Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

ဦးသိန်းစိန် သမ္မတ လား - ပဂိုးဆား လား - ဂျာရူးဝါလား လား ?

24 views
Skip to first unread message

mogyothwar

unread,
Jul 14, 2014, 11:04:44 AM7/14/14
to
ဒို.လူကလေးမျာ ဆိုသလေး ။

ပြောခြင်နေတာကြာပြီ . ဒီတခါတော မအောင်နိုင်ဘူး ပြောလိုက်တော့မယ် ။

တကယ်တန်းပြောရမယ် ဆိုရင် ဗမာလူမျိုးတွေ ဘဲ မဟုတ် ကမ္ဘွာပေါ်ရှိ ဘယ်လူမျိုးမဆို ။ အထူးသဖြင်ပြောရရင် . ဒီမိုကရေစီနိုင်ငံတွေက ဒီမိုကရေစီ ယုံကြည်ကြတဲ့ ဒိမိုကရက် ဆိုတာတွေဟာ အဂတိလိုက်စားရမယ် ဆိုရင် သူများနဲ့ မတူ. ဥပဒေတွေပြုပြီး အချောင်ရ ပေါက် ရလမ်းတွေ ရှာကြတယ် ပေးကြ ယူကြတယ် ။ အားလုံးဟာ ဥပဒေတွင်းက မို. သူတို မှာ ဘာ အပြစ်မှမဖြစ်ဘူး ဆိုပြီး ရဲ တင်းနေကြတဲ့ထဲ မှာ ဗမာတွေလဲ ပါလာနေပြီ ။

ဗမာတွေ စားတာ ၊ ပေးတာ ယူတာ ၆ ပြားတပဲ နာမယ်ပျက်ရုံ သက်သက် ၊ သူဌေး မဖြစ်ပေ မဲ့ ခွေးဖြစ်မယ် ဆိုရင် ဖြစ်နိုင်တယ် ။ လူတွေဟာ လုပ်နေကြတာဘဲ၊ မိရင်လဲ ခံမယ် မမိရင် လဲ စံမယ်ဆိုတာတွေ အများကြီးဘဲ ။ စကား ရှိလိုသာပြောတာ ဘာကိုမှ အားမပေးဘူး။

လဘ်ပေးလဘ်ယူ၊ အဂတိလိုက်စားမှူ နှိမ်နင်းရေး ဆန်.ကျင်ရေးဆိုတာ တွေ ကို မနက်ဖြန် လုပ်မယ် သဘက်ခါ လုပ်မယ်နဲ့ ရက်တွေ လတွေ နှစ်တွေပြောင်းနေခဲ့တာ လက်ရေချိုး ရ လွန်းလို လက်ချောင်းတွေမက ခြေ ချောင်းတွေ တောင် တိုကုန်ပြီ ။ မလက်တို၊ ကိုခြေတို လို.ခေါ်ရင် တောင် မမှားနိုင်ဘူး။

လူတိုင်း လူတိုင်းဟာလဲ လဘ်ပေး လဘ်ယူမှုကို သူတိုရန်သူအဖြစ် ယူဆတယ် ၊ အဂတိ လိုက် စားမှု ကိ လက်မခံ ပုံပြတယ် ။ ပြတာဟာ ပြတာဘဲ ။ “ ခလေး အငိုတိတ်အောင် အရိပ်အယောင်ပြတယ် ဖိုးလ နတ်သား” ဆိုတာများ လား မသိဘူး။ လဘ်ပေးလဘ်ယူ အဂတိလိုက်စား သံသရာကြီးမှ လွတ်မြောက်နိုင်ကြပါ့မလား လို တောင် သံသယတွေ ၀င် လာမဆဲ တသဲသဲသာ ဖြစ်နေရတယ် ။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ဟာ လဘ်ပေးလဘ်ယူ အဂတိလိုက်စားတွေကို တရား တယ် ဖြစ်အောင် လုပ်တဲ့ လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေတွေကို လက်မှတ်ရေးထိုးပေး နေရင် သူလဲလေ လူဘဲ လေမို. ဘဲ လို ပြောရတော့မယ်။ သူ ဘယ်လောက် ကင်းတယ် မကင်းတယ် တွေကို ကိုယ်လဲ မသိဘူး။ သူဟာသူဘဲ သိလိမ့်မယ်။ မကင်းနိုင်လိုလဲ ဒီ ဥပဒေတွေကို လက်မှတ် ထိုးနေတာ လို ဖြင့် မြင်နိုင်တယ် ။ တာဝန်ပြီးရင် သုသန်မှာ တဲစုတ်နဲ့ နေဘိုသာ ပြင်ထား တိုက်နဲ့ခြံနဲ့ ကားနဲ့နေရင် ပစ်တင်ဝေဖန် စုံစမ်းစစ်ဆေးခံရမယ် ။

အခု အခုအနေမှာတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာလဲ ဒီတိတ်တာ ဖြစ်မှန်းမသိဖြစ် နေပြန်ပြီ ။ သူ.ကို ပြည်သူ. ဒီတိတ်တာ အဖြစ် ပြည်သူပြည်သားအားလုံးက ဖန်တည်းနေပုံ ရ တယ် ။ တခြားတယောက်ကို လဲ ဒမျိုးဖန်တီးကြမလို.လေ ၊ ဟစ်တလာလို.ပြောရမှာ. မော်စီတုန်း လို ပြောရမှာတော့ ခက် တယ်၊ သူတို.ကို အနောက်အုတ်စုကသာ မလိုလားတာ သူတို.ကိုယ်တိုင်ရဲ့ တိုင်းသူပြည်သား တွေက လိုလို လားလား ဖန်တည်းခဲကြတာသာ ဖြစ်တယ် ။ အနောက်အုတ်စုကလိုလားရင် ဘာမဆိုဖြစ်တယ် ။

တိုင်းပြည်က လိုလားသူတွေဟာ ခေါင်းဆောင်တွေဟာ တိုင်းပြည်ကို စည်းလုံး ညီညွတ် စေတာမို. စည်းလုံးညီညွတ်မှု ကို အနောက် အုတ်စုက မလိုလားပြန်ဘူး။ သူတိုရဲ့ အကျိုး စီးပွားကို ထိခိုက်တာ မခံနိုင်လို.တဲ့ ၊ သူများ အကျိုး စီးပွုား ကိုတော့ ထည်. မပြောဘူးလေ။ ဘယ်သူတွေ ဘာလုပ်လုပ် သူတို အလိုကို မလိုက်နိုင်ရင် ကိုယ့်ကို မကောင်းသူ စာရင်း ထဲမှာ ထည်.လိမ့်မယ် ။ သူတို.ကို ချိန်းချောက်ရန်ရှာပါတယ် ဆိုပြီး လိုက်သတ်လိမ့်မယ် ၊ စဉ်းစားသာကြည့်ကြ ပေတော့ ။

