Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

ဗုဓ္ဒဘာသာ - သံဃာတော်များနဲ့ မြန်မာ့နိင်ငံရေး ။

33 views
Skip to first unread message

minkyaw thuyein

unread,
Jul 13, 2015, 11:45:14 AM7/13/15
to
တိုင်းချစ် ပြည်ချစ် မျိုးချစ် ဘာသာ သာသနာချစ်တို.

မြန်မာနိုင်ငံဟာ ဗူဓ္ဒဘာသာ ထွန်းကားပြီး အူဝဲ ဆိုကထဲက ဗုဓ္ဒံ ဓမ္မံ သံဃံ ဆိုတာတွေ နားမဆန်.အောင် ကြားခဲ့ရတယ် ၊ အကျင့် သီလ ဘာဝနာ အကြောင်းတွေ သီလ သမာဓိ ပညာ ဆိုတာတွေနဲ တကွ ကိုယ် ကျင့်တရားကောင်းမွန်ဘို.တွေကို ဟောပြောသွန်သင် နေတာ ရပ်တယ်လိုကို မရှိဘူး။

ဒါနဲ့လဲ နေ.စဉ်နဲ့ အမျှ ပြောနေ ဆိုနေ သွန်သင်နေရတုန်းဘဲ ဆိုတော့ မြန်မာတွေရဲ အကျင့် စာရိတ္တတွေ သီလ သမာဓိတွေ ပညာတွေ နဲ့ ပါတ်သက်လို ဘာတွေ ချို.ယွင်းနေသလဲ မေးခွန်းတွေ ပေါ်လာရတယ် ၊ မြန်မာတွေ ထုံနေပြီလား။ ဗုဓ္ဒဘာသာကို ယုံကြည်မှု နဲ လာပြီလား ? ဗုဓ္ဒဘာသာ ထဲက ကံ ကံ ၏ အကျိုး ဆိုတာကို ပိုပြီး နားလည် သဘောပေါက် လက်ခံ လာကြပြီလား? ဘယ်လို သဘောပေါက် ကျတာလဲ?

ဂေါတမ ဟော တရားတွေဟာ မမှန်လို.လား - သူ.တရားတွေကို အဓိပါယ်ဖေါ် ဘာသာ ပြန်တာ မမှန်လို. လား- သူတရားတွေကို သွန်သင်ပြသသူ ဆရာတွေကဘဲ မကျွမ်းကျင်လို.လား ၊ အကုန်မသင်လို.လား ၊ ဘာတွေ ချန်ထားသလဲ ၊ သင်ကြားပြသ သူတွေကလဲ တရား နာပရိသတ် မဆွဲဆောင်နိုင် ငြီးငွေ.အိပ် ငိုက်မြည်းလောက်အောင်ရှည်ရှည်ဝေေ၀းတွေ ဟောပြောနေကြလို.လား ။ နားလည်သဘောပေါက်တာ မပေါက်တာ အပထား ဆွမ်းဖိုး ဟင်းဖိုး ကျေအောင် အနုမောဒနာတရားအဖြစ် စွပ် ဟောနေလိုလား ၊

လူသာမန်တွေ နားလည်နိုင်မဲ့ သာမန် လူစကား စကားပြေနဲ့ မဟောဘဲ လူတွေ နားမလည် မကျွှမ်းကျင်တဲ့ ပါ့ဠိပါဒ်သားတွေနဲ့ ဟောနေလို.လား ၊ နောက်ဆုံးမတော့ လူတွေကဘဲ ဦးနှောက်ခွံ ထူးလိုလား၊ နားမှာ နားဖါချေး စို. နေလို.လား စသည် အား ဖြင့်ပဲ ပေါ့ ။

ပြောစရာတခုကတော့ ဘုရားရှင် ကိုယ်တော်မြတ် သက်တော် ထင်ရှားရှိစဉ် ကတည်းက သူ ဟောတဲ့ တရားကို သဘောပေါက်နားမလည်သူတွေ ရှိခဲ့တယ် အကျွတ်တရားမရ ကျွတ် တန်းမ၀င်ခဲ့ဘူး ဆိုတာ သိရတယ် ။

