ကချင်ပြည်နယ်ဝန်ကြီးအလုပ်မလုပ်

7 views
Skip to first unread message

ThaKinSoe

unread,
Jul 11, 2011, 8:21:50 AM7/11/11
to သခင်စီုး, burm...@gmail.com
KIA စခန်းတွေကို ပစ်ခတ်မှု ရန်စတဲ့ လုပ်ရပ်ဟု KIA သုံးသပ်

By သခင်စီုး တနင်္ဂနွေ, 10 ဇူလိုင် 2011

မြန်မာအစိုးရ တပ်တွေက ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရဲ့ တပ်စခန်းတွေကို
လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ဆက်ပြီး လုပ်နေတယ်လို့ KIO အဖွဲ့က
ပြောပါတယ်။ တာပိန်မြစ်အနီးမှာရှိတဲ့ KIA တပ်ရင်း ၂၅ ကို ပစ်ခတ်
တိုက်ခိုက်တာတွေ
ဒီနေ့ နေ့ခင်းပိုင်းမှာ ပြုလုပ်ခဲ့သလိုပဲ အရှေ့ဘက် တရုတ်၊ မြန်မာ နယ်စပ်က
ရှေ့တန်းစခန်းကိုလည်း မနေ့ညပိုင်းတုန်းက ပစ်ခတ်ရာမှာ တရုတ်နိုင်ငံ
နယ်နိမိတ်ထဲ
ထိအောင် ကျရောက် ပေါက်ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို
ဦးစံမိုးဝေက
တင်ပြပေးထား ပါတယ်။

နေ့လယ် ၁၂ နာရီလောက်ကနေ ညနေ ၃ နာရီဝန်းကျင်အထိ တာပိန်မြစ်
မြောက်ဘက်မှာရှိတဲ့
KIA တပ်ရင်း ၂၅ တည်ရှိတဲ့ နေရာကို လှမ်းပြီး ပစ်ခတ်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့
ဘာမှ ထိခိုက်တာ မရှိတဲ့အတွက် KIA ဘက်က တုံ့ပြန် ပစ်ခတ်တာ မလုပ်ခဲ့ဘူးလို့
ပြောပါတယ်။ မနေ့ ညဘက်ကတော့ တရုတ်၊ မြန်မာ နယ်စပ် ဖြစ်တဲ့ ဘဒန်ဂေါင်နဲ့
ဘုံဂျောင်း ရှေ့တန်းစခန်းတွေကို လက်နက်ကြီး အလုံးရေ ၁၀ လုံးကျော်
ပစ်ခတ်ခဲ့တယ်
လို့ KIO အဖွဲ့ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ တွဲဖက်
အတွင်းရေးမှူးလည်းဖြစ်တဲ့
ဦးလနန်က ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ နေ့လယ် ၁၂ နာရီ ပတ်ဝန်းကျင်ကနေပြီးတော့ တာပိန်
ရေအားလျှပ်စစ်ရှေ့မှာ
တာဝန်ယူထားတဲ့ သူတို့ လုံခြုံရေးတပ်ဖွဲ့က နေပြီးတော့ ကျနော်တို့ KIA
တပ်ရင်း ၂၅
ရဲ့ ရှေ့တန်းစခန်းကို လက်နက်ကြီးနဲ့ ပစ်တာ ၃ နာရီ ပတ်ဝန်းကျင်လောက်အထိ
ကြိုးကြား ကြိုးကြား ပစ်နေတာ ရှိတယ်။

“နောက်တခုက မနေ့ည နဖွတ်စခန်းကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာတော့ အားလုံး
၁၄
လုံး ရှိတယ်။ နပွတ်စခန်းကနေပြီးတော့ ဘဒန်ဂေါင်ဆိုတဲ့ ကျနော်တို့
ရှေ့တန်းစခန်းကို ၇ လုံးပစ်တယ်။ ပြီးတော့ ပါချောင် ဆိုတဲ့
သူတို့စခန်းကနေပြီးတော့ ဘုံချန်ဆိုတဲ့ ကျနော်တို့ရဲ့ ဌာနချုပ်ဟောင်းပေါ့၊
အဲဒီနားမှာရှိတဲ့ စခန်းကို ၇ လုံးပစ်တယ်။”

လက်နက်ကြီး ကျည်တွေဟာ တရုတ်နိုင်ငံအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး
အဲဒီနေရာတွေကို တရုတ် အာဏာပိုင်တွေက သွားရောက် စစ်ဆေးမှုတွေ
ပြုလုပ်ခဲ့တယ်လို့လည်း သတင်းရရှိကြောင်း ဦးလနန်က ပြောပါတယ်။
ဘယ်လိုတုံ့ပြန်တယ်
ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

အခုလို KIA ကို လှမ်းပြီး ပစ်ခတ်နေတာဟာ တာဆန်း ရေအားလျှပ်စစ် စီမံကိန်း
တည်ရှိတဲ့ နေရာကနေ လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေက ပြုလုပ်နေတာဖြစ်ပြီး
KIA
ဘက်က ပြန်ပြီးတော့ ပစ်ခတ်ရင် စက်ရုံ အဆောက်အဦးတွေ
ထိခိုက်နိုင်ကြောင်းနဲ့
ဒီလုပ်ရပ်ဟာ ရမယ်ရှာ၊ ရန်စနေတာ ဖြစ်နိုင်တယ်လို့ KIO ဘက်က သုံးသပ်ပါတယ်။

“သူတို့ ဒီနေ့ ညနေပိုင်းက စပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာဟာ အဲဒီ သူတို့
တာပိန်ရေအားလျှပ်စစ် စီမံကိန်းမှာ လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့ကနေပြီးတော့
တာပိန်မြစ်ရဲ့ မြောက်ဘက်မှာရှိတဲ့ KIA တပ်ရင်း ၂၅ ရဲ့ ရှေ့တန်းစခန်းကို
လက်နက်ကြီးနဲ့ ပစ်တာ။ ရေအားလျှပ်စစ် စီမံကိန်းရဲ့ စက်ရုံ အဆောက်အဦးတွေ
တော်တော်ရှိတယ်။ အဲဒီမှာ သူတို့က အကာအကွယ်ယူပြီးတော့ ပစ်တယ်။ အဲဒီကျတော့
ကျနော်တို့ဘက် ကလည်း သူတို့ကို ပြန်ပြီးတော့ လုပ်လိုက်မယ်ဆိုရင်
စက်ရုံတွေ
ထိသွားနိုင်တယ်။

“စက်ရုံတွေ ထိသွားတဲ့အခါမှာ သူတို့တွေ သတင်းစာမှာ ဖော်ပြနေသလို သူတို့
အစိုးရစီမံကိန်းကို လုံခြုံရေးရယူတဲ့ ကန့်သတ်တဲ့ တိုက်ပွဲ
လုပ်တဲ့သဘောလို့
သူတို့ သတင်းစာမှာ ထည့်ထားတာ ရှိတယ်။ အဲဒီကျတော့ ကျနော်တို့ ပြန်ပြီးတော့
တုံ့ပြန်လိုက်မယ်ဆိုရင် ကျနော်တို့ရဲ့ လက်နက်တွေ သူတို့ဘက်မှာ ကျသွားတာ
အခန့်မသင့်ရင် စက်ရုံတွေကို ထိသွားနိုင်တယ်။ အဲဒီကျရင် သူတို့ပြောတာ
မှန်သလို
ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အခု သူတို့လုပ်တာ စက်ရုံ အဆောက်အဦးကို
ကာဗာယူပြီး
ကျနော်တို့ဘက်ကို ပစ်နေတာ။ ဒါ ရန်စတဲ့သဘောပါ။ သူတို့ လိုရာ
ပြောဆိုနိုင်အောင်
ဆွဲသွင်းတဲ့ သဘောလို့ပဲ ယူဆနိုင်ပါတယ်။”

