သခင်အောင်ဆန်းသမီးဆက်လက် ရပ်တည်ရေး စိုးရိမ်နေရ

4 views
Skip to first unread message

ThaKinSoe

unread,
Jul 13, 2011, 8:24:43 PM7/13/11
to သခင်စီုး, burm...@gmail.com
NLD ဆက်လက် ရပ်တည်ရေး စိုးရိမ်နေရ
သခင်စီုး Tuesday, 12 July 2011 18:38

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပေါ်
ဖိအားပေးခြိမ်းခြောက်မှုများကို
အစိုးရက ဆက်တိုက် ပြုလုပ်လာ သည့်အတွက် ပါတီ ဆက်လက် ရပ်တည်ရေးအတွက်
စိုးရိမ်မှု
မြင့်မားနေသည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“NLD ပါတီ ဆက်လက်ရပ်တည်ရေးအတွက် အလွန်သိမ်မွေ့တဲ့ အခြေအနေပါ” ဟု ၎င်းက
ဆိုသည်။

မကြာသေးမီက မြန်မာအစိုးရသစ်၏ ပြည်ထဲရေးဝန်ကြီး လက်မှတ်ဖြင့် NLD ပါတီဥက္ကဋ္ဌ
ဦးအောင်ရွှေနှင့် အထွေ ထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ထံ
သတိပေးစာ ၁
စောင် ပေးပို့ထားပြီး NLD ပါတီအနေဖြင့် တရားမ၀င် တော့ကြောင်း ၎င်းစာတွင်
ထောက်ပြထားသည်။

NLD ပါတီဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ၎င်းတို့ပါတီသည်
တရားဥပဒေအရ
တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီဖြစ်ပြီး မတူကွဲလွဲနေသည့် ကိစ္စများကို
ဆွေးနွေးအဖြေရှာမည်ဟု အကြောင်းပြန်စာ ပေးပို့ခဲ့သည်။

ယခုရက်ပိုင်း NLD ရုံးချုပ်ကို အာဏာပိုင်များက လုံခြုံရေး ထူးခြားစွာ
ချမှုများ
လုပ်ဆောင်လာပြီး NLD ပါတီကို မှတ်ပုံတင်ရန် ခြိမ်းခြောက်
ဖိအားပေးမှုများလည်း
ရှိနေသည်ဟု သိရသည်။

“တရားဥပဒေနဲ့အညီ စနစ်တကျဖွဲ့စည်းထားတဲ့ NLD ပါတီကို စာပို့တာတို့၊
မှတ်ပုံတင်ရမယ် ဘာမယ်ဆိုပြီး လုပ်နေတာတွေက ပါတီရပ်တည်ရေးကို
ခြိမ်းခြောက်နေတာပါပဲ။ အစိုးရက မပျက်ပျက်အောင် ဖျက်ဖို့ ကြိုးစား နေတာကို
တဖက်က
ပါတီဝင်တွေကလည်း ထောင်ကျကျ၊ သတ်သတ် သေသေ၊ အဲဒီလို စွန့်စွန့်စားစားနဲ့
ပါတီကို
ကာကွယ်ကြရမယ့် အခြေအနေမှာ ရှိနေတယ်” ဟု ၀ါရင့်နိုင်ငံရေးသမားကြီး
သံတမန်ဟောင်း
သခင်ချန်ထွန်းက ပြောသည်။

NLD ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်
ရွေးကောက်ပွဲဆိုင်ရာ တချို့သော ဥပဒေများကို ပြင်ဆင်ရန်
တိုက်တွန်းခဲ့သော်လည်း
ယခင် စစ်အစိုးရက မည်သို့မျှ အကြောင်းပြန်ခြင်းမရှိသဖြင့် ပါတီထပ်မံ
မှတ်ပုံတင်ရန် မလိုကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု NLD
ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ယင်းသို့ တုံ့ပြန်ခြင်းသည် ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်ကြောင်း၊
ဥပဒေကြောင်းအရ အငြင်းပွားနေရခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ကလည်း ဥပဒေကြောင်းအရ ကျနော်တို့ မှန်တယ်လို့ လက်ခံထားသလို၊
သူတို့ဘက်ကလည်း မှန်တယ် ဆိုပြီး အကြောင်းကြားစာ ပို့ထားတဲ့ လတ်တလော
ဖိအားပေးမှုက
ရှိနေတယ်။ ဒါကြောင့် မတူကွဲလွဲနေတာကို ဥပဒေ အရရော၊ နိုင်ငံရေးအရပါ
ဖြေရှင်းလို့ရတယ်လို့ ယုံကြည်လို့ ဆွေးနွေးခွင့်ပေးဖို့ ပြောထားတယ်။
ကျနော်တို့
ထိပ်တိုက် ရင်ဆိုင်မှုမျိုး ဘယ်တော့မှ မလုပ်ဘူး” ဟု ဦးဉာဏ်ဝင်းက
ရှင်းပြသည်။

ဒီမိုကရေစီ အင်အားစုများဘက်က တွေ့ဆုံဆွေးနွေးရေး အစဉ်တစိုက်
တောင်းဆိုနေသော်လည်း တွေ့ဆုံဆွေးနွေးရေး မျှော်လင့်ချက်သည်
ပြောရခက်နေပြီး
တည်ဆဲအစိုးရဘက်မှ ဆက်လက် ဖိအားပေးနေမှုများကြောင့် နောက်ဆက်တွဲ တိုင်းပြည်
အခြေအနေ ပို၍ ဆိုးလာနိုင်ကြောင်း သခင်ချန်ထွန်းက သုံးသပ်သည်။

“ဒီအတိုင်းဆိုရင် မှတ်ပုံမတင်ဘူး ဆိုပြီးတော့ NLD ကလည်း သူ့လှုပ်ရှားမှု သူ
ဆက်လုပ်သွားမှာပဲ။ တဘက်ကလည်း မှတ်ပုံမတင်ဘူး ဆိုပြီးတော့ အရေးယူတာမျိုး
ဖြစ်လာနိုင်တော့ NLD ကလည်း သူ့လှုပ်ရှားမှုနဲ့ သူတုံ့ပြန်မှာပဲ” ဟု ၎င်းက
ဆက်ပြောသည်။

သို့သော် လက်ရှိအခြေအနေတွင် အစိုးရဘက်မှ NLD ပါတီကို တရားဝင်ပါတီအဖြစ်
ရပ်တည်စေလိုကြောင်း· သတင်းစာများတွင် ရေးသားထားသည်။ အဆိုပါ ရေးသား
ဖိအားပေးမှုများသည် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ
စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေးကို ထောက်ခံခဲ့ပြီး
အမေရိကန်နိုင်ငံကိုလည်း
ထိုကိစ္စ အကောင်အထည် ပေါ်လာစေရန် တိုက်တွန်းပြောကြားမှုများ၏ နောက်ဆက်တွဲဟု
ဝေဖန်သူများက ထောက်ပြကြသည်။

လက်ရှိအနေအထားတွင် NLD ပါတီအနေဖြင့် တရားဝင်မှုမရှိဘဲ နိုင်ငံရေးပါတီ
တရပ်အနေဖြင့် ပြည်တွင်း၌ ရပ်တည်ရန် ခက်ခဲကြောင်း၊ ထိုကိစ္စကို ပထမ
အရေးကြီးဆုံး
ကိစ္စအဖြစ် စဉ်းစားလုပ်ဆောင်သင့်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးသမား
တဦးဖြစ်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။

“NLD ပါတီ တရားဝင် ဆက်လက်တည်ရှိနေမှသာ ဒီမိုကရေစီ ခရီးတလျှောက်မှာ
ဦးဆောင်နိုင်တဲ့ ပါတီတခု အနေနဲ့ ပြည်သူလူထု တရပ်လုံးနဲ့ လက်တွဲပြီး
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ရည်မှန်းချက် ပန်းတိုင် ရောက်အောင်
လုပ်ဆောင်နိုင်မယ်” ဟု သူက ဆိုသည်။

SSA နှင့်KIA ပူးပေါင်းတိုက်ခိုက် ၊ အစိုးရတပ်ဘက်မှ ၅ ဦးသေ
Tuesday, 12 July 2011 22:13 သျှမ်းသံတော်ဆင့်

ဂျူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က သျှမ်းပြည် (မြောက်ပိုင်း)
နမ္မတူမြို့နယ် မိန်းမို ကျေးရွာအုပ်စု မန့်စန်ပူးရွာ အနီးတွင်သျှမ်းပြည်
တပ်မတော်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့များနှင့်
အစိုးရတပ်တို့
တွေ့ဆုံ တိုက်ပွဲ အတွင်း အစိုးရတပ်မှ ၅ ဦးကျဆုံးကြောင်း သိရသည် ။

တစ်နာရီကြာ ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲတွင် အစိုးရတပ်ဘက်မှ
ဗိုလ်ကြီးတစ်ဦး
၊ တပ်ကြပ်တစ်ဦးနှင့် တပ်သား ၃ ဦး ကျဆုံးသွားကြောင်း
သျှမ်းတပ်သတင်းရပ်ကွက်မှ
သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ အဲဒီနယ်မြေမှာတော့ ကွတ်ခိုင်ဗျူဟာအောက်က ခလရ ၁၂၃ တပ်ရင်းလှုပ်ရှားတယ်
ပူးပေါင်းတပ်ဖွဲ့ အင်အားကတော့ ၂၀ ကျော်လောက်နဲ့
တွေ့ဆုံတိုက်ပွဲဖြစ်တာပေါ့
နေ့လည် ၁၁ နာရီခွဲလောက်မှာ ပြီးသွားတယ် ကျနော်တို့ဘက်ကတော့
အကျအဆုံးမရှိဘူး ”
ဟု သျှမ်းတပ်အရာရှိက ဆိုသည် ။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ကော်မတီအဖွဲ့ဝင်များဖြစ်သော
သျှမ်းနှင့်ကချင်လက်နက်ကိုင်များသည် နယ်မြေခြင်း ထိစပ်နေသဖြင့် စစ်ရေးအရ
နီးကပ်စွာ ပူးပေါင်းမှုရှိနေရာ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသည့်
တိုက်ပွဲများတွင်လည်း သျှမ်းတပ်များ ပါဝင် ကြောင်း သိရသည် ။

