အာဇာနည်ဆိုတာ ပေါ်ပေါက်လာစမြဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆို

37 views
Skip to first unread message

ThaKinSoe

unread,
Jul 19, 2011, 1:18:31 PM7/19/11
to သခင်စီုး, burm...@gmail.com
အာဇာနည်ဆိုတာ ပေါ်ပေါက်လာစမြဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆို
2011-07-18
RFA

အာဇာနည်နေ့ကို အလေးအနက် မထားတာဟာ အာဇာနည် စိတ်ဓာတ်ကို တန်ဖိုး မထားရာ
ရောက်သလို
မြန်မာနိုင်ငံမှာ အာဇာနည် သူရဲကောင်းတွေ ပေါ်ထွက်လာမှာကို ကန့်သတ်
ဖိနှိပ်တာမျိုးလည်း ဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

မနက်ဖြန်မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အတွက် RFA က သီးသန့်
မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

"အာဇာနည်ဆိုတာက သူ့စိတ်ဓါတ်ကိုက ထူးကဲတာမို့လို့ ဘယ်လို
အခြေအနေမျိုးမှာမဆို
အချိန်တန်ရင်တော့ ပေါ်ပေါက်လာကြမှာဘဲ။"

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာ သိမ်းယူခဲ့ပြီး
နောက်ပိုင်း ၁၉၉၂
ခုနှစ်က စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ
အကြောင်း
ရေးသား ဖော်ပြခွင့်ကို အာဏာပိုင်တွေက ပိတ်ပင် ကန့်သတ်ခဲ့ သလို အာဇာနည်နေ့
အခမ်းအနားတွေကို နိုင်ငံတော် အခမ်းအနားအဖြစ် ကနေ တဖြည်းဖြည်း
လျှော့ချခဲ့ပါတယ်

ဒေါ်စု ကွန်ယက်လူငယ်များနှင့်အတူ အာဇာနည်ဗိမာန်သို့ ချီတက်မည်
ကိုပေါက် | တနင်္လာနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၃၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၆၄ နှစ်မြောက် အာဇာနည်နေ့တွင်
ဒီမိုကရေစီအင်အားစု
ကွန်ယက်လူငယ်များက အာဇာနည်ဗိမာန်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ
ချီတက်အလေးပြုမည်ဟု စီစဉ်ထားသည်။

ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည့် ရွှေဂုံတိုင်လမ်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် အာဇာနည်နေ့
အခမ်းအနားပြုလုပ်အပြီး
ခြေလျင်ချီတက် အလေးပြုကြမည်ဖြစ်သည်။

“အန်တီကိုယ်တိုင် သွားမှာပါ။ အခမ်းအနား ပြီးတာနဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
အာဇာနည်ဗိမာန်ကို လူငယ်တွေရော လူကြီးတွေရာ အတူတူသွားကြမယ်။ အကုန်လုံးက
အင်္ကျီအဖြူလေးတွေ ၀တ်မယ်၊ ကချင်ပုဆိုး၊ ယောပုဆိုး/လုံချည်ပေါ့။
အန်တီ့ခြံထဲကနေ
ရင်ထိုးပေးမယ်လို့ ပြောတယ်” ဟု ပါတီဝင် လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

ရွှေဂုံတိုင်လမ်းမှ ချီတက်ပွဲတွင် NLD
ခေါင်းဆောင်များလိုက်ပါမည်ဖြစ်သော်လည်း
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လိုက်ပါနိုင်မှု ရှိမရှိမှာ
မသေချာသေးကြောင်း
စီစဉ်သူ ကိုဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် ပါဝင်မယ်ဆိုတဲ့ ဆုံးဖြတ်မှု ကတော့ အခုလောလောဆယ်
တိတိကျကျ
အတည်ပြုနိုင်ဖို့ မရသေးပါဘူး။ ဒါပေမယ့် NLD ခေါင်းဆောင်တွေ
ပါဝင်မယ်ဆိုတာတော့
သေချာပါတယ်။ အခမ်းအနား တက်ရောက်လာသူတွေအကုန်လိုက်ပါမှာပါ” ဟု သူက
ပြောသည်။

တနင်္ဂနွေနေ့ထုတ် အစိုးရအာဘော် သတင်းစာများတွင် အာဇာနည်နေ့၌ နံက် ၁၀ နာရီမှ
ညနေ ၎
နာရီအတွင်း အများပြည်သူ လာရောက်ဂါရ၀ပြုနိုင်ကြောင်း
ဖော်ပြပါရှိသည်။ ဖိတ်ကြားထားသော ဧည့်သည်များ လာရောက်ရန်ရှိ၍
လမ်းအချို့ကို ၁၈
ရက်နေ့ ညနေ ၆ နာရီမှ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအထိ ပိတ်ပင်ထားမည်ဖြစ်ပြီး
အများပြည်သူများအတွက် အဝင်/အထွက် လမ်းကြောင်းနှင့် ဂိတ်များတွင်
ရှာဖွေစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သတင်းစာများတွင်
ဖော်ပြပါရှိသည်။

“အာဇာနည်ကုန်းဘက်အခြမ်းဖြစ်တဲ့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်မှာတော့
အဓိကရုဏ်း
နှိမ်နင်းရေးကားတွေ တော်တော်များများ ချထားတာတွေရှိပါတယ်” ဟု လက်ရှိ
လုံခြုံရေးချထားမှုအခြေအနေကို ကိုဖြိုးမင်းသိန်းက ပြောပြသည်။

၁၉၈၉ ခုက အာဇာနည်နေ့ လူထုချီတက်ပွဲ လုပ်ရန် စီစဉ်ခဲ့ဖူးသော်လည်း
အချိန်ကပ်၍
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပယ်ဖျက်ခဲ့ဖူးသည်။ နောက်တနေ့ ဇူလိုင် ၂၀
ရက်နေ့မှ စ၍ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် အဖြစ် ၁၉၉၅
ခုနှစ်ထိ
ပြစ်ဒဏ်ကျခံခဲ့ရသည်။

“၈၉ အခြေအနေနဲ့တော့ မတူညီနိုင်တော့ပါဘူး။ ၈၉ ခုနှစ်တုန်းက ၂/၈၈၊ ၈/၈၈
ဆိုတဲ့အမိန့်တွေ ထွက်ထားတဲ့ ကာလ ဖြစ်ပါတယ်။ အခု ဒီလို အမိန့်ဥပဒေတွေ
မရှိဘူး။
အရပ်သား အစိုးရတရပ်ရဲ့ ဒီမိုကရေစီအရေးကို
ရှေးရှုမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဆောင်ရွက်နေတဲ့အနေအထားမျိုးတွေ
ရှိနေတဲ့ကာလမျိုးမှာတော့ ဒီ ဂါရ၀ပြုမှုကို အေးအေးချမ်းချမ်းနဲ့
ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟု
ချီတက်ပွဲ
စီစဉ်သူ တဦးဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။

NLD လူငယ်များအနေနှင့်လည်း ချီတက်ပွဲအား ဖြစ်မြောက်အောင်
ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြုံတွေ့လာမည့် အခက်အခဲများကို ရင်ဆိုင်သွားမှာ
ဖြစ်ကြောင်းလည်း သူကဆိုသည်။

“အဲဒါကတော့ အန်တီပြောခဲ့သလိုပဲ အကောင်းဆုံးကို မျှော်လင့်ပြီးတော့
အဆိုးဆုံးကိုလည်း ပြင်ဆင်ထားပြီးပါပြီ။ ခုဟာက အာဇာနည်တွေကို
သွားပြီးဂုဏ်ပြုတာပဲ။ ပြဿနာဖြစ်လာလည်း ကြည့်ရှင်းရမှာပေါ့။
အဲနေ့တနေ့ထဲပဲ ပြည်သူလူထုအတွက် ဖွင့်ပေးတာဆိုတော့ ဘယ်သူမဆို သွားလို့ရမယ်
ထင်ပါတယ်” ဟု ပါတီဝင် အမျိုးသမီးတဦးက ပြောသည်။

ချီတက်ပွဲတွင် NLD နှင့် လူငယ်ကွန်ယက်တို့မှ ပန်းခွေ ၂ ခုအပြင်
တိုင်းရင်းသား
အင်အားစုများမှလည်း ပန်းခွေချ အလေးပြုကြမည် ဖြစ်ကြောင်း သိရသည်။

မနက်စောပိုင်းတွင် ပါတီရုံးချုပ်၌ ဆွမ်းကပ်မည်ဖြစ်ပြီး ၁၀
နာရီအခမ်းအနားတွင်
အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကာ ၁၀ နာရီ ၃၇
မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုမည် ဖြစ်သည်။
အာဇာနည်နေ့
အထိမ်းအမှတ် နံရံကပ်စာစောင်ကိုမူ NLD လူငယ် ကိုရာဇာနှင့် Hip Hop
အဆိုတော်
ကိုဇေယျာသော်တို့က စီစဉ်ထားပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က
စာတမ်းတခု ဖတ်ကြားရန်လည်း စီစဉ်ထားကြောင်းလည်း သိရသည်။

၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် စစ်ကိုင်း၊ ကျောက်ပန်းတောင်း
စသည့်
နယ်ပါတီဝင်များကလည်း ဆွမ်းကပ်လှူခြင်းများ ပြုလုပ်သွားကြမည် ဖြစ်သည်။

လောကမဉ္စူ ဘုရား အာဏာပိုင်များက ယူဆောင်ရန် ဒုတိယ အကြိမ် ကြိုးပမ်းမူ
ပြည်သူများ
ဆန့်ကျင်၍ မအောင်မြင်
News Date:7/17/2011 နိရဉ္ဖရာ သတင်းဌာန

ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှ မေလ ၃၀ ရက်နေ့က တူးဖေါ်
ရရှိခဲ့သော လောက မဉ္စူဘုရားနှင့် တခြား ဌာပနာများကို အာဏာပိုင်များက ဒုတိယ
အကြိမ်မြောက် ယူဆောင်ရန် ကြိုးပမ်းမူမှာ ဒေသခံ ပြည်သူများ ဆန့်ကျင်
ကန့်ကွက်မူကြောင့် မအောင်မြင်ဘဲ ဖြစ်သွားသည်ဟု သိရသည်။