နှစ်ဘက်အကြား အပစ်အခတ် ရပ်ဖို့အတွက် KIO ဘက်က လိုလားချက်တွေကို
ပြီးခဲ့တဲ့ ၈
ရက်နေ့က စာရေးပြီး အကြောင်းကြားထားခဲ့ပေမဲ့ မြန်မာအစိုးရဘက်က တုံ့ပြန်မှု
တစုံတရာ မတွေ့ရဘူးလို့လည်း ဦးလနန်က ပြောပါတယ်။

“ကျနော်တို့ကတော့ ၈ ရက်နေ့မှာ သူတို့ကို ကျနော်တို့ လိုချင်တဲ့ အခြေအနေ
ပုံစံတွေကို စာရေးပြီး ပေးပို့ ထားတာ ရှိတယ်။ ဒါပေမဲ့ အခုထက်ထိ သူတို့က
စာရရှိကြောင်းလည်း ပြန်ကြားတာ မရှိသေးဘူး။ သူတို့ အထက်ကို တင်ပြနေတာလား၊
ဒါမှမဟုတ် ကျနော်တို့ ပြောဆိုချက်ကို သူတို့ပဲ သဘောမတူတာလားတော့
မသိသေးဘူး။”

KIO ဌာနချုပ်ရှိရာမှာ သွားရောက် ခိုလှုံနေတဲ့ စစ်ပြေး ဒုက္ခသည်တွေထဲမှာ
ကလေးငယ်တွေ ၁,၀၀၀ ကျော် လောက် ပါပြီးတော့ အဲဒီကလေးတွေရဲ့ ကျန်းမာရေး
အခြေအနေက
စိုးရိမ်စရာ ရှိတယ်လို့ ဆိုပါတယ်။ အခုချိန်ထိလည်း ပြင်ပကနေ အကူအညီ
ထောက်ပံ့မှုတွေ မရရှိသေးတဲ့အကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး
ဦးလနန်က
ဗွီအိုအေကို ပြောဆိုပါတယ်။

ကဗျာဆရာသစ္စာနီနဲ့ အဆိုတော်ရသ၊ လူမှုရေးအသင်းထူထောင် 2011-07-10 RFA

ကျန်းမာရေး၊ ပညာရေး အထောက်အပံ့တွေ ကူညီဖို့အတွက် လူငယ်ဟစ်ပ်ဟော့ အဆိုတော်
ရသ
ဦးဆောင်ပြီး ပရဟိတ အဖွဲ့တဖွဲ့ကို ဒီနေ့ စတင်ဖွဲ့စည်း
ထူထောင်လိုက်တယ်လို့
သိရပါတယ်။
ကဗျာဆရာ သစ္စာနီကို အကြီးအမှူးထားပြီး ‘ကုသလ ပရဟိတ’ လူမှုရေးအသင်းကို ဒီနေ့
လူငယ်
၁ဝ ဦးလောက်နဲ့ စတင် ဖွဲ့စည်းလိုက်တာပါ။ အသင်းရဲ့ နာယက ကဗျာဆရာ သစ္စာနီကို
RFA က
မေးမြန်းကြည့်ရာမှာ …

“နာမည်လေးကိုတော့ ကျနော်တို့ ‘ကုသလ ပရဟိတ သမဂ္ဂ’ လို့ အမည်ပေးထားပါတယ်။
အတိုကောက်ကတော့ ‘ကပသ’ ပေါ့နော်။ ပါဝင်တာကတော့ ကျနော်က လူငယ်တွေကိုလည်း
ချစ်တယ်၊
လူငယ်တွေ လုပ်တာကိုလည်း အားပေးချင်တာပေါ့နော်။ နောက် ဒါလူမှုရေး
အဖွဲ့အစည်းလေးလည်း ဖြစ်တယ်၊ ကျနော်ကိုယ်တိုင်ကလည်း ပရဟိတလုပ်ငန်းကို
စိတ်ပါဝင်စားမှု ရှိပါတယ်။ ဒါကြောင့် လူငယ်တွေကို အားပေးတဲ့ အနေနဲ့
ဝင်ပြီးပါရတာပါ”

အသင်းရဲ့ အတွင်းရေးမှူးအဖြစ် ကိုသားဇော်က ဆောင်ရွက်မှာဖြစ်ပြီး လောက၊
အောင်ဖြိုးဝေ၊ ယူကိုလတ်၊ အဆိပ်ဝိုင်၊ ရွက်ဝါ၊ လွမ်းနေသူ၊ ကြွေရိုး၊
အေးအေးမို့
စတဲ့ အင်တာနက်အွန်လိုင်း ကဗျာဆရာတွေလည်း ပါဝင်ပါတယ်။

အဖွဲ့အစည်းရဲ့ သဘောသဘာဝကို အဆိုတော် ကိုရသ က အခုလို ပြောပါတယ်။

“နံပါတ် (၁) ပေါ့နော် နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်။ နံပါတ် (၂) ဘယ်ဘာသာ
ဘာညာ
မဖြစ်ရဘူး၊ အဲလိုမျိုး ခွဲခြားမှု မရှိရဘူး။ မြန်မာနိုင်ငံသားတိုင်းအတွက်
ဖြစ်ရမယ်ဆိုတဲ့ အဖွဲ့လေး၊ ပရဟိတ အဖွဲ့လေးမျိုးပေါ့နော်။ ပထမဆုံးကတော့
ဒီလို
အနည်းဆုံး အသေးဆုံး လိုအပ်ချက်လေးတွေက အစ စလုပ်သွားမှာပါ။ အရင်ဆုံး
ကြီးကြီးမားမားကြီး မလုပ်နိုင်ရင်တောင် ပညာရေးလေးတွေ လုပ်မယ်။
နောက်ပြီးတော့
နေမကောင်းဖြစ်နေတဲ့ ဆရာ စာရေးဆရာကြီးတွေရှိမယ်။ အဲလိုမျိုးတွေကို
ကျနော်တို့
ထောက်ပံ့မယ်။ အဲလိုမျိုးတွေ ကျနော်တို့လုပ်မှာပါ”

အင်တာနက် အွန်လိုင်းပေါ်ကနေပြီး လူငယ်တွေက စတင် စိတ်ကူးရ၊ အခြေတည်လာခဲ့တာ
ဖြစ်ပြီး အခု ဖွဲ့စည်းသူတွေဟာ အသက် ၂၃ နှစ်အရွယ် တွေလို့လည်း ကိုရသက
ပြောပါတယ်။

