သခင်အောင်သမီး ဒေါ်အောင်ဆန်းစုကြည်ကသမ္မဦးသိန်စိန်ကိုတိုက်တွန်း

3 views
Skip to first unread message

ThaKinSoe

unread,
Jul 15, 2011, 5:53:48 PM7/15/11
to သခင်စီုး, burm...@gmail.com
အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း 2011-07-14 RFA

လက်ရှိ ဦးသိန်းစိန်အစိုးရ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့
နိုင်ငံ့တာဝန်တွေကို
အမြန် ဆောင်ရွက်ဖို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့
တိုက်တွန်းလိုက် ပါတယ်။

မေလ ၂၇ ရက်က ကျင်းပသော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နှစ်ပတ်လည်
အခမ်းအနားနှင့်
လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲတွင်
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
“ရက်ပေါင်း (၁၀၀) ကျော်လာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့
ဘယ်လောက် အထိ အပြောင်းအလဲ ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိတယ် ဆိုတာကို
အခုထိ
ခန့်မှန်းလို့ မရသေးပါဘူး။ ရက်(၁၀၀) ဆိုတာ သိပ်ကြာလှတဲ့ ကာလ မဟုတ်ပေမည့်
တကယ်
လုပ်ချင်ရင်တော့ သိသာအောင်လို့ လုပ်နိုင်တာတွေ ရှိပါတယ်။

လုပ်သင့် လုပ်ထိုက် တာတွေကို အမြန်ဆုံး လုပ်တာဟာ တိုင်းပြည် အတွက်
အကောင်းဆုံး
ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလိုလည်း လုပ်ကြဖို့ကို တိုက်တွန်းချင်ပါတယ်။”
သောကြာနေ့တိုင်း RFA က အပတ်စဉ် တင်ဆက်နေတဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`
အစီအစဉ် အတွက် သောတရှင် တဦးက လက်ရှိ အစိုးရရဲ့ ရက်ပေါင်း (၁၀၀) အတွင်း
ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က
အခုလို
ဖြေကြား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နယ်ခြားစောင့် ၆ဦး လက်နက် ခဲယမ်းနဲ့အတူ KNLA ထံ လာရောက်ပူးပေါင်း
ကြာသပတေးနေ့၊ ဂျူလိုင်လ 14 ရက် 2011 ခုနှစ် နန်းသူးလေ

ကရင်ပြည်နယ်ရှိ မြ၀တီမြို့နယ်တွင် အခြေစိုက် လှုပ်ရှား နေသည့်
နယ်ခြားစောင့်တပ်ရင်း(၁၀၁၇)မှ စစ်သည် ၅ဦးနှင့် (၁၀၂၀) တပ်ရင်းမှ စစ်သည်
၁ဦးသည် ယမန်နေ့က ကရင်လွတ်မြောက်ရေး တပ်မတော်
(KNLA)ထံသို့လက်နက်ခဲယမ်းများနှင့် အတူ လာရောက်ပူးပေါင်းခဲ့သည်။

ဇူလိုင်လ ၁၃ရက်နေ့ ညနေပိုင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ဦး၊
တပ်ကြပ်ကြီး
၁ဦး၊ တပ်ကြပ် ၁ဦးနှင့် တပ်သား ၃ဦးတို့သည် လက်နက် ၇လက်နှင့်အတူ KNLA
တပ်ရင်း(၁၀၁)ထံသို့လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်း KNLA တပ်မဟာ(၇)
ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ကေအိုင်စီကို ယခုလို ပြောသည်။

“နယ်ခြားစောင့်တပ်ရင်း ၁၀၁၇က တပ်ကြပ်ကြီး စောအဲတောတော အပါအ၀င် စစ်သည်
၅ဦးဟာ
မနေ့က ညနေ ၃နာရီမှာ KNLA တပ်ရင်း(၁၀၁) ဌာနချုပ်မှာ လာပူးပေါင်းတာ။
သူတို့နဲ့အတူ
M-79 ၂လက်၊ M-16 ၂လက်၊ AK ၁လက်၊ ကျည်ဆံတွေ ပါ တယ်။”ဟု ပြောသည်။

၎င်းတို့သည် နယ်ခြားစောင့်စစ်သည်အဖြစ် ဆက်လက်တာဝန် မထမ်းဆောင်လိုတော့ဘဲ
KNLAတပ်ဖွဲ့တွင် သာ ဆက်လက် တာဝန် ထမ်းဆောင်လိုသောကြောင့်
လာရောက်ပူးပေါင်းကြခြင်းဖြစ်ကြောင်း KNLA (၁၀၁)တပ်ရင်းမှူး
ဒုဗိုလ်မှူးကြီးစောဖော ဒိုက ပြောသည်။

မြ၀တီမြို့နယ် မဲ့ပလဲ့ကျေးရွာတွင် အခြေစိုက်သည့်
နယ်ခြားစောင့်တပ်(၁၀၁၇)ကို
ဗိုလ်မှူးစောဒိဒိက တပ်ရင်းမှူးအဖြစ် ဦးစီး လျက်ရှိသည်။

အလားတူ ဇူလိုင်လ ၁၂ရက်နေ့ကလည်း ဗိုလ်မှူးမုတ်သုန် ဦးစီးသည့်
နယ်ခြားစောင့်တပ်
(၁၀၂၀) မှ တပ်ကြပ်တစ်ဦးသည် RPG-7 ၁လက်၊ AK ၁လက်၊
စကားပြောစက်တစ်လုံးနှင့်အတူ
KNLA ထံလာရောက်ပူး ပေါင်းခဲ့သေးသည်။

မြန်မာအစိုးရ၏ တိုင်းရင်းသားများအပေါ် စစ်ဆင်ရေး ဂျီနီဗာ ပြဋ္ဌာန်းချက်
ချိုးဖောက်

By ဦးအောင်လွင်ဦး ကြာသပတေး, 14 ဇူလိုင် 2011

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ
ဖြစ်ပွားရာမှာ
မြန်မာစစ်တပ်က အင်အား အပြင်းအထန်သုံး တိုက်ခိုက်နေတာဟာ နိုင်ငံတကာ
ဥပဒေတွေနဲ့
မညီဘူးလို့ ဥပဒေ ပညာရှင်တွေက မြင်ကြပါတယ်။ အထူးသဖြင့်ကတော့ ပြည်တွင်းစစ်
ဖြစ်ပွားရာမှာ လေကြောင်းအင်အား အသုံးပြုမှုတွေ၊ အရပ်သားတွေ ထိခိုက်မှုတွေ
ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒါဟာ ဂျီနီဗာ သဘောတူညီချက်ကို
ချိုးဖောက်ရာ
ရောက်နေပြီလို့ ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ ဂျီနီဗာ သဘောတူညီချက်ကို
အခုနောက်ဆုံး
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်
တိုက်ခိုက်မှုတွေက ချိုးဖောက်ရာ ရောက်နေပြီလို့ နိုင်ငံတကာ ဥပဒေရေးရာ
ကျွမ်းကျင်သူတွေက ထောက်ပြလာကြတာပါ။

အထူးသဖြင့် မြန်မာစစ်တပ်က ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းနဲ့
တိုက်ပွဲတွေအတွင်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေ
အတွင်းမှာလည်း အရပ်သားတွေ ထိခိုက်မှုတွေ ရှိတဲ့အထိ ဖြစ်နေရတာတွေဟာ
နိုင်ငံတကာ
ဥပဒေတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု အင်ဒီယားနား
တက္ကသိုလ်က နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်း
ငွန်ကျူံးလျန်က
ပြောပါတယ်။

“ရှမ်းပြည်တပ်မတော် ဌာနချုပ်အနီးမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲသွားတာ၊
နောက်ပြီးတော့ ကချင်ပြည်နယ်ထဲမှာ လက်နက်ကြီးတွေ သုံးပြီးတော့ အရပ်သားရော
မရှောင်၊ ပြီးတော့ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ စခန်းတွေကို
လိုက်ပစ်နေတဲ့
ကိစ္စတွေက ဘာကို ပထမဦးဆုံး ညွှန်ပြသလဲဆိုတော့ ပြည်တွင်းစစ် မြန်မာပြည်မှာ
အမှန်တကယ် ဖြစ်နေတာကို သက်သေပြတယ်။

“ဒုတိယအချက်က ပြည်ထောင်စု မြန်မာနိုင်ငံဟာ Geneva Convention ခေါ်တဲ့
နိုင်ငံတကာ
စစ်နဲ့သက်ဆိုင်တဲ့ ဥပဒေကို သြဂုတ်လ ၂၅ ရက်၊ ၁၉၉၂ ခုနှစ်မှာ
လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ဖြစ်တဲ့အတွက် စစ်နဲ့ဆိုင်တဲ့ နိုင်ငံတကာ
ဓလေ့ထုံးတမ်း ဥပဒေတွေနဲ့ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားခြင်း
ဥပဒေတွေကို
လိုက်နာဖို့ လိုတယ်။ Geneva Convention ရဲ့ တကယ့် အနှစ်သာရက
တိုင်းပြည်တခုနဲ့တခု အသီးသီး စစ်ကြေညာပြီးတော့၊ ဒါမှမဟုတ် တိုင်းပြည် ၂
ခုထက်
ပိုတဲ့ဟာ စစ်ကြေညာပြီးတော့ အချင်းချင်း ပစ်ခတ်တဲ့ကိစ္စ ဖြစ်တယ်။

“ဒါပေမဲ့ ဒီ Geneva Convention က ဘာဖြစ်သွားလို့ မြန်မာပြည်လို
ပြည်တွင်းစစ်မှာ
အကြုံးသွားဝင်သလဲ ဆိုတော့ လူသားချင်း စာနာ ထောက်ထားခြင်းဆိုင်ရာ ဥပဒေတွေ
ပါလာတဲ့အတွက်၊ အခု မြန်မာအစိုးရကလည်း လက်မှတ်ထိုးထားတဲ့ တိုင်းပြည်
ဖြစ်တဲ့အတွက် အဲဒါ လိုက်နာစရာ လိုတယ်။”