အဓိက ပြောခြင်တာက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကိစ္စ ။ ကြီး လိုက်ရတာကလဲ သူ. အောက်မှာ ဒုတိယ သမ္မတ ဆိုတာတွေကလဲ ရှိသေးတယ် မဟုတ်လား။ သမ္မတကြီး လို. ခေါ်ရင် ၊ စကားလဲ ပြေပြစ်မယ် သူ လဲ သဘော ကျမယ် ပေါ့ ။ ဘာတွေ တကယ် ကြီး တယ် မကြီးဘူးဆိုတာ တွေတော့ ကိုယ်လဲ မသိပါဘူး။

သိနေတာကတော့ တာဝန်ရှိသူတွေရော တခြားလူတွေအားလုံးပါ ထစ်ကနဲဆို သမ္မတကြီး သမ္မတကြီးနဲ့ တကြီးထဲ ကြီးနေကြတာဘဲ ၊ ချီးက သေးက အစ သမ္မတကြီး ဘဲ ။ သမ္မတ ကြီး ကို ဘယ်လို ဂုဏ်တော် တွေနဲ့ ပြည်စုံအောင် လုပ်နေကြသလဲ ၊ တချိန်ထဲမှာဘဲ ဘယ် လို နှောင်ကြိုးတွေ နဲ့ ၀ိုင်းပြီး တုတ် နှောင်နေကြသလဲ ဆိုတာ စဉ်းစားရ ဘို ဖြစ်လာတယ်။

သမတကြီးဟာ နေရာတကာမှာ ပါနေရပြီး လိုအပ်တာတွေ ညွှန်ကြားနေတာနဲ သူဟာသူ တရားခံဖြစ် မှန်းမသိ ဖြစ်နေပြီလို မြင်တယ် ။ သူ.ဟာသူရော သိရဲ့လား ။ အိမ်သာတွင်း တူးတာက အစ သမ္မတကြီးကို အသိပေးပြီ သူ.ညွှန်ကြားချက်တွေအရ လုပ်ကြတာပေါ့လေ ဟုတ်လား? တိုင်းပြည်မှာ သမ္မတကလွဲရင် ဘယ်သူမှ မလိုတော့ဘူး၊ တယောက်ထဲနဲ့ ပြီးနေပြီ ။ တာဝန်ခံတွေ တာဝန်ရှိသူဆိုတာတွေဟာ ဘာတာဝန်တွေ ခံပြီး ဘယ်လိုတာဝန် တွေ ရှိနေ ကြတာလဲ လို. မေးခြင် တယ် ။ ဒိတိတ်တာ ဆိုတာ လူတွေက ဖန်ဆင်းတာ လူတွေမဖန်ရင်၊ လက်မခံရင် ဒီတိတ်တာ မရှိ နိုင်ဘူး။

ရှေးကဆိုရင် သက်ဦးဆံပိုင် စံနစ်မျိုး အဖြေးဖြေး ပြန်ဝင်လာနေပြီလား ၊ သက်ဦးဆံပိုင်တွေကို လူတွေက ရွေးကောက် တာ မဟုတ်သည့်တိုင် လူတွေက လက်ခံခဲ့တာဘဲ မဟုတ်လား၊ လူ တွေ နေနိုင်တတ်လွန်ူအားကြီးလို သက်ဦးဆံပိုင် စံနစ် ထွန်းကာ အဒွန်.ရှည်ခဲ့တယ် ။
ကွာခြားမှုလေးတွေကတော့ ရှိတာပေါ့လေ ။

ဗမာတွေဟာ ဒါမျိုးတွေမှာတော့ ချန်ပီ.ယံ တွေဘဲ ။ ဘုရားမှ တပါး ကိုးကွယ်ရာ မရှိ ဆိုပေမဲ့ သူတိုကိုးကွယ် ခြင်သူ ကိုတော့ ဘုရားငယ် ၊ ပေါ်တော်မူအဖြစ်ထား ကိုးကွယ်နေကြတာ တွေ.ရတယ် ၊ သိဒတ္တ ဂေါတမ ဗုဓ္ဒတောင် တခါတခါ ဘယ်ပျောက်နေသလဲ လို မေးရမလို ဖြစ်နေပြီ။

အောင်ဆန်းလဲ အောင်ဆန်း၊ ဦးနု ၊ ဦးနေ၀င်း ဦးသန်းရွှေ ။ ဦးသိန်းစိန် ၊အောင်ဆန်းစုကြည် စတာတိုကို ပုဂိုလ် အရ ကိုးကွယ်မှုတွေ ရှိခဲ့တယ် ဆိုတာ မငြင်းနိုင်ဘူး။ “ ပုဂိုလ်ခင်မှ တရားမင်” ဆိုတာ ဗမာစကား။ သူတို.တွေဟာ လူတွေ ကြောင့် သူတို.နည်းသူတို.ဟန်နဲ အားလုံ့း ဒီတိတ်တာတွေ ဖြစ်ခဲ့ကြတယ် ။ သူတိုရဲ့မူဝါဒပေါ်လစီတွေဟာ ဘာမှ အရာ မရောက် ဘူး။ သူတိုကိုသာလျှင် ပုဂိုလ် အနေနဲ့ကိုးကွယ်ခဲ့ကြတာ ။ ကြောက်လိုဘဲ ဆိုဆို မေတ္တာထားလိုဘဲ ပြော ပြော ၊ နောက်ဆုံးမတော့ အဆင်းဘီးတတ်ရမယ်ဆိုရင် ဗမာကို အထူးဖိတ်စာနဲ့ ဖိတ်နေစရာမလိုဘူး။ ရောက်လာကြ လိမ့် မယ် ၊ ဒီလူတွေ ပျောက်ရင် သူတိုရဲ ပေါ်လစီတွေလဲ ပျောက်သွားတယ် ။

ပါလီမန် ဒီမိုကရေစီအောက်မှာ “ အရေးပေါ် စီမံမှု အက်ဥပဒေ” ဆိုတာရှိခဲ့ပြီး နိုင်ငံ့ရေး ပုဒ်မ လို.ပြောတယ် ၊ ပုဒ်မ ၅ ဆိုတာ အတော် နာမယ်ကြီးပြီး အတော် အသုံးများခဲ့တယ် လို.သိရတယ် ၊ ဘယ်ခေတ် ဘယ်ကာလက လက်ကျန် ဥပဒေလဲ ဆိုတာတော့ အတိအကျ မသိဘူး။

၂၀၀၈ ခု ဖွဲစည်းပုံ အခြေခံဥပေးမှာ တော့ “ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်” ဆိုတာ နဲ့တော့ မတူဘူး။ အထက်က အရေးပေါ် စီမံမှု အက်ဥပဒေဟာ ၃၆၅ ရက် ပါတ်လုံး တည် နေတာ ။ “အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်” ဆိုတာ အရေးပေါ်အခြေအနေ ကြေညာ ထားတဲ့ ကာလအပိုင်းအခြားနဲ့ သက်ဆိုင်ရာဒေသမှာသာ အာဏာတည် တယ် လို နားလယ် ထားတယ် ။

