တလင် နှစ်မယား

6 views
Skip to first unread message

ThaKinSoe

unread,
Jul 16, 2011, 10:52:13 PM7/16/11
to သခင်စီုး, burm...@gmail.com
I am not sure some guy could read Burmese font.

တလင် နှစ်မယား http://www.irrawaddyblog.com/2011/07/blog-post_8627.html

http://3.bp.blogspot.com/-BCVgw4j_5-s/Th7N9BTGMZI/AAAAAAAALVs/d0ArLbF...
FaceBook မှာ တွေ့ရတဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေပါ။
မင်္ဂလာမောင်မယ်တွေကတော့
မောင်မင်းမင်းစိုး၊ မနှင်းဆွေ၊ မပိုပို လို့ ဆိုတယ်။

http://2.bp.blogspot.com/-y72ONnTxpCY/Th7O8isH6rI/AAAAAAAALWc/3y0nwyL...
ဘိသိတ်ဆြာက လက်မှာ သပြေခက်၊ ရေခွက်၊ မိုက်ကရိုဖုန်းနဲ့။

http://4.bp.blogspot.com/-nONfeWF_bTU/Th7OFIjDU0I/AAAAAAAALWM/iPNT3sU...
ရက်စွဲတပ်မထားတော့ ဘယ်ကာလမှန်း မသိရပါ။ (ဓာတ်ပုံရိုက်ခဲ့သူရဲ့
ဖြည့်စွက်ချက်ကို အောက်ဆုံးမှာ ဖော်ပြလိုက်ပါတယ်)
http://1.bp.blogspot.com/-xHJYWL1RCd4/Th7OEfRnTDI/AAAAAAAALWE/HvBGSAC...

http://3.bp.blogspot.com/-KD9bNbBdzOQ/Th7OEIcy5eI/AAAAAAAALV8/1LEJknc...

http://2.bp.blogspot.com/-PhMMt_QgnUY/Th7OD6hy_XI/AAAAAAAALV0/b1SjHSx...
ဧည့်ပရိသတ်ရဲ့ ၀တ်စားဆင်ယင်ပုံအရ ဆောင်းတွင်းလို့ ယူဆရပါတယ်။
http://2.bp.blogspot.com/-5HCOcvP_rlA/Th7OF1ieOFI/AAAAAAAALWU/0QEog9X...
http://2.bp.blogspot.com/-x8NI7f8on7U/Th7N8_LqRnI/AAAAAAAALVk/U0Mgqwe...

ဒီပုံတွေ တင်ထားတဲ့ ကိုဇော်မြင့်သိန်းကတော့ ထူးထူးခြားခြား မင်္ဂလာပွဲ လို့
ခေါင်းစည်း တပ်ပြီး ဟောဒီလို ရေးထားလေရဲ့။

ထူးထူးခြားခြား မင်္ဂလာပွဲလေး 2010ခုနှစ် ကောလင်းသို့ ခရီးသွားခဲ့ရာမှ
စတင်ခဲ့ပါသည်။ ကျွန်တော်သည် ဓာတ်ပုံဆရာတစ်ယောက် ဖြစ်သည်။
ရွှေဘိုမြို့နယ်တွင် ရိုက်ကူးရေးကို အထူး လုပ်ကိုင်ပါသည်။ သို့ပေမယ့်
ခင်ရာ မင်ရာများကိုလည်း ဘယ်လောက် ဝေးဝေး လိုက်ရိုက်ပေးပါသည်။ ၀ါသနာ
အလွန်ကြီးခဲ့သည်။