နိုင်ငံတကာက စစ်မက်ဆိုင်ရာ ပဋိပက္ခတွေအတွင်း မြေဇာပင် ဖြစ်နေရသူတွေကို
အထူးသဖြင့် အကာအကွယ်ပေးဖို့ ဂျီနီဗာ သဘောတူညီချက်က ပြဋ္ဌာန်းထားတာပါ။ ဒီလို
ပြဋ္ဌာန်းချက်တွေကို သဘောတူ လက်မှတ်ရေးထိုးထားပေမဲ့ လိုက်နာဖို့
ပျက်ကွက်တဲ့
လုပ်ရပ်တွေကို ကျူးလွန်ကြောင်း ထင်ရှားတယ်ဆိုရင် နိုင်ငံတကာ
အသိုင်းအ၀န်းမှာ
အထောက်အထားနဲ့တကွ တိုင်တန်းနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့လည်း ဥပဒေရေးရာ
ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က ပြောပါတယ်။

“ဥပမာ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ ရဲဘော်တယောက်ကို သူတို့ ခေါ်ပြီးတော့
နှိပ်စက်ညှဉ်းပန်းပြီး သတ်သွားတဲ့ ကိစ္စဟာ သူတို့က Geneva Convention ကို
ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ကျတယ်။ ဒါမျိုးကိစ္စဖြစ်ရင် အခု KIA က
တက်လာတဲ့ အစိုးရသစ်ဟာ Geneva Convention ကို မလိုက်နာပါဘူး ဆိုတဲ့ဟာ
သူတို့
လုပ်နေတဲ့ကိစ္စ ရှိတယ်။ ဒီလိုပဲ ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ်၊
ကယားဖြစ်ဖြစ်၊
မွန်ဖြစ်ဖြစ်၊ ချင်းဖြစ်ဖြစ် ဒါမျိုး Geneva Convention ချိုးဖောက်တဲ့
ကိစ္စတွေကို နိုင်ငံတကာ အသိုင်းအ၀န်းတွေက တဆင့် Geneva Convention
လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို အကြောင်းကြားဖို့က လုပ်ဆောင်ရမယ့်ကိစ္စ
ဖြစ်တယ်။

“Geneva Convention ကို ချိုးဖောက်ပြီးတော့ အရေးယူခံရတဲ့
တိုင်းပြည်ရယ်လို့
လက်ညှိုးထိုးစရာတော့ မရှိဘူး။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအ၀န်းမှာ
မျက်နှာပျက်စရာ ဖြစ်တယ်။ နိုင်ငံတကာ အသိုင်းအ၀န်းမှာ ယဉ်ကျေးသိမ်မွေ့တဲ့
တိုင်းပြည်နဲ့ မယဉ်ကျေး၊ မသိမ်မွေ့တဲ့ တိုင်းပြည် ဆိုပြီးတော့
သတ်မှတ်ခံရတဲ့
ဓလေ့ထုံးတမ်း ရှိတယ်။ ဒါမျိုး Geneva Convention ကို မလိုက်နာတဲ့ လူတွေက
မယဉ်ကျေး၊ မသိမ်မွေ့တဲ့ တိုင်းပြည်အဖြစ် အပြောခံရတယ်။ ဆိုတော့
ကိုယ့်တိုင်းပြည်
နိုင်ငံတကာ အသိုင်းအ၀န်းမှာ မျက်နှာပျက်စရာမျိုးကို မလုပ်ချင်တဲ့
လူတိုင်းက ဒီ
Geneva Convention ကို သူတို့က အတတ်နိုင်ဆုံး လိုက်နာကြတာ ဖြစ်ပါတယ်။”

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စစ်အစိုးရက ရွေးကောက်ပွဲတရပ် ကျင်းပပြီး
ဒီနှစ်ဆန်းပိုင်း အစိုးရသစ် ဖွဲ့စည်းခဲ့တဲ့ နောက်ပိုင်း တကျော့ပြန်
ကြီးထွားလာခဲ့တာပါ။ အထူးသဖြင့်ကတော့ အပစ်အခတ် ရပ်စဲရေး ရယူထားတဲ့
တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ လက်နက်ချဖို့ ဒါမှမဟုတ်ရင်လည်း
နယ်ခြားစောင့်
တပ်ဖွဲ့လို အဆင့်နှိမ့် ပြောင်းလဲဖွဲ့စည်းဖို့ မြန်မာအာဏာပိုင်တွေဘက်က
ဖိအားပေးရာက လက်နက်ကိုင် ပဋိပက္ခတွေ အပြင်းအထန် ပြန်လည် ပေါ်ပေါက်လာတာလည်း
ဖြစ်ပါတယ်။

အစိုးရစစ်တပ်မှ လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှုတွင် ဒေသခံများ
ထိခိုက်ဒဏ်ရာရ
ကြာသပတေးနေ့၊ ဂျူလိုင်လ 14 ရက် 2011 ခုနှစ် ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်သွားရာလမ်း ကားမှိုင်း ကထန်ကျေးရွာတွင် ဇွန်လိုင်လ ၁၁
ရက်နေ့ နံနက် မြန်မာစစ်တပ်လက်နက်ကြီး စမ်းသပ်ပစ်မှုနှင့် မြေမြုပ်
မှိုင်းပေါက်ကွဲမှုကြောင့် ရွာသား ၁၀ယောက်ထိဒဏ် ရာ ရရှိခဲ့သည်။

ကထန်ကျေးရွာဒေသခံများ လယ်တောဆင်းချိန် နံနက် ၉ နာရီခန့်တွင်
အမြှောက်ပစ်ခတ်ခဲ့ခြင်းဖြစ်၍ ၎င်းတို့အား မြစ်ကြီးနားဆေးရုံတွင်
ထားရှိကြောင်း
မြစ်ကြီးနားမြို့ခံတစ်ဦးပြောသည်။

“မြစ်ကြီးနားဆေးရုံမှာ အရေးပေါ်ခန်းမှာ ၁၁ ယောက်ပေါ့နော်
ကျန်တဲ့လူတွေကိုလည်း
အထူးအရိုးကုခန်းမှာ ဆေးကုသနေတယ်။ ခုဒီဟာဖြစ်ပုံက ခလရ (၂၄) ကနေ
အမြှောက်ပစ်ခတ်တဲ့ အတွက်ကြောင့်မို့ လယ်တောထဲမှာရှိတဲ့တောင်သူတွေကို
ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကျွန်တော်တို့သိရတယ်။ တစ်ခုက
ဗုံးနင်းမိတဲ့အတွက်ကြောင့်မို့ ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။”

ကားမိုင်းဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် အစိုးရတပ်များကြား
တင်းမာမှုမရှိသည့်နေရာဖြစ် သောကြောင့်
မိမိဒေသခံများအသက်မွေးဝမ်းကျောင်းသွား
လာလှုပ်ရှားရာနေရာများတွင် မှိုင်းမြုပ်ထားခြင်း မရှိဟု KIO
တွဲဖက်အတွင်းရေးမှူး
ဦးလာနန်ပြောဆိုသွားသည်။

“အဲကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လည်း ရှေ့တန်းမှာရှိ နေသလောက်ရဲဘော်တွေကို
စုံစမ်းပြီးပြီ အဲဒီဒေသမှာ အဲဒီဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲဘော်တွေ
အဲမှာမရောက်ဘူး ဒါကြောင့်မို့ ဖြစ်သွားတဲ့မှိုင်းကွဲမှုမှာ ကျွန်တော်တို့
KIOနဲ့လုံးဝပတ်သက်မှုမရှိဘူး ခင်ဗျ။ ကျွန်တော်တို့ကတော့ လူထုကို
ထိခိုက်စေမဲ့ဖြစ်စဉ်မျိုး တစ်ခုမှမလုပ်ပါဘူး။
လုပ်ဖို့လည်းရည်ရွယ်ချက်မရှိပါဘူး။ အဲဒီဘက်မှာ KIA
ရှေ့တန်းစခန်းတွေမရှိပါဘူး။
အဲမှာအမြဲတမ်းသူတို့ရဲ့ နယ်မြေစိုးမိုးရေးအနေနဲ့
မြန်မာစစ်တပ်တွေအမြဲတမ်းလှုပ်ရှားနေတဲ့ နယ်မြေတွေပါ။”

သို့သော် ၄င်းဖြစ်စဉ်တွင် ကထန်ဒေသခံ ထိခိုက်ဒဏ်ရာရသောသူများအား
ကချင်ပြည်နယ်အစိုးရ ၀န်ကြီးအဖွဲ့မှ တခြားအဖွဲ့များမှ အကူညီမယူရန်
လာရောက်ကြည့်ရှု၍ ဆေးကုသစာရိတ်များ တာဝန်ယူပေးခဲ့ကြောင်း ဒေသခံပြောသည်။

“စစချင်းဖြစ်တဲ့နေ့ မြစ်ကြီးနားဆေးရုံမှာ သက်ဆိုင်ရာ
ကချင်ပြည်နယ်အစိုးရ၀န်ကြီးအဖွဲ့ကလာရောက် ကြည့်ရှု ကြတယ်။
သူတို့အားလုံးအစိုးရတာဝန်ယူပြီးမှကြည့်ရှုပေးမယ်တခြားမည်သူမည်ဝါရဲ့ အကူ
အညီမှမယူနဲ့။ ခွင့်ပြုချက်မပေးဘူးလို့ ပြောတာပေါ့။ အဓိက
သူတို့အစိုးရပဲတာဝန်ယူပြီးမှ ကုသပေးတာပေါ့။ တခြားကတော့
ဆွေမျိုးမိသားစုတွေပဲ
လာရောက်ကြည့်ရှုတဲ့အဆင့်ပဲ ရှိတယ်လို့ပြောတယ်။”