၁၉၄၈ ခုက ကျင့်သုံးခဲ့တဲ့ ပါလီမန် ဒီမိုကရေစီဟာ အရေးပေါ် စီမံမှု အက်ဥပဒေရဲ့ အကာ အကွယ်အောက်မှာရှိခဲ့ တယ် ၊ အကူအညီတွေရခဲ့ပေမဲ့ ပီပြင်တဲ့ ဒီမိုကရေစီ စံနစ်တခုကို အာမ မခံနိုင်ခဲ့ဘူး ဆိုတာ မျက်မြင် တွေခဲ့ရတယ် ။ ဒါကြောင့် တချို.ပညာရှင်တွေက ဗမာ တွေ ( ဒီမိုကရေစီနဲ့ ထိုက်တန်ရဲလား) လို. မေးခွန်းထုတ်ခဲ့ကြတယ်၊ သူတို.ကိုလဲ အပြစ် မဆိုနဲ့ လေ၊ တန်တာ မတန်တာ ကိုယ်ဟာကို သိကြမှာပေါ့ ။ မတန်လို ပြန်ပို.ရတယ် ရှိဘူးပေါင်ကွယ် တဲ့ ။

အိန္ဒိယနိုင်ငံ ဖခင်ကြီး မဟတ္တမ ဂန္ဒီ ကဆိုရင်လဲ အိန္ဒိယ နိုင်ငံ အတွက် လွတ်လပ်ရေးလှုပ် ရှား မှု မှာ သူနိုင်ငံသားတွေ အသင့် ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းကို မေးခဲ့ဘူးတယ် ။ ဖြစ်တာ မဖြစ်တာတော့ မသိဘူး- အိန္ဒိယနိုင်ငံ ၃ ခြမ်းကွဲသွား တယ် ၊ သူကိုယ်တိုင်လဲ လူသတ်သ မား လက်ချက်နဲ ဘ၀တပါးပြောင်းသွားရတယ် ၊ နောက်ပိုင်းမှာလဲ အိန္ဒိယနိုင်ငံ ခေါင်းဆောင် တွေ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာတွေ တွေ.ရတယ် ၊ ဒို.ဗမာနိုင်ငံမှာတော့ ဗိုလ်အောင်ဆန်းနဲ အာဇာနီ တွေ၊ မတိုင်ခင်ကတည်းက ခေါင်းဆောင်အတော်များများ အသတ်ခံခဲရတယ် ဆိုတဲ့ မှတ်တမ်းတွေ ရှိတယ်။ ပြောရမယ် ဆိုရင် ဦးစော တယောက်တောင် ဗိုလ်ချုပ် အောင်ဆန်း တိုကို လုပ်ကြံမှုနဲ့ကွက်မျက် မခံရခင်က ဗမာ့ခေါင်းဆောင် တယောက် ၀န် ကြီးချုပ်တယောက် ဖြစ်ခဲ့ဘူးတယ် ။

ဦးနု ခေါင်းဆောင်တဲ့ ပါလီမန် ဒီမိုကရေစီ ၁၃ နှစ်ကာလအလျှောက် ဘာတွှေ ဖြစ်ခဲ့တယ် ဆိုတာ လေ့လာသူတွေသိ ကြတယ် ။ ၁၉၆၂ ခုမှာ ပါလီမန်ဒီမိုကရေစီ ချုပ်ငြိမ်းခဲ့တယ် ၊ ဆိုရှယ်လစ် ဒ်ီမိုရေစီလဲ ၁၉၈၈ ခုမှာ ဇါတ်မြုတ်သွားရပြန် တယ် ။ ဆိုရှယ်လစ် ဒီမိုကရေစီကို ကွန်မြူနစ် အရိပ်အယောင်သန်းနေတယ် လို ပြောသူတွေရှိတယ် ။ အောင်ဆန်းစုကြည်ဟာ လဲ ကွန်မြုနစ်အခြံအရံတွေနဲ့ လို ပြောသူတွေကပြောတယ် ။ဟုတ်ခြင်လဲ ဟုတ်လိမ့် မယ် ။

ဘာကြောင့်လဲ ဆိုတော့ “ ဆိုရှယ်လစ်ဇင်းခေါ် လူအများကောင်းစားရေးဝါဒ” ဆိုတာကို ပြောဟောခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်ဟာ ကွန်မြူနစ် အရိပ်အယောင် လွှမ်းမိုးခံ နေရတဲ့ ပုဂိုလ် တစ်ယောက်ပဲ ၊ သူရဲ ၀မ်းကွဲတော် စပ် သူတွေလဲ ကွန်မြူနစ် ပဂေး တွေဘဲ ၊ သူသာ အသက် ထင်ရှားရှိခဲ့မယ်ဆိုရင် ဗမာနိုင်ငံဟာ ကွန်မြူနစ်နိုင်ငံဖြစ်ခြင် ဖြစ်သွားလိမ် မယ် ၊ အဲဒီတုန်းက ကွန်မြုနစ်နိုင်ငံမဖြစ်ဘဲ အခု သူသမီး အော်ငဆန်းစုကြည်ကြောင့် “ ဗမာနိုင်ငံဟာ ဖါနိုင်ငံ ဖြစ်နေရပါတယ်” ဆိုရင် ဘာပြောကြမလဲ ? ဗိုလ်ချုပ်အောင်ဆန်းက “ အနှစ် ၂၀ လောက်. ကွဲနေ ပြဲနေ အောင် လုပ်ကြမှ တော်ရုံကျမယ် ” လို.ပြောခဲ့တာကို ဗမာတွေ အဓိပ္ပါယ်ကောက် မှားခဲ့ပုံရတယ် ။ တနည်းအားဖြင်လဲ လုပ်စရာ ဘာမှ မရှိလို. ရှိတာလေး လုပ်နေကြတော နိင်ငံတော် လူဦးရေ တိုးလာတယ် ။

၂၀၁၀ ခုမှာ ထပ်ပြီး သွတ်သွင်းခဲ့တဲ ပါလ်ီမန် ဒီမိုကရေစီကိုလဲ လူကြိုက်နဲသလိုလိုနဲ့ တကယ်တော့ ဒီ ဒီမိုကရေစီ အောက်မှာဘဲ ခံစားခွင့် အမျိုးမျိုးခံစားနေကြတယ် ဗမာ တွေ ဟာ ဘာတွေလုပ် ဘာတွေ ပြောနေကြတာလဲ ကိုယ့်ဟာ ကိုယ် သိကြရဲ့လား ? ဒီနေ. ပါလီ မန်ဒီမိုကရေစီဟာ ပါလီမန်ထဲက ဒီမိုကရေစီလား ပါလီမန်အပြင်က ဒီမိုကရေစီလား? ဘာတွေ ဖြစ်နေသလဲ ဆိုတာကို လေ့လာမိသူတွေ နဲ လိမ့်မယ် ။

“ ဆိုရှယ်လစ်ဇင်း ဆိုတာ လူအများ ကောင်းစားရေးဝါဒ" လို. ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ တာ လို.တင်ပြဘူးတယ်၊ ဒါဖြင့် ဒီမိုကရေစီဆိုတာ ဘယ်သူကောင်းစားရေးဝါဒလဲ ၊ လူနဲစု ကောင်းစားရေးဝါဒ တဲ့ လား ?

