သခင်စီုး
3 views
Skip to first unread message
thak...@gmail.com
unread,
Jul 8, 2011, 12:08:12 PM7/8/11
to thakinsoe, burm...@gmail.com
တောင်ပိုင်း တိုင်းမှူးသစ် ရာထူးမှ အနားပေးခံရ ရန်ပိုင် Thursday, 07 July
2011
16:10
<http://www.irrawaddy.org/bur/index.php/component/mailto/?
tmpl=compone...>
ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းသန်းကို ဇူလိုင်လ ၅
ရက်နေ့က
တာဝန်မှ ရပ်စဲလိုက်ကြောင်း နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်မှ သိရသည်။
ဗိုလ်မှူးချုပ် ထွန်းသန်းအား ပြီးခဲ့သည့် ရက်ပိုင်းက
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ
ပဲခူးတိုင်းတောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့
ပြောင်းရွေ့စေခဲ့ပြီး ၂ ရက်အကြာတွင် နေပြည်တော်သို့ ခေါ်ယူပြီး ရာထူးမှ
အနားယူစေခဲ့ခြင်းဖြစ်သည်ဟု စစ်ဘက်နှင့်နီးစပ်သူတဦးက ပြောသည်။
“နေပြည်တော်ကို လင်မယား ၂ယောက်စလုံး ခေါ်ပြီး၊ တိုင်းမှူးကြီးကို
ပင်စင်ပေးလိုက်တာ” ဟု ၎င်းကဆိုသည်။
မည်သည့် ပြစ်ချက်ကြောင့် အငြိမ်းစားပေးသည်ကိုမူ တိတိကျကျ မသိရသေးသော်လည်း
ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူစဉ်က မြေယာတချို့နှင့် ပတ်သက်၍
လာဘ်စားခဲ့သည်အတွက် အရေးယူခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
လစ်လပ်သွားသော ယင်းတိုင်းမှူးနေရာတွင် လာမည့် နိုင်ငံတော်
ကာကွယ်ရေးတက္ကသိုလ်ဆင်း
တဦးဦးဖြင့် အစားထိုး ခန့်အပ်မည်ဟု စစ်ဘက်အသိုင်းအဝိုင်းက
ခန့်မှန်းနေကြသည်။
ပြီးခဲ့သည့် လအတွင်းက ကျင်းပသည့် တပ်မတော် လေးလပတ် တပ်မှူးများ ညီလာခံ
အပြီးတွင်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့်
စစ်တိုင်းမှူး ၆ ဦးကို စစ်တိုင်းနေရာများ ပြောင်းရွှေ့
တာဝန်ထမ်းဆောင်စေခဲ့သည်။
ဗိုလ်မှူးချုပ် ထွန်းသန်းသည် ထိုပြောင်းရွှေ့ခံရသည့် စစ်တိုင်းမှူး ၆
ဦးတွင်
တဦးအပါအ၀င် ဖြစ်သည်။
ဗိုလ်မှူးချုပ် ထွန်းသန်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လက ပြုလုပ်သည့်
စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲများတွင် ပဲခူးအခြေစိုက် တပ်မ ၇၇ တပ်မှူးမှ
ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သူ
ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်းကလည်း တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်
သန်းထွန်းဦးသည်လည်း ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် တရားမ၀င်
လိုင်စင်မဲ့ကားများ
တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်များကြောင့်
ရှောင်တခင်
ဝင်ရောက်စစ်ဆေးခြင်းကို ခံခဲ့ရသေးသည်။
ရန်ကုန်တွင် ၇ ဇူလိုင် အခမ်းအနား ကျင်းပ
ဧရာဝတီ Thursday, 07 July 2011 17:50 သတင်းတိုများ
<http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42>
<http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42>
<http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42>
ရန်ကုန်မြို့တွင် ယနေ့ကျရောက်သော “၇ ဇူလှိုင် အောက်မေ့ဖွယ်”
အခမ်းအနားတခုကို
ရွှေပြည်သာမြို့နယ်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦး၏ နေအိမ်တွင်
စုစည်းကျင်းပခဲ့သည်။ အခမ်းအနားသို့ NLD အဖွဲ့ဝင်များ၊ ၈၈
မျိုးဆက်ကျောင်းသားများအပါအဝင် အဖွဲ့အစည်းများနှင့် စိတ်ဝင်စားသူများ
တက်ရောက်သည်။ ကဗျာဆရာ မုံရွာ အောင်ရှင်က ၁၉၆၂ ခုနှစ် ဇူလှိုင်လ ၇ ရက်နေ့
ကျင်းပရခြင်းနှင့် ဖြစ်ပွားခဲ့သော သမိုင်းကြောင်းကို ရှင်းလင်းပြော
ကြားသည်။
နံနက်ပိုင်းတွင် ကျဆုံးသွားသူ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအတွက်
ရည်စူးကာ
သံဃာတော်များကို သင်္ကန်းနှင့် ဆွမ်း ကပ်လှူခဲ့သည်။ အာဏာပိုင်များဘက်မှ
စောင့်ကြည့်မှုရှိသော်လည်း နှောက်ယှက်ဟန့်တားခြင်းမရှိ ဟုဆိုသည်။
ခွဲထွက်ကရင်များကို စည်းရုံးရေး မအောင်မြင်
သန်းထိုက်ဦး Thursday, 07 July 2011 16:15
မကြာသေးခင်က ပုန်ကန် ခွဲထွက်သွားသော ကရင်နယ်ခြားစောင့်
တပ်ဖွဲ့ဝင်များကို
ပြန်လည် စည်းရုံးရန် အစိုးရက DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့်
ဗိုလ်ချစ်သူကို တနင်္ဂနွေနေ့က စေလွှတ် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု
မရှိသေးကြောင်း သိရသည်။
ဗိုလ်ချစ်သူသည် ခွဲထွက်သွားသည့် တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ
တပ်ရင်းမှူး ဒု
ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊
မြိုင်ကြီးငူ ဒေသတွင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး
(KNU)
တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ဧရာဝတီသို့ ပြောသည်။
“မြန်မာ အစိုးရကတော့ ကရင် အချင်းချင်း ပြန်တိုက်စေချင်တယ်၊ ဒါကြောင့်
ဗိုလ်ချစ်သူကို ညှိခိုင်းတာပါ၊ ဒါပေမယ့် ဗိုလ်ဘိက ဗိုလ်ချစ်သူကို
မယုံတော့
ညှိနှိုင်းတာ အဆင်မပြေဘူး” ဟု ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။
ပုန်ကန်ခွဲထွက်သွားသော တပ်ဖွဲ့များက မြိုင်ကြီးငူဒေသ အပြင်ဘက်တွင်
နေရာယူထားကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ရင် ဘုန်းကြီးကျောင်းတွေ ဘာသာရေး အဆောက်အအုံတွေ
ပျက်စီးမှာစိုးလို့ ဗိုလ်ဘိကတော့ မြိုင်ကြီး ငူနားမှာ စစ်မျက်နှာ
မဖွင့်ချင်ဘူး” ဟု ဗိုလ်မှူးချူပ် ဂျော်နီက ဆိုသည်။
ဤအတောအတွင်း ဒေသခံအများအပြားက တိုက်ပွဲများဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့်
အနီးအနားရှိမြို့ရွာများသို့ ပြောင်းရွှေ့နေကြသည်ဟု သိရသည်။
DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်သည်သည်
အာဏာပိုင်တို့၏
အစီအစဉ်ဖြင့် နယ်ခြားစောင့်တပ်များ အဖြစ် အသွင်ပြောင်းထားသည်မှာ တနှစ်
ပြည့်တော့မည် ဖြစ်သည်။
ပြီးခဲ့သည့် မေလတွင် တပ်ရင်း ၄ ရင်းက ပုန်ကန် ခွဲထွက်ပြီး DKBA
