Fwd: ပျော်ရွှင်တဲ့ဘ၀ ..........

12 views
Skip to first unread message

Olivia Oo

unread,
Dec 22, 2010, 2:12:49 AM12/22/10
to





ဘ၀ကို ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနဲ့ ကျော်ဖြတ်နိုင်ဖို့ အောက်ပါအချက်အလက်တွေက သင့်ကို အထောက်အကူ ပြုနိုင်ပါတယ်။


၁. တစ်ရက်ကို ၁၀မိနစ်မှ မိနစ်၃၀အထိ နေ့စဉ် ပုံမှန် လမ်းလျှောက်ပါ။ လမ်းလျှောက်နေစဉ်အတွင်း မျက်နှာကို ပြုံးပြုံးရွှင်ရွှင်ထားပါ။




၂. နေ့စဉ် ၁၀မိနစ်ခန့် အချိန်ပေး၍ တစ်နေရာတွင် စိတ်အာရုံမပျံ့လွင့်စေဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နိုင်အောင် ကြိုးစားပါ။


၃. တစ်နေ့ကို အိပ်ချိန် ၇နာရီပြည့်အောင် အိပ်ပါ။




၎. အလုပ်ကို ခွန်အားစိုက်ထုတ်၍ တက်တက်ကြွကြွ၊ နိုးနိုးကြားကြားနှင့် စိတ်အားထက်သန်စွာ ဆောင်ရွက်ပြီး အခြားသူများကိုလည်း မျှဝေတတ်သော စိတ်ကို မွေးမြူပါ။


၅. ဥာဏ်ရည်ထက်မြက်စေသော ကစားနည်းများ ကို မကြာခဏ ကစားပေးခြင်း၊ ရနိုင်သမျှ အချိန်တို့တွင် စာများများ ဖတ်ခြင်းတို့ကို ပြုလုပ်ပေးပါ။




၆. တတ်နိုင်သမျှ ရေများများသောက်ပါ။ အချိုရည်ကို လျှော့သောက်ပါ။




၇. အပင်မှရသော သဘာဝ အသီးအနှံများကို များများစားပြီး ပြုပြင်ဖန်တီးထားသော အစားအသောက်များကို လျှော့စားပါ။




၈. နံနက်စာကို များများစားပြီး နေ့လည်စာကို အတင့်အသင့်စားကာ ညစာကို တတ်နိုင်သမျှ နည်းအောင်စားပါ။


၉.တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့ကို ပြုလုပ်ပေးပါ။ ၄င်းတို့သည် စိတ်ကိုတည်ငြိမ်အေးချမ်းစေ၍ ခွန်အားများကို ရရှိစေပါသည်။


၁၀. ရယ်စရာများကို တတ်နိုင်သမျှ ရှာဖွေပါ။ နှစ်နှစ်ခြိုက်ခြိုက် ဟက်ဟက်ပက်ပက် ရယ်မောပါ။ တစ်ရက်ကို အနည်းဆုံး လူသုံးယောက်ကို ပြုံးရွှင်အောင် လုပ်ပါ။




၁၁. မိမိ၏ အဖိုးတန် အချိန်များ၊ ခွန်အားများကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနှင့်။


၁၂. မိမိ မတတ်နိုင်၊ အလုပ်နိုင် သော ကိစ္စရပ်များအတွက် အဆိုးမြင်ပြီး စိတ်ဆင်းရဲ၊ ဒေါသဖြစ်နေမည့်အစား စိတ်ချမ်းသာစရာ အကြောင်းအရာများကိုသာ တွေးတော ရှာဖွေပါ။


၁၃. အသက် ၇၀ကျော် လူကြီးသူမများ၊ အသက် ၆နှစ်အောက် ကလေးငယ်များနှင့် အချိန်ပေး၍ စကားပြောဆိုပါ။




၁၄.ဘ၀သည် တိုတောင်းလွန်းလှသောကြောင့် မိမိအချိန်များကို အခြားသူတစ်ဦးဦးအား မုန်းတီးခြင်း၊ ဂလဲ့စားချေခြင်း တို့ဖြင့် အချိန်မကုန်ဆုံးစေသင့်ပါ။


၁၅. မိမိကိုယ်မိမိ ဘယ်နေရာမှ ငါမရှိလျှင်မဖြစ်၊ ငါမပါလျှင်မပြီး ဟူသော အတွေးမျိုးကို ဖျောက်ဖျက်ပါ။