ပြောနေသံ ကြားနေရတာကတော့ - ဟိုလူတွေ ကောင်းစားနေတယ် ဒီလူတွေ ကောင်းစားနေ တယ် ၊ ဒါကြောင့် ဒို ဆင်းရဲ နေရတယ် ။ ဆင်းရဲ ချမ်းသာ ကွာဟမှုက လွန်လွန်းတယ် လို. မှတ်ချက်ချသူတွေရှိတယ် ၊ ချမ်းသာသူတွေ ထဲမှာ ကိုယ်အမျိုး ကိုယ့်အဆွေ မဟုတ်ရင် အကုန်လုံးကို ရှင်းပစ်ရမယ် အရင်းရှင်ကို အရင် ရှင်းရမယ် ၊ ချမ်းသာသူကို အကြောင်းရှာပြီး ဆင်းရဲအောင် လုပ်ပစ်ရမယ် ၊ ဒါမှ တရားမျှတမယ် ခွင့်တူ ညီမျှမယ်တဲ့ လား။

ဒါဆိုရင် ဆင်းရဲသားလဲ ချမ်းသားဘို.မလိုဘူး ဆင်းရဲမြဲ ဆင်းရဲနေရမယ် ။ အဲဒါ ဘာ အိုင်ဒီယာ လဲ ? အိုင်ဒီယာ ဟာ ဆိုရှယ်လစ် လက်ဟောင်းတွေနဲသူတိုရဲ့ သားသမီးတွေ ဆီက လာတယ် လို ယူဆရတယ် ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ကျဆုံးရတာမှာ အခွင့်ထူးခံ ဆိုရှယ်လစ်တွေနဲ့သူတို.ရဲ့သားသမီးတွေလဲ ခံစားခွင့်တွေ ချက်ချင်းချည်း ဆုံးရှုံး ကုန်တယ် ။ နောက်တက်လာတဲ့ လူတွေ န၀တ/နအဖ ကြောင် ခွက်ပျော်ကကြရတာမို.့ ပြည်ခိုင်ဖြိုးတိုကို ဆန်.ကျင်သူတွေ အတိုက်အခံပြုသူတွေလဲ ဒုနဲဒေး ပေါ်လာတယ် ။

၁၉၈၈ ခု အရေးအခင်းကို အသုံးချပြီး ကိုယ်ကျိုးရှာ နိုင်ငံခြားရောက်နေသူတွေထဲ့ မှာ စစ်ဖက်အထက်တန်းပုဂိုလ် တွေရဲ့ သားသမီးတွေ ၊ မဆလ တွေရဲ သားသမီးတွေဘဲ ခွက်ပျောက်ခဲ့သူတွေလို ဆိုကြပါစို. ကြည်.ရတာက အလှည့် ကျ ဝေစားမျှစား စားနေကြ တာဘဲ ၊ တကယ်နစ်နာ ဆုံးရှုံးကြရသူတွေက ဘယ်သူတွေလဲ ?

စစ်အစိုးရ အဆက်ဆက် သက်ဆိုင်ရာ သံရုံးတွေမှာ အမှုထမ်းကြတဲ့ အမှုထမ်းတွေအချို.နဲ မိသားစု။ အနဲဆုံး သူတိုရဲ့ သားသမီးတွေဟာ ပြည်တော် မပြန်တော့ဘဲ ရောက်ရာနိုင်ငံမှာ အခြေချ နေလိုက်ကြတာကလဲ ရှိသေး ။

အခု တခါ သမ္မတက လွတ်ငြိမ်းချမ်းသားခွင့် ပေးလိုက်တော့ ဆူဠလိပ် တွေ ရေထဲ လွတ် ပေးလိုက်သလို ရှိတော့တယ်။ ဘယ်သူ.တွေကို အကြောင်းပြပြီး ချမ်းသာခွင် ပေးလိုက်ပါ သလဲ င့ါရှင် လို. မေးမနေတော့ဘူး။ သိန်းစိန်ကောင်းမှူ နတ် လူ သာဓု ခေါ်စေသောဝ် လို.ဘဲ အနုမောဒနာ ပြုလိုက်တော့ မယ် ။ ။ သိန်းစိန် အဂတိတွေ လိုက်စားနေတယ် လို. တော့ မစွပ်စွဲလိုပါဘူး။ သိန်းစိန်ရဲ ပျော့ကွက်တွေဟာ အတိုက်အခံ တို.အတွက် လက်နက်တွေ ဖြစ်လိမ့်မယ် ။

၂၀၀၈ ခု ဖွဲ.စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၇၁ ကို သမ္မတ ဦးသိန်းစိန် နေ.စဉ်နေ.တိုင်း ကျေညက်အောင် ဖတ်ကြား မှတ်သား သင့်တယ် ။ ဦးသိန်းစိန်ဘဲ ဖြစ်စေ ၊ တပ်မတော် သားဟောင်း လွှတ်တော်အမတ်တွေဘဲဖြစ်စေတို.ဟာ တပ်မတော် လူထွက် တွေမို. တပ်မတော်ကို ဘယ်နည်းနဲ့မှ ခုတုန်းမလုပ်သင့်ဘူး။ ကာချုပ်ကလဲ ဘယ်နည်းနဲ့မှ အသုံးချ မခံသင့်ဘူး။

လိုအပ်ရင် ရဲတပ်ဖွဲကို လူအင်အား ၊ လက်နက်အင်အား တိုးမြင်ပြီး အခြေအနေအရပ်ရပ် အတွက် လေကျင့်ပြင်ဆင် ပြီးသား ရှိစေအပ်တယ် ။//

minkyaw thuyein

unread,
Jul 17, 2014, 3:21:52 AM7/17/14
to
ကိုမိုးကြိုး

ေ ပြောခြင်တာ ပြောလိုက်ရတော့ ရင် ပေါ့သွားသတဲ့လား ကိုမိုးကြိုး ။ ရင်ပေါ့သွားရင် အသက် ရှူလို. အားရ တာပေါ့ဗျာ ၊ ဒါပေမဲ့ အသက်ရှူ မမှားစေနဲ့ နော ။