လွန်ခဲ့သည့် ၅ ရက်ခန့်က ကချင်ပြည်နယ် မန်စီမြို့နယ် စီခမ်းကြီးရွာအနီး
ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်သျှမ်းတပ် များ ပါဝင် တိုက်ခိုက်ခဲ့ကြောင်း
သိရသည်

သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် နမ့်ကိုင်ဖိတ်အနီးတွင်
သျှမ်းတပ်နှင့် အစိုးရတပ်တို့ အကြား ယမန်နေ့ညပိုင်းမှ ယနေ့နံနက်ပိုင်း
အထိ
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည် ။

ရွာထဲသို့ လက်နက်ကြီးများပစ်ချ၍ ရွာသားများဒဏ်ရာရရှိ
အင်္ဂါနေ့၊ ဂျူလိုင်လ 12 ရက် 2011 ခုနှစ် ကန္တာရ၀တီတိုင်း(မ်)

<http://burmese.bnionline.net/news/kantarawaddy.html>

ကရင်နီပြည်ဖာဆောင်းမြို့နယ် ထီးဒူးခီးစခန်းတွင် အခြေချသည့်
မြန်မာအစိုးရတပ်စခန်းအားကရင်နီ တပ်မတော်
စစ်ဦးစီးတပ်မှဝင်ရောက်တိုက်ခိုက်ပြီး
နောက်စစ်တပ်မှရွာထဲသို့လက် နက်ကြီး များဖြင့်
လှမ်းထု၍ရွာသားများဒဏ်ရာရရှိ
ခဲ့ကြသည်ဟု သိရသည်။

ဇွန်လှိုင်လ ၆ ရက်နေ့က ကရင်နီစစ်ဦးစီးတပ်မှ စောဆာနီ ဦးဆောင်တပ်မှ
တပ်ရင်းမှူး
ကိုကိုနိုင်ဦး ဆောင်သည့် ခလရ ၁၃၄ တပ်စခန်းအား ပြောက်ကျားနည်းစနစ်ဖြင့်
ဝင်ရောက်ပစ်ခတ်ခဲ့ပြီးမိနစ်ပိုင်း အကြာမှာပင် အစိုးရတပ်မှ အနီးအနားရှိ
မူးလော်ပါရွာအား လက်နက်ကြီးများဖြင့် လှမ်းထုခြင်းကြောင့်
သက်ကြီးရွယ်အိုတစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုဒေသခံများက
ဆိုသည်။

“နှစ်ယောက် ဒဏ်ရာရတယ် ဒဏ်ရာ နည်းနည်းပြင်းတယ်။ လူကြီးတစ်ယောက်နဲ့
ကလေးတစ်ယောက်၊
အဲဒီလူကြီး အသက် ၅၀ ၀န်းကျင်လောက်ရှိမယ်” ဟု ဖာဆောင်းမြို့နယ်
မော်ချီးမြို့မှ
ဒေသခံတစ်ဦးက ပြောသည်။ဒဏ်ရာရှိကြသည့် ကလေးတစ်ဦးနှင့်
သက်ကြီးရွယ်အိုတစ်ဦးအား
လွိုင်ကော်ဆေးရုံသို့ တင်ပို့ထားသည်ဟု သိရသည်။

“တိုက်ပွဲက ကျနော်တို့ရဲဘော်က သွားပြီး ပြောက်ကျားပစ်တယ်။
အဲဒီစခန်းကိုသွားပြီးပြောက်ကျားပစ် တယ်။ ရန်သူဖက်က တစ်ယောက်ကျတယ်” ဟု
ကရင်နီတပ်မတော်ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ၂၀၁၁ ခုနှစ်အတွင်း ခလရ ၁၃၄ တပ်ရင်းအခြေချထားသည့်
ထီးဒူးခီးတပ်စခန်းအား
ကရင်နီတပ်မှ ယခုတစ်ခေါက်ပါဆိုလျှင် ၆ ကြိမ်တိုင် ပြောက်ကျားနည်းဖြင့်
ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထီးဒူးခီးတပ်စခန်းအား ကရင်နီဘက်မှ ၀င်ရောက်မသိမ်းနိုင်ရန်
တိုက်ပွဲဖြစ်တိုင်း
ယခုလိုအနီးအနားရှိရွာ များသို့ လက်နက်ကြီးများဖြင့်လှမ်းထု၍
ရွာသားများအားခြိမ်းခြောက်သည်ဟုကရင်နီတပ်မတော်က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က ရှားတောမြို့နယ်အခြေစိုက် ခမရ ၃၃၂ မှ
တပ်သားနှစ်ဦးလက်နက် အပြည့်အစုံဖြင့် ကရင်နီတပ်မတော်ထဲသို့
ထွက်ပြေးလာခဲ့သည်။
ရှားတောမြို့နယ်တွင် ပြီးခဲ့သည့် မေလအတွင်း၌ အစိုးရစစ်တပ်နှင့်
ကရင်နီတပ်တို့အကြား တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

SSA နှင့်KIA ပူးပေါင်းတိုက်ခိုက် ၊ အစိုးရတပ်ဘက်မှ ၅ ဦးသေ
Tuesday, 12 July 2011 22:13 သျှမ်းသံတော်ဆင့်

ဂျူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က သျှမ်းပြည် (မြောက်ပိုင်း)
နမ္မတူမြို့နယ် မိန်းမို ကျေးရွာအုပ်စု မန့်စန်ပူးရွာ အနီးတွင်သျှမ်းပြည်
တပ်မတော်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့များနှင့်
အစိုးရတပ်တို့
တွေ့ဆုံ တိုက်ပွဲ အတွင်း အစိုးရတပ်မှ ၅ ဦးကျဆုံးကြောင်း သိရသည် ။
တစ်နာရီကြာ
ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲတွင် အစိုးရတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦး ၊
တပ်ကြပ်တစ်ဦးနှင့် တပ်သား ၃ ဦး ကျဆုံးသွားကြောင်း
သျှမ်းတပ်သတင်းရပ်ကွက်မှ
သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ အဲဒီနယ်မြေမှာတော့ ကွတ်ခိုင်ဗျူဟာအောက်က ခလရ ၁၂၃ တပ်ရင်းလှုပ်ရှားတယ်
ပူးပေါင်းတပ်ဖွဲ့ အင်အားကတော့ ၂၀ ကျော်လောက်နဲ့
တွေ့ဆုံတိုက်ပွဲဖြစ်တာပေါ့
နေ့လည် ၁၁ နာရီခွဲလောက်မှာ ပြီးသွားတယ် ကျနော်တို့ဘက်ကတော့
အကျအဆုံးမရှိဘူး ”
ဟု သျှမ်းတပ်အရာရှိက ဆိုသည် ။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ကော်မတီအဖွဲ့ဝင်များဖြစ်သော
သျှမ်းနှင့်ကချင်လက်နက်ကိုင်များသည် နယ်မြေခြင်း ထိစပ်နေသဖြင့် စစ်ရေးအရ
နီးကပ်စွာ ပူးပေါင်းမှုရှိနေရာ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသည့်
တိုက်ပွဲများတွင်လည်း သျှမ်းတပ်များ ပါဝင် ကြောင်း သိရသည် ။လွန်ခဲ့သည့် ၅
ရက်ခန့်က ကချင်ပြည်နယ် မန်စီမြို့နယ် စီခမ်းကြီးရွာအနီး ဖြစ်ပွားခဲ့သော
တိုက်ပွဲတွင်သျှမ်းတပ် များ ပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည် ။

သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် နမ့်ကိုင်ဖိတ်အနီးတွင်
သျှမ်းတပ်နှင့် အစိုးရတပ်တို့ အကြား ယမန်နေ့ညပိုင်းမှ ယနေ့နံနက်ပိုင်း
အထိ
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည် ။

တိုးချဲ့မြို့နယ်ခွဲ ဆိုးခိုးဓါးပြ ပေါများ- စစ်တပ်နှင့် ရဲများ
ကူညီဖြေရှင်းပေးခြင်းမရှိ
အင်္ဂါနေ့၊ ဂျူလိုင်လ 12 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့်

<http://burmese.bnionline.net/news/shan.html>

အသစ်တိုးချဲ့လိုက်သောကွန်ဟိန်းမြို့နယ် ကာလိမြို့ နယ်ခွဲ၌
ဆိုးခိုးဓါးပြပေါများ၊အမှုဖွင့်တိုင်
တန်းပါကကုန်ကျစရိတ်များသည့်အပြင်ဆိုင်ရာ
အာဏာပိုင်များကလည်းတစုံတရာဖြေရှင်းပေး ခြင်းမရှိကြောင်း ကာလိဒေသခံ
တဦးကပြော
သည်။

“ ကာလိမှာ ခမရ ၁၅၁ နဲ့ ရဲတွေရှိတယ်။ ကာလိကို မြို့နယ်ခွဲအဆင့်
တိုးမြင့်လိုက်ပြီးနောက်ပိုင်း၊ အဲဒီတပ် တွေတိုးချဲ့လာ ပေမယ့်
နယ်မြေမအေးချမ်းဘူး၊ ဘာတိုးတက်မှုမှလဲမတွေ့ရဘူး။ သူခိုးတွေလူဆိုးတွေ
ပေါများ
လာပေတယ်။ အဲဒီစစ်သား တွေ ရဲတွေကလဲ လုံခြုံရေးအတွက်ဘာမှ အကူအညီဘူး” ဟု
ကာလိဒေသခံ
အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

အဆိုပါသူခိုးများသည် ညအချိန် ကုန်စုံဆိုင်များ၊ အထည်ဆိုင်များကို
ဖောက်ထွင်းခိုးယူကြကြောင်း၊ ညစဉ်ည တိုင်း အိမ်၊ ဆိုင်အဖောက်ခံရသဖြင့်
ရဲသို့
တိုင်ကြားရာတွင်လည်း ကူညီဖြေရှင်းပေးမှုမရှိကြောင်း အဆိုပါ ဆိုင်ရှင်
အမျိုးသမီးကဆက် လက်ပြောပြသည်။

