သမ္မဦးသိန်စိန်ရေဘယ်လိုလုပ်မှာလဲ စစ်တပ်မှ ကိုယ်ဝင်ဆောင် မိခင်နှင့် ကလေးငယ်ပါ အဓမ္မ ပြုကျင့်ဟု ကြေညာချက် ထုတ်ပြန်

5 views
Skip to first unread message

ThaKinSoe

unread,
Jul 16, 2011, 4:53:32 PM7/16/11
to သခင်စီုး, burm...@gmail.com
စစ်တပ်မှ ကိုယ်ဝင်ဆောင် မိခင်နှင့် ကလေးငယ်ပါ အဓမ္မ ပြုကျင့်ဟု ကြေညာချက်
ထုတ်ပြန်
သောကြာနေ့၊ ဂျူလိုင်လ 15 ရက် 2011 ခုနှစ် ကန္တာရ၀တီတိုင်း(မ်)

<http://burmese.bnionline.net/news/kantarawaddy.html>

မြန်မာအစိုးရစစ်တပ်များသည် အရွယ်မရောက်သေး သော ရှမ်းကျောင်းသူ တဦးနှင့်
၉ လ
ကိုယ်ဝန် ဆောင်နေသော ရှမ်းအမျိုးသမီး တဦး အပါအဝင် ရှမ်းအမျိုးသမီး ၎
ဦးကို
ဇူလိုင်လ ၅ ရက်နေ့က အဓမ္မ ပြုကျင့်ခဲ့ကြောင်း ရှမ်းအမျိုးသမီးရေးရာ
ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN)နှင့် ရှမ်းလူ့အခွင့်အရေး
မဏ္ဌိုင်
(SHRF)တို့က ဆိုသည်။

ခြေလျင်တပ်ရင်း (ခလရ) ၅၃၁ မှ အစိုးရစစ်တပ်များသည် ရှမ်းပြည်တောင်ပိုင်း
ကျေးသီးမြို့နယ်ရှိ ဝမ်လွိုင်ကျေးရွာတွင် နေထိုင်သော အသက် ၁၂ နှစ်ရှိ
ကျောင်းသူ
နန်းမွန်း၊ အသက် ၅၀ နှစ်ရှိ မုဆိုးမ နန်းစံ၊ အသက် ၃၀ နှစ်ရှိ
ကိုယ်ဝန်သည်နန်းလွတ်နှင့် အသက် ၃၅ နှစ်ရှိ နန်းဖုန်းတို့ကို
လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ခဲ့ခြင်း ဖြစ်သည်ဟု ယမန်နေ့က SWAN နှင့် SHRF
အဖွဲ့တို့က ကြေညာချက် ထုတ်ပြန်သည်။

“မုဒိန်းကျင့်ခံရတဲ့ သူတွေက စိတ်ပိုင်းဆိုင်ရာကတော့ သူတို့ကို တော်တော်
ထိခိုက်ခံစားနေရတယ်ပေါ့နော့်။ ဘာဖြစ်လဲဆိုလို့ရှိရင် အသက်အရွယ်လည်း သိတဲ့
အတိုင်းပဲ။ တချို့ဆို ၁၂ နှစ်ပဲ ရှိသေးတယ်။ ကလေးလေးပဲ ရှိသေးတယ်။
တချို့ဆို
အသက် ၅၀ လောက် ရှိပြန်ရော” ဟု ရှမ်းအမျိုးသမီး အဖွဲ့မှ
ပြောရေးဆိုခွင့်ရှိသူ
ယိင်းဟာန်ဖက ကန္တာရ၀တီတိုင်း(မ်)ကို ပြောသည်။

နန်းမွန်းမှာ သူမ၏ နေအိမ်၌ သူ့မိခင် ရှေ့တွင် ပြုကျင့်ခံရပြီး၊ မိခင်က
သူမကို
အကာအကွယ် ပြုသောအခါ ရိုက်နှက်နှိပ်စက်ခံခဲ့ရကြောင်း၊ အလားတူ နန်းစံမှာ
သူမ၏
နေအိမ်၌ ပြုကျင့်ခံခဲ့ရကြောင်း၊ နန်းလွတ်မှာ ကြမ်းပြင်ပေါ်သို့
ကြမ်းတမ်းစွာ
တွန်းပစ်ခံရပြီး ပြုကျင့်ခံခဲ့ရကြောင်း၊ နန်းဖုန်းမှာ
ကျေးရွာအပြင်၌ဖမ်းဆီးနှိပ် စက်ခံရပြီး၊ ယာတောတဲ တတဲတွင်
ပြုကျင့်ခံခဲ့ရကြောင်း
ကြေညာချက်တွင်ရေးသားဖော်ပြ ထားသည်။

SWAN တာဝန်ခံ နန်းဆိုင်မွန်းက “မြန်မာစစ်အစိုးရစစ်တပ်တွေဟာ ကလေးသူငယ်တွေ၊
ကိုယ်ဝန်ဆောင် မိခင်တွေ၊ အသက်အရွယ် ရလာတဲ့ သူတွေကို မုဒိန်းကျင့်ဖို့
အခွင့်ရနေဆဲ ဖြစ်တယ်။ ကျမတို့အဲဒီစစ်ရာဇဝတ် မှုကို ပြင်းပြင်းထန်ထန်
ကန့်ကွက်ရှုတ်ရှပါတယ်” ဟု ကြေညာချက်ထဲတွင် ပြောကြားထားသည်။

အစိုးရတပ်များသည် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA-N ကို တပ်အင်အား
၃၀၀၀
ကျော်ဖြင့် ပြီးခဲ့သည့် မတ်လ ၁၃ ရက် နေ့က စတင်တိုက်ခိုက်လာခဲ့ကြောင်း၊
၎င်းတို့သည်
SSA-N ကို ထိုးစစ်ဆင်ရာတွင်ရှမ်းအမျိုး သမီး များကို အဓမ္မ
ပြုကျင့်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခု ရှမ်းအမျိုးသမီးများကို အဓမ္မ ပြုကျင့်ခဲ့သော အစိုးရစစ်တပ်များ
အထဲတွင်
အရာရှိလည်းကောင်း၊တပ်သား လည်းကောင်း ပါဝင်ကြောင်း ယိင်းဟာန်ဖက
ဆက်ပြောသည်။

“သူတို့ ဖြတ်လေးဖြတ်ကတည်းက စီစဉ်ထားပြီးသားလေ။ စစ်ဗျူဟာထဲမှာ ပါတဲ့
အသုံးချရေး
တခုပေါ့။ အမျိုးသမီးတွေကို မုဒိန်းကျင့်ဖို့ အဲဒီဖြတ်လေးဖြတ်
အစီအစဉ်ထဲမှာ
ပါပြီးသားပဲလေ။ အဲကြောင့်အမျိုးသမီး တွေကို လက်နက်သဖွယ်ပေါ့နော့်
လက်နက်တခု
အနေနဲ့ သဘောထားပြီးတော့ သူတို့က ပြည်သူတွေ ကြောက်အောင် အဲလိုမျိုး
လုပ်တယ်ပေါ့နော့်။ အမျိုးသမီးတွေကို ပစ်မှတ်ထားတယ်လေ။ မုဒိန်းကျင့်တဲ့
နည်းနဲ့
ပြည်သူတွေ ကြောက်အောင် ဆိုပြီးတော့မှ လုပ်တယ်ပေါ့နော့်” ၎င်းက ဟု ပြောသည်။

အပစ်ရပ် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းသည် ယခင်နှစ်က မြန်မာအစိုးရ
ဖိအားပေးနေသော ပြည်သူ့စစ် အသွင်ပြောင်း ဖွဲ့စည်းရေးကို သဘောမတူသော အဖွဲ့
ဖြစ်သည်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့်ရှမ်းပြည်
တပ်မတော်တောင်ပိုင်း
SSA-S တို့သည် ပူပေါင်းလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၂၁
ရက်နေ့တွင်ပြုလုပ် ခဲ့သော ၅၃ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေး
အခမ်းအနားတွင်
SSA-S ၏ အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီး စဝ်ရွက်စစ်က မီဒီယာများကို
ပြောဆိုခဲ့သည်။