မေတ္တာသုတ် ကို ဘဲ အကြမ်းဖျင်းလေ့လာရင်ဘဲ သကောစ = စွမ်းဆောင်နိုင်သူဖြစ်ရာ၏ လို ဆိုတယ်။ ဥဇူစ သူဟုဇူစ = ဖြောင့်မတ်သူ. အလွန်ဖြောင့်မတ်သူဖြစ်ရာ၏ လို လဲ ဆိုတယ် ။ သူဝစောစ = ဆိုဆုံးမ လွယ်သူလဲ ဖြစ်ရမယ် တဲ့။ ကျန်တာတွေကိုတော့ ကိုယ့်ဟာကိုယ် ရှာဖွေလေ့လာကြပေတော့။

မြန်မာတွေဟာ အကျင့် သီလ ဘာဝနာ ၊ သီလ သမာဓိ ပညာ ချိုယွင်းပျက်ကွက်နေကြလို. မြန်မာနိုင်ငံဟာ ဒုက္ခအဝေေ၀ ဆင်းရဲခြင်းတွေနဲ့ မလွတ်မကင်းဖြစ်နေရသလား -သစ္စာ ၄ ပါးတရား အကြောင်း သိရှိနား လည် ကြတဲ့ မြန်မာတွေဟာ ဒုက္ခ ဆင်းရဲ ကိုခံနိုင်ပြီလား၊ လွတ်မြောက်အောင် ဘာကြောင် မလုပ်နိုင်ကြ သေးသလဲ ? ပါရမီ မရင့် သေးလို. ဆိုပြီး ပြောမလား ? လူဘ၀ဟာ ဒုက္ခ ဆင်းရဲ မကင်းဘူးလို တရား အတိုင်း ခံယူနေကြ သလား ? လွတ်မြောက်အောင်မကြိုးစားခြင် ကြဘူးလား ? လွတ်မြောက်ရေးတရား ဆိုတာ ရှိသလား?

ရှိပါတယ် လက်ရှိတရားကိုဘဲ နိဗ္ပာန်ရောက်ကြောင်းတရား သံသရာဝဋ်ဆင်းရဲမှ ကင်း မြောက် ရသော တရားဆိုတာဘဲ ပေါ့. ။ ဒီတရားဟာ အဖန်တလဲလဲ ဖြစ်ချင်း ပျက်ချင်း အိုချင်း နာချင်း သေချင်း ကင်းသောအရပ်( နိဗ္ပာန်) လို. ဆိုလိုတယ် တဲ့၊

နိဗ္ပာန်ဆိုတာ သီးသန်.နေရာအရပ် ဒေသ တခုတော့ မဟုတ်တန်ရာပါဘူး။ ဟုတ်ရင်တောင် မှ အဲဒီ နိဗ္ပာန်ကိုရောက်လို.အတော် ကို ကျင့်ရလိမ့်အုံးမယ်လို.ယူဆရတယ် ၊ ဂေါတမ ဗုဓ္ဒတောင် လေးသင်္ချေနဲ့ ကမ္ဘာ တသိန်းကြာခဲ့တယ်လို.ဆိုတယ် ။

ဆိုခြင်တာက နိဗ္ပာန်ကို ရောက်ဘို. ဝေးသေးတယ် ဆိုတာသိရင်. သစ္စာ ၄ ပါးတရားကို ကျေကျေ ညက်ညက် နားလည်သဘောပေါက်အောင်ကြိုးစားသင့်တယ် ။ ဘာလဲ ဆိုတာကို အလွယ်ဆုံး ဥပမာ ပေးရရင် ငယ်ငယ်က ဆိုလေ့ ဆိုထ ရှိတဲ့ ၊ ပေါင်းပင် ဘာကြောင့် ကိုင်းရတယ် ဆိုတဲ့ လင်္ကာလေး လို ဘဲ အကြောင်း အကျိုးရှာလိုက်ရင် အဖြေကတော့ သူ.နေရာနဲ. သူရှိနေတာကို တွေရမယ် ။