ဆိုင်အဖောက်ခံရသည့် အသက် ၄၀ ဝန်းကျင် အမျိုးသားတဦးကမူ “ ကျနော်တို့ဆိုင်က
ဆီ၊
ဆား၊ ဆန်၊ အချိုမှုန့် စတဲ့ နေ့စဉ်သုံးကုန်တွေကို ယူသွားတယ်။
တချို့ဆိုင်တွေဆို
ယိုးဒယားပစ္စည်းတွေချည်း ဘဲ တင်တယ်။ သူတို့တွေ ပိုထိတယ်။ အဆိုးဆုံးက
ဆိုင်ကယ်ပါခိုးတယ်။ ကျနော်တို့တွေ ရဲကိုသွားတိုင် တော့ ရဲက - အမှုတင်ရင်
ခင်ဗျားတို့ ပိုက်ဆံပိုကုန်မယ်။ ခွဲဝေပေးကြတဲ့ချိန်ကျတော့ ကျနော်တို့ရတဲ့
တန်ကြေးကအလုပ် ရှုပ်တာနဲ့မတန်ဘူး။ ဒီတော့ အလုပ်မရှုပ်ချင်တော့ဘူး-
လို့ပြောတယ်။
ဆိုတော့ ကျနော်တို့ဘယ်မှာတိုင်တန်း ရတော့မလဲ” ဟု ပြောသည်။

ယခု တစ်လ နှစ်လအတွင်း ခမရ ၁၅၁ တပ်သစ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်း၍
ဒေသခံများအားညမထွက်ရ အမိန့် ထုတ်ထားကြောင်း၊ အမိန့်ထုတ်ပြီးနောက်ပိုင်း
သူခိုး၊
ဓါးပြ ပိုများလာကြောင်း အသက် ၅၀ ကျော် အမျိုးသမီးတဦးကလည်း ပြော သည်။

“ ည ၉ နာရီကနေ မနက် ၄ နာရီ အထိ အိမ်ပြင်မထွက်ရဘူး။ တွေ့ရင် ပစ်သတ်မယ်လို့
တောင်ပြော တယ်။ ဆိုတော့ သူခိုး ဓါးပြကို အားပေးနေသလို ဖြစ်နေတယ်။
ယာသွားမစောင့်ရဘူး။ ယာစပါးတွေ ပျက်စီးတယ်။ ခြံထွက်သီးနှံတွေ အခိုးခံရ
တယ်။
တိရိစ္ဆာန်တွေသတ်ဖျက်ခံရတယ်” - ဟု ဆို၏။

၂၀၁၁ သျှမ်းပြည်အတွင်း မြို့နယ်ခွဲအဆင့် တိုးမြှင့်ခဲ့သော
ကျေးရွာအုပ်စုများမှာ
- အရှေ့အလယ်ပိုင်းတိုင်း အခြေစိုက်မည့် နမ့်ဇန်မြို့နယ်
ခိုလမ်မြို့နယ်ခွဲ၊
ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ၊ မိုင်းရှူးမြို့နယ်မိုင်းဇန်မြို့
နယ်ခွဲ
အပြင် သံလွင် အရှေ့ ပိုင်းက မိုင်းတုံမြို့နယ် မိုင်းထားမြို့နယ်ခွဲတို့
ဖြစ်ကြသည်။

ရှမ်း-ကရင်နီနယ်စပ်တွင် ဘိန်းသုံးစွဲသူ လူငယ်များသိသာထင်ရှားလာ
အင်္ဂါနေ့၊ ဂျူလိုင်လ 12 ရက် 2011 ခုနှစ် ကန္တာရ၀တီတိုင်း(မ်)

<http://burmese.bnionline.net/news/kantarawaddy.html>

ရှမ်းပြည်နှင့် ကရင်နီပြည်နယ်စပ်ဒေသများတွင်
ဘိန်းရောင်းဝယ်မှုများရှိနေပြီး
ဝယ်ယူသုံးစွဲသူ အများစုမှာ လူငယ်လူရွယ်များဖြစ်နေကြသည်ဟု
လူမှုဝန်ထမ်းတို့၏
ပြောပြချက်အရ သိရသည်။

“မိုးဗြဲဖက်တက်တဲ့လမ်းပေါ့။ အဲလမ်းခွဲမှာ ရှိတဲ့ ကယန်းသာယာလေးနဲ့
အဲနီးနားတ၀ိုက်တွေပေါ့ ရှိတဲ့လူငယ်တွေက သူတို့ တချိန်
တချိန်သောက်ပြီဆိုရင်
အချိန်တန်ရင် အဆောင် တစ်ဆောင်မှာ ဘားတိုက်လိုမျိုး သူတို့နေတာ
တွေ့ရတယ်တဲ့။
သောက်ပြီးပြီဆိုရင် မူးယစ်ပြီးတော့မှ အိပ်နေကြတယ်။ ဘာမှ မလုပ်တတ်တော့ဘူး”
ဟု
လူထုကြားကွင်းဆင်း၍ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်
ဝန်ထမ်းတစ်ဦးက
ပြောသည်။

(၂၀၀၉)ရှမ်း-ကရင်နီနယ်စပ် မိုးနဲ တောင်ဖက်ပိုင်းတွင် စိုက်ပျိုးသော
ဘိန်းခင်း

ရှမ်း-ကရင်နီနယ်စပ်ဖြစ်သည့် ကျေးကတော့၊ ဆီးဘူး၊ ခွီးတလုတ်၊ လကျီနွဲ့၊
ပီကင်းနှင့်လအိလတိန်တို့ သည် ဘိန်းစိုက်ပျိုးမှု များပြားသည့်ဒေသဖြစ်ပြီး
ယခုနောက်ပိုင်းမှာလည်းတိုးချဲ့စိုက်ပျိုးမှုများရှိလာ သည်ဟု ဆိုသည်။

“အဲသလိုမျိုး ဘိန်းအ၀င်အထွက် အရောင်းအ၀ယ်က တအားများလာတယ်။ ဖောက်သည်ကလည်း
ရွာသားဆီ၊ ကျေးလက်တောရွာဆီရောက်ကုန်ပြီ၊ လမ်းမကြီးတလျှောက် တောင်ကြီးကနေ
ဆီဆိုင်၊ ရောင်းထောင်း၊ ပန့်နောင်ထောင်၊ ပြီးတော့ လွိုင်လင်လမ်းပြီးတော့
လွိုင်ကော်ဖက်ဆင်းသွားတဲ့ လမ်းခွဲ အဲဒီ လမ်းနံဘေး တလျှောက်လုံးမှာ
ရှိတဲ့လူတွေတော်တော်များများက ဘိန်းအရောင်းအ၀ယ်တွေပဲ သူတို့လုပ်တယ်” ဟု
ဒေသခံတစ်ဦးက ပြောသည်။

ကရင်နီပြည် လွိုင်ကော်၊
ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်တို့တွင်လည်းဘိန်းစိုက်ပျိုးမှုများ
ကွက်ကြား
ကွက်ကြား ရှိနေပြီး ယခင်က ဘိန်းစိုက်ပျိုးမှုမရှိခဲ့သည့်
လွိုင်ကော်မြို့နယ်
ထီးစဲခါးကျေးရွာအုပ်စုဖက်တွင် ကြက်သွန်ပင်ကြား၌ ဘိန်းများ
စိုက်ပျိုးလာသည်ကို
တွေ့ရှိရသည်ဟုဆိုသည်။

“သုံးစွဲမှုလည်း သိတဲ့အတိုင်းပဲ လျှော့ဖို့တော့မရှိဘူး။ တိုးဖို့ပဲ
ရှိနိုင်တယ်။
စွဲတဲ့သူက တော်တော်နဲ့ ဖြတ်လို့မရဘူး။ ထပ်ပြီး သုံးစွဲသူက များနေတယ်။
အများအားဖြင့်တော့ လူငယ်ပေါ့” ဟု kayan national development foundation
မှ
ပြောရေးဆိုခွင့်ရှိသူ ခွန်းပိုက ပြောပါသည်။

ဘိန်းသုံးစွဲခြင်းကြောင့် လူငယ်များ၏ ကျန်းမာရေး ၊ ပညာရေး၊
အကျင့်စာရိတ္တနှင့်
နိုင်ငံရေးစိတ်ဝင်စားမှု လျှော့နည်းလာပြီး
ခိုင်းသည့်အတိုင်းလုပ်လာနိုင်သည်ဟု
သူကဆက်ပြောသည်။

စိုက်ပျိုးစရိတ်ချေးပေးငွေ နှုန်းထားနည်းပါးနေမှုကြောင့်
လယ်ဧကနည်းသူများ
ချေးယူဖို့စိတ်မပါ
အင်္ဂါနေ့၊ ဂျူလိုင်လ 12 ရက် 2011 ခုနှစ် မင်းတော်လ၀ီ

<http://burmese.bnionline.net/news/imna.html>

မင်းတော်လ၀ီ - မွန်ပြည်နယ်ရှိ စပါးစိုက်ပျိုးရန်
လိုအပ်သည့်စိုက်ပျိုးစရိတ်ကိုမြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှ
ငွေထုတ်ချေးပေးနေသော် လည်း ကုန်ကျစရိတ်အပြည့်အဝမထုတ်ချေးပေး နိုင်၍
လယ်ဧကများသည့်လယ်သမားများက ငွေယူပြီး လယ်ဧကနည်းသည့်လယ်သမားများက
ငွေချေးမယူကြဟု
သိရသည်။

“မိုးစပါးတစ်ဧကကုန်ကျစရိတ်က တစ်သိန်းနီးပါးပါ၊ စိုက်ခသက်သက်ကို ၅
သောင်းကျော်
တယ်၊ ချေးပေးငွေ ကျပ် ၂၀၀၀၀ လောက်နဲ့ အနည်းအကျဉ်းပဲ
အထောက်အကူဖြစ်မှာ၊တချို့လယ်သမား တွေက အရှုပ်မခံချင်လို့ မယူတာ၊
ဧကနည်းလယ်သမားတွေမယူတာ များတယ်၊ တို့လည်း မယူဘူး” ဟု ဧက ၅၀ ကျော် ကော့ပရံ
ကွင်းမှာ မိုးစပါး လုပ်နေသူ မွန်ပြည်နယ်၊ မုဒုံမြို့မှလယ်သမားတဦးက
ပြောသည်။