ကချင်ပြည်နယ်တွင်လည်း ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော
အစိုးရတပ်နှင့်ကချင်လွတ်မြောက်ရေးတပ် မတော် (KIO) တို့အကြား တိုက်ပွဲ
အတောအတွင်းတွင် အစိုးရစစ်တပ်များက ကချင်အမျိုးသမီး ၁၈ ဦးကို အဓမ္မ
ပြုကျင့်ခဲ့သည်ဟု ကချင်အမျိုးသမီးအဖွဲ့-ထိုင်းနိုင်ငံ KWAT က ဇွန်လ ၂၁
ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ခဲ့သည်။

SSA နှင့် မြန်မာစစ်တပ် တိုက်ပွဲ ဆက်ဖြစ်
Friday, 15 July 2011 23:17 သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော်
(SSA) ဋ္ဌဌာန
ချုပ်ဝမ့်ဟိုင်း အား အပြင် စည်း လုံခြုံရေးယူထားသော လွယ်ကုန်
တောင်ကုန်းကို
မြန်မာ စစ်တပ်က လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ နှစ် ဘက်
တိုက်ပွဲများ ယနေ့အထိ ဖြစ်ပွားနေကြောင်းသိရသည်။

မြန်မာစစ်တပ်က ဝမ့်ဟိုင်းဌာနချုပ်အား လေးဘက်လေးတန်မှ
ဝန်းရံပိတ်ဆို့ထားပြီး SSA
တပ်ကပြောက်ကျား စစ်ဖြင့် တွန်း လှန် တိုက်ခိုက်နေကြောင်း သျှမ်းတပ်
အရာရှိ
တစ်ဦး က သျှမ်းသံတော်ဆင့်သို့
ပြောသည်။SSPP-SSA-တိုက်ပွဲဝင်သျှမ်းပြည်တပ်မတော်သား“ဗမာတပ်က
မိုင်းရှူးကလာတဲ့တစ်လမ်းပေါ့နော်။

မိုင်းနောင်ကလာတဲ့လမ်းကတစ်လမ်း၊ ကျေးသီးလာ တဲ့တစ် လမ်းပေါ့။ မိုင်းရယ်
လာတဲ့တစ်လမ်းပေါ့။ ဒီလမ်းတွေကနေ ဝင်လာပြီး တိုက်ခိုက်နေတယ် ”“ဒီနေ့တော့
ဝမ့်ဟိုင်းစခန်း လုံခြုံရေးယူထားတဲ့ လွယ်ကုန်တောင်ကုန်းကို ဗမာစစ်တပ် က
၈၁ ၊
၁၂၀ မမ မော်တာတွေနဲ့ လှမ်းပစ်နေတယ်။

လက်နက်ကြီးပစ်တာက အရင် ရက် တွေကထက် ပိုပြင်းထန်လာတယ်။ ဝမ့်ဟိုင်းသွားတဲ့
လမ်းကြောင်း ပေါ်မှာပဲ။ ကျနော်တို့ ဘက်ကလည်း ပြောက်ကျားနည်းနဲ့
ပြန်တိုက်နေတယ် ”
ဟု ゞင်းက ဆိုသည်။တိုက်ပွဲအတွင်း နှစ်ဘက်စလုံး ထိခိုက်မှုရှိပြီး
မြန်မာစစ်တပ်ဘက်မှ သေကြေ ဒဏ်ရာရ သူ ၃၀ ကျော်ခန့် ရှိနိုင်
ကြောင်းゞင်းကဆိုသည်။ယခုလ ၁၁ ရက်နေ့က နှစ်ဘက်တိုက်ပွဲစတင်ခဲ့ရာ ယနေ့ ၅
ရက်မြောက်နေ့ အဖြစ်တိုက် ခိုက်နေခြင်းဖြစ်သည်။

NLD က ကျောင်းသုံးပစ္စည်း သိန်းတရာဖိုး လှူဒါန်း 2011-07-15 RFA

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာဒါန လုပ်ငန်းတွေကို ကူညီပံ့ပိုးတဲ့
အနေနဲ့ ပြည်ပက စေတနာရှင်တွေ ပေးပို့ လှူဒါန်းတဲ့ ကျောင်းသုံး
ပစ္စည်းတွေကို
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ပညာဒါနကျောင်းတွေကို မနေ့က
လှူဒါန်းလိုက်ပြီလို့သိရပါတယ်။

ခန့်မှန်းခြေ ကျပ်ငွေ သိန်းတရာကျော်ဖိုး ရှိတဲ့ ကျောင်းသုံး
ပစ္စည်းတွေကို
လှူဒါန်းလိုက်တာ ဖြစ်ကြောင်း၊ ကွန်ပါဘူး တထောင်၊ ဘောပင် ၂ ထောင်၊
ဗလာစာအုပ်
ဒါဇင် ၂ ထောင် လှူဒါန်းလာရာမှာ ရောက်ပြီး ၂ ရက်အတွင်း ရန်ကုန်တိုင်းနဲ့
ဧရာဝတီတိုင်း တို့က ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့
ဘုန်းတော်ကြီးကျောင်း အပါအ၀င် မူလတန်း အလယ်တန်း ကျောင်းပေါင်း ၁၃
ကျောင်းကို
ကျောင်းသား ဦးရေ အလိုက် ခွဲတန်းချပြီး ဖြန့်ပေးလိုက်ပြီလို့ NLD
ပြန်ကြားရေး
တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

စာရွက် အမျိုးအစားအလိုက် ဗလာ စာအုပ်ဈေး အစားစား ရှိပြီး တဒါဇင် ကျပ်
၄၀၀၀
ဝန်းကျင်လောက် ရှိတယ်လို့ ဆိုပါတယ်။ ကွန်ပါဘူး တဘူးဆိုရင်လည်း
နှစ်ထောင်ကျော်
ဝန်းကျင် ရှိပြီး ဘောပင် တချောင်း ကျပ် ၄၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
ဒီလဆန်းပိုင်းမှာတင် ဘိုကလေး မြို့နယ် NLD က ဦးစီးပြီး ဧရာဝတီတိုင်း
ဘိုကလေး
မြို့နယ် ပေါင်းတည် ကျေးရွာ အုပ်စု အောက်မိုးညို ကျေးရွာမှာ ပညာဒါန အခမဲ့
မူလတန်းကျောင်း တကျောင်း ဖွင့်လှစ်ခဲ့ ပါတယ်။

ဒီအတောအတွင်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပ (၂) ရက်ကွက် မာဃလမ်းက
ကျောင်းတာဝန်ခံ
ဆရာဦးအေးမြင့်ရဲ့ ခြံအတွင်းမှာ ဆောက်လုပ်ထားတဲ့ အမေ့အိမ်ကျောင်းကို
စည်ပင်
နယ်မြေမှာ ဆောက်လုပ်ထားတယ် ဆိုပြီး အမြန်ဆုံး ဖျက်ပေးဖို့ စည်ပင်သာယာက
မနေ့
ညနေပိုင်းမှာ အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဆရာဦးအေးမြင့်
ကပြောပါတယ်။

အစိုးရဆန့်ကျင်ရေး စာရွက်တွေ မုံရွာမှာ ဖြန့်ဝေ 2011-07-15 RFA

မုံရွာမြို့ပေါ်က လူစည်ကားရာ နေရာ ၇ နေရာလောက်မှာ ကျောင်းသား လူငယ်လို့ 
နံမည်တပ်ထားတဲ့ အဖွဲ့တွေက လာမည့်ရက်ပိုင်းမှာ ဆန္ဒပြရေး အပါအ၀င်
တောင်းဆိုချက်
သုံးရပ် ပါဝင်တဲ့ နှိုးဆော်စာတွေကို ဒီကနေ့ မနက် ၅ နာရီလောက်မှာ
ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
ဒီစာဖြန့်ဝေတာကို တွေ့ခဲ့ရတဲ့ ဒေသခံ လူငယ်တဦး က- “ဒီကနေ့ မနက် ၅
နာရီလောက်မှာ
မုံရွာမှာ ရွှေစည်းခုံ ဘုရား၊ စိုက်ပျိုးရေးဝင်း လုံထိန်းတွေရှိတဲ့ နေရာ၊
စံလာဝီ
ကမ်းနား၊ ဒေါနပြင် ရပ်ကွက်၊ အထက ကျောင်းတွေ အားလုံး ၇ နေရာလောက် ရှိတယ်။
စာတွေ
ဖြန့် တာဗျ။ ကျောင်းသား လူငယ်လို့ ရေးထားတယ်ဗျ။

