လေထဲ တိုက်အိမ်ဆောက် ။ ကြွက်သေတခု အရင်းပြုဆိုတဲ့ ပုံပြင်တွေကြားဘူးကြပါလိမ့်
မယ် ၊ကိုယ်ကိုယ်တိုင်လဲ စိတ်ကူးယဉ်ဘူးကြပါလိမ်.မယ်၊ လ ပေါ် လူတွေရောက်ခဲ့ တယ် ဆိုတာဟာ စိတ်ကူးယဉ်မှူက စခဲ့တာပါ ။ လူတွေဟာ ကိုယ့်စိတ်ကူးနဲ့ကိုယ်ရှိကြတယ် ၊ တခါတလေမှာ စိတ်ကူးယဉ်သူကို ဘေးလူတွေက အရူးလို.တောင် ထင်ကြတယ် ၊ သူတို.လဲ စိတ်ကူးမယဉ် ဘူး သူတွေ မဟုတ်ပါဘူး၊ စိတ်ကူးတွေယဉ်ပြီးး ယောင်ယမ်း ကန်မိလို. အိုး ခွက် ပန်းကန် တွေတောင် ကွဲရှ ဆုံးရှုံးရတာကို ရှက်လို. ၀န်မခံနိုင်ဘူး။ သူသူ ငါငါ အားလုံး
ဟာ စိတ်ကူးယဉ်နဲ့ အရူးကြီး အရူးလေး ဖြစ်နေကြသူတွေ လို.ပြောရင် ဘယ်သူ.ကိုမှ စော်ကားတာ မဟုတ်ပါဘူး ၊ မြင်တဲ့အတိုင်းပြောတာပါ ဘုရားဟောမှာလဲ လူတွေဟာ ဥမ္မတက္ကော လို. ရှိပါတယ် ။ အရူးပြောလို.ဒေါပွရမယ်ဆိုရင် ဘုရား ဂေါတမ ကိုသာ အပစ်တင်ပေတော့။
ကလိထိုးရင် ယားတတ်သူတွေရှိတယ်။ မြန်မာဆိုတာ ၂ ယောက်ထဲ နေရင် တောင် မတဲ့ဘူး၊
ရန်ဖြစ်တတ်ကြတယ် တဲ့ မြန်မာမှဘဲလား စကားပြော မတဲ့ရင် ဖြစ်တတ်တာဘဲ ၊ ပါးစပ်
ပိတ်နေရင် အိုကေ ဘဲ ၊ အဓိပါယ်ကောက်မှားရင် ရန်ဖြစ်တတ်တာဘဲ။ ဒါကြောင့် များလား မြန်မာတွေဟာ စကားသိပ် အပြောဘူး နှုတ်ပိတ် ရေငုံနေကြတာများတယ် တဲ့။ ဟုတ် လိမ့်မယ် ၊ စကားများ များပြောရင် အမှားပါတတ်တယ် တဲ့ ၊ အလုပ်များများ လုပ်ရင် ထောင်ကျ တတ်တယ် တဲ့ လား ၊ တမျိုးကြီးဘဲ နော်၊ ဒါကြောင့်ဘဲလား မသိ၊ မလုပ် မရှုတ် မပြုတ် လို.လဲ ပြောကြတာထင်ပါရဲ့ ။
နိုင်ငံထူထောင်ရာမှာလဲ နိုင်ငံသားတွေ ဟာ သူတို.နိုင်ငံကို ဘယ်လို တည်ထောင်ရရင် ကောင်းမလဲဆိုတဲ့ စိတ်ကူးတွေ ရှိကြမှာကတော အမှန်ပါ၊ အနဲဆုံးတော့ သူတိုတဦးချင်းဟာ သူတို.ဘ၀ကို ကောင်းအောင် ဘယ်လို တည်ထောင်မယ် ဆိုတဲ့ အကြောင်းကောင်းတွေ စိတ်ကူးကြံစည်မှူတွေ နည်းလမ်းရှာဖွေမှူတွေ တော့ရှိမှာပါဘဲ ၊ ဒီလို နိုင်ငံသားတွေ နဲ.ြ့ပည်စုံတဲ့ နိုင်ငံတခုဟာ အင်္ဂါ ၅ ပါးထဲ က အရေးကြီးတဲ့ အင်္ဂါတပါးပြည့်စုံနေပြီ ဖြစ်ပါတယ်၊ နိုင်ငံ/တိုင်းပြည်ကို နိုင်ငံသား/တိုင်သူပြည်သားတွေက တည်ဆောက်တာဖြစ်ပါတယ်၊ အစိုးရ ဆိုတဲ့ထဲမှာ ပါဝင်သူတွေဟာလဲ တိုင်းသူ ပြည်သားတွေက ရွေးကောက်တဲ့တိုင်းသူပြည်သား
အချို.သာဖြစ်ပါတယ် မိုးကျ ရွှေကိုယ်တွေ မဟုတ်ပါဘူး။
မှန်ပါတယ် ၊ ဒီလူတွေထဲက ဘယ်သူ ဟာ ဖွတ် ထွက်တဲ့ တောင်ဘို.လဲ ဆိုတာ တနိုင်ငံလုံး
က နောက်မှသိရမှာ သူနဲ့ အနီးဆုံးသူတွေကတော့ သိမှာပါ ၊ “ အဲ ဒါဘာဖြစ်သလဲ ဒီမိုကရေစီဘဲမဟုတ်လား ”လို.တောင် သတ္တိပြလိုက်အုံးမယ် ၊ ဒီကလဲ ဒီမိုကရေစီမှာ လူကိုသာ ပြောထား တာပါ- တောင်ဘို.နဲ့ ဖွတ်မပါ ပါဘူးလို. ထောက်ပြမှာဘဲ ။ တောင်ဘို.ကို ဘုရားမှတ်သူတွေ ထွက်လာတဲ့ ဖွတ်ကို အနဲဆုံး တောင်ဘို.စောင့် နတ်ကြီးလို ထင်မှတ်