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ စိုက်စရိတ်ချေးငွေကို
လယ်သမားများလိုအပ်ချက်အတိုင်း ထုတ်ချေးပေးနိုင်ခြင်းမရှိသည့်အပြင်
လိုအပ်သည့်
အချက်အလက်များ၊ ထောက်ခံချက်များကိုလည်း လွယ်ကူလျှင်မြန်စွာ
မရရှိနိုင်သည့်အတွက်
လယ်ဧကနည်းပါးသူလယ်ရှင်များ အဆိုပါချေးငွေမယူဖြစ်ဟု လယ်သမားများထံမှ
သိရသည်။

“တစ်ဧကမှကျပ် ၂၀၀၀၀ ပေးတာကိုထုတ်လိုတဲ့အခါ အဆင့်ဆင့်တင်ရတယ်၊ အခက်အခဲ
လည်းရှိတယ်၊ မြို့နယ်ရုံးကို သွားထုတ်တော့လည်း တရက်နဲ့ ရရင်တော်သေးတယ်၊
မရရင်
ကုန်ကျစရိတ်ပိုကြီးတယ်၊ တို့မှာ သုံးဧကထဲရယ်၊ ဒါ့ကြောင့်မယူတာ” ဟု
မွန်ပြည်နယ်၊
ကျိုက္မရောမြို့နယ်၊ကလိုင်းကနိုင်ရွာ လယ်သမားတဦးက ပြောသည်။

ယခင်နှစ်များတွင် စိုက်ဘဏ်အဖွဲ့က ရွာအထိဆင်းလာပြီး
ငွေချေးပေးလေ့ရှိသော်လည်း
အခုအချိန်မှာလယ်သမားကိုယ်တိုင် မြို့နယ်စိုက်ဘဏ်ရုံးသို့ထုတ်ယူရာမှာ
ရုံးနှင့်မရင်းနှီးသည့် လယ်သမားများမှာ
အခက်အခဲနှင့်ရင်ဆိုင်ရမှာကိုစိုးရိမ်ပြီး ငွေမချေးယူသူများရှိသည်ဟု
အထက်ပါ
လယ်သမားက ဆက်ပြောသည်။

ထို့အပြင် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ရုံးစိုက်ရာမြို့ပေါ်သို့
ငွေသွားထုတ်သည့်အခါ လိုအပ်သည့် အချက်အလက်ပြည့်စုံရမည်၊
ကိုယ်စားထုတ်ခွင့်မရှိသည့်အပြင် လယ်သမားအစုအဖွဲ့ (၅) ဦးတတွဲနှင့်
လယ်သမားကိုယ်တိုင် ထုတ်မှလည်းရရှိနိုင်သည် ဟု
ပြည်နယ်မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် မော်လမြိုင်မြို့မှ ဝန်ထမ်းတဦးက
ပြောသည်။

“စိုက်ဘဏ်ချေးငွေက ငွေကျပ်တစ်ရာကို တနှစ် ၁၇ ရာနှုန်းပါ၊ တစ်ဧကကိုကျပ်
၂၀၀၀၀ နဲ့
အများဆုံး ၁၀ ဧကကို ကျပ် ၂ သိန်းပဲချေးပေးတယ်၊ တနိုင်ငံလုံးအတိုင်းအတာအရ
ဒီလိုပဲချေးပေးနေတာဖြစ်တယ်” ဟု အထက်ပါ ဝန်ထမ်းက ပြောသည်။

တဖန် မြန်မာတစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများလိုအပ်သော
လယ်ယာသုံးစက်ကိရိယာများ ၀ယ်ယူရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ
ငွေကျပ်သန်းပေါင်း ခြောက်ထောင်ကျော် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း
သိရသည်။

အာဖဂန်သမ္မတ ညီ လုပ်ကြံခံရ

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 12 ဇူလိုင် 2011

အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ရဲ့ ညီလည်းဖြစ်၊
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းမှာ သြဇာအရှိဆုံးလည်းဖြစ်တဲ့ အာမက် ၀ါလီ
ကာဇိုင်း (Ahmad Wali Karzai) ဒီနေ့ သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။

သမ္မတ ဟာမစ် ကာဇိုင်းရဲ့ အဖေတူ၊ အမေကွဲ ညီဖြစ်သူ အာမက် ၀ါလီ ကာဇိုင်းဟာ
သူ့ရဲ့
နေအိမ်ထဲမှာ အင်္ဂါနေ့က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ပြည်နယ်
အုပ်ချုပ်ရေးမှူးရုံး ပြောခွင့်ရသူက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဝါလီ ကာဇိုင်းကို သူ့ရဲ့ ယုံကြည် စိတ်အချရဆုံး ကိုယ်ရံတော်တွေထဲက
တယောက်ဖြစ်တဲ့
ဆာဒါ မိုဟာမက် (Sardar Mohammed) က သတ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ
သူ့ကို
ကျန်ကိုယ်ရံတော်တွေက ပြန်သတ်ခဲ့တယ်လို့ အာဖဂန် တာဝန်ရှိသူတဦးက
ပြောပြပါတယ်။

ဒီလုပ်ကြံမှုဟာ သူတို့ရဲ့ လက်ချက်ပါလို့ တာလီဘန်တွေက ထုတ်ဖော်
ပြောဆိုလိုက်ပါတယ်။

သမ္မတ ကာဇိုင်းက သူ့ရဲ့ညီငယ် အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အတည်ပြု
ပြောဆိုရင်း
သူ့ညီ သေဆုံးမှုဟာ အာဖဂန် ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ကိုယ်စားပြု
သက်သေပြလိုက်တာပဲလို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အမေရိကန် တပ်မှူးကြီး ဒေးဒစ် ပက်ထရီးယပ်စ်
(David
Petraeus) ကတော့ ၀ါလီ ကာဇိုင်း အသတ်ခံရတာကို ပြစ်တင် ရှုတ်ချလိုက်ပြီး
ဒီလူသတ်မှုမှာ တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူနိုင်ရေး အာဖဂန်
အစိုးရရဲ့
ကြိုးပမ်းမှုကို နေတိုးတပ်ဖွဲ့က ပံ့ပိုး ကူညီသွားမယ်လို့ ပြောပါတယ်။

ကန်ဒါဟာ ပြည်နယ်ကောင်စီ အကြီးအကဲတဦး ဖြစ်တဲ့ ၀ါလီ ကာဇိုင်းဟာ အာဖဂန်
ခေါင်းဆောင်ပိုင်းမှာ သြဇာအရှိဆုံး ဖြစ်ပြီး သူဟာ အဂတိ လိုက်စားတယ်၊
မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်တယ်လို့ နာမည်ပျက်နေသူတဦး
ဖြစ်တဲ့အကြောင်း
အမေရိကန် သံတမန် စာအသွားအလာထဲမှာ တွေ့ရှိရတယ်လို့ ၀ီကီလိခ်စ် (WikiLeaks)
အင်တာနက် စာမျက်နှာမှာ နိုဝင်ဘာလ အတွင်းက ဖော်ပြထားပါတယ်။

အပစ်ရပ်ဆိုင်းရေး KIO လူထုသဘောထားခံ
ဖနိဒါ | အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၂ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး KIO
အဖွဲ့အကြား အပစ်အခတ် ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ကချင်ပြည် သူလူထုထံ
သဘောထားများ
တောင်းခံသည့် ဆွေးနွေးမှုကို အင်္ဂါနေ့က ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင်
ကျင်းပခဲ့သည်။

KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားနှင့် ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကြပြီး
အစိုးရဘက်မှ ကိုယ်စားလှယ်များ တင်ပြချက်များနှင့် နှစ်ဖက်
တိုက်ပွဲဖြစ်ပွားမှု
အခြေအနေများကို နံနက်ပိုင်းက စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်ထန်
ဂမ်ရှောင်က
ရှင်းပြခဲ့ကာ ညနေပိုင်းတွင် တက်ရောက်လာသူများ၏ သဘောထားများ
တင်ပြခဲ့ကြသည်။

“အဓိကတော့ အစိုးရနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဖြစ်ရပ်မှန်ကို ပြည်သူလူထု
သိရအောင်
ရည်ရွယ်တာဘဲ။ ပြီးရင်
ပြည်သူလူထုရဲ့ သဘောထားအမြင်တွေကို နားထောင်တယ်။ သူတို့ဘက်က သဘောထားတွေ
ယူပြီး
KIO ရဲ့ လုပ်ငန်းစဉ်တွေမှာ အကျိုးရှိရှိ အသုံးပြုဖို့ ဖြစ်တယ်” ဟု
ပြောသည်။

ရန်ကုန်၊ မန္တလေး၊ မေမြို့၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊
ဗန်းမော်၊
ရှမ်းပြည်နယ် မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ စသည့်မြို့များမှ
ကိုယ်စားလှယ်များ၊ မြစ်ကြီးနားမြို့ ခရစ်ယာန်ဂိုဏ်းပါင်းစုံ MCC မှ
ဘာသာရေး
ခေါင်းဆောင်များ၊ ကချင်အတိုင်ပင်ခံ ကောင်စီ အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ
ယူနန်ပြည်နယ်မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၁၃၀ ခန့်
တက်ရောက်ခဲ့သည်။