“လူငယ်တွေ၊ အွန်လိုင်းမှာတွေ့တဲ့ လူငယ်တွေကပဲ လုပ်ထားကြတာလေ။
ရှေ့အရင်တွေက
သူတို့ဘာသာ စပြီးတော့ run ထားကြတာပေါ့။ အခုက ကျနော့်ကို သူတို့က
ဒါလေးချပြတာ၊
ဦးဆောင်ပေးပါဆိုပြီးတော့။ သူတို့ အခုလုပ်နေကြတယ် ဆိုတာက တလ ၃ ထောင်နဲ့
အသင်းဝင်ကြေးပေါ့နော်။ အဲဒါ သူတို့တွေ စုစု၊ စုစု ထားပြီးတော့
အဲလိုစုထားပြီး
သွားကြတာခင်ဗျ”

သူတို့ရဲ့ ပထမဆုံးလုပ်ငန်းစဉ်ကို အခုအပတ်အတွင်းမှာပဲ သစ်ပင်စိုက်တာ၊
ဝါဆိုသင်္ကန်း ကပ်လှူတာတွေနဲ့ စတင်မယ်လို့လည်း ဆိုပါတယ်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူ ထောင်ကျော် မလေးရှားအာဏာပိုင်များ ဖမ်းဆီး

စနေ, 09 ဇူလိုင် 2011

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ
ဖြစ်ပေါ်နေပြီး လူ ၁,၄၀၀ ကျော်ကို ဒီကနေ့ ဖမ်းဆီးခဲ့တယ်လို့ ရဲတွေက
ပြောပါတယ်။
အဖမ်းခံရသူတွေထဲက အများစုကို နာရီပိုင်းအတွင်း ပြန်လွှတ်လိမ့်မယ်လို့
မျှော်လင့်ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ
လုပ်ဆောင်ဖို့
ထောင်နဲ့ချီတဲ့ မလေးရှားနိုင်ငံသားတွေ ကွာလာလမ်ပူမှာ ဒီကနေ့
စုရုံးဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရဲတွေက ဆန္ဒပြသူတွေကို နံပတ်တုတ်တွေနဲ့ရိုက်၊
မီးသတ်ပိုက်တွေနဲ့ပက်၊ မျက်ရည်ယိုဗုံးတွေကို သုံးပြီး လူစုခွဲခဲ့ကြပါတယ်။
ဆန္ဒပြသူတွေကလည်း နောက်မဆုတ်ဘဲ တင်းခံခဲ့ကြတာပါ။

မလေးရှားအတိုက်အခံ နိုင်ငံရေးပါတီတွေပြောတာက သူတို့ရဲ့
ခေါင်းဆောင်တချို့လည်း
အဖမ်းခံခဲ့ရတဲ့ အထဲမှာ ပါသွားပြီး နံမည်ကြီး အတိုက်အခံ ခေါင်းဆောင်တဦး
ဖြစ်တဲ့
အန်န၀ါ အီဗရာဟင်လည်း ဒဏ်ရာအနည်းအကျဉ်း ရခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူ
တော်တော်များများက အ၀ါရောင် ဘောလုံးတွေနဲ့ ပန်းတွေကို ကိုင်လာပြီး
ပြည်သူလူထု
အဓွန့်ရှည်ပါစေဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

ကွာလာလမ်ပူမြို့ထဲက အားကစားကွင်းကြီး တခုဆီကို ချီတက်လာကြတဲ့
ဆန္ဒပြသူတွေကို
တားဆီးတဲ့အနေနဲ့ ရဲတွေက လမ်းမတွေ တော်တော်များများကို သံဆူးကြိုးတွေနဲ့
ပိတ်ဆို့ထားပါတယ်။ အတိုက်အခံ အုပ်စုတွေ စုပေါင်းထားတဲ့ ဘာရှစ် လို့ခေါ်တဲ့
ညွှန့်ပေါင်းအဖွဲ့က အခု ဆန္ဒပြပွဲကို အနောက်က ထောက်ခံပံ့ပိုးနေတာ ဖြစ်ပြီး
ဒီကနေ့ဆန္ဒပြပွဲမှာ လူ ၅ သောင်း ပါဝင်ဆန္ဒပြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရဲတွေကတော့ ဆန္ဒပြတဲ့သူက ၆ ထောင်နီးပါးပဲ ရှိတာလို့ဆိုပါတယ်။
အေပီသတင်းမှာတော့ လူ ၂ သောင်းကနေ ၃ သောင်းလောက် ရှိမယ်လို့
ခန့်မှန်းပါတယ်။
လာမယ့် ၂၀၁၃ ခုနှစ်ကျရင် ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေ
မတိုင်ခင်
ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လက်ရှိ အစိုးရအဖွဲ့က
အကောင်အထည်ဖေါ်ဖို့ မဲဝယ်ယူတာတွေ မဲလိမ်တာတွေ မဖြစ်အောင်
ကြိုတင်ကာကွယ်ဖို့
ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။

ဒီကနေ့တရက်တည်းမှာပဲ အစိုးရကို ထောက်ခံတဲ့ဆန္ဒပြမှုလည်း ဆန့်ကျင်သူတွေနဲ့
တချိန်တည်းလိုလိုမှာ ဖြစ်ပွားခဲ့ပါသေးတယ်။ သူတို့ကိုတော့ ရဲတွေက ဘာမှ
အနှောက်အယှက် မပေးခဲ့ကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ ကြိုဆို လက်ဆောင်ပေးသူများ
အာဏာပိုင်တွေမေးမြန်း 2011-07-10
RFA

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ ညောင်ဦး ခရီးစဉ်အတွင်း ကြိုဆို
နှုတ်ဆက်ခဲ့သူတွေနဲ့
လက်ဆောင် ပစ္စည်းပေးသူ တချို့ကို ခရီးစဉ်အပြီး ရက်ပိုင်းမှာ အာဏာပိုင်တွေက
စုံစမ်းမေးမြန်းတာ တွေ ရှိတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ညောင်ဦးဈေးကို သွားရောက်ခဲ့စဉ်
ဈေးသူဈေးသား တချို့က ဒေါ်အောင်ဆန်းစုကြည်ကို ပန်းကုံးစွပ်
ကြိုဆိုခဲ့ကြပါတယ်။
အဲဒီနေ့မှာပဲ ဒေသခံ အရာရှိတဦးက ဈေးအတွင်း လာရောက်ပြီး စစ်ဆေး
မေးမြန်းခဲ့ကြောင်း ဆိုင်ရှင်တဦး က ပြောပါတယ်။

“ရဲစခန်းမှူးလို့ ပြောတာပဲ။ ပန်းကုံးစွပ်တဲ့ ကလေးတွေရဲ့ မိဘတွေ
အိမ်တွေကို
သွားပြီးတော့ ဘယ်သူစွပ်တာတုံး ဘာတုံးနဲ့ လာပြီး မေးတယ်။ ပန်းစည်းတွေ
အဝတ်အထည်တွေ ပေးတဲ့ ကလေးမ လေးတွေကိုလည်း ခေါ်ပြီးတော့ နာမည်တွေ မေးတယ်”

ညောင်ဦးမြို့ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ
ကြိုဆိုနှုတ်ဆက်တာတွေ မလုပ်ကြဖို့ တားမြစ်ထားပေမယ့် ညောင်ဦးဈေးကို
ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အခါမှာတော့ လူတထောင်ကျော်လောက်က
ဝမ်းပန်းတသာ
ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

