Closed Testing အဖွဲ့မှ ကြိုဆိုပါတယ်ခင်ဗျာ

29 views
Skip to first unread message

Aung Ye Zaw

unread,
Dec 8, 2025, 5:47:15 AM12/8/25
to Android Closed Testing
ကျွန်တော်တို့ App တွေကို Production တင်နိုင်ဖို့အတွက် အချင်းချင်း ကူညီကြရအောင်။ Google Play Console ရဲ့ Policy သစ်အရ App တစ်ခုကို Production မတင်မီ Tester (၂၀) မှ (၁၄) ရက်ကြာ စမ်းသပ်အသုံးပြုထားဖို့ လိုအပ်တဲ့အတွက် အခုလို group ဖွဲ့ထားရခြင်း ဖြစ်ပါတယ်။

ပါဝင်ကူညီပေးလိုသူများအတွက် လမ်းညွှန်

၁။ Group ဝင်ထားခြင်း - ယခု Google Group ကို Join ထားမှသာ Play Store တွင် Download ပြုလုပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

၂။ App ကို Download ရယူခြင်း - Group ထဲတွင် ပေးထားသော Android Link (သို့မဟုတ်) Web Link မှတဆင့် App ကို ဒေါင်းလုဒ်ဆွဲပေးပါ။

၃။ Install ထားရှိခြင်း - App ကို Install ပြုလုပ်ပြီးပါက အနည်းဆုံး (၁၄) ရက် တိတိ ဖုန်းထဲတွင် မဖျက်ဘဲ ထားပေးစေလိုပါတယ်။ နေ့စဉ် အသုံးပြုစရာ မလိုသော်လည်း ရံဖန်ရံခါ ဝင်ရောက်ကြည့်ရှုပေးခြင်းဖြင့် Google ၏ Engagement သတ်မှတ်ချက်ကို ပြည့်မီစေပါတယ်။

၄။ Feedback ပေးခြင်း - အဆင်ပြေရင် Play Store မှာ Feedback/Review ရေးပေးခဲ့ဖို့ မေတ္တာရပ်ခံပါတယ်။

အပြန်အလှန် ကူညီခြင်း

Developer အချင်းချင်း ကူညီတဲ့အနေနဲ့ မိတ်ဆွေတို့ဘက်က ပြန်လည် Test လုပ်စေချင်တဲ့ App များရှိပါကလည်း ဒီ Group မှာ လာရောက် ပြောကြားနိုင်ပါတယ်။ group member များကလည်း ပြန်လည် Install ပြုလုပ်ပြီး သေချာပေါက် ကူညီပေးကြဖို့ အထူးတောင်းဆိုလိုပါတယ်ခင်ဗျာ။
Reply all
Reply to author
Forward
0 new messages