ယနေ့ ပထမနေ့ လူထုဆွေးနွေးပွဲကို နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ
ပြုလုပ်ကျင်းပခဲ့ပြီး မနက်ဖြန်တွင်လည်း ဆက်လက် ဆွေးနွေးသွားမည်ဖြစ်၍
ထိုမှ
ဆုံးဖြတ်ချက်အတိုင်း KIO ၏ ရှေ့ဆက်လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း ဗဟိုကော်မတီဝင် တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“ကျနော်တို့ ကချင်လူထုဘက်က တချို့က တိုက်ပြီးတော့မှ ယူမယ်ဆိုတာမျိုး၊
တချို့က
အပစ်ရပ်ပြီးတော့ ငြိမ်းချမ်းရေးယူဖို့ ပြောဆိုတာတွေ ရှိတယ်။ ဒါပေမဲ့
အများက
တိုက်မယ်ဆိုတဲ့ လူတွေ များတယ်။ ပြည်သူလူထုက KIO ကို အားကိုးနေကြတယ်ဆိုတာ
တွေ့ရတယ်။ ခေါ်တာနဲ့ မခေါ်တဲ့ လူတွေအပါ တက်ရောက်လာကြတယ်။ အစိုးရကို
မကြိုက်ဘူးဆိုတာ မြင်လာတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က မိုးမောက်မြို့နယ် တာပိန်ရေကာတာ
စီမံကိန်းအနီးက
စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။

၂ဝဝ၉ ခုနှစ် စက်တင်ဘာလက KIO က လူထုကိုယ်စားပြု ကိုယ်စားလှယ်များ
တက်ရောက်သော
အစည်းအဝေးတခု ခေါ်ယူပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး၊
မပြောင်းရေးနှင့်
ပတ်သက်၍ သဘောထား ခံယူပြီးနောက် အစိုးရ ထိန်းချုပ်မှု ခံရမည် ဖြစ်သော
အသွင်ပြောင်းရေးကို ပယ်ချမှု ဖြစ်ပေါ်လာခဲ့သည်။

၁၉၆၁ မှ စတင်ကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင်
တော်လှန်ခဲ့ပြီး ၁၉၉၄ တွင် အပစ်အခတ် ရပ်စဲခဲ့သော်လည်း နယ်ခြားစောင့်တပ်
အသွင်ပြောင်းရေးကြောင့် နှစ်ဖက် ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီး နိုင်ငံပိုင်
သတင်းစာက “သောင်းကျန်းသူ” ဟု သုံးစွဲ ခေါ်ဝေါ်ခဲ့သည်။

အချိန်ပိုစာသင်ကြေး မတတ်နိုင်သည့် ကျောင်းသားများ သင်ခန်းစာ လွတ်
Tuesday, 12 July 2011 14:50 Chin News Group - Khonumthung

ကျောင်းချိန်အပိုတွင် သင်ယူသော ကျောင်းသင်ခန်းစာများအား ကျောင်းဆရာ၊
ဆရာမများက တကယ့် ကျောင်းချိန်တွင် ပြန်လည် မသင်တော့ သဖြင့် အချိန်ပို
မတက်နိုင်သူကျောင်းသား ကလေးငယ်များ ကျောင်း စာလွတ်နေ သည်ဟု သိရသည်။

” အချိန်ပိုမှာ သင်ယူတဲ့ ကျောင်းစာတွေကို ကျောင်းချိန်မှာ
ပြန်မသင်တော့ဘူးဆိုတော့ အချိန်ပိုမတက်နိုင်တဲ့ ကျောင်းသားတွေ သင်ခန်းစာ
မလိုက်နိုင်ကြတော့ဘူး” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ထန်းတပင် ရွာ အစိုးရမူလွန်ကျောင်းရှိ
ကျောင်းဆရာဆရာမများသည် ၄င်းတို့ အပို ၀င်ငွေ ရရှိရေးအတွက် အချိန်ပို
စာသင်ချိန်ဟု ဆိုပြီး ယခုလ ကတည်းက ကျောင်းသား တဦးလျှင် တလ ကျပ်ငွေ
နှစ်ထောင်စီ
ကောက်ခံခြင်းဖြစ်သည်။

ထန်းတပင် မူလွန်ကျောင်းတွင် ကျောင်းသား ၁၅၀ ခန့်ရှိသည့် အနက်
အချိန်ပိုမတက်နိုင်သူ ကျောင်းသား ၅၀ ဦးရှိကြောင်း သိရသည်။

” ကျောင်းအုပ်ကြီးက ကျောင်းသားမိဘ တဦးချင်းစီကို ရုံးခန်းခေါ်ယူပြီ
သားသမီးတွေကို အချိန်ပိုတက်ခိုင်းရမယ်၊ ကျောင်းသားတဦးအတွက် တလ ကျပ်ငွေ
နှစ်ထောင်စီ ပေးရမယ် ” လို့ ပြောတယ် ဟု ကျောင်းသားမိဘ တဦး က ပြောသည်။

ဆက်လက်ပြီး ကျပ်ငွေ နှစ်ထောင်အစား တနှစ်အတွက် ဆန်တပုံးပေးရန်
တင်ပြကြသော်လည်း
ကျောင်းအုပ်က လက်မခံကြောင်း ဆိုသည်။

ကျောင်းသားကလေးငယ်များသည် နံနက် ၇း၀၀ နာရီမှ ၉း၀၀ နာရီ၊ ညနေ ၃း၀၀ နာရီမှ
၅း၀၀
နာရီတွင် အချိန်ပိုသင်ယူကြသဖြင့် ကျောင်းဆရာ များသည်
တရားဝင်ကျောင်းချိန်တွင်
ကျောင်းစာကို ဟုတ်တိပတ်တိ မသင်တော့ကြောင်း သိရသည်။

” ကလေးတွေ ကိုယ်ပိုင်အားလပ်ချိန် မရှိတော့ဘူး၊ တနေကုန်
ကျောင်းစာနဲ့လုံးပမ်းနေကြတယ်” ဟု ပြောကြသည်။

ဆိပ်ကမ်း၊ လေဆိပ် ပူးတွဲလုပ်ရန် ဂျာမန်ကုမ္ပဏီ ဆွေးနွေး
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၁
မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ဆိပ်ကမ်းနှင့် လေဆိပ်လုပ်ငန်းများ
ပူးပေါင်းဆောင်ရွက်ရန် ဂျာမန်ကုမ္ပဏီတခုက ဇွန်လ ၂၉ ရက်နေ့တွင်
လာရောက်ဆွေးနွေးခဲ့ကြောင်း မြန်မာပို့ဆောင်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်က
ပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ညောင်ဦး လေဆိပ်များ၊ သီလဝါနှင့်
ရန်ကုန်ဆိပ်ကမ်းများ တိုးချဲ့ရေးအတွက်
Fritz Werner Industrie Ausrustungen Co..Ltd မှ မန်နေးဂျင်းဒါရိုက်တာ
Joerg
Gabelmann နှင့် အဖွဲ့သည် နေပြည်တော်တွင် ပို့ဆောင်ရေးဝန်ကြီး
ဦးဥာဏ်ထွန်းအောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“အခုနောက်ပိုင်း ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံချင်တာက
အာရှနိုင်ငံတွေတင်
မကတော့ဘူး။ ဥရောပနိုင်ငံတွေကပါ ရင်းနှီးမြှုပ်နှံချင်လာတယ်။ အစိုးရသစ်
ပြောင်းပြီးတဲ့ နောက်ပိုင်းမှာ စီးပွားရေးအရ လာပြီး
ရင်းနှီးမြှုပ်နှံချင်သူ
များလာတာ တွေ့ရပါတယ်’’ ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ်
UMFCCI မှ လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ‘‘တကယ်တမ်း ဈေးကွက်စီးပွားရေးစနစ်မှာလည်း
ပုဂ္ဂလိကပိုင်လုပ်ရေးက
အရေးပါတဲ့ အချက်ပါ။ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် စနစ်ကျပြီး
ထင်သာမြင်သာရှိတဲ့ စနစ်တွေကို ကျင့်သုံးသင့်တယ်။ ပြည်ပ
ရင်းနှီးမြှုပ်နှံမှုတွေမှာ ငွေကြေး အပါအဝင် အတတ်ပညာတွေလည်း ပါလာနိုင်လို့
နိုင်ငံအတွက် အကျိုးရှိလာနိုင်ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု အနေဖြင့်
တရုတ်နိုင်ငံသည်
အများဆုံးဖြစ်ပြီး၊ ထိုင်းနိုင်ငံမှာ ဒုတိယ လိုက်နေသည်။

ကာမိုင်းမှာ ဗုံးကွဲလို့ လူ ၂၀ ဒဏ်ရာရ
BBC News ။ ။ 12-07-2011

ကချင်ပြည်နယ် တွင်း တိုက်ပွဲတွေကြောင့် ဒုက္ခသည် တွေ ထွက်ပြေး
ကြရကချင်ပြည်နယ်
မိုးညှင်းခရိုင် ထဲက ကာမိုင်း မြို့မှာ တနင်္လ࿿ာနေ့ မနက် က ဗုံး ပေါက်ကွဲမှု
ဖြစ်ခဲ့ ပြီး အရပ်သား ၂၀ ဦး ခန့် ဒဏ်ရာ ရသွား ခဲ့ပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ နေရာ ဟာ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊
ကာမိုင်းမြို့
အနီးက ကထန်ယန် ကျေးရွာမှာ ဖြစ်ပြီး အစိုးရ စစ်တပ် အထိုင်ချ ထားတဲ့ နေရာ
နဲ့
နီးပါတယ်။နေရာ က လူတွေ အသွားအလာ များ တဲ့ နေရာ ဖြစ်တာကြောင့် ဒဏ်ရာရသူ
များပြားခဲ့ပြီး ဒဏ်ရာ ရသူ အားလုံး ဟာ ဒေသခံ ကချင် တိုင်းရင်းသား
အရပ်သားတွေ
ချည်း ပဲ ဖြစ် ပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်သူ လုပ်ခဲ့တာလဲ ဆိုတာ မသိရသေးဘဲ၊ KIO ကချင်
လွတ်မြောက်ရေး
အဖွဲ့ ကတော့ သူတို့ လက်ချက် မဟုတ်ဘူးလို့ ငြင်းဆို ထား ပါတယ်။မြန်မာ
အစိုးရ နဲ့
ကေအိုင်အို တို့ကြား အပစ်အခတ် ရပ်စဲမှု ပျက်ပြား သွားခဲ့ပြီးတဲ့နောက်
မကြာသေးခင်
လတွေ အတွင်း နှစ်ဖက် တိုက်ပွဲ တွေ ဖြစ်တာ ရှိ သလို ကချင် ပြည်နယ် အတွင်း
မှာ
ဗုံးပေါက် ကွဲမှုတွေ လည်း မကြာခဏ ဖြစ်ပွား ခဲ့ပါတယ်။