သူတွေရဲ့ အသိပညာဥာဏ်ကို ခန်.မှန်းနိုင်ပါလိမ်မယ် ။ ချီးကျူး ရမယ် ။ဘယ်သူက ဘယ်သူ
ကိုရွေးလိုက်တယ် တိတိကျကျ ပြောဘို.ခက်သည့်တိုင် သူတို.မဲဆန္ဒနယ် သိရင် ၊ အဲဒိနယ်
က မဲဆန္ဒရှင်တွေကြားမှာ အသိပညာဥာဏ် နဲသူတွေ ရှိကြတယ် ဆိုတာ သေချာပေါက် သိရတယ်။
ဒါတွေဟာ သတိထားရမဲ့ အချက်တွေပါ၊ ကိုယ်အတတ်နဲ့ကိုယ်ဆူး နှုတ်လိုမရ ဘူး ၊ ဘယ်သူ
မပြု မိမိမှူ ဆိုတာတွေ ဟာ ဒါမျိုးတွေဘဲတွေ ဖြစ်ပါလိမ့်မယ် ။ ဖွဲ့စည်းပုံအခြေခံမှာ ပြည်သူ
ကိုယ်စားလည်ကို ပြန်လည် ရုတ်သိမ်းနိုင်ခွင့်ပေးထား တယ် ။ လုပ်ပုံ လုပ်နည်းတွေလဲပြော
ထားတယ် ။ ကိုယ် ကြိုက်တာ မကြိုက်တာနဲ့ ဘာမှမဆိုင်ဘူး မဲဆန္ဒရှင်တွေရဲ. သဘောလို.ဆိုထားတယ် ။
၁၉၄၈ ခုက လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ ခေါင်းဆောင်တွေဟာ အချိုလူတွေစွပ်စွဲပြောဆို
သလို ပန်ကါအောက်မှာ စာပွဲ ကုလားထိုင်နဲ့ထိုင်ပြီး ဒူးနှံ့ ဇိမ်ခံ ကိုယ်ကျိုး ရှာနေကြတာဟုတ်
မယ်မထင်ဘူး ၊ လုံးဝမရှိုဘူးလို.တော့လဲကိုယ့်အနေ နဲ့တာဝန်မခံနိုင်ဘူး၊ ဘာဖြစ်လိုလဲဆို
တော့ အချို.လူတွေဟာ တပ်ကထွက်ပြီး ပုဂလိကစီးပွားရေး ကောင်းရောင်း ကောင်းဝယ်
လုပ်စားကြတာတွေ.ရှိတာတော့ သိတယ် ၊ ဘယ်လိုအဆက်အသွယ်တွေနဲ.လဲတော့ မသိဘူး။
အထက်က လူကြီးတွေနဲ့ အဆက်အသွယ်ရှိသူ ၊ ပါတီကိုငွေလှုလို.တနည်း အားဖြင့် အခွင့်
အရေး ၀ယ်ယူတာလား ၊ မျက်နှာလုပ်တာလား ၊ လဘ်ထိုးတာလား ၊ ဘာ့ကြောင့် လှုတာ
လဲလို. တွေးရင်း ၊ နိုင်ငံတော် အစိုးရကို ပေးဆောင်ရမဲ့ ၀န်ဆောင်ခတွေ အပြည့်အ၀ ပေးဆောင်ပြီြး့ပီလား၊ အားလုံးကင်းရှင်း ပြီးသား ဆိုရင် နိဗ္ပာန်န ပစ္စယော ဟောတု ဘဲလို.ဘဲ ထင်မိတယ် ကိုယ်ထင်ခြင်တာထင်လို.ရတယ်လေ ၊ သာဓု ၃ ကြိမ်ခေါ်ရမယ် ၊ ဘယ်သူ.ကို ဘာမှ မစွပ်စွဲဘူး၊ သူခိုး ဒါးပြ လူလိမ် လူကောက်ဆိုတာ နိင်ငံတကာမှာ ရှိတယ် ။ လှူသူဟာ အဖျက်သမား ဗုံးခွဲသမားတွေကို ရော ဒီလိုများလှူနေသလားလို.တော့ ကိုယ်ဟာ ကို ကြိတ်ပြီး တွေးမိတာတော့ အမှန်ဘဲ။ မဖြစ်နိုင်ဘူးလို. မပြောနိုင် ဘူးလေ။ဆက်ကြေးပေးတာ
တို. ပရှိတက်ရှင်းဖီး ဆိုတာတွေက လဲ ရှိသေးသမို.လား ။ ဘယ်ကရောက်လာတဲ့ ထုံးစံ ယဉ်ကျေးမှူတွေ လဲ တော့ မသိဘူး ။
ဆက်ပြောရရင် ၁၉၄၈ ခုက လွတ်လပ်ရေးခဲ့တဲ့မြန်မာနိုင်ငံမှာ ခေတ်မီ ဖွံဖြိုးတိုးတက်ရေး
အတွက် ခေါင်းဆောင်ဆိုသူ တွေအားလုံး၊ အစိုးရ အသီးသီးတွေအားလုံးက မူဝါဒတွေချ၊ စီမံကိန်းတွေချပြီးနည်းအမျိုးမျိုးနဲ.ဆောင်ရွက်ခဲ့ကြတာကို လူတိုင်း သိခြင်မှသိမယ် ။ မသိသူလဲရှိမယ် ။ မသိခြင်ယောင်ဆောင်သူတွေလဲရှိမယ် ။ နိုင်ငံ ထူထောင်ရတာထိမ်းသိမ်း ရတာ ခေါင်းဆောင်တွေ ဘယ်လောက်ခက်ခဲ ရှိခဲ့သလဲဆိုတာ သိသူတွေ သိကြပါလိမ့်မယ် ။