တပ်ဖွဲ့များအဖြစ် ပြန်လည် ခံယူလိုက်ကြသည်။ အစိုးရ၏ အုပ်ချုပ်မှု အောက်တွင်
မနေလိုသဖြင့် ခွဲထွက်ခြင်း ဖြစ်သည်ဟု သိရသည်။
တလအကြာတွင် ခွဲထွက်တပ်များနှင့် အစိုးရကို သစ္စာခံသည့် ကရင်
နယ်ခြားစောင့်တပ်များ မြိုင်ကြီးငူ အနီးရှိ တခွက်ဖိုးကျေးရွာတွင်
တိုက်ပွဲ
ဖြစ်ပွားခဲ့ကြသည်။ နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ၏ တပ်ရင်းမှူး ဒု
ဗိုလ်မှူးကြီး
စိုးနိုင် ကျဆုံးသွားကြောင်း သိရသည်။
၂ နာရီ ခန့်ကြာသည့် ထိုတိုက်ပွဲတွင် ခွဲထွက် တပ်ဖွဲ့များက စစ်ရေးအရ
အချက်အချာကျသည့် တံတား ၃ စင်း ကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲ၊ မငြိမ်မသက်မှုများနှင့် ပတ်သက်ပြီး
အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ပြည်နယ်အစိုးရ အပစ်ရပ်ကမ်းလှမ်းမှု KIO ထပ်မံပယ်ချ
ဖနိဒါ | ကြာသပတေးနေ့၊ ဇူလိုင်လ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၃ မိနစ်
ချင်းမိုင် (မဇ္စျိမ) ။ ။ ဗဟိုအစိုးရ၏ ကမ်းလှမ်းမှု မဟုတ်သဖြင့်
အပစ်ခတ်ရပ်စဲရန် ထပ်မံ ကမ်းလှမ်းလာသည်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ က
ထပ်မံပယ်ချလိုက်ကြောင်း KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။
“ အစိုးရဘက်မှ အပစ်ရပ်ထားတယ် ဆိုပေမယ့် ရှေ့တန်းမှာက ပစ်ခတ်နေတာပဲ။
အဲဒါကို
ဘယ်လိုလို့ အသိအမှတ်ပြုမလဲ။ ကြည့်လေ စပြီး တိုက်လာတာက သူတို့ လွှတ်တော်
အစိုးရတွေ မဟုတ်ဘူးလေ။ စစ်တပ်က စပစ်တာပဲ။ အဲဒီလို အပစ်ရပ်ဆိုင်းရင်
တွေ့ဆုံ
ဆွေးနွေးရေး အတွက် သက်သေပြယုဂ်တခု ဖြစ်ပါလိမ့်မယ်ဆိုတဲ့ အကြံပြုစာ
ဖြစ်တယ်။
ဒီစာက အရင်ကတည်းကနေ ဦးသိန်းဇော်ပြောတဲ့ စကားတွေပဲ။ အဲဒါက ကျနော်တို့
အသိအမှတ်ပြုလို့ မရဘူး” ဟု ဦးလနန်က မဇ္ဈိမကို ပြောသည်။
ပြည်နယ်အစိုးရက ဖွဲ့စည်းထားသော ငြိမ်းချမ်းတည်ငြိမ်းရေးနှင့်
ညှိနှိုင်းရေးအဖွဲ့မှ သယ်ဆောင်လာသော ပြည်နယ် နယ်စပ်လုံခြုံရေးရာ ဝန်ကြီး
ဦးသန်းအောင်က လက်မှတ်ရေးထိုးထားသော စာတွင် အစိုးရ စစ်တပ်ဘက်မှ ပစ်ခတ်မှု
ရပ်ဆိုင်းထားပြီးဖြစ်၍ KIO ဘက် အပစ်အခတ် ရပ်ပေးရန် ပါရှိသည်။
စစ်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရကိုယ်စားလှယ်နှင့်
တွေ့ဆုံဆွေးနွေးအပြီး
တပတ်အကြာတွင် ငြိမ်းတည်ညှိအဖွဲ့မှ ကချင်အတိုင်ပင်ခံ ဦးဆင်ဝါးနော်က
ပြည်နယ်အစိုးရ၏ အပစ်ရပ်စာကို ယူလာခဲ့ခြင်း ဖြစ်သည်။
“အစိုးရ စစ်တပ်ဘက်က ရှေ့တန်းကို ညွှန်ကြားတဲ့ သက်သေ အထောက်အထား၊ အမိန့်စာ
မဟုတ်ရင်တောင် အဲဒီလို အမိန့်စာ အဓိပ္ပာယ် သက်ရောက်နိုင်တဲ့
တပ်ပိုင်းဆိုင်ရာ
အရာရှိတဦးဦး လက်မှတ်ထိုးထားတာကို ကျနော်တို့ လိုချင်တာပဲ” ဟု ဦးလနန်က
ဆိုသည်။
KIO က နေပြည်တော်နှင့် တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်လိုချိန်တွင် သမ္မတ
ဦးသိန်းစိန်အစိုးရက ပြည်နယ် အစိုးရဖြင့်သာ လွှဲထားခြင်းမှာ
ကချင်ပြည်နယ်အတွင်း
အစိုးရတပ်များ ခြေကုတ်ယူနိုင်ရန် အချိန်ဆွဲထားမှာကို သံသယဖြစ်ဖွယ်
ရှိကြောင်း
လေ့လာသူများက ပြောသည်။
ဦးလနန်ကတော့ “ အပစ်အခတ် ရပ်ဆိုင်းရေးက တကမ္ဘာလုံးသိရမယ့် အလုပ်ပဲ။
ကမ္ဘာသိအောင်
ဘာဖြစ်လို့ ဖွင့်မပြောပြနိုင်တာလဲ ဆိုတာက ပြောစရာ ဖြစ်နေတယ်” ဟု ပြောသည်။
ငြိမ်းတည်ညှိအဖွဲ့ကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက
နယ်စပ်ဒေသ
လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊
ကချင်အမျိုးသား
အတိုင်ပင်ခံ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်၊ UDPKS ပါတီမှ အမျိုးသားလွှတ်တော်
ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း
ဗိုလ်မှူးကြီး ထွန်းထွန်းအုန်းနှင့် စစ်ဘက်ရေးရာ လုံခြုံရေး စစ်ဆေးရေးဌာန
ဗိုလ်မှူးနိုင်လင်းတို့ အပါအဝင် ၅ ဦးကို ဖွဲ့စည်းခဲ့သည်။
သို့သော်လည်း ဇွန်လ ၃ဝ ရက်တွင် ပထမဆုံး နှစ်ဘက် တွေ့ဆုံပွဲသို့
အဖွဲ့အတွင်း
အရေးပါသူ ဗိုလ်မှူးကြီး ထွန်းထွန်းအုန်း လိုက်ပါမလာခဲ့ပေ။
အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု မရသော်လည်း ကြားဝင်စေ့စပ်မှုမှာ
တိုးတက်မှုရှိသည်ဟု
အစိုးရ ကိုယ်စားလှယ် တဦးဖြစ်သူ ကချင်အမျိုးသား အတိုင်ပင်ခံ
ဦဆင်ဝါးနော်က
မဇ္စျိမကို ပြောသည်။
“ခု ၂၅ ရာခိုင်နှုန်း အောင်မြင်လာပြီလို့ ပြောလို့ရမယ်။
နှစ်ဖက်တိုက်ပွဲကြီးတွေ
ဖြစ်လာတာ မရှိတဲ့အတွက်
အောင်မြင်တယ်လို့ ပြောလို့ရမယ်။ လိုင်ဇာလမ်းပေါ်လည်း
ပုံမှန်သွားလာနေတာတွေ
တွေ့ရရင် အောင်မြင်တယ်လို့
ပြောရမယ်” ဟု သူက ဆိုသည်။
ဇွန် ၅ ရက်တွင် မြစ်ကြီးနား-မန္တလေး မီးရထားသံလမ်းကို KIA (KIO ၏ တပ်) က
မိုင်းထောင် ဖောက်ခွဲဖျက်ဆီးသဖြင့် စလီဖားတုံးများ ဖျက်ဆီးခဲ့သည်ဟု
အစိုးရက
ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှတဆင့် ထုတ်ပြန်သည်။
သို့သော် ၎င်းမှာ KIO လက်ချက်မဟုတ်ကြောင်း ဦးလနန်က ငြင်းဆန်လိုက်ပြီး
“အစိုးရကို
မုန်းတဲ့ လူတွေ အများကြီး။ တောမီးလောင် တောကြောင် လက်ကမောင်းခတ်
အများကြီးပဲလေ”
ဟု ပြောသည်။
KIO အနေဖြင့် ဇွန် ၃ ရက်ကတည်းက အစိုးရထိန်းချုပ်ရာ နယ်မြေအတွင်း
ဝင်ရောက်ဖျက်ဆီးခြင်းနှင့် လက်ဦးမှု အရယူ တိုက်ခိုက်ခြင်းများ
မပြုလုပ်ရန်
ရှေ့တန်းတပ်ဖွဲ့များကို ညွှန်ကြားထားသည်ဟု ထပ်မံပြောသည်။ သို့သော်လည်း
အပစ်ခတ်ရပ်စဲမှု မဟုတ်ကြောင်း ကြေညာထားသည်။
လူထုက ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားသော ကျောက်ဖြူ ကံ့ကော်တော ဘုရားလမ်း
အစိုးရ
စီမံကိန်းကြောင့် ပျက်စီး
မောင်ရမ္မာ News Date:7/7/2011 နိရဉ္ဇရာ သတင်း
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ အထင်ကရ ဘုရားတစ်ဆူဖြစ်သော ကံ့ကော်တော
ဘုရားလမ်းမှာ အစိုးရ စီမံကိန်း တခု ဖြစ်သော ရွှေဂတ်စ် စီမံကိန်းမှ
ကျောက်ထုတ်လမ်း အဖြစ် ကားများဖြင့် အသုံးပြု နေသဖြင့် ယခုအခါ သွားလာလို့
မရအောင် ပျက်စီးနေကြောင်း ဒေသခံများက ပြောသည်။
"ကျွန်တော်တို့ ကျောက်ဖြူမြို့နယ်မှာ အထင်ကရ ကံ့ကော်တော
ဘုရားဆိုတာရှိပါတယ်။