အစိုးရတပ်တွေ နဲ့ ကေအိုင်အိုတို့ကြား လက်နက်ကိုင် ပဋိပက္ခ တွေကြောင့်
ဒုက္ခသည်တွေ
လည်း ထောင်သောင်း ချီပြီး တရုတ်နယ်စပ် ဖက် ကို ထွက်ပြေး ခဲ့ကြ ရပါတယ်။

နိုင်ငံအုပ်ချုပ်ခဲ့သူများကို အစိုးရပိုင် သတင်းစာ ဆောင်းပါး တပုဒ်က
ဝေဖန် News
Date:7/12/2011 နိရဉ္ဖရာသတင်းဌာန

နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သူ အဆက်ဆက်သည် မြန်မာနိုင်ငံတွင်
ဆင်းရဲနွမ်းပါးသူတို့ အရေးကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း အစိုးရပိုင်
သတင်းစာ တစ်စောင် ဖြစ်သော ကြေးမုံ သတင်းစာပါ ဆောင်းပါး တပုဒ်က ဝေဖန်
ရေးသားလိုက်သည်။

ဇူလိုင်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ရေးသားထားသော ဆောင်းပါးရှင် ဝေယံမောင်၏ "
တိုင်းရင်းပီစွာ ရိုင်းပင်းညီကာ ၀ိုင်းဝန်း ပါဝင်ကြပါစို့ "
ဆောင်းပါးတွင်
ဝေဖန်ချက်ကို ထိုသို့ ရေးသားဖေါ်ပြထားခြင်း ဖြစ်သည်။

စာရေးသူ ဝေယံမောင်က ပွင့်ပွင့်လင်းလင်း ဝေဖန်ရမည် ဆိုလျှင် ရေမြေတောတောင်
သဘာဝနှင့် သယံဇာတ ပေါကြွယ်ဝလှသည့် ကျွန်တော်တို့ နိုင်ငံ၊ မြေကြီးက
ရွှေသီးသည်ဟု
တင်စားသည့် ကျွန်တော်တို့ တိုင်းပြည်တွင် ဆင်းရဲ နွမ်းပါးမူ ၂၆
ရာခိုင်နုန်း
ကျော်ခဲ့ရခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်သူ အဆက်ဆက်တို့က
ဆင်းရဲနွမ်းပါးသူတို့၏
အရေးကို လုပ်သင့် လုပ်ထိုက်သလောက် မလုပ်ဆောင်နိုင်ခဲ့၍ ဖြစ်သည်ဟု ဆိုကာ
ရေးသားဖေါ်ပြထားသည်။

၎င်းပြင်သူက အုပ်ချုပ်မူ အားနည်းခြင်းနှင့် အထူးအခွင့်အရေးများ ပေးခြင်း
တို့ကြောင့် ဆင်းရဲ ချမ်းသာ ကွာဟမူ မြင့်မားခြင်းတို့ကို
ရင်ဆိုင်နေကြရခြင်း
ဖြစ်ကြောင်း၊ ခေတ် အဆက်ဆက် အုပ်ချုပ်မူ အားနည်းခြင်းတို့၏ ရလဒ်ကြောင့်
ဖွံ့ဖြိုးတိုးတက်မူ နှေးကွေးခဲ့ရကြောင်း၊ လက်တစ်ဆုတ်စာ လူတန်းစားတို့၏
အခွင့်ထူးခံ လုပ်ရပ်များကြောင်း ပြည်သူအများစု နစ်နာခဲ့ရသည်။ တိုင်းပြည်၏
အကျိုးစီးပွား အကျိုးမဲ့စွာ ဆုံးရှုံးခဲ့ရသည်ဟုလည်း ဖေါ်ပြထားသည်။

စာရေးသူ ဝေယံမောင်က တိုင်းပြည်ကို အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ကို ပြောဆို
ဝေဖန်ထားသဖြင့် တိုင်းပြည် အာဏာကို နှစ်ပေါင်း ၂၃ နှစ် ကြာ ရယူ ထားခဲ့သော
စစ်အစိုးရအားလည်း သူ့ဆောင်းပါးက အရှက်ရစေလိမ့်မည်ဟု စာဖတ်သူများက သုံးသပ်
ပြောဆိုသည်။

၎င်းပြင် ယနေ့ မြန်မာနိုင်ငံ တွင် ကောင်းစားနေသော လက်တဆုတ်စာ လူတန်းစားမှာ
ယခင်
တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့သော တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ၏
ဆွေမျိုးသားချင်းများနှင့် နီးစပ်သူများ ဖြစ်သဖြင့် ဝေယံမောင်၏
ဆောင်းပါးမှာ
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအပါအ၀င် သန်းကြွယ် သူဌေး ဦးတေဇတို့၏
အရှိုက်ကို လက်သီး တိုက်ရိုက် ထိမှန်သွားသလို ခံစားရမည့် ဆောင်းတပါး
တပုဒ်အဖြစ်
စာဖတ်သူများက ရှု့မြင်နေကြရသည်ဟု သတင်း ရရှိသည်။

စစ်ကား ၅၂ စီးစာ အိန္ဒိယ စစ်လက်နက်များ မြန်မာစစ်တပ်က သယ်ဆောင်သွား
တနင်္လာနေ့၊ ဂျူလိုင်လ 11 ရက် 2011 ခုနှစ် ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယ နိုင်ငံအရှေ့မြောက်ဖက်မဏိပူရ်ပြည်နယ် မိုးရေးမြို့
မှစစ်လက်နက်အပြည့်တင်ဆောင်လာ သော မြန်မာစစ်တပ်သုံး စစ်ကား ၅၂ စီးသည်
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က စစ်ကိုင်းတိုင်း တမူးမြို့မှ တဆင့်
မြန်မာပြည်တွင်းသို့ ထွက်ခွါသွား ကြောင်း သိရသည်။

” မြန်မာ စစ်ကားတွေဟာ ဇူလိုင်လ ၃ ရက်နေ့က မိုးရေးမြို့ကို
ဝင်သွားပြီးတော့
ဇူလိုင် ၇ ရက်နေ့မှာ မိုးရေးကနေ လက် နက် အပြည့်နဲ့ပြန်ထွက်လာ တယ်၊
မိုးကာအုပ်ထားပေမဲ့ လက်နက်သေတ္တာတွေ အပြည့်ပဲ” ဟု တမူးမြို့မှ အမည်မ
ဖော်လို
သူတဦးက ပြောသည်။

ဆက်လက်ပြီး ” မိုးရေးမြို့မှ ချင်းအမျိုးသား ကုန်သည်တဦးက
မြန်မာစစ်ကားတွေ
မိုးရေးမြို့ကနေ လက်နက်တင် ဆောင်လာလိမ့်မယ်လို့ ဖုန်းထဲကနေ လာပြောတယ် ၊
လက်နက်အမျိုးအစားတော့ မသိရပါ ” ဟု ပြောသည်။

အဆိုပါ စစ်ကားများသည် တမူးမြို့မှ တဆင့် ကလေးမြို့ကို ညတွင်းချင်းဝင်ပြီး
တဆက်တည်း နတ်ချောင်းကနေ မကွေး တိုင်း ဂန့်ဂေါ လမ်းဖက်သို့
ထွက်သွားကြောင်း
သိရသည်။

” မန္တလေးမြို့ကို ထွက်သွားပုံရတယ်၊ ကားရှေ့မှာ ကားဒရိုင်ဗာနဲ့
တခြားစစ်သားတဦးထိုင်ကြတယ်” ဟု ကလေးမြို့မှ ဒေသခံမျက်မြင် တဦးက ပြောသည်။

အဆိုပါလက်နက်များသည် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ဖက်ကို
တင်ပို့ဖို့ဖြစ်နိုင်ကြောင်း ကလေးမြို့မှ ကုန်သည် တဦးက ဆိုသည်။

ဇွန်လ ၁၄ ရက်နေ့က ကချင်ပြည်သို့ စစ်ကူပို့မည့် ချင်းပြည်နယ် မှ
စစ်အစိုးရစစ်
သားများသယ်ဆောင် သော ဘာစ်ကား တစီး တိမ်း မှောက်ခဲ့ပြီး စစ်သား ၄၀ ဦး
ဒါဏ်ရာ
ရရှိခဲ့သည်။

မြန်မာစစ်အစိုးရ နှင့် ၁၇ နှစ်ကြာမျှ ငြိမ်းချမ်းရေး ရယူခဲ့သော
ကေအိုင်အို သည်
စစ် အစိုးရ နှင့်ယခုနှစ် အတွင်း စစ်ရေး တင်းမာခဲ့ လာခဲ့ရာ ဇွန် ၉ ရက်
နေ့က
စပြီး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။

နအဖ အစိုးရထက် ယူအက်စ်ဒီပီအစိုးရတွင် ပြောရေးဆိုခွင့် ပိုမို ရှိလာ
တနင်္လာနေ့၊ ဂျူလိုင်လ 11 ရက် 2011 ခုနှစ် ခိုနူမ်ထုန် သတင်းဌာန

ဝန်ကြီးချုပ် ဦးဟုန်းငိုင် ဦးဆောင်သည့်ချင်းပြည် နယ် အစိုးရသစ်တွင်
ချင်းပြည်သူများပြောရေး ဆိုခွင့် ပိုမိုရှိလာ သည်ဟု ထန်တလန်မြို့နယ်မှ
မြို့မိမြို့ဖ တဦး က ယခုလ ဇူလိုင် ပထမပတ် အတွင်းခိုနူမ်း ထုန်ကို
ပြောသည်။
” ၀န်ကြီးတွေ နဲ့ ဌာန ဆိုင်ရာ အရာရှိတွေကိုလည်း လုပ်ငန်းနဲ့ပါတ်သက်ပြီး
ရဲရဲဝံ့ဝံ့ ဝေဖန်တယ်၊ကျတော် တို့ တင်ပြတာ တွေကိုလည်း အလေးထား တာ
သိသာပါတယ်” ဟု
ပြောသည်။