သုံးကြိမ်မြောက် ထွက်ပြေးလာတဲ့ ကလေးစစ်သား သုံးကြိမ်မြောက် ဖမ်းဆီးခံရ
2011-07-10
RFA

အသက် ၁၅ နှစ်ရွယ် ကလေးစစ်သား မောင်ရေချမ်း စစ်တပ်က ထွက်လိုတာ ကို
ထွက်ခွင့်မပေးဘဲ အကြိမ်ကြိမ် ပြန်လည်ဖမ်းဆီး နှိပ်စက်နေကြောင်း
မိဘဖြစ်သူတွေက
ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။

မိဘရပ်ထံ ပြန်လာတဲ့ ကလေးစစ်သား မောင်ရေချမ်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၅
ရက်နေ့မှာ လှိုင်သာယာရဲ၊ ကြက်ခြေနီ၊ မီးသတ်နဲ့ ရယကတွေ အပါအဝင် အင်အား ၅ဝ
လောက်နဲ့ နေအိမ်မှာ လာရောက် ဝိုင်းဝန်း ဖမ်းဆီးသွားကြောင်း မိခင်ဖြစ်သူ
ဒေါ်စပယ်က ပြောပါတယ်။

“၅ ရက်နေ့ည ၁၂ နာရီလောက်က လာဖမ်းသွားပါတယ်။ လှိုင်သာယာ ရဲစခန်းနဲ့ မီးသတ်
ကြက်ခြေနီအဖွဲ့ ၅၂ ဦး အပါအဝင် အိမ်ပေါ်အထိ တက်ပြီး ဖမ်းသွားပြီးတော့
အိမ်တွေဘာတွေ ပျက်စီးတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ကလေးက ရုန်းရင်းကန်ရင်းနဲ့
အိမ်က
ကျိုးပဲ့ကုန်တာ။ ကျမသားလေးက အရင်တခါ ပြေးခဲ့တုန်းက အတွေ့အကြုံရှိတော့
ကြောက်ရွံ့နေပါတယ်”

မောင်ရေချမ်းကို တပ်ထိန်း (၃) နဲ့ လှိုင်သာယာရဲက ဖမ်းသွားပြီး အခုအခါ
အုတ်ကျင်း
အမှတ် (၃) တပ်ထိန်းစခန်းမှာ ဖမ်းဆီးထားပါတယ်။ မောင်ရေချမ်းဟာ အဘ
ဦးညီညီနိုင်၊
အမိ ဒေါ်စပယ်တို့ရဲ့သား ဖြစ်ပြီးး လှိုင်သာယာ (၁၂) ရပ်ကွက်မှာ နေထိုင်သူ
ဖြစ်ပါတယ်။

မိခင်ဖြစ်သူက ပြီးခဲ့တဲ့နေ့က သွားရောက် စုံစမ်းခဲ့ပေမယ့် တွေ့ခွင့်
မရခဲ့ဘူးလို့ ဆိုပါတယ်။ မောင်ရေချမ်းဟာ စစ်တပ်က ထွက်ပြေးတာ
ဒီတစ်ကြိမ်နဲ့ပါဆိုရင် သုံးကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။ ပထမနဲ့ ဒုတိယ
အကြိမ်တွေမှာလည်း ပြန်လည် ဖမ်းဆီးသွားပြီး ညှဉ်းပန်းနှိပ်စက်တာကို
ခံခဲ့ရတဲ့အတွက် ဒီတကြိမ်ဆိုရင် ကိုယ့်ကိုယ်ကို သတ်သေမယ်လို့
မောင်ရေချမ်းက
ပြောဆိုထားကြောင်း မိခင်ဖြစ်သူ ဒေါ်စပယ်က RFA ကို ပြောပါတယ်။

၂ဝဝ၉ ခုနှစ်က မောင်ရေချမ်း အိမ်က ပျောက်ဆုံးသွားတဲ့အတွက် လိုက်လံရှာဖွေရာ
သထုံ
လေ့ကျင့်ရေး (၉) မှာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်က
မောင်ရေချမ်းဟာ အသက်
၁၃ နှစ်သာ ရှိသေးပေမယ့် စစ်တပ်က ပြန်လည်ခေါ်ယူခွင့် မပေးဘဲ ရှမ်းပြည် ခမရ
(၃၁၂)
ကို ပို့ခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

စစ်တပ်က ပြန်လည်ထွက်ပြေးလာတဲ့ ကလေးတွေကို ရဲစခန်း၊ တပ်ထိန်းအချုပ်ခန်း
ဒါမှမဟုတ် သက်ဆိုင်ရာ တပ်အချုပ်ခန်းတွေမှာ ချုပ်နှောင်ထားပြီး
ကြောက်ရွံ့သွားအောင် အပြင်းအထန် ညှဉ်းပန်းနှိပ်စက်တာတွေ ရှိကြောင်း၊
ပြီးခဲ့တဲ့
၂ဝ၁ဝ ခုနှစ်က မိဘထံ ပြန်လည်ပြေးလာတဲ့ ကလေးစစ်သား မောင်ဝေဖြိုးအောင်ဟာ
အုတ်ကျင်း
တပ်ထိန်း (၃) က ဖမ်းဆီးသွားပြီး တရက်အတွင်း သေဆုံးခဲ့ကြောင်း
ကလေးစစ်သားအရေး
ကူညီဆောင်ရွက်နေတဲ့ HRDP လူ့အခွင့်အရေးအဖွဲ့က ဦးမောင်မောင်လေးက
ပြောပါတယ်။

“မောင်ဝေဖြိုးအောင်ဟာဆိုရင် ဒီလိုပဲ ပြန်အဖမ်းခံရပြီး နောက်တရက်မှာ
သေဆုံးသွားတာ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ဒီလို ကလေးတွေ ပြေးပြီး
ပြန်ဖမ်းမိတဲ့
အခါမျိုးမှာ ကလေးတွေ တပ်ထဲက ထပ်မပြေးရဲအောင် ရိုက်နှက်
နှိပ်စက်ညှဉ်းပန်းတာတွေ
ကျနော်တို့ တွေ့ခဲ့တယ်၊ ကြားခဲ့တယ်။ နောက်ကို မပြေးရဲအောင်ပေါ့လေ။
မင်းတို့
ပြေးလို့ရှိရင် နောက်ကို ဒီထက်ဆိုးမယ်၊ ထောင်ချပစ်မယ်ဆိုပြီး
ခြိမ်းခြောက်တာတွေလည်း တွေ့ရပါတယ်”

လက်ရှိအစိုးရ ကိုယ်တိုင် ကလေးစစ်သားစုဆောင်းမှု ကာကွယ်ရေးကော်မတီ ဖွဲ့ပြီး
အမိန့်ပြန်တမ်းတွေနဲ့ တားမြစ်ထားပေမယ့် လိုက်နာ အကောင်အထည်ဖော်မှု
မရှိဘူးလို့
လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်နှင့် SSA နောက်ဆက်တွဲ တိုက်ပွဲကြောင့် ကိုးဦး သေဆုံး
2011-07-10
RFA

