Fwd: ဧရာဝတီ ကာကွယ်မည်

1 view
Skip to first unread message

Khun Kyaw Myo Min

unread,
Sep 11, 2011, 2:47:53 AM9/11/11
to taunggyi...@googlegroups.com


---------- Forwarded message ----------
From: earth citizen <be.an.ear...@gmail.com>
Date: 2011/9/11
Subject: ဧရာဝတီ ကာကွယ်မည်
To:



မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး သတင်းတွေ၊ ဆောင်းပါးတွေကို နေ့စဉ်နဲ့အမျှ ဖတ်နေတွေ့နေရပါသည်။

ဖတ်ခဲ့ရသည့် သတင်းတွေအရ ဒီရေကာတာတွေအတွက် တရုတ်ရဲ့  ရင်းနှီးမြှုပ်နှံမှုဟာ မနည်းပါ။
အဲဒီ့အတွက်ကြောင့် တရုတ်ဘက်ကလည်း လက်ရှိအနေအထားအထိ ကုန်ကျခဲ့တဲ့ သူတို့ ရဲ့  အရင်းအနှီးတွေ မဆုံးရှုံးစေရေးအတွက် ဒီစီမံကိန်းကို တော်ရုံနဲ့ နောက်ဆုတ်မှာ မဟုတ်ပါဘူး။
တိုက်ပွဲတွေဖြစ်နေတဲ့ ကြားထဲကကို အလျော့မပေးဘဲ ဆက်လက်ပြီးတော့ ဆောက်လုပ်နေဆဲပါ။

တရုတ်က သူတို့ရဲ့  ငွေအရင်းအနှီး ကိုတောင် မဆုံးရှုံးအောင် ကြိုးစားနေကြပါတယ်။

မြန်မာတွေ ဘက်ကရော ?

ပထမဆုံး ဆောက်လုပ်ရေးအတွက် မြေနေရာတွေရှင်းလို့ မြန်မာ့တောတွေ ဆုံးရှုံးနေပြီ  ( ရှင်းလိုက်တဲ့သစ်တွေ ဘယ်ရောက်သွားပြီလဲ )
တောတွေမရှိတော့ တောထဲနေရတဲ့ ရှားပါးတိရိစ္ဆာန်တွေကိုလည်း ဆုံးရှုံးနေပါပြီ ( ဒေသခံတွေ သွားလာခွင့် မရတော့တဲ့ နေရာတွေက ရှားပါးတိရိစ္ဆာန်တွေရဲ့  အရေ၊ အရိုး ၊ အဆွယ် တွေ ဘယ်ရောက်ကုန်မှာလဲ )
ဥတုရာသီတောကိုမှီ၏ ဆိုတဲ့အတိုင်း တောပြုန်းတဲ့ ဒေသ ရာသီဥတု ဆုံးရှုံးဖို့ သေချာနေပါပြီ ။

ဒေသခံတွေ သောင်းချီ ရွှေ့ ပြောင်းရလို့ နေရာအရပ်တွေ ဆုံးရှုံးနေပါပြီ ။
ထို့ထက်ပို၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဆုံးရှုံးစေမည်။ ( စီမံကိန်းမှာ ပြည်တွင်းအလုပ်သမားနဲ့ တရုတ်အလုပ်သမား အရေအတွက် ဘယ်ဟာပိုများနိုင်ပါသလဲ၊ လောလောဆယ်တော့ ဒေသခံတွေရဲ့  နေရပ်တွေမှာ တရုတ်အလုပ်သမားအဆောက်အဦးတွေ အစားထိုးနေပါပြီ )