မြောက်တာမဟုတ် ပါဘူး။ ကိုမိုကြိုးတို ကိုနင်္ဂါးပျံတို. ကိုဆံတို တို.ရဲ့ သဘောထားတွေနဲ.တိုက်ဆိုင်တာတွေ အများကြီးရှိတယ် ။ အပြန်အလှန် ရေးသူနဲပေမဲ့ ဖတ်သူ တနေ.ထက် တနေ. ပိုလာတာ တွေ.ရတယ်။ ဒါဟာ အမြတ်ဘဲ ။ ဆင့်ပွား အမြတ် ၂ ထပ့်ကွမ်း အမြတ် ဘယ်လောက်ဆိုတာတော့ ခန်.မှန်းဘို ခက်တယ် ။ သေတဲ့အထိ ပြောစရာရှိတာတော့ ပြောရ့မှာ ဘဲ ကိုယ်နဲ့အတူ ဘယ်သူမှ တော့ အပစ်အနာအဆာ ကင်းကြမယ် တောမဟုတ် ဘူး။ သတိရတဲ့ အချိန်မှာ ကိုယ့် ကို ကိုယ်ရော သူတပါးကိုပါ သတိပေး တာဟာ ကောင်းတဲ့ အလုပ်တခုဘဲ ။

ဦးသိန်းစိန် သမ္မတ လား - ပဂိုးဆား လား - ဂျာရူးဝါလား လား ? တဲ့ ။

ဒီမေးခွန်းကို ဖြေရမှာ အတော် ခက်တယ် ၊ အကြောင်းမရှိဘဲ နဲ့.တော့ မေးလာမှာ မဟုတ် ဘူး။ နိုင်ငံရေး ရှုဒေါင့်ကပြောရရင် ဦးသိန်းစိန်ဟာ ပြည်သူဝန်ထမ်း ဘဲ ။ ပြည်သူ.၀န်ထမ်း ဆိုတာ ဆား လိုဘဲ လိုတဲ့နေရာ ဖြည့် ရမယ် ၊ ဂျာရူး ၀ါလားလို လိုတဲ့နေရာတွေ တံမြက်စီး လှဲ သန်.ရှင်းရေး လုပ်ရမယ် ။ သန်.ရှင်းရေး ဆိုတဲ့ စကား ကတော့ ဘာတွေကို သန့်ရှင်းမှာ လဲ သန်.ရှင်းစရာတွေကလဲ တောင်လို ပုံနေတယ် ။ သမ္မတ ဖြစ်လာရင် မစင်လဲ မကြောက် ရ သန်.ရှင်းပစ်ရမယ် ။ သန်.ရှင်းရဲ ရဲ.လား ?

ကိုယ့် ကိုကိုယ် ဘာမှန်းသိကြရင် အကောင်းဆုံးပေါ့ လို. ပြေညရလိမ့်မယ် ။ ကိုမိုးကြိုး ကတော. သူ.အမေးနဲ့ သူအဖြေနဲ့ပေါ့လေ ။ စေ့စေ့ကြည့်လိုက်တော့ ဦးသိန်းစိန်ဟာ ရှင်းစရာတွေ မရှင်းဘဲ ပိုရှုတ်အောင်လုပ်နေတယ်လို.ဘဲ မြင် တယ်။ သူ.လက်ထက်မှာ ဟိုဟာ စ ၊ ဒီဟာ စ နဲ့ ဘာကိုမှ ပြီးစီအောင်မလုပ်နိုင်ဘူး ၊ ဆွပေးနေသလို တဖြေးဖြေး ပေါ်လာ နေတာတွေ တွေ.နေရတယ် ၊ ဘယ်သူ.ပေါ် မှလဲ သြဇာ မညောင်းဘူး။

လက်နက်ကိုင် သူပုန်တွေဟာ သူတိုနယ် မှာ သူတို အရွေးကောက်မခံရဘဲ အစိုးရဖြစ်နေပြီး အစိုးရဟာ သူတိုနယ်မြေထဲကို မသွားရဘူးတဲ့ ၊ အစိုးရဟာ နေပြည်တော် တ၀ိုက်မှာသာ လက်လှမ်းမီအာဏာတည် တာမို.တချိန်တုန်းက “ ရန်ကုန်အစိုးရ” ဆိုတာနဲ့ ဘာမှ မခြား ဘူး။ ဗမာနိုင်ငံမှာ ဘယ်သူအစိုးရလဲ မေးရင် လွန်တယ် မဆိုနဲ့ ။ ရှေရှေဝေးဝေး ထည့် မပြော တော့ပါဘူး- ကြည့်သောသူ မြင်၏ ၊ နားစွင့်တဲ့သူ ကြားလိမ့် မယ် ဘဲ ။

တခြားပြောစရာ အကြောင်းကတော့ ဗမာ့ နိုငံရေးနဲ့ ဗုဓ္ဒဘာသာ ဘယ်လိုဆက်စပ်သလဲ ဆိုတာဘဲ ၊ ဗမာ တွေဟာ ။ ဗုဓ္ဒ ဘာသာတွေ တဲ့ ဗုဓ္ဒဘာသာလဲ ဆိုသေးတယ် ဘ၀ကိုလဲ မခံယူတတ်ဘူး ။ ၊ နေ.စဉ်နဲ့ အမျှ တဂျီဂျိ နဲ့ ညီးညူ နေကြတယ် ။ မဂ်၈င် ၈ ပါးတရားနဲ့ အညီ ။ ကိုယ်ဟာကိုယ် မှန်မှန်ကန်ကန် ကြိုးစား အလုပ် မလုပ်ဘဲ အချိန်တွေ ဖြူန်းတုန်းဘဲ ၊ လူတိုင်းဟာ သူဌေးဖြစ်ခြင်တယ် ဒါပေမဲ မဖြစ်နိုင်ဘူး။ လူတိုင်း ဟာ လဲ ခွေး မဟုတ်နိုင် ဘူး၊ တန်ရာတန်ရာပေါ့၊ ဆံမရှီ ဆောက်စားကြီးဆိုတာ ဗမာ စကား စစ်စစ် ။ ။ ဆိုလိုတာက ကိုယ်နဲ့ သင့်ရာသင့်ရာ ထိုက်ရာ တန်ရာကို လုပ်ကြရမယ် ။ ကံ ဥာဏ် ၀ိရိယ လုံ.လ ပေါ် မှာ မူတည်တယ် ဆိုတာ မှန်တယ် ။