စာတွေကတော့ အမျိုးမျိုး ရေးထားတာပေါ့။ ၁၈၊ ၁၉ မှာ ဆန္ဒပြကြမယ်။
ပြည်တွင်းစစ်ရပ်စဲရေး၊ တွေ့ဆုံ ဆွေးနွေရေး၊ ဖမ်းဆီး ကျောင်းသားများ
ပြန်လွှတ်ရေး၊ ဒို့ အရေး ဆိုပြီး စာရွက်တွေမှာ ရေးထားတယ်။ ကျွန်တော်တို
့ကောက်တယ်ဗျ။ ဖတ်တယ်ဗျ။ အချင်းချင်း အပြန်အလှန် ဖြန့်ဝေတာတွေလည်း
လုပ်တယ်ဗျ။
စည်ပင်ကတော့ အဲဒီစာတွေကို ကားနဲ့ ပတ်ပြီး လိုက်သိမ်းတာတွေ
ကျွန်တော်တွေ့ခဲ့ရတယ်” - လို့ ပြောပါတယ်။

စာပါ အကြောင်းအရာတွကို ပြည်သူလူထုက စိတ်ဝင်စားကြကြောင်း၊ ပြန့်ကျဲနေတဲ့
စာတွေကို စည်ပင်သာယာက လိုက်လံ သိမ်းဆည်းခဲ့ပေမဲ့  တစုံတရာ အရေးယူတာ
မရှိကြောင်း
အဲဒီ ဒေသခံက ပြောပါတယ်။

UWSA တရုတ်၌သာ လက်နက်ချမည်
Friday, 15 July 2011 23:00 မွေခေါဝ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA က
လက်နက်ချရမည်ဆိုလျှင် တရုတ်ထံ၌သာ လက်နက်ချမည်ဖြစ်ကြောင်းသိရှိရ ပါသည်။

“မြန်မာအစိုးရရဲ့ ဆန္ဒအတိုင်း လက်နက်မချနိုင်ဘူး။ အညံ့ခံဖို့လဲ မရှိဘူး။
တကယ်လို့သာ လက်နက်ချရ မယ်ဆိုရင်လဲ တရုတ်မှာဘဲ လက်နက်ချမယ်။ ကျနော်တို့
သုံးနေတဲ့ လက်နက်တွေက တရုတ်လက်နက် တွေလေ” ဟု ဝ တပ်အရာရှိတစ်ဦးက
ပြောပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ၊ မိုင်းလားတပ်ဖွဲ့ NDAA နှင့် ကချင်တပ်ဖွဲ့
KIA
ကဲ့သို့ပင် ဝ တပ် UWSA လည်း စစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်
ဖိအားပေးခဲ့သည်။ နောက်ဆုံးဒက်လိုင်းဖြစ် သော ၂၀၁၀ စက်တင်ဘာ ပထမပတ်
ကျော်လွန်သွားသော်လည်း အသွင်မပြောင်းသဖြင့် စစ်အစိုးရက
လက်နက်ချခိုင်းခဲ့သည်။

တဖက်၌လည်း ရာဘာပင် ဖြစ်ထွန်းမှုကြောင့် ဝ တပ်ဖွဲ့နှင့် ဝ ပြည်သူလူထု၏
ဝင်ငွေမှာ
ပြန်လည်ကောင်း မွန်လာကြောင်း အဆိုပါ ဝ အရာရှိက ဤကဲ့သို့ ပြောပါသည်။

“မနှစ်က စိုက်ထားတဲ့ ရာဘာပင်တွေ ၃၀ - ၄၀ % လောက် အစေးခြစ်လို့ရပြီ။
ဒါကြောင့် ဝ
တပ်ဖွဲ့နဲ့ ပြည် သူတွေရဲ့ ဝင်ငွေလဲ ပြန်ကောင်းလာပါပြီ။
တိုင်းပြည်ငြိမ်းချမ်းနေရင်တော့ ပြည်သူတွေလဲ အေးချမ်းမှာပါ”

၂၀ဝ၅ ခုနှစ်မှစ၍ ဝ ထိန်းချုပ်နယ်မြေအတွင်း ဘိန်းစိုက်ပျိုး/ထုတ်လုပ်မှု
ဆန့်ကျင်တိုက်ဖျက်ခဲ့သဖြင့် ဝ တပ်ဖွဲ့သာမက ပြည်သူများ၏ ဝင်ငွေမှာ
အတော်အတန်
လျှော့ကျခဲ့ရသည်။ ၂၀၁၀ ခုနှစ်အတွင်း ဝ ထိန်း ချုပ်နယ်မြေအနှံ့ ရာဘာပင်
စိုက်ပျိုးခဲ့သည်။

ဗိုလ်မှူးစောဘိ၏ ခွဲထွက် နယ်ခြားစောင့်တပ်ဖွဲ့ စစ်ရေးပြင်ဆင်ပြီး
သောကြာနေ့၊ ဂျူလိုင်လ 15 ရက် 2011 ခုနှစ် ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသ အခြေစိုက်
ဗိုလ်မှူးစောဘိ
ဦးဆောင်သည့် ကရင်နယ်ခြား စောင့်တပ် (BGF) ခွဲ ထွက်အဖွဲ့သည်
ယခုအချိန်တွင်
အစိုးရစစ်တပ်အားပြန်လည်ခုခံရန် အတွက် စစ်ရေးပြင်ဆင်မှုများ အသင့်အနေအထား
တွင်
ရှိနေကြောင်း ကိုယ်တိုင်သွားရောက်တွေ့ဆုံ ခဲ့သူ
ကေအိုင်စီသတင်းထောက်တစ်ဦးက
ယခုလို ပြောပြသည်။

အင်အား ၁၀၀၀နီးပါးရှိ အဆိုပါ BGF တပ်ဖွဲ့ဝင်များသည် ယခုအချိန်တွင်
မြိုင်ကြီးငူဒေသရှိ တောတွင်းနယ် မြေတနေရာ၌ အမြောက်လက်နက်ကြီး၊
လက်နက်ငယ်နှင့်
မိုင်းမျိုးစုံကို ပြင်ဆင်ထားပြီး ၎င်းတို့အားမြန်မာစစ်တပ် က ရန်သူဟု
သတ်မှတ်
လိုက်သည့်အပေါ် ယခုလို ပြင်ဆင်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးစောဘိက
ကေအိုင်စီကို
ပြောဆိုသည်။

၎င်းက “ဗမာတပ်တွေက နယ်ခြားစောင့်တပ် ဆက်မလုပ်တော့တဲ့ ကျနော်တို့ကို
ရန်သူလို့
သတ်မှတ်လိုက် တယ်လေ။ ဒီတော့ ကျနော်တို့အနေနဲ့ကလည်း ဗမာစစ်တပ်က
ပစ်ခတ်မှုတွေ
လုပ်လာရင် စစ်ရေးအဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားရတာပေါ့။ စစ်တပ်ဘက်က
တိုက်လာလို့ရှိရင် ချက်ချင်း ပြန်လည်ခုခံဖို့ အသင့်ပါပဲ။”ဟု ပြောသည်။

ခွဲထွက် နယ်ခြားစောင့်တပ်အဖွဲ့သည် လက်ရှိအချိန်၌ မြိုင်ကြီးငူနယ်မြေရှိ
၎င်းတို့
ထိန်းချုပ်ရာဒေသတစ်ဝိုက်တွင် အစိုးရစစ် တပ် လာရောက်နိုင်သည့် နေရာများ၌
မော်တာလက်နက်ကြီးများ၊ လက်နက်ငယ်များ အပါအ၀င် မိုင်းများကိုလည်း စစ်ရေးအ
တွက်
ပြင်ဆင်ထားသည်။

အဆိုပါအဖွဲ့အနေဖြင့် ယမန်နှစ်၊ သြဂုတ်လက နယ်ခြားစောင့်တပ်အဖြစ်
ပြောင်းလဲဖွဲ့စည်းခဲ့ပြီးမှဒီကေဘီအေ သို့ ပြန်လည် ဘက်ပြောင်းလာခြင်းအပေါ်
ဗိုလ်မှူးစောဘိက ယခုလို ရှင်းပြသည်။