စကားအရာ ပြောရရင် တော့ မြန်မာနိုင်ငံ တိုးတက်ဖွံ.ဖြိုး အောင် လုပ်ဘို.နေနေသာသာ မြန်မာနိုင်ငံရှိနေတာတောင် တသက်လုံး ဖုတ်တဲ့ ငါးပိ ရှိလေတောင် မထင်သူ ၊ ဗမာဆိုရင် မသိခြင်ပါဘူးလို.ပြောခဲ့သူ ၊ မကောင်းတတ်လို. အမေ သေခါနီးမှ မြန်မာနိုင်ငံကို လေယဉ်
မောင်းသမားပို.ပေးလို အူယားဖါးယား ရောက်လာတဲ့ အမျိုးသမီးကို မြန်မာတွေ က ဖအေ့
မျက်နှာနဲ. ပုခူံးပေါ်ထမ်းတင်လိုက်ကြတာမှာ နိုင်ငံနဲ့ လူမျိုးကို ချစ် ချစ် တချစ်ထဲ ချစ်သွားတာ ၊ ကိုယ်.အိမ်တောင် ကိုယ်မပြန်တောဘူး ၊ ချီးကျရာပျော်တဲ့ ကြက်မကြီး တကောင်နဲ.ဘာမှ မခြားဘူး ။ ဘာကြောင့်များပါလိမ့် ၊ လှိုင်းစီး လေစီး ရေစီးနဲ့ လိုက်ရတာ သိပ်တော့ မခက်ပါဘူး ။ ဒါတွေကတော ပြီးခဲ့ပါပြီ။ လူဆိုတာ သူဇါဂနဲ့ သူဘဲမို.သတိတော့
ထားရမယ် ၊ ရရင်ရ မရရင်ချ စိတ် ကလေး ကတော လူတိုင်းမှာရှိကြတယ် ဆိုတာ သူလဲ သိမှာဘဲ ။ သူ.အကြောင်း သိသူတွေ အမှန်ကိုသိတဲ့ မျက်မြင် နားကြားသက်သေတွေ လုပ်ဖေါ် ကိုင်ဖက်တွေ မသေကြ သေးပါဘူး ။ ပြောမကောင်းလို.ဘာမှ ထူးမှာ မဟုတ်ဘူး
ဆိုပြီး သူကိုညှာတာတဲ့ သဘောနဲ. မပြောဘဲ နှုတ်ဆိတ်နေကြတယ်၊ မှန်ပါတယ် ဘာမှလဲ ပိုထူးလာမှာ မဟုတ်ပါဘူး ။
ကြားဘူးကြမှာပေါ့ ကူလအတွင်းရေးမှူုးချုပ် တယောက်ဖြစ်ဘူးတဲ့ Kurt Waldheim ( Austria )ဟာ နာဇီပါတီဝင် အမှုထမ်း ဖြစ်တယ်ဆိုတာ သူ သမတလောင်းအဖြစ် စာရင်း
တင်မှ ဖေါ်ထုတ်ခဲ့ကြတယ် ကုလမှာ ၁၀ နှစ် ၁၀ မိုး လုပ်နေတုန်းကတော့ ဘယ်ခွေးမှ
မဟောင်ခဲ့ဘူး၊ ဘယ်လူမှလဲ ပါးစပ် မဟ ကြဘူး ။ ဘယ်လောက် ယုတ်မာကြသလဲ ဆိုတာကြည့်တော့၊ နာနာဘာဝ ၀ိနာဘာဝ ဆိုတာ ရှိတယ် သူရဲချောက်တတ်တယ် ဆိုတာရှိတယ် ၊ မြန်မာတွေလဲ အစိမ်းသေ သေတဲ့ သူရဲတွေရဲ့ အချောက်ခံနေကြရပုံ ရှိတယ် ။
၁၈၈၆ ခုမှာ မြန်မာတနိုင်ငံလုံးကို အင်္ဂလိပ်က မတရားသိမ်းပိုက်တုန်းက မြန်မာနိုင်ငံဟာ သီပေါမင်း စိုးစံ နေတဲ့ တခုတည်းသော နိုင်ငံ ဖြစ်တယ် ။ တခုတည်းသော မြန်မာနိုင်ငံ
တည်ထောင်ခဲ့သူတွေ ၊ တည်ထောင် ဘို.ကြိုးစား သူတွေမှာ အောင်မြင်သူတွေရှိသလို မအောင်မြင်သူတွေလဲ ရှိကြတယ် ၊ အောင်မြင်သူတွေ ဟာ မြန်မာ အင်ပိုင်ယာ ဆိုတာတောင် တည်ထောင်နိုင်ခဲ့ကြတယ် ၊ နောက်ပိုင်းမထိမ်းသိမ်းနိုင်လို.တခုထဲသော မြန်မာနိုင်ဖြစ်ဘို.နေနေ သာသာ ရှိတဲ့ နိုင်ငံ မပြို ကွဲသွားရအောင်ဘဲ ခေါင်းဆောင်တွေ
မနဲကြိုးစားခဲ့ရတယ်။ လမ်းကတော့ မဆုံးသေးပါဘူး ။ မြန်မာနိုင်ငံဆိုတာ တချိန်က ပျောက်