ရှမ်းပြည်တောင်ပိုင်း တောင်ကြီး- လွိုင်လင်ကားလမ်းပေါ်ရှိ ခေါင်နွဲ့ရွာ
အနီးမှာ
ဇူလိုင်လ ၉ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ယာဉ်တန်းတတန်းကို
ဆက်ကြေးတောင်းခံနေတဲ့
SSA တပ်ဖွဲ့နဲ့ မိုင်းပွန် အခြေစိုက် ခမရ (၅၁၃) တပ်ဖွဲ့တဖွဲ့
တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သတင်းရရှိပါတယ်။

မျက်မြင်သက်သေ ဒေသခံတွေရဲ့ ပြောကြားချက်အရ လွိုင်လင်ကနေ ၆ မိုင်ခန့်အကွာ
ခေါင်နွဲ့ရွာမှာ SSA တပ်ဖွဲ့ဝင်တချို့က ကားတွေကို ရပ်ခိုင်းပြီး
ဆက်ကြေးကောက်ခံနေချိန်မှာ တောင်ကြီး တောင်လေးလုံး ရဲဘက်စခန်းကို
ထောင်ကျတရားခံ
၂ ဦး သွားပို့တဲ့ ရဲလုံခြုံရေးကား ရောက်ရှိသွားပြီး ပစ်ခတ်မှု
ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့
ပင်လုံရဲစခန်းမှူး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ယာဉ်မောင်းတဦးနဲ့ တရားခံ ၂ ဦး၊
ခြောက်ဦးစလုံး သေဆုံးပြီး ကားကိုလည်း မီးရှို့လိုက်တယ်လို့ သိရပါတယ်။

သေနတ်သံကြောင့် အဲ့ဒီဒေသကို ခရီးထွက်လာတဲ့ ခမရ (၅၁၃) တပ်ရင်းမှူးနဲ့
အဖွဲ့
ရောက်ရှိလာရာမှာ ဆက်လက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSA ဘက်က ၃ ယောက်
ကျဆုံးပြီး
မြန်မာစစ်တပ်ဘက်က တပ်ရင်းမှူး ဒဏ်ရာရရှိသွားတဲ့အတွက် ခွဲစိတ်
ကုသနေရတယ်လို့
ဆိုပါတယ်။

အဲ့ဒီနေ့ တနေ့တည်းမှာပဲ မိုင်းရှူးမြို့နယ်က ရဲစခန်းတခုရှေ့မှာ ဗုံးတလုံး
ပေါက်ကွဲတဲ့အပြင် မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း တွေ့ရှိခဲ့ရတယ်လို့
ဒေသခံတဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် လူသူ ထိခိုက်မှု ရှိမရှိ
ကိုတော့
မသိရသေးပါဘူး။

သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် NLD မှာ စာတမ်းဖတ်မည်
2011-07-10 RFA

သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့
ဒေါက်တာဦးမြင့်ဟာ မနက်ဖြန်နေ့လည်မှာ ရန်ကုန် ရွှေဂုံတိုင်လမ်းက
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ စီးပွားရေးဆိုင်ရာ စာတမ်းတစောင်
လာရောက်
ဖတ်ကြားမယ်လို့ သိရပါတယ်။

NLD ဗဟို အစည်းအဝေး ခန်းမမှာ သူ့ရဲ့ စီးပွားရေးဆိုင်ရာ စာတမ်းကို
လာရောက်ဟောပြောမှာ ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်မှာ မဟုတ်ဘူးလို့ ဒီဟောပြောပွဲ အစီအစဉ်နဲ့ နီးစပ်သူတဦးက
ပြောပါတယ်။

မနက်ဖြန် နေ့လည် ၁၂ နာရီမှာ ကျင်းပမယ့် ဒီစာတမ်းဖတ်ပွဲကို ကျန်းမာရေး
အခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်မှာ မဟုတ်ပေမယ့် NLD
ဒုတိယ
ဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။

စီးပွားရေးပညာရှင် ဦးမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူတဦးလို့
ထင်ရှားပြီး NLD ပါတီရုံးချုပ်ကို အရင်က လာရောက်ခဲ့ဖူးသူ ဖြစ်ပေမယ့်
အစိုးရသစ်
တက်လာအပြီး သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရပြီး နောက်ပိုင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာ အခုတကြိမ်ဟာ
ပထမဦးဆုံးအကြိမ် ဖြစ်မယ်လို့ ဆိုပါတယ်။

ဒီပွဲကို အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ဗဟိုဦးစီး
အဖွဲ့ဝင်တွေနဲ့
သီးသန့် ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်တွေသာ တက်ရောက်ကြမယ်လို့ သတင်း
ရရှိပါတယ်။

ကေအိုင်အေက အစိုးရစစ်သားတချို့ကို ဖမ်းဆီး
ဘီဘီစီ ။ ။ 10-07-2011

KIAကေအိုင်အေ ကချင်တပ်သားများအစိုးရစစ်တပ်နဲ့ ကေအိုင်အေ ကချင်
လွတ်လပ်ရေးတပ်မတော်တို့ကြား ပထမဆုံး တိုက်ပွဲစတင်ပေါ်ပေါက်ခဲ့တဲ့
မိုးမောက်မြို့နယ် ‘ဆန်ဂန်’ ရွာအနီးက တောင်ကြောမှာ တနဂင်္နွေနေ့ ညနေ ၃နာရီ
ဝန်းကျင်လောက်က တိုက်ပွဲငယ်တခု ထပ်မံ ဖြစ်ပွားခဲ့ပါတယ် ။

ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၁၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့
မြောက်ပိုင်း
တိုင်း မပခ လက်အောက်ခံ အစိုးရ တပ်ဖွဲ့ဝင်တွေကြား အပြန်အလှန် ပစ်ခတ်
တိုက်ခိုက်ခဲ့ကြတာလို့ သိရပြီး၊ အစိုးရစစ်တပ်ဖက်က (၁) ဦး ထိမှန် သေဆုံး
သွားတယ်လို့ ကေအိုင်အေ ရှေ့တန်း စစ်ဖက်ရပ်ကွက်က ဆိုပါတယ်။
အဲဒီအနီးတဝိုက်မှာ
အစိုးရစစ်တပ်ဖက်က တပ်ရင်း(၃)ခု လှုပ်ရှားနေတာကြောင့် ထိမှန်
ကျဆုံးသွားရသူဟာ
ဘယ်တပ်ရင်းက ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

စနေနေ့ညနေပိုင်းကလဲ ကချင်ပြည်နယ် မန်စီမြို့နယ် ဂိုက်ထိပ်အနီးက
ပလောင်ဒိန်ဆာ
ရွာအနားမှာ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း(၂၇) တပ်ဖွဲ့ဝင်တွေကနေ အစိုးရ
စစ်တပ်
ခလရ (၇၄) က စစ်ကား တစီးကို ရုတ်တရက် ဝိုင်းပတ်ပိတ်ဆို့ ဖမ်းဆီးခဲ့ပါတယ်။