ယမန့်ည ၇ နာရီခန့်တွင်လည်း မြစ်ကြီးနား ဧရာဝတီမြစ်တစ်ဖက်ကမ်း
ဝိုင်းမော်မြို့
မုတ်ကြိတ်ကျေးရွာ ကွန်ကရစ်တံတား တစ်ကြိမ်ပေါက်ကွဲ၍ ဒီဂျီတယ်လ်
တယ်လီကွမ်ဆက်သွယ်ရေးဓါတ်တိုင်တွင် နံနက်၂ နာရီခန့်တွင် တစ်ကြိမ် ၂
ကြိမ်ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မြန်မာစစ်တပ်မှ ကားမိုင်းဒေသတွင်း လက်နက်ကြီးများ စမ်းသပ်ပစ်ဖောက်ခြင်း
မြေမြုပ်မှိုင်းပေါက်ကွဲခြင်း များလည်းဖြစ်ပေါ်နေသောကြောင့် ဒေသခံများသည်
ယခုဖောက်ခွဲမှုသည်လည်းအစိုးရစစ်တပ်များ ဖြစ်နိုင်ကြောင်း
ခန့်မှန်းပြောဆိုနေကြသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတပ်ကြား
တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ အစိုးရစစ်တပ်မှ စစ်အင်အားလက်နက်များသည်
ကချင်ပြည်နယ်တ၀ိုက်တိုးချဲ့လာခြင်းအပေါ် ဟန့်တားသည့်အနေဖြင့် KIA တပ်များ
လမ်းတံတား ၂၀စင်းအထက်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။

ယခုအချိန်တွင် KIOသည် ယာယီအပစ်ရပ်ရေးပြုလုပ်ရန် မြန်မာအစိုးရအား
ဇွန်လိုင်လ ၈
နေ့၌ပြောဆိုထား သော်လည်း အစိုးဖက်မှတုံ့ပြန်ခြင်းမရှိသေးသည့်အပြင်
ရှေ့တန်းစစ်မျက်နှာတွင်ပစ်ခတ်မှုဆက်လက်ရှိ နေကြောင်း KIO
အထွေထွေအတွင်းရေးမှူး
ဦးလာနန်ပြောသည်။

အစိုးရသစ် လက်အောက် အကောက်ဂိတ်များ ကုလားတန်မြစ်ကြောင်းတွင်
သောင်းကျန်းနေ
မောင်ရမ္မာ News Date:7/14/2011

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်ပိုင်း မြန်မာနှင့် အိန္ဒိယ အကြား
ကုန်သွယ်ရာ
ကုလားတန် မြစ်ကြောင်း တလျှောက်တွင် ဒေသ အစိုးရ အာဏာပိုင်များက
ဖွင့်လှစ်ထားသော
အကောက်ဂိတ် များကြောင့် ကုလားတန် မြစ်ကို မှီပြီး လုပ်ကိုင်
စားသောက်နေကြသော
ပြည်သူများ အထူး ဒုက္ခ ရောက်လျှက် ရှိကြောင်း သိရသည်။

ကျောက်တော်- ပလက်ဝနှင့် အိန္ဒိယ နယ်စပ် တရောက်ထိ ကုလားတန် ဖြစ်ကြောင်း
တလျှောက်တွင် အာဏာပိုင်များက ဖွင့်လှစ်ထားသော အကောက်ဂိတ်ပေါင်း အနည်းဆုံး
၂၀
ခုရှိပြီး အဆိုပါ အကောက်ဂိတ်များက တရာမ၀င် ကုန်ပစ္စည်းများသာမက တရားဝင်
ကုန်ပစ္စည်းများကိုပါ အကောက် ကောက်ခံနေကြောင်း သိရသည်။

" ပါဝင်ပတ်သက်နေတဲ့ ဌာနတွေကတော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ
အကုန်လုံးပါဘဲ
ခင်ဗျား။ စစ်တပ်၊ ရဲ၊ သစ်တော၊ တခြား မြို့နယ် အဆင့် ဌာနဆိုင်ရာ
အဖွဲ့အစည်းတွေလည်း ပါဝင် ပတ်သက် နေပါတယ်။ ကျောက်တော်ကနေ ပလက်ဝ၊ အဲဒီက
တဆင့်
အိန္ဒိယ နယ်စပ် တရောက်ထိ ရေလမ်း ခရီးတလျှောက်မှာ ဖွင့်လှစ်ထားတာ
ဖြစ်ပါတယ်" ဟု
ကုလားတန် မြစ်ကြောင်းအတိုင်း စုန်ဆန် သွားလာ နေသော စက်လှေပိုင်ရှင်
တစ်ဦးက
ပြောသည်။

ကုလားတန် မြစ်ကြောင်း တလျှောက် ဖွင့်လှစ်ထားသော အကောက်ဂိတ်များကို သူ
မှတ်မိသလောက် သူက ယခုကဲ့သို့ ပြောသည

" ကျောက်တော်မြို့ကနေ နယ်စပ်အထိ ၂၀ ခုရှိတဲ့ အထဲမှာ
ကျောက်တော်မြို့ဆိုရင်
ကျောက်တော် မြို့မဂိတ် ဖြစ်ပါတယ်။ အဲဒီမြို့မဂိတ်မှာဆိုရင် ရဲ၊ SP၊
ဆိပ်ကမ်းရဲ
(ရေယာဉ်)၊ စရဖ၊ မယက (အခု မြို့နယ် အုပ်ချုပ်ရေး အဖွဲ့) ဌာနပေါင်းစုံ
ပါဝင်ပါတယ်။ နောက်တခါ စကခ ၉ က ဖွင့်ထားတဲ့ ရွှေပြည် ကျေးရွာ အကောက်ဂိတ်၊
တင်းမကျေးရွာ ဖွင့်လှစ်ထားတဲ့ တင်းမ ရဲစခန်း အကောက်ဂိတ်၊ ပီဟုမ်း
အကောက်ဂိတ်၊
မီးဝနဲ့ တဖက် တကမ်းမှာ ကျောက်တော်မြို့ နယ်အဆုံးနားမှာ ဖွင့်ထားတဲ့ ဂိတ်၊
အကောက်ဂိတ်တွေကတော့ အများကြီးပါဘဲ" ဟုသူက ပြောသည်။

ပလက်ဝမြို့ နယ်အတွင်းရှိ ကုလားတန် မြစ်ကြောင်း တလျှောက်ဖွင့်လှစ်ထားသော
အကောက်ဂိတ် များမှာ ဒလက်မေ ဂိတ်၊ ငတက် အကောက်ဂိတ် ၊ နှုံးဗူး အကောက်ဂိတ်၊
တောင်ပြို အကောက်ဂိတ်၊ တုန်းမောင်းဝ အကောက်ဂိတ်၊ တရွန်အိုင် အကောက်ဂိတ် ၊
တရွန်အိုင်နှင့်ချင်းလက်ဝ ကြားမှာ စစ်တပ် လှုပ်ရှားစစ်ကြောင်းများက
ဖွင့်လှစ်ထားသော အကောက်ဂိတ်များ ဖြစ်ကြသည်။

" သူတို့ ဘယ်လို ကောက်တယ်ဆိုရင် ရခိုင်ကနေ အိန္ဒိယကို ယူတဲ့ ၀က်တကောင်ကို
ဂိတ်တိုင်းက ၅၀၀ ကျပ် ကောက်ယူပါတယ်၊ ပိဿာ ၂၅ ပိဿာ ရှိတဲ့ ဒေသအခေါ် ငပိ
တကိုင်
ဆိုရင် ၅၀၀ ကျပ် ကောက်ပါတယ်။ ငါးခြောက်အိတ်ကတော့ အကြီးအငယ်အလိုက်
တအိတ်ကို ကျပ်
၅၀၀ ကနေ ၁၀၀၀ ကျပ်ထိ ကောက်ပါတယ်။ အကောက်ဂိတိတွေက ကောက်တာ အားလုံးကို
ပေါင်းလိုက်ရင် ၀က်တကောင် ကျောက်တော်က အိန္ဒိယ နယ်စပ်ထိ ရောက်ဖို့ ကျပ်
၇၀၀၀၀ မှ
၈၀၀၀၀ထိ ပေါက်ပါ တယ်။ တခြားကုန်တွေလည်း ဒီအတိုင်းဖြစ်ပါတယ်။ အိန္ဒိယကို
ရောက်ရင်
အမြတ်ကျန်ရုံဘဲ ကျန်ပါ တယ်။ ဒါကလည်း ၀က်အကောင်ကြီးတွေမှ
တွက်ခြေကိုက်တာပါ" ဟု
သူက ဆက်ပြောသည်။

ယခုကဲ့သို့ အကောက်များသော်လည်း အိန္ဒိယနယ်စပ်တွင် ၀က်သားတစ်ကီလို ၂၅၀ ရူပီ
ဈေးရှိသဖြင့် အိန္ဒိယသို့ ၀က်တင်ပို့ရသည်မှာတွက်ခြေကိုက်ကြောင်းသူက
ပြောဆိုသည်။

" ငွေလှဲနှုန်းမှာ အိန္ဒိယ တစ်ရူပီကို မြန်မာကျပ်ငွေ ၁၆ ကျပ်ဈေးရှိတော့
မြန်မာဘက်က ကုန်တွေ အိန္ဒိယကို တင်ပို့ရတာ တွက်ခြေကိုက်ပါတယ်။ ၀က်ကတော့
အများကြီး တင်ပို့ပါတယ်" ဟု သူက ပြောသည်။

အိန္ဒိယနှင့် ရခိုင်ပြည်နယ် အကြားကုန်သွယ်ရာတွင် ရခိုင်ဘက်မှ ၀က်၊ ကြက်၊
ဆိတ်၊
ငပိ၊ ငါးခြောက်၊ ဆားနှင့် စိုက်ပျိုးသီးနှံများကို တင်ပို့ ကြပြီး
အိန္ဒိယဘက်မှ
အိမ်သုံးဆေးဝါး အမျိုးမျိုး၊ အပ်ခြုပ်စက်များ၊ ကွမ်းစားဆေးရွက်ကြီး၊
ကွမ်းယာမွှေးများ၊ ငရုပ်ကောင်းစေ့၊ ဂျင်းနှင့် အိန္ဒိယ နိုင်ငံထုတ် လူအသုံး
အဆောင် ပစ္စည်းများနှင့် အိုးခွက်များးကို တင်သွင်းကြသည်ဟု သိရသည်။

<http://www.yoma3.org/?cat=3>
တအိမ်ထောင် ကျပ်တထောင်နှုန်း ကင်းကြေငွေ ကောက်ခံ
သတင်း | July 14th, 2011 | စာရေးသူ - ဘုန်းခိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကျွန်သာယာဒိုင်နယ်အုပ်စု၊
ထိပ်ချောင်းကျေးရွာမှာ ကျေးရွာအာဏာပိုင်များက တအိမ်ထောင်ကို ကင်းကြေးငွေ
တထောင်နှုန်း ကောက်ခံနေပြီး ကျေးရွာသားတွေ မကျေမနပ်ဖြစ်နေကြောင်း
စုံစမ်းသိရသည်။