“ကျနော်တို့ BGF လုပ်တာ ပြည်သူတွေ ထောက်ခံမှုမရှိဘူး။ နောက် ကျနော်တို့
တပ်မှူးတပ်သားတွေလည်း ဆက်လုပ်ဖို့ကို ဆန္ဒမရှိကြတော့ဘူး။ လူမျိုးတခုရဲ့
လွတ်လပ်ခွင့်လည်း မရှိဘူး။ ကရင်လူမျိုးတွေရဲ့နေ့ကြီးရက် ကြီးတွေဆို
အရင်ကလို
လွတ် လွတ်လပ်လပ် ကျင်းပခွင့်မရှိတော့ဘူး။ BGF ဆိုတာ အစိုးရရဲ့
ကြိုးကိုင်မှု
အောက်မှာ နေရတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီ BGF ကို ဆက်လုပ်ဖို့
အကြောင်းမရှိတော့ဘူး။ ပြန်တိုက်ဖို့ပဲ ရှိတော့တယ်။”ဟု ပြောသည်။

၎င်းဦးစီးသည့် ခွဲထွက် နယ်ခြားစောင့်တပ်ဖွဲ့များအနေဖြင့်
အစိုးရစစ်တပ်များနှင့်
တိုက်ပွဲတစုံတရာဖြစ်ပွားသည့် အခါ လိုအပ်ပါ က
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များကို
စစ်ရေးအကူအညီ
တောင်းသွားမည်ဖြစ်ကြောင်း လည်း ဗိုလ်မှူးစောဘိက ထပ်မံ ပြောဆိုသည်။

“အကယ်၍ စစ်တပ်က ကျနော်တို့ကို တိုက်လာလို့ရှိရင် KNLA ကလည်း
ကျနော်တို့ကို
ကူညီမယ်။ အစိုးရစစ်တပ်နဲ့ KNLA တို့ တိုက်ခိုက်ကြရင်လည်း ကျနော်တို့က
KNLA ကို
ကူညီသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရတပ်ကို တိုက်တာချင်းအတူတူ
ကျနော်တို့က
အချင်းချင်းတွေပဲလေ။ ကရင်က ကရင်ကို ကူညီရမယ်။”ဟု ပြောသည်။

အလားတူပင် ဗိုလ်မှူးစောဘိဘက်က စစ်ရေးအရ အကူအညီ ပြောဆိုလာပါက
မိမိတို့ဘက်လည်းသွားရောက် ကူညီရန်အ တွက် အသင့်အနေအထား
ပြင်ဆင်ထားကြောင်းလည်း
KNLA (၁၀၁)တပ်ရင်းမှူး ဗိုလ်မှူး စောဖောဒိုက ပြောသည်။

လက်ရှိအချိန်တွင် အစိုးရတပ်က ယခင် ဗိုလ်မှူးကြီးစောချစ်သူကို
နယ်ခြားစောင့်တပ်
ကွပ်ကဲရန်တာဝန်ပေးထား သော်လည်း ခွဲထွက် BGF တပ်ဖွဲ့ဝင်များအနေဖြင့်
အစိုးရတပ်ကို ပြန်လည်တိုက်ခိုက်ရန်ပင် ဆန္ဒရှိကြသည်။

ဗိုလ်မှူးစောဘိ၏ တပ်သားတဦးက “အရင်တုန်းက ကျနော်တို့ ညီအစ်တွေ
အချင်းချင်း
ပစ်ခတ်၊သတ်ဖြတ်ကြ တာ လုံးဝကို စိတ်မကောင်းဘူး။ အခု ကျနော်တို့ ညီအစ်ကို
အချင်းချင်း လက်တွဲပြီးတော့ ဒ်ီမတရားအုပ်ချုပ် နေတဲ့ အစိုးရကို
ပြန်လည်ခုခံဖို့
အတွက်ပဲ ကျနော့်ဆန္ဒ အရမ်းပြင်းပြတယ်။”ဟု ပြောသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ခွဲထွက်နယ်ခြားစောင့်တပ်များအား
စေ့စပ်ညှိနှိုင်းရန်အတွက် စစ်ကားအစီး ၂၀နှင့်အတူ နယ် ခြားစောင့်တပ်
အကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောချစ်သူသည် မြိုင်ကြီးငူဒေသသို့သွားရောက်
ခဲ့ရာ
ဗိုလ်မှူးစောဘိက အတွေ့မ ခံခဲ့ပေ။

ကျောက်မျက် အရောင်းပွဲ ပြည်တွင်း ဝယ်လက် ပိုများ
ရန်ပိုင် Friday, 15 July 2011 16:57

နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့သည့် ၄၉ ကြိမ်မြောက် ကျောက်စိမ်း၊
ကျောက်မျက်
ပုလဲ အထူးရောင်းချပွဲ၌ နိုင်ငံခြားသားများ အထူးသဖြင့် တရုတ်
ကျောက်ကုန်သည်များထက် ပြည်တွင်းကျောက်ကုန်သည်များ၏ ၀ယ်ယူမှုက
ယခုအကြိမ်တွင်
ပိုမိုများပြားကြောင်း သိရသည်။

ပြပွဲသို့ သွားရောက်သည့် ပြည်တွင်းကျောက်ကုန်သည် ဦးညီညီနိုင်က “ဒီတခါ
တရုတ်တွေ ပြပွဲလာကြပေမယ့် အခါတိုင်းလောက် ဈေးမပေးတော့ဘူး၊
ပြည်တွင်းကုန်သည်တွေကပဲ ဈေးအောင်ကြတယ်” ဟု ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ တရုတ်အစိုးရက ၎င်းတို့နိုင်ငံသား ကျောက်ကုန်သည်များ
ဝယ်ယူလာသည့် ကျောက်၏တန်ဘိုး အပေါ်၌ ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဟု
ပြဋ္ဌာန်းလိုက်သောကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

တရုတ်ကုန်သည်များမှာ ၎င်းတို့အစိုးရသို့ ပေးဆောင်ရမည့် အခွန်ငွေကိုပါ
တွက်ချက်၍
လေလံဈေးကို ပေးရသည့်အတွက် လေလံပွဲတွင် ပြည်တွင်းကုန်သည်များကို
မယှဉ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်အရောင်းပြပွဲများ၌ ကျောက်စိမ်းအတွဲများ၏ ၇၀ ရာခိုင်နှုန်းခန့်ကို
တရုတ်ကုန်သည်များက ဈေးအမြင့်ဆုံးပေးကာ ၀ယ်ယူသည်ကို တွေ့ရသည်ဟု
ဦးညီညီနိုင်က
ပြောသည်။

ယမန်နေ့က ထုတ်ဝေသည့် အစိုးရ သတင်းစာတွင် တရုတ်လူမျိုး ကျောက်စိမ်းကုန်သည်
Mr.
Cai Xiaowu က ကျောက်စိမ်းအတွဲများကို ဈေးအများဆုံးပေးကာ ၀ယ်ယူသည်ဟု
ဖော်ပြထားပြီး ပတ္တမြား၊ နီလာ စသည့် ကျောက်မျက်ရတနာများ ၀ယ်ယူမှုတွင် Ruby
Dragon ကုမ္ပဏီမှ ပြည်တွင်းရတနာကုန်သည် ဦးမောင်မောင်နိုင်က အများဆုံး
ဝယ်ယူသူဆုကို ရရှိခဲ့ကြောင်းသိရသည်။

ကျောက်မျက်ရတနာ အရောင်းပြပွဲများကို မြန်မာဆိုရှယ်လမ်းစဉ်ပါတီ (မဆလ)
အစိုးရ
လက်ထက် ၁၉၆၄ ခုနှစ်မှ စတင်ကာ တနှစ်တကြိမ်ပြပွဲများ ကျင်းပပြီး
နိုင်ငံခြားသားများကိုသာ ရောင်းချခဲ့ရာ ၁၉၉၇ ခုနှစ်
စစ်အစိုးရလက်ထက်ရောက်မှ
နိုင်ငံသားများကို ၀ယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၀၄ ခုနှစ်တွင် တနှစ်လျှင် သုံးကြိမ်အထိ အရောင်းပြပွဲများ
ပြုလုပ်ခဲ့ရာ ယခု ၄၉ ကြိမ်မြောက် အထူးရောင်းချပွဲတွင် ကျောက်စိမ်းအတွဲ
၂၂၃၁၇
တွဲ၊ ကျောက်မျက် အတွဲ ၂၄၈ တွဲ၊ ပုလဲအတွဲ ၃၅၅ တွဲကို တင်ပြရောင်းချခဲ့သည်။