ကားနဲ့အတူ ခလရ (၇၄)က ဗိုလ်ကြီးတဦး အပါအဝင် တပ်ဖွဲ့ဝင် (၁၂) ဦးကိုလဲ
ဖမ်းဆီး
ထားလိုက်တယ်လို့ ကေအိုင်အေ ရှေ့တန်း စစ်ဖက် ရပ်ကွက်က ဆိုပါတယ်။
နှစ်ဘက်ကြားမှာ
အပစ်ရပ်ဖို့ ကြိုးစားနေကြတာ ရှိပေမယ့် တရားဝင် အပစ်အခတ် ရပ်စဲရေး
သဘောတူညီမှု
မရနိုင်သေးပဲ နှစ်ဘက် အပြန်အလှန် တိုက်ပွဲတွေ ဆက်ဖြစ်နေတာ တွေ့ရပါတယ်။

စစ်ပွဲတွေကနေ ဝေးရာဆီကို ကချင်အရပ်သားတွေ
ထွက်လာနေကြဆဲကေအိုင်အေဌာနချုပ်ဟောင်း
‘ပါဂျောင်’နဲ့ မဝေးလှတဲ့ ‘နားဖေါ့ ’ဖက်မှာလည်း မပခလက်အောက်ခံ ခလရ (၈၆)
ကနေ
လက်နက် ပစ်ခတ်မှု (၁၀) ကျော်လောက် စနေနေ့ ညနေပိုင်းက
ပြုလုပ်ခဲ့ပါတယ်။လက်နက်ကြီးပစ်ခတ်စမ်းသပ်မှုအဖြစ် ပြုလုပ်ခဲ့တာဖြစ်ပြီး
ကေအိုင်အေဖက်ကို ကြိုတင် အသိပေး အကြောင်းကြားပြီးမှ ပြုလုပ်ခဲ့တာ
ဖြစ်တယ်လို့
ကေအိုင်အေ ရပ်ကွက်များ အဆိုအရ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ နွားခိုးမှုတွေ များလာ
ဘီဘီစီ ။ ။ 10-07-2011

ရခိုင်ပြည်နယ်မှာ နွားခိုးမှုတွေ အကြီး အကျယ် ဖြစ်ပေါ်နေတဲ့ အတွက် လယ်လုပ်
ချိန်မှာ တောင်သူ လယ်သမားတွေ အကြီး အကျယ် အခက်ကြုံနေကြရ ပါတယ်။

ဇွန်လ နောက်ဆုံး အပတ်နဲ့ ဇူလိုင် ပထမ တပတ်တည်းမှာတင် နွားကောင်ရေ ၃၃
ကောင်
အခိုးခံရတဲ့ တိုင်ကြားစာ လက်ခံ ရရှိခဲ့တယ်လို့ ကျောက်တော်
ရခိုင်တိုင်းရင်းသားတိုးတက်ရေး ပါတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နောက်ထပ် မတိုင်ကြားတဲ့ သူတွေလည်း အများအပြား ရှိနိုင်တယ်လို့ သူက
ပြောပါတယ်။
လယ်သမား တစ်ဦးမှာ တစ်ကောင်ကနေ ၄ ကောင် ၅ ကောင်ထိ တနေ့တည်းမှာ ခိုးယူခံ
ရတယ်လို့
ပြောပါတယ်။

ပေါက်တော၊ ပုဏ္ဍဍားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေမှာ အခုလို
နွားခိုးခံ နေရတာ ဖြစ်ပြီး၊ အခိုးခံရတဲ့ နွားတွေကို ဂိုဏ်းဖွဲ့ပြီး
ဘင်္ဂ္လာဒေ့ရှ်ကို တင်ပို့ ကြတယ်လို့ လည်း သိရပါတယ်။

ခုလို ဖြစ်နေပေမယ့် သက်ဆိုင်ရာက အရေးယူ ဖမ်းဆီးနိုင်ခြင်း
မရှိဘူးလို့လည်းဆိုပါတယ်။

ကျောက်တော်မြို့ပေါ်မှာလည်း တစ်နေ့တည်း အိမ် လေးငါးအိမ် ဖေါက်ထွင်းခံ
နေရတဲ့အထိ
သူခိုးတွေ သောင်းကျန်းနေတယ်လို့ ပြောပါတယ်။

အခုလို ဖြစ်နေတာက တပတ်ခန့်ရှိနေတယ်လို့ ပြောပါတယ်။

မြဝတီ တိုက်ပွဲဖြစ် ဗုံးကွဲ
မျိုးသန့် | တနင်္ဂနွေနေ့၊ ဇူလိုင်လ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြဝတီမြို့တွင် ဗုံးတလုံး ပေါက်ကွဲပြီးနောက်
ကရင်
အမျိုးသား အစည်းရုံးနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များနှင့် မြို့စောင့်
အစိုးရတပ်များ တနင်္ဂနွေနေ့ညတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။

ကရင်ပြည်နယ် မြဝတီမြို့အထွက် ကော့ကရိတ်ဘက် အသွားလမ်းပေါ်တွင်
ထိုင်းစံတော်ချိန်
ည ၈ နာရီခွဲခန့်က စတင်ဖြစ်ပွားသော တိုက်ပွဲများသည် ယခုသတင်း ပေးပို့ချိန်
၉
နာရီ ၅ မိနစ်အထိ ဖြစ်ပွားနေသည်ဟု DKBA နှင့် နီးစပ်သူတဦးက မဇ္ဈိမကို
ပြောသည်။

တိုက်ပွဲ စတင်မဖြစ်မီ ၅ မိနစ်ခန့်အလိုက မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ
ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး နောက်ဘက်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သေးသည်၊
အသေအပျောက် မရှိဟု ဒေသခံ တဦးက ပြောသည်။ အစိုးရ စစ်တပ်မှ အင်အား ၃ဝ
ခန့်လည်း
ယခုအချိန်တွင် ထိုရုံးကို လုံခြုံရေး ယူထားသည်ဟု ထိုမြို့ခံက ဆက်ပြောသည်။

မြန်မာတပ်မှ ဘွမ်ဆဲန်တောင် ပြန်တိုက် ယူရန် KIA အသင့်ရှိ
Saturday, 09 July 2011 20:25 KNG

မြန်မာအစိုးရစစ်တပ် သိမ်းပိုက်ထားသည့် ဘွမ်ဆဲန်တောင်ကို ပြန်တိုက်ယူရန်
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ အဆင်သင့် ရှိနေသည်ဟု KIA တပ်ရင်း ၁၅
အရာရှိတစ်ဦးက ပြောသည်။

“အဲဒီတောင်ကိုပေးလိုက်တာမဟုတ်ဘူး။ ခဏ ရှောင်ပေးထားတာပါ။ စစ်တိုက်တုန်းက
ကျည်ဆံကုန်သွားလို့ လူအဆုံးရှုံးမခံနိုင်လို့ ခဏ ဆုတ်ပေးထားတာပါ။
ကျွန်တော်တို့ဘက်ကတော့ ခုတိုက်ရင် ရနိုင်တယ်။ ဒါပေမဲ့ အထက်လူကြီးတွေက
အမိန့်မပေးသေးလို့ပါ။ နောက်ထပ်ဆွေးနွေးပွဲကို မြန်မာစစ်အစိုးရဘက်မှ
အကြောင်းပြန် ကြားမှာကို စောင့်နေတာ။” ဟု တပ်ရင်း ၁၅ အရာရှိတစ်ဦးက
ပြောသည်။