ကားလမ်းမကြီးက တမိုင်ကျော်ရှိတဲ့ ဘုရားကို သွားတဲ့ ကားလမ်းကို
မြို့သူမြို့သားတွေ ရွာသူ ရွာသားတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့
ကတ္တရာလမ်းဖေါက်လုပ်
လှူဒါန်းထားပါတယ်။ အဲဒီ ကတ္တရာလမ်းကို အခု ကုမ္ပဏီသုံးခုက ကျောက်
ထုတ်လုပ်ငန်း
အတွက် အသုံးပြုပစ်တာကြောင့် လမ်း လုံးဝပျက်စီးသွားပြီးတော့ ဘုရားဖူး
ပြည်သူတွေ
ဘုရား ဖူးသွားလို့ မရဖြစ်နေပါတယ်"ဟု ကျောက်ဖြူဒေသခံတဦးက ပြောသည်။
ကျောက်ဖြူမြို့နှင့် တမိုင်ခွဲ အကွာတွင်ရှိသော ပေါက်နက်ကြီးတောင်မှ
ကျောက်တောင်များကို မှိုင်းခွဲကာ ရေလမ်းခရီး ၁ မိုင်ခန့်ဝေးကွာသော
ကုလားပိုက်ဆိပ် ဆိပ်ကမ်းသို့ လှေသဗ္ဗာန် မော်တော်များဖြင့် တင်ဆောင်လာပြီး
ဆိပ်ကမ်းမှ တဆင့် ကျောက်များကို ကံ့တော ဘုရားအနီးသို့ သယ်ဆောင်နေသဖြင့်
ကားလမ်းမှာ ပျက်စီးသွားခြင်း ဖြစ်ကြောင်း သူက ပြောသည်။
" အဲဒီ ကျောက်ဖြူမြို့နဲ့ ၆ မိုင်ခန့်အကွာ ဘုရားလမ်းအနီးမှာ ကုမ္ပဏီတွေက
ငှားရမ်းထားတဲ့ မြေကွက် လပ်တွေမှာ ကျောက်ကြိတ်စက်တွေကို
တည်ဆောက်ထားပါတယ်။
အဲဒီစက်တွေဆီကို ကုလားပိုက်ဆိပ်က ကျောက်တွေကို ကျောက်တင်ကားတွေနဲ့
နေ့စဉ်နေ့တိုင်း သယ်ဆောင် နေတာကြောင့် ကျွန်တော်တို့ ပြည်သူတွေ
တည်ဆောက်ထားတဲ့
ဘုရားကို သွားတဲ့လမ်း ပျက်စီးသွားတာ ဖြစ်ပါတယ်။"
အဆိုပါ လမ်းကို နေ့တိုင်း အသုံးပြုနေသာ ကားများမှာ ဟွန်ဒိုင်းကုမ္ပဏီ၊
မြင့်ကုမ္ပဏီ၊ ရွေသဘာဝ ဓါတ်ငွေ့စီမံကိန်းလက်အောက်ခံ MGC နှင့် CSC
ကုမ္ပဏီများမှ
ဖြစ်ကြကြောင်း သိရသည်။
ကံ့ကော်တော ဘုရားတွင် ၀ါတွင်းကာလအတွင်း ကျောက်ဖြူမြို့နှင့်
အနီးအနားကျေးရွာများမှ ဗုဒ္ဓဘာသာဝင်များ ဥပုသ်သီလ ဆောက်တည်ကြ သဖြင့်
အဆိုပါ
လမ်းမှာ အထူး သွားလာများသော လမ်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
တခြား ဒေသခံ အမျိုးသမီး တစ်ဦးကလည်း " ဘုရားဖူး ပြည်သူတွေ သွားလာလို့မရဘဲ
ဖြစ်နေတဲ့ အပြင် အခု ၀ါတွင်းကာလ ဥပုသ်သီလ ဆောက်တည်ကြတဲ့ မြို့သူမြို့
သားတွေလည်း ဥပုသ်သီလ ဆောက်တည်ဖို့ ကားနဲ့ သွားမရ၊ ခြေလျင်လည်း သွားလို့
မရ၊
မော်တော်ဆိုင်ကယ်နဲ့လည်း သွားလာလို့ မရ ဖြစ်နေပါတယ်။ ကျွန်မတို့
ကိုယ်တိုင်
လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က အဲဒီလမ်းကို သွားခဲ့တဲ့အခါမှာ အဲဒီလမ်းဟာ
ရွံ့ရည်တွေနဲ့ လုံးဝသွားလို့မရဖြစ်နေတယ်" ဟု ပြောသည်။
အဆိုပါလမ်းကို ကျောက်ဖြူမှ ၆ မိုင်ခန့်အကွာ ဂုံချိန် ကျေးရွာ၌
တည်ဆောက်နေသော
ရွေသဘာဝ ဓါတ်ငွေ့ စီမံကိန်းက ဓါတ်ငွေ့သန့််စင်စက်ရုံမှလည်း
အသုံးပြုနေကြောင်း
သိရသည်။
အဆိုပါ စီမံကိန်းမှ အလုပ်သမား ၄၀၀ ကျော် စွန့်ပစ်သော မစင်နှင့်
မိလ္လာများကို
ကျေးရွာသားများ အသုံးပြု နေသော ချောင်းထဲသို့ လာရောက် စွန့်ပစ်နေသဖြင့်
ကျေးရွာသားများနှင့် ပြဿနာ ဖြစ်ပေါ်နေသည်ဟုလည်း သူက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အကောင်အထည် ဖေါ်နေသော ရွှေဂတ်စ်
စီမံကိန်းကြောင့် ဒေသခံ ပြည်သူများ အကျိုးမခံစားရသည့် အပြင် ယခုကဲ့သို့
ဆိုးကျိုးများသာ ဖြစ်ပေါ်နေသဖြင့် အစိုးရမှ အကောင်အထည် ဖေါ်နေသော
ရွှေဂတ်စီမံကိန်းကို လူထုက အထူး မလိုမလား ဖြစ်နေကြသည်ဟုလည်း သတင်း
ရရှိသည်။
အစိုးရသစ်သုံးလကျော်ကြာ အာဏာရသော်လည်း သျှမ်းပြည်ဂိတ်ကြေးမလျှော့သေး
Thursday, 07 July 2011 17:29 သျှမ်းသံတော်ဆင့်
E-mail Printမြန်မာနိုင်ငံ အစိုးရသစ်တက်လာသော်လည်း
သျှမ်းပြည်တောင်ပိုင်းမှ
သံလွင်အရှေ့ခြမ်းသို့ သွားလာလမ်း တလျှောက် ဂိတ် ပိုမိုများပြားလာသည့်
အပြင်
ဂိတ်စောင့် တာဝန်ကျများလည်း အသုံးငွေ မလုံလောက်၊ တပ်ရံပုံငွေအတွက်
စသည်ဖြင့်
ပြောဆိုကာ ကားသမားများထံမှ ပိုက်ဆံကောက်ယူနေကြောင်း လွယ်လင်
ကျိုင်းတုံကားသမားများ ပြောဆိုသည်။
“ လွယ်လင်ကနေ သွားရင် နမ့်ဇန်၊ ခိုလမ်၊ ကွန်ဟိန်း၊ ကာလိ၊ တာ့ကော့၊
မိုင်းပြင်း၊
တုံတာ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မယန်း၊ တာ ချီလိတ်အထိဂိတ်တွေက
မြို့အဝင်အထွက်တိုင်းမှာရှိတယ်။ အများဆုံးက ခိုလမ်ကနေကာလိကြား ပေါ့။
ဂိတ်ပေါင်းက ၁၀ နေရာလောက်ရှိမယ်။ ဘီးခွန်၊ ရဲ၊ စစ်တပ်ဆိုပြီး
တဂိတ်စီရှိတဲ့အပြင် နမ့်ပန်တံတား အဖြတ်မှာဘဲ စုပေါင်းဂိတ်တဲ့ အဝင်
အထွက်မှာရှိပြန်ရော။ ကာလိမှာလဲ ခုနောက်ပိုင်း ဂိတ်တွေများလာတယ်၊
ဂိတ်ကြေးနဲ့တင်
ကျနော်တို့ ဘာမှမ ကျန်တော့ဘူး” ဟု လွယ်လင်မှ
ဗင်ကားဆရာတဦးကသျှမ်းသံတော်ဆင့်အား
ပြောသည်။
အဆိုပါ ဂိတ်များ တိုးများလာသည်မှာ မေလဆန်းကတည်းကဖြစ်ကြောင်း တဂိတ်လျင်
ယာဉ်တစီး
အနည်းဆုံး ကျပ် ၅ ထောင်မှ အများဆုံး ကျပ် ၅ သိန်းအထိ
ပေးဆောင်ခဲ့ရကြောင်း၊
ဂိတ်အရေအတွက် များပြားသဖြင့် ရငွေနှင့် ကိုက်အောင်
ကုန်အလေးချိန်ပိုတင်ရကြောင်း၊ ထို့အတွက်
ကားပျက်ခြင်း၊လမ်းပျက်စီးခြင်းတို့ကြုံတွေ့ ရကြောင်း ကုန်ကားပိုင်ရှင်တဦး
ကလည်း
ゞင်း၏အခက်အခဲကိုပြောပြသည်။“
ဗင်ကားတစီးဆိုရင် လူတင်များရင်များသလိုကောက်တယ်။ တဂိတ်
တဂိတ်မှာကျပ်ငါးထောင်ကနေတသောင်း ငါးထောင် အထိ ကောက်တယ်။
ဆိုတော့ဗင်တစီးမှာလဲ လူ
၁၀ ယောက် အနည်းဆုံး တင်ရတော့တာပေါ့။ ရှေ့ခန်း ၄ ယောက် နောက် ခန်း ၎
ယောက်
အဖုံးခန်းမှာ ၂ ယောက်။ ပစ္စည်းတွေတော့ ကားပေါင်းမိုးပေါ် တင်တာ ပေါ့။
ကားတက်တာနဲ့
တယောက် ၄ သောင်း ချက်ချင်းကောက်တာဘဲ။ ကားဆရာလဲ ပင်ပန်း တယ်။ စီးတဲ့လူလဲ
ငိုတောင် ငိုတယ်။ အဲလောက် မတင် ရင်လဲ မတတ်နိုင်ဘူးလေ။ ကိုယ့်အတွက်မှ
မကျန်တာ”
ဟုလည်း လွယ်လင်မြို့မှ ခရီးသည်တင် ဗင်ကားပိုင်ရှင် တဦးက လည်း ပြောသည်။
ဗင်ကားနှင့် မီနီဘတ်စ်(ပေါင်မုန့်ကား) တစ်စီး တဂိတ်လျင် ကျပ် ၅၀ဝ၀ နှင့်
၁၅၀ဝဝ
ကြား၊ ဘတ်စ်ကားအကြီး ကျပ် ၁၅၀ဝ၀ နှင့် ကုန်တင် ၁၀ ဘီးကားကြီးများ
တစီးလျင်ကျပ်
၅ သိန်းအထိ ပေးဆောင်ရကြောင်း အဆိုပါ ကုန်ကားပိုင်ရှင်က ဆက်လက်ပြောပြသည်။
ပင်လုံ၊
လွယ်လင်အတွင်းရှိ ကားဆရာများအား ဒုက္ခအပေးဆုံးမှာ ပင်လုံမြောက်ဖက်
လဲချားအတက်လမ်း နောင်လိုင်အနီး ၁၀ မိုင် ကုန်းဂိတ်ဖြစ်ပြီး ဆိုင်ကယ်၊ ကား