သွားဘူးတယ် ဆိုတာ မှတ်မိကြမှာ ပေါ့။ နိုင်ငံတော် ဟာ အဒွန်.မရှည် ဘူးလို.ပြောရမယ်
်လား ၊ မတည်မြဲသေးဘူးလား ဘဲ။
အသက်ပေါင်းများစွာပေး၊ စတေးပြီး ၁၉၄၈ ခုနှစ်က လွတ်လပ်ရေး ရခဲ့တဲ့ မြန်မာနိုင်ငံမှာ မြန်မာတွေအားလုံး ဟာ လွတ်လပ်ရေး ဆိုတဲ့စကားကို သူ.ကျွန်သဘောက်ဘ၀က လွတ်
မြောက်ရေး လို ဘဲ နားလည် လိမ်.မယ် ၊ အမေရိကန်ပြည်ထောင်စုမှာ ၁၈၆၁ မှ ၆၅ ထိ ကျွန်စံနစ်ဖျက်သိမ်းရေးစစ်ပွဲ (သို.) အမေရိကန် ပြည်တွင်းစစ် ဆိုတာဖြစ်ခဲ့တယ်။ ကပ္ပလီ ဆိုတဲ့ လူမဲ နီးဂရိုး တွေ ကျွန်ဘ၀က လွတ်မြောက်ခဲ့ကြတယ် ၊ အမေရိကန်ပြည်ထောင်စု ကိုယ်တိုင်ဟာ ပြင်သစ် ၊ အင်္ဂလိပ် မက္ကစီကို တိုနဲ့စစ်ဖြစရတာ လွတ်လပ်ရေးစစ်ပွဲတွေ တိုက်ခိုက်ခဲ့ရတာ မနဲဘူး ။
မြန်မာတွေဟာ ကျွန်ဘ၀ကို ဘယ်နည်း ဘယ်ပုံနဲ့မှ ပြန်မရောက်ဘူးလို.မှတ်ခဲ့လိမ့်မယ် ၊ ဒါကတော ကျွန်ပြုနည်း ဘယ် နှမျိုးရှိတယ် ဆိုတာ မြန်မာတွေ လိပ်ပတ်မလည် လို.လဲဖြစ်လိမ့်မယ် ၊ လူပါး မ၀ လို.လဲ ဖြစ်နိုင်တယ် ၊ တကယ်တော့ မြန်မာတွေဟာ ရိုးသား
သူတွေမို.လဲ သူများလှဲ့ခြင်တိုင်း လှဲ.ံတာကို ခံနေရတာဘဲ ၊ သနားစရာသတ္တ၀ါတွေ ဆိုရင်ပို မှန်မယ် ။
မေတ္တာ ထားခြင်း၊ ခွင့်လွတ်ခြင်းတွေရဲ့ ဏ္ဍုတိပါတ် တန်ခိုးတွေနဲ့အခုဆိုရင် နိုင်ငံရေး ၊စီးပွားရေး လူမှုရေး တွေမှာ သူ.ကျွန်သဘောက် ပြန်ဖြစ်လာကြပြီ ဆိုတာတောင် ရိတ်စား
မိကြပုံမရှိဘူး ။ အူမ မတောင်.လို သီလ မစောင့်နိုင်ဘူး များပြောကြမလား မသိ ။
ဘာသာရေး သာသနာရေး ပိုင်းမှာဆိုရင်လဲ ခရစ်ယန်နဲ့ အစ္စလမ် တို.ကြားမှာ ထွန်.ထွန်.လူး နေရတယ် ၊ ဘာသာ သာသနာထွန်းကားရေးတာဝန်ရှိသူတွေဟာ လုပ်ရမဲ့ အလုပ်မလုပ် ၊ မလုပ်ရမဲ့ အလုပ်လုပ်ပြီး အဂတိလိုက်စားနေကြတယ်။
ဖြစ်ခြင်း ပျက်ခြင်းဟာ သဘာဝ လို. မြန်မာတွေ စွဲမြဲစွာယုံကြည်ကြတယ် ။ ဟောသူကလဲ
ဟောတယ်၊ ပြောသူကလဲ ပြောတယ် ။ ပျက်လျှင်အစဉ် ပြင်လျှင်ခဏ ဆိုပြီးလဲဆိုရိုး
စကားရှိတယ် ပျက်တာကို ပျက်တဲ့အတိုင်းဘဲ ထားရင် ထာဝရ အစဉ် အပျက်ကြီး ဖြစ်နေ
လိမ့်မယ်၊ ပြင်လိုက်ရင် ခဏနဲ့ကောင်းသွားနိုင်မယ်၊ ဒီကတော့ ဒီလိုဘဲသဘော ပေါက်တယ် ။
တခုထဲသောမြန်မာနိုင်ငံဖြစ်ရေးဆိုတာကို အစဉ်တစိုက်ဆောင်ရွက်ထိမ်းသိမ်းခဲ့.လိုလဲ
ပြည်ထောင်စုသမတမြန်မာနိုင်ငံ ဆိုတာ ဒီနေ.တည်ရှိနေပေမဲ့ ခေါင်းဆောင်တွေဟာ ကြိုးတန်းပေါ် လမ်းလျှောက်နေကြရသလိုဖြစ်နေတယ် ၊ မြန်မာစကားမှာ ပြည်ထောင်စု ဆိုတာ ရှင်းနေတယ် ၊ အင်္ဂလိပ်စကားမှာ ယူနီယံ နဲ ယူနိက်တက် ဆိုတာကွဲတယ် ၊အနှစ်သာ
ရခြင်း မတူတာတွေ ဖြစ်နိုင်တယ် ။ စကားအသုံးအနှုန်း ကွဲပြားမှု ဟာ အနှစ်သာရ ကွဲပြားမှု