ယခုတကြိမ် ပြုလုပ်သည့် ရောင်းချပွဲသည် သမ္မတ ဦးသိန်းစိန်
အစိုးရသစ်လက်ထက်တွင်
ပထမဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲကို ဒု သမ္မတ သီဟသူရ
ဦးတင်အောင်မြင့်ဦး
တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ကျောက်မျက်ပွဲများသည် အစိုးရ၏ ဘဏ္ဍာကို အဓိက ဖြည့်တင်းပေးနေသည့်
ရောင်းချပွဲများဖြစ်ပြီး ၄၇ ကြိမ်မြောက်ပြပွဲ၌ အမေရိကန်ဒေါ်လာ ၁.၄၄
ဘီလီယံ
(ကျပ်သန်း ၁၄၀၀ ၀၀၀ ) ရောင်းချခဲ့ရကြောင်း သတ္တုတွင်း ၀န်ကြီးဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။

ပြပွဲ၌ ကျောက်စိမ်းများ ရောင်းဝယ်ရာတွင် အိတ်ပိတ် တင်ဒါစနစ်၊
ဈေးပြိုင်လေလံစနစ်ဟု စနစ်နှစ်မျိုးကျင့်သုံး၍ ရောင်းဝယ်သည်။

ပြည်တွင်း ကျောက်စိမ်းကုန်သည်များ အနေဖြင့် ချိတ်ပိတ်တင်ဒါစနစ်ထက်
ဈေးပြိုင်
လေလံစနစ်ဖြင့် ရောင်းဝယ်မှုကို ပိုမို ကြိုက်နှစ်သက်ကြောင်း ယခုပြပွဲတွင်
ကျောက်စိမ်းအတွဲများကို ပြပွဲတင်ရောင်းချသည့်
ပြည်တွင်းကျောက်စိမ်းကုန်သည်
ဦးမောင်မောင်ခင်ကလည်း ဆိုသည်။

“တင်ဒါစနစ်ကတော့ ပစ္စည်းကြည့်၊ ပေးမယ့်ဈေးနှုန်းရေး၊ ပုံးထဲထည့်။
လေလံကျတော့
အပြိုင်အော်ဟစ် ဈေးပေးတော့ ပိုပြီး စိတ်လှုပ်ရှား ရတာပေါ့” ဟု ၎င်းက
ရှင်းပြသည်။

သို့သော် ရောင်းဝယ်ရာတွင် အစိုးရက ပြဋ္ဌာန်းထားသည့် ရောင်းဝယ်မှု ဆိုင်ရာ
ဥပဒေများ၌ ပျော့ကွက်ဟာကွက်များ ရှိနေသည့် အတွက် ပြပွဲတင်ရောင်းချသည့်
ပြည်တွင်းကုန်သည်များတွင် နစ်နာမှုများလည်း ရှိနေသည်ဟု ၎င်းက
ဆက်လက်ရှင်းပြသည်။

အစိုးရက ကျောက်စိမ်းနှင့် ကျောက်မျက် ၀ယ်ယူသည့် နိုင်ငံခြားသား
ကုန်သည်များကို
ဝယ်ယူလိုသည့် ကျောက်အား လက်ငင်းငွေချေရန် မလိုဘဲ ၂ လအကြာမှသာ လာရောက်
စရံငွေ
ပေးနိုင်ကြောင်း၊ ၃ လအကြာမှသာ အပြီးသတ် ငွေချေပြီး ကျောက်ကို
ယူနိုင်ကြောင်း
ပြဋ္ဌာန်းထားသည်။

ထိုအချက်ကို အခွင့်ကောင်းယူကာ နိုင်ငံခြားသားကုန်သည်များသည်
လာရောက်ယူငင်ခြင်း
မပြုတော့ဘဲ ရောင်းဝယ်မှု စည်းကမ်းကို ဖောက်ဖျက်မှုများ မကြာခဏ
ကြုံနေရသည့်အတွက်
ပြည်တွင်းကုန်သည်များသည် အချိန်၊ ငွေ စသည့် ရင်းနှီးမြုပ်နှံမှု
အပိုင်းတွင်
နစ်နာမှုများ ရှိနေသည်ဟု ဦးမောင်မောင်ခင်က ဆိုသည်။

ထိုသို့ ရောင်းဝယ်မှု စည်းကမ်းဖောက်ဖျက်သည့် ပြည်ပကုန်သည်များကို
နာမည်ပျက်စာရင်းသွင်းကာ ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်မည်ဟု အစိုးရက
ပြဋ္ဌာန်းထားသော်လည်း အထူးသဖြင့် စည်းကမ်းချိုးဖောက်သည့်
တရုတ်ကုန်သည်များသည်
နာမည်အမျိုးမျိုး၊ မှတ်ပုံတင်အမျိုးမျိုး၊ နိုင်ငံကူးလက်မှတ်
အမျိုးမျိုးဖြင့်
ပြပွဲသို့ လာရောက်နေသည်ကိုလည်း မြင်တွေ့နေရကြောင်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံ ကွမ်ကျိုး (ကန်တုံ) ကျောက်မျက်ပြပွဲတွင်မူ လေလံ
ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် လေလံအောင်လျှင် စရံငွေအဖြစ်
ကျောက်မျက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ပေးရသည်။

ပြည်တွင်းကျောက်မျက်ကုန်သည် တဦးဖြစ်သည် ဦးညီညီနိုင်ကလည်း
ပြည်ပကုန်သည်များ၏
ရောင်းဝယ်မှုစည်းကမ်း ဖောက်ဖျက်မှုမှာ မှန်ကန်ကြောင်း၊ ပြီးခဲ့သည် ၄၈
ကြိမ်မြောက်ပြပွဲတွင် ၎င်းပြသခဲ့သည့် ကျောက်စိမ်းအား တရုတ်ကုန်သည်တဦးက
ယူရို ၁၀
သန်းဖြင့် ၀ယ်ယူမည်ဆိုခဲ့သော်လည်း ယခုအထိ လာရောက်ယူဆောင်ခြင်း
မရှိသေးကြောင်း
ပြောသည်။

“အရောင်းအ၀ယ်မှာ ပါးစပ်နဲ့ ၀ယ်ပြီး ၃ လလောက်ကြာတဲ့အထိ
လာပြီးမယူဘူးဆိုတော့
ရင်းနှီးထားတဲ့ငွေတွေ၊ အချိန်တွေ နစ်နာတာပေါ့” ဟု ဦးညီညီနိုင်က ဆိုသည်။

အစိုးရအနေဖြင့် ကျောက်မျက်ပြပွဲများကို ပြုလုပ်နေသော်လည်း
ပြည်တွင်းကုန်သည်များ၏ နစ်နာနေမှုများကိုလည်း လျစ်လျူရှု မထားသင့်ဟု ၎င်းက
ဆက်ပြောသည်။

ကျောက်စိမ်းတွင် ဂျေဒိုက် (Jadeide – Jade) နှင့် နက်ဖရိုက် (Nephrite-
Jade)
ဟု နှစ်မျိုးရှိရာ ဂျေဒိုက်ကိုသာ ကျောက်စိမ်းအဖြစ် သတ်မှတ်ကြောင်း၊
မြန်မာနိုင်ငံမှ ထွက်သည့် ဂျေဒိုက်ကျောက်စိမ်းသည်
အရည်အသွေးကောင်းမွန်ပြီး
အဖိုးအတန်ဆုံး ဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းကို တရုတ်လူမျိုးများက အလွန်ကြိုက်နှစ်သက်ပြီး အမြတ်တနိုး
ဝတ်ဆင်ကြသည့်အတွက် မြန်မာနိုင်ငံမှ ကျောက်စိမ်း အရိုင်းတုံးများကို
ဝယ်ယူပြီး
ကွမ်ကျိုးမြို့၌ လက်ကောက်၊ လည်ဆွဲစသည့် အချောထည် ပုံအမျိုးမျိုး ထုဆစ်ကာ
ရောင်းဝယ်ကြ သည်။

မြန်မာ့ကျောက်မျက်ရောင်းချပွဲများသို့ တရုတ်၊ ဟောင်ကောင် စသည့်
နိုင်ငံများမှ
အများဆုံးလာရောက်ကြပြီး၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ရုရှား
စသည့်နိုင်ငံများမှလည်း လာရောက်ကြသည်။

ရဟတ်ယာဉ်ပျက်ရှိရာ တောင်ပေါ် တက်ခွင့်ပိတ်ပင်
ကိုပေါက် | သောကြာနေ့၊ ဇူလိုင်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၂၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် ရဟတ်ယာဉ်
ပျက်ကျခဲ့သော ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖုန်ကန်ရာဇီတောင်ပေါ်သို့
တက်ရောက်ခွင့်ကို အာဏာပိုင်များက ကန့်သတ်ထားဆဲ ဖြစ်သည်ဟု
ဒေသခံများကပြောသည်။