၁၆. မကောင်းသော အတိတ်ကာလ အကြောင်းအရာများကို မေ့ဖျောက်ပစ်ပါ။ မိမိချစ်သူခင်သူများ၏ အတိတ်က အမှားများကို မကြာခဏ ပြောဆိုခြင်း၊ သတိပေးခြင်း မပြုလုပ်သင့်ပါ။ ထိုအရာများသည် သင်၏ လက်ရှိပျော်ရွှင်မှုများကို ဖျက်ဆီးပစ်မည့် အရာများသာ ဖြစ်သည်။




၁၇.မည်သည့် အငြင်းအခုန်မျိုးတွင်ဖြစ်စေ၊ ပဋိပက္ခများတွင်ဖြစ်စေ သင်အနိုင်ရမှဖြစ်မည်ဆိုသော အတွေးကို ပယ်ဖျောက်ပါ။ အငြင်းပွားခြင်းသည် မိတ်ဆွေ လျှော့နည်းစေသော အကြောင်းတရားတစ်ခု ဖြစ်သည်။




၁၈. သင်၏ဘ၀ကို အခြားသူများနှင့် နှိုင်းယှဉ်၍ စိတ်ပျက်အားငယ်ခြင်း၊ မနာလိုခြင်းတို့ မည်သည့်အခါမျှ မဖြစ်ပါစေနှင့်။ အခြားသူများ၏ ဘ၀သည် တသမတ်တည်း ရှိမည်ဟူ၍ သင် အတတ်မပြောနိုင်သလို သင်၏ ဘ၀အခြေအနေသည်လည်း ယခုအတိုင်း အမြဲတမ်းရှိနေမည်ဟု မည်သူကမှ မပြောနိုင်ပါ။


၁၉.အလုပ်ကိုသာ ဦးစားပေးပြီး မိတ်ဆွေ သူငယ်ချင်းများကို မေ့လျှော့နေတာမျိုး၊ အချိန်မပေးနိုင်တာမျိုး မဖြစ်အောင်ကြိုးစားပါ။ သင်နေမကောင်းလျှင်၊ အကူအညီလိုအပ်လျှင် သင့်အလုပ်က သင့်ကို လာရောက်ကူညီမည်မဟုတ်။ သင့်မိတ်ဆွေ သူငယ်ချင်းများကသာ ကူညီပေးနိုင်ပါလိမ့်မည်။




၂၀. ခွင့်လွှတ်တတ်သော စိတ်ကို မွေးမြူပါ။


၂၁. မိသားစုများနှင့် မကြာခဏ ရင်းနှီးနွေးထွေးစွာ နေထိုင်ပါ။ အဝေးမှာရောက်နေလျှင်လည်း မကြာခန အဆက်အသွယ်ပြုလုပ်ပါ။




၂၂. ကောင်းမြတ်သောအရာများကို အခြားသူများအား ပြန်လည် မျှဝေနိုင်ရန်ကြိုးစားပါ။ လူမှုရေးလုပ်ငန်းများတွင် ပါဝင်တတ်သူဖြစ်အောင် ကြိုးစားပါ။


၂၃. ၀င်ငွေထွက်ငွေကို မျှတစွာ သုံးစွဲတတ်သူ ဖြစ်ပါစေ။


၂၄. သစ်ပင်စိုက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ မွေးမြူခြင်း၊ သူငယ်ချင်း၊ မိတ်ဆွေများကို ရင်းနှီးနွေးထွေးစွာ စကားပြောဆိုခြင်း၊ စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ကြင်နာ ဂရုစိုက်တတ်သော အလေ့ကောင်းကို မွေးမြူပါ။




၂၅. မိမိရဲ့ နိုးထလာသော မနက်ခင်းတိုင်းကို အကောင်းမြင်စိတ်ဖြင့် နိုးထကျင့်ကို ပျိုးထောင်ပါ။ ထိုသို့ဖြစ်နိုင်ရန်မှာ အလုပ်ချိန်နီးမှ ကပျာကယာ ထခြင်းထက် အချိန်စော၍ ကြိုတင်နိုးထခြင်းက သင့်အတွက် စိတ်ချမ်းသာ ပျော်ရွှင်သော မနက်ခင်းဖြင့် စတင်နိုင်ပါလိမ့်မည်။






Personality can open doors, but only character can keep them open ( Elmer G. Letterman)..



--



With Best Wishes,
Olivia
Reply all
Reply to author
Forward
0 new messages