Fwd: လောကကြီးကကြောက်စရာကောင်းပါသည်

9 views
Skip to first unread message

zaw moe lwin

unread,
Dec 8, 2011, 2:04:10 AM12/8/11
to taunggyi...@googlegroups.com



တရုတ်ပြည်၊ Si chuan (စီချွမ်)ပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ မူးနေတဲ့ တက္ကသိုလ်ကျောင်းသူမိန်းကလေးတစ်ယောက်က ကပွဲမှာယောကျာင်္းလေးတစ်ယောက်နဲ့တွေ့ခဲ့ရကာနေ ဟိုတယ်ကိုသွားဖို့သဘောတူကာလိုက်သွားခဲ့ပါတယ်။ ဟိုတယ်ရောက်တော့လဲ အရက်ထပ်သောက်ခဲ့ပြီး အိပ်ပျော်သွားခဲ့တယ်။ နှိုးလာတဲ့အချိန်မှာတော့ သူမဟာရေခဲတွေအပြည့်ထည့်ထားတဲ့ကန်ထဲကိုရောက်နေခဲ့တယ်။ “ နံပတ်၁၂၀ ကိုဖုန်းဆက်ပါ၊ မဟုတ်ရင်နင်သေလိမ့်မယ်” လို့ရေးထားတဲ့စာတစ်စောင်ကို ကန်ရဲ့ဘေးနားမှာတွေ့ခဲ့တယ်။ သူမရဲ့ဖုန်းကိုလဲ အဲ့စာရဲ့ဘေးနားမှာပဲတွေ့ခဲ့တယ်။ ဒါနဲ့သူမကဖုန်းဆက်ပီးအခုအဖြစ်အပျက်ကိုပြောပြတော့ ဆရာဝန်က သူမရဲ့နောက်ကျောဘက်ကိုစစ်ဆေးကြည့်ဖို့ အကြံပေးခဲ့တယ်။ စစ်ဆေးကြည့်တဲ့အခါကျတော့ နောက်ကျောဘက်အောက်ဘက်နားလောက်မှာ ၉လက်မရှည်တဲ့ဒါဏ်ရာအပေါက်၂ခုကိုတွေ့ခဲ့တယ်။ ဆရာဝန်က သူမကိုချက်ချင်းပဲ ရေခဲကန်ထဲကိုပြန်သွားပြီး မလှုပ်ရှားပဲနေဖို့ပြောလိုက်ပြီး၊ ကယ်ဆယ်ရေးအဖွဲ့ကိုလွှတ်ပေးခဲ့တယ်။ တကယ်တော့ သူမက ကျောက်ကပ်အခိုးခံလိုက်ရတာပါ။ ဒါဏ်ရာအပေါက်၂ခုကတော့ ကျောက်ကပ်ထုတ်ယူတုန်းက ဖြစ်ခဲ့တဲ့ဒါဏ်ရာပါ။ မှောင်ခိုဈေး(တရားမ၀င်ဈေး) မှာ ကျောက်ကပ်တစ်လုံးဟာ ယွမ်၃သိန်းတန်ပါတယ်

မှု့ခင်းဆရာဝန်ပြောပြချက်အရ၊ ကျောက်ကပ်အခိုးခံရတဲ့ မိန်းကလေးသောက်ခဲ့တဲ့ အရက်ထဲမှာ မူးယစ်ဆေးတင်မကပဲ ထုံဆေးတစ်မျိုးပါ ပါဝင်နေပါတယ်လို့ဆိုပါတယ်။ ပြီးတော့ ရေခဲဟာလဲအသားကိုထုံကျင်စေထားတဲ့အတွက် အခိုးခံရတဲ့သူဟာ ကျောက်ကပ်အခိုးခံနေရစဉ်မှာ နာကျင်မှု့မခံစားရတာပဲဖြစ်ပါတယ်။ ကျောက်ကပ်အခိုးခံရတဲ့မိန်းကလေးကတော့ ဆေးရုံပေါ်မှာပဲကျောက်ကပ်အလှူရှင်ကိုစောင့်ရင်း ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလိုမျိုးကျောက်ကပ်ခိုးယူမှု့ဟာ ခုမှပေါ်လာတဲ့ပြစ်မှု့ကျူးလွန်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ လူငယ်တွေ၊ ခရီးသွားတွေ၊ ကျောင်းသူကျောင်းသားတွေဟာ အဓိကပစ်မှတ်ဖြစ်နိုင်ပါတယ်လို့ ရဲတွေကသတိပေးထားပါတယ်။ ပြီးတော့ ဒီလိုမျိုး အမှု့အခင်းတွေဟာ မြို့ကြီးများမှာပိုဖြစ်လေ့ရှိပါတယ်လို့လဲ ရဲတွေကသတိပေးထားပါတယ်။

 I copied it from Facebook


Reply all
Reply to author
Forward
0 new messages