အတက်အဆင်း ဂိတ်ဖြတ်သန်းတိုင်း ပေးရသည်ဟု ပင်လုံမှ ကားဆရာတဦး
ကလည်းပြောသည်။
“ မေလကစပြီးကောက်တာ။ အတက်ရောအဆင်းရောကောက်တယ်။ ဆိုင်ကယ်တစီး ကျပ် ၅၀ဝ၊
ထော်လာဂျီ တစီး ကျပ် ၂၀ဝ၀၊ ကားတစီး ကျပ် ၅၀ဝ၀။ မပေးလို့မရဘူး။
ဂိတ်စောင့်တွေက
တဲ့တိုးပြောတာ။ သူတို့လစာ အသုံးမလောက်လို့ ကောက်ရတာပါ- တဲ့။ တခါတလေလဲ
တပ်ရံပုံငွေအတွက် လို့ပြောတယ်။ အခြေအနေ မဟန်ရင်တော့ ‘ ခင်ဗျားတို့ခရီး
သွားတွေ
လုံခြုံရေးအတွက် ကျနော်တို့ကူညီစောင့်ရှောက်ပေးတာ’ လို့ အော်တယ်” ဟုလည်း
ဌင်းကဆက်ပြောပြသည်။
ထိုကဲ့သို့ ဂိတ်များ များပြားလာသည့်အပေါ် ကားဆရာများကြား ‘
အစိုးရသစ်တက်လာတာတောင်မှစစ်သားတွေ လစာက မလောက်သေးဘူး။ အစိုးရက
ဒေါင့်စေ့အောင်
မမြင်နိုင်သေးဘူး။ မလုပ်ပေးနိုင်သေးဘူးဘဲ။ အရင်က စစ်အုပ်ချုပ်ရေး
အတိုင်းဘဲ။
ဘာမှ မထူးခြားသေးဘူး’ ဟု ပြောဆိုနေကြသည်။ရွေးကောက်ပွဲမတိုင်မီ
စည်းရုံးရေးကာလက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)
မဲဆွယ်
စည်းရုံးရေး ဆင်း စဉ်ဂိတ်များလျှော့ချရုပ်သိမ်းနိုင်ရန် ဂိတ်ကြေးများ
လျှော့ကောက်ရန် ကြိုးပမ်းပေးမည်ဟု ကတိပေးခဲ့ဖူးကြောင်း ကျိုင်းတုံ
ကားဆရာတစ်ဦးကလည်း ပြောပါသည်။
၇ ကြိမ်မြောက် တရုတ်နှင့် အာစီယံ ကျောက်မျက်ပြပွဲ မြန်မာကုန်သည်များ
တက်ရောက်
Thursday, 07 July 2011 17:37 သျှမ်းသံတော်ဆင့်
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော်ကူမင်းမြို့၌ ယခုလ ၁၀ ရက်မှ ၁၈
ရက်နေ့အထိ ၉
ရက်တာ ကျင်းပမည့် ၇ ကြိမ် မြောက် တရုတ်နှင့်အာစီယံ ကျောက်မျက်ပြပွဲသို့
တရုတ်နယ်စပ် ရွှေလီမြို့ရောက် မြန်မာကျောက်ကုန်သည် ၁၀ဝ ကျော်
ခန့်တက်ရောက်
ကြောင်း သိရသည်။
အဆိုပါ ပြပွဲတက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် မြန်မာကုန်သည်များ
ရွှေလီမြို့မှ
ကွန်မင်းမြို့သို့ ထွက်ခွာသွား ကြောင်း ယူနန်ပြည်နယ်
ကျောက်မျက်ကုန်သည်များ
အသင်း ဒုဥက္ကဋ္ဌဌ ဦးဘုန်းကျော်က သျှမ်းသံတော်ဆင့်သို့ပြောသည်။
“အခု ၇ ကြိမ်မြောက်ပေါ့ ရွှေလီရောက် မြန်မာကုန်သည်တွေက ၃ ကြိမ်တက်ပြီးပြီ
ပထမ ၎
ကြိမ်ကတော့ မတက် ဖြစ်ဘူး ရွှေလီကနေသွားတဲ့ ကုန်သည်က ၁၀ဝ ကျော်ပေါ့နော်
ရန်ကုန်၊
မန္တလေးက တချို့ကုန်သည် ကြီးတွေ လည်း ရွှေလီကကုန်သည်တွေနဲ့
ပေါင်းပြီးသွားတာလဲ
ရှိတယ်” ဟု သူက ပြောသည်။
အဆိုပါ ပြပွဲ၌ ကျောက်စိမ်းတုံး အပါအဝင် အခြားကျောက်မျက်များဖြစ်သည့် စိန်
၊
ပတ္တမြား နှင့် နီလာများလည်း ခင်းကျင်း ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
“အဓိက ကျောက်စိမ်းပြပွဲလို့ခေါ်တာပေါ့ ဒါပေမဲ့ အနီ ၊ အပြာပါတယ် စိန်ပါတယ်
နိုင်ငံတွေ အနေနဲ့ကတော့ အရှေ့ တောင် အာရှ ၁၀ နိုင်ငံပါမယ် အိန္ဒိယ၊
သီရိလင်္က࿿ာနဲ့
ပါကစ္စတန်နိုင်ငံတွေကိုလည်း ဖိတ်ခေါ်ထားတယ်။ နောက် ဂျပန် ၊ ကိုးရီးယားနဲ့
တခြား
နိုင်ငံတွေက ကုန်သည်တွေလည်းလာမယ်” ဟု ဆိုသည်။
ယခုပြပွဲသို့ တက်ရောက်သည့် မြန်မာကုန်သည်အရေအတွက် ယခင်နှစ်များထက်
ပိုများလာကြောင်း သူက ဆက်ပြောသည်။
သို့သော် မြန်မာနိုင်ငံအတွင်းမှ ကျောက်မျက်အသင်းအဖွဲ့များ
ပါဝင်တက်ရောက်ခြင်း
မရှိပဲ ကုန်သည်အစုအဖွဲ့ အနေဖြင့်သာ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
အဝေးရောက် ပင်စင်စားများ ထောက်ခံစာ ခက်ခဲ
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၀
မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ တိုးမြှင့်ပင်စင်လစာ ထုတ်ယူရန် မိခင်ဌာနထံမှ
ထောက်ခံချက်ယူရန်အတွက် မိခင်ဌာနနှင့် အလှမ်းကွာဝေးသည့် အရပ်ဒေသများသို့
ပြောင်းရွှေ့နေထိုင်ပြီးဖြစ်သော ပင်စင်စားများ သွားလာရေး ခက်ခဲနေသည်။
‘‘ပင်စင်က ဟို (အခြားမြို့တမြို့) က ယူလာတယ်ဆိုတော့ အခု အဲဒီက
ထောက်ခံချက်လက်မှတ် တောင်းတယ်။
ပြန်ယူဖို့က အဆင်မပြေဘူး။ လေယာဉ်စရိတ် အရမ်းကြီးတယ်၊ ကားနဲ့လည်း
မသွားနိုင်တော့ဘူး။ ဒီပင်စင်ကို ၁၉၉၆ ခုနှစ်ကတည်းက ထုတ်လာတာ။ အခုမှ
မိခင်ဌာနရဲ့
ထောက်ခံချက် ပြန်ယူခိုင်းတယ်ဆိုတော့ ပင်စင်စားတွေကို မယုံတော့ဘူးလား” ဟု
တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ ပညာရေးဌာနမှ အငြိမ်းစား ပင်စင်စားတဦးက
ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း ဘဏ်ဝန်ထမ်း အငြိမ်းစားတဦးကလည်း “အရင်က
ဆောင်ရွက်ပေးခဲ့တာတွေ၊ Register တွေ ရှိနေတာပဲ။ တနည်းအားဖြင့်
မှတ်ပုံတင်ဆိုရင်လည်း မှတ်ပုံတင်နံပါတ် ရှိသလို ပင်စင်စာအုပ်မှာလည်း
နံပါတ်ရှိတာပဲ။ ဒါတွေအကုန်လုံးကို မိခင်ဌာနမှာရော၊ ရုံးချုပ်၊
ပင်စင်ဦးစီးနဲ့
ထုတ်ယူခဲ့တဲ့ ဘဏ်တွေမှာ အထောက်အထား အကုန်ရှိပါတယ်။ ထောက်ခံချက်ယူရမယ့်
စရိတ်နဲ့
ရမယ့်ပင်စင်လစာနဲ့ အကြွေးတောင် ထပ်တင်ဦးမယ်။ … ဒါတွေကို
ပြန်စဉ်းစားပေးသင့်ပါတယ်” ဟု ဆိုသည်။
တိုးမြှင့်ပင်စင်လစာအတွက် ပင်စင်ဦးစီးဌာနက ထုတ်ပေးသည့် ပုံစံအား
ဖြည့်စွက်၍
မိခင်ဌာန၏ ထောက်ခံလက်မှတ် ရယူပြီး ပြန်လည်ပေးပို့မှသာ လစာငွေ
ထုတ်ယူနိုင်မည်ဖြစ်သည်။
“တိုးမြှင့်ပင်စင်အတွက် မိခင်ဌာနကို သွားပြီး ထောက်ခံချက်လက်မှတ်
သွားပြန်ယူရမယ်။ ပင်စင်စားကိုယ်တိုင် မသွားနိုင်ရင် လိုအပ်တဲ့
စာရွက်စာတမ်း
အပြည့်အစုံနဲ့ ကိုယ်စားတဦး သွားယူလို့ ရပါတယ်” ဟု ရန်ကုန်
ပင်စင်ဦးစီးဌာနမှ
တာဝန်ရှိသူတဦးက ပြောသည်။
စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးကမူ ပင်စင်စား
သက်ကြီးပုဂ္ဂိုလ်များ၏
ဘဝကို စာနာ နားလည်သင့်သည်ဟု ဆိုသည်။
“မိမိတို့မှာ ရှိပြီးသား ဖိုင်တွေနဲ့ တိုးတဲ့ပင်စင်လစာတွေကို
တွက်ချက်ပြီး
သက်ဆိုင်ရာဌာနတွေ ပြန်ပေးပို့ခြင်းအားဖြင့်၊ ဇူလိုင်လကုန် ၃၁ ရက်နေ့
အသင့်ထုတ်နိုင်ဖို့ ကူညီခြင်းအားဖြင့် နိုင်ငံတော်ရဲ့ ညွှန်ကြားချက်တွေကို
လိုက်နာမယ်ဆိုရင် ရလဒ်ကောင်းတခုနဲ့ အေးချမ်းသွားနိုင်မယ်လို့ ထင်ပါတယ်။
မိခင်ဌာန ပြန်သွားရမယ်ဆိုတာ မဟုတ်သေးဘူး။ နာဂစ်မုန်တိုင်း ဖြစ်ခဲ့တဲ့
ဒေသတွေက
ပင်စင်စားတွေဆိုရင်၊ မိခင်ဌာနမှာ ဘာအထောက်အထားမှ မရှိခဲ့တဲ့
ဒေသတွေက ပင်စင်စားတွေဆိုရင် မိခင်ဌာနမှာ ဘာအထောက်ထားမှ ရှိတော့တာ