ယခင် နအဖ စစ်အစိုးရသည် ပြည်သူကိုယ်စားပြုအစိုးရမဟုတ်ေ
သာကြောင့် ပြည်သူနှင့် စစ်အစိုးရ အကြား လုပ်ငန်းပူး ပေါင်းဆောင်ရွက်မှူ
မရှိကြောင်း ပြည်သူလူထု တင်ပြချက်များ အရာမထင်ကြောင်း သိရသည်။

” ပြီးခဲ့တဲ့ ဇွန်လတုန်းက ပြည်သူရဲ တဦး က ပြည်သူတဦးအပေါ် ချိမ်းခြောက်
စော်ကားတာကို ပြည်နယ် ၀န်ကြီး အဖွဲ့ထံ အရေးယူပေးဖို့ တောင်းဆိုတာ
တိုက်ရိုက်အရေးယူကြတယ်၊ အဲဒီ ရဲ က အခု အချုပ်ထဲမှာပဲ ” ဟု
ထန်တလန်မြို့ပေါ်
ဝန်ထမ်း တဦးက ပြော သည်။

ယခုချင်းပြည်နယ် မြို့နယ်တချို့တွင် အစိုးရ ဌာနဆိုင်ရာ အရာရှိများ
အပြောင်းအရွေ့လုပ်နေကြောင်း သိရသည်။

” ကျတော်တို့ ထန်တလန်မြို့နယ်မှာ က မြို့နယ်ဆရာဝန်၊ မြို့နယ်
ပြည်သူ့ရဲမှူး၊
ဥပဒေအရာရှိတွေကို အပြောင်း အရွေ့ လုပ်ကြတယ်” ဟု ဆက်ပြောသည်။

သို့သော် ယူအက်စ်ဒီပီ အစိုးရသည် ယခင် နအဖ စစ်အစိုးရလက်ထက်က
လူဟောင်းများအများစုပါဝင်နေ သဖြင့် လုပ် ငန်းပိုင်းတွင် ပွင့်လင်းမှူ
မရှိသေးကြောင်း၊ အမိန့်အာဏာ သုံးစွဲမှူ အနည်းနှင့်အများရှိနေ သေးကြောင်း
ပြောကြသည်။

ဇွန်လ နောက်ဆုံးပတ်အတွင်း ကျင်းပသည် ချင်း ပြည်နယ် လွတ်တော်
အထူးအစည်းအဝေးတွင်
ဝန်ကြီးချုပ် ဦးဟုန်းငိုင် က ပြည်ပသတင်း ဌာနများ နှင့် ဆက်ဆံသူ
ဝန်ကြီးများ
အား အရေးယူမှူပြုလုပ်မည်ဟုပြော သွားသည် ။

သမ္မတဟောင်း ဘုရှ်ကို စစ်ဆေးရန် HRW တိုက်တွန်း
ဧရာဝတီ Tuesday, 12 July 2011 17:18

အမေရိကန် သမ္မတဟောင်း ဘုရှ် နှင့် သူ၏ အကြီးတန်း လက်ထောက်တချို့ကို
အကျဉ်းသားများ နှိပ်စက်ညှဉ်းပန်းခံရမှု၊ စစ်ရာဇ၀တ်မှုတို့အတွက် စုံစမ်း
စစ်ဆေးရန်
လူ့အခွင့်အရေးအဖွဲ့ကြီး တခုက ယနေ့ ပန်ကြားလိုက်သည်။

အမေရိကန်တို့၏ လျှို့ဝှက် အကျဉ်းစခန်းရှိ မတော်မတရားဖြစ်ရပ်များနှင့်
ပတ်သက်ပြီး နယူးယောက် အခြေစိုက် Human Rights Watch (HRW) ခေါ်
လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကြီးက ထုတ်ပြန်သည့် စာမျက်နှာ ၁၀၇
မျက်နှာပါ
အစီရင်ခံစာတစောင်တွင် ထိုသို့ ပန်ကြားလိုက်ခြင်း ဖြစ်သည်။

“နှိပ်စက်ညှဉ်းပန်းတယ် ဆိုတာ ဘယ်တော့မှ မကောင်းပါဘူး၊ ဘယ်သူကပဲ
လုပ်လုပ်ပေါ့။
ကျနော်တို့က ဘက်မလိုက်ဘဲ ထောက်ပြရမှာပါ” ဟု HRW၏ အာရှဒေသဆိုင်ရာ
ဒုတိယညွှန်ကြားရေးမှူး ဖီလ်ရောဘတ်ဆင်က ဧရာဝတီကို ပြောသည်။

“မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တာပဲဖြစ်စေ၊ အမေရိကန်မှာ လုပ်ခဲ့တာပဲ ဖြစ်စေ
နှိပ်စက်ညှဉ်းပန်းမှုဖြစ်ခဲ့တယ် ဆိုတာကို ကျနော်တို့ သတင်းရရင်တော့
စုံစမ်း
စစ်ဆေးဖို့ တောင်းဆိုရမှာပဲ” ဟု သူက ရှင်းပြသည်။

သမ္မတဟောင်း ဂျော့ဒဘလျူဘုရှ်၊ ဒုသမ္မတဟောင်း ဒစ်ချေနေ၊
ကာကွယ်ရေးဝန်ကြီးဟောင်း
ရော်နယ်လ်ရမ်းစဖဲ၊ စီအိုင်အေ ညွှန်မှူးဟောင်း ဂျော့တင်းနက်တို့ကို
စစ်ရာဇ၀တ်မှုများ၊ နှိပ်စက်ညှဉ်းပန်းနိုင်ရန် လုပ်ပိုင်ခွင့် ပေးခဲ့မှုများ
အတွက်
စုံစမ်း စစ်ဆေးရန် အထောက်အထား ခိုင်ခိုင်မာမာ ရှိနေသည် ဟု HRWက ဆိုသည်။

လက်ရှိသမ္မတ အိုဘားမားက သူ့လက်ထက်တွင် နှိပ်စက်ညှဉ်းပန်းသည့် လုပ်ရပ်များ
ရပ်ဆိုင်းရန် ဆုံးဖြတ်ထားကြောင်း၊ သို့သော်လည်း ယခင်က ကျူးလွန်ခဲ့သည့်
မတော်မရားမှုများကို ဥပဒေအရ အရေးယူခြင်း မပြုပါကနှိပ်စက်ညှဉ်းပန်းမှု
ကျင့်သုံးသည့် မူဝါဒ အသက်ပြန်ဝင်လာမည်ဖြစ်ကြောင်း HRWက ပြောသည်။

အမေရိကန်အစိုးရက အများယုံကြည်လက်ခံနိုင်လောက်သည့် စုံစမ်း စစ်ဆေးမှုများ
ပြုလုပ်ခြင်း မရှိပါက အကျဉ်းသားများအပေါ် ကျူးလွန်ခဲ့သည့်
ရာဇ၀တ်မှုများတွင်
ပါဝင်ပတ်သက်နေသူတို့ကို နိုင်ငံတကာ ဥပဒေအရ အရေးယူသင့်သည်ဟုလည်း HRW က
နိုင်ငံခြား တိုင်းပြည်များကို တိုက်တွန်းလိုက်သည်။

အကြမ်းဖက်သမားဟု သံသယဖြစ်ခံရသူ အများအပြားသည် ကမ္ဘာအရပ်ရပ်ရှိ
အမေရိကန်တို့၏
လျှို့ဝှက်အကျဉ်းစခန်းများတွင် ချုပ်နှောင် စစ်ဆေးခံခဲ့ရသည်။

ဂွာတာနာမို အကျဉ်းစခန်းတွင်ထိန်းသိမ်းထားသူ အများအပြားကို စစ်ကြောစဉ်က
ဦးခေါင်းတွင် ရေစက်ချသည့် နည်းလမ်းကို သုံးရခြင်းမှာ ဥပဒေရေးရာ
အကြံပေးပုဂ္ဂိုလ်တို့၏ အကြံပြုချက်အရ ခွင့်ပြုခဲ့ခြင်း ဖြစ်သောကြောင့်
ဥပဒေနှင့်
ညီညွတ်သည်ဟု သမ္မတဟောင်း ဘုရှ်က ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မစ္စတာဘုရှ်က ဆွစ်ဇာလန်နိုင်ငံခရီးစဉ်ကို
ဖျက်သိမ်းလိုက်ကြောင်း၊ နှိပ်စက် ညှဉ်းပန်းခံရသူများက သူ့ကို
ထိုနိုင်ငံတွင်
တရားစွဲရန် စီစဉ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း HRW အစီရင်ခံစာက
ထောက်ပြထားသည်။

နှိပ်စက်ညှဉ်းပန်းမှုတွင် ပါဝင် ပတ်သက်သည့် အမေရိကန်အရာရှိများအား
စုံစမ်းစစ်ဆေးနေခြင်းကို စပိန်နိုင်ငံတွင်လည်း တွေ့နိုင်ကြောင်း၊
ဝီကီလိခ်က
ဖွင့်ချသည့် အထောက်အထားတချို့တွင် ထိုစစ်ဆေးမှုများ ရပ်ဆိုင်းရန်
အမေရိကန်အစိုးရက စပိန်ကို ဖိအားပေးခဲ့ကြောင်းလည်း အစီရင်ခံစာတွင်
ရေးထားသည်။

ရဟတ်ယာဉ်ပျက် အကြောင်းရင်း မစုံစမ်းရသေး
ကိုပေါက် | အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်း
လုပ်ကွက်အတွင်း
တနင်္လာနေ့တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်အား ဆယ်ယူရေး လုပ်ငန်းများ
စတင်နေသော်လည်း
စုံစမ်းစစ်ဆေးမှု မစတင်ရသေးကြောင်း PC Myanmar (Hong Kong) Ltd. မှ
ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။

“စုံစမ်းစစ်ဆေးမှုက မစသေးပါဘူး။ မနေ့ကမှ ဖြစ်တာဆိုတော့။ လောလောဆယ်တော့
မစုံစမ်းရသေးပါဘူးရှင့်”
ဟု သူက မဇ္ဈိမကို ပြောသည်။ ရဲတံခွန် ကမ်းလွန်စခန်းရှိ FSO - Floating
Storage
Offshore သင်္ဘောပေါ်မှ ပျံတက်ပြီးနောက် မုတ္တမ ပင်လယ်ကွေ့ထဲ ပျက်ကျခဲ့သည်ဟု
ဆိုသည်။