နောက်ဥပမာ တခုကတော့ ခေါင်းဘာကြောင့်ကိုက်သလဲ ၊ အစားမှားတယ် ၀မ်းချုပ်တယ် အပူရှပ်တယ် စသည်အားဖြင့် ပေါ့ ၊ ထိုက် သင့်တဲ့ ဆေး သောက် နေရိပ်ထဲ ခဏ နားလိုက် ရင် ပျောက်သွားမယ်။ ဒီထက်ပိုဆိုးလာရင် တော့ ဆေးရုံ အရေးပေါ်ဌာနသာ အချိန်မီ ရောက်အောင် ပြေးပေတော၊့ ။ဘုန်းကြီး ပေးတဲ့ ဆေးနဲ့ လုံလောက်ခြင်မှ လုံလောက်မယ် ၊ သေခြင်းသည် သဘာဝ ရယ်လို ဘာမှမလုပ်ဘဲ ထိုင် နေလို.တော့ မဖြစ်သေးဘူး လေ။ ပညာ ရှိသလိုသာတွေးကြပါ ။ ဥစ္စာ ကံစောင့် အသက်ကို ဥာဏ်စောင့် လို ဆိုတဲ့ စကား ရှိပါတယ် ။။

တရားတွေ ဟာ နက်နဲ ပါတယ် ဆိုတာကို ဂေါတမ ကိုယ်တော်တိုင်က ဟောခဲ့ ဘူးတယ် လို ကြားဘူး တယ်. ဒါကြောင့် သင့်တော်သူအတွက် သင့်တော်ရာ တရားကိုသာ ဟောခဲ့တာ လိုလဲ သိရတယ် ။ ဘယ်သူ တွေ ဘာပြောပြော ဘာဟောဟော လူတွေ နားထောင်တာ မထောင်တာဟာ သူတို အကြိုက် - မကြိုက် ပေါ် မှာ မူတည် လိမ့်မယ် ။

ဗုဓ္ဒလက်ထက်မှာလဲ ဗုဓ္ဒစကားကို နားမထောင်သူတွေရှိတာမို ဆန်းတော့ မဆန်းပါဘူး။
အထက်က ပြောခဲ့ တဲ့ မေတ္တာသုတ်ရဲ့ ‘ သူဝစောစ = ဆိုဆုံးမ လွယ်သူလဲ ဖြစ်ရမယ်’ ဆိုတာကို နဲနဲ ချဲ့ရရင် “ အချို.သည် ဆုံးမ၍ မလွယ် ၊ ဆို၍မလွယ် ပြန်လှန်ငြင်းခုံတတ်၏ ၊ ဆင်ခြေဆင်လက်ပေးတတ်၏ ၊ အကြောင်းစုံကို ဆီကဲ့သို အပေါက်ရှာခါ လွတ်လမ်းသာ ကြည့်ပြီး ရုန်းထွက်လို၏ ။ မနာခံရုံမက ပြန်လှန်၍ ရန်ညိုးဖွဲတတ်၏ ၊ ရန်မူတတ်၏ ။လက်စားခြေအံ့ဟာ အခွင့်ကိုချောင်းနေတတ်သည် ။

ပညာရှိသူများ အကျိုးလိုလာသူများ၏ ဆုံဆုံးမ ခြင်းကို ရိုသေစွာ နာခံ သင့်တယ်လို. ဆိုထားတာ ကို တွေ.ရတယ်။

တကမ္ဘာလုံးမှ ဗုဓ္ဒဘာသာကို ကိုးကွယ်ကြတာမဟုတ်ဘူး ဆိုသည့်တိုင်။ ‘သုဝါစောစ’ ဆိုတာကို နားမလည်စရာ လ်ကမခံနိုင်စရာ မရှိဘူးလို. ထင်တယ် ။ ဗုဒ္ဒဘာသာရဲ့ ခက်ခဲ နက်နဲ မှုတွေကြောင့် နားလည်မလယ် ကြလို. နားလယ်လွယ်တဲ့ တခြားဘာသာတွေ ပေါ်လာရတယ် လို ဆိုမလား?