မဟုတ်ဘူး။ ဒါ
မှတ်ပုံတင်တခု လုပ်နေတာ မဟုတ်ပါဘူး’’ ဟု သူက ပြောသည်။
ပင်စင်လစာ တိုးမြှင့်ကြောင်းကို ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာနက ဇွန် ၃၀ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၀၆/၂၀၁၁၊
အမိန့်အမှတ် (၁၀၇/၂၀၁၁) တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ညောင်ဦးဈေးမှာ လက်ဆောင်ပေးကြ
**
*သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၆ နာရီ ၃၂ မိနစ်*
**
ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၄ နာရီ မိနစ် ၅ဝ ခန့်က ညောင်ဦးဈေးသို့
သွားရောက်ရာ
ဒေသခံများက အလုအယက်ဖြင့် လက်ဆောင်များ ပေးအပ်ကြသည်။
လူစည်ကားရာ မြို့လယ်ရှိဈေးတွင် ကြိုတင်စောင့်ဆိုင်းနေသော လူအုပ်ကြီးက
ရောက်ရှိနေ၍ ထပ်မံ
လူများလာမှာကို စိုးရိမ်ဟန်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်သည်
ဝင်းစတားအထည်ဆိုင်တွင် ပုဆိုးအနည်းငယ် ဝယ်ပြီး အမြန်ပြန်ထွက်ခဲ့သည်။
သို့သော်လည်း လူအများထပ်မံရောက်လာကြပြန်ပြီး ပုဆိုး၊ ထမီ၊ ပန်းစည်း၊
တဘက်တို့ကို လက်ဆောင်
ပေးသူများကလည်း အလုအယက်နှင့် ပေးကြပြန်သည်။ အများစုက
အထုတ်ကလေးများနှင့်ဖြစ်သည်။
“အန်တီစု ကျန်းမာပါစေ” “အမေစု ကျန်းမာပါစေ” ဟု ဆုတောင်းသံများကလည်း
ထွက်ထွက်လာ၍
လုံခြုံရေး လိုက်ပါသွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက
မအော်ရန်
မေတ္တာရပ်ခံရသည်မှာလည်း အကြိမ်ကြိမ်
ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်အနမ်း နမ်းခွင့်ရလိုက်သော ဆယ်ကျော်သက်အရွယ်
အမျိုးသမီးငယ် တဦးကတော့ ဝမ်းသာကာ မျက်ရည်ရွှဲစို ငိုသွားတော့သည်။
လက်ကိုင်ဖုန်းများ၊ ကင်မရာသေးလေးများ ကိုင်ဆောင်ထားသော လူငယ် အများအပြားက
ဓာတ်ပုံ ဗီဒီယို ရိုက်ယူကြပြီး ယနေ့အတွေ့ရများသည်ကတော့ ဆယ်ကျော်သက်အရွယ်
မိန်းကလေးငယ်များ ဖြစ်သည်။
ကြိုဆိုနှုတ်ဆက်ကြသည့် ပရိသတ်မှာ ညောင်ဦးဈေးမြောက်ဘက် လမ်းတခုလုံး
လူအုပ်ဖြင့်
ပြည့်သွားခဲ့ကာ သုံးထောင်ကျော်ရှိမည်ဟု ခန့်မှန်းရသည်။
မိသားစု ဘုရားဖူး ခရီးစဉ်အဖြစ် အနားယူကာ သိုသိုသိပ်သိပ်နှင့်
ဘုရားဖူးထွက်ခဲ့သော်လည်း လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးနှင့်
မြေးကို တွေ့ချင်သူများက တနေ့ထက်တနေ့ များများလာသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံမြို့ဟောင်းသို့ မိသားစု ခရီးစဉ်ကို ယနေ့တွင်
အဆုံးသတ်ကာ သောကြာနေ့နံနက် ၈း၃ဝ တွင် လေကြောင်းခရီးဖြင့် ရန်ကုန်သို့
ပြန်မည်
ဖြစ်သည်။
ချင်းပြည်နယ် အဆင်းရဲဆုံး ဖြစ်နေဆဲ
ကိုပေါက် | ကြာသပတေးနေ့၊ ဇူလိုင်လ ၀၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၃ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်း ၁၄ ခုအနက်
ချင်းပြည်နယ်မှာ ဆင်းရဲမွဲတေမှု ပမာဏ
ပြည်နယ်လူဦးရေ၏ ၇၃.၃ ရာခိုင်နှုန်းဖြင့် အခြားဒေသများထက်
အများဆုံးဖြစ်ကာ
လွန်ခဲ့သည့် ၅ နှစ်အတိုင်း ဆက်လက် တည်ရှိနေကြောင်း ဇွန်လအတွင်း
ထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ၏ စစ်တမ်းက ဆိုသည်။
မြန်မာနိုင်ငံတဝှန်း ဒေသပေါင်းစုံမှ အိမ်ထောင်စုပေါင်း ၁ သောင်း ၈
ထောင်ကျော်ထံမှ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်အတွင်း
ကောက်ယူရရှိခဲ့သည့် UNDP စစ်တမ်းအရ အခြား ပြည်နယ်/တိုင်းများနှင့်
လွန်စွာကွာခြားကာ ချင်းပြည်နယ်မှာ အများဆုံး ဖြစ်နေသည်။ ဤစစ်တမ်းမျိုးကို
၂ဝဝ၄-၂ဝဝ၅ ခုနှစ်တွင်လည်း တကြိမ်ကောက်ခံခဲ့ဖူးရာ၊ အဆိုပါ စစ်တမ်းအရလည်း
ဆင်းရဲမွဲတေမှုပမာဏမှာ ၇၃.၃ ရာခိုင်နှုန်းအတိုင်း ချင်းပြည်နယ်မှာ
တည်ရှိနေခြင်း
ဖြစ်သည်။
မြန်မာတနိုင်ငံလုံးအတိုင်းအတာအားဖြင့် ဆင်းရဲမွဲတေမှုပမာဏမှာ ၂ဝဝ၅ ခုနှစ်က
၃၂.၁
ရာခိုင်နှုန်းရှိရာမှ ၂ဝ၁ဝ တွင် ၂၅.၆ ရာခိုင်နှုန်းထိ လျော့ကျသွားသည်။
ပြည်နယ်/တိုင်း အများစုတွင် လျော့ကျသွားမှုများရှိနေပြီး ရခိုင်၊ ရန်ကုန်၊
ဧရာဝတီနှင့် ကရင်ပြည်နယ်တို့တွင် ဆင်းရဲမှု တိုးပွားလာသည်ကို တွေ့ရှိရသည်။
ဤစစ်တမ်း ကောက်ခံရန်အတွက် အစပိုင်းတွင် အမျိုးသား စီမံ/စီးပွား
ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး
နောက်ပိုင်းတွင် UNICEF နှင့် ဆွီဒင် အပြည်ပြည်ဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်မှု
ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ - SIDA တို့ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြသည်။
ချင်းပြည်နယ်မှာ ဤကဲ့သို့ အဆင်းရဲဆုံးပြည်နယ် ဖြစ်ရခြင်းမှာ အကြောင်းရင်း
မျိုးစုံရှိကြောင်း ၉ဝ ခုနှစ်
ရွေးကောက်ပွဲဝင် ဇိုမီးအမျိုးသားကွန်ဂရက် ZNC ပါတီ ခေါင်းဆောင်ဖြစ်သူ
ဦးပူးကျင်ရှင်းထန်က မဇ္ဈိမကို ပြောသည်။
“ဒါက မျိုးစုံပါတယ်ဗျာ။ နယ်စွန်နယ်ဖျားဖြစ်တယ်၊
နိုင်ငံတော်အစိုးရအနေနဲ့လည်း
ထင်သလောက် အားကိုးလို့မရတဲ့ အခြေအနေ။ နယ်စွန်နယ်ဖျားဆို ဂရုမစိုက်ဘူး။
လမ်းပန်းဆက်သွယ်ရေးကလည်း ခက်၊ ပြည်ထောင်စုတခုလုံးမှာ အချာဆုံးပဲဗျ” ဟု
သူက
ဆိုသည်။
ချင်းပြည်မှာ သဘာဝအနေအထားအရ အရေးမသာမှုများပါ ရှိနေပြီး သယံဇာတ
ရှားပါးကြောင်း
ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ဦးဇိုဇမ်းကလည်း ပြောသည်။
“လွင်ပြင်မရှိတဲ့ဒေသဆိုလို့ ကျနော်တို့ချင်းတောင်တခုပဲ လက်ညှိုးထိုးလို့
ရလိမ့်မယ်ထင်တယ်။ ဘောလုံးကွင်း တခုတောင်မှ လူလုပ်အားနဲ့ ဖောက်ရတဲ့
အခြေအနေ။
အကုန်လုံးက ပေ ၃ဝဝဝ အထက်မှာ နေထိုင်စားသောက် လုပ်ကိုင်နေကြရတာကိုး။
သဘာဝရင်းမြစ်တွေကလည်း အင်မတန် နည်းပါတယ်။ မြေကြီးထဲမှာတော့ ရှိပါတယ်။
ကျနော်တို့ တိုင်းပြည်အခြေအနေအရ ထုတ်လုပ်နိုင်တဲ့အခြေအနေမရှိဘူးဗျ” ဟု
သူက
မဇ္ဈိမကို ပြောသည်။
ယခုစစ်တမ်းကို လူနေမှုအခြေအနေပေါင်းစု စစ်တမ်း Integrated Household
Living
Conditions Survey II ဟု ခေါ်တွင်ပြီး ၂ဝ၁၁ ဇွန်လတွင် အစီရင်ခံစာ
ထုတ်ပြန်ခြင်း