မြောက်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ရှေးဟောင်း ယဉ်ကျေးမူ
ဦးစီးဌာနမှ ဒု ညွန်ကြား ရေးမှူး ဦးဆောင်သော အစိုးရ အရာရှိကြီးများ
ပါဝင်သော
အဖွဲ့တစ်ဖွဲ့သည် အဆိုပါ ဘုရားကို ယူဆောင်ရန် ဇူလိုင်လ ၁၇ ရက်နေ့က
မြောက်ဦး
ရတနာမာန်အောင် ကျောင်းတိုက်သို့ ရောက်ရှိလာပြီး မြို့ခံ လူကြီး ၅၀ ကို
အစည်းအဝေး ခေါ်ယူကာ ဘုရားကို ယူဆောင်ရန် စီစဉ်နေစဉ် ဒေသခံ ပြည်သူများက
ဆန့်ကျင်သဖြင့် အစီအစဉ်ကို လက်လျော့ကာ ပြန်သွားခဲ့သည်ဟု
ဆန့်ကျင်ကန့်ကွက်ရာမှာ
ပါဝင်သူ ဒေသခံ တစ်ဦးက ပြောသည်။

" မြောက်ဦးမြို့ရှိ ဌာနဆိုင်ရာ အရာရှိကြီးတွေ အကုန်လုံးကို သူတို့က ရတနာ
မာန်အောင် ဘုန်းကြီးကျောင်းကို ခေါ်လာခဲ့ပါတယ်။ ရဲတွေ မီးသတ်တွေလည်း
ပါပါတယ်။
မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက သမ္မတကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ်ဆီက
အမိန့်ပါလာတယ်။ ဒါကြောင့် လောမဉ္စူ ဘုရားနဲ့ တခြားဌာပနာတွေကို ရှေးဟောင်း
ယဉ်ကျေးမူ ဦးစီးဌာနကို လွဲပြောင်းပေးဖို့ မြို့ခံ လူကြီးတွေဆီကို
ပြောပါတယ်။
ဒီသတင်းကို မြောက်ဦးမြို့သူ မြို့သားတွေ သိရှိသွားတော့
ဘုန်းကြီးကျောင်းကို
လိုက်သွားပြီး ဘုရားကို မပေးနိုင်ကြောင်း ၀ိုင်းဝန်း ဆန့်ကျင်
ကန့်ကွက်ကြတဲ့
အတွက် နောက်မှ ဂေါပကနဲ့ ညှိုနိုင်းဆောင်ရွက်မယ်လို့ ပြောပြီး
ပြန်သွားကြပါတယ်။"

ရှေးဟောင်း ယဉ်ကျေးမူ ဌာန ဒုလက်ထောက် ညွှန်ကြားရေးမှူး အငြိမ်းစား
ဦးကျော်ထွန်းအောင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ
လွှတ်တော်
ကိုယ်စားလှယ်များက အဆိုပါ ဘုရားနှင့် ဌာပနာများကို မြောက်ဦးမြို့တွင်သာ
ထားရှိ
ကိုးကွယ်သင့်ကြောင်း အဆိုပြု တင်ပြခဲ့ကြသည်ဟု သိရသည်။

" သူတို့ကတော့ ဒီဘုရားတွေကို တစ်နေ့ မဟုတ် တစ်နေ့ အားနဲ့ ယူမယ့် သဘော
ရှိပါတယ်။
နေပြည်တော်ကို ယူဆောင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြို့သူ
မြို့သားတွေက ဘုရားကို ယူသွားမှာကို အထူးစိုးရိမ်နေပါတယ်။ ရတနာမာန်အောင်
ဆရာတော်လည်း ဒီလ ၂၄ ရက်နေ့ ခရီးသွားရာကနေ မြောက်ဦးမြို့ကို ပြန်ရောက်တဲ့
အခါ
စဉ်းစား ဆုံးဖြတ်ပီးတော့ ဘုရားကို လွဲပြောင်းပေးနိုင် မပေးနိုင်ကို
အာဏာပိုင်တွေကို အကြောင်းပြန်မယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

ယမန်နေ့က ဘုရားကို ယူဆောင်ရန် စီစဉ်နေစဉ် မြို့လုထူများ
ဝိုင်းအုံလာသဖြင့်
အာဏာပိုင်များက လူစုခွဲကာ ဘုရားကို မယူဆောင်တော့ကြောင်း ပြောဆိုခဲ့သည်ဟု
နောက်ထပ် လူငယ် တစ်ဦးကလည်း ပြောသည်။

" သူတို့ကတော့ ဘုရားတွေကို အရမ်းလိုချင်နေပါတယ်။ ဒါကြောင့် အခု တခါ
လာပြီး
ဘုရားတွေကို ယူဆောင်ဖို့ ဂေါပကတွေနဲ့ ညှိပြီး လုပ်တာ ဖြစ်ပါတယ်။ သူတို့က
ပထမ
တကြိမ် မအောင်မြင်တော့ အရှက်ရသွားပြီး ဒုတိယ တကြိမ် ယူဆောင်ဖို့ လုပ်တာ
ဖြစ်ပါတယ်။ လူတွေက အချိန်မှီ ရောက်ရှိသွားပြီး ကန့်ကွက်တဲ့ အတွက် သူတို့
အစီအစဉ် ပျက်သွားတာ ဖြစ်ပါတယ်။ သူတို့က ဌာနဆိုင်ရာ အရာရှိကြီးတွေကို
အကုန်ခေါ်လာပြီး ဆရာတော် ၅ ပါးကို ဆွမ်းကျွေးပြီး ယူဆောင်ဖို့ လုပ်တာ
ဖြစ်ပါတယ်"
ဟုသူက ပြောသည်။

မြောက်ဦးမြို့ လောကမဉ္စူ စေတီမှ တူးဖေါ်ရရှိခဲ့သော ဘုရား တပါးမှာ ဥာဏ်တော်
၁၂
လက်မခန့်ရှိပြီး အလေးချိန် ၄ ပိသာ ၆၄ ကျပ်သား ရှိပြီး အများက ရွှေဟု
ပြောဆိုနေကြသော ဘုရားဆင်းထုတော်အား အာဏာပိုင်များက အထူးလိုချင်
တက်မက်နေကြသည်ဟု
သိရသည်။

" ဘုရားက ရွှေအစစ် မဟုတ်ဘူး။ ကြေးရောထားတဲ့ ဘုရား ဖြစ်ပေမယ့်
အာဏာပိုင်တွေက
လိုချင် နေကြပါတယ်။ အဲဒီ ဘုရားတွေကို ရှေးဟောင်း ဘုရားတွေ ဖြစ်တဲ့ အတွက်
ရှေးဟောင်း .ယဉ်ကျေးမူ ဦးစီးဌာနကို လွဲပေးဖို့ အာဏာပိုင်တွေက
တောင်းဆိုနေတာ
ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့သူ မြို့သားတွေကလည်း
ရှေးဟောင်း .ယဉ်ကျေးမူ
ဦးစီးဌာနကို လွဲပေးလိုက်ရင် ချက်ချင်းနေပြည်တော်ကို သူတို့ ယူဆောင်
သွားမယ်။
အဲသလို ယူဆောင် သွားရင် မိမိတို့ လူမျိုးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အနုပညာ
လက်ရာတွေ ပျောက်ပျက် ဆုံးရှုံးသွားမယ်။ ဒါကြောင့် မယူဆောင်ရအောင်
ကန့်ကွက်ကြတာ
ဖြစ်ပါတယ်" ဟု ရခိုင်ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အုပ်ချုပ်သူ အာဏာပိုင် အဆက်ဆက်သည် ရခိုင်မှ တူးဖေါ် ရရှိသော ရှေးဟောင်း
ယဉ်ကျေးမူ လက်ရာများ တစ်ခုမကျန်ကို ဗမာပြည်သို့ ယူဆောင်သွားပြီး
နောက်ပိုင်းတွင် ဖျောက်ဖျက်ပစ်လေ့ရှိကြောင်း သိရသည်။ လွန်ခဲ့သောနှစ်ကလည်း
ဘုရားပေါ် ဘုရားမှ ရရှိသော ရှေးဟောင်း ရခိုင် ရွှေဒင်္ဂါးပြား ၇၀ နှင့်
ပတ္တမြား
လက်စွပ်တကွင်းကို ရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနမှ နေပြည်တော်သို့
စစ်ဆေးရန်
ယူဆောင်သွားခဲ့ပြီး ယခုအချိန်ထိ မြောက်ဦးသို့ ပြန်မရောက်ဘဲ
ပျောက်ဆုံးနေကြောင်း သိရသည်။

ယခု လောကမဉ္စူ ဌာပနာတိုက်မှ တူးဖေါ် ရရှိသော ဌာပနာများလည်း
အဖိုးအလွန်ထိုက်တန်ပြီး ရခိုင်တမျိုးသားလုံးပိုင် ဖိုးဖွား အမွေများ
ဖြစ်သဖြင့်
နေပြည်တော်သို့ ယူဆောင်ပြီး ဖျောက်ဖျက်ပစ်မည်ကို ရခိုင်ပြည်သူများ
စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ဌာပနာများ ရရှိခဲ့သော လောကမဉ္ဇူ ဘုရားမှာ မြောက်ဦးမြို့ မြောက်ဘက် ၂
ဖာလုံလောက်
အကွာ ရတနာပုံ စေတီအနီးမှ ရှေ့တောင်တန်း ဗောဓိရွှေဂူတွင် တည်ရှိသည်။
ရရှိခဲ့သော
ဘုရားဆင်းထုတော်များမှာ ကြေးဆင်းထုတော်က ၂၃ ဆူ၊ ကျောက်ဆင်းထုတော် ၂ ဆူ၊
ရွှေဆင်းထုတော် ၁ ဆူ၊ နောက်ပြီး ဓာတ်တော် ဌာပနာစီး ဘုရားက ၂၀၀ ဆူ၊
ကြေးမန်တိုင်က
၂ ခု၊ ရွှေဖြင့် လုပ်ထားသော အရာ ၂ခု၊ စဥ့်က ၁ ခု၊ အုပ်ခွက် ဘုရားက တစ်ခု၊
စကျင်ကျောက်ဘုရား ၂ ဆူ၊ အဆိုပါ ဌာပနာထဲတွင် ရွှေဆင်းထုတော် တဆူက ရွှေ ၎
ပိဿနဲ့ ၆၄
ကျပ်သား၊ ရွှေဖြင့် လုပ်ထားသော ဓာတ်တော်ဂျုတ် (ဂြုတ်)များ၊ နောက်ပြီး ၁
ပေကျော်ကျော်ရှိတဲ့ ကြေးမှန်တိုက်များ၊ သမိုင်းတန်ဖိုးအားဖြင့်
အဖိုးမဖြတ်နိုင်
ဘုရားဆင်းထုတော် အမျိုးမျိုး၊ ကမ္ဘာကို ညွှန်းသော ဘုရားများ၊ အုပ်ခွက်
ဘုရားများ၊
ကြေးဆင်းထု မုဒြာအမျိုးမျိုးဖြင့် ပါဝင်ကြောင်း သိရသည်။

SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် နှင့် ၅ မိုင်ကျော်အကွာ
မြန်မာစစ်တပ်ရောက်ရှိ
Monday, 18 July 2011 19:17 သျှမ်းသံတော်ဆင့်

ဝမ့်ဟိုင်းဌာနာချုပ် အနောက်မြောက်ဘက် နမ့်ကိုင် ဖိတ် ခံတပ်စခန်းမှ SSPP/
SSA
သျှမ်းပြည်တပ်မတော် ဆုတ်ခွါပေး ပြီးနောက် ဌာနချုပ်အနီး ကိန်းလိန်အထိ
မြန်မာတပ်ရောက်ရှိနေကြောင်းသျှမ်းပြည်ပြောခွင့်ရ ပုဂ္ဂိုလ်က
ပြောပါသည်။“ပထမ
သုံးလေးရက် ဗမာတပ်တွေ ၈၁ mm လက်နက်ကြီးတွေနဲ့ထုတာ အလုံးရာချီတယ်။
ကျနော်တို့
တပ်ကို မရောက်ဘူး။ ၁၄-၁၅ ရက်တုန်းက လေယာဉ်နဲ့ လာခြိမ်းခြောက်တယ်။

အဲနေ့ကစပြီး ကျနော်တို့နမ့်ကိုင်ဖိတ်တပ် စခန်း ကို ၁၂၀ mm တွေနဲ့
မရပ်မနားထုတယ်။ ခံစစ်နဲ့နေလို့မရတော့ဘူး။ ကျနော်တို့အတွက် ခံတိုက်နေရင်
ပိုအထိနာမယ်။ ပြောက်ကျားနဲ့ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်”ဂျူလိုင် ၁၆ - ၁၇
ရက်
မြန်မာစစ်တပ် အင်အား ၁၀ဝ၀ နီးပါးက သျှမ်းပြည်တပ်မတော် နမ့်ကိုင်ဖိတ်
ခံတပ်စခန်း
အား ၁၂၀ mm လက်နက်ကြီးများဖြင့် မရပ်မနားပစ်သောကြောင့်
သျှမ်းတပ်များအဆိုပါစခန်း ၃-၄ ခု ဆုတ်ခွာ လိုက် ရ ကြောင်း၊ ယနေ့ ၁၈
ရက်နေ့
မနက်ပိုင်း၌ မြန်မာတပ်များ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်နှင့် ၅
မိုင်ကျော် သာ ဝေးသည့် ကိန်းလိန်ကျေးရွာသို့ ရောက်ရှိနေကြောင်း
ဒေသခံသတင်းရပ်ကွက်မှ ကြားသိရပါသည်။

“ဗမာတပ်တွေ အခုကိန်းလိန်ကို ရောက်နေတယ်။ အနောက်မြောက်ဘက်၊ အနောက်ဘက်၊
တောင်ဘက်
အရှေ့ တောင် ဘက်ကနေ ကျနော်တို့ ဌာနချုပ်ဆီ ဦးတည်လာနေတယ်။ ဗမာတပ်အင်အား ၁၇
ရင်းလောက်ရှိတယ်။ တိုက်နေဆဲ တပ်တွေအပြင် တပ်မ ၅၅ လက်အောက်ခံ ခလရ ၁၇၊ ခမရ
၁၁၄၊
၁၁၅ စတဲ့တပ်သစ်တွေလဲထပ် ရောက်တယ်”- ဟုပြောခွင့် ရပုဂ္ဂိုလ်
ဗိုလ်မှူးစိုင်းလှ
ကပြောပါသည်။မြန်မာစစ်တပ်ထိုးစစ်ဆင်မှုကြောင့် ရွာပေါင်း ၂၀ ကျော်မှ
ကျေးလက်လူထု
တောတောင်အတွင်း ပုန်းခိုနေရ၏။

မြန်မာစစ်တပ် က နမ့်ကိုင်ဖိတ် တပ်စခန်းအားလက်နက်ကြီးနှင့်လှမ်းပစ်စဉ်
ဝမ့်မိတ်ရွာ လုံးလောဝ်ဇန်းအိမ်ထိ မှန်ပြီး ကျေးလက်ရွာသားအများအပြား
ဒဏ်ရာရရှိကြောင်း လားရှိုးရောက်ဒေသခံများက ပြောပြပါသည် ။

တောတောင်အတွင်းထွက်ပြေးတိမ်းရှောင်ကြသည့် ရွာများမှာ ကိန်းလိန်၊ ခီခပ်၊
ဝမ့်မိတ်၊ ခေးပွမ်း၊ ဖတ်နမ်၊ ပိန်းညောင်၊ မက်ကျိုင်း၊ နမ့်ကုန်၊
ဝမ့်မိုင်၊
မက်လုံး၊ နမ့်ကိုင်ဖိတ်၊ နမ့်ဟို၊ ဝမ့်မော့၊ ဝမ့်တုံ့ထွမ် --
စသည့်ရွာများ
ဖြစ်ကြောင်း၊ ထိုးစစ် ဆင်နေသည့်မြန်မာတပ်များမှာမူ - ရပခ
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ - ၂၂၊ ၃၃၊ ခမရ ၂၄၃၊ ခမရ -
၅၀၁၊
၅၀၃၊ ၅၀၄၊ ၅၀၆၊ ရပခ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ခံ ခလရ - ၉၊
၁၂၊ ၆၄၊
၂၈၆၊ ၂၈၇၊ ခမရ ၅၁၃၊ ၅၁၅၊ ၅၁၇၊ ၅၁၈၊ ၆၁၆ စသည့်တပ်များဖြစ်သည်ဟု ဆိုသည်။

SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်း
ဌာနချုပ်အား
၇ ရက်အတွင်းသိမ်းပိုက် နိုင် ရန် နေပြည်ပြည်တော်က ညွှန်ကြားထားသည်ဟုလည်း
သတင်းထွက်နေပါသည်

SSA က မြန်မာစစ်တပ် ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်
Monday, 18 July 2011 19:12 သျှမ်းသံတော်ဆင့်

မြန်မာစစ်သား အပြည့်တင်ဆောင်လာသည့် စစ်ကား ၂ စီးပါ စစ်ယာဉ်တန်းကို
သျှမ်းပြည်တပ်မတော် SSA က ယမန်နေ့ နေ့ လည် ၁၁ နာရီခန့်ကလားရှိုးမြို့
အနီးတွင်
ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးသွား ကြောင်း သျှမ်းတပ်အဆိုအရ
သိရ သည်။

လားရှိုးမြို့မှ SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းစခန်းဘက်
ဦးတည်မောင်းနှင်သွားခြင်း
ဖြစ်ပြီး လားရှိုးမြို့နယ် မန့်ပျန့် ကျေးရွာအုပ်စု မိန်းမို နှင့်
နမ့်လင်းအွမ်ရွာ အကြား ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကားတစ်စီးပျက်စီးသွားပြီး
မြန်မာစစ်သည်များ
ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း အရေ အတွက် အတိအကျမသိရကြောင်း သျှမ်းတပ်ဘက်မှ
ဆိုသည်။

အဆိုပါစစ်ယာဉ်တန်းသည် မြန်မာစစ်တပ် ထိုးစစ်ဆင်နေသည့် ဝမ့်ဟိုင်းဒေသဘက်
စစ်ကူပို့ဆောင်ခြင်း ဖြစ် ကြောင်း သိရသည်။

အာဇာနည်နေ့ အခမ်းအနား ပါတီများ မဖိတ်ကြား
သဲသဲ | တနင်္လာနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၀၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အာဇာနည်အခမ်းအနား တက်ရောက်ရန်
နိုင်ငံရေးပါတီများကို
သီးသန့်ဖိတ်ကြားခြင်းမပြုဘဲ အများပြည်သူသို့ ဖွင့်လှစ်ပေးခြင်းမျိုးသာ
ပြုလုပ်ထားသည်။

“ရန်ကုန်တိုင်းအစိုးရကရော၊ တခြားအဖွဲ့တွေကရော ကျနော်တို့ကို မဖိတ်တော့
သွားဖို့ အစီအစဉ်မရှိပါဘူး။ မနက်ဖြန် ရုံးမှာပဲ ဘုန်းကြီး ၅ ပါးကို
ဆွမ်းကပ်ဖို့ စီစဉ်ထားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ
ပြန်ကြားရေး တာဝန်ခံ ဦးတိုးတိုးက မဇ္ဈိမကို ပြောသည်။

အာဏာပိုင်များက မဖိတ်ကြားသော်လည်း ပါတီဝင်အင်အား ၁၀၀ ခန့်ဖြင့်
အာဇာနည်ဗိမာန်သို့ သွားရောက်၍ ဂါရဝပြုမည်ဟု တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ဆိုသည်။

