထိခိုက်နှုန်း များတတ်ပေမယ့် အရက်သောက်သော်လည်း ဒိန်ချဉ်သောက်သူတွေ
မှာတော့ ခန္ဓာကိုယ်ရဲ့ ချေဖျက်အင်ဇိုင်း အားကောင်းစေကာ အသည်းထိခိုက်မှု
နည်းတာကို တွေ့ရှိရပါတယ်။
သင့်ဆက်ဆံရေးကို အားဖြည့်ပါ။
ငြီးငွေ့ဖွယ်ရာကောင်းတဲ့ အချိန်မှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာ
စိတ်မပါရင် သစ်သီးဖျော်ရည် တစ်ခွက်ကို သောက်ပေးပါ။
သစ်သီးဖျော်ရည်မှာပါတဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ သစ်သီးရနံ့ကြောင့်
စိတ်လန်းဆန်းသွားပါလိမ့်မယ်။
Ref: Good Health