ကို ဖေါ်ပြတယ် ။ စကားလုံး လေသံကွဲုမှု ကြောင့်လဲ အဓိပါယ် ကွဲပြားခြားနားမှုကို ဖြစ်စေ
တာအမှန်ဘဲ ၊ လောကကြီးမှာ မတူသော အချင်းအရာတွေဟာ တပုံကြီးဘဲ ။ ဒါကြောင်လဲ ယူနီယံ မဟုတ်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ကို လိုလားကြောင်း တချို.ကတင်းခံ နေကြ
တယ် ။ ဆိုဗီယက်က ယူနီယံ ခဲ့တာကြောင် မြန်မာတွေကလဲ ယူနီယံ ခဲ့ တာလားလိုယူဆ
ရင် ဖယ်ဒရယ် ကရော ဘယ် ဖယ်ကို ဒရယ်ကြတာလဲ လို.မေးမယ် ၊ အမေရိကန်စံနစ်ဟာ မြန်မာတချို.လို လူမျိုးနဲ့ ဘာသာပေါ်မှာအခြေ မခံဘူးဆိုတာပြောဘူး ပြီး ပြီ။
မြန်မာနိုင်ငံတခုတည်းသော နိုင်ငံမဖြစ်စေလိုသူတွေက ကွဲပြားခြားနားနေတဲ့ တိုင်းရင်းသား
လူမျိုးစူတွေ အကြောင်း ပြခဲ့တာ ၁၉၄၈ ခုနှစ်မတိုင်ခင်ကတဲ ကဘဲ၊ အင်္ဂလိပ်အုပ်ချုပ်ခဲ့တာ
ဆိုတော့ သူတိုအပေါ်ဘဲ သတ္တုချရမယ်၊ သူတို. အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေအားလုံးဟာ အကွဲအပြဲချည်းဘဲ၊ ဒို.ရဲ့ အိမ်နီးချင်း ကူလားပြည်ဆိုရင် ၃ နိုင်ငံ ကွဲရတယ်၊ တရုတ်ပြည်
ဆိုရင် လဲ ၃ နိုင်ငံကွဲရတဲ့ သာဓကတွေ ရှိတယ် ။ မြန်မာကို တနိင်ငံထဲဖြစ်ဘို. ၁၉၅၈-၅၉ မှာ ကြိုးစား ပြန်တောလဲ ၁၉၆၁ ခုမှာ လူမျိုးစု အချို.ရဲ့ချိန်းချောက်မှူတွေကြောင့်(ပထစ) အစိုးရဟာ အစစအရာရာ ဘာမှ မထိမ်း နိုင်တောတဲ့ အခြေရောက်လို. ၁၉၆၂ ခုနှစ်က စစ်ဖက်က အာဏာသိမ်းပြီ်း မြန်မာနိင်ငံဟာ မြန်မာပိုင် ဖြစ်လာတာတွေ ကို လူတွေ
ကိုယ်တိုင်ပါဝင်ခဲ့ပေမဲ့ တန်ဘိုးမထားခဲ့ကြဘူး ။ တဖက်ကလဲ ဆီ ဆံ ဆား ငြုတ် ကြက်သွန်. ထမီ အင်္ကျီ ခွဲတန်းချနေတာကို တန်းစီနေခဲ့ကြရလို.လဲ၊ သူတိုဘာလုပ်လို.ဘာကိုင်တယ်
ဆိုတာမသိ၊ သတိထားခြင်မှ ထားလိုက် မိကြမယ်၊ အတိမ်အနက်ကိုမသိ ၊ တနေ. ၄ ကျပ် နေ.တွက်ရရင်ပြီးရော နဲ့ ကျေနပ်နေခဲ့ကြတယ်။၊
အဲဒါလို မြန်မာနိုငငံရဲ ဖြစ်ပျက်ပြုပြင်ပြောင်းလဲမှုတွေကိုကြုံခဲဘူးသူတွေကတော့ မြန်မာနိင်ငံ
ရော နိုင်ငံသား တွေရဲ့ လူနေမှုအဆင့်အရပ်ရပ်ဟာ ဘယ်လောက် တိုးတက်တယ်၊ မတိုး
တက်ဘူး ဆိုတာ သိကြတယ် ။ ခေတ်ကာလ ကွဲပြား ခြားနားသလို၊ ကွဲပြားသောလူတွေရဲ့ အသိစိတ်တွေကလဲ ကွဲပြားတယ် ။ လူနေမှု အဆင့်အတန်းဟာလဲ အစိုးရရဲ. အထွေထွေ မူဝါဒတွေနဲ့ပါတ်သက်ခြင်းမရှိဘဲ ၊ ကွဲပြား ခြားနားကြတယ် ဆိုတာရှိတယ် ။ အစိုးရ တွေက ချမှတ်တဲ့ စီးပွားရေး မူဝါဒတွေဟာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူး လို ပြော ကြတယ် ၊ ဘယ်သူတွေအပိုင်းက ချိုးယွင်းသလဲဆိုတာကတော့ ကိုယ့်ရှူဒေါင်နဲ့ ကိုယ်ပေါ့။