အဆိုပါ ကင်းကြေးကောက်ခံသည့် ထိပ်ချောင်းကျေးရွာတွင် အိမ်ထောင်စုပေါင်း
(၈၃)
စုကို အခုလ (၆)ရက်နေ့က အစည်းအဝေးခေါ်ယူပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ
တအိမ်ထောင်ကို တလ တထောင်ကျပ်နှုန်း ကောက်ခံနေတာဖြစ်ကြောင်း
ဒေသခံကျေးရွာသားက
ပြောသည်။

“သူတို့ပြောတာက ကျေးရွာလုံခြုံရေးကင်းဆိုပြီး ကင်းစောင့်ငှားခက ၅
သောင်းကျမယ်ပေါ့ အဲဒီအတွက် တအိမ်ထောင်ကို တထောင်ကောက်တာ။ ကျန်တာကိုတော့
ကျေးရွာ
အာဏာပိုင်တွေက ရန်ပုံငွေဆိုပြီး သူတို့အစည်းအဝေးတွေ ဘာတွေသွားတဲ့အခါ
သုံးမယ်ပေါ့ အဓိကကောက်နေတာက အောင်ကျော်မိုးလို့ခေါ်တယ် သူက ရာအိမ်မှူးပဲ
မပေးနိုင်တဲ့သူဆိုရင် ဆင့်ခေါ်ပြီး တောင်းတာပဲ” ဟုပြောသည်။

ထိပ်ချောင်းကျေးရွာသားများမှာ ယခုနှစ်အတွင်း နွေစပါး၊ မိုးစပါး
နှစ်သီးစလုံး
စိုက်ပျိုးဖြစ်ထွန်းမှုမရှိသည့်အတွက် စီးပွားရေးထိခိုက်ပြီး
ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းမထားနိုင်သည့်အခြေအနေနှင့်
ရင်ဆိုင်နေကြရသည်။

အခုလို အခြေအနေမျိုးတွင် အာဏာပိုင်များက အတင်းအဓမ္မ
ကျေးရွာလုံခြုံရေးအကြောင်းပြကာ ကင်းကြေးငွေကောက်ခံနေသဖြင့်
ကျေးရွာသားအများစုမှာ ပေးဆောင်နိုင်ခြင်းမရှိသည့်အတွက် အခက်အခဲဖြစ်ရကာ
ကျေးရွာအာဏာပိုင်များအပေါ် ကျေနပ်မှု မရှိကြောင်းသိရှိရသည်။

စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ထောက်ခံဖို့ အာဆီယံကို တိုက်တွန်း
2011-07-14
RFA

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ကုလသမဂ္ဂ စုံစမ်းရေး
ကော်မရှင် ဖွဲ့စည်းရေးကို ၀ိုင်းဝန်း ထောက်ခံ ပါဝင်ကြဖို့ မြန်မာ့အရေး
ပူးပေါင်းလှုပ်ရှားသူများ အဖွဲ့ Burma Partnership က အာဆီယံ နိုင်ငံ
အစိုးရတွေကို တိုက်တွန်း တောင်းဆိုလိုက် ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ လာမည့် ရက်ပိုင်း အတွင်း ကျင်းပမည့်
အာဆီယံ ၀န်ကြီးများ အစည်းအဝေးနဲ့ ဒေသ ဆိုင်ရာ အစည်းအဝေးတွေမှာ
မြန်မာ့အရေး
ဆွေးနွေးနိုင်ဖို့ အတွက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့က ဒီကနေ့
ဂျကာတာမြို့
အခြေစိုက် အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေး အဖွဲ့ဝင်တွေ ဖြစ်တဲ့ အာဆီယံ
နိုင်ငံတွေက
သံတမန်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို တင်ပြ
ဆွေးနွေးခဲ့ကြောင်း၊ အာဆီယံနိုင်ငံ အစိုးရတွေအနေနဲ့ မြန်မာပြည် အရေးကို
စောင့်ကြည့် လေ့လာ မနေသင့်တော့ကြောင်းနဲ့ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ အတွက် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင်
ပေါ်ပေါက်ရေးကို
ထောက်ခံ အားပေးဖို့ တောင်းဆိုခဲ့ကြောင်း အဖွဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှုး
မခင်ဥမ္မာက ပြောပါတယ်။

အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကုလသမဂ္ဂ တင်ပြမယ် 2011-07-14 RFA

အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ
လာမည့်
သြဂုတ်လ ပထမပတ် အတွင်း တိုင်တန်း တင်ပြသွားမယ်လို့ ပါတီရဲ့ ရှေ့နေ
ဦးဥာဏ်ဝင်းက
RFA ကို ဒီကနေ့ ပြောပါတယ်။

"သြဂုတ်လဆန်းလောက် နောက်ဆုံးပါဘဲ။ ကျနော်တို့ တင်ဖြစ်မှာပါ။
လူ့အခွင့်အရေး
ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းများ အရ ပြည်တွင်းမှာ လမ်းဆုံးလို့ ရှိရင်
အဲဒီမှာ
သက်သာခွင့် လျှောက်ထားခွင့် ရှိတယ်ပေါ့ဗျာ။ အဲဒါကို တင်ဖို့ပါ။

" ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ လိုအပ်တဲ့ ဥပဒေ ရေးရာ
ကိစ္စတွေကို
ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ ဖြစ်ကြတဲ့
ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ မနေ့က အသေးစိတ် ဆွေးနွေး တိုင်ပင်ခဲ့ကြ
ပါတယ်။
အန်အယ်လ်ဒီ ပါတီ တရားဝင် ရပ်တည်ရေးကိစ္စကို ပါတီဘက်က ဥပဒေကြောင်း အရ
ဗဟိုတရား
ရုံးချုပ်မှာ အစိုးရကို တရားစွဲဆို ခဲ့ပေမယ့် နောက်ဆုံး အထူး အယူခံ အဆင့်
အထိ
ပယ်ချခံရတာကြောင့် ပြည်တွင်းမှာ ကြိုးပမ်း ဆောင်ရွက်ဖို့ လမ်းဆုံးသွားပြီ
ဖြစ်တဲ့ အတွက် အခုလို ကုလသမဂ္ဂကို တင်ပြမှာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက
ပြောပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီကို ပါတီသစ် အဖြစ် မှတ်ပုံတင်ရေး ကိစ္စ အပါအ၀င်
အစိုးရနဲ့
အန်အယ်ဒီ အကြား မတူညီတဲ့ ဥပဒေ အမြင်တွေကို ညှိနှိုင်း ဆောင်ရွက်သွားဖို့
ဆန္ဒရှိကြောင်း မကြာသေးခင်က ပြည်ထဲရေး ၀န်ကြီး ဌာနကို အန်အယ်လ်ဒီက
စာတစ်စောင်
ပေးပို့ခဲ့ ပါတယ်

သမ္မတခါဇိုင်း ညီ အသုဘ အသေခံ ဗုံးခွဲခံရ

By ဗွီအိုအေ (မြန်မာဌာန ) ကြာသပတေး, 14 ဇူလိုင် 2011

အာဖဂန်နစ္စတန်နိုင်ငံမှာ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ရဲ့ အဖေတူ
အမေကွဲ
ညီဖြစ်သူ တနေ့ကပဲ လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ အာမက် ၀ါလီ ခါဇိုင်း
(Ahmad
Wali Karzai) အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပရာ ကန်ဒါဟာမြို့က
ဗလီမှာ
အသေခံ ဗုံးခွဲသမားက တိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် ပြည်နယ် ဘာသာရေးကောင်စီ အကြီးအကဲ
ဟက်ခ်မာတူလာ ဟက်ခ်မတ် (Hekmatullah Hekmat) သေဆုံးသွားတယ်လို့ ပြည်ထဲရေး
ဝန်ကြီးဌာနက ပြောပါတယ်။ ကလေးတဦးလည်း သေဆုံးသွားသလို လွှတ်တော်အမတ်တဦး
အပါအ၀င်
တခြား လူ ၁၅ ဦးလည်း ဒဏ်ရာတွေ ရသွားကြပါတယ်။

ဗုံးခွဲသမားဟာ ခေါင်းပေါင်းထဲမှာ ဖွက်ယူလာတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့
တိုက်ခိုက်တဲ့ အချိန်မှာပဲ သမ္မတညီ အာမက် ၀ါလီ ခါဇိုင်းရဲ့ အောက်မေ့ဖွယ်
အခမ်းအနားမှာ အစိုးရ ၀န်ကြီးတွေ၊ ဥပဒေပြု အမတ်တွေ အပါအ၀င် ပြည်နယ်နဲ့
ပြည်ထောင်စု အစိုးရရဲ့ ထိပ်တန်း အဖွဲ့ဝင်တွေလည်း ရောက်ရှိနေကြချိန်
ဖြစ်ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပြီးတော့ သူတို့ကို လုံခြုံတဲ့နေရာ ခေါ်ဆောင်သွားကြပါတယ်။

ဒီကနေ့ တိုက်ခိုက်မှုအတွက် ဘယ်သူကမှ သူတို့ရဲ့ လက်ချက်ပါဆိုပြီး ထုတ်ဖော်
ပြောကြားတာ မရှိသေးပါဘူး။

မြစ်ဆုံရေကာတာ ဆက်လက်တည်ဆောက် 2011-07-14 RFA

ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို အကောင်အထည် မဖော်ဖို့ ပညာရှင်တွေ
တားမြစ်တဲ့ကြားက တရုတ် အစိုးရပိုင် ကုမ္ပဏီနဲ့ မြန်မာ အစိုးရနဲ့ နီးစပ်တဲ့
အေရှားဝေါလ် ကုမ္ပဏီတို့က ရှေ့ဆက် ဆောင်ရွက်နေတယ်လို့ Burma Rivers
Network
မြန်မာမြစ်များ ကွန်ယက် အဖွဲ့က ဒီနေ့ ပြောကြားလိုက် ပါတယ်။