ခရစ်ယန်နဲ မွတ်စလင်တွေရ ကမ္ဘာဦးအစ ကျမ်းဆိုတာတွေမှာ သူတိုရဲ ထာဝရ ဘုရားဆိုတာ တွေ ရှိပြီး သားမို. ဗုဒ္ဒဟာ နောက်ဆုံးပေါ်လို ပြောကြမယ် ၊ ဗုဓ္ဒဘာသာဟာလဲ အရိမေတ္တယျ ဘုရား မတိုင်မီ နောက်ဆုံး ဘာသာတခုသာ ဖြစ်လိမ့်မယ် လို ယုံကြည်ရမလား ၊ ဂေါတမ ကိုယ်တော်တိုင် ကလဲ သူသာလျှင် တဆူတည်းသော ဘုရားမဟုတ် သူအရင်က ဘုရားတွေ ပွင့်ဘူး ရှိဘူးတယ်လို.ဟောဘူးတယ် လို ဆိုတယ် ၊၊

မြန်မာတွေဟာ တပါတီစနစ်ကို ခါးသီးသော အတွေအကြုံရှိကြတယ်လို ဆိုတယ်၊ မြန်မာ တွေဟာ သက်ဦး ဆံပိုင် ဘုရင် စံနစ်ကိုလဲ ကျင့်သုံးဘူးတယ် ၊ ဒီစနစ် ၂ ခု စလုံးဟာ မြန်မာ ယဉ်ကျေးမှူ ဓလေ့ ထုံးစံ ဓမ္မ သတ် တို.နဲ့ ကျင့်ကြံ ဆုံးဖြတ်ခဲ့ကြတဲ့ မြန်မာ့လမ်းစဉ် ဆိုတာ ဘဲ ပေါ့့ ။ ဒီစကားကိုဘဲ တချို.လူတွေ နားခါး ခြင်ခါး အုံးမယ် ။

မြန်မာနိုင်ငံမှာ သက်ဦးစံပိုင် စနစ် ရှိခဲ့တာ တပါတီ အာဏာရှင် စံနစ် ရှိခဲ့ ရတာတွေ ဟာ ဘာကြောင့်လဲ ဆိုတာကို ဗုဓ္ဒဘာသာ မြန်မာတွေ ဘာကြောင့် အကြောင်းအကျိုး ဆိုတာကို မရှာကြသလဲ မဆင်ခြင် ကြည့်ကြသလဲ ။

တကယ်တော့ သက်ဦးစံပိုင်စနစ်ဟာ နိုင်ငံတကာမှာလို ရှိခဲ့တာပါ ။ အပြောရှိတဲ့ ခရစ် ယန် ဓမ္မဟောင်း ကျမ်းမှာ ထာဝရ ဘုရားဆိုတာဟာ သက်ဦးဆံပိုင် အာဏာရှင် စံနစ်အတိုင်း ကျင့်သုံးခဲ့တာတွေ ကို တွေခဲ့ ရတာမို နောက်ပိုင်း လူတွေကိုယ်တိုင်ကလဲ ထာဝရ ဘုရား သုံးတဲ့ ဒီစနစ်တွေကိုဘဲ ဆက်ပြီး သုံးခဲ့ လေသလားလို. တွေးနိုင်တယ် ။

မြန်မာပြည်ကို ဗုဓ္ဒဘာသာ ပါတီက ဗုဒ္ဒဘာသာ တရားဥပဒေနဲ့ အညီ အုပ်ချုပ်ဘို. တပါတီ စနစ် ဆိုတာကို ပြောသူက ပြောလာတယ် ၊ ဒါဟာ မြန်မာ ယဉ်ကျေးမှူ ဓလေ့ ထုံးစံ ဓမ္မ သတ် တို. အတိုင်းပေါ့၊ လည်မျိုကို ဒုတ်တိုနဲ့ နှက်တဲ့ ပစ်ဒါဏ်ချမှတ်မှူမျိုးတွေ ခေါင်းဖြတ် ၊ တံကျင် လျှိုတယ် ၊ ကားစင်တင်တာတွေ ပါတယ် ။