အင်အား ၄၀ ခန့်ရှိသော အစိုးရစစ်တပ်မှ ဇွန်လ ၁၂ ရက်နေ့မှ စတင်၍
ယခုအချိန်ထိ
၎င်းတောင်ကို သိမ်းယူ ထားခြင်းဖြစ်သည်။ တာခေါ်ခမြစ် အထက်ဘက်ရှိ တာပိန်ရေကာတာ
လုံခြုံရေးအတွက် သိမ်းယူလိုက် ခြင်းဖြစ်သည်ဟု KIA ဥက္ကဌနှင့်
ရင်းနှီးသူတစ်ဦးက
ဤကဲ့သို့ပြောပြပါသည်။

“စစ်ရေးအနေနဲ့ကြည့်မယ်ဆိုရင် အလွန်အရေးပါတဲ့ တောင်ဖြစ်ပြီး KIA
ဌာနချုပ်နဲ့
တပ်မဟာ ၃ ကို ဆက်သွယ်ပေးတဲ့ နေရာဖြစ်ပါတယ်။ အဲဒီတောင်ကိုလက်လွတ်လိုက်မယ်
ဆိုရင်
မိုင်ဂျာယန်နဲ့ လိုင်ဇာလုံခြုံရေး အတွက်စိုးရိမ်ရတယ်။” ဟု ပြောသည်။

အစိုးရစစ်တပ်မှ ရှေ့တိုးနေရာမယူနိုင်အောင် KIA တပ်ဖွဲ့မှ ဘွန်ဆဲန်တောင်
ပတ်ပတ်လည်ရှိတောင်များတွင် နေရာယူဝိုင်းထားခြင်းဖြစ်ပြီး မြန်မာစစ်တပ်
ထပ်မံနယ်ကျွံပါက ပစ်ခတ်ဟန့်တားရန် အသင့်ရှိနေကြောင်းလည်း တပ်ရင်း ၁၅
အရာရှိကပြောသည်။

အပစ်ခတ်ရပ်စဲရန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရတို့
ကြိုးစားနေချိန်မှာ ရှေ့တန်းစစ်မြေပြင်၌ တိုက်ပွဲငယ်များ
နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်သည်။

* ဗေဒါအင်စတီကျူ့ ရန်ပုံငွေပြတ် *

Saturday, 09 July 2011 03:34 DVB

ရန်ကုန်မြို့မှာ အခမဲ့ပညာ သင်ကြားပေးနေတဲ့ ဗေဒါအင်တစီကျု
အခမဲ့ပညာသင်ကျောင်း ဟာ
ရန်ပုံငွေ အခက်အခဲကြောင့် ဒီလလယ်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတဲ့
သင်တန်းအ တွက်
အခက်အခဲဖြစ်နေတယ်လို့ ကျောင်းတာဝန် ရှိသူတွေက ပြောပါတယ်။

ဗေဒါကျောင်း

ဒီကျောင်းဟာ အပတ်စဉ် ၁ ကနေ ၆ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သမိုင်း၊
နိုင်ငံရေးသိပ္ပံ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေတာပါ။

ကျောင်းတာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းကို ကိုအေးနိုင်က ဆက်သွယ်
မေးမြန်းထားပါတယ်။

*ဗေဒါအင်စတီကျုက ဘယ်လို အခက်အခဲ ကြုံတွေ့နေရလဲ။*

“ဗေဒါအင်စတီကျု ရပ်တည်တဲ့ အခြေအနေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်တွေမှာ
ရှေ့ဆက်ပြီး မြန်မာနိုင်ငံရဲ့ တကယ့်ကို အကျိုးပြုတဲ့ နိုင်ငံသားကောင်းတွေ
ဖြစ်လာဖို့အတွက် ကျနော်တို့က မွေးထုတ်ချင်ပါတယ်။ ပညာရေးကို
အခြေခံပြီးတော့
သင်ကြားပေးလိုက်မယ် ဒီအပေါ်ကနေ ကလေးတွေက အနာဂတ် မြန်မာနိုင်ငံတော်အ တွက်
ဦးဆောင်နိုင်တဲ့လူတွေ ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းကို
ဖွင့်ခဲ့တာပါ။
ဒါပေမဲ့ တကယ်လက်တွေ့ ကျနော်တို့ ဆောင်ရွက်ရတဲ့ အခြေအနေမှာ ကျနော်တို့မှာ
အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဥပမာ နေရာဒေသအတွက် ကျောင်းကို မကြာမကြာ
ပြောင်းနေရတဲ့ အခြေအနေတွေ။

“ဒီမှာက ကလေးတွေက နယ်ကနေ လာတက်ကြတဲ့ အချိန်မှာ ဒီမှာ စားဝတ်နေရေး
ကိစ္စတွေကို
အကူအညီပေးရတဲ့ အခြေအနေတွေကို ကျနော်တို့ ဒီမှာ ပါဝင်ဆောင်ရွက် နေတဲ့
အဖွဲ့ဝင်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့ပဲ ရပ်တည်ရတဲ့အချိန်မှာ ကျနော်တို့မှာ
အခက်
အခဲ ရှိပါတယ်။

ဒါကြောင့်မို့ ကျနော်တို့က ဒီ ဗေဒါအင်စတီကျုမှာ ငွေရေးကြေးရေးနဲ့
ပတ်သက်ပြီးတော့ ရန်ပုံငွေ တောင့်တင်းခိုင်မာမှုရှိဖို့အတွက်
လိုအပ်တယ်ဆိုတဲ့
အမြင်နဲ့ ဒီငွေကြေးအခက်အခဲ ရှိမှုကို ကျနော်တို့က တင်ပြထားတာပါ။”

*ငွေကြေးအပြင် တရားဝင်ပုံစံမျိုး စာထုတ်ပြီး တောင်းဆိုတော့ လက်ရှိအစိုးရက
ချမှတ် ထားတဲ့၊ မြန်မာပြည်မှာကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရော
ကိုက်ညီမှုရှိပါရဲ့လား။*

“ကျနော်တို့က ကမ္ဘာတခုလုံးကို ချပြထားတယ်ဆိုတဲ့ အခြေအနေက ကျနော်တို့ရဲ့
အခက်အခဲကို ပြောထားတာပါ။ ကျနော်တို့က ပြင်ပကနေ အကူအညီကို တောင်းခံ
နေတဲ့သဘောမျိုး မဟုတ်ပါဘူး။ ကျနော်တို့ ရဲ့ အခက်အခဲတွေကို ကူညီနိုင်တဲ့
ကျနော်တို့တိုင်းပြည်မှာ တည်ဆောက်နေရတဲ့ လူငယ်နိုင်ငံရေး
မျိုးဆက်သစ်တွေရဲ့
ကြိုးပမ်းနေတဲ့ ဗေဒအင်စတီကျု ဆက်လက်ရှင်သန်ရေး အတွက်ကို
ကူညီပံ့ပိုးပေးချင်တဲ့
လူတွေကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် ကျနော်တို့ရဲ့ ဘဏ္ဍာရေးအခက် အခဲကို
တင်ပြထားတာပဲ ဖြစ်ပါတယ်။