“ဘာကြောင့် မဖိတ်တာလဲဆိုတော့ မပြောတတ်ဘူး။ ကျနော်တို့ကို မဖိတ်ပေမယ့်
ပြည်သူလူထုတွေ ၀င်ခွင့်ပေးတဲ့ အချိန်မှာပဲ ကျနော်တို့ သွားပြီး
ဂါရ၀ပြုဖို့
စီစဉ်ထားတယ်” ဟု သူက ပြောသည်။ ချီတက်ဂါရဝပြုမည်ဖြစ်ကြောင်း အာဇာနည်နေ့
ကျင်းပရေး ကော်မတီထံ အကြောင်းကြားထားသည်ဟု ဆိုသည်။

ချင်းတိုင်းရင်းသားများပါတီ CNP ဥက္ကဋ္ဌ ဦးဇိုဇန်က “မဖိတ်ချင်လို့
မဖိတ်တာနေမှာပေါ့ဗျာ။ ကိုယ်ပိုင်အစီအစဉ်နဲ့ သွားဖို့ မရှိပါဘူး” ဟု
ပြောသည်။

အစိုးရက ပျက်ပြယ်ပြီး ပါတီအဖြစ် ပြောဆိုထားသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD ကိုလည်း မဖိတ်ကြားသော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ
ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်အဖြစ် ဖိတ်ကြားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က နှစ်ခါတက်မှာပါ။ တခါက မိသားစုဝင်အနေနဲ့ပါ။ တခါကတော့
ပါတီက
လူငယ်တွေ အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေနဲ့ တက်မှာပါ။ လူအင်အားကတော့ ၁၀၀
လောက်
ရှိမယ်” ဟု ပါတီဗဟိုကော်မတီဝင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက မဇ္ဈိမကို
ပြောသည်။

အာဇာနည်ဗိမာန်သို့ ဝင်ရောက်ဂါရဝပြုမည့်သူများသည် လက်ကိုင်ဖုန်း၊ ကင်မရာ၊
လက်ဆွဲအိတ်၊ လက်ကိုင်အိတ်၊ ကြိုတင်စစ်ဆေးခံယူမှု မရှိသော ပန်းခွေ၊
ပန်းခြင်းများနှင့် လုံခြုံရေးကို ထိခိုက်စေမည့် ပစ္စည်းတစုံတရာ
ယူဆောင်ဝင်ရောက်ခွင့် မပြုကြောင်း အစိုးရ၏ တနင်္လာနေ့ထုတ်
ကြေးမုံသတင်းစာတွင်
ဖော်ပြထားသည်။

ရှမ်းအမျိုးသမီးများအား အဓမ္မကျင့် နှိပ်စက်မှု SWAN နှင့် SHRF မှ
နိုင်ငံတကာထံ
တင်ပြ ဇူလိုင်လ ၁၈ရက်။ နော်ခိုင် (ကေအိုင်စီ)

ပြည်တွင်းစစ်ကြောင့် အမျိုးသမီးများအား ရိုက်နှက်နှိပ်စက်၍ မုဒိမ်းကျင့်
စော်ကားမှုများ ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေပြီး ရှမ်း အမျိုးသမီးရေးရာ
ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းနှင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်တို့မှ
နိုင်ငံတကာ အသိုင်းအ၀ိုင်းထိ တင်ပြထားသည်ဟု သိရသည်။

မြန်မာအစိုးရ၏ ခြေလျင်တပ်ရင်း(၅၁၃)နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း
တပ်မတော်တို့
ဇူလိုင်လမှစ၍ ထိုးစစ်ဆင်လျှက်ရှိပြီး ဇူလိုင် ၅ရက်နေ့တွင်
ကျေးသီးမြို့ရှိ
ဝမ်လွိုင်ရွာသို့ ရောက်ရှိလာကာ တစ်နာရီကြာအတွင်း ရွာသူရွာသားများကို
ဓားပြတိုက်
လု ယက်ပြီး ရွာသူအမျိုးသမီး ၄ဦးကို နှိပ်စက်၊ မုဒိမ်းကျင့်လျှက်ရှိသည်ဟု
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက် ရေးအသင်း (SWAN)မှ
ဇူလိုင်လ
၁၄ရက်နေ့က သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ကျူးလွန်မှုများတွင် ကိုယ်ဝန်ဆောင်မိခင်များ အပါအ၀င် ၁၂နှစ်အရွယ်
ကလေးများပါ ပါဝင်ကြောင်း သိရသည်။

ချင်းမိုင်အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ (SWAN)မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ
ယိင်းဟန်ဖက “ဒီလို အဖြစ်အပျက်တွေဟာ ထိုးစစ် မဆင်လည်း ဖြစ်တတ်ပါတယ်။ အခုက
ပိုဆိုးရွားနေတာပါ။ ရွာပေါင်း ၁၂ရွာ ထွက်ပြေးနေရပြီး အမျိုးသားတွေလည်း
ပေါ်တာ
ဆွဲခံနေရတယ်။ အစိုးရဘက်ကို တင်ပြတောင်းဆိုထားတာ ဘာမှမကြားရသေးဘူး။
နိုင်ငံတကာ
အသိုင်းအ၀ိုင်းကိုလည်း တင် ပြထားပါ တယ်။”ဟု ပြောသည်။

ဝမ်လွိုင်ကျေးရွာသည် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၏
ဝမ်ဟိုင်းဌာနချုပ်မှ
၁၅မိုင်ခန့် ကွာဝေးသော ရွာကြီးဖြစ်ပြီး ၎င်းဝမ် ဟိုင်းဌာနချုပ်ကို
ပြီးခဲ့သည့်
မတ်လ ၁၃ရက်နေ့မှစ၍ တပ်အင်အား ၃,၀၀၀ကျော်ရှိသည့် အစိုးရစစ်တပ်က စတင်
တိုက်ခိုက်
လာခြင်းသည် ၂၂နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို
ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု SWAN အဖွဲ့က ဆို သည်။

မြန်မာအစိုးရတပ်၏ ရက်စက်စွာ ညှင်းပမ်းခြင်း၊ လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကြောင့် ထောင်နှင့်ချီ သည့်
ရှမ်းရွာသူရွာသားများမှာ မိမိတို့၏ကျေးရွာမှ
ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ကြေညာချက်ထဲတွင် SWAN မှ နန်းဆိုင်မွန်းက “မြန်မာစစ်အစိုးရတပ်တွေဟာ
မိန်းကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အ သက်အရွယ်ရလာတဲ့သူတွေကို
မုဒိမ်းကျင့်ဖို့အခွင့် ရနေဆဲဖြစ်တယ်။ ကျမတို့ အဲဒီစစ်ရာဇ၀တ်မှုကို
ပြင်းပြင်းထန်ထန် ကန့် ကွက်ရှုတ်ချပါတယ်။”ဟု ဆိုထားသည်။

အဆိုပါအဖြစ်အပျက်မှာ ပြီးခဲ့သည့်လက ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့်
ကချင်တပ်များ တိုက်ပွဲဖြစ်ပွားချိန်အတွင်း ကချင် အမျိုးသမီး ၁၈ဦးကို
အစိုးရတပ်မှ မုဒိမ်းကျင့်ခဲ့သည်ဟု
ကချင်အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)က
သတင်းထုတ်ပြန်ခဲ့ပြီး နောက် တစ်ပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်တက်ပြီးနောက်ပိုင်း တိုင်းရင်းသားများအတွက် ပေးထားသည့်ကတိများ
ယခုအချိန်ထိ မလုပ်ရသေးကြောင်း ရှမ်း ပြည်နယ်မြောက်ပိုင်းသည်
ရေအားလျှပ်စစ်
ရေလှောင်တမံကြီးများ အပါအ၀င် သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖော်ရန်အတွက်
အရေးကြီးသော မဟာဗျူဟာထဲတွင် ပါဝင်နေကြောင်း သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။

အစိုးရမှ သိမ်းဆည်းရန် လျာထားသော ဒေသခံ မြေကွက်များ ကန့်ကွက်ခွင့်
ပိတ်ပင်ထား ရေးသားသူ - ကူးဒူ တနင်္လာနေ့, 18 ဇူလိုင်လ 2011 22:34

ကရင်နီပြည် ဖရူဆိုမြို့နယ်တွင် စစ်ရေးလေ့ကျင့်ရေးကွင်းများ တည်ဆောက်ရန်
အစိုးရမှ သတ်မှတ်ထားခဲ့သော ပြည်သူပိုင် မြေနေရာများကို ယခု အပြီးအပိုင်
သိမ်းယူမည် ဖြစ်သည့်အတွက် ဒေသခံရွာသားများ ကန့်ကွက်မှု မပြုလုပ်နိုင်ရန်
မြို့နယ်မှူးမှတဆင့် ဖိအားပေးထားကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၄ ရက်နေ့တုန်းက (ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်) ဒကစမှူး
လက်အောက်ခံ
ဖရူဆို မြို့နယ်မှူး ရွာမှာ လာပြီးတော့ အစည်းဝေး ခေါ်တယ်။
သူလာပြောသွားတာကတော့
အရင်က တိုင်းတာတဲ့ မြေကွက်တွေဟာ နိုင်ငံတော် အစိုးရပိုင် မြေကွက်
ဖြစ်သွားပြီ။
အဲဒီအတွက်ကြောင့် ဘယ်အဖွဲ့အစည်း၊ ဘယ်သူ တဦးတယောက်မှ ကန့်ကွက်ပိုင်ခွင့်
မရှိဘူး။ ကရင်နီ သူပုန် အဖွဲ့တွေ လာရောက် နောက်ယှက်မယ်ဆိုရင်လဲ
ရပ်တန့်ပေးမှာလည်း မဟုတ်ဘူး။ နိုင်ငံတော် ချမှတ်ထားတဲ့ အစီစဉ်အတိုင်းပဲ
လုပ်ဆောင်သွားမယ် ဖြစ်တယ်လို့ အစည်းအဝေးမှာ လာရောက်ပြောသွားတယ်” ဟု
ဒေသခံရွာသားတဦးက ပြောသည်။