စာမျက်နှာ ၉၄၀ ကျော်ပါ Environmental impact assessment ပတ်ဝန်းကျင်
ထိခိုက်မှု သုံးသပ်ချက်မှာ ဧရာဝတီ မြစ်ဆုံမှာ ဒီလို ဧရာမ ရေကာတာကြီး
ဆောက်လုပ်ဖို့ မလိုအပ်ဘူးလို့ ဖော်ပြထားပါတယ်။ Environmental impact
assessment
EIA ဆိုတဲ့ မဲခေါင် မြစ်ဝှမ်းဒေသမှာ ဆည်တွေ မဆောက်လုပ်ခင် ကြိုတင်
တိုင်းတာ
ဆန်းစစ်ချက်မှာ ရေကာတာ တည်ဆောက်မှာကို ကန့်ကွက် တားမြစ်ထားပေမဲ့
ဆောက်လုပ်နေတယ်လို့ Burma Rivers Network အဖွဲ့က မအာနန်က ပြောပါတယ်။

"၂၀၀၉ ခုနှစ်ကထဲက ထုတ်ထားတဲ့ လေ့လာမှု EIA မှာ မြန်မာ ပြည်သူ လူထုတွေကို
ပြရမယ်ဆိုပြီး ပညာရှင်တွေက ပြောထားတယ်။ ဒါပေမဲ့ တရုတ်နဲ့ ဗမာအစိုးရတွေက
ဖွက်ထားတယ်။ ဘယ်တုန်းကမှလည်း ပြည်သူ လူထု ဆီလည်း မရောက်ဘူး။

" ဒီလေ့လာချက်အတွက် ရေကာတာ ဆောက်လုပ်မည့် တရုတ် အစိုးရပိုင် CPI
ကော်ပိုရေးရှင်းက ငွေကြေး အကုန်အကျခံပြီး မြန်မာနိုင်ငံက ဘန်ကာလို့
အတိုကောက်
ခေါ်တဲ့ Biodiversity and Nature Conversation Association ဇီဝ
မျိုးစုံမျိုးကွဲနဲ့ သဘာဝ ထိန်းသိမ်းရေး အသင်းနဲ့ တရုတ်နိုင်ငံက CISPDR-
Changjiang Instituite of surveying, planning, design and research –
Changjiang စစ်တမ်း၊ စီမံကိန်း၊ ဒီဇိုင်းနဲ့ သုတေသန အဖွဲ့တို့က ပညာရှင်
၈၀
ပါတဲ့ အဖွဲ့က ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ကနေ မေလအထိ ၅ လ ကြာ ကွင်းဆင်း
စစ်ဆေးပြီး
ရေကာတာ မဆောက်လုပ်ဖို့ သတိပေး ပြောကြားခဲ့တာပါ။

ဒီမတိုင်ခင်ကလည်း ဂျပန်နိုင်ငံက လေ့လာရေး အဖွဲ့ တခု လာရောက် တိုင်းတာ
စစ်ဆေးဖူးပြီး မြစ်ဆုံမှာ ရေကာတာ တည်ဆောက်ရင် သဘာဝ ပတ်ဝန်းကျင်လည်း
ထိခိုက်၊
လူနေမှု ဘ၀တွေလည်း ပျက်ပြားမှာမို့ ရေကာတာ
လုပ်ဖို့လက်လျှော့သွားဖူးပါတယ်။

ဗြိတိန်သတင်းစာ ဖုန်းခိုးနားထောင်မှု အမေရိကန်ထိ ကူးစက်

By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 14 ဇူလိုင် 2011

၂၀၀၁ ခုနှစ် အကြမ်းဖက် တိုက်ခိုက်မှုကို ခံလိုက်ရတဲ့သူတွေနဲ့ သူတို့ရဲ့
မိသားစု
တယ်လီဖုန်းတွေကို မီဒီယာ သူဌေးကြီး ရုပါ့ မားဒေါ့ (Rupert Merdoch) ရဲ့
သတင်းကော်ပိုရေးရှင်းတွေက ခိုးနားထောင်တာတွေ လုပ်သလား၊ မလုပ်ဘူးလား
ဆိုတဲ့
ကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်လိုက်ပြီလို့ အမေရိကန်
ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို
ခံလိုက်ရတဲ့
သူတွေနဲ့ သူတို့ရဲ့ မိသားစု ဆွေမျိုးတွေရဲ့ တယ်လီဖုန်း စကားပြောတာတွေ၊
Voicemail တွေနဲ့ တယ်လီဖုန်းခေါ်တဲ့ မှတ်တမ်းတွေကို ရုပါ့ မားဒေါ့ရဲ့
မီဒီယာကုမ္ပဏီမှာ ရှိတဲ့ အလုပ်သမားတွေက တရားမ၀င် ခိုးနားထောင်ခဲ့သလား
ဆိုတာတွေကို FBI အနေနဲ့ စစ်ဆေး ကြည့်ရှုသွားမယ်လို့ ကြာသပတေးနေ့မှာ
ပြောလိုက်ပါတယ်။

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ လူ ၃,၀၀၀
နေသွားတဲ့
နယူးယောက်ပြည်နယ် လွှတ်တော်အမတ် ပီတာ (Peter King) က FBI ကို
စုံစမ်းစစ်ဆေးမှုတွေ
လုပ်ဖို့ ပြောဆိုပြီး တရက်အကြာမှာ စုံစမ်းစစ်ဆေးမှုတွေကို FBI က
စတင်လိုက်တာ
ဖြစ်ပါတယ်။ သူဌေးကြီး မားဒေါ့ရဲ့ မီဒီယာ အရှုပ်တော်ပုံထဲမှာ FBI ရဲ့
ပါဝင်ပတ်သက်မှုဟာ နောက်ဆုံးဖြစ်ပါတယ်။

ဗြိတိန် သတင်းမီဒီယာတွေမှာ လွှမ်းမိုးနေတဲ့ တယ်လီဖုန်း ခိုးနားထောင်မှုနဲ့
ရဲကို
လာဘ်ထိုးမှု အရှုပ်တော်ပုံတွေနဲ့ ပတ်သက်ပြီး အသက် ၈၀ ရှိပြီဖြစ်တဲ့
သူဌေးကြီး
ရုပါ့ မားဒေါ့နဲ့ သူ့ရဲ့ သားဖြစ်သူ ဂျိမ်းစ် (James) တို့ဟာ
အစောပိုင်းတုန်းက
အစစ်ဆေးခံဖို့ ငြင်းဆန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဗြိတိန်ပါလီမန်မှာ
ရှေ့သီတင်းပတ်ကျရင် စစ်ဆေးခံသွားမယ်လို့ လန်ဒန်မြို့မှာ ကြာသပတေးနေ့က
သဘောတူလိုက်ပါတယ်။

အစိုးရတပ်နှင့် KIA ဆက်လက် တိုက်ခိုက်
သန်းထိုက်ဦး Thursday, 14 July 2011 17:50

<http://www.irrawaddy.org/bur/index.php/component/mailto/?
tmpl=compone...>

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ငြိမ်းချမ်းရေး
ပြန်လည်
တည်ဆောက်ရန် ဆက်သွယ် ပြောဆိုနေကြသော်လည်း တိုက်ပွဲများ နေ့စဉ်
ဖြစ်ပွားလျက်
ရှိသည်ဟု KIA က ပြောသည်။

ယမန်နေ့က KIA ထိန်းချုပ်ရာ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်တွင်
အစိုးရတပ်များနှင့်
ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး
ဇော်ရောက ဧရာဝတီကို ပြောသည်။

တိုက်ပွဲတွင် ဒဏ်ရာ ရသွားသော အစိုးရတပ်မှ ၃ ဦး နမ္မတူ ဆေးရုံတွင်
ရောက်နေသည်ဟု
သိရကြောင်း ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်စခန်းများသည်လည်း ယမန်နေ့
ညနေပိုင်းအထိ ၆ ရက်ကြာ တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။

အစိုးရက ကချင်ဒေသ တိုက်ပွဲအခြေအနေအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

ပြီးခဲ့သည့်လ ၃၀ ရက်နေ့က နှစ်ဘက် အဆင့်မြင့်ကိုယ်စားလှယ်များ
ပထမဆုံးအကြိမ်
တွေ့ဆုံပြီး အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြသေးသည်။ ၄ ရက် အကြာတွင် အစိုးရက KIA
ကို
စာတစောင် ပေးပို့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု ကာလအတွင်း
တိုက်ခိုက်ခြင်း
မပြုရန် ကမ်းလှမ်းခဲ့သည်။

KIA ကလည်း ဆက်လက် ညှိနှိုင်းလိုကြောင်း ရက်ပိုင်းအတွင်း စာပြန်လိုက်သည်။

ဤအတောအတွင်း အဆက်အသွယ် မရှိကြဘဲ ပစ်ခတ်မှုများသာ ဖြစ်ပွားနေသည်ဟု KIA ၏
နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ တွဲဘက် အထွေထွေ
အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

အများ လေးစားသည့် ကချင်ဒေသခံ လူကြီးများနှင့် ဖွဲ့စည်းထားသည့် ကချင်
အတိုင်ပင်ခံကောင်စီကလည်း ကြားဝင် စေ့စပ်ပေးလျက်ရှိရာ အာဏာပိုင်တို့က
ထိုကောင်စီနှင့် ယနေ့ တွေ့ဆုံမည်ဟု သိရကြောင်း ဦးလနန်က ပြောသည်။

သွားရောက် တွေ့ဆုံမည့်သူများထဲတွင် ဆက်သွယ်ရေး ၀န်ကြီးဟောင်း
မြစ်ကြီးနားမြို့
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ အာဏာရ ကြံ့ခိုင်ရေးပါတီ
အတွင်းရေးမှူး ဦးအောင်သောင်းတို့ ပါဝင်မည် ဖြစ်ကြောင်း၊ အပစ်အခတ်
ရပ်စဲရေးနှင့်
ပတ်သက်ပြီး ဆွေးနွေးဖွယ် ရှိကြောင်း သူက ပြောသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့်
ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA
ထိန်းချုပ်သည့်
ဒေသများတွင် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး
သဘောတူညီချက်ကို
၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။