ဖြစ်သည်။ ပိုင်ဆိုင်မှုအဆင့်အတန်း၊ နေထိုင်မှု အခြေအနေနှင့် မြန်မာပြည်၏
ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းများ သိရှိနိုင်ရန်
ကောက်ယူခဲ့ခြင်း
ဖြစ်သည်။
စစ်တမ်းအရ ဆင်းရဲမွဲတေမှု အနည်းဆုံးမှာ ဒေသတခုမှာ ကယားပြည်နယ်ဖြစ်ပြီး
၁၁.၎
ရာခိုင်နှုန်းသာ ရှိကာ၊
ရခိုင်က ၄၃.၅ ရာခိုင်နှုန်းဖြင့် ဒုတိယ ဆင်းရဲမွဲတေမှုပမာဏ အများဆုံး၊
ရန်ကုန်တိုင်းမှာမူ ၁၆.၁ ရာခိုင်နှုန်း ရှိသည်။
“ကယားပြည်နယ်က လူဦးရေ ၃ သိန်း၊ ချင်းပြည်နယ်က ၅ သိန်း ရှိတယ်ပေါ့ဗျာ။
ကယားပြည်နယ်မှာက ထုတ်လုပ်မှုတွေက ရှိတယ်ဗျ။ မြေပြန့်တွေလည်း များတယ်။
အလုပ်လုပ်ရင် လုပ်သလောက် ထွက်ကုန်ရှိတယ်။ တဦးချင်း ဝင်ငွေလည်း
တက်သွားတာပေါ့ဗျာ။ လူနည်းတယ်၊ အလုပ်ရှိတယ်။ အဲဒါကြောင့် သာတာပေါ့။
ကျနော်တို့ဆီမှာက တဖြည်းဖြည်းနဲ့ လုပ်စရာကိုင်စရာတွေက ရှားပါးလာတယ်” ဟု
ဦးဇိုဇမ်းက နှိုင်းယှဉ်ပြသည်။
ဦးကျင်ရှင်းထန်ကတော့ သမိုင်းနောက်ခံချင်း မတူညီမှုကိုပါ ထောက်ပြသည်။
“ကယားပြည်နယ်က အင်္ဂလိပ်ခေတ်တုန်းကလည်း buffer state ဆိုပြီးတော့
ကြားခံတိုင်းပြည်တပြည် ဖြစ်တယ်။ ယိုးဒယားနဲ့ ဗမာပြည်နဲ့ နှစ်ဖက်လုံးမှာ
နှိုက်လို့ချွတ်လို့ ရတယ်လေ။ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းတယ်။ ဟိုဘက်မှာ
ယိုးဒယားက နီးနီးလေးရယ်။ လူက နည်းနည်းလေးပေမယ့် ဆက်သွယ်တဲ့
လမ်းကြောင်းတွေက
အများကြီး ရှိတယ်။ ကျနော်တို့က အိန္ဒိယဘက်မှာလည်း အထောက်အကူလုပ်လို့
မရဘူး။
ဒီဘက်မှာကျ ဗမာပြည် ကိုယ့်တိုင်းပြည်ကိုပဲ အားကိုးနေရတာ” ဟု သူက ဆိုသည်။
စစ်တမ်းကောက်ရာတွင် ဆင်းရဲမွဲတေမှုဆိုင်ရာကဏ္ဍ၌ အိမ်ထောင်စု၊ အိမ်၊
အိမ်သုံးပစ္စည်းအပြင် ပညာရေးနှင့် စာတတ်မြောက်မှု၊ ကျန်းမာရေး၊ အာဟာရနှင့်
သေဆုံးမှုတို့ကိုလည်း ထည့်သွင်းမေးမြန်းထားကာ အလုပ်အကိုင်၊ စီးပွားရှာမှု၊
သုံးစွဲမှုနှင့် စုဆောင်းနိုင်မှုတို့လည်း ပါဝင်သည်။
စစ်တမ်းအရ အိမ်ထောင်စုတခုချင်းစီရှိ ပျမ်းမျှဦးရေတွင် ချင်းပြည်နယ်က ၆
ဦးနှုန်းဖြင့် အများဆုံး ဖြစ်နေသော်လည်း လူငယ်အများအပြား နိုင်ငံခြားထွက်
အလုပ်လုပ်ကြသည့်အတွက် လုပ်အားများ ဆုံးရှုံးနေရကြောင်း ဦးဇိုဇမ်းက
ပြောသည်။
“တနှစ်ထက်တနှစ် လူငယ်အင်အားတွေ လျော့နည်းလာတာ။ အဲဒါကြောင့်လည်း UNDP ရဲ့
report
ထဲမှာ ပါတဲ့ ဆင်းရဲမွဲတေတယ်ဆိုတာ နီးစပ်နိုင်တယ်။ အလုပ်လုပ်မယ့်
လူငယ်အင်အားတွေက လုံးဝလျော့ပါးလာတယ်။ အဓိကတရားခံ အဲဒါပဲ။ အလုပ်လုပ်မယ့်သူ
မရှိတော့ ထုတ်လုပ်မှု မရှိဘူး။ ထုတ်လုပ်မှု မရှိတော့ ဝင်ငွေ
မရှိဘူးပေါ့ဗျာ” ဟု
သူက ပြောသည်။
ဤသို့ လူငယ်များ နိုင်ငံရပ်ခြားသို့ ထွက်ခွာအလုပ်လုပ်နေကြရသည်မှာ
ဒေသတွင်း
အဓမ္မလုပ်အားပေးများကြောင့်ဟု ဦးပူးကျင်ရှင်းထန်က ဆိုသည်။
“ တပ်တွေကလည်း လုပ်အားချောဆွဲတာက များနေတော့ ကော်ဖီတို့ ဘာတို့
စိုက်ခိုင်းတယ်၊
အခကြေးငွေ မပေးဘဲနဲ့ ကိုယ့်အလုပ်ကို ပစ်ပြီးတော့ သွားအလုပ်ခိုင်းတယ်။
အများစုက
ဒီမှာနေလို့မရတော့ ပိုက်ဆံရမယ်ထင်ပြီး နိုင်ငံခြား သွားကြတာ။ နောက်
သူတို့ထင်သလိုလည်း မဖြစ်ကြဘူး။ ငွေပြန်ပို့နိုင်တာက နည်းနည်းလေး” ဟု သူက
ပြောသည်။
ဤသို့ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားကြသူများမှာ မလေးရှားနှင့်
အိန္ဒိယနိုင်ငံတို့တွင်ပင် သောင်းဂဏန်းထိ ရှိနေပြီ
ဖြစ်ပြီး၊ နယူးဒေလီရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
UNHCR မှ
မစ်ရှင်အကြီးအကဲ၏
အဆိုအရ ယခုတလောတွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မိဘများမပါဘဲနှင့်
ဒုက္ခသည်အဖြစ် လာရောက် လျှောက်ထားသူ များပြားလာကြောင်း သိရသည်။
ချင်းလူငယ်အများစုမှာ ၁ဝ တန်းအထိသာ ချင်းတောင်တွင် သင်ကြားနိုင်ပြီး
အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားရန်အတွက်မူ အခြားတိုင်းများသို့
သွားရောက်ကြရသည်။
တီးတိန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်လည်းဖြစ်သည့်
ဦးဇိုဇမ်းက တက္ကသိုလ်၊ ကောလိပ် မရှိသည့် ချင်းတောင်အတွက်
စိုက်ပျိုးမွေးမြူရေး
အခြေခံသော လုပ်ငန်းများ တိုးပွားအောင် ဆောင်ရွက်သင့်ကြောင်း အကြံပြုသည်။
“ကျနော်တို့ဆီမှာ ဒါနဲ့ပတ်သက်လို့ အသိပညာ နည်းပါးနေပါသေးတယ်။ အဲဒါ
တိုးတက်လာအောင် စိုက်ပျိုးရေးတက္ကသိုလ် မရတောင်မှ
စိုက်ပျိုးမွေးမြူရေးသိပ္ပံအဆင့်လောက် သင်တန်းကျောင်းတွေ လိုအပ်တယ်။ model
farm
စံပြစိုက်ပျိုးမွေးမြုရေးတွေ လုပ်ပြမယ်” ဟု သူက ပြောသည်။
သူက ဆက်ပြီး “အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့နေရာမှာ စီစဉ်တဲ့သူတွေက
ချင်းပြည်နယ်ဟာ အင်မတန် ဒုက္ခရောက်နေပါတယ်ဆိုတဲ့ ပကတိအခြေအနေအတိုင်း
မြင်ပေးနိုင်ဖို့ အရေးကြီးတယ်။ နောင် ၅ နှစ်ကြာကတော့
တိုးတက်ကောင်းမွန်တဲ့
အပြောင်းအလဲ လုပ်မပေးနိုင်ရင်တော့ ဒီ့ထက်ပိုဆိုးမလား ကျနော်
စိုးရိမ်ပါတယ်” ဟု
ပြောသည်။
ဖိနပ်စက်ရုံအလုပ်သမား ၂,၀၀၀ကျော် လုပ်အားခအတွက် ဆန္ဒပြ
<http://www.kicnews.org/?p=6405#respond>
ဇူလိုင်လ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ တစ်ဖက်ရှိ ထိုင်းဘက်ခြမ်းမှ
ဖိနပ်စက်ရုံတရုံ၌ ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမား ၂,၀၀၀ကျော်က ၎င်းတို့၏
လုပ်အားခအတွက် တောင်းဆိုရာမှ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယနေ့မွန်းလွဲ ၂နာရီအချိန်တွင် ဘုရားသုံးဆူမြို့ နယ်စပ်ဂိတ်နှင့်ကပ်လျှက်
ဘာစီနီဖိနပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၂,၅၀၀ကျော်သည်
အလုပ်ရှင်ကို လုပ်အားခတိုးတောင်းရာမှ အဆင်မပြေဘဲ ဆန္ဒပြမှု စတင်
ဖြစ်ပွားရခြင်းဖြစ် သည်ဟု ဆန္ဒပြသည့် အလုပ်သမားများက ပြောသည်။
ဆန္ဒပြအလုပ်သမား ကိုသန့်ဇင်က “ကုန်ဈေးနှုန်းတွေ တက်တယ်မဟုတ်လား။ ဒါကြောင့်
လူသစ်တွေကို တယောက်ကို ၁၀၀ တိုးပေး။ လူဟောင်းတွေကျတော့ တရက်ကို ၃၀
ထပ်တိုးပေး။
သူဌေးက မပေးနိုင်ဘူး။ သုံးဆယ်မရရင် ၂၀တောင်းတယ်။ မရ ဘူး။ သူဌေးက ၅
ဘတ်တိုးမယ်။
ကျ နော်တို့တွေ မယူဘူး။ ဂိတ်ဆုံး ၁၀တိုးပေးမယ်။ လက်မခံဘူး။