မြန်မာတွေ ဒါတွေ လိုအပ်လာနေပြန် ပြီလား ၊ ဒီနေ. မြန်မာနိုင်ငံမှာ ဒါမျိုးတွေ မရှိဘူး။ ကျုပ်တို ဗုဓ္ဒဘာသာ တွေ ပါ ဆိုတဲ့ စကားသုံးပြီး ကြိုးစင်တင် သေဒါဏ် အမိန်တွေကို လျှော့ပစ်တယ် ၊ တသက်တကျွန်း ဒါဏ် ဆို တာကို ပြောင်းလဲ ပစ်တယ် ။ ထောင် ချရက်တွေ လျှော့ပစ်တယ် ၊ ထောင်ထဲ နေလိုက်ရတဲ့ ရက်က သိပ်မရှိတော့ဘူး။ သူတို.ကို ဘယ်လို အကျင့်စာရိတ္တတွေ ပြု ပြင်ပေးလိုက်သလဲ? အဲဒါ အစိုးရ ကောင်း လို.ဆိုမလား ၊ အစိုးရ မကောင်းဘူး ၊ ပျော့ညံ့ ချိနဲ. လို.ဆိုမလား ဥပဒေက ဘာဆိုထားသလဲ ? ဥပဒေ ပျော့ညံ့ရင် အစိုးရ ပျော့ညံ့မှာဘဲ ။

မင်းကျင့်တရား ၁၈ ပါးထဲမှာ ပြည်သူကို ချီးမြောက်သင့်က ချီးမြောက်ရမယ် နဲ့အတူ နှိပ်ကွတ်သင့်ရင် နှိပ် ကွတ်ရမယ်.လိုလဲ ဆိုတယ် ။ သူတပါးအကြောင်းသိရအောင် သူသျှိုထားစုံးစမ်းအပ်တယ် လိုလဲ ပြောထား တယ် ၊ ချစ်သူ မုန်းသူ ၊ ကျောသား ရင်သား မခွဲခြားဘဲ အပစ်နဲ့ လျှော်တဲ့ ပစ်ဒါဏ်တွေ စီရင် ချမှတ်ရမယ် လို.လဲ ညွှန်ထားတယ် ။

ဒါတွေကိုတော့ ဘယ်ဘုန်းကြီးကမှ ထည့်မဟောဘူး ။ ဒီမိုကရေစီနဲ့ ဆန်.ကျင်နေလို.လား၊ လူအခွင့်အရေး နဲ့ဆန်.ကျင်နေလိုလား ?

ဘုန်းကြီးတွေက လူတွေ ကို အပြည်အစုံ သွန်သင်ဆူံးမခြင်း မရှိတာကြောင့်လား၊ မင်းတွေဟာ နှိပ်ကွတ် သင့်သူတွေကို မနှိပ်ကွတ်လို. မင်းကျင့်တရားထဲ က ကျင့်ဘိုအချက် တချို.ကို ပျက်ကွက်ခဲ့ လို. မကျင့်တာ ကြောင့် ဘဲ ထိမ်းမနိုင် သိမ်းမရ တွှေ ဖြစ်ကုန်သလား ?

ဟောပြောသူ ဘုန်းကြီးတွေရော လူတွေပါကလဲ အမှန်ကို လိုလားသလိုနဲ့ အကြိုက်ကိုသာ နားထောင်လက်ခံတယ် ၊ အမှန်ကို မသိခြင်ဘူး။ မျက်ခုံးမွှေး တဆုံးကြည့်တယ် မျက်စေ့ တဆုံးမကြည့်ဘူး။ အနာဂါတ်ကာလကို ကြည့်နိုင် မြင်နိုင်ဘို. ဒိဗ္ပစက္ခု မရ ကြဘူး။ သာမန် ပုထုဇဉ်တွေ မဆိုထားနဲ့ ရဟန်းအခေါ်ခံ ဘုန်းကြီးတွေရော ဂုဏ် ၉ ပါးနဲ့ နီးစပ်ကြသလား ? ဒီလို ပုဂိုလ်တွေက လူတွေကို ဘာ တွေ သင်ပြနိုင်ကြသလဲ ? ‘ ငါပြောတာ လုပ် - ငါ လုပ်သလို မလုပ် နဲ’ ဆိုတာဘဲ လား? ဒီလို ဆိုရင်လဲ ငါက ဘာတွေ လုပ်နေလို လဲ မေးစမ်းပါရစေ ။