အစိုးရတွေဟာ လူထဲက လူတွေဘဲ ၊ အစိုးရတွေရဲ့ မူတွေဝါဒတွေဟာ လူတွေက ရေးစွဲတဲ့ မူဝါဒတွေဘဲ ဖြစ်တယ်။ လူမကောင်းရင် မူလဲမကောင်းနိုင်ဘူး၊ မူ မကောင်းတာဟာ လူမကောင်းလို.။ မူမကောင်းလို. ပြင်ပြန်ရင် လူခင်လို. မူပြင်တယ်လိုပြော ကြပြန်တယ် ၊ မြန်မာစကားမှာ ပုဂိုလ်ခင်မှ တရားမင်ဆိုတဲ့စကား ရှိလေတော့ ၊ မြန်မာတွေဟာ သူတိုဟာ
သူတို.ဘာပြောလိုဘာလုပ်နေကြတယ်ဆိုတာသိကြရဲ့လား လို.ဘဲ မေးခြင်တော့တယ်၊ ကောင်းသူဘယ်သူမှ မရှိတော့ဘူးလား ၊ မြန်မာတွေအတွက် ကောင်းတာ ဘယ်ဟာမှမရှိ
ဘူးပေါ့ ။
တချိုကလဲ ဆိုရှယ်လစ်ရဲ့ ဒါဏ် ၊ ပြည်သူပိုင်သိမ်းခြင်းရဲ့ ဒါဏ်ကိုခံရတာဘဲ လို.ပြောကြတယ်၊
်။ တချို.ကလဲ မ၀ံ့တ၀ံ့ မရဲတရဲ ၊ မိမိရရ မလုပ် လို. လို.ဆိုတယ် ၊ တချို.ကလဲ တပ်တွင်း/ ပါတီတွင်းသစ္စာဖေါက်တွေကြောင်.လို.ပြောကြပြန် တယ် ၊ ဒီကတော့ အစိုးရတွေနဲ့ ပြည်သူ
တွေဟာ အချိတ်အဆက် မမိကြဘူး လို.ဆိုခြင်တယ်၊ တဦးနဲ.တဦး နားလည်မှုအလျှင်းမရှိကြ
လို.ဘဲ ဝေလေလေတွေကြောင့်ဘဲလို.ပြောမယ်။ မြန်မာနိုင်ငံမှာ ဝေလေလေ တွေရှိနေသမျှ ဘယ်တော့ မှ ကောင်းစားမှာ မဟုတ်ဘူး လို.လဲ ပြောခြင်တယ် ။
မင်းကောင်းမင်းမြတ် မင်းဆိုးမင်းညစ်ဆိုတာတွေဟာ လူတွေဘဲ။ သူဌေး သူကြွယ် ကုန်သယ်
ပွဲစား လယ်လုပ် ဆင်းရဲ သား ဖုံးတောင်းယာစကာ ဆိုတာလဲလူတွေဘဲ ဆိုတာကို သမိုင်း
မှတ်တမ်းတင်ကထဲက ရှိနေတာတွေ.ရတယ် တပြေး ညီဖြစ်အောင် ညှိယူမယ်ဆိုတာ အရူးတွေပြောတဲ့ စကား။ အရူးစကား ကို ယူံသူတွေဟာ သူတို.လိုဘဲ ရူးနေကြသူတွေ ဘဲဖြစ်တယ် ။
မကြာခဏပြောဘူးတဲ့ ကိုယ်လုပ်မှကိုယ်စားရ ဘယ်သူမပြုမိမိမှုဆိုတာတွေဟာ ပုဂိုလ်တဦး
တယောက် ထဲအတွက် သီးသန်.ရည်ရွယ်ထားတဲ့စကားတွေမဟုတ်ပါဘူး၊ လူအားလုံး
အတွက်ဖြစ်တယ်လို.ခံယူတယ် ၊ လောကမှာ အောင်မြင်မှု ၊ မအောင်မြင်မှု၊ ဆုံးရှုံးမှု ဆိုတာတွေ ရှိမြဲဓမ္မတာပါ ။ ချို.ယွင်း အားနဲမှူတွေကိုသာ ထောက်ပြပြောဆိုကြ တာဟာ ပိုပြီးအားကောင်းစေခြင်လို. ပြုပြင်စေခြင်လို.၊ အပြုသဘော ပြောနေတာပါလားလို. အကောင်းအမြင်နဲ.မြင် လို. ရနိုင် ပါတယ်၊ အပစ်အနာအဆာ ရှာနေတာဘဲလို. ကြက်ခေါင်း
ဆိတ် မခံ ၊ မျက်ပြူး စံလန်ဖြစ်စရာမလိုပါဘူး။ အပစ်အနာ အဆာ ဆိုတာလူတိုင်းမှာရှိတယ် လူတွေနေတဲ့ တိုင်း နိုင်ငံတိုင်းမှာရှိတယ် ဆိုတာ သိပြီးသား။
ဒီထဲမှာ လူတွေဟာ အကောင်း ဖြစ်သမျှဆိုရင် သူတို.နာမယ် ၀င်ယူမယ် ၊ မကောင်းတာ ဆိုးတာဆိုရင် သူတို.နဲ့ ဘာမှ မဆိုင်သလို ဥပက္ခာပြု သူတပါးပေါ် ပုံချတာတွေကတော့ ကလေးဆန်တာလား ၊ မရင့်ကျက် တာလား၊ မောဟလွန်နေလို. လား၊ လူလယ်လုပ်နေကြ
တာဘဲလား၊ ဂေါတမ သာရှိရင်သေချာပေါက်ပြောနိုင်မှာဘဲ။