အမေရိကန်ထုတ် Sikorsky S-76 အမျိုးအစား ရဟတ်ယာဉ်မှာ

လူ ၁၁ ဦး လိုက်ပါသွားခဲ့ရာ ၃ ဦး သေဆုံးပြီး၊ ကျန် ၈ ဦးမှာ ရန်ကုန်တွင်
ဆေးကုသမှု
ခံယူနေဆဲဖြစ်သည်။

“ကျမတို့ရဲ့ တိုက်ရိုက် ဝန်ထမ်းတော့ မဟုတ်ပါဘူး။ ... တွဲဖက်လာလုပ်နေတဲ့
ဝန်ထမ်းတွေပါ။ ပျက်ကျပြီး
မကြာမီမှာပဲ အားလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ၃ ယောက်ကတော့ ကယ်ဆယ်ပြီး
သိပ်မကြာခင်မှာ ဆုံးပါးသွားပါတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

သေဆုံးသူများ၏ အမည်နှင့် တာဝန်များအား ကုမ္ပဏီအနေနှင့် တရားဝင်
မထုတ်ပြန်သေးသော်လည်း Uniteam ကုမ္ပဏီမှ ဦးဝင်းကြည် (Assistant Operator)၊
Smart
Technical Service မှ ဦးသန်းထွန်း (စားဖိုမှူး) နှင့်
ဦးအုန်းသိန်း (လက်ထောက် ရဟတ်ယာဉ်မှူး) တို့ ဖြစ်ကြောင်း ပြည်တွင်း
မီဒီယာများတွင် ဖော်ပြပါရှိပြီး
ဖြစ်သည်။

ရဟတ်ယာဉ်မှာ Heli Union ပြင်သစ် ကုမ္ပဏီပိုင်ဖြစ်ပြီး၊ ခရီးစဉ်
မှတ်တမ်းသေတ္တာ
Black box ရှာမတွေ့သေးဘဲ၊ ပျက်ကျရခြင်းမှာ စက်ချွတ်ယွင်းမှုကြောင့်
ဖြစ်နိုင်ကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြပါရှိသည်။

သေဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာ ရသူများအတွက် နစ်နာကြေးနှင့် ပတ်သက်၍
“လျော်ကြေးကိစ္စကို ကုမ္ပဏီ လုပ်ထုံးလုပ်နည်းနဲ့ ဆက်လက် ဆောင်ရွက်နေပါတယ်။
အပြင်ကို ပြောကြားဖို့ အဆင်မပြေပါဘူး။ ပေးမယ်၊ မပေးဘူးဆိုတာလည်း
ကျမအနေနဲ့
ပြောပိုင်ခွင့် မရှိပါဘူးရှင့်၊ ပြောဖို့ စောပါသေးတယ်” ဟု ကုမ္ပဏီ
ပြောခွင့်ရက
ဆိုသည်။

ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ တနင်္သာရီကမ်းလွန်
ပင်လယ်ပြင်တွင်ရှိပြီး
မြန်မာစွမ်းအင် ဝန်ကြီးဌာနနှင့် တွဲဖက်၍ မလေးရှားနိုင်ငံမှ PC Myanmar
(Hong
Kong) Ltd. ၊ ထိုင်းနိုင်ငံမှ PTTEP နှင့် ဂျပန်နိုင်ငံမှ နီပွန်
ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

PC Myanmar မှာ စီမံကိန်းတွင် အဓိက ရင်းနှီးမြှုပ်နှံထားပြီး ရဲတံခွန်
တောင်ဘက်စွန်းပိုင်းမှ လုပ်ကွက် MD 4, MD 5 နှင့် MD 6 တို့ကိုလည်း
ရရှိထားသည့်
ကုမ္ပဏီ ဖြစ်သည်။

Heli Union မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အခြေစိုက်ပြီး နဝတ စစ်အစိုးရ
လက်ထက်
တံခါးဖွင့် စီးပွားရေး စတင်ခဲ့စဉ် ၁၉၉ဝ နှစ်ဦးကာလများ ကတည်းက
ပါဝင်လာခဲ့သည်။
ဥရောပသမဂ္ဂ EU အနေဖြင့် မြန်မာအစိုးရအား ကန့်သတ် စီးပွားရေး
ပိတ်ဆို့မှုများ
ပြုလုပ်နေသော်လည်း အခြား ပြင်သစ် ရေနံကုမ္ပဏီကြီးတခုဖြစ်သည့် တိုတယ် Total
ကဲ့သို့ မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်သည်။

ရဟတ်ယာဉ် ပျက်ကျသည့် သတင်းကို အင်္ဂါနေ့ထုတ် မြန်မာအစိုးရပိုင်
သတင်းစာများတွင်
ဖော်ပြခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်တို့သားအမိ အာဇာနည် ဗိမ္မာန်သို့ သွားရောက်
ဧရာဝတီ Tuesday, 12 July 2011 12:14 သတင်းတိုများ
<http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42>
<http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42>
<http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42>

ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကိုထိန်လင်းတို့သည် ဗိုလ်ချုပ်အောင်ဆန်း
အုတ်ဂူသို့ ယနေ့နံနက်ပိုင်းက သွားရောက်ခဲ့သည်ဟု သိရသည်။ နံနက် ၇
နာရီခွဲ့ခန့်တွင် ရွှေတိဂုံစေတီသို့သွားရောက် ဖူးမျှော်ပြီးနောက် ရွှေတိဂုံ
တောင်ဘက်မုခ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် အုတ်ဂူသို့
သွားရောက်
ဂါရ၀ပြုကြသည်ဟု သိရသည်။ ကိုထိန်လင်းသည် ယနေ့ညနေပိုင်းတွင်
ဗြိတိန်နိုင်ငံ
ပြန်မည်ဖြစ်သည်။

ကမ္ဘာ့လူဦးရေ သန်း ၇,ဝဝဝ ရောက်၊ လူငယ်များတွင် ရင်းနှီးမြှုပ်နှံရန်
UNFPA
အကြံပြု
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၂၁
မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ လူငယ်များကို လုပ်ပိုင်ခွင့်များ ပေးရေး
ဆိုသည့်
အချက်သည် မြို့တော် နေပြည်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့လူဦးရေနေ့
အစည်းအဝေးတွင် အဓိက အရေးပါသော အချက် ဖြစ်ခဲ့သည်။ အစည်းအဝေးသို့
ကုလသမဂ္ဂနှင့်
အစိုးရအရာရှိများ တက်ရောက်ခဲ့ကြသည်။

လာမည့် အောက်တိုဘာလတွင် ကမ္ဘာ့လူဦးရေ စုစုပေါင်း ၇ ဘီလီယံ အထိ
ရှိလာလိမ့်မည်ဟု
ခန့်မှန်းထားကြပြီး ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ UNFPA က “ဒေသဆိုင်ရာ
အခွင့်အလမ်း ပြတင်းတံခါးများ” အစီအစဉ်အရ
မြန်မာနိုင်ငံ၏ လူငယ်များအတွက် ပိုမိုကောင်းမွန်သည့် ပညာရေးနှင့်
ကျန်းမာရေး
စောင့်ရှောက်မှုများ တိုးမြှင့်ပေးနိုင်မည့်မူဝါဒများ ချမှတ်သင့်ကြောင်း
ရှုမြင်ထားသည်။

ထိုအမှာစကား ကို UNFPA နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနတို့ တနင်္လာနေ့က
နေပြည်တော်တွင် ပူးတွဲ ကျင်းပခဲ့သည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင်
မြန်မာနိုင်ငံဆိုင်ရာ UNFPA ကိုယ်စားလှယ် Mohamed Abdel-Ahad က
ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂရုံး၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။ အခမ်းအနားကို ဝန်ကြီးများ၊ အစိုးရ အရာရှိများ၊
သံတမန်များ၊
ကုလသမဂ္ဂ ကိုယ်စားလှယ်များ၊ အန်ဂျီအို အရာရှိများနှင့် အထိမ်းအမှတ်
ပြိုင်ပွဲတွင် ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။

Abdel-Ahad က ကမ္ဘာပေါ်တွင် လူဦးရေးတိုးတက်လာမှုနှင့်ပတ်သတ်၍
အောင်မြင်မှုများ၊
အခက်အခဲ စိန်ခေါ်ချက်များ အကြောင်းနှင့် ရွေးချယ် ဆုံးဖြတ်ရမည့်
ကိစ္စရပ်များ
အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

သူက လူဦးရေ ၇ ဘီလီယံခန့် နေထိုင်သည့် ကမ္ဘာကြီးတွင် ဆင်းရဲမွဲတေမှုနှင့်
မညီမျှမှု ပြဿနာများကို ဖြေရှင်းရန်၊ အမျိုးသမီးများကို ယခုထက် ပိုမို၍
အခွင့်အရေးပေးရန်၊ လူငယ်များအတွက် ကောင်းမွန်သော အနာဂတ်များ
ဖန်တီးပေးရန်၊
မွေးဖွားခြင်းနှင့်သက်ဆိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ
မြှင့်တင်ရန်နှင့် လူ့အခွင့်အရေး တိုးတက်လာစေရန် ဆောင်ရွက်ရန်လိုသည်ဟု
ပြောခဲ့သည်။

ထို့ပြင် ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊
မြို့ပြကြီးထွားမှုကို
စနစ်တကျ စီမံရန်နှင့် အသက်အရွယ် ကြီးရင့်သူများအတွက် လိုအပ်ချက်များ
ဖြည့်ဆည်းပေ

ca-july-12-11.gif
88K View Download

dssdgvisit14.jpg
126K View Download

264215_2233571835775_1142282946_2683354_1527346_n.jpg
76K View Download

dssdgvisit11.jpg
128K View Download

dssdgvisit12.jpg
122K View Download

dssdgvisit13.jpg
81K View Download

Reply all
Reply to author
Forward
0 new messages