2 views
Skip to first unread message

ye aung

unread,
Sep 23, 2011, 12:00:13 AM9/23/11
to Sai Ahkar Phyoe Phyoe, mu aung, Myo Aung, Salai Aung, T Dau Naw, Aye Chan Ko Ko, Aye Thwe, Esther Seng Aung, ko aung, Kyi Pyar Aung ( forgetmenot155), sshstudents abridged email subscribers, beautifulgirl1988, bobo lansin, bobo.tgi007, kham bwar, sai bobo7, Coordinator of FSWG, chaw ei thein, chawei, dana, dawayemoemyint, DEARMYANMAR, development, Dr. Thant Thaw Kaung, dr.kswaroo, dr.may.shi.sho, kyaw myintwai, ee kyu, eiei.lwin, eithandar kyaw, Lwin Lwin, eaintkham, ya min, နန်းအွမ်ဆိုင်ကျောက် ,, MOE O fri, ffss.ygn, HTET ZAW, Swe Zin Htet, hla thuzar, Htoo Myat Thu, htunnwe, Khin Htar, Ko Joker, Nga hpe, Phyu Hnin Wai, Saing Hlaing Wan, ivyqueen26, seain seain, Tayzar Wint, George Maung, jarmoekoko, jumo...@gmail.com, Yong Jie An, cherry chu, may hnin kyaw, apple apple, Ko Zin, kyawthutiger, Sao Kyaw Zeya, Dr. Thant Thaw Kaung
နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော
ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများအား ရာထူးမှနုတ်ထွက်ရန်
ညွှန်ကြားနိုင်ပြီး ညွှန်ကြားသည့်အတိုင်း မလိုက်နာပါက တာဝန်မှ
ရပ်စဲရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားချက်များအရ သိရသည်။

နိုင်ငံတော်သမ္မတသည် ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော
ပြည်ထောင်စု ၀န်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီး တစ်ဦးဦးအား ရာထူးမှနုတ်ထွက်
ရန်ညွှန်ကြားနိုင်ပြီး ညွှန်ကြားသည့် အတိုင်းလိုက်နာခြင်း မပြုလျှင် တာ
ဝန်မှ ရပ်စဲရမည်ဖြစ်ကြောင်း၊ ရာထူး နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှ
ရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ်
ဒုတိယ၀န်ကြီးနှင့် ပတ်သက်လျင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ် ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၂၃၅(ဂ)တွင် ပြဋ္ဌာန်းထားပါသည်။ ရာထူးမှနုတ်ထွက်ခြင်းကြောင့် ဖြစ်စေ၊
တာဝန်မှရပ်စဲခံရခြင်းကြောင့် ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊
အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ ပြည်ထောင်စုဝန်ကြီး သို့မဟုတ်
ဒုတိယ၀န်ကြီး ရာထူးနေရာ လစ် လပ်လျှင် နိုင်ငံတော်သမ္မတသည်
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ
ဝန်ကြီးခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်
ထောင်စုဝန်ကြီးအသစ် သို့မဟုတ် ဒုတိယ၀န်ကြီးအသစ်အား
ခန့်အပ်တာဝန်ပေးနိုင်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးနှင့်
ဒုတိယ၀န်ကြီးတို့၏ ရာထူးသက်တမ်း သည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏
ရာထူးသက်တမ်း အတိုင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး သို့မဟုတ်
ဒုတိယ၀န်ကြီးများသည် ရာထူးသက်တမ်း မကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့်
မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျင် ထိုသို့နုတ်ထွက်လိုကြောင်း
နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက် နိုင်ကြောင်း
သိရသည်။

နိုင်ငံတော်သမ္မတ အနေဖြင့် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု
တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား
မိမိသဘောဖြင့် တာဝန်မှရပ်စဲခြင်း မပြုလုပ်နိုင်ဘဲ
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ စွပ်စွဲပြစ်တင်မှုသာ
ပြု လုပ်နိုင်ကြောင်း စွပ်စွဲပြစ်တင်ခြင်းသည် မှန်ကန်ကြောင်း
စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်တင်ပြမှသာလျင် နိုင်ငံတော်သမ္မတက
ရာထူးမှ ရပ်စဲရမည်ဖြစ်ကြောင်း သိရသည်။

Reply all
Reply to author
Forward
0 new messages