ဗုဓ္ဒ၀ါဒ ကိုက ဝေစားမျှစား ၀ါဒလို.ပြောသူကပြောနေကြတယ် ၊ မှားသလား ? ။ ဂေါတမဟာ လူတွေကို ပြောတာလား ဘုန်းကြီးရဟန်းတွေကို ပြောတာလား ? လူ နတ် ဗြဟ္မယ သတ္တ၀ါလို ခြုံဆိုထားတော့ ခွခြားလို.တော့ မရဘူးပေါ့လေ ။ ဒါပေမဲ့ သူလက်ထက်မှာ ထစ်ကနဲ ရှိ ဧဟိဘိက္ခု ဆိုတာနဲ့ ဘုန်းကြီး ရဟန်းဖြစ်သွားလို အလကားစားမဲ့ ပါးစပ်ပေါက်တွေ တိုးလာလို ဝေစားမျှစား ၀ါဒချမှတ်ခဲ့တာလို. ပြောသူ ကပြောတော့ ကိုယ် က ဘာပြောရမှန်း တောင် မသိဘူး။ နောက်ပိုင်းမှာ သင်္ကန်းမလောက်လို အ၀တ် စုတ်တွေကို ပံ့သကူဆိုပြီး သစ်ခေါက်ဆိုး ဖါထေးဝတ်ကြရတယ် ၊ ဆွမ်းကို သပိတ်ထဲမှာဘဲ တယောက် စာ ရသမျှ ကိုသာ ဘလဘိုင် တထိုင်ထဲ မထ ဘဲ စားကြတယ် ။ တနေ.ကို ဆွုမ်းးတနပ်သာ စားတယ် လို. အဆို ရှိတယ် ။ တကယ်တော့ ဘုန်းကြီးတွေဟာ အာရုဏ် ဆွမ်း ဆိုပြီး မိုးမလင်းခင် အ၀အပြဲ ထစားတာ ။ စကားအားဖြင့်ပြောရရင်၊ ဒီနေ. နတ်ဘုံ နတ်နန်းတမျှ ကျောင်းတွေနဲ့ နေတယ် ။ ဟင်းခွက် ၃၀၀ မက ပါတယ် ။ မကုန်ရင် နောက် နေ.အတွက် စွဲဂျိုင့် နဲ့ ထည့် ပေး လိုက်သေးတယ် တဲ့ ။

ဘုန်းကြီးကျောင်းတွေဟာ ခေတ်မီ ဆူပါမားကက် ကုန်စုံ ဆိုင်ကြီး တွေနီးပါးဘဲ သွေးသံရဲရဲ သားငါးကလွဲရင် စည်သွတ်ဘူးနဲ့ သွင်းထားတဲ့ သားငါးတွေလဲ ကျောင်းရဲ့ ကုန် လှောင် ရုံထဲမှာ ရှိတယ် ။ ဒီနေ ဘုန်းကြီးတွေ ရဲ စားဝတ်နေရေးဟာ သံဃာစယးသော ဆွမ်းတနပ် ထက် ပိုတယ် ။ အရှိကို အရှိအတိုင်း ပြောတာ ။ သေသေချာချာစဉ်းစားကြည်တော့ ဒါတွေ ဟာ ဘုန်းကြီး တွေ အပစ်လား လူတွေအပစ်လား ။ ဘုန်းကြီးတွေကို လူတွေက ဖျက်ဆီး နေတာ. ဗုဓ္ဒသာသနာကို လူတွေက ဖျက်ဆီးနေတာ လို မြင်နိုင်တယ် ။ ဒါတွေဟာ နိဗ္ပန် ရောက်ဘို. အဘိုးအခ လား၊ လဘ်ထိုးတာလား ? သေရင် ကူးတိုခ ဆိုတာတောင်ပေးရသေး တာဘဲ မဟုတ်လား?

စားဝတ်နေရေး ခက်ခဲနေပါတယ် ဆိုတဲ့ လူတွေရဲ.ဘ၀. ဘုန်းကြီးတွေရဲ့ဘ၀ ဆိုတာတွေ ဘယ်သူတွေက လိမ်လည် လှည့်ဖျား နေကြတာလဲ ? သာသနာ သန်ရှင်းရေး လုပ်ဘို. ဘုန်းကြီးတွေကစပြီး သန်.ရှင်းရ လိမ့် မယ် ဦးသိန်းစိန်ရေ. ။ လုပ်ရဲရဲ့လား ။ ကြည်. လေ မဟာသန္တိသုခ ကျောင်း နဲ့ ပါတ်သက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားနေသတဲ့ ၊ လန်ဒန်က ဦးဥတ္တရ ဆိုတဲ့ နိုင်ငံရေးဘုန်းကြီး ၀င်ခလောက်တာကို ခံနေရတယ် မ ဟုတ်လား။

နိဗ္ပာန်ဆိုတာကို ရောက်ဘို. လုပ်စရာတွေ လိုက်နာစရာတွေ အများကြီးရှိနေတယ် ။ ဒါတွေကို ကိုယ်တိုင် ကိုယ်ကျ လုပ်ရ မယ် ၊ သူများလုပ်တာတွေကို ထိုင်ပြီး သာဓု ၃ ကြိမ် ခေါ်နေရုံနဲ့ ကိုယ်ကလဲ ကုသိုလ်ရတယ် ဆိုတဲ့ အချောင် သမား လမ်းစဉ်ကို ဘယ်သူ တွေက သင်ပြပေးနေသလဲ မသိဘူး။ ယုံရ အခက် ကြီးပဲ ၊ စိတ် စေတသိပ်ပေါ့၊ ဒီလိုသာ ဆိုရင် ကိုယ်လုပ်မှ ကိုယ်စားရမယ် ၊ အတ္တာဟိ အတ္ထနော နာထော ဆိုတဲ့ ကိုယ့်ကိုကိုယ် အားကိုး ဘို.ဆိုတဲ့ စကားတွေ ပေါ်လာ စရာအကြောင်းမရှိဘူး။ ဘုရားဖူး ကားကြုံနဲ အလကားလိုက်လို.နိဗ္ပာန် မရောက်နိုင်ဘူး လို.နားလည် လက် ခံထားတယ် ။

အဘိုးအခ ပေးရတယ် ဆိုတာကို လဒ်ပေး လဘ်ယူဆိုတာနဲ.ရောသွားလို.တော့ မဖြစ်ပြန် ဘူး။ နိဗ္ပာန်ကို ရောက်ခြင်ရင် အဘိုးအခ အနေနဲ. ကိုယ် နှုတ် စိတ် ၃ ပါး သန့်ရှင်းပြီး အလှု ဒါနတွေ လုပ်ရမယ် ကောင်းမှု ကုသိုလ်တွေ လုပ်ရမယ် ။ ဒါဟာ ဘယ်သူ.ကိုမှ လဘ် ထိုး တာမဟုတ်ဘူး ၊ အဘိုးအခသာ ဖြစ်တယ် ၊ အဘိုး အခ ဆိုတာ နေရာတကာ မှာရှိတယ် ဆိုတာ သိဘို.လိုတယ် ၊ အခမဲ့ ဆိုတာ ဘာမှ မရှိဘူး။