ဗုဓ္ဒဘာသာ တွေ ဘယ်လောက် ဗုဓ္ဒဘာသာ နေကြသလဲ ? သံဃာတွေ နိုင်ငံရေးမှာ-၀င် မရှုတ်ကြဘို ဆိုတာဟာ နိုင်ငံရေးဝင် မလုပ်ဘို ပြောတာလား? ဒါတွေကတော့ မြန်မာနိုင်ငံ ရေးမှာတင်မဟုတ် ကမ္ဘာ နိုင်ငံရေးမှာ ပါ. ဘုန်းကြီး ပါဝင်နေကြတာဘဲ ။ နိုင်ငံရေး လုပ်တာနဲ့ နှိုင်ငံရေး ရှုတ်တာနဲ့ ကတော့ ကွဲပြား ခြားနားပါတယ် ။

ကွန်မြူနစ်တွေ ၊ ကွန်မြုနစ်ပေါက်စတွေ သံဃာတော်တွေ ကို နိုင်ငံရေးထဲ ၀င်မပါစေ ခြင်တာကတော့ အမှန်ဘဲ၊ သင်္ကန်း တကားကားနဲ့ လုပ်ရအကိုင်ရ ပြောရဆိုရ ခက်လို.ဖြစ်လိမ့်မယ် ။ သွားလေသူ ဗိုလ်ချုပ် အောင်ဆန်း ကတောင် သံဃာတွေကို သာသနာ့ အရေးဘဲ လုပ်စေခြင်တယ်လို ဆိုတယ် ။ ၁၉၂၀ ခုတွေက ပေါ်ပေါက်ခဲ့တဲ့ YMBA , နောက်ပိုင်း GCBA ခေါ်တဲ့ မြန်မာအမျိုးသားရေး လှုပ်ရှားမှု အဖွဲ.ကြီးမှာ ဆရာတော် ဦးဥတမ္မ လို စိတ်အားထက်သန်တဲ့ ပုဂိုလ် ကြောင့် သာ မဟုတ်ရင် မြန်မာလွတ်လ်ပရေး ရခဲ့ပါ့မလားလို တွေးထင်စရာတွေ ရှိတယ် ။

သံဃာတွေ တွေ အနေနဲ့ သာသနာရောင် ထွန်းပြောင်အောင်လုပ်ခြင်း၊ မေတ္တာတရားပွား များပြီး သမ္မစိတ္တ မျှစွာနေနိုင်ရေး ဆောက်ရွက်ခြင်းဟာ မြန်မာနိုင်ငံ နဲ့ မြန်မာလူမျိုးတို အတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေး လုပ်ဆောင်မှု တရပ်ဖြစ်ပါတယ်လို. ကိုအော်ငဆန်းက ပြောခဲ့တယ်လိုသိရတယ်၊ ဘယ်လောက် သဘာဝကျတဲ့ စကားလဲ ဆိုတာတော့ မသိဘူး။ ၊

အခုထိလဲ ဒီစကားဟာ ၀ိဝါဒကွဲ နေရတုန်းဘဲ ။ အမျိုးဘာသာ သာသနာစောင့်ကိစ္စမှာ ပိုပြီး ပေါ်လွင်လာ တယ် ။။//

