Fwd: သတိထားရမယ့် ညှို့အားပြင်းတဲ့ အမျိုးသမီး သုံးယောက်

13 views
Skip to first unread message

Olivia Oo

unread,
Jul 2, 2011, 12:27:28 AM7/2/11
to


---------- Forwarded message ----------
From: Tin Zar <htw...@gmail.com>
Date: 2011/6/21
Subject: Fwd: သတိထားရမယ့် ညှို့အားပြင်းတဲ့ အမျိုးသမီး သုံးယောက်
To:




သတိထားရမယ့် ညှို့အားပြင်းတဲ့ အမျိုးသမီး သုံးယောက်
By Yatanarpon

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အချို့၏ မြို့နယ်များတွင်းရှိ  လူနေ
အထပ်မြင့် အဆောက်အအုံများတွင် မသမာသူ အမျိုးသမီးသုံးဦးသည်  ဗေဒင် နက္ခတ်
နတ်များကို  အလွန်အမင်း ယုံကြည်သူ အမျိုးသမီးများအား  ပြစ်မှတ်ထားပြီး
အလှူခံအဖြစ် ဝင်ရောက်ကာ ခေတ်သစ် တို့ဆေး ခေါ် စိတ်ညှို့ အတတ်ပညာများဖြင့်
ငွေလိမ်လည် တောင်းခံမှုများ မကြာခဏ ပြုလုပ်ခဲ့တယ်လို့ သိရသည်။
“ကျွန်မအိမ်ကို နေ့လယ် ၁ နာရီကျော်ကျော်လောက်မှာ အလှူခံလာတယ်
ကျွန်မအမျိုးသားကလဲ ဆုံးထားတာ မကြာသေးတော့ ကျွန်မလဲ ကောင်းမှု
ကုသိုလ်လုပ်မယ်ဆိုတဲ့ အနေနဲ့ တံခါးဖွင့်ကြည့်တော့ အိမ်ရှေ့ မှာ ကုလားမ
သုံးယောက် ရောက်နေတယ် သူတို့က ဘုရားပွဲရှိတယ် ကုလားမီးနင်းပွဲ အတွက်
အလှူခံပါတယ်တဲ့ တတ်နိုင်သလောက် လှူနိုင်တယ်တဲ့ နောက်ပြီး သူတို့
သုံးယောက်က  ကျွန်မအမျိုးသား ဆုံးတာ သိနေတယ် တစ်ယောက်က
ပုဂ္ဂိုလ်ပူးသလိုလို ဘာလိုလိုနဲ့  ကျွန်မ အမျိုးသားက မကျွတ်သေးဘူးတဲ့
အိမ်နားမှာဘဲ ရှိနေသေးတယ်တဲ့ အဲဒါ  ကျွန်မ အမျိုးသား ကောင်းရာမွန်ရာ
ရောက်အောင် ယတြာလေး ခြေပါလား  ဆိုပြီး သူတို့ မှာပါလာတဲ့ ဘုရားပုံလေးကို
ကိုင်ခိုင်းပြီး လိုတဲ့ဆု တောင်းခိုင်းတယ် ကျွန်မလည်း အမျိုးသား အတွက်
ဆိုပြီး သူတို့ခိုင်းတဲ့အတိုင်း လုပ်လိုက်တယ် အဲဒီ နောက်ပိုင်း
ဘယ်လိုဖြစ်သွားတယ် မသိဘူး သူတို့ ပြောတာကိုဘဲ နားထောင်တယ်  ကိုယ်က ဘာမှ
ပြန်မပြောဖြစ်ဘူး နောက်ပြီး ယတြာခြေဖို့ ငွေငါးသောင်း တောင်း တာလည်း
ပေးလိုက်မိတယ် အံ့သြစရာ ကောင်းတာက ကျွန်မ ဘာမှပြန်ပြောလို့မရဘူး
သူတို့ခိုင်းတာဘဲ လုပ်နေတယ် နောက်ပြီးတော့ သူတို့ပြန်သွားတော့
မှာသွားသေးတယ်  ဒီအကြောင်းကို ဘယ်သူမှ မသိစေရဘူး ပြောချင်ရင် နောက်နေ့ ၁၂
နာရီကျော်မှ ပြောရမယ်တဲ့ တကယ်လဲ ကျွန်မဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ဘူး
ကျွန်မ သားတွေကိုတောင် မပြောဖြစ်ခဲ့ဘူး တော်တော်ကို
ကြောက်စရာကောင်းတယ်လို့  ကိုယ်တွေ့ကြုံရတဲ့ မင်္ဂလာဒုံ မှာ နေထိုင်တဲ့
အမျိုးသမီးတစ်ဦးက ပြောပြသွားပါတယ်။

