Fwd: မလေးရှားမှ စိတ်ဝေဒနာရှင်အား မိသားစု ထံ ပြန်ပို့ရန် အကုညီတောင်းခံခြင်း

5 views
Skip to first unread message

Nang Yu Lay Nwe

unread,
Nov 29, 2010, 2:31:43 AM11/29/10
to taunggyi...@googlegroups.com


---------- Forwarded message ----------

Date: 2010/11/22
Subject: မလေးရှားမှ စိတ်ဝေဒနာရှင်အား မိသားစု ထံ ပြန်ပို့ရန် အကုညီတောင်းခံခြင်း
To:





ဒီfwd mail လေးကို ဖတ်ပြီးရင် သင့်ရဲ့သူငယ်ချင်းတွေ အကုန်လုံးကို fwd လုပ်ပေးကြပါ..
အဆက်အသွယ်တခုခု ရလိုရငြားပေါ့နော်...


မိသားစု (သို့) သူ့ပတ်ဝန်းကျင်မှ တစုံတယောက်က ဆက်သွယ်လာခဲ့ရင်
အောက်ဖော်ပြပါ  လိပ်စာသို့ ဆက်သွယ်အကြောင်းကြားပေးကြပါ။

 
www.edinooyin.com

ကျွန်တော်တို့ မြန်မာလူမျိုးတယောက် မိသားစုနဲ့ အဆက်အသွယ်ပြတ်ပြီး နိုင်ငံခြားမှာ စိတ်ဝေဒနာ ခံစားနေရတာကို တတ်နိုင်သလောက် ကူညီကြရအောင်...


ကျွန်တော်တို့ နိုင်ငံရပ်ခြား မိသားစု ဝမ်းရေး အတွက် ဖြေရှင်းဖို့ အလုပ်လုပ်ရန် လာရောက်သူများထဲမှ ကံဆိုးစွာ အလုပ်ဒဏ်ကြောင့် အလုပ်ရုံပေါ်မှ ခုန်ချ ထွက်ပြေးပြီး
မည်သည့်နောက်ကြောင်းမှ မေးမြန်းမရသော စိတ်ဝေဒနာ ခံစားနေရသော မြန်မာလူငယ်တစ်ယောက်အား ဧဒင်ဥယျာဉ်မှ သက်ဆိုင်ရာ လူကြီးများဖြင့်ညှိနှိုင်းပြီး
စရိတ်အကုန်ကျအားလုံးစုပေါင်းလှူဒါန်း၍
မြန်မာပြည်မိသားစုရှိရာသို့ပို့ဆောင်ပေးမည်ဖြစ်ပါတယ်။


ထိုသူ အမည် ၊ နေထိုင်ခဲ့သော မြန်မာပြည်မှလိပ်စာ ( ကာယကံရှင်မှတ်မိသရွေ့)
သိရှိရန် ထိုစိတ်ဝေဒနာရှင် လူငယ် ထံကျွန်တော်တို့သွားရောက်ပြီးခက်ခဲစွာဓါတ်ပုံရိုက်ယူခဲ့ပါတယ်

ထိုလူငယ်အား နေရပ်လိပ်စာစုံစမ်း၍ အတိအကျမရသော်လည်း
ရွှေပေါက္ကံ မြို့တွင်နေထိုင်ကြောင်း ပြောပြချက်ရ သိခဲ့ရပါတယ်။

စာရိတ္တကောင်းမွန်ပြီး ထမင်းစားလျှင်တောင် ခွင့်တောင်းပြီးမှ စားတတ်သည် ။
ငွေကြေးတစ်ကျပ်တစ်ပြား မယူတတ် ။ ပိုင်ရှင်မသိလျှင် ထမင်းပင် နှိုက်မစား ။
ဆာလျှင် ပြောသည် ၊ အသားငါး လုံးဝ မစား ထွေးထုတ်သည် ။
စိတ်ဝေဒနာ ခံစားနေရပြီးမည်သည့်တိကျသောအချက်အလက်အထောက်အထားကိုမျှမပြောနိုင်ပါ။

မည်သည့် စက်ရုံမှ ထွက်လာသည်ကို လည်း အတိအကျ စုံစမ်းမေးမြန်း ၍ မရပါ ။
 လက်ထဲတွင် အထောက်အထားမရှိသောကြောင့်မည်သူမှန်းလည်း အတိအကျမသိခဲ့ရပါ ။