ပြီးခဲ့သည့်လတွင်မှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး
တိုက်ပွဲများကြောင့်
ထောင်နှင့်ချီသော ဒေသခံများ KIA ထိန်းချုပ်ရာ ဒေသသို့ သွားရောက်
ခိုလှုံနေကြသည်။

ကြံ့ဖွံ့ခေါင်းဆောင်များ ကချင်အရေးအတွက် မြစ်ကြီးနားသွား
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၁ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေး အဖွဲ့နှင့်
အပစ်ခတ်ရပ်စဲရေး
မရနိုင်ဘဲ ဖြစ်နေချိန်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁
ဦးအောင်သောင်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ကချင်ပြည်နယ်
ဝန်ကြီးချုပ်က ဖွဲ့စည်းထားသော ငြိမ်းချမ်းတည်ငြိမ်ရေးနှင့်
ညှိနှိုင်းရေးအဖွဲ့ဝင်များနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်
ကြာသပတေးနေ့တွင် တွေ့ဆုံဆွေးနွေးမှာဖြစ်သည်။

အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အတွင်းရေးမှူး ၁ နှင့် ၂ ဖြစ်သော
ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့က ငြိမ်းတည်ညှိနှိုင်းအဖွဲ့ဝင် ၅
ဦးနှင့်
မြစ်ကြီးနားမြို့သို့ လာရောက်၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး၌ မွန်းလွဲ ၂
နာရီတွင် ဆွေးနွေးမှာ ဖြစ်သည်။

“သမ္မတဆီ တိုက်ရိုက်ရောက်ဖို့ သူတို့ (ကြံ့ခိုင်ဖွံ့ဖြိုးရေးခေါင်းေ
ဆာင်များ) နဲ့ စကားပါးရမယ်” ဟု ငြိမ်းတည်ညှိနှိုင်း အဖွဲ့ဝင်
ဦးဆင်ဝါးနော်က
မဇ္ဈိမကို ပြောသည်။

နယ်စပ်မြို့ လိုင်ဇာတွင် KIO ၏ နှစ်ရက်ကြာ လူထုဆန္ဒခံယူပွဲကို
ဗုဒ္ဓဟူးနေ့တွင်
ဆက်လုပ်ရာ ကိုယ်စားလှယ် ၁၃ဝ ခန့်အနက် အများစုက အစိုးရဘက်က
အပစ်ခတ်ရပ်ဆိုင်းကြောင်း ခိုင်လုံသည့် သက်သေအထောက်အထား မပြနိုင်လျှင်
ဆက်လက်တိုက်ခိုက်ရန် ဆန္ဒပြုခဲ့ကြသည်ဟု ဆွေးနွေးပွဲတက်ရောက်သူတဦးက
ပြောသည်။

“တိုက်မယ်ဆိုတဲ့ လူတွေက ၉ဝ ရာခိုင်နှုန်း ရှိတယ်။ ဒါပေမဲ့ KIO ဥက္ကဋ္ဌ
ဦးဇောင်းဟရားက တိုက်နေလို့လည်း ငြိမ်းချမ်းရေး ရဖို့ ခက်တယ်။ အစိုးရဘက်က
နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် လက်ခံသင့်တယ်ဆိုတာမျိုး ပြောတယ်။ အခုတော့
တရားဝင် အစိုးရ ဖြစ်တဲ့အတွက် ဆွေးနွေးမယ်လို့ ပြောတယ်” ဟု သူက မဇ္စျိမကို
ပြောသည်။

“အမျိုးသားရေးအတွက် အခုက Right Time အချိန်ကျပြီ။ အချိန်တန်ပြီဆိုတော့
မိမိတို့ကျရာ ကဏ္ဍကနေ လူငယ်တွေအားလုံးက ဘာကိုလိုချင်တယ်ဆိုတာတွေ
သိနေတဲ့အတွက်
လက်နက်ကိုင်တဲ့ စစ်တပ်ကလည်း စစ်တပ်ရဲ့ တာဝန်ဆက်သွားမယ်။ နိုင်ငံရေး
ဆွေးနွေးတဲ့
လူတွေကလည်း နိုင်ငံရေးဆက်သွားမယ်။ ကျနော်တို့ လူငယ်တွေက လည်း
ကိုယ့်လူငယ်တွေရဲ့
နေရာကနေ ကျရာကဏ္ဍကနေ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမယ်ဆိုတဲ့
သဘောတူညီကြတယ်” ဟု
ရန်ကုန်မြို့မှနေ၍ လာရောက်သော ကချင်ကိုယ်စားလှယ်တဦးက မဇ္စျိမကို ပြောသည်။

SSA ဋ္ဌဌာနချုပ် ဝမ့်ဟိုင်းမြောက်ဘက်လုံ ခြုံရေးစခန်းကို မြန်မာစစ်တပ်
ထိုးစစ်ဆင်
Thursday, 14 July 2011 16:53 ရွှေလီလွင်ပြင်

သျှမ်းပြည် (တောင်ပိုင်း) ကျေးသီးမြို့နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော်
SSA
ဋ္ဌဌာနချုပ် ဝမ့်ဟိုင်း မြောက်ဘက် တပ်စခန်းအား မြန်မာ စစ်တပ်မှ ထိုး စစ်ဆင်
တိုက်ခိုက်နေရာ ယနေ့နေ့လည်ပိုင်းအထိ နှစ်ဘက်တိုက်ပွဲများ ပြင်းထန် စွာ
ဖြစ်ပွားနေကြောင်း သိရသည်။

ယခုလ ၁၁ ရက်နေ့မှ စ၍ မန့်ဟိုင်းစခန်းအနီးဝန်းကျင်ရှိ
နမ့်ကိုင်ဖိတ်ဒေသအတွင်း
နှစ်ဘက်တိုက်ပွဲများ စတင်ခဲ့ပြီး ယခု မြန်မာစစ်တပ်က
အင်အားအလုံးအရင်းဖြင့်
ဝမ့်ဟိုင်းစခန်းကို ဦးတည်တိုက်ခိုက်နေကြောင်း သျှမ်းတပ်အရာရှိ တစ်ဦးက
သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဗမာတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ကျနော်တို့ ဝမ့်ဟိုင်းစခန်းကို
ဖိတိုက်နေတယ်။
အခုအထိ (ယနေ့နေ့ လည်ပိုင်း) တိုက်ပွဲ ပြင်းထန်နေတုန်းပဲ ” ဟု သူက
ဆိုသည်။ယမန်နေ့ နေ့လည် ၂ နာရီကျော်ခန့်က မြန်မာစစ်လေယာဉ်တစ်စီး သျှမ်းတပ်
ဋ္ဌဌာနချုပ်ဝမ့်ဟိုင်းစခန်းအပေါ်မှ ဗုံးကျဲခြင်း မရှိပဲ ဝဲပျံသွားကြောင်း
သိရသည်။ယခုနှစ်ဘက်တိုက်ပွဲ အတွင်း အမျိုးသမီးတွေ့ပါက
မုဒိန်းကျင့်ရန်နှင့်
ယောက်ကျားတွေ့ပါက သတ်ဖြတ်ပစ်ရန် မြန်မာ စစ်တပ်ကတပ်တွင်း
ညွန်ကြားချက်ထုတ်ပြန်ထားကြောင်း အဆိုပါ သျှမ်းအရာရှိက ဆိုသည်။

မြန်မာစစ်တပ်ထံ လွဲပြောင်းမည့် စစ်ကားများ ထပ်မံရောက်ရှိ
Thursday, 14 July 2011 16:37 သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် ကျယ်ဂေါင် - မူစယ် လမ်းကြောင်းအတိုင်း
မြန်မာစစ်တပ်ထံ လွဲပြောင်း မည့် SiNo Truck အမျိုးအစား စစ်ထရပ်ကားများ
ယနေ့နံနက်ပိုင်းက တရုတ်နယ်စပ်ရွှေလီမြို့သို့ ထပ်မံရောက်ရှိလာ ကြောင်း
သိရသည်။

ကားအစီးရေ ၁၀ ဂဏန်းခန့် ရောက်ရှိလာပြီး ကားရေဆေးခုံများတွင်
သန့်ရှင်းရေးပြုလုပ်နေကြောင်းရွှေလီ ဒေသခံ မျက်မြင် တစ်ဦးက
သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စစ်ကားတွေ ထပ်ရောက်လာတယ် ၁၀ စီးလောက်ပေါ့ SiNo Truck အမျိုးအစားတွေပဲ
အခုရေဆေးခုံတွေမှာ ရေဆေးနေ တယ် ပထမတစ်ခေါက်သယ်သွားပြီးပြီ အခုတစ်ခေါက်က
သိပ်မများဘူး အစီး ၂၀ကျော်လောက်ရှိ မယ် ” ဟု မျက်မြင်က ပြောသည်။

ယခုလ ၈ ရက်နေ့က အဆိုပါ အမျိုးအစား စစ်ထရပ်ကားအစီးရေ ၁၀ဝကျော်ခန့်
ကျယ်ဂေါင်
-မူစယ်လမ်းကြောင်း မှ တဆင့် မြန်မာစစ်တပ်ထံ ပထမအသုတ် လွဲပြောင်းခဲ့ပြီး
မန္တလေးဘက် ယူဆောင်သွားခြင်း ဖြစ်သည်။

အဆိုပါ လွဲပြောင်းစဉ်က ကားအစီးရေ ၁၀ဝ ကျော်ပါ စစ်ယာဉ်တန်းအား မူစယ် ၁၀၅
မိုင်
အလွန် တာလုံနှင့် မော့တောင်းရွာအကြား လမ်းဘေးထောင်ဗုံး ဖေါက်ခွဲခံရသဖြင့်
ကားတစ်စီးပျက်စီးသွားကြောင်း သိရသည်။

ကျပ်ငွေ ၅၀၀၀ မပေးနိုင်လျှင် အမှုကို လက်မခံမောင်ရမ္မာ News Date:
7/14/2011
နိရဉ္ဖရာ သတင်းဌာန

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဆားချက်ရဲစခန်းမှ တာဝန်ရှိသူများက
ကျပ်ငွေ
၅၀၀၀ မပေးလျှင် အမှုကို လက်မခံဟု သတင်းရရှိသည်။