moegy...@gmail.com

unread,
Jul 14, 2015, 4:45:41 AM7/14/15
to
ထောက်ပြစရာလေး ၁ ချက် ၂ ချက်လောက်ပါဘဲ

"၁၉၂၀ ခုတွေက ပေါ်ပေါက်ခဲ့တဲ့ YMBA , နောက်ပိုင်း GCBA ခေါ်တဲ့ မြန်မာအမျိုးသားရေး လှုပ်ရှားမှု အဖွဲ.ကြီးမှာ ဆရာတော် ဦးဥတမ္မ လို စိတ်အားထက်သန်တဲ့ ပုဂိုလ် ကြောင့် သာ မဟုတ်ရင် မြန်မာလွတ်လပ်ရေး ရခဲ့ပါ့မလားလို တွေးထင်စရာတွေ ရှိတယ် ။" တဲ့ ဟုတ် ပါတယ်။ ဟုတ်ပါတယ် ဦးဝိစာရ ဆိုတဲ့ တပါးဟာ နာမယ် ကျော် ဘဲ ။ တခြားဘုန်းကြီးတွေ လဲ ရှိကြမှာ ပါ ။ အကြောင်း မစုံ လို သူတိုအကြောင်းတွေ မပြောဖြစ်ကြတာတော့ မဟုတ် ဘူး။

မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းက လွဲရင် ကျန် လူတွေ ဟာ လူ မဟုတ်ကြတော့တာ ကျနေတာဘဲ ။ မြန်မာတွေရဲ့ အစွန်းရောက်နေကြတာကို ဒီမှာတင် သိနေရတယ် လို ဆိုခြင် တယ် ။

အစွန်းရောက် ၀ါဒ ဆိုတာ ဂေါတမ ဒုက္ခစရိယာ ကျင့်တာကိုသာ ပြောတာမဟုတ်ဘူးလို. လူကြီးသူမ တျွေ ပြောတာ ကြာဒဘူးတယ် ။ မြန်မာတွေဟာ ဒုက္ခစရိယာ ကျင့်နေကြ သလား? ဒီမမှနိတဲ့ ကျင့်စဉ် ဆိုတာကိုဘဲ ဆက် ကျင့်နေအုံးမယ် ဆိုရင် မြန်မာတွေ ဒုက္ခ ကျင်းကြီးက ဘယ်တော့ မှ ထွက်နိုင် လိမ့်မယ် မဟုတ်ဘူး ။

ဒါပေမဲ့ မြန်မာလွတ်လပ်ရေး ကြိုးပန်းမှုမှာ အဆိုရှိတဲ့ ဦးဥတ္တမ တပါးတည်း မဟုတ် ဘူး ဆိုတာ တော့ အထွန်.တက်လိုက်ပါရစေ ။ သိသူတွေ သိကြပါလိမ့်မယ် ။ မသိသူတွေလဲ သိအောင်လေ့လာသင့် ကြပါတယ် ။

" သံဃာတော်တွေ ကို နိုင်ငံရေးထဲ ၀င်မပါစေ ခြင်တာကတော့ အမှန်ဘဲ၊ သင်္ကန်း တကား ကားနဲ့ လုပ်ရအကိုင်ရ ပြောရဆိုရ ခက်လို.ဖြစ်လိမ့်မယ်" ဆိုတဲ့ မင်းကျော်သူရိန်ရဲ့ မှတ်ချတ် ကို သကြားဖြူးပေးလိုက်ရရင် တော့ ဗုဓ္ဒဘာသာ သာသနာကို တနည်းကားကွယ်တာဘဲ ။ဗုဓ္ဒဘာသာ သာသနာနဲ့ ဘုန်းကြီးတွေ ကို တခြား ဘာသာဝင်တွေက ပုတ်ခတ်တိုက်ခိုက် လာမှာတွေ စိုးရိမ်လို ဖြစ်ဖွယ် ရှိတယ် ။

အမှန်ကတော့ နိုင်ငံရေးမှာ ၀င်မပါတဲ့ ခရစ်ယန်ဘုန်းကြီး မွတ်စလင်ဘုန်းကြီး ၈ျူးဘုန်းကြီး ရယ်လို မရှိပါဘူး။