စစ်ရေးလေ့ကျင့်ရေးကွင်း ပြုလုပ်ရန် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်
ဇန်န၀ါရီလကတည်းက
(ခြေမြန်တပ်ရင်း) ခမရ ၅၇၆ မှ ဖရူဆိုမြို့နယ်တွင်းရှိ ဒေါလောခူ၊
လောဂျာနှင့်
မာပရူရှေ့ (မာခရော်ရှေး) ကျေးရွာ အနီးအနား တ၀ိုက်မှ ၄ မိုင် ပတ်လည်ရှိ
ပြည်သူပိုင် ခြံမြေများကို တိုင်းတာသတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ယခု သိမ်းဆည်းမည့် ခြံမြေ ဧက ၂၇၀၀ အတွက် နိုင်ငံတော်အစိုးရမှ
လျော်ကြေးပေးမည်ဟု
ကြေညာထားသည်။

“မြို့နယ်မှူး လာပြောသွားတာကတော့ မြေကွက် ပါသွားတဲ့ သူတွေကိုတော့
လျော်ကြေးငွေ
ပြန်ပေးမယ်မယ်လို့ အထက်က လူကြီးတော့ ပြောတယ်။ ဒါပေမဲ့ သေချာလား
မသေချာဘူးလား
ဆိုတာကိုလဲ ကျနော် အနေနဲ့လည်း (မြို့နယ်မှူး) မပြောတတ်ဘူးလို့ ပြောတယ်။
အဲဒါကြောင့် လျော်ကြေး ပြန်ရဖို့က မျော်လင့်ချက် မရှိဘူး” ဟု ယခု
သိမ်းဆည်းမည့်
မြေနေရာတွင် မိမိမြေကွက်များ ပါဝင်သော ဒေသခံရွာသားတဦးက ပြောသည်။

သင်တန်းကွင်း ဖောက်ရန်အတွက် ဘူဒီဇာ (လမ်းထိုးစက်) ၆ စီးကို
ယခုလအစောပိုင်းက
စပြီး မာပရူရှေ့ ကျေးရွာတွင် လာရောက်ချာထားသည်။ သို့သော် လုံခြုံရေး
ကိစ္စများ
ဆွေးနွေးနေသည့်အတွက် စတင်မလုပ်ဆောင်သေးကြောင်း ဒေသခံတို့၏ ပြောပြချက်အရ
သိရသည်။

ကရင်နီပြည်တွင် မြန်မာစစ်တပ်မှ တပ်ရင်း ၁၂ ရင်းတပ်စွဲ ထားသည့်အပြင်
နယ်ခြားစောင့်တပ်မှ တပ်ရင်း ၂ ရင်းလည်း ရှိသည်။ ယခု စီစဉ်နေသည့်
စစ်သင်တန်းကွင်းအပြီး တပ်ရင်းများ မည်မျှရှိလာမည်ကို အတိအကျ
မသိရှိရသေးပေ။

စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့ကြောင်း မြန်မာဒုက္ခသည် တဦး ၀န်ခံ 2011-07-18 RFA

မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ထုတ်ဖော်
ပြောကြားခဲ့တဲ့
မြန်မာဒုက္ခသည် တဦးကို ဗဟိုအစိုးရ ရဲဌာနကို လွှဲပြောင်း ပေးအပ်မယ်လို့
ၾသစေတလ်
အစိုးရက ဒီကနေ့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
ဒီလို ထုတ်ဖော် ပြောဆိုချက်တွေနဲ့ပတ်သက်လို့ သြစတေလျ အစိုးရအနေနဲ့
အလေးအနက်ထား
စဉ်းစားပြီး အမှုကို ဗဟိုအစိုးရ ရဲတပ်ဖွဲ့က စိစစ်ဖို့
လွှဲပြောင်းပေးသွားမယ်လို့
သြစတေလျအစိုးရ ရှေ့နေချုပ် ရောဘတ် မက်ကလေလင့် (Robert McClelland) က
ပြောပါတယ်။
သြစတေလျ ရဲတပ်ဖွဲ့ အနေနဲ့ စစ်ရာဇတ်မှု အပါအ၀င် တခြား ရာဇ၀တ်မှု
ကျူးလွန်သူတွေကို
သြစတေလျ လူမှု အဖွဲ့အစည်းထဲမှာ မ၀င်ရောက်နိုင်အောင် အကာအကွယ်ပေးတဲ့
ဥပဒေတွေ
အခိုင်အမာ ရှိကြောင်း၊ လိုအပ်တဲ့ စစ်ဆေးမှုတွေနဲ့ အရေးယူသွားမှာ
ဖြစ်ကြောင်းလည်း
သူက ပြောပါတယ်။

သြစတေလျနိုင်ငံ အခြေစိုက် AAP သတင်း ဌာနရဲ့ ထုတ်ပြန်ချက် အရ အဲဒီ မြန်မာ
ဒုက္ခသည်ဟာ ၁၉၈၇ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ မြန်မာ စစ်ထောက်လှမ်းရေးတပ်မှာ
အရပ်ဝတ်နဲ့ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၁၉၈၈ ခုနှစ်က သပိတ်မှောက်
ဆန္ဒပြ
ကျောင်းသားတွေကို ရှာဖွေ ဖော်ထုတ်ပြီး လုပ်ကြံ သတ်ဖြတ်ရာမှာ ဦးဆောင်
လှုပ်ရှားခဲ့သူလို့ ပြောဆိုထားပါတယ်။

သူ့အနေနဲ့ လူသတ်မှု ၁၀၀ ခန့်မှာ ပါဝင်ခဲ့ပြီး ကိုယ်တိုင် ၂၄ ဦးကို
သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ထုတ်ဖော် ပြောကြားခဲ့တာနဲ့ ပတ်သက်လို့
ကာယကံရှင် ဖြစ်သူကို RFA က ဆက်သွယ် မေးမြန်း ခွင့်မရခဲ့ သလို ထုတ်ဖော်
ပြောကြားခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့လည်း မှန်ကန်မှု ရှိ-မရှိ
သီးခြား
အတည်ပြုချက်တွေ အခုချိန်အထိ မရရှိသေးပါဘူး။

ဒေါ်စု ကွန်ယက်လူငယ်များနှင့်အတူ အာဇာနည်ဗိမာန်သို့ ချီတက်မည်
ကိုပေါက် | တနင်္လာနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၃၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၆၄ နှစ်မြောက် အာဇာနည်နေ့တွင်
ဒီမိုကရေစီအင်အားစု
ကွန်ယက်လူငယ်များက အာဇာနည်ဗိမာန်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ
ချီတက်အလေးပြုမည်ဟု စီစဉ်ထားသည်။

ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည့် ရွှေဂုံတိုင်လမ်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် အာဇာနည်နေ့
အခမ်းအနားပြုလုပ်အပြီး
ခြေလျင်ချီတက် အလေးပြုကြမည်ဖြစ်သည်။

“အန်တီကိုယ်တိုင် သွားမှာပါ။ အခမ်းအနား ပြီးတာနဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
အာဇာနည်ဗိမာန်ကို လူငယ်တွေရော လူကြီးတွေရာ အတူတူသွားကြမယ်။ အကုန်လုံးက
အင်္ကျီအဖြူလေးတွေ ၀တ်မယ်၊ ကချင်ပုဆိုး၊ ယောပုဆိုး/လုံချည်ပေါ့။
အန်တီ့ခြံထဲကနေ
ရင်ထိုးပေးမယ်လို့ ပြောတယ်” ဟု ပါတီဝင် လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

ရွှေဂုံတိုင်လမ်းမှ ချီတက်ပွဲတွင် NLD
ခေါင်းဆောင်များလိုက်ပါမည်ဖြစ်သော်လည်း
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လိုက်ပါနိုင်မှု ရှိမရှိမှာ
မသေချာသေးကြောင်း
စီစဉ်သူ ကိုဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် ပါဝင်မယ်ဆိုတဲ့ ဆုံးဖြတ်မှု ကတော့ အခုလောလောဆယ်
တိတိကျကျ
အတည်ပြုနိုင်ဖို့ မရသေးပါဘူး။ ဒါပေမယ့် NLD ခေါင်းဆောင်တွေ
ပါဝင်မယ်ဆိုတာတော့
သေချာပါတယ်။ အခမ်းအနား တက်ရောက်လာသူတွေအကုန်လိုက်ပါမှာပါ” ဟု သူက
ပြောသည်။

တနင်္ဂနွေနေ့ထုတ် အစိုးရအာဘော် သတင်းစာများတွင် အာဇာနည်နေ့၌ နံက် ၁၀ နာရီမှ
ညနေ ၎
နာရီအတွင်း အများပြည်သူ လာရောက်ဂါရ၀ပြုနိုင်ကြောင်း
ဖော်ပြပါရှိသည်။ ဖိတ်ကြားထားသော ဧည့်သည်များ လာရောက်ရန်ရှိ၍
လမ်းအချို့ကို ၁၈
ရက်နေ့ ညနေ ၆ နာရီမှ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအထိ ပိတ်ပင်ထားမည်ဖြစ်ပြီး
အများပြည်သူများအတွက် အဝင်/အထွက် လမ်းကြောင်းနှင့် ဂိတ်များတွင်
ရှာဖွေစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သတင်းစာများတွင်
ဖော်ပြပါရှိသည်။

“အာဇာနည်ကုန်းဘက်အခြမ်းဖြစ်တဲ့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်မှာတော့
အဓိကရုဏ်း
နှိမ်နင်းရေးကားတွေ တော်တော်များများ ချထားတာတွေရှိပါတယ်” ဟု လက်ရှိ
လုံခြုံရေးချထားမှုအခြေအနေကို ကိုဖြိုးမင်းသိန်းက ပြောပြသည်။

၁၉၈၉ ခုက အာဇာနည်နေ့ လူထုချီတက်ပွဲ လုပ်ရန် စီစဉ်ခဲ့ဖူးသော်လည်း
အချိန်ကပ်၍
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပယ်ဖျက်ခဲ့ဖူးသည်။ နောက်တနေ့ ဇူလိုင် ၂၀
ရက်နေ့မှ စ၍ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် အဖြစ် ၁၉၉၅
ခုနှစ်ထိ
ပြစ်ဒဏ်ကျခံခဲ့ရသည်။