အထူးသဖြင်.သူတိုသာသိ ၊ သူတို.သာတတ် ဆိုတဲ့ ဆရာမရှိ အာခေါင် လှံဆူးမဲ့ ဥဗျိုင်း မျိုးတွေကလဲ ရှိနေတယ်။ သူတို.ဟာ သင်ကြားလို.မရတဲ နားပင်း မျက်ကန်းတွေဆိုရင် မှန်မလား မသိဘူး ။ လည်ပင်းရိုး ခိုင်ပြီး ဟိုဟိုဒီဒီ ဘေး ဘယ်ညာ လှဲ့မရလို. ရှုဒေါင်.အမျိုးမျိုးက မကြည်.နိင်ဘူး ။
ထပ်ရှင်းရရင် မြန်မာ့ခေါင်းဆောင်တွေဟာ သန်.ရှင်းတိကျသော ဘက်မလိုက် ကြားနေ၀ါး နဲ့ ဂုဏ်ယူခဲ့တယ်၊ ဘယ်သူ. ရုပ်သေးမှ အဖြစ်မခံ ၊ ဘယ်သူကြိုးဆွဲ လယ်ပင်းကြိုးတတ်တာကို
မှ မခံခဲ့ဘူး ၊ နိင်ငံရေး စီးပွားရေး လွတ်လပ်မှူ အချုပ် အချာ အာဏာပိုင်မှု ကို တန်ဘိုးထား
တယ် ၊ ပြည်သူတွေကိုလဲ ဘယ်သူရဲ့ ခေတ်သစ် ကိုလိုနီကျေးကျွန်မှ မဖြစ်ရအောင် ကာကွယ်
ခဲ့တယ်။ ဒါပေမဲ့ ဘက်မလိုက်ကြားနေ၀ါဒရဲ.တံဆာခံ ယစ်ကောင်ဟာ ပြည်သူတွေဘဲ ဖြစ်ရ
တာ ၀မ်းနဲ စရာဘဲ ။ မြန်မာနိုင်ငံနဲ့ ခေါင်းဆောင်တွေ ပန်းပြားပင်တွေလို မကျင့် ၊သစ်ကြီး ၀ါး
ကြီးပင်တွေလိုကျင့်ခဲ့ပေလို. သူတော်စင်လဲ မဖြစ်ခဲ့ဘူး ။ ရင်ထုမနာပေါ့ ။
မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးသက်တန်း ၆၅ နှစ်အတွင်း ခေါင်းဆောင်တွေဟာ ပြည်တွင်းပြည်ပ
အန္တရာယ်ကိုထိရောက် စွာကာကွယ်ရင်း နိုင်ငံတော်နဲ့နိုင်ငံသားတို.လုံခြုံရေးတိုးတက်ဖွံဖြိုး
ရေးတို.ကို ရှေ.တန်းတင် ဆောင်ရွက်ခဲ့ကြတယ် ၊ ခေတ်မီဖွံဖြိုးတိုးတက်မှူတွေဟာ အတိုင်း
အတာနဲ့ ရရှိအောင် ဆောင်ရွက်ခဲ့တယ်လိုဆိုရင်၊ ဆိုသူဟာ ဆင်ကြီးဂဠုံချီ ဇါတ်ကြီးဖွဲ.နေ
တယ် လို.တောင် ပြောကြလိမ့်မယ် ။ ပြောသူတွေဟာ မြန်မာနိုင်ငံဆိုတာ မရှိရအောင် ၊ ပြိုကွဲအောင် အစိုးရနဲ့ မြန်မာတပ်မတော်ကို မနှစ်မြို.မလိုလား မလိုမုန်းထားနဲ့ ပြော ဆိုနေကြ
တဲ့ အဖျက်သမားတွေသာ ဖြစ်တယ် လို.ဆိုခြင်တယ် ။ အခုချိန်ထိ သူတို.တတွေ ပြုပြင်
ပြောင်းလဲကြခြင်းမရှိသေးဘူး ဆိုတာတွေရတယ်။
တိုင်းတပါးသားလက်အောက် ကျွန်သဘောက်အဖြစ်ရောက်ခဲ့ရဘူးတာကို သတိပေးနေတာ
ဟာ နောက်ထပ် ဘယ်လို နည်းနဲ့မှ ကျွန်မဖြစ်စေခြင်လို.ဘဲ ၊ အထက်က ပြောခဲ့တဲ့ စကား အသုံးအနှုန်း သံတူကြောင်းကွဲတွေကိုသတိမထားရင် ဒုက္ခ အများကြီး တွေ.စရာရှိတယ် ၊ ရှေးကဖြစ်ဘူးတာတွေ ကို သင်္ခဏ်းစာ ပြပြောရလိမ်မယ် ။ မယ်ဒွေးကို မြွေမြို တာ တရစ်ရစ်
နဲ.တဲ့ ၊ နောက် မယ်ဒွေးတယောက်ကတော့ ဘုရင်ကတော်(မိဘုရား)ဖြစ်ခြင်လွန်းလို.ဆိုလား
နောက်ဆုံးအချဉ် သိတ် ခံခဲ့ရတဲ့ ပုံပြင်လဲ ရှိဘူးတယ် ။ မိန်းမ မာယာ သဲ ၉ ဖြာ ပရိယယ်
တထောင် ဆိုတာဟာ၊ မိန်းမတွေဒင်မှမဟုတ်ဘူးနော် မိန်းမကျင့် မိန်းမကြံ ၊ မိန်းမလို မိန်းမရ ရှိသူတွေ လဲ ဒီအကျင်]့ မျိုးရှိတတ်တယ်လို. ပြောရင်း တခန်းရပ်လိုက်အုံးမယ် ။
ပျော် ပျော် ပါးပါး ပေါ့ ။