မလုပ်နိုင်ရင်လည်း
ထွက် ပေါ့လို့ ပြောတယ်။ မွန်းလွဲ ၂နာရီကနေစပြီး ဆွေးနွေးတာ တနာရီလောက်
ကြာတယ်။
သူဌေးက လက်မခံဘူး။ အဆင်မပြေ တော့ ကျနော်တို့လည်း အကုန်လုံး
ထွက်တယ်ပေါ့။”ဟု
ပြောသည်။
ထို့အပြင် ညနေ ထိုင်းစံတော်ချိန် ၆နာရီခွဲတွင် ဆန္ဒပြမှုတွင်
ဦးဆောင်သူများ၊
မြန်မာဘက်ခြမ်းက ရပ်ဖိရပ်ဖလူကြီးများနှင့် ဖိနပ်စက်ရုံ သူဌေးတို့
နောက်ထပ်တစ်ကြိမ် ထပ်မံ ဆွေးနွေးကြသော်လည်း နှစ်ဖက်
သဘောတူညီမှုမရရှိခဲ့ကြောင်း
အဆိုပါ အလုပ်သမားက ပြောသည်။
အလုပ်ရုံ ၃ရုံဖြင့် မြန်မာအလုပ်သမားပေါင်း ၂,၅၀၀ကျော်ရှိသည့်
ဘာစီနီဖိနပ်စက်ချုပ်စက်ရုံတွင် အလုပ်သမားအသစ်တစ်ဦး မှာ တရက်လျှင် ဘတ်
၇၀ရရှိပြီး လူဟောင်းများက ဘတ် ၁၀၀ကျော်ရရှိကြသည်ဟု သိရသည်။
ယနေ့ ဆန္ဒပြမှုတွင် အလုပ်ရှင်ဘက်က ခြိမ်းခြောက်အကြပ်ကိုင်မှု တစုံတရာ
မရှိသော်လည်း
မြန်မာဘက်ခြမ်းက အာဏာပိုင် များက ဖွံ့ဖြိုးရေးလုပ်ငန်းအတွက်ဟုဆိုကာ
အလုပ်သမားများထံမှ နေ့စဉ် ငွေကောက်ခံသောကြောင့် လုပ်အားခ လောက်ငှမှု
မရှိဘဲ
ယခုလို ဆန္ဒပြမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ရှိ
အမည်မဖော်လိုသည့်
ရပ်ကွက်လူကြီးတဦးက ပြောသည်။
၎င်းက “ကျနော်သိရသလောက်တော့ ဘုရားသုံးဆူက ဖွံ့ဖြိုးရေးအသင်းက
ဖွံ့ဖြိုးရေးနံမယ်တပ်ပြီးတော့ အဲဒီမှာ အလုပ်သွား လုပ်တဲ့လူတွေဆီက
တစ်ယောက်ကို
၅ဘတ်နှုန်းလား၊ ၁၀ဘတ်နှုန်းလား ကောက်တယ်။ ဒါကြောင့် အလုပ်သမားတွေလည်း
သူဌေးဆီက
လုပ်အားခ တိုးတောင်းတယ်။ သူဌေးကလည်း လက်မခံတဲ့အခါကျတော့
အဆင်မပြေဘူးပေါ့။”ဟု
ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် မြန်မာဘက်ခြမ်းမှ
သောင်းနှင့်ချီသည့်
အလုပ်သမားများသည် မနက်အလုပ်ဆင်း၊ ညနေအလုပ်ပြန် သဘောမျိုးဖြင့်
ထိုင်းဘက်ခြမ်းရှိ ဖိနပ်စက်ရုံ၊ အထည်စက်ရုံများတွင် နေ့ချင်းပြန်
သွားရောက်အလုပ်လုပ်ကြ သည်ဟု သိရသည်။
ကျန်ဇီမင်း သေဆုံးတဲ့သတင်း တရုတ်အစိုးရ ငြင်းဆို
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 07 ဇူလိုင် 2011
တရုတ်ခေါင်းဆောင်ဟောင်း ကျန်ဇီမင်း (Jiang Zemin) ရဲ့ ကျန်းမာရေးနဲ့
ပတ်သက်တဲ့
ခန့်မှန်း ပြောဆိုချက်တွေ ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ မစ္စတာ ကျန်
သေဆုံးတယ်ဆိုတာ မဟုတ်ပါဘူးလို့ တရုတ်အာဏာပိုင်တွေက တရားဝင်
ငြင်းဆိုသွားပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ စတင်တည်ထောင်တဲ့ နှစ် ၉၀ ပြည့် အခမ်းအနားမှာ အသက် ၈၄
နှစ်အရွယ် မစ္စတာ ကျန် သေဆုံးတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ
စတင်ပျံ့နှံ့တာပါ။ အဲဒီသတင်းကို အင်တာနက်ပေါ်မှာ လိုက်ပြီး ပိတ်ပစ်ဖို့
လုပ်ဆောင်ခဲ့ပြီး နောက်တရက် ကြာသပတေးနေ့မှာပဲ အရာရှိတွေက အခုလို တရားဝင်
ငြင်းဆိုလိုက်တာပါ။
သတင်းထဲမှာတော့ ပြောရေးဆိုခွင့်ရှိသူ အာဏာပိုင်တွေဆီက သိရတာက မစ္စတာ ကျန်
သေဆုံးတယ်ဆိုတာ ကောလာဟလ သက်သက်ပါလို့ ဆင်ဟွာ သတင်းဌာနရဲ့ အရာရှိတွေက
ပြောကြပါတယ်။
ဟောင်ကောင် ရုပ်သံဌာနတခုကဆို မစ္စတာ ကျန် လွန်ခဲ့တဲ့
နာရီတော်တော်ကြာကြာကပဲ
သေဆုံးသွားပြီလို့ ဗုဒ္ဓဟူးညနေမှာ ကြေညာသွားပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယား သတင်းတွေမှာလည်း အလားတူ သတင်းတွေ ဖော်ပြကြပါတယ်။
အဲဒီ
သတင်းဌာနတွေက သူတို့ အဲဒီသတင်း ဘယ်ကနေရလဲ ဆိုတာ မဖော်ပြကြပါဘူး။
ဟောင်ကောင် ရုပ်သံဌာန ATV ကတော့ နောက်ပိုင်းမှာ သူတို့သတင်းကို
ပြန်ရုပ်သိမ်းသွားပြီး သူတို့ရဲ့ သတင်းပရိသတ်တွေရော မစ္စတာ ကျန်ဇီမင်းနဲ့
သူ့မိသားစုကိုရော တောင်းပန်သွားပါတယ်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ တာဝန်ခံ ထောင် ၃ထောင် လေ့လာခဲ့
By ဒေါ်ခင်မျိုးသက် ကြာသပတေး, 07 ဇူလိုင် 2011
ICRC ကမ္ဘာ့ကြက်ခြေနီအဖွဲ့ဟာ မြန်မာအာဏာပိုင်တွေရဲ့ ပန်ကြားမှုနဲ့ ဇူလိုင်လ
၁
ရက်ကနေ ၅ ရက်အတွင်း နယ်အကျဉ်းထောင် ၃ ခုမှာ ရေရရှိမှုနဲ့ ရေဆိုးစွန့်ပစ်မှု
အခြေအနေတွေကို သွားရောက်ဆန်းစစ်ခွင့် ရခဲ့ပါတယ်။ အခုလို နည်းပညာ
အကူညီပေးမှုတွေကနေ တဆင့် မကြာခင်မှာပဲ မြန်မာနိုင်ငံတ၀န်း
အကျဉ်းထောင်တွေထဲက
အကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်၊ အကူအညီ ပေးနိုင်ခွင့်တွေ ရလာမယ်လို့
မျှော်လင့်ထားကြောင်းလည်း ICRC က ပြောပါတယ်။ အပြည့်အစုံကို
ဒေါ်ခင်မျိုးသက်က
တင်ပြပေးထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံ အကျဉ်းထောင်တွေကို
သွားရောက်ခွင့်
ပိတ်ပင်ခံခဲ့ရတဲ့ ICRC အဖွဲ့ဟာ အခု နည်းပညာဆိုင်ရာ အကူအညီတွေ
ပေးဖို့အတွက်
သွားရောက်ခွင့် ရခဲ့တယ်လို့ ICRC အဖွဲ့ အာရှဒေသဆိုင်ရာ ပြောခွင့်ရ
ခရစ်ရှန်
ကာဒန်က ပြောပါတယ်။
“ကျနော်တို့ဟာ ရေရရှိရေးအတွက်နဲ့ ရေသွင်း ရေထုတ်မှုဆိုင်ရာ နည်းပညာ
အကူအညီတွေ
ပေးနိုင်ဖို့ အကျဉ်းထောင် ၃ ခုမှာ လုပ်နိုင်ခဲ့ပါတယ်။ ပထမ ဇူလိုင်လ ၁
ရက်နေ့မှာ
မော်လမြိုင် အကျဉ်းထောင်ကို သွားပြီး ဇူလိုင်လ ၂ ရက်နေ့မှာတော့ ဘားအံ
အကျဉ်းထောင်နဲ့ ဇူလိုင် ၅ ရက်နေ့မှာ မြောင်းမြ အကျဉ်းထောင်ကို
သွားခဲ့ပါတယ်။”
လို့ ပြောသွားပါတယ်။
အခုလို နယ်အကျဉ်းထောင်တွေကို သွားခွင့်ရခဲ့တာဟာ ICRC ရဲ့
ပုံမှန်အလုပ်ဖြစ်တဲ့
အကျဉ်းသားတွေနဲ့ တွေ့ဆုံတာမျိုး မဟုတ်ဘူးလို့လည်း ပြောပါတယ်။
“အခုလို သွားရောက်ခဲ့တာဟာ နည်းပညာဆိုင်ရာ အကူအညီတွေ ပေးဖို့သက်သက်ပဲ
သွားခဲ့တယ်
ဆိုတာကို သိထားဖို့က သိပ်ကို အရေးကြီးပါတယ်။ ICRC က တကယ်လုပ်ရမယ့်
အလုပ်ဖြစ်တဲ့
အကျဉ်းသားတွေကို တွေ့ဖို့ သွားတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့်
အကျဉ်းသားတွေနဲ့
တွေ့ဆုံ ဆွေးနွေးခွင့်လည်း မရခဲ့ပါဘူး။ ဒီလို အကျဉ်းသားတွေနဲ့
တွေ့ဆုံဖို့
အကျဉ်းထောင်တွေထဲကို သွားရောက်ခွင့် ရခဲ့တာဟာ ၂၀၀၅ ခုနှစ်မှာ
နောက်ဆုံးမို့
အခုဆို ၆ နှစ်နီးပါး ရှိနေပါပြီ။” လို့လည်း ဆိုပါတယ်။
ICRC အဖွဲ့ကို ရေရရှိရေးနဲ့ ရေဆိုး စွန့်ထုတ်မှုဆိုင်ရာ နည်းပညာ အကူအညီတွေ