အဆိုးဆုံးကတော့ မြစ်ဆုံဒေသ ဆုံးရှုံးတာပါ။
မြစ်ဆုံဒေသဟာ ကချင်လူမျိုးတို့၏ နှလုံးသည်ပွတ်ပမာ တန်ဖိုးထားရာနေရာဖြစ်ရုံမက မြန်မာအမျိုးသားတို့၏ ၊ မြန်မာနိုင်ငံ၏ အဖိုးတန် သဘာဝအလှတရား။
မေခ၊ မလိခ မြစ်ဆုံနေရာဟာ တန်ဖိုးထား ထိန်းသိမ်း စီမံတတ်မယ်ဆိုရင် နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရှာဖွေပေးရာ ဒေသ ဖြစ်လာမှာ မလွဲပါ။( တရုတ်လက်ထဲ ရောင်းစားသည့်နည်းလမ်းကို မဆိုလိုပါ )

မြစ်ရေနည်းခန်းခြောက်ခြင်းဟာ ရေကာတာတွေကြောင့်ချည့်ပဲ မဟုတ်ဟု အချို့ က ပြောကြသည်။
သို့သော်
ခန်းခြောက်ပျက်စီး သွားသော မြစ်ဝါ၊ ယန်စီ ၊ Pearl ၊ Huai ၊ Songhua Hai နှင့် Liao မြစ်တိုင်းမှာတော့ ရေကာတာစီမံကိန်းတွေရှိကြသည်။  ( တိုက်ဆိုင်မှုဆိုလျှင် ဤအရေအတွက်မျှ တိုက်ဆိုင်ပါ့မလား )

ထိုမြစ်ကြီးများနည်းတူ မြန်မာပြည်၏ ဧရာဝတီမြစ်ကြီးကို ဆုံးရှုံးရန်မှာ ဖြစ်နိုင်ချေများလွန်းသည်။
ဧရာဝတီမြစ်ကြီးနှင့်အတူ ဆုံးရှုံးရမှာတွေက များလွန်းလှသည်။


မြစ်ဆုံဒေသနှင့် ဧရာဝတီမြစ်ကြီး မဆုံးရှုံးစေပဲ မြန်မာပြည်ကြီး လျှပ်စစ်မီးဖြင့် လင်းထိန်နိုင်သော အခြားနည်းလမ်းများလည်းရှိပါသေးသည်။


တရုတ်ဘက်က ငွေအရင်းအနှီးတစ်ခုတည်း ဆုံးရှုံးမှာကို ကြောက်လန့်တကြား ကာကွယ်နေကြစဉ်မှာ၊
မြန်မာဘက်က မြောက်မြားလှစွာသော ဆုံးရှုံးမှုများဖြစ်နေ/ဖြစ်နိုင် သည်ကို ကိုယ်နှင့်မဆိုင်သလို လက်ပိုက်ကြည့်နေမည်ဆိုလျှင် အလွန်ရှက်ဖွယ်ကောင်းလှသည်။

တရုတ်သမ္မတ ဟူဂျင်တောင်း ထံသို့ မြစ်ဆုံရေကာတာစီမံကိန်းအား ကန့်ကွက်ကြောင်းကို အောက်ပါ link တွင် လက်မှတ်ရေးထိုး၍ ပေးပို့နိုင်ပါသည်။
http://www.thepetitionsite.com/1/save-river-irrawaddy/


မြစ်ဆုံဒေသနှင့် ဧရာဝတီမြစ်ကို ကာကွယ်ခြင်းသည် ပါတီနိုင်ငံရေးမဟုတ်။
အမျိုးသားအရေး၊နိုင်ငံ့အရေးသာ ဖြစ်ပါသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ထံသို့ ဧရာဝတီမြစ်ကြီး မတိမ်ကောမပပျောက်စေရေးနှင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများ၏ အသက်အိုးအိမ် မပျက်စီး၊ မဆုံးရှုံးစေရေးအတွက် မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံလွှာတွင် သင်လည်းလက်မှတ်ရေးထိုးခြင်းဖြင့် ပါဝင်လိမ့်မည်ဟု ယုံကြည်ပါသည်။














Reply all
Reply to author
Forward
0 new messages