ပူတာအိုမြို့နယ်ကောင်စီ၏ မတ်လ ၇ ရက်နေ့ထုတ် အမိန့်ကို
ဌာနဆိုင်ရာများနှင့်
ဘုရားရှိခိုးကျောင်းများ၌ ဖတ်ပြခဲ့ပြီး၊ ဖုန်ကန်ရာဇီ တောင်ခြေရှိ
ခါးလမ်ကျေးရွာတွင် ‘တောင်ပေါ်မတက်ရ၊ ကန့်သတ်နယ်မြေ’ ဟု
ဆိုင်းဘုတ်ထောင်ထားသည်။

တောင်ပေါ်တက်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး၊

ကယ်ဆယ်ရေး ပစ္စည်းများ တွေ့ရှိလျှင် ထိုက်တန်စွာ ဆုချမည်ဟု အမိန့်တွင်
သေးသည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင် ရေခဲပြင်ပေါ် အဆင်း ရဟတ်ယာဉ် ကျွံကျခဲ့ပြီးနောက်
ရေခဲတောင် လေ့လာရေးခရီး သွားရောက်ခဲ့သော ဦးတေဇတို့ အဖွဲ့ကို ကယ်ဆယ်ရေး
ရဟတ်ယာဉ်က ဝေဟင်မှ ပစ်ချပေးခဲ့သည့် ရိက္ခာထုပ်များနှင့် ဆက်သွယ်ရေး
ဂြိုဟ်တုဖုန်းများမှာ ယနေ့ထိတိုင် ရှာမတွေ့သေးသလို၊
ရဟတ်ယာဉ်ကိုလည်း ပြန်မသယ်ရသေးဘဲ ဖြစ်နေသည်။

“အတိအကျတော့ ဘယ်နှထုပ်လဲဆိုတာ မသိကြဘူး။ အဲဒီမှာ အစားအသောက်တွေ၊
အဝတ်အစားတွေ၊ ဆေးဝါးတွေနဲ့ ဂြိုလ်တုဖုန်းတွေ ပါတယ်လို့ ပြောကြတယ်။
အဲဒါတွေ
ကောက်ရကြရင် ပြင်ပနဲ့ ဆက်သွယ်ကြမှာကို သူတို့က မလိုလားဘူးပေါ့။
အဲဒါကြောင့်
ဒီတောင်ပေါ်ကို ဘယ်သူမှ မတက်ရဘူးလို့ အမိန့်ချထားတာ” ဟု ပူတာအိုမှ
ဘာသာရေးခေါင်းဆောင် တဦးက မဇ္ဈိမကို ပြောပြသည်။

အစိုးရ၏ လက်ရင်းလူယုံ လုပ်ငန်းရှင်တဦး ဖြစ်သော ဦးတေဇသည် ရေခဲတောင်တက်ရန်
လမ်းကြောင်း သွားကြည့်ခဲ့ရာ ပူတာအိုမှ ထွက်ခွာလာခဲ့ပြီး ဖုန်ကန်ရာဇီ
ရေခဲတောင်ပေါ်အဆင်း ရဟတ်ယာဉ်မှာ ကျွံကျခဲ့ခြင်း ဖြစ်သည်။ သူအပါအဝင် လူ ၆
ဦးမှာ
တောင်ပေါ်တွင် ၃ ရက်ကြာ သောင်တင်နေခဲ့ပြီး ပူတာအို စစ်ဗျူဟာနှင့် မိတ္ထိလာ
လေတပ်က
ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လုပ်ဆောင်ခဲ့ကာ၊ ထိုင်းနိုင်ငံမှငှားရမ်းသော
ရဟတ်ယာဉ်ဖြင့် ကြိုးချ၍ ကယ်ဆယ်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်း၍ လမ်းပြိုမှုများ ရှိနေကာ၊ နှင်းထုမှာလည်း
ပိုမိုသိပ်သည်းစွာ ကျနေသဖြင့် အဆိုပါ ရဟတ်ယာဉ်နှင့်
ကယ်ဆယ်ရေးအထုပ်များအား
ပြန်လည်ရှာဖွေရန် ခက်ခဲနေဆဲဖြစ်သည်။

အမြင့်ပေ ၁၂ဝဝဝ ခန့်ရှိ ဖုန်ကန်ရာဇီ တောင်အနီးရှိ ဒါကူရှီဇား၊ မာမူးလဲ့၊
ဖန်ခိုင်၊ မန်ဇယ်၊ လူမူဒမ်း၊ အောက်ရှန်ဂေါင်၊ အထက်ရှန်ဂေါင်၊ ဝဟန်ဒမ်း၊
ဇီယာဒမ်း၊ ခါးလမ် စသည့် ရွာများမှာ တောင်ယာလုပ်ငန်း အနည်းငယ်
လုပ်ကိုင်ပြီး၊
အဓိက ဝင်ငွေအတွက် ဤတောင်ကို အမှီပြုကာ ရပ်တည်နေကြသည်။

“အဲဒီဘက်က ဝါးတွေက ထူးခြားတယ်။ အဲဒီဝါးတွေနဲ့ လက်ဖက်ရည်ကြမ်းသောက်တဲ့
ခွက်တွေ
လုပ်တယ်။ မချိဥတို့၊ ခန်းတောက်မြစ်တို့၊ ဆေးမြစ်၊ ဆေးဥတွေ
ယူလို့မရတော့ဘူး။
တချို့ကျ အမဲလိုက်တာတွေ ရှိတယ်လေ။ အဲဒါတွေ လုပ်လို့မရတော့
ခက်ခဲကုန်တာပေါ့” ဟု
ရဝမ်လူမျိုး ဒေသခံက မဇ္ဈိမကို ပြောသည်။

ထူးကုမ္ပဏီမှ ရေခဲလျှောစီးလုပ်ငန်းအတွက် လေ့လာပြင်ဆင်နေပြီး၊
ဤလုပ်ငန်းအတွက်
တာဝန်ယူထားသည့် လုံခြုံရေးများက တောင်ခြေတဝိုက် စောင့်ကြပ်နေကြသည်။

“အဓိကက ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တောင်ပေါ်ကို ဘယ်သူတက်တယ်ဆိုတာ
ကြည့်ထားခိုင်းတာပေါ့။ လမ်းဖောက်တာကတော့ တောင်ပေါ်ထိ မရောက်သေးဘူး။
တောင်ခြေထိတော့ ရောက်နေပြီ” ဟု ဒေသခံက ဆိုသည်။

အလုပ်သမား လက်မှတ်သစ် ပြုလုပ်သူ မြန်မာ ၆ သိန်းခန့်ရှိ
ဘစောတင် Friday, 15 July 2011 16:20

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်နေကြသော မြန်မာ
ရွှေ့ပြောင်းအလုပ်သမား ၆
သိန်းနီးပါး အလုပ်သမား လက်မှတ်သစ် ပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော လာအို၊ ကမ္ဘောဒီးယားနှင့်
မြန်မာနိုင်ငံသားများအတွက် အလုပ်သမား လက်မှတ်သစ်များကို ဇွန်လ ၁၅
ရက်နေ့မှစတင်ကာ ဇူလိုင်လ ၁၄ ရက်နေ့အထိ ပြုလုပ်ပေးခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့အထိ ယင်းသုံးနိုင်ငံမှ စုစုပေါင်း အလုပ်သမား ၉
သိန်းခွဲကျော်
မှတ်ပုံတင်ပြီးဖြစ်ရာ မြန်မာက ၇၀ ရာခိုင်နှုန်း ရှိနိုင်ကြောင်း
ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုမိုးဆွေက
ဧရာဝတီသို့
ပြောသည်။

“မနေ့က နောက်ဆုံးပြုလုပ်ခဲ့တဲ့ စာရင်းအတိအကျကိုတော့ ကျနော်တို့
မပြောနိုင်သေးဘူးဗျ။ ဘာလို့လဲဆိုတော့ ဒီနေ့ဝါဆိုလပြည့်နေ့မို့လို့
ရုံးပိတ်ရက်
ခံသွားပြီလေ။ ဒါပေမယ့် ၁၃ ရက်နေ့အထိ သိထားရတာကတော့ လာအို၊ ကမ္ဘောဒီးယားနဲ့
မြန်မာ ၃ နိုင်ငံက အလုပ်သမား ၉ သိန်းခွဲနီးပါး
လက်မှတ်လုပ်ပြီးနေပြီဆိုတာကို
သိရတယ်။ အရင်တုန်းကလည်း လက်မှတ်သစ်လုပ်တိုင်း မြန်မာက ၇၀
ရာခိုင်နှုန်းလောက်
ပါနေကျ” ဟု ပြောသည်။

