Fwd: စင်္ကာပူရောက်မြန်မာများအား ဧရာဝတီအတွက်ပန်ကြားချက်

4 views
Skip to first unread message

Khun Kyaw Myo Min

unread,
Sep 9, 2011, 9:09:54 AM9/9/11
to taunggyi...@googlegroups.com


---------- Forwarded message ----------
From: earth citizen <be.an.ear...@gmail.com>
Date: 2011/9/8
Subject: စင်္ကာပူရောက်မြန်မာများအား ဧရာဝတီအတွက်ပန်ကြားချက်
To:




စင်္ကာပူရောက် ဧရာဝတီချစ်သူအပေါင်းတို့ခင်ဗျား
 
ကျနော်တို့ မြန်မာနိုင်ငံတွင်အစပြု၍ မြန်မာနိုင်ငံတွင်အဆုံးသတ်ပြီး မြန်မာနိုင်ငံသားတို့တို့သာပိုင်ဆိုင်သော ကျွန်ုပ်တို့မိခင် ဧရာဝတီမြစ်ကြီးသည် သေလောက်အောင်လည်မြိုညှစ်ခြင်းကို စတင်ခံနေရပြီ ဖြစ်ပါသည်။
 
မေခ၊ မလိခ နှင့် ဧရာဝတီကိုဖြတ်ပတ်၍ ဆည် ၇ခု ဆောက်လုပ်နေပြီးဖြစ်သည်။ (ရရှိလာသောလျှပ်စစ်ဓါတ်အား၏ ၉၉% ကို တရုတ်ပြည်သို့တင်ပို့မည်ဖြစ်သည်)
ထိုဆည်များပြီးသွားပါက ဧရာဝတီ၏ ဗေဒင်မေးစရာ၊ လေ့လာရေးပြုလုပ်နေရန်ပင်မလိုတော့ပါ၊ အနှေးနဲ့ အမြန်သေဆုံးခြင်းသို့ ရောက်ရတော့မည်သာဖြစ်သည်။
တရုတ်ပြည်က မြစ်ဝါမြစ်ဟာ ကျနော်တို့အတွက် အကြောင်းဆုံး ဥပမာဖြစ်မယ်လို့ထင်ပါတယ်။ မြစ်ဝါမြစ်သာမက ယခု ဗီယက်နမ်၏ အဖြစ်ကိုလည်း လေ့လာစေလိုပါသည်။   မဲခေါင်မြစ်ဝကျွန်ပေါ်ဒေသကို ပိုင်ဆိုင်ပြီး ကမ္ဘာ့ဆန်အတွက်ဆုံးနိုင်ငံတခု-
ယခု မဲခေါ်မြစ်ရေနည်းလာမှုကြောင့် ရေချို ရေငံမျှခြေပျက်ပြီး ရေငံပိုမိုဝင်ရောက်လာမှုကြောင့် စပါးစိုက် ဧကများစွာ ထာဝရပျက်စီးသွားခဲ့ပါပြီ။
 
မြစ်ဆုံဆည်စီမံကိန်းပြီးလျှင် မြစ်ဆုံဒေသနှင့် မြစ်လည်ဒေစကို ထည့်မပြောနဲ့အုံး၊ ဆည်စီမံကိန်းနဲ့ အဝေးဆုံး မြစ်ဝကျွန်းပေါ်ဒေသပါ အတိဒုက္ခရောက်ကြတော့မည်ဖြစ်သည်။
ဧရာဝတီမြစ်ရေ ပင်လယ်ထိရောက်အောင် မစီးဆင်းနိုင်ခဲ့သော်.................................
မြန်မာပြည်၏ စပါးကျီပျက်ခဲ့သော်..............................................
 
မြန်မာပြည်တွင် ဘဘဦးဝင်းတင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များသာမက၊ နာမည်ကျော်သတင်းစာ ဆရာကြီးများ၊ ကိုကျော်သူ၊ မရွှေဇီးကွက်၊ ဆရာမဒေါ်သန်းမြင့်အောင်တို့ ကဲ့သို့ လူမှုရေးလုပ်ဆောင်နေသူများပါမကျန် အမျိုးသားရေးတရပ်အနေနှင့် ဝိုင်းဝန်းလက်မှတ်ရေထိုး ကန့်ကွက်နေကြပြီ ဖြစ်ပါသည်။
ကျွန်ုပ်တို့ စင်္ကာပူရောက်မြန်မာများအနေနှင့်လည်း ယခုလိုအမျိုးသားရေးကိစ္စကို အဘယ့်ကြောင့် လက်ရှောင်နေကြမည်နည်း။
 
ကျွနု်ပ်တို့၏ အမျိုးစားရေးအားမာန်နှင့် သတ္တိကို ပြသရန် အချိန်ကြရောက်နေပြီဖြစ်သည်။
ကျွန်ုပ်တို့ ကြောက်၍လက်ရှောင်ခဲ့လျှင် ကျွန်ုပ်တို့၏ အနာဂါတ်မျိုးဆက်အတွက် ဧရာဝတီကို ဒဏ္ဍာရီမြစ်တစင်းအဖြစ်သာ လက်ဆောင်ပေးနိုင်ကြတော့မည် ဖြစ်ပါသည်။
လက်မှတ်ရေးထိုးလိုသူများ - လမ်းပြကြယ်စာကြည့်တိုက်
                                                             Peninsula Plaza (04-09)
စာကြည့်တိုက်ဖွင့်ချိန်များ - - ဗုဒ္ဓဟူးနေ့ - ညနေ ၆-၃ဝ မှ ည ၉ နာရီ
                                                                      စနေနေ့ - နေ့လည် ၂ နာရီ မှ ည ၉ နာရီ
                                                                      တနင်္ဂနွေနေ့ - နေ့လည် ၁၂ နာရီ မှ ည ၉ နာရီ
အမျိုးသားရေးအတွက် စိတ်အားထက်သန်သူများလာရောက် လက်မှတ်ရေးထိုးကြရန်ဖိတ်ခေါ်ပါသည်။ တဦးချင်းမလာနိုင်သူများ Attach file ကို Print ထုတ်၍ စုပေါင်းလက်မှတ်ထိုးပြီး လမ်းပြကြယ်သို့ လာရောက်ပေးပို့နိုင်ပါသည်။
 

ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ






336374_2035188842225_1319313136_32000637_1434772_o.jpg
335452_2035189122232_1319313136_32000638_2335615_o.jpg
campaign.pdf
Reply all
Reply to author
Forward
0 new messages