“၈၉ အခြေအနေနဲ့တော့ မတူညီနိုင်တော့ပါဘူး။ ၈၉ ခုနှစ်တုန်းက ၂/၈၈၊ ၈/၈၈
ဆိုတဲ့အမိန့်တွေ ထွက်ထားတဲ့ ကာလ ဖြစ်ပါတယ်။ အခု ဒီလို အမိန့်ဥပဒေတွေ
မရှိဘူး။
အရပ်သား အစိုးရတရပ်ရဲ့ ဒီမိုကရေစီအရေးကို
ရှေးရှုမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဆောင်ရွက်နေတဲ့အနေအထားမျိုးတွေ
ရှိနေတဲ့ကာလမျိုးမှာတော့ ဒီ ဂါရ၀ပြုမှုကို အေးအေးချမ်းချမ်းနဲ့
ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟု
ချီတက်ပွဲ
စီစဉ်သူ တဦးဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။

NLD လူငယ်များအနေနှင့်လည်း ချီတက်ပွဲအား ဖြစ်မြောက်အောင်
ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြုံတွေ့လာမည့် အခက်အခဲများကို ရင်ဆိုင်သွားမှာ
ဖြစ်ကြောင်းလည်း သူကဆိုသည်။

“အဲဒါကတော့ အန်တီပြောခဲ့သလိုပဲ အကောင်းဆုံးကို မျှော်လင့်ပြီးတော့
အဆိုးဆုံးကိုလည်း ပြင်ဆင်ထားပြီးပါပြီ။ ခုဟာက အာဇာနည်တွေကို
သွားပြီးဂုဏ်ပြုတာပဲ။ ပြဿနာဖြစ်လာလည်း ကြည့်ရှင်းရမှာပေါ့။
အဲနေ့တနေ့ထဲပဲ ပြည်သူလူထုအတွက် ဖွင့်ပေးတာဆိုတော့ ဘယ်သူမဆို သွားလို့ရမယ်
ထင်ပါတယ်” ဟု ပါတီဝင် အမျိုးသမီးတဦးက ပြောသည်။

ချီတက်ပွဲတွင် NLD နှင့် လူငယ်ကွန်ယက်တို့မှ ပန်းခွေ ၂ ခုအပြင်
တိုင်းရင်းသား
အင်အားစုများမှလည်း ပန်းခွေချ အလေးပြုကြမည် ဖြစ်ကြောင်း သိရသည်။

မနက်စောပိုင်းတွင် ပါတီရုံးချုပ်၌ ဆွမ်းကပ်မည်ဖြစ်ပြီး ၁၀
နာရီအခမ်းအနားတွင်
အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကာ ၁၀ နာရီ ၃၇
မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုမည် ဖြစ်သည်။
အာဇာနည်နေ့
အထိမ်းအမှတ် နံရံကပ်စာစောင်ကိုမူ NLD လူငယ် ကိုရာဇာနှင့် Hip Hop
အဆိုတော်
ကိုဇေယျာသော်တို့က စီစဉ်ထားပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က
စာတမ်းတခု ဖတ်ကြားရန်လည်း စီစဉ်ထားကြောင်းလည်း သိရသည်။

၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် စစ်ကိုင်း၊ ကျောက်ပန်းတောင်း
စသည့်
နယ်ပါတီဝင်များကလည်း ဆွမ်းကပ်လှူခြင်းများ ပြုလုပ်သွားကြမည် ဖြစ်သည်။

News Date:7/17/2011
လောကမဉ္စူ ဘုရား အာဏာပိုင်များက ယူဆောင်ရန် ဒုတိယ အကြိမ် ကြိုးပမ်းမူ
ပြည်သူများ
ဆန့်ကျင်၍ မအောင်မြင်
News Date:7/17/2011 နိရဉ္ဖရာ သတင်းဌာန

ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှ မေလ ၃၀ ရက်နေ့က တူးဖေါ်
ရရှိခဲ့သော လောက မဉ္စူဘုရားနှင့် တခြား ဌာပနာများကို အာဏာပိုင်များက ဒုတိယ
အကြိမ်မြောက် ယူဆောင်ရန် ကြိုးပမ်းမူမှာ ဒေသခံ ပြည်သူများ ဆန့်ကျင်
ကန့်ကွက်မူကြောင့် မအောင်မြင်ဘဲ ဖြစ်သွားသည်ဟု သိရသည်။

မြောက်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ရှေးဟောင်း ယဉ်ကျေးမူ
ဦးစီးဌာနမှ ဒု ညွန်ကြား ရေးမှူး ဦးဆောင်သော အစိုးရ အရာရှိကြီးများ
ပါဝင်သော
အဖွဲ့တစ်ဖွဲ့သည် အဆိုပါ ဘုရားကို ယူဆောင်ရန် ဇူလိုင်လ ၁၇ ရက်နေ့က
မြောက်ဦး
ရတနာမာန်အောင် ကျောင်းတိုက်သို့ ရောက်ရှိလာပြီး မြို့ခံ လူကြီး ၅၀ ကို
အစည်းအဝေး ခေါ်ယူကာ ဘုရားကို ယူဆောင်ရန် စီစဉ်နေစဉ် ဒေသခံ ပြည်သူများက
ဆန့်ကျင်သဖြင့် အစီအစဉ်ကို လက်လျော့ကာ ပြန်သွားခဲ့သည်ဟု
ဆန့်ကျင်ကန့်ကွက်ရာမှာ
ပါဝင်သူ ဒေသခံ တစ်ဦးက ပြောသည်။

" မြောက်ဦးမြို့ရှိ ဌာနဆိုင်ရာ အရာရှိကြီးတွေ အကုန်လုံးကို သူတို့က ရတနာ
မာန်အောင် ဘုန်းကြီးကျောင်းကို ခေါ်လာခဲ့ပါတယ်။ ရဲတွေ မီးသတ်တွေလည်း
ပါပါတယ်။
မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက သမ္မတကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ်ဆီက
အမိန့်ပါလာတယ်။ ဒါကြောင့် လောမဉ္စူ ဘုရားနဲ့ တခြားဌာပနာတွေကို ရှေးဟောင်း
ယဉ်ကျေးမူ ဦးစီးဌာနကို လွဲပြောင်းပေးဖို့ မြို့ခံ လူကြီးတွေဆီကို
ပြောပါတယ်။
ဒီသတင်းကို မြောက်ဦးမြို့သူ မြို့သားတွေ သိရှိသွားတော့
ဘုန်းကြီးကျောင်းကို
လိုက်သွားပြီး ဘုရားကို မပေးနိုင်ကြောင်း ၀ိုင်းဝန်း ဆန့်ကျင်
ကန့်ကွက်ကြတဲ့
အတွက် နောက်မှ ဂေါပကနဲ့ ညှိုနိုင်းဆောင်ရွက်မယ်လို့ ပြောပြီး
ပြန်သွားကြပါတယ်။"

ရှေးဟောင်း ယဉ်ကျေးမူ ဌာန ဒုလက်ထောက် ညွှန်ကြားရေးမှူး အငြိမ်းစား
ဦးကျော်ထွန်းအောင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ
လွှတ်တော်
ကိုယ်စားလှယ်များက အဆိုပါ ဘုရားနှင့် ဌာပနာများကို မြောက်ဦးမြို့တွင်သာ
ထားရှိ
ကိုးကွယ်သင့်ကြောင်း အဆိုပြု တင်ပြခဲ့ကြသည်ဟု သိရသည်။

" သူတို့ကတော့ ဒီဘုရားတွေကို တစ်နေ့ မဟုတ် တစ်နေ့ အားနဲ့ ယူမယ့် သဘော
ရှိပါတယ်။
နေပြည်တော်ကို ယူဆောင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြို့သူ
မြို့သားတွေက ဘုရားကို ယူသွားမှာကို အထူးစိုးရိမ်နေပါတယ်။ ရတနာမာန်အောင်
ဆရာတော်လည်း ဒီလ ၂၄ ရက်နေ့ ခရီးသွားရာကနေ မြောက်ဦးမြို့ကို ပြန်ရောက်တဲ့
အခါ
စဉ်းစား ဆုံးဖြတ်ပီးတော့ ဘုရားကို လွဲပြောင်းပေးနိုင် မပေးနိုင်ကို
အာဏာပိုင်တွေကို အကြောင်းပြန်မယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

ယမန်နေ့က ဘုရားကို ယူဆောင်ရန် စီစဉ်နေစဉ် မြို့လုထူများ
ဝိုင်းအုံလာသဖြင့်
အာဏာပိုင်များက လူစုခွဲကာ ဘုရားကို မယူဆောင်တော့ကြောင်း ပြောဆိုခဲ့သည်ဟု
နောက်ထပ် လူငယ် တစ်ဦးကလည်း ပြောသည်။

" သူတို့ကတော့ ဘုရားတွေကို အရမ်းလိုချင်နေပါတယ်။ ဒါကြောင့် အခု တခါ
လာပြီး
ဘုရားတွေကို ယူဆောင်ဖို့ ဂေါပကတွေနဲ့ ညှိပြီး လုပ်တာ ဖြစ်ပါတယ်။ သူတို့က
ပထမ
တကြိမ် မအောင်မြင်တော့ အရှက်ရသွားပြီး ဒုတိယ တကြိမ် ယူဆောင်ဖို့ လုပ်တာ
ဖြစ်ပါတယ်။ လူတွေက အချိန်မှီ ရောက်ရှိသွားပြီး ကန့်ကွက်တဲ့ အတွက် သူတို့
အစီအစဉ် ပျက်သွားတာ ဖြစ်ပါတယ်။ သူတို့က ဌာနဆိုင်ရာ အရာရှိကြီးတွေကို
အကုန်ခေါ်လာပြီး ဆရာတော် ၅ ပါးကို ဆွမ်းကျွေးပြီး ယူဆောင်ဖို့ လုပ်တာ
ဖြစ်ပါတယ်"
ဟုသူက ပြောသည်။

မြောက်ဦးမြို့ လောကမဉ္စူ စေတီမှ တူးဖေါ်ရရှိခဲ့သော ဘုရား တပါးမှာ ဥာဏ်တော်
၁၂
လက်မခန့်ရှိပြီး အလေးချိန် ၄ ပိသာ ၆၄ ကျပ်သား ရှိပြီး အများက ရွှေဟု
ပြောဆိုနေကြသော ဘုရားဆင်းထုတော်အား အာဏာပိုင်များက အထူးလိုချင်
တက်မက်နေကြသည်ဟု
သိရသည်။