အလားတူပဲ လွန်ခဲ့တဲ့ အပတ်ကလည်း ကမာရွတ်မြို့နယ်ထဲက
အင်းစိန်လမ်းမပေါ်မှာရှိတဲ့ အဆောက်အအုံတစ်ခုမှာ နယ်ကလာပြီး ကုမ္ပဏီ ဝန်ထမ်း
အလုပ်လုပ်နေကြတဲ့ မိန်းကလေး လေးယောက် နေထိုင်တဲ့   လှိုင်ရတနာဈေးရှေ့က
တိုက်ခန်းတွင် နေ့ခင်းနှစ်နာရီလောက်မှာ အဆိုပါ ကုလားမသုံးဦး က မိန်းကလေး
လေးယောက် နေထိုင်တဲ့ အခန်းကို တံခါးလာခေါက်ပြီး  အလှူခံလာတာပါလို့
ပြောတယ်လို့ ဆိုပါတယ် အဲဒီအချိန်က အခန်းမှာ  မိန်းကလေးနှစ်ဦးသာရှိပြီး၊
လူကြီးမရှိကြောင်း ပြောပေမယ့် အိမ်ထဲကို အတင်း ဝင်လာကာ  လူကြီးမရှိလဲ
တတ်နိုင်သလောက် လှူနိုင်တယ်လို့ ပြောပါတယ် မိန်းကလေးများဟာ
နယ်သူလေးများဖြစ်ပြီး အားနာတာကြောင့် ငွေ ၂၀၀ ကျပ် ထုတ်လှူလိုက်ရာမှာ
နည်းသေး တာပေါ့လို့ ပြောကာ ထိုအချိန်က မိန်းကလေးတစ်ဦးဟာ
နေမကောင်းနေတာကို  ရိပ်စားမိဟန်ရှိပြီး ထိုမိန်းကလေး ကျန်းမာရေး
မကောင်းတာ ဗေဒင်ကြည့်ပေးမယ်  သူတို့ ဘုရားမယ်တော်က အကုန်သိတယ်လို့ပြောကာ
အသင့်ပါလာတဲ့  မယ်တော်ပုံလေးအား ကိုင်ခိုင်းပြီး လိုရာဆုကို
တောင်းခိုင်းတယ်လို့လည်း ဆိုပါတယ်  ဆုတောင်း အပြီးမှာ မယ်တော်ပူးသလို
ဘာလိုလိုနဲ့ အဟောအပြောတွေ စလုပ်ကာ  နေမကောင်းသူ မိန်းကလေးအား ဟောရာမှာ
ခြေနှစ်ချောင်း ထွက်ကိန်းရှိကြောင်း အဝေးက မိဘနှစ်ပါးထဲက တစ်ယောက်ယောက်
ခန္ဓပျက်ကိန်းရှိတယ် လို့ဆိုကာ  အဲဒီ မကောင်းတာတွေ ပျောက်အောင်
ယတြာခြေရမယ် ငွေခြောက်သောင်းပေးလို့ ပြောပြီး တောင်းတယ်လို့ ဆိုပါတယ်
အဲဒီအချိန်တွင်  သူတို့ပြောသည်များကိုသာ လုပ်ဆောင်နေပြီး ဘာကိုမှ
ပြန်ပြောလို့ မရဘူးလို့လည်း ဆိုပါတယ် နောက်ပြီး ပြန်ခါနီးမှာ
ဒီအကြောင်းတွေကို နောက်နေ့ ၁၂ နာရီ မကျော်မခြင်း  ဘယ်သူ့ကိုမှ မပြောရဘူး
ပြောချင်ရင် နောက်နေ့ ၁၂ နာရီကျော်မှပြောလို့ရတယ်လို့ ဆိုကာ
နောက်သုံးလေးရက် ကြာလျှင် ပြန်လာခဲ့မယ်လို့ ပြောပြီး
ပြန်ဆင်းသွားကြတယ်လို့ ဆိုပါတယ် တကယ်ပင် နောက်တပတ်ခန့်အကြာ အဲဒီ ကုလားမ
သုံးယောက် ပြန်ရောက်လာလို့ ဝိုင်းဝန်းဖမ်းဆီးရာ လွတ်မြောက်သွား
တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် ယခုအခါမှာ အထပ်မြင့် တိုက်ခန်းများတွင်
နေထိုင်ကြတဲ့ မိသားစုများ အနေနဲ့   လူကြီးများ အပြင်သွားကြတဲ့အခါမှာ
အိမ်တွင် ကျန်ရစ်မယ့် ကလေးသူငယ်များကို ဖြစ်ဖြစ်
သက်ကြီးရွယ်အိုများကိုဖြစ်ဖြစ် သေချာစွာ မှာပြီးမှ မိမိတို့အိမ်အား
မရင်းနှီးသည့်  လူများ လာရောက်ပါက လွယ်လင့်တကူ တံခါးများကို
ဖွင့်မပေးကြဖို့နဲ့  တာဝန်ရှိသူများ လာရောက်ပါကလည်း သေချာစွာ
မေးမြန်းပြီးမှသာ ဖွင့်ပေးသင့်ကြောင်း အလားတူ မိန်းကလေးများ ချည်းစု၍
နေကြတဲ့ တိုက်ခန်းများ အထူးသဖြင့် အဆိုပါ  မသမာ သူတို့ရဲ့ပစ်မှတ်
ဖြစ်နေတာကို သတိပြုရမှာဖြစ်ကြောင်းကို  ကိုယ်တွေ့ကြုံရသူများက
ပြောပြသွားကြလို့ သိရပါတယ်။




--



With Best Wishes,
Olivia
Reply all
Reply to author
Forward
0 new messages