"ဆားချက်ရဲစခန်းက တပ်ကြပ်ကြီး မင်းဝေဆိုတဲ့ လူက အမှုတခု လာတိုင်တဲ့အခါမှာ
ကျပ်ငွေ ၅၀၀၀ မပေးရင် လက်မခံဘူး။ လက်ခံတဲ့အပြင် အဲဒီင်္အမှုကို
အရေးမလုပ်ပါဘူး။
ဘယ်လိုအမှုဘဲ မဆို ကျပ်ငွေ ၅၀၀၀ ပါမှ အမှု လက်ခံတယ်။ အဲဒါကိုတော့ အထက်က
စခန်းမှုးက
သိလား၊ မသိလားတော့ မပြောတတ်ဘူး။ လျစ်လျူ ရှု့ထားတယ်" ဟု ဒေသခံတဦးက
ပြောသည်။

ဆားချက် ရဲစခန်းမှ တပ်ကြပ်ကြီး မင်းဝေ၏ လုပ်ရပ်ကြောင့် အဆိုပါ ဒေသရှိ
ဆင်းရဲသားပြည်သူများမှာ အမှုဖြစ်ပွားသော်လည်း တိုင်းကြားရန် အခက်အခဲ
ဖြစ်နေကြသည်
ဟု သိရသည်။

" တိုက်ကျွန်းက ရန်ဖြစ်ပြီး ရိုက်နှက်မှုတခုကို လွန်ခဲ့တဲ့လက ရဲစခန်းကို
သွားတိုင်ပါတယ်။ ရဲစခန်းက အမှုတင်ကြေး အပါအ၀င် အမှုလက်ခံကြေးဆိုပြီးတော့
ကျပ်ငွေ
၂၀၀၀၀ တောင်းပါတယ်။ ကျွန်တော်တို့က ကျပ်ငွေ ၁၀၀၀၀ ပေးပါတယ်။ သူတို့က
လက်မခံဘူး၊
ကျွန်တော်တို့မှာလည်း ငွေကပါမလာဘူး။ ဒါကြောင့် အမှုကို မတိုင်ကြားရဘဲ
ပြန်လာခဲ့ရပါတယ်" ဟု အမှုတိုင်ကြားသူ တဦးက ပြောသည်။

အလားတူ သာယာကုန်းကျေးရွာမှ အမှုတခုကို ရဲစခန်းမှ အမှုကို လက်ခံခဲ့သော်လည်း
ငွေမပေးနိုင်သဖြင့် အမှုမှန်ပေါ်ထွက်အောင် လာရောက် စစ်ဆေးခြင်း
မရှိသည့်အပြင်
တရားခံကိုလည်း ဖမ်းဆီး စစ်ဆေးခြင်းမရှိဟု သိရသည်။

ဆားချက် ရဲစခန်းမှာ အထက်အရာရှိများမှာ ခရီးသွားလိုလျှင် ခရီးစရိတ်အဖြစ်
အရက်ဆိုင်များနှင့် ချဲထီဒိုင်များမှ ငွေ ကောက်ယူပြီး သွားနေကြသော်လည်း
သာမန်
ရဲသားများမှာမူ အထက်က ညွန်ကြားချက်များ အတိုင်း ခရီးထွက် ရာတွင်
ခရီးစရိတ်များ
ထုတ်ပေးခြင်းမရှိ သဖြင့် မိမိစရိတ်ဖြင့် သွားနေကြရသည်ဟု ရဲသားတဦးကို
ကိုးကားပြီး သူက ပြောသည်။

ဆားချက်ရဲစခန်းမှ ချုပ်ကိုင်ထားသော ကျေးရွာအုပ်စုများမှာ
ကန်တိုင်းအုပ်စု၊
သာယာကုန်းအုပ်စု၊ မောင်းမကန် အုပ်စု၊ ကလွင်အုပ်စု၊ ကရူးအုပ်စု၊
ရဲကျွန်းအုပ်စုနှင့် တိုက်ကျွန်းအုပ်စုများ ဖြစ်ကြပြီး ရဲတပ်ကြပ်ကြီး
မင်းဝေ၏
လုပ်ရပ်ကြောင့် အမူများ ဖြစ်ပေါ်က ရဲစခန်းတွင် မတိုင်ကြားရဲဘဲ
ဖြစ်နေကြောင်း
သိရသည်။

SSPP/SSA ဌာနချုပ်မြောက်ဖက်ဂွင်သို့ အစိုးရစစ်တပ်
အင်အားအလုံးအရင်းဖြင့်ချဉ်းကပ်
Thursday, 14 July 2011 16:10 သျှမ်းသံတော်ဆင့်

မိုင်းရယ်မှ ကျေးသီး-မိုင်းရှူးလမ်းခွဲ မြန်မာစစ်တပ်၏ နမ့်ပုတ်ဂိတ်စခန်း ၃
ရက်ကြာ တိုက်ပွဲဖြစ်ပွါးပြီးနောက် ယနေ့တွင် လည်း အင်အားအလုံးအရင်းဖြင့်
ဝမ့်ဟိုင်း ဌာနချုပ်မြောက်ဖက်ဂွင်သို့ ချဉ်းကပ်လာနေကြောင်း SSPP/SSA
ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဌာန ထံမှ သိရသည်။

“ဒီနေ့ မိုင်းရယ်က ခလရ ၆၇၊ ခလရ ၂၂ အင်အား ၁၀ဝ ကျော်၊ စကခ ၂ လက်အောက်ခံ
လဲချားအခြေစိုက် ခလရ ၆၄ အင်အား ၅၃ ယောက် ကျနော်တို့ ဌာနချုပ်ဂွင်ထဲ
ချဉ်းကပ်လာနေတယ်။ မိုင်းရှူး မိုင်းနောင်ကားလမ်းပေါ်မှာ ရှိတဲ့ အင်အား ၁၅၀
ကျော်ကလဲ အသင့်အနေအထားမှာရှိနေတာတွေ့ရတယ်”ဟုပြန်ကြားရေးနှင့် ပြည်သူ့
ဆက်ဆံ
ရေးဌာနက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေလျက်ရှိရာကျေးသီးမြို့ ဝမ့်ဟိုင်းအုပ်စု
အနောက်မြောက်ဖက် ၁၅ မိုင်အကွာရှိ နမ့်ပုတ် ရွာအနီး စကခ ၂ လက်အောက်ခံ
ခလရ ၁၃၁
ကျေးသီး၊ ခလရ ၂၈၆ ဝိန်းကောင်- မိုင်းနောင်၊ ခလရ ၂၈၇ ဝမ့်စင်းတို့ပူး
ပေါင်းအင်အား ၂၀ဝ ကျော်အား သျှမ်းပြည်တပ်မတော် တပ်မဟာ ၂၇ ဗဟို
အထူးလုံခြုံရေးတပ်က အင်အား ၅ ရင်းဖြင့် ဝိုင်းထားရာမှတိုက်ပွဲ
ဆက်လက်ဖြစ်ပွါးခြင်း ဖြစ်ကြောင်းလည်း ပြောသည်။

“ ၁၃ ရက် မနေ့က မွန်းလွဲပိုင်းလောက်မှာ နမ့်ဇန်ဖက်ကတက်လာပုံရတယ်။
ရုရှားလုပ်
MiG – 29 ဂျက်လို့ ခန့်မှန်းလို့ ရတဲ့ လေယာဉ် ၂ စီး တိုက်
ပွဲဖြစ်တဲ့နေရာပေါ်
နာရီဝက်လောက် ဝဲပျံခြိမ်းခြောက်တယ်။ သူတို့တပ်တွေ တစုတစည်းထဲဖြစ်
မနေတဲ့အချိန်
ကျနော်တို့ကို အာရုံပြောင်းတဲ့သဘောမျိုးပေါ့။ ညနေ ၆ နာရီလဲရောက်ရော
တိုက်ပွဲဖြစ်တဲ့နေရာ နမ့်ပုတ် စခန်း နားတဝိုက် မီးခိုးလုံး မဲဗုံးသီးတွေ
ပစ်ခွဲတာ။ မှောင်မဲကုန်တာ။ ဘာဆိုဘာမှ မမြင်ရဘူး” ဟု ဝမ့်ဟိုင်းမှ
အရာရှိတဦး
ကပြောသည်။

အဆိုပါ တိုက်လေယာဉ်မှာ မိမိတို့တပ်စခန်းပေါ်တို့ ဗုံးကျဲချခြင်းမရှိဟုလည်း
မိုင်းရယ်ရှိ သျှမ်းပြည်တပ်မတော် အရာ ရှိ တဦးက သျှမ်းသံတော်ဆင့်သို့
အတည်ပြုပြောဆိုသည်။

ညနေ ၆ နာရီ ခန့်က ဖောက်ခွဲသော အဆိုပါ ဗုံးမှာလည်း မိနစ် ၃၀ ခန့် အကြာ
မီးခိုးအူနေပြီး သေကြေဒဏ်ရာရ စစ်သား များ ပြန်ကောက်ရန်
လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း အဆိုပါ အရာရှိကပြောသည်။

“တိုက်ပွဲဖြစ်တဲ့ နမ့်ပုတ်စခန်းရဲ့ မြောက်၊ အနောက်၊ တောင် ၃ ဖက်စလုံးက
မြက်တောကွင်းပြင်တွေ။ အရှေ့ ဖက်ခြမ်းမှာ ဘဲတောင်ကုန်း လေး
အနဲအကျဉ်းရှိတာ။
တိုက်ပွဲတုန်းက သူတို့ လူစုကွဲထွက်ပြေးကြပြီးအဲ့တောင် ကုန်းလေးတွေမှာ
ပြန်သွားစုကြတာ။ အဲ့ကြောင့် တိုက်ပွဲပြီးတော့လဲ အသေ
အပျောက်တွေသူတို့လာမကောက်
ရဲ ကြတာ။ မီးခိုးလုံးမည်း ဗုံးခွဲတာ သူတို့ လူတွေ
ပြန်လာကောက်ဖို့ဘဲနေမှာ”-
ဟုလည်း တိုက်ပွဲဝင်တပ်မှူး တဦးကပြောသည်။