ယနေ့ ၀ါဆိုလပြည့်နေ့ အပါအ၀င် စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့များသည်
ထိုင်းအစိုးရရုံးပိတ်ရက်များဖြစ်သဖြင့် အလုပ်သမားဝန်ကြီးဌာနက
စာရင်းများကို
ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ဘန်ကောက်မြို့ အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ (HRDF) မှ အကြံပေး
မစ္စတာ
အန်ဒီဟောလ်က “ဇူလိုင်လ ၁၃ ရက်နေ့အထိကတော့ မြန်မာက ၅၅၂၂၈၉ ယောက် ပါဝင်တယ်”
ဟု
ဆိုသည်။

ထိုင်းနိုင်ငံအတွင်းတွင် အလုပ်သမားလက်မှတ် မပြုလုပ်သေးဘဲ ကျန်ရှိနေသော
အလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် ရရှိစေရန် ရည်ရွယ်ပြီး
ထိုင်းအစိုးရက
ယခုအကြိမ် ထံမံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အလုပ်သမား လက်မှတ်သစ် ပြုလုပ်ပေးမည်ဟု သတင်းထွက်ပေါ်ချိန်မှစ၍ ပွဲစားများက
နည်းမျိုးစုံဖြင့် တင်သွင်းလာခဲ့ကြသော အလုပ်သမားသစ် အများအပြားလည်း
ယခုလက်မှတ်သစ် ပြုလုပ်ရာတွင် ပါဝင်သည်ဟု သိရသည်။

ယခုပြုလုပ်သော အလုပ်သမားလက်မှတ်သစ် ပြုလုပ်ရေးအစီအစဉ်တွင်
ရွှေ့ပြောင်းအလုပ်သမားများ အားလုံးပါဝင်ခြင်းမရှိနိုင်ဘဲ
တချို့ဒေသများတွင်
ကျန်ရှိနေသေးသည်ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက် ပေးနေသော
မြန်မာနိုင်ငံ
ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ လက်ထောက်
ဒါရိုက်တာ
ဦးမြင့်ဝေက ဆိုသည်။

၎င်းက “စိုက်ပျိုးရေး လုပ်ငန်းလိုနေရာမျိုးနဲ့ ချောင်ကျတဲ့နေရာမျိုးက လူတွေ
ကျန်နေဦးမှာ သေချာတယ်။ နောက်ပြီး အလုပ်ရှင်တွေကိုယ်တိုင်က
အလုပ်သမားလက်မှတ်
မလုပ်ပေးချင်တဲ့အတွက် လက်မှတ် မလုပ်ရတာမျိုးလည်း ရှိတယ်။ နောက်ပြီးတော့
ပွဲစားတွေနဲ့ အချိန်မီတက်လာခဲ့ကြတဲ့ လူသစ်တွေ အကုန်လုံးလည်း လုပ်နိုင်မှာ
မဟုတ်ပါဘူး။ ကယ်ရီခ၊ အလုပ်ဝင်ခ၊ ဟိုခ ဒီခတွေကလည်း များတော့
လက်မှတ်လုပ်ချင်ပေမယ့် မလုပ်နိုင်တဲ့သူတွေလည်း ရှိသေးတယ်” ဟု ပြောသည်။

ယခင်က လက်မှတ်ပြုလုပ်ပြီး ထိုင်းနိုင်အတွင်းတွင် အလုပ်လုပ်နေသူ
ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ ၁ သန်း ၃ သိန်းနီးပါးရှိရာ ယခုအခါ
ထိုင်းအလုပ်သမားဝန်ကြီးဌာန အသိအမှတ်ပြု အလုပ်သမားလက်မှတ်ဖြင့်
အလုပ်လုပ်ကိုင်နေသူ ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေမှာ ၂ သန်းနီးပါး
ရှိလာမည်ဖြစ်သည်။

အလုပ်သမားလက်မှတ်သစ် ပြုလုပ်ပြီးနောက် ယင်းအလုပ်သမားများသည် ယာယီ
နိုင်ငံကူးလက်မှတ် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယခုအခါ ယာယီ
နိုင်ငံကူးလက်မှတ်ဖြင့်
အလုပ်လုပ်နေသူ မြန်မာ ၅ သိန်းကျော် ရှိနေပြီဖြစ်ကြောင်း ထိုင်းအလုပ်သမား
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာ
ရွှေ့ပြောင်းအလုပ်သမားများမှာ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး
ဆောင်ရွက်သူများက ခန့်မှန်းပြောဆိုကြသည်။

နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းများ ၃ လနား
ဧရာဝတီ Friday, 15 July 2011 15:19

နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းများကို ဇူလိုင်လဆန်းမှ
စတင်၍ ၃ လ
ရပ်နားလိုက်ကြောင်း သတင်းရရှိသည်။

“ဘက်ဂျက်လျှော့ချရေး အစီအစဉ်အရ အရေးမကြီးသေးတဲ့ တည်ဆောက်ရေး
စီမံကိန်းတွေကို
ခေတ္တရပ်နားတယ်လို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပါတယ်” ဟု
ACE
ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ခံအင်ဂျင်နီယာတဦးက ပြောသည်။ ACE
ဆောက်လုပ်ရေးလုပ်ငန်းကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့်
အားကစားဝန်ကြီးဌာန ဝန်ကြီး ဦးတင့်ဆန်း ပိုင်ဆိုင်သည်။

ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ
နေပြည်တော်ကောင်စီရုံးအနီးတွင်
တည်ဆောက်နေသော ဒုတိယ ဝန်ကြီးများအတွက် အိမ်ရာများ၊ နေပြည်တော်
အပြည်ပြည်ဆိုင်ရာ
လေဆိပ်စီမံကိန်းနှင့် စစ်တပ်မှ ဆောက်လုပ်သည့် စီမံကိန်းများမှအပ ကျန်
တည်ဆောက်ရေးလုပ်ငန်းများအားလုံး ပါဝင်ကြောင်း နေပြည်တော် အခြေစိုက်
ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

“အစိုးရက အရေးမကြီးသေးတဲ့ စီမံကိန်းတွေကို ရွှေ့ဆိုင်းပြီး အရေးကြီးတဲ့
စီမံကိန်းတွေကို အရင်ပြီးစီးအောင် လုပ်မယ်လို့ ပြောပါတယ်” ဟု ACE မှ
အင်ဂျင်နီယာက ပြောသည်။

ယင်းရွှေ့ဆိုင်းမည့် အစီအစဉ်တွင် ၂ဝ၁၃ အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲအတွက်
ရည်ရွယ်တည်ဆောက်နေသာ ဇေယျာသီရိနှင့် ဇမ္ဗူသီရိမြို့နယ်များရှိ
မက်စ်မြန်မာမှ
ဘောလုံးကွင်းနှစ်ကွင်း ပါဝင်ခြင်းရှိ၊ မရှိ မသိရသေးကြောင်းလည်း ၎င်းက
ပြောကြားသည်။

“ကျနော်တို့လည်း ရပ်နား၊ မရပ်နား မသိရသေးပါဘူး” ဟု ဇေယျာသီရိမြို့နယ်ရှိ
ဘောလုံးကွင်းတည်ဆောက်ရေး တာဝန်ခံ အင်ဂျင်နီယာက တယ်လီုဖုန်းဖြင့်
ဖြေကြားသည်။

ရပ်တန့်လိုက်သည့် တည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်ဧည့်ဂေဟာ၊
တပ်မတော်စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ အမျိုးသားမော်ကွန်းတိုက်၊
အမျိုးသားစာကြည့်တိုက် စသည့် တည်ဆောက်ရေးလုပ်ငန်းများ ပါဝင်သည်။

“၃ လ ဆိုပေမယ့် ပိုရင်လည်း ပိုနိုင်တယ်ကြားတယ်။ အလုပ်သမားတွေကိုလည်း
ပြန်လွှတ်လို့ မဖြစ်သေးဘူး။ အလုပ်မလုပ်ရဘဲ နေ့တွက်၊ လစာပေးနေရမလားပဲ
မသိပါဘူး”
ဟု နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှ စီမံကိန်းဒါရိုက်တာတဦးက
ပြောသည်။