ကျွန်တော်နှင့် အလွန် ၀ါသနာတူသော သူငယ်ချင်း တစ်ယောက်လည်း ရှိပါသည်။
သူနှင့်အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ရှိုလယ်ရွာ(အလယ်ရှို)ရွာတွင်
ဓာတ်ပုံ ရိုက်ရန် အကြောင်းရှိလာရာ သွားရောက် ရိုက်ကူးခဲ့ကြပါသည်။
သွားရောက် ရိုက်ကူးသောပွဲမှာ ရွှေဘိုမြို့မှ ဘော်ဒါကျောင်းဆရာတစ်ဦး၏
မင်္ဂလာဆောင် ဖြစ်ပါသည်။

ဓာတ်ပုံ ရိုက်ပြီးသောနေ့တွင် ထိုရွာမှအပြန် ကားလမ်းမကြီးဘေးအရောက်
အမှတ်တမဲ့ ကြည့်မိ၇ာ ကန့်ဘလူမြို့နယ်မှ ကြိုဆိုပါ၏ ဆိုသော ဆိုင်းဘုတ်ကို
တွေ့ရပါတော့သည်။ ရွှေဘိုမြို့နယ်ပြီး အထက်ကို တက်လျှင် ခင်ဦးမြို့နယ်ကို
ရောက်ပါသည်။ ထိုမှဆက်တက်ပါက ကန့်ဘလူခရိုင်ကို ရောက်သည်။
ကန့်ဘလူခရိုင်ပြီးပါက ကောလင်းမြို့နယ်သို့ ရောက်သည်။
http://4.bp.blogspot.com/--1XZSirg-oc/Th7N8F4jnaI/AAAAAAAALVU/ksxIotA...
ကောလင်းတွင် သူငယ်ချင်းများရှိရာ မရောက်တာ ကြာပြီဖြစ်သော သူငယ်ချင်း
နှစ်ယောက်သားမှာ ကောလင်းသို့ သွားရကောင်း နိုးနိုးနှင့် ချီတုံချုတုံ
ဖြစ်နေစဉ် တစ်ယောက်ကို တစ်ယောက် ငွေကြေး မည်မျှပါကြောင်း ပြောကာ
ခရီးစရိတ် လုံလောက်သောကြောင့် သွားရန်စီစဉ်ပြီး ကောလင်းသို့
ခရီးထွက်ခဲ့ကြပါသည်။

ကောလင်းတွင် သူငယ်ချင်းများ ပြောပြချက်အရ ထူးထူးခြားခြား မင်္ဂလာပွဲ
ရှိကြောင်း ၀န်းသိုနယ်ထဲမှာပဲ ဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့်
ဝန်းသိုသို့ သွားရန်ထက် စိုင်းပြင်ရပြန်ပါသည်။ ချောင်းဆုံရွာတွင်
သတို့သားတစ်ယောက်နှင့် သတို့သမီးနှစ်ယောက်တို့ တပြိုင်နက်
မင်္ဂလာဆောင်ခြင်း ဖြစ်ကြောင်း သိရသောအခါ အလွန် အင်မတန်မှ
စိတ်ဝင်စားခဲ့ပါတော့သည်။

အမှတ်တရ ဓာတ်ပုံများကို ဓာတ်ပုံဆရာများက ရိုက်ကူးပေးသည်မှာ ကြည်နူးစရာလဲ
အလွန်ကောင်းသည်။ (ထိုအခါက တိုင်းမှုးသည်လည်း ကောလင်းနယ်ဘက်သို့ ရောက်နေရာ
အလွန်တရာမှ လူပြောများနေသော မင်္ဂလာပွဲသို့ လာရောက်ကြည့်ရူ့ခဲ့သည်ဟု
သိရပါသည်။ ကျွန်တော်တော့ မတွေ့လိုက်ရပါ။ ) ခြိမ့်ခြိမ့်သဲမျှ ကျင်းပသော
မင်္ဂလာပွဲကို အလွန်တရာ စိတ်ဝင်စားမှုရှိရာမှာ ရွာခံတစ်ယောက်ကို မေးကြည့်ရာ
သတို့သမီးတစ်ဦးမှာ ရွာခံဖြစ်ပြီး ကျန်တစ်ဦးမှာ ရွှေတော(ဖတ်ရှည်)မှ
ဖြစ်ကြောင်း သိရသည်။