ပေးဖို့အတွက် မြန်မာအာဏာပိုင်တွေဘက်က ပန်ကြားခဲ့တယ်လို့လည်း ပြောပါတယ်။
မြန်မာအာဏာပိုင်တွေရဲ့ ဒီပန်ကြားမှုနဲ့ အခုလို အကျဉ်းထောင်တွေဆီ
သွားရောက်နိုင်တာဟာ နောင်မှာ အကျဉ်းသားတွေကို တွေ့ဆုံနိုင်တဲ့အရေး
အပါအ၀င်
ပိုမိုကျယ်ပြန့်တဲ့ လုပ်ငန်းတွေ လုပ်လာနိုင်မယ့် ခြေလှမ်းတရပ်
ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။
“ဒါဟာ ပထမခြေလှမ်းတရပ်ပါ။ ကျနော်တို့ဟာ မြန်မာအာဏာပိုင်တွေနဲ့လည်း
ဆွေးနွေးနေတာမို့ အခု နည်းပညာ အကူအညီပေးတဲ့ ခြေလှမ်းနဲ့ စပေမဲ့ ရှေ့မှာ
အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေ အတွက်ပါ တွေ့ဆုံ အကူအညီတွေ ပေးနိုင်ဖို့
ကျယ်ကျယ်ပြန့်ပြန့်တွေ ဖြစ်လာမှာပါ။ ဒါဟာ ရေရှည်အတွက်ပါ။” လို့
ပြောသွားပါတယ်။
ICRC ဟာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၈၀ ကျော်မှာရှိတဲ့ ဒီလို
အကျဉ်းထောင်တွေထဲက
အကျဉ်းသားပေါင်း ၅၀၀,၀၀၀ လောက်အတွက် နှစ်စဉ် အကူအညီတွေ ပေးနေတယ်လို့
ဆိုပါတယ်။
ဒီလို အကူအညီတွေ ပေးနိုင်ဖို့အတွက် အခုလို တနေရာရာကနေ စရတဲ့
အတွေ့အကြုံတွေ
ရှိတာမို့ အခုလည်း မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေကို
အကူအညီ
ပေးနိုင်မယ့် လမ်းစအဖြစ်နဲ့ ခံယူထားတယ်လို့ ပြောပါတယ်။
ICRC အဖွဲ့ဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ခုနှစ် မြန်မာစစ်အစိုးရလက်ထက်
ကန့်သတ်ပိတ်ပင်မှု အမျိုးမျိုး မလုပ်ခင် အချိန်အထိ အကျဉ်းသားတွေရဲ့
ကျန်းမာရေး
အပါအ၀င် အကူအညီတွေ အမျိုးမျိုး ပေးနိုင်ခဲ့ပါတယ်။
မကြာခင်ကမှ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ်
ဂျွန်မက်ကိန်း (John McCain) က ICRC ကို အကျဉ်းထောင်တွေထဲကို
သွားရောက်ခွင့်
ပြန်ပြီး ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့နောက် မြန်မာအစိုးရ
သတင်းစာတွေထဲမှာ
ပထမဆုံး ICRC နဲ့ ပတ်သက်တဲ့ တောင်းဆိုချက်ကို ထည့်သွင်း ဖော်ပြခဲ့တာ
တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ညောင်ဦးမြို့တ၀ိုက် လေ့လာ
By မသင်းသီရိ ကြာသပတေး, 07 ဇူလိုင် 2011
ပုဂံ၊ ညောင်ဦးနဲ့ ပုပ္ပါးနယ်ဘက်ကို ဘုရားဖူးခရီး ထွက်နေတဲ့
မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇူလိုင်လ ၇ ရက်
ကြာသပတေးနေ့မှာတော့
တူရွင်းတောင်ခြေဘက်မှာရှိတဲ့ ရှားပါးသစ်ပင် အင်ကြင်းတောဘက် သွားရောက်
လေ့လာခဲ့သလို အဲဒီမှာ ဒေသခံ ရွာသူရွာသားတွေက သူတို့ရဲ့ ရေရရှိမှု
အခက်အခဲနဲ့
ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို
ပြောပြခဲ့ကြပါတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညောင်ဦးဘက် ခရီးစဉ်အကြောင်း အပြည့်အစုံကို
မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာပြည်က အထင်ကရ သမိုင်းဝင် ဘုရားပုထိုး စေတီတွေရှိတဲ့ ပုဂံ၊
ညောင်ဦးဘက်ကို
သားငယ် ကိုထိန်လင်းနဲ့အတူ ဘုရားဖူးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ
ခရီးစဉ်ရဲ့ ၎
ရက်မြောက် ဒီကနေ့မနက် ၁၀ နာရီက ညောင်ဦးမြို့နယ် တူရွင်းတောင် မြောက်ဘက်
၆
မိုင်ကွာမှာရှိတဲ့ ဇီးအိုသစ်လှရွာက ရှားပါး အင်ကြင်းတောနဲ့ သက်တမ်းရင့်
မန်ကျည်းပင်ကြီးတွေဆီ သွားရောက် လေ့လာခဲ့တယ်လို့ NLD ပါတီ ပြောခွင့်ရသူ
ဦးအုန်းကြိုင်က ပြောပါတယ်။
“တူရွင်းတောင်ခြေဘက်မှာရှိတဲ့ ဇီးအိုသစ်လှရွာ ဆိုတာဟာ သစ်တောဦးစီးဌာနက
ထိန်းသိမ်း ထားရှိတဲ့ ရှားပါးသစ်ပင် အင်ကြင်းတော ရှိတဲ့နေရာ ဖြစ်ပါတယ်။
အိမ်ခြေ
၃၀၀ လောက်ရှိပြီး ဒီရွာက သာယာတယ်လို့ သိရပါတယ်။ ဇီးအိုသစ်လှရွာမှာပဲ
သစ်တောဦးစီးဌာနက အတည်ပြုထားတဲ့ နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိတဲ့
မန်ကျည်းပင်ကြီး ရှိပါတယ်။ အဲဒီ အလွန်သာယာတဲ့၊ ထူးဆန်းတဲ့
မန်ကျည်းပင်ကြီးကိုလည်း သွားပြီးတော့ လေ့လာပါတယ်။ ပြီးတော့ ရွာက
ဆရာတော်ကိုလည်း
န၀ကမ္မ အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီခရီးစဉ်အတွက် မန္တလေးတိုင်း NLD
အဖွဲ့ဝင်တွေလည်း
လိုက်ပါသွားခဲ့ကြပါတယ်။ ဒီကနေ့ ဇီးအိုသစ်လှရွာကို ဒေါ်အောင်ဆန်းစုကြည်
လာမယ်ဆိုလို့ ရာနဲ့ချီတဲ့ ဒေသခံတွေ လာရောက် စောင့်ဆိုင်းနေကြပြီး
တရင်းတနှီး
နှုတ်ဆက်စကား ပြောခဲ့ကြသလို သူတို့ဆီမှာ ကြုံနေရတဲ့ ရေအခက်အခဲ ပြဿနာနဲ့
ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို ပြောပြခဲ့ကြတယ်လို့လည်း ပြောပါတယ်။
“ဟိုမှာကျတော့ လာမယ့်သတင်းကို ကြိုတင် သိရှိနေတဲ့ ရွာသူ ရွာသားပေါင်း ၃၀၀
လောက်ကလည်း ကျနော်တို့ စုဝေးတဲ့ နေရာကို လာရောက်ပြီး ကြိုဆို
နှုတ်ဆက်ကြပါတယ်။
တခြား Source ကလည်း ကျနော်ရတဲ့ သတင်းပါ၊ ရွာသူရွာသားတွေက သူတို့
ရေရှားပါးတဲ့အကြောင်း ပြောကြတယ်တဲ့။ အဖွဲ့ချုပ်ကလည်း ရေကူညီရေး ကိစ္စတွေ
ဆောင်ရွက်နေတာဆိုတော့ အဲဒါ အထွေထွေ အတွင်းရေးမှူးကို ရေရှားပါးတဲ့ကိစ္စ
တင်ပြတယ်။
“သူတို့ဟာ တနှစ်မှာ ရက်ပေါင်း ၁၅၀ လောက် သောက်သုံးရေ ပြတ်လပ်တဲ့
အတွက်ကြောင့်
မြစ်ရေကိုပဲ ရအောင် သယ်ယူပြီးတော့ သုံးစွဲနေရတဲ့အကြောင်း အဲဒါကို
တင်ပြကြတယ်လို့ သိရပါတယ်။”
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်က
ဒီကနေ့မနက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ညောင်ဦးဈေးဘက်
သွားတဲ့အခါမှာလည်း
ဈေးသူဈေးသားတွေက တိုးမပေါက်အောင်ကို ကြိုဆိုနှုတ်ဆက်ခဲ့ကြတဲ့
အကြောင်းကိုတော့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း လုံခြုံရေးတာဝန်နဲ့ လိုက်ပါသွားတဲ့
လူငယ်တဦးက အခုလို ပြောပြပါတယ်။
“ကျနော်တို့ ညောင်ဦးဈေးနားကို ရောက်တဲ့အချိန်မှာ လူအုပ်ကြီးက
အရမ်းများတယ်ဗျ။
ဈေးကြီး အပြင်ဘက်အထိ ရောက်နေပြီ။ ပန်းစည်းတွေ၊ ပန်းကုံးတွေနဲ့
ကြိုဆိုကြတယ်
ဒေါ်အောင်ဆန်းစုကြည်ကို။ ဈေးထဲကို ကျနေ
dsbagan34.jpg
115K View Download
dsbagan25.jpg
168K View Download
dsbagan26.jpg
105K View Download
dsbagan27.jpg
119K View Download
dsbagan29.jpg
90K View Download
Reply all
Reply to author
Forward
0 new messages