" သံဃာတွေ တွေ အနေနဲ့ သာသနာရောင် ထွန်းပြောင်အောင်လုပ် ခြင်း၊ မေတ္တာ တရား ပွား များပြီး သမ္မစိတ္တ မျှစွာနေနိုင်ရေး ဆောက်ရွက်ခြင်းဟာ မြန်မာနိုင်ငံ နဲ့ မြန်မာလူမျိုးတို အတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေး လုပ်ဆောင်မှု တရပ်ဖြစ်ပါတယ်လို. ကိုအောင်ဆန်း က ပြောခဲ့တယ်လိုသိရတယ်၊ ဘယ်လောက် သဘာဝကျတဲ့ စကားလဲ ဆိုတာတော့ မသိဘူး။ "

ဒီစကားကလဲ မမှန်တဲ့ စကားတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစကားပြောတဲ့ အချိန်က သူ.စိတ် ထဲမှာ ဘာရှိနေတယ် ဆိုတာကို ဘယ်သူမှလဲ မသိနိုင်ပါဘူး ။

ရဲဘော် ၃ ကြိပ်ဆိုတာတွေနဲ့ စုပြီး ရိုက်ထားတဲ့ ဓါတ်ပုံတပုံ ထဲမှာကို ဘုန်းကြီးတပါးနဲ့ ဂျပန် စစ်ဗိုလ် တယောက် ပါနေတာတွေ မိတယ် ၊ သင်္ကန်းဝတ် ဖြစ်ခြင်လဲ ဖြစ်မှာပေါ့လေ၊ နိုင်ငံရေး ဆိုတာ အကဲ ခတ်ရ ကြပ်ပါတယ် ။

ဘ၀င် မကျစရာတခုက ကျုပ်တိုရဲ ကိုအောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ ဗမာ ဘုန်းကြီးတွေ ရိုက်သတ်လို မှ မကုန်နိုင်တဲ့ ဗမာနိုင်ငံမှာ " အီတလီလူမျိုး ဗုဓ္ဒဘာသာ ဘုန်းတော်ကြီး ဦးလောကနန္ဒ ကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော် နဲ့ လိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ ခွင့်တောင်ဖူး သည်" လို. သူ.သမီး ရေးတဲ့ စာအုပ်ထဲမှာ အတိအလင်းဖေါ်ပြထားတာကိုလဲ ဖတ်လိုက် မှတ်လိုက်ရဘူးတယ် ဆိုတာကို ထောက်ပြလိုက်ခြင်တာပါ။

ဘုန်းကြီး ဆိုတာတောင်မှာ ကို ကြည်လိုမှ ကိုယ် ဘုန်းကြီးဆိုတာကို ကိုအော်ငဆန်း သဒက ပြသွားတာများ ညဖစ်လေမလား . ဘုန်းကြီးတိုင်း ဘုန်းကြီး မဟုတ်ပါဘူးလို ပြောသွားတာ လား ဆိုတာဘဲ ပေါ့။

ဒီနေ. နောက်ဆုံးပြောခြင်တာက ဘယ်သူကိုဘဲ မဆို - ဘယ်အရာ ကိုဘဲမဆို အကောင်း အဆို မ်ြငညခင်တဲ့ ဖက်က ပြင်နိုငကြတယ် ဆိုတာဘဲ ။ သမ္မစိတ္တ ဆိုတာ ဒါဘဲပေါ့။ မျှတစွာ ကြည့်တတ်ဘို လိုတယ် ။ မျှတစွာ လက်ခံ ဘို.လိုတယ် ။ မျှတစွာ ကျင့်ကြံ အားထုတ် ဘို.လိုတယ် ။ အားလုံးကြိုးစားကြရအုံးမှာ ကတော့ အမှန်ဘဲ ။//

ဘုန်းကြီးတွေ ဟာ မင်းကျင့်တရား ၁၈ ပါးထဲက သူတိုဟောခြင်တာကိုသာ ဟောသွား တယ် . မဟောခြင်တာကို မဟောဘူး။ ချန်သွားတယ် ဆိုထားတော့ . ဘုန်းကြီးတွေ ဟာ လြ ပုထုဇဉ်တွေ လူတွေဘဲ မို. လူ.အခွင့်အရေးနဲ့ ဟောညခ်ငမှ ဟောမယ် ပြောခြင်မှ ပြောမယ် လို မှတ်ယူရမယ်။



0 new messages