ဒါဟာ ကျနော်တို့ ပြည်တွင်းမှာပဲ ဖြစ်ဖြစ် ပြည်ပမှာပဲ ဖြစ်ဖြစ် ကျနော်တို့
ဒီမှာ
ဆောင်ရွက်နေတဲ့ အခက်အခဲကို သိစေဖို့ပဲ ဖြစ်ပါတယ်။”

အဲဒီတော့ လူမှုရေးလုပ်ငန်းမှာ အောင်မြင်ကျော်ကြားနေတဲ့
ကိုကျော်သူတို့မျိုး
ပြည်ပကနေပြီးတော့ ကူညီတဲ့ ငွေတွေဆိုရင်တော့ ဥပဒေနဲ့မငြိဘူးပေါ့နော်၊
အဲဒီပုံစံ
မျိုး ကူညီလို့ရတယ်ပေါ့နော်။

“ဟုတ်ပါတယ်။”

အဲဒီတော့ ကူညီချင်တဲ့ လူတွေ သိအောင် အကြမ်းဖျင်းအားဖြင့် ငွေပမာဏ
ဘယ်လောက်
လိုအပ်လဲ။

“လက်ရှိ အခြေအနေမှာ ဒီလာမယ့် ၁၈ ရက်နေ့ ဝန်းကျင်လောက်မှာ ကျနော်တို့
ဒီသင်တန်း
ပြန်လည်ဖွင်လှစ်ဖို့ ပြင်ဆင်ထားပါတယ်။

အခုကတော့ သင်တန်း အပတ်စဉ်တွေ ပြီးပြီးသွားတဲ့အတွက် နောက်ထပ်
သင်ကြားမှုတွေအတွက်
ကျနော်တို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ကလေးတွေရဲ့ ဒီ ပညာရေးသင်ကြား
မှုအတွက်
ထောက်ပံ့နိုင်တယ်။ စာအုပ်စာတမ်းတွေ၊ စားဝတ်နေရေးအတွက် လာရောက် သင်ကြားတဲ့
ကလေးတွေ စားရေးသောက်ရေးကိစ္စရပ်တွေအတွက် ကုန်ကျနိုင်တဲ့ ငွေကြေးပမာဏတွေ
ရှိပါတယ်။

ဒီအခြေအနေတွေအပေါ်မှာ ကျနော်တို့နဲ့ ဘဝတူ အားလုံးကနေပြီး ဒီအခြေအနေကို
ဝိုင်းဝန်းကူညီ ပံ့ပိုးပေးပါလို့ ကျနော်တို့က မေတ္တာ ရပ်ခံထားတာပါ။
ဒီအပေါ်မှာ
ငွေကြေးပမာဏ ဘယ်လောက် ထည့်ဝင်ရမယ်၊ ဘယ်လိုပုံစံမျိုး ပါဝင်ပေးကြမယ်ဆိုတဲ့
သဘောမျိုးတော့ ကျနော်တို့ ကန့်သတ်ထားတာမျိုး မရှိပါဘူး။”

ဗေဒါအင်စတီကျုမှာ ဆရာဆရာမတွေဆိုရင်လည်း အခကြေးငွေ မရဘူး။
လမ်းစရိတ်တောင်မှ
ကိုယ့်ဟာကိုယ် လာရတာဆိုတော့ ဒီလိုလုပ်ငန်းက စေတနာ မွန်မြတ်တယ်ဆိုပေမယ့်
ရေရှည်မှာ ဖြစ်နိုင်ပါ့မလား။ ကျောင်းဆရာတွေ အတွက် ကော စဉ်းစားပေးတာ
ရှိလား။

“ကျနော်တို့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဆိုလို့ရှိရင် လာသင်ကြားပေးတဲ့
ဆရာဆရာမတွေကို ပံ့ပိုးကူညီနိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားဖို့
လိုအပ်ပါတယ်။
ဒါကိုလည်း ကျနော်တို့ ရေရှည်တည်တံ့ နိုင်ရေးအတွက် စဉ်းစားသွားမှာပါ။”

အမေရိကန်က ပါကစ္စတန်ကို စစ်ရေးထောက်ပံ့မှု ရပ်ဆိုင်းမည်

By ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်က ပါကစ္စတန်ကို ပေးနေတဲ့ စစ်ရေးအကူအညီ ဒေါ်လာ သန်း ၈၀၀ လောက်ကို
ရပ်ဖို့
ဆုံးဖြတ်လိုက်တယ်လို့ အိမ်ဖြူတော် ထိပ်တန်း တာဝန်ရှိသူ တယောက်က
ပြောပါတယ်။

အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေးဟာ မချောမွေ့လှဘဲ အချိန်ယူပြီး ဆက်ဆံရေး
ပြေပြစ်အောင် လုပ်ရလိမ့်မယ်လို့ အိမ်ဖြူတော် တာဝန်ခံ အရာရှိချုပ် ၀ီလျံ
ဒလေး
(William Daley) က ABC ရုပ်သံရဲ့ This Week အစီအစဉ်ကို ပြောခဲ့ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပါကစ္စတန်ဟာ အရေးပါတဲ့ မဟာမိတ်နိုင်ငံတခု
ဖြစ်ခဲ့ပေမဲ့ အမေရိကန်က စစ်ရေးအကူအညီတွေ ပေးတာ ဆိုင်းထားစေလောက်တဲ့
ခြေလှမ်းတချို့ လှမ်းခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုလဲ
ဆိုတာကိုတော့
အသေးစိတ် ထပ်ရှင်းမပြခဲ့ပါဘူး။

ပါကစ္စတန်က အမေရိကန် စစ်ရေး လေ့ကျင့်ပေးနေသူတွေကို နိုင်ငံထဲက
နှင်ထုတ်ခဲ့တဲ့
ကိစ္စနဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတွေကို ပြည်ဝင်ခွင့် ဗီဇာပေးဖို့
ကန့်သတ်ခဲ့တဲ့
ကိစ္စတွေကြောင့် အခုလို တုံ့ပြန် ဆောင်ရွက်တာ ဖြစ်တယ်လို့ အမေရိကန်
တာဝန်ရှိသူတွေရဲ့ အပြောကိုလည်း သတင်းတွေထဲမှာ ကိုးကား ဖော်ပြကြပါတယ်။

စစ်သွေးကြွတွေကို တိုက်ဖျက်ရေးမှာ အမေရိကန်နဲ့ ပိုပြီး ထိထိရောက်ရောက်
ပူးပေါင်းဆောင်ရွက်ဖို့ ပါကစ္စတန်ကို ဖိအားပေးတဲ့ အနေနဲ့ အခုလို
ထောက်ပံ့မှုတွေကို ဖြတ်တောက်တာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံထဲမှာ အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် အိုစမာ
ဘင်လာဒင်
(Osama Bin Laden) ကို အမေရိကန်က ကြိုတင်အသိပေးခြင်း မရှိဘဲ ဝင်ရောက်
မေလဆန်းတုန်းက ၀င်ရောက် သုတ်သင်ခဲ့ကတည်းက အမေရိကန် အစိုးရနဲ့ ပါကစ္စတန်
အစိုးရကြားမှာ ဆက်ဆံရေး ထိခိုက်ခဲ့ပါတယ်။

261423_1989787718294_1651390024_1869792_3862907_n.jpg
108K View Download

Reply all
Reply to author
Forward
0 new messages