ကိုယ် နှုတ် စိတ် ၃ ပါး မသန့်ရှင်းဘဲ အလှုဒါနတွေ လုပ်ရင် ကောင်းမှု ကုသိုလ်တွေ လုပ်ရင် အလှုဒါန မမြောက်ဘူး ၊ အလှုဒါန ဆိုတာ သဒ္ဒါတတ်အား နဲ့များမဆို ဆိုတာကိုလဲ ထည်.လိုက်မှ အဓိပါယ် ပြည်. စုံလိမ့်မယ် ၊ ထမင်းရည် ချောင်းစီး စရာလဲ မလိုဘူး၊ ပကာသန ဖုံးလွမ်းတဲ့ အယောင်ဆောင် လှုဒန်းခြင်း တွေ လုပ်စရာလိုမည် မထင်ဘူး ၊ ကိုယ့်မှာ မရှိလို. ၀မ်းနဲမနေပါနဲ့ ၊ မရှိရင် ရေတခွက်ကိုဘဲ သစ်သီးတလုံးကိုဘဲ သန်းရှင်းသော စိတ်စေတနာ နဲ့ လှုပါ ။ ဆွေးနွေးစရာတွေ များပါတယ် ။ နောက်မှ ကြုံကြိုက် ရင် ဆွေး နွေး ကြသေး တာပေါ့. ။

ဒါတွေပြောနေလို ဗုဓ္ဒဘာသာကို သေးသိမ်အောင်လုပ်နေတာမဟုတ်ဘူး။ ဗုဓ္ဒဘာသာ အဓိပါယ် ပိုပေါ် အောင် ၈ုဏ်ရှိအောင် လိုအပ်တဲ့ အပိုင်းတွေကို သန်.ရှင်း စင်ကျယ်အောင်လုပ်ဘို.ပြောနေတာ။

ဗမာနိုင်ငံမှာ လဘ်ပေးလဘ်ယူ သံသရာကြီး လယ်နေတယ်ဆိုတာလဲ မှန်တယ် ၊ လဘ်ပေး လဘ်ယူကရတဲ့ မသန်.တဲ့ ငွေနဲ လှုခြင်းတန်းခြင်းဟာ ကုသိုလ်ဖြစ်လိမ့်မယ် လို မယုံဘူး။ ဒီသံသရာက လွတ် မြောက် အောင်ကြိုးစားရမယ်နိုင်ရင် လွတ်မြောက်မှ တခြား သံသရာ တွေကလဲ လွတ်မြောက်နိုင်မယ် ၊ သံသရာ့ ၀ဋ်တ ဒုက္ခတော အရပ်ရပ်မှ လွတ်မြောက် နိုင် မယ် ၊ နိဗ္ပာန်နား နီးသွားမယ် ဆိုတာဘဲ ပေါ့ ၊ အဲသလိုမှ မဟုတ်ရင် နီဗ္ပာန်ဆိုတာကို မစဉ်း စားပါနဲ့တော့ ဘယ်သံသရာကမှ လွတ်မြောက်မယ် မဟုတ်ဘူး၊ ဘုန်းကြီးတွေက ဘာပြော မလဲမေးကြည်.အူံးလေ။ သူတိုကတော့ ငိုစား ရယ်စားတွေဘဲ ပေးသမျှယူ ၊ ကြွေးသမျှစား နေကြတော့ ။ သူတို.မှာ အမြင်တမျိုးရှိခြင် ရှိလိမ့်မယ် ။

အစိုးရဆိုတာ တိုင်းသူပြည်သားတွေကို ကိုယ်စိတ် ၂ ပါး ကျန်းမာချမ်းသာအောင် လုပ်ပေး ဘို. တာဝန်ရှိ တယ် လို. ပညာရှိ အချို.က ဆိုထားတာမို. ကိုယိစိတ် ၂ ပါး ဘယ်လိုချမ်း သာအောင် လူပ်ပေးရမယ် ဆိုတာစဉ်းစားရလိမ့်မယ် ။ ကိုယ်သားသမီးဖြစ်တဲ့ တိုင်းသူပြည် သားတွေ ကို အလိုလိုက်ပြီး အမိုက်မှောင် ထဲ တော့ မသွင်းသင့်ပါဘူး။ ‘ မကောင်းမြစ်ရာ ကောင်းရာညွှန်လပ် ဆုံးမ ပဲ့ပြင်’ ဆိုတာသာဖြစ်သင့်တယ်။ ဖြစ်သင်.တာကတော့ ဟုတ်ပါပြီ ။ ကိုယ်သားသမီးတွေကရော ဆုံးမ ပဲ့ပြင်တာကို လက်ခံပါ့မလား ၊ မခံရင် ဘာလုပ်မလဲ ထန်းညက်ပေးလို.မရတော့ဘူးနော် ချောကလက်တောင် အကောင်း စားမှ-တတ်နိုင်ကြ ရဲ. လား ။

ဒီနေ. နိုင်ငံတော်မှာ လူတွေရဲ့ လိုအပ်ချက်အရပ်ရပ်ကို တတ်အား သမျှ ဖြည့်စည်းပေး နေတာမှာ လူတွေ ဟာ ‘ ရလေ လိုလေ အို တစ္ဆေ ’ ဖြစ်နေတယ် လို ဆိုရင် မမှားဘူး ။ တိုင်းပြည် အခုလို တအုံနွေးနွေး ဖြစ်နေ ရတာ ဟာ တစ်ဦးတယောက်ထဲ တာဝန်တော့ မဖြစ်နိုင်ဘူး။ ခောကလ်ကကြိုက်တဲ့ ခလေးသူငယ် လူ မမယ် တွေအပါအ၀င် လူတိုင်းမှာ တာဝန်ရှိတယ် လိုဘဲ ပြောတော့မယ် ။

ဒီထဲ က “ ကိုယ်ကိုနှိမ့်ချ ဆောက်သီလ ” ဆိုတာနဲ. မညီကြလို.များလား၊ အကျင့်သီလနဲ့ တိုက်ရိုက် သက် ဆိုင် နေသလား စဉ်းစားကြည်ရမယ် ။ ကိုယ်ဟာကိုဘဲ စမ်းစစ်ကြည့် ကြ ပေါ့ ၊ ကိုယ်ကိုကိုယ် အကောင်းဘဲ ထင်နေရင်တော့လဲ မတတ်နိုင်ဘူး။ ရိုးရိုးစကား ပြောရ ရင် အကျင့်သီလ မပြည့်စုံ ၊ စိတ်ဓါတ်ညံ့ဖျင်းမှု တွေ ရှိခဲ့ရင် ၊ ကိုယ်ကိုကိုယ် သိဘို.လို တယ်၊ မြင့်မားအောင် ကြိုးပန်း ကြရမယ် ။