" ဘုရားက ရွှေအစစ် မဟုတ်ဘူး။ ကြေးရောထားတဲ့ ဘုရား ဖြစ်ပေမယ့်
အာဏာပိုင်တွေက
လိုချင် နေကြပါတယ်။ အဲဒီ ဘုရားတွေကို ရှေးဟောင်း ဘုရားတွေ ဖြစ်တဲ့ အတွက်
ရှေးဟောင်း .ယဉ်ကျေးမူ ဦးစီးဌာနကို လွဲပေးဖို့ အာဏာပိုင်တွေက
တောင်းဆိုနေတာ
ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့သူ မြို့သားတွေကလည်း
ရှေးဟောင်း .ယဉ်ကျေးမူ
ဦးစီးဌာနကို လွဲပေးလိုက်ရင် ချက်ချင်းနေပြည်တော်ကို သူတို့ ယူဆောင်
သွားမယ်။
အဲသလို ယူဆောင် သွားရင် မိမိတို့ လူမျိုးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အနုပညာ
လက်ရာတွေ ပျောက်ပျက် ဆုံးရှုံးသွားမယ်။ ဒါကြောင့် မယူဆောင်ရအောင်
ကန့်ကွက်ကြတာ
ဖြစ်ပါတယ်" ဟု ရခိုင်ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အုပ်ချုပ်သူ အာဏာပိုင် အဆက်ဆက်သည် ရခိုင်မှ တူးဖေါ် ရရှိသော ရှေးဟောင်း
ယဉ်ကျေးမူ လက်ရာများ တစ်ခုမကျန်ကို ဗမာပြည်သို့ ယူဆောင်သွားပြီး
နောက်ပိုင်းတွင် ဖျောက်ဖျက်ပစ်လေ့ရှိကြောင်း သိရသည်။ လွန်ခဲ့သောနှစ်ကလည်း
ဘုရားပေါ် ဘုရားမှ ရရှိသော ရှေးဟောင်း ရခိုင် ရွှေဒင်္ဂါးပြား ၇၀ နှင့်
ပတ္တမြား
လက်စွပ်တကွင်းကို ရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနမှ နေပြည်တော်သို့
စစ်ဆေးရန်
ယူဆောင်သွားခဲ့ပြီး ယခုအချိန်ထိ မြောက်ဦးသို့ ပြန်မရောက်ဘဲ
ပျောက်ဆုံးနေကြောင်း သိရသည်။

ယခု လောကမဉ္စူ ဌာပနာတိုက်မှ တူးဖေါ် ရရှိသော ဌာပနာများလည်း
အဖိုးအလွန်ထိုက်တန်ပြီး ရခိုင်တမျိုးသားလုံးပိုင် ဖိုးဖွား အမွေများ
ဖြစ်သဖြင့်
နေပြည်တော်သို့ ယူဆောင်ပြီး ဖျောက်ဖျက်ပစ်မည်ကို ရခိုင်ပြည်သူများ
စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ဌာပနာများ ရရှိခဲ့သော လောကမဉ္ဇူ ဘုရားမှာ မြောက်ဦးမြို့ မြောက်ဘက် ၂
ဖာလုံလောက်
အကွာ ရတနာပုံ စေတီအနီးမှ ရှေ့တောင်တန်း ဗောဓိရွှေဂူတွင် တည်ရှိသည်။
ရရှိခဲ့သော
ဘုရားဆင်းထုတော်များမှာ ကြေးဆင်းထုတော်က ၂၃ ဆူ၊ ကျောက်ဆင်းထုတော် ၂ ဆူ၊
ရွှေဆင်းထုတော် ၁ ဆူ၊ နောက်ပြီး ဓာတ်တော် ဌာပနာစီး ဘုရားက ၂၀၀ ဆူ၊
ကြေးမန်တိုင်က
၂ ခု၊ ရွှေဖြင့် လုပ်ထားသော အရာ ၂ခု၊ စဥ့်က ၁ ခု၊ အုပ်ခွက် ဘုရားက တစ်ခု၊
စကျင်ကျောက်ဘုရား ၂ ဆူ၊ အဆိုပါ ဌာပနာထဲတွင် ရွှေဆင်းထုတော် တဆူက ရွှေ ၎
ပိဿနဲ့ ၆၄
ကျပ်သား၊ ရွှေဖြင့် လုပ်ထားသော ဓာတ်တော်ဂျုတ် (ဂြုတ်)များ၊ နောက်ပြီး ၁
ပေကျော်ကျော်ရှိတဲ့ ကြေးမှန်တိုက်များ၊ သမိုင်းတန်ဖိုးအားဖြင့်
အဖိုးမဖြတ်နိုင်
ဘုရားဆင်းထုတော် အမျိုးမျိုး၊ ကမ္ဘာကို ညွှန်းသော ဘုရားများ၊ အုပ်ခွက်
ဘုရားများ၊
ကြေးဆင်းထု မုဒြာအမျိုးမျိုးဖြင့် ပါဝင်ကြောင်း သိရသည်။

နိုင်ငံရေးသိပ္ပံသင်တန်း NLD စတင်တော့မည်
ထွန်းထွန်း | တနင်္လာနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၅၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီဝင်လူငယ်လူကြီး အရည်အသွေး မြှင့်တင်ရေး
နိုင်ငံရေး သိပ္ပံသင်တန်းကို တလကြာ ရက်ရွှေ့ဆိုင်းခဲ့ရာမှ ဇူလိုင်လ ၂၂
ရက်နေ့တွင်
စတင်တော့မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောသည်။

ယခင်က ဇွန် ၂ဝ ရက်မှစ၍ ၉ ရက်ကြာ သင်တန်းအဖြစ် သတ်မှတ်ခဲ့သော်လည်း
သင်တန်းဆရာ
နိုင်ငံခြားသား ပါမောက္ခများ မအားလပ်ခြင်းနှင့် အခြားကိစ္စများကြောင့်
သင်တန်းရက်
ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

“အကြောင်းမညီညွတ်လို့ ကျနော်တို့ကပေါ့ဗျာ။ တခြား အရေးကြီးတဲ့
လုပ်ငန်းတွေကလည်း
များလာလို့ ကျနော်တို့က ရက်ရွှေ့လိုက်ရတာ။ အခု ကျနော်တို့က ထပ်ပြီး
သတိပေးလိုက်တာပါပဲ။ အခု ပို့ချတော့မယ်။ အကုန်လုံးက အဆင်သင့်ပါပဲ” ဟု NLD
ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သင်တန်းဆရာများမှာ အရှေ့တောင်အာရှနိုင်ငံထဲမှ တက္ကသိုလ် ပါမောက္ခများ
ဖြစ်သည်။

“အရှေ့တောင်အာရှ နိုင်ငံထဲကပါပဲ။ စေတနာနဲ့ ကူညီမယ့် နိုင်ငံကပေါ့။
ဒီထဲမှာ
ကိုကျော်ရင်လှိုင်တော့ မပါဘူးဗျ။ နာမည်စာရင်းကတော့ နီးတော့မှ ထပ်ပြီး
ကြေညာပါ့မယ်။ အခုထိ ကျနော်တို့ အတည်ပြုနေတုန်း ဖြစ်ပါတယ်” ဟု
ဦးအုန်းကြိုင်က
ပြောသည်။ သင်တန်းသင်ပြမည့်သူများ လာရောက်ရန်အတွက် ဗီဇာကိစ္စကိုမူ
ပါတီအနေဖြင့်
ဆောင်ရွက်ပေးခြင်း မဟုတ်ဘဲ ၎င်းတို့ အစီအစဉ်ဖြင့်သာ လာကြမည်ဟု ဆိုသည်။

ယခင်က ဟောင်ကောင်စီးတီး တက္ကသိုလ်မှ အာရှနှင့် နိုင်ငံတကာရေးရာဌာန
လက်ထောက်ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင် အပါအဝင် စင်္ကာပူအမျိုးသားတက္ကသိုလ်
NUS
နှင့် အရှေ့တောင်အာရှ
လေ့လာရေးကျောင်းမှ ပါမောက္ခများ လာရောက်ပို့ချရန် စီစဉ်ခဲ့သည်။

သင်တန်းကို ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်မည်ဖြစ်ကာ
ပြည်နယ်နှင့်
တိုင်း ၁၄ ခုမှ သင်တန်းသား ၄ ဦးစီနှင့် ရုံးချုပ်မှ လူငယ်များ၊
ကွန်ယက်များမှ
လူငယ်များ အပါအဝင် ဦးရေ ၈ဝ ကျော် တက်ရောက်မည်။

တွေ့ဆုံဆွေးနွေးခြင်းဆိုင်ရာ အတတ်ပညာ၊ နိုင်ငံတကာ ဆက်ဆံရေး၊ ဖွဲ့စည်းပုံ
အခြေခံ
ဥပဒေဆိုင်ရာ မူလ သဘောထားများနှင့် လူသားအရင်းအမြစ်နှင့်
ဖွံ့ဖြိုးရေးဘာသာရပ်များအား သင်ကြားရန်အတွက် သင်ကြားမည့် ဆရာများက
အကြောင်းကြားထားသည်ဟု ဦးအုန်းကြိုင်က ဆိုသည်။

ယခင်က သင်ကြားရန်စီစဉ်ထားသည့် Research Method (သုတေသနပြု
လုပ်ငန်းလုပ်ဟန်များ)၊ Culture Anthropology (ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ)
နှင့်
Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး) ဘာသာရပ်များ ပါဝင်မည်၊
မပါဝင်မည်ကိုမူ မသိရသေးပေ။

၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အထိန်းသိမ်းခံမှ ဒေါ်အောင်ဆန်းစုကြည်
လွတ်လာပြီးနောက် ပါတီဝင်များ ဖွံ့ဖြိုးရေးအတွက် အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊
သတင်းစာ
သင်တန်းများ ပြုလုပ်ခဲ့သလို၊ လယ်သမားများအတွက် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ် သင်တန်းများ ဖွင့်ခဲ့သည်။
ထို့အပြင် အမျိုးသမီးများအတွက်ပါ သင်တန်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ဘင်္ဂလားဒေခ်ျ့ရေတပ် မြန်မာ့ မော်တော်ဘုတ်များကို စစ်ဆေးမူ
မြင့်တင်တာကလူး News
Date:7/18/2011

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်လာသော မြန်မာနိုင်ငံမှ
မော်တော်ဘုတ်များကို ဘင်္ဂလာဒေခ်ျ့ ရေတပ်က ကြားဖြတ်ပြီး စစ်ဆေးမူများ
တိုးမြှင့်
လုပ်ဆောင်နေကြောင်း သတင်း ရရှိသည်။

နယ်စပ် ရေကြောင်းလမ်းမှ တဆင့် ၀င်ရောက်လာသော မြန်မာမှ
မော်တော်ဘုတ်များကို
ဘင်္ဂလားဒေခ်ျ့တွင် ယခုတလော စစ်ဆေး တင်းကျပ်မှုများ ပိုမို
ရှိလာနေကြောင်းကို
မြန်မာကုန်သည် တစ်ဦးက ယခုကဲ့သို့ ပြောသည်။

"အရင်နဲ့ မတူတော့ဘူး ခင်ဗျား။ ခုတလော ကျွန်တော်တို့ မြန်မာဘက်က လာတဲ့
စက်လှေတွေနဲ့ မော်တော်ဘုတ်တွေကို အကုန်လုံးကို ဘင်္ဂလားဒေခ်ျ့ ရေကြောင်းကို
ဝင်တာနဲ့ အဖွဲ့ပေါင်းစုံက ရပ်တန့်ပြီး စစ်ဆေးပါတယ်။ တရားဝင်ရော
တရားမ၀င်ရော
အကုန်လုံးကို စစ်ဆေးပါတယ်။ တင်းကျပ်မှုတွေ လည်း ပိုလုပ် လာတာကို
တွေ့နေရပါတယ်။
စိန့်မာတင် လို့ခေါ်တဲ့ အုန်းကျွန်းမှာ အမြဲတမ်းချထားတဲ့ ရေတပ် သင်္ဘောက
ဘင်္ဂလာ
ရေထဲဝင်တာနဲ့ စ စစ်ဆေးပါတယ်။ နတ်မြစ်ကြောင်းထဲ ၀င်လာတာနဲ့ ရှင်မဖြူ၊
တက်ကနက်
မှာ ရှိတဲ့ ကမ်းခြေစောင့်တပ်၊ နယ်ခြားစောင့်တပ် နဲ့ ရဲတပ်ဖွဲ့တွေက အစ
လှေတွေကို
ရှာဖွေ စစ်ဆေးကြတာပဲ" ဟု ပြောသည်။

ယခုကဲ့သို့ စစ်ဆေး တင်းကျပ်မူ တိုးလာခြင်းမှာ မြန်မာဘက်က
မူးယစ်ဆေးဝါးများကို
ဘင်္ဂလာဒေခ်ျ့ သို့ တင်သွင်းနေကြသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်
ထွက်ပေါ်
လာသဖြင့် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" အခု မြန်မာနိုင်ငံက ယာဘဆေးပြားတွေ၊ ဘိန်းဖြူတွေနဲ့ အရက်တွေကို နေ့စဉ်
တင်သွင်း နေကြတယ်ဆိုတဲ့ သတင်းတွေ ဒီမှာ ဖြစ်ပေါ် နေပါတယ်။ ဒါကြောင့်
မြန်မာဘက်က
မော်တော်ဘုတ် တွေကို ခုလို ရှာဖွေ စစ်ဆေးမူ တိုးလာတာ ဖြစ်ပါတယ်" ဟု သူက
ပြောသည်။

မြန်မာမှ ဘင်္ဂလားဒေခ်ျ့သို့ တရားဝင် နှင့် မှောင်ခို ကုန်ပစ္စည်းများ
တင်ပို့နေသည့် ရေယာဉ်အများစုမှာ ငါးဖမ်းပိုက်ဆွဲလှေ အမျိုးအစားများ
ဖြစ်ကြပြီ
မြန်မာမှ ယူဆောင်လာသော ပစ္စည်းများကို ဘင်္ဂလားဒေခ်ျ့ ချာပိုရီဒိပ် ခေါ်
ရှင်မဖြူ
ဆိပ်ကမ်းနှင့် တက်ကနက် ဆိပ်ကမ်းတို့မှ တဆင့် တင်ပို့ ကြသည်။

တက်ကနက် ဆိပ်ကမ်းရှိ ဆိပ်ကမ်း နံပတ် (၁)တွင် မြန်မာဘက်မှ
တရားဝင်ကုန်ပစ္စည်းများကို လက်ခံပြီး၊ ဆိပ်ကမ်း နံပတ် (၂)တွင်
မှောင်ခိုတင်သွင်းလာသည့် သစ်များကို လက်ခံကြောင်း သိရှိရသည်။
ရှင်မဖြူဆိပ်ကမ်းမှာ မြန်မာဘက်က မှောင်ခိုတင်သွင်းလာသည့် ကျွဲနွားများကို
လက်ခံရာ အဓိက ဆိပ်ကမ်းဖြစ်သည်။

" အရင်ကတော့ ဘယ်ဆိပ်ကမ်းမှာ မဆို လွှတ်လွှတ်လပ်လပ် သွားလာလို့ ရပါတယ်။
အခုတော့
မြန်မာဘက်က ကုန်သည်တွေကို ဆိပ်ကမ်း အတွင်းမှာ နေခွင့် ပြုပြီး
အပြင်ထွက်ခွင့်
လုံးဝ မပေးတော့ဘူး။ အဲသလို တင်းကျပ်မူတွေ လုပ်လာနေတာကို တွေ့နေရပါတယ်။
အဲသလို
တင်းကျပ်တဲ့ အတွက် အထူးသဖြင့် ကျွန်တော်တို့ လှေသမားတွေ တော်တော်ဒုက္ခတွေ့
နေကြ
ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘင်္ဂလာဆိပ်ကမ်းတွေထဲမှာ သောက်သုံးရေ
ပေးတာတွေ
မရှိတဲ့အပြင် အစားအသောက်တွေ ၀ယ်ယူလို့ မရတာကြောင့် ဖြစ်ပါတယ်" ဟု
၎င်းကုန်သည်က
ပြောသည်။

၎င်းအပြင် နတ်မြစ်မှ နယ်စပ် ဖြတ်ကျော်ပြီး ခရီးသွားလာနေသူ
မြန်မာနိုင်ငံသားများ
အပေါ်တွင်လည်း စစ်ဆေးမှု ပိုမို ပြုလုပ်လာကြောင်းကို မောင်တောနှင့် တက်ကနက်
အကြား
နေ့ချင်းပြန် ပက်စပို့ ဖြင့် ကုန်ကူးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

"ကျွန်မတို့ နေ့ချင်းပြန် ပက်စပို့နဲ့ ကုန်ကူးနေသူတွေကိုလဲ ဒီက
ဘီဂျီဘီတွေ
စစ်ဆေးမှု ပိုများ လာပါတယ်။ အခုဆိုရင် အမျိုးသမီး ရှာဖွေရေး တပ်သားတွေကို
ချထားပြီးတော့ ကျွန်မတို့ တခန္ဓာလုံးကို ရှာဖွေတယ်။ ကိုင်ဆောင်လာတဲ့
ပိုက်ဆံအိပ်က အစ ရှိသမျှ အထုပ်တွေကို ဖွင့်ပြီး ပြရတယ်။
ကိုယ့်တိုင်းပြည်ထဲမှာ
လုပ်စား စရာ မရှိလို့သာ ဒီကိုလာပြီး တ၀မ်းတခါး ကုန်ကူး လုပ်စား နေရတာပါ။
ဒီအလုပ် လုပ်စားစရာတောင် မကောင်းတော့ပါဘူး" ဟု ၄င်း အမျိုးသမီးက ပြောသည်။

မြန်မာ နှင့် ဘင်္ဂလားခ်ျ့ အကြား ကုန်သွယ်ရာတွင် ပင်လယ်ရေလမ်းကြောင်းမှ
တဆင့်
ကုန်သွယ်သလို နယ်စပ် တလျှောက်ကို တစ်မိုင်နီးပါးခန့် ကျယ်ဝန်းသည့်
နတ်မြစ်ကို
မော်တော်ဘုတ်များ၊ လောင်းလှေ များဖြင့် ကျော်ဖြတ်ကာ ကုန်ကူးသန်း
ရောင်းဝယ်နေကြသည်။

နတ်မြစ်ကို ဖြတ်ကျော် ကုန်ကူသန်း ရာတွင် နယ်စပ်ဝင်ထွက်ခွင့်ကို
ဒေသဆိုင်ရာ
နယ်ခြားစောင့် တပ်များမှ ကိုင်တွယ်ထားပြီး၊ တစ်နေ့တာ ပက်စပို့ နှင့်
တပတ်တာ
ပက်စပို့ နှစ်မျိုးဖြင့် ကုန်သည်များ ခရီးသည်များကို ဖြတ်သန်းသွားလာခွင့်
ပြုထားသည်။

၎င်းအပြင် ကုန်သည်များ သွားလာရာတွက် နှစ်နိုင်ငံ နယ်ခြားစောင့်
တပ်ဖွဲ့ဝင်များမှ နတ်မြစ် တလျှောက် ခွင့်ပြုထားသော
ကူးတို့လှေများလည်းရှိပြီး
အဆိုပါ လှေများမှ အကောက်ခွန်များ ရယူကာ လောင်းလှေများဖြင့် တရားမ၀င်
နယ်စပ်ကူးခွင့် ပြုထားခြင်းများလည်း ရှိသည်။

265227_219473284757116_100000833399030_538100_4144115_o.jpg
105K View Download

281311_10150254746033827_552823826_7464857_4977846_n.jpg
85K View Download

6616_105497553826_552823826_2083717_4071224_n.jpg
70K View Download

Reply all
Reply to author
Forward
0 new messages