ထိုသူအား လက်ရှိ Kampong Jawa ရှိ မြန်မာ လုပ်သားများရှိရာ Hostel တွင် ဝိုင်းဝန်း
စောက်ရှောက်ထားပြီး မည်သူ့ကိုမျှ ဒုက္ခ မပေးပဲ ဝေဒနာခံစားနေရပါသည်။

ထို့ကြောင့် ဧဒင်ဥယျာဉ်မှ မလေးရှားရှိ တရားဝင်အဖွဲ့စည်းများအား
အသိပေးပြီး စရိတ်ခံကာ ပြန်လည်ပို့ဆောင်မည်ဖြစ်ပါသည် ။

ကံဆိုးစွာ ဘာမျှ ပြန်မပြောနိုင်သော အလုပ်သမား မောင်ထက်မြတ်သူ
ခေါ် ဇေယျာ အား လိပ်စာ သိရှိနိုင်ရန် ဝိုင်းဝန်း ကူညီဖို့ ဤစာဖြင့် အသိပေးပါတယ်။

လူကြီးများ ၏ အကူညီဖြင့် အကြိမ်များစွာ အချိန်ယူမေးပြီး ရရှိထားသော
အချက်များကို ဓတ်ပုံနှင့်တကွ ရေးသားပေးခဲ့ပါတယ် ။


အမည် = မောင်ထက်မြတ်သူ ( တစ်ကြိမ်) ၊ ဇေယျာ ( ဒုတိယအကြိမ် )
အမည် 2 ခုသာ အတိအကျပြောသည် ။

မိဘအမည် = ဦးကျော်ဝင်း ၊ ဒေါ်စန်းမြင့်

မှတ်မိသော လိပ်စာ

( မင်းထူးကျော် မှတ်တိုင် ) 15 ရပ်ကွက် ၊ ရွေပေါက္ကံမြို့သစ် ၊ မြောက်ဥက္ကလာ ။

လှိုင်သာယာတွင်နေဘူးသည် ၊ လသာတွင်နေဘူးသည် ဟု ထပ်ပြောသည် ။

ဘာသာစကား -   အင်္ဂလိပ်စကား ပြောနိုင်သည် ။
မလေးဘာသာစကား အနည်းငယ်ပြောနိုင်သည် ။

အသက် ခန့်မှန်း ( 24 - 28 ) ကြား

အရပ် - 5 ပေ 7 လက်မခန့်

အသားဖြူသည် ။


ကျွန်တော်တို့ မေး၍ရသမျှ အကုန်ဖြစ်သည် ။


အောက်တွင် ရိုက်ထားသော ပုံအားတင်ပေးလိုက်သည် ။









အထက်ပါ စိတ်ဝေဒနာရှင်အတွက် ကျွန်တော်တို့ စုပေါင်းပြီး စရိတ်အကုန်ခံကာ

မိသားစု ဆက်သွယ်လာပါက အရောက်ပို့ပါမည် ။


မြန်မာ သံရုံး နှင့် ဆက်သွယ်ကာ တရားဝင် လေယာဉ်ဖြင့် ပြန်ပို့ပေးမည် ။

ထိုသူ၏ အချက်လက် အား ဧဒင်သို့ ဆက်သွယ်ပြီး မိသားစု ဆက်သွယ်နိုင်သည် ။


လုံးဝ မဆက်သွယ်ပါက ကျွန်တော်တို့ ဆေးကုသပေးမည် ။

ထို့နောက် မြန်မာသံရုံးဖြင့် ညှိနှိုင်းအကြံတောင်းမည် ။


ကုန်ကျမှု့အားလုံး ကျွန်တောတို့ ဧဒင်ရန်ပုံငွေမှ စုပေါင်း အကုန်ကျခံမည် ။

သို့ပါသောကြောင့် အွန်လိုင်းသုံးသူ မည်သူမဆို ဤဘလော့အား ကူးယူဖော်ပြပေးပြီး

မိသားစုမှဆက်သွယ်နိုင်ရန် ကျွန်တော်တို့ တတ်အားသလောက်ကြိုးစားခြင်းဖြစ်သည် ။


အတိဒုက္ခဖြင့် ၊ စာရိတ္တ ရိုးသားစွာ အများအားဒုက္ခပေးခြင်းမရှိသော

စိတ်ဝေဒနာရှင်အား ကူညီရန် ကျွန်တော်တိုက်တွန်းနှိုးဆော်ပါသည် ။


လေးစားလျှက်




စုံစမ်းရန် www.edinooyin.com








--
Quote: Do not dwell in the past, do not dream of the future, concentrate the mind on the present moment.
Reply all
Reply to author
Forward
0 new messages