“ ဘုရားမှ တပါး ကိုးကွယ်ရာ မရှိ ”ဆိုတာကို တကယ်ယုံကြည်ရင် ဘုရားတရားတော်တွေနဲ့ တတ်နိုင်သမျှ အညီ ကျင့်ကြံနေထိုင်ရမယ် . ဘုရားဟောတရားတွေ ဟာ လောကီ ၊ လောကုတ္တရာ ၂ ဖြာမို. ကိုယ်နဲ့ဆိုင် တဲ့ လောကီ ရေးကိစ္စတွေအတွက် ဘယ်လိုဘယ်နည်း ပြောဆိုလုပ်ကိုင် ဆက်ဆံ နေထိုင် စားသောက် ရမယ် ဆိုတာလောက်ကိုတော အားရုံ စိုက် အလေးပေးသင့်တယ် ၊ လူတွေကို ဘုရားအဖြစ်နဲ့ ကိုးကွယ် နေရင်တော့ အလကား ဘဲ ၊ မိစ္ဆာ ဒိတ္တိသာ ဖြစ်သွားလိမ့်မယ် ။ လူတွေဟာ သူလို ငါလိုချည်းဘဲ မို. လူလူ ချင်းကိုလဲ ဘုရားတရားတော်တွေနဲ့ တတ်နိုင်သမျှ အညီ ကျင့်ကြံနေထိုင်သူ ဘယ်သူဆိုတာ ဆန်းစစ် ဘို. လိုလိမ့်မယ်၊

အယောင်ဆောင်မှုတွေ ပေါများနေတဲ့ အခုလိုကာလမှာ ။ ဆန်းစစ်နိုင်မှ တော်ရုံကျမယ် ။ အထူးသဖြင် ကိုယ် မလုပ်နိုင်လို ကိုယ့်ကိုယ်စား ကိုယ်အပါအ၀င် တိုင်းသူပြည်သား အားလုံး ရဲ ဘ၀ကို စီမံပေးဘို တာဝန် အပ်နှင်း လိုက်တဲ့ သူဟာ . ကိုယ်နဲ့တကွ လူတွေရဲ့ဘ၀ တိုး တက်ရာတိုးတက်ကြောင်း ဆောင်ရွက်သလိုလို နဲ အပြော တွေ အဟောတွေကောင်း ၊ ကိုယ်ဘ၀ကို ချယ်လှယ်တာမျိုးသာ ဖြစ်နေရင်တော့ ကိုယ် ဘဲ ရှုံး မယ် ခေါင်းထောင် နိုင် သေးရင် တော်သေးတာပေါ့။ ‘အဆံမပါ အသံသာမြည်တဲ့ သင်္ကြန် အမြောက် ’ဆိုတာ ဗမာ့ လူမှု ပါတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ သုံးနေကျ စကား တခုဘဲ ။

ဗမာ တတွေဟာ ပြီးခဲ့တဲ့ အတိတ်က ခေါင်းဆောင် ဆိုတာတွေ ဘယ်သူကိုမှ အကောင်း မပြောခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်ကိုတောင် အပြောအလွတ်ဘူ။ ဒါပေမဲ့ သူရဲ တိုတောင်းလှတဲ့ ဘ၀ ကို ၊ ဂျီူးဇက်ခရိုက်လို. နဲ့ ဘုရားငယ်အဖြစ် ကိုးကွယ် သူတွေရှိနေ ပေမဲ့ သူတို ဘာကို ကို.ကွယ်နေကြတယ် ဆိုတာ သူတို.ဟာသူတို. တောင် သိပုံမရဘူး။ ဗမာတွေဟာ အလွမ်းသယ်ရမယ်ဆိုရင် ပြိုင်စံရှားတယ် လို ပြောရ မလား ? အောင်ဆန်း ထက်မက တိုင်းပြည်နဲ့ လူမျိုးအတွက် ဆောင်ရွက်ခဲ့တဲ့ ဗမာ.သား ကောင်းတွေ အောင်ဆန်း မမွေးခင် ကတည်းက ရှိဘူးပါတယ် ၊ မသိခြင်ယောင်ဆောင် နေကြလို. ဖြစ်ပါလိမ်မယ်၊ ဒါဟာ လဲပြောရမယ်ဆိုရင် အဂတိလိုက်စားမှု တမျိုးဘဲ ပေါ့ ။ (ဇူလိုင် ၁၉ ရက်) မနက်ဖြန် သဘက်ဆိုရင် တွေ. ရပါလိမ့်အုံးမယ် ။

သတိပေးခြင်တာက ဗမာနိုငံကို ပြေုပြင်ပြောင်းလဲ ဘို.ရာ လူ.အလွှာအသီးသီး မိမိတို.အပိုင်း က လိုအပ်တာ တွေကို မိမိတိုဖါသာ အသိစိတ်နဲ့. ပြပြင်ကြဘို လိုမယ်။ ရှိပြီးသား စည်းကမ်း တွေကို လိုက်နာ ကြဘို.လို လိမ့် မယ်။ တိုင်းပြည်ကို စီမံခန်.ခွဲသူတွေ ၊ အကျင့် သီလ စံနမူ နာ ပေးရမဲ့ အာစရိယ ဘုန်းကြီး တွေ ၊ ဆောက်တည်ရမဲ့ လူတွေ အားလုံး သူ.အပိုင်းနဲ့သူ ကျင့်နိုင်ကြရမယ် ။ အကျင့်သီလ ပျက်ပြားရင် လူ လူချင်းပေါင်းသင်း ဆက် ဆံ ရေးတွေလဲ ပျက်ပြားလိမ့်မယ်။ စည်းလုံးညီညွတ်မှု ဆို တာ ကို ထည့် ပြော မနေနဲ့တော့ ။ “ အာဏာ ဟူသမျှ ဖီဆန်ကြ ” ဆိုတာကို အဟုတ် ကြီး မှတ်နေသူ နောက်လိုက်တွေ ကိုယ့်ခေါင်း ဆောင် တွေ ဘာတွေ လုပ်နေတယ် ဆိုတာ မြင် အောင် ကြည့် ဘို. လို နေတယ် ။

တိုင်းပြည် လုံးဝ ဟက်တက်မကွဲခင် အက်ကြောင်းတွေ ပေါ်လာနေတာကို မမြင်တဲ့ သူတွေ ဟာ ကန်းနေ လို.ဘဲ ။ သူတပါးတွေရဲ့ နိုင်ငံရေး စီးပွားရေးအရ လူမျိုးရေး ဘာသာရေး လူမKှုရေးအရပ်ရပ်နဲ့ စော်ကားမှု တွေကို ခံနေကြရတာတောင် မသိနိုင်ဖြစ်နေကြတာ ကတော့ လွန်တာပေါ့ ၊ သေတွင်း နီးနေကြလို. မထူးပါဘူး ဆိုတာကို ပြနေတာဘဲ လား ?

နားလိုက်အုံးမယ် ။

0 new messages