တိုက်ပွဲဖြစ်ပွါးသည့်နေရာသို့ ထပ်မံအားဖြည့်ရန်တက်လာသည့် တပ်များမှာ
တုံလော ခမရ ၅၁၀၊ မိုင်းနောင်မှ ခမရ ၅၁၈၊ ခလရ ၉ တို့အပြင်
ဆိုင်းခေါင်-တန့်ယန်းဖက်မှ ခလရ ၂၂၊ ဟိုယ-မိုင်းရယ်မှ ခလရ ၆၇ တို့ဖြစ်
ကြောင်း
သိရသည်။

အဆိုပါတပ်များကလည်း ကျေးသီး ရောက်စဉ် ဒေသခံ ရွာသားများ၏ထော်လာဂျီနှင့်
ကားများကိုချောဆွဲလာကြ ခြင်းဖြစ် ကြောင်း ကျေးသီးမှ
ရပ်ကွက်အကြီးအကဲတဦးကလည်းပြောသည်။

“ သူတို့က ချောဆွဲတယ်ဆိုတော့လဲ ပေးရတာပေါ့။ ဒါပေမယ့် ပိုင်ရှင်တွေ
သူတို့ကိုယ်တိုင် ဘယ်မောင်းရဲပါ့မလဲ။ ဗမာ စစ်သားတွေက
သူတို့ကိုယ်တိုင်မောင်းမယ်ဆိုပြီး တက်မောင်းသွားတော့တာ” ဟု ゞင်းက
ဆက်ပြောသည်။

၂ ရက် ၃ ရက် ဝိုင်းထားခြင်းခံရသော နမ့်ပုတ်ဂိတ်အခြေချ
တိုက်ပွဲဝင်မြန်မာစစ်တပ်
၃ ရင်းမှာလည်း တပ်ဆုတ် ရန် အထက်သို့ တင်ပြပြီးနောက်ပိုင်း ゞင်းတို့
ရေဒီယို
ဆက်သွယ်ရေးလိုင်းလည်းပြတ်တောက် ဖွယ်ရှိကြောင်း SSPP/SSA ၏
ဆက်သွယ်ရေးပိုင်းက
ပြောသည်။

“ သူတို့ကိုကြည့်ရတာ စိတ်ဓါတ်ကျနေကြတယ်။ အခုလဲ သူတို့ရေဒီယိုဆက်သွယ်တဲ့
လိုင်းမကြားရတော့ဘူး။ ဘက်ထရီ ကုန်သွား တာလဲဖြစ်နိုင်တယ်။ အဲဒါကြောင့်
သူတို့လူ
စိတ်ဓါတ်အားပေးတဲ့အနေနဲ့လေယာဉ်လာဝဲ တာလဲဖြစ်နိုင်တယ်” ဟု လည်း ပြောသည်။

နမ့်ပုတ်တိုက်ပွဲဖြစ်ပွါးနေစဉ် ယမန်နေ့ ၁၃ ရက် ညပိုင်း ၈ နာရီခွဲမှ ၉
နာရီခွဲအချိန်အထိ ကျေးသီးမြို့သတ္တု တူးဖော်ရေး
လုံခြုံရေးမြန်မာတပ်စခန်းအား
လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ကဝင်ရောက်ပစ်ခတ်မှုဖြစ်ပွါးခဲ့သည်ဟု လည်း
ဒေသတွင်း
သတင်းရပ်ကွက်ထံမှ သိရသည်။

ကျေးသီးမြို့အရှေ့တောင်ဖက် ၆ မိုင်အကွာ ကျေးသီးနှင့် မိုင်းကောင်ကြား
မိုင်းနန်းအသွားလမ်းရှိ ဝမ့်ဆွန်မွမ်း ရွာနှင့် မိုက်
ဟုန်းချိုရွာအနီးစခန်း
ချထားသော ခလရ ၁၃၁ နှင့် ခလရ ၉ တို့ကိုဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်
ကြောင်း
သိရသည်။ စခန်းထိုင်သည့် အဆိုပါ တပ်ရင်း ၂ ရင်းပေါင်း အင်အားမှာ ၃၀ နှင့်
၄၀
ကြားတွင်ရှိကြောင်း ဒေသခံများပြောကြားချက် အရသိရသည်။

အလုပ်သမား ၄ ထောင်ကျော် တောင်ကိုရီးယားသို့ စေလွှတ်မည်
ဧရာဝတီ Thursday, 14 July 2011 11:42

အလုပ်သမား ၀န်ကြီးဌာနက ယခုနှစ်တွင် မြန်မာအလုပ်သမား ၄၁၀၉ ဦးကို EPS
(Employment Permit System) စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့
စေလွှတ်မည်
ဖြစ်ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်ရှိ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ အရာရှိတဦးက
“၄၁၀၉
ဦးဆိုတာက ကိုရီးယားအစိုးရက ရန်ကုန်မှာ စစ်ဆေးတဲ့ ကိုရီးယားဘာသာစကား
အရည်အချင်းစစ်စာမေးပွဲ (Korera Language Test) အောင်ထားပြီးသားသူတွေပါ။
ကိုရီးယား အလုပ်ရှင်တွေဆီကို အလုပ်သမားတွေရဲ့ ကိုယ်ရေးအကျဉ်းတွေပို့ပြီး
အလုပ်ရှင်ကြိုက်လို့ခေါ်တာနဲ့ ချက်ချင်း ကိုရီးယားသွားလို့ရအောင်
စီစဉ်ပေးသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ကိုးရီးယားအစိုးရနှင့် မြန်မာအစိုးရအကြား ၂၀၀၈ ခုနှစ်က
ချုပ်ဆိုခဲ့သော
နားလည်မှု စာချွန်လွှာအရ နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမှု စနစ် (EPS)
ဖြင့်
စေလွှတ်ရန် သဘောတူညီခဲ့သည်။

မူလတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ဆောင်ရွက်လျက်ရှိသော
ရွှေအင်းဝ
ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီက အလုပ်သမားဝန်ကြီးဌာန ကိုယ်စား
မြန်မာအလုပ်သမားများ စေလွှတ်ခြင်းကို ဆောင်ရွက်ပေးခဲ့သည်။ သို့သော်
ရွှေအင်းဝကုမ္ပဏီနှင့် ကိုရီးယား အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန (Korea Human Resources
Development)
နှင့် ပြသနာများဖြစ်ပွားပြီးနောက် မြန်မာအလုပ်သမား ပို့ဆောင်မှု
ရပ်ဆိုင်းခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် အလုပ်သမားဝန်ကြီးဌာနက အစိုးရ ပြည်ပအလုပ်အကိုင်
အေဂျင်စီဆိုသော အမည်ဖြင့် ထူထောင်ကာ မြန်မာအလုပ်သမားများကို
တောင်ကိုရီးယား
စေလွှတ်ရန် ဆက်လက်ဆောင်ရွက်ခဲ့သည်။

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတဦးက “အလုပ်တွေက
စက်မှုကုန်ထုတ်လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မျိုးစုံပဲ။ ၂
နှစ်စာချုပ်နဲ့ သွား အလုပ်လုပ်ရမယ်။ ၂ နှစ်ဆိုပေမယ့် ၁ နှစ်ပြည့်ပြီးရင်
ပြန်ချင်ရင်ပြန်၊ မပြန်ချင်ရင်လည်း ဆက်ပြီး ကိုရီးယားမှာ အလုပ်လို့ရတယ်”
ဟု
ပြောသည်။

တောင်ကိုရီးယားသို့ သွားရောက်မည့် မြန်မာအလုပ်သမားတိုင်းသည် မသွားရောက်မီ
သိန်း
၃၀ တန်ဖိုးရှိ အာမခံစာချုပ် ချုပ်ဆိုရမည်ဖြစ်ပြီး ကိုရီးယားရောက်ရှိချိန်
လုပ်ငန်းခွင်မှ ထွက်ပြေးပြီး တရားမ၀င် အလုပ်သမားဘ၀ဖြင့်
တခြားအလုပ်များသို့
ပြောင်းရွှေ့လုပ်ကိုင်လျှင်လည်းကောင်း၊ အလုပ်စာချုပ်သက်တမ်း မပြည့်မီ
မြန်မာနိုင်ငံ ပြန်လာလျှင်သော်လည်းကောင်း မြန်မာ အလုပ်သမားဝန်ကြီးဌာနသို့
လျှော်ကြေးပေးရမည်ဟု ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြချက်အရ
သိရှိရသည်။

အလုပ်သမားတဦးလျှင် ကိုရီးယားနိုင်ငံသို့ သွားရောက်ရေး ဝန်ဆောင်ခအဖြစ်
အလုပ်သမားဝန်ကြီးဌာနသို့ ကျပ် ၈ သိန်း ပေးဆောင်ရမည်ဖြစ်ပြီး ရရှိလာသော
ဝင်ငွေခွန်ကိုလည်း မြန်မာအစိုးရသို့ တရားဝင် ပေးသွင်းရမည်ဖြစ်ကြောင်း
သိရှိရသည်။

ပြည်တွင်းတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်
လူငယ်အများအပြား စိတ်ဝင်စားကြကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး
အေဂျင်စီများက
ပြောသည်။

ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီ ပိုင်ရှင်တဦးက “မလေးရှားလည်း
ခေတ်မကောင်း၊ စင်ကာပူလည်း မကောင်း၊ ထိုင်းကလည်း တွက်ခြေမကိုက်ဘူး။
စင်ကာပူ
သွားမယ်ဆိုရင် အနည်းဆုံး သိန်း ၂၀ တော့ ကုန်တယ်။ အဲဒီတော့ ၀န်ဆောင်ခ
သက်သက်သာသာနဲ့ ကိုရီးယားနဲ့ မြန်မာအစိုးရ လုပ်တဲ့ EPS
ကိုရီးယားအလုပ်အကိုင်ကိုပဲ လူငယ်တွေ စိတ်ဝင်စားကြတယ်။ အလုပ်သမားတယောက်မှ

သိန်းပဲ ကုန်မှာဆိုတော့ အားလုံးလက်လှမ်းမီတယ်။ လူငယ်တွေက အခု
ကိုရီးယားကားကြည့်၊ ကိုရီးယားစကားပြောကျင့်ပြီး
ကိုရီးယားအလုပ်လုပ်သွားဖို့ပဲ
စိတ်သန်နေတယ်” ဟု ပြောသည်

Reply all
Reply to author
Forward
0 new messages