အကြောင်းစုံကို သိရန် မေးမြန်းခဲ့ပါသည်။ 2008ခုနှစ်တွင် ရွာခံ
သတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့တို့ ချစ်ခင်စုံမက်ရာ
လူကြီးမိဘများကို အသိပေးခဲ့ကြလေသည်။ သတို့သားဘက်မှ အလွန်ချို့တဲ့သည့်
အလျှောက် သတို့သား မိဘများကလည်း တောင်းရမ်းလက်ထပ်မပေးနိုင်ပေ။
ထို့ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့် ပေါင်းဖက်နိုင်ရန်
အလို့ငှာ ရွှေတော ခေါ် ဖတ်ရှည်သို့ အရင်းအနှီး ရှာရန် ချစ်သူကို
ဇာတိကျေးရွာတွင် ထားခဲ့ကာ ခရီး ထွက်လေတော့သည်။
http://1.bp.blogspot.com/-lLvG4GrXVB0/Th7N8B6EhOI/AAAAAAAALVM/iikAUaJ...
လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါး အဆင်ပြေသောအခါတွင်
မောင်မင်းမင်းစိုးသည် တစ်ရွာတစ်ယောက် ဆိုသလို ရင်းနှီးသော ဖတ်ရှည်မှ
မပိုပိုနှင့် ရည်းစားဖြစ်ပါတော့သည်။ မပိုပိုကိုလည်း ချစ်သည်။ ဇာတိတွင်
ကျန်ခဲ့သော မနှင်းဆွေကိုလည်း ချစ်သည်။ အလွန်ခက်ခဲသော ပြဿနာကို
မောင်မင်းမင်းစိုး စတင် ရင်ဆိုင်ရတော့သည်။
အမျိုးသမီးနှစ်ဦးကလည်းအလျှော့မပေး တင်းမာနေကြရာ မည်သူကမှ အဆုံးအရှုံး
မခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကို နှစ်ဦးနှစ်ယောက်လုံးက
ရယူလိုကြလေတော့သည်။ ထိုအခါ အမျိုးသမီးနှစ်ဦးက အပြိုင်အဆိုင် ပြိုင်ကြရာမှ
ထိုမင်္ဂလာပွဲ စတင် ဖြစ်ပေါ်လာပါတော့သည်။

မိဘဆွေမျိုးများက ဘယ်လိုပင် တားတား အလျှော့မပေးကြပေ။ ငယ်ရွယ်ကြသော်လည်း
မာနကိုယ်စီနှင့်ပြိုင်ကြရာ သုံးယောက်သား တစ်ရက်တည်း မင်္ဂလာဆောင်သည်အထိ
ဖြစ်ပေါ်လာပါတော့သည်ခင်ဗျာ အမှားပါရင်လည်း ခွင့်လွှတ်ကြပါဗျာ။
ကျွန်တော်လည်း တွေ့ဖူးတာလေးမို့ တင်လိုက်ရတာပါ။

(မှတ်ချက်။ ။ ကျွန်ုပ် သိသမျှဖြစ်ပါသည်။ ဓာတ်ပုံများမှာလည်း
မူရင်းအတိုင်း ဖြစ်ပါသည်။ )
http://1.bp.blogspot.com/-Itc3p44BJWA/Th7N8euX3hI/AAAAAAAALVc/iSkDhMa...
Posted in: Photo http://www.irrawaddyblog.com/search/label/Photo
,ဓာတ်ပုံ http://www.irrawaddyblog.com/search/label/%E1%80%93%E1%80%AC%E1%80%90...
,ထွေထွေရာရာ http://www.irrawaddyblog.com/search/label/%E1%80%B1%E1%80%91%E1%80%BC...

Reply all
Reply to author
Forward
0 new messages