ACE, အေဝမ်း၊ IEG, TZTM, ရွှေတောင် စသည့် ဆောက်လုပ်ရေးလုပ်ငန်းကြီးများ
အနေဖြင့်မူ အမြဲတမ်းဝန်ထမ်းများကို လစာဆက်ပေးထားမည် ဖြစ်သော်လည်း
လက်ခွဲဆောက်လုပ်ရေးလုပ်ငန်းများကမူ လုပ်သားများကို ပြန်လွှတ်နေရကြောင်း
ဆောက်လုပ်ရေး အသိုင်းအဝိုင်းမှ သိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးတရပ်တွင် ဒု သမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းက ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရအနေဖြင့်
အရေးကြီးသော စီမံကိန်းလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့်
လောလောဆယ်
မလိုအပ်သော အသုံးစရိတ်များကို လျှော့ချရန်ပြောကြားခဲ့သည်။

ယခင် အစိုးရလက်ထက်က နေပြည်တော် တည်ဆောက်ရေးလုပ်ငန်းတွင် တရက်လျှင်
မြန်မာငွေကျပ် သန်း ၄ဝဝဝ ခန့် သုံးစွဲခဲ့ကြောင်း စည်ပင်သာယာရေး
ဘဏ်အရာရှိတဦးက
ပြောသည်။

နအဖ အစိုးရလက်ထက်တွင် နေပြည်တော်ကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး
၂၀၁၂
တွင် အပြီးသတ်ရန် စီမံကိန်း ချထားခဲ့သည်။

စစ်ကိုင်းမြို့ ဆရာဝန်-ကျူရှင်ဆရာမှ ကျောင်းသူလေးကို မဟားတရားပြုကျင့်
Friday, 15 July 2011 03:51 မောက္ခပြည်တွင်းသတင်း

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ ရွာထောင်တွင် တက္ကသိုလ်ဝင်တန်း
ဘော်ဒါဆောင် တည်ထောင်ဖွင့်လှစ်ထားသူ အသက် ၄၅ နှစ်အရွယ် ဆရာဝန်က
အရွယ်မရောက်သေးသူ

ဒသမတန်း ကျောင်းသူ တစ်ဦးအား အဓမ္မပြုကျင့်မှုကို အမှုဖွင့်
စစ်ဆေးနေကြောင်း
စစ်ကိုင်းမြို့ ဒေသခံများ၊ မြို့နယ်တပ်ဖွဲ့ ရဲစခန်း၊ အမှတ် (၁)
ရဲစခန်းတို့ထံမှ
စုံစမ်းသိရှိရသည်။

နေမကောင်းသည့် အဆောင်နေ ကျောင်းသူကို ဆေးကုပေးရန် ဆေးခန်းတစ်ခုသို့
ခေါ်သွားကြောင်း၊ ယင်းနောက် အခြားဆေးခန်း တစ်ခုသို့ ထပ်မံ သွားရောက်ရမည်ဟု
ခေါ်ဆောင်ကာ အမှန်တကယ်တွင် ဆေးခန်းသို့ သွားရောက်ခြင်း မပြုဘဲ၊
တည်းခိုခန်းတစ်ခုသို့ ခေါ်သွားပြီး အဓမ္မပြုကျင့်ခြင်း ဖြစ်ကြောင်း၊
ကျောင်းသူက
ရွာပြန်မည့် ကားဂိတ်တွင် ငိုယိုနေသည်ကို အတန်းဖော်များ တွေ့မြင်၍
မေးမြန်းရာမှ
တစ်ဆင့် မိဘများ သိရှိသွားပြီး အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း
ဖြစ်ကြောင်း စစ်ကိုင်းမြို့ ရွာထောင်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

ရွာထောင် အမှတ် (၁) ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ကျ
ပြည်သူ့ရဲတပ်ဖွဲ့ဝင် တစ်ဦးက "ဒေါက်တာဇော်လေးအမှုကို ဂျာနယ်တစ်ခုက
သိချင်လို့"
ဟုဆိုကာ အဆင့်ဆင့် ညွှန်ကြားချက် တောင်းခံပြီးနောက်၊ ၎င်းတို့အနေဖြင့်
ဖြေဆိုခွင့်
မရှိကြောင်းနှင့် တိုင်းရုံးဖြင့် ဖြစ်စေ၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းကို
ဖြစ်စေ
ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ်ကို ရည်မွန်စွာ ဖြေဆို ပြောကြားသည်။

စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ် မေးမြန်းရာတွင်
အမှုဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း၊ ပနံပါတ် ၄၉၉/၂၀၁၁ ဖြင့်
အမှုဖွင့်ထားကြောင်း ပြန်လည် ဖြေကြားသဖြင့် The Voice Weekly က
မည်သည့်ပုဒ်မနှင့် ဖွင့်ထားကြောင်း ဆက်လက် မေးမြန်းရာ ပြစ်မှု
မြောက်မမြောက်
အထောက်အထား ရှာဖွေနေဆဲဖြစ်ကြောင်း၊ ဆေးရုံမှ ဆရာဝန်၏ ဆေးစစ်ချက်
တောင်းခံထားကြောင်း အတည်ပြု ပြောကြားခဲ့ပြီး လောလောဆယ် ပြောနိုင်သည်မှာ
ဤမျှသာဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အမှုလိုက် အရာရှိက
ရည်မွန်စွာ
ဖြေကြားသည်။

အမှုဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း၊ ဇူလိုင်လ ၂ ရက်နေ့ စနေနေ့က
ဖြစ်ပွားခဲ့ပြီး
တစ်မြို့လုံး တစ်ယောက် တစ်ပေါက် ထင်ကြေးပေး ပြောဆိုနေကြကာ မည်သည်ကို
အမှန်ဟု
ပြောရန် မလွယ်ကူသေးကြောင်း စစ်ကိုင်းမြို့မှ ဆန်ရောင်းဝယ်ရေး
လုပ်ငန်းရှင်
တစ်ဦးက တယ်လီဖုန်း မှတစ်ဆင့် ဖြေကြားသည်။

"မင်းလမ်း ရပ်ကွက်မှာရှိတဲ့ တည်းခိုခန်းကနေ ထွက်သွားပြီး သုံးနာရီလောက်
အကြာမှာ
ကျောင်းသူလေးရဲ့ မိဘတွေ အမှုဖွင့်လို့ ဒေါက်တာဇော်လေးကို ဘော်ဒါမှာ
သွားဖမ်းခဲ့တာပါ။ ကျောင်းသူမလေးက (------) ကျေးရွာကပါ" ဟု သွားရောက်
ဖမ်းဆီးစဉ်
သက်သေအဖြစ် ပါဝင်သော အသက် ၃၀ အရွယ် အမျိုးသား ဝန်ထမ်းတစ်ဦးက The Voice
Weekly
သို့ ပြောကြားသည်။

အဆိုပါ ဘော်ဒါဖွင့်ထားသည့် ကျူရှင်ဆရာမှာ ရွာထောင် မီးရထားဆေးရုံတွင်
တာဝန်ကျနေသူ လက်ထောက် ဆရာဝန် တစ်ဦးဖြစ်ပြီး ကျောင်းသူမလေးကို
အဓမ္မပြုကျင့်သည်ဟု
စွပ်စွဲခံရခြင်းသည် အခြားပညာရေး ဘော်ဒါများကိုပါ ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု
ထင်မြင်ကြောင်း စစ်ကိုင်းမြို့ ဒေသခံ မင်းလမ်း ရပ်ကွက်နေ ဦးရွှေဖူးက
၎င်း၏အမြင်ကို
ပြောကြားသည်။

"အခုလို ဖြစ်သွားတဲ့ ကိစ္စကိုတော့ စစ်ကိုင်း တစ်မြို့လုံး လက်မခံနိုင်ဘူး။
ကျူရှင်ဆရာတစ်ဦး ဖြစ်တဲ့အပြင် ဆရာဝန်တစ်ဦးပါ ဖြစ်တဲ့အတွက် ဒီလို
မလုပ်သင့်ဘူးလို့ မြင်မိပါတယ်" ဟု အသက် ၅၀ ကျော်အရွယ် စစ်ကိုင်းမြို့ခံ
စာနယ်ဇင်းဆရာ တစ်ဦးဖြစ်သူ ဦးကြည်အောင်က ပြောကြားသည်။
The Voice Weekly Journal

Reply all
Reply to author
Forward
0 new messages