အမျိုးသားဒီမိုကကရေစီ အဖွဲ.ချုပ် ( ကွန်ဂရက် ) အစည်းအဝေးမှာပြောတဲ့ စကားတွေဟာ သံဝေဂတွေ ပါ ပါတယ် ၊ ကျမ ဖေဖေ မြို.တော်ခန်းမပေါ်က ပြောခဲ့ သတိပေးခဲ့တာတွေလဲ အချို.သူတွေ မမေ့ကြသေးပါဘူး ။ သူလဲ မမေ့သင့်ဘုး။ အမြင်ခြင်းတူတဲ့ကိစ္စ တွေမှာ ကိုရင်ကြီးတို. ကျုပ်တို.ပြောတဲ့ စကားတွေလဲ တွေ.ရတယ် ၊ နိုင်ငံရေးဆိုတာကတော့ ဒီစကားတွေနဲ့ဘဲ ပြည့်နေ လယ်ပါတ် နေတာပါဘဲ ၊ မထူးဆန်းပါဘူး ။ သူ.စကား ကိုယ့်စကားဆိုတာ မရှိပါဘူး။
မထင်နဲ့.နော် ကျုပ် ပြောဘူးတယ် ၊ မိန်းမမာယာ သဲ ကိုးဖြာ ပရိရယ် တထောင်ဆိုတာ ၊ ညိမ်းခါနီူထတောက်တဲ့ ဖယောက်းတိုင် ဆိုတာလဲ ကြားဘူး တယ် မဟုတ်လား ။ မီးဆာကုန် ဆီခန်းဆိုတဲ့ စကားတွေ လဲ ရှိဘူးတယ် ။ တပင်တိုင် ကခြေသယ်ဟာ ခုနှစ်ထွေအက မကတတ်ရင် ကျွမ်းကျင်တဲ့ ကချေသည် ဘယ်တော့မှ မဖြစ် နိုင်ဘူး။ ကခြေသယ်ဆိုတာ ကျး/မ မရွေးဘူး ။
အမှား၂ ခုပေါင်းလို.အမှန်တခု ဖြစ်မလာနိုင်ဘူးဆိုတာတော့အားလုံးသိကြဘို.ကောင်းတယ်၊
မရှိတာထက် မသိတာ ခက်တဝ် ဆိုတဲ့စကားဟာ သိပ်မှန်တဲ့ စကား ဘဲ။ မြန်မာလူမျိုး အားလုံးဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး လူမျိုးရေး ဘာသာ သာသနာ ရေး ဆိုတဲ့ နိုင်ငံ့အရေး တွေ အားလုံးဆုံးရှုံး ခဲ့ရဘူးပါတယ် ၊ မသိတတ်လို ဘဲ။ ရှေဆက်ြ့ပီး ဘယ်
လောက် ဆုံးရှုံးရအုံး.မယ်ဆို တာကတော့ သမိုင်းက သက်သေခံလိမ့်မယ် ။ ဒီနေ.မြန်မာ
တွေ ဟာ သမိုင်းပြုစုတဲ့ အချိန်အထိ နေမှာလဲ မဟုတ် သူတိုအတွက် ဒီနေ.သည်သာ အထိက။
လူတွေဟာ ဘယ်လောက်ဘဲ ဆိုးဆိုး သေခါနီးမှာ သတိ သံဝေဂရပြီး တရားရှာကြပါတယ်၊ ဘ၀ကူးကောင်းဘို. တံတားထိုး ကြပါတယ် ၊ ကူးတို.ခလေးတော့ ဆောင်ထားကြမှာပါဘဲ ၊ ဂေါတမရဲ့ ယောက္ဖတော် ဒေ၀ဒတ်ဟာ အပြစ်ကြီးလွန်းလို. ဂေါတမ တရားတောင် မနာရဘဲ ဂေါတမ ရှေ. လှေခါးထစ်မှာ အသက်ထွက်တယ် လို. ဗုဒ္ဒ၀င်မှာ ဖတ်ရတယ်။ လုံမလေး မကြာခင် ဘုရား တည်ရင်တော မအံ့သြနဲ့ သေခါနီးပြီ ဆိုတာ ပို သိသာမယ် ။
ဝဋ်မှာအမြဲ ငရဲမှာ အပ ဆိုတဲ့ စကားကို နာလည်ရင် သူ.ကို ညွှန်ကြားသင်ပြနေတဲ. ဘုန်းကြီးတွေ အပါအ၀င် ဆရာတော်တွေ သမားတော်တွေသာ ဗုဒ္ဒဘာသာ စစ်မှန်ခဲ့ရင် နိုင်ငံကိုပိတ်ဆို.မှုဟာ ဘယ်လောက် အထိသွားနိုင်တယ်ဆိုတာ သိကြမှာ ဘဲ ။ တချိန်က မြန်မာနိုင်ငံ ကို ရေကြောင်းက ပိတ်ဆိုထားမှု တွေ ရှိခဲ့ဘူးပြီးနောက်ဆုံးမှာ သူကျွန်ဖြစ်ခဲ့ရဘူး
တယ် ဆိုတာ ယုံတန်း စကား . ကလေး အိပ်ယာဝင် တထောင့်တည ပုံပြင် မဟုတ် တာကို ။ အပားလုံးသိနေတာဘဲ ၊ လုံမလေးကပိုပြီး သိဘို.ကောင်း တယ်၊ သူဟာ ချော်လဲ ရောထိုင်
ရမဲ့ သူမဟုတ်ဘူး ။ ဒိမိုကရေစီရဲ့ “သားကောင်” သာဖြစ်တယ် - “သမီးကောင်း” တယောက်
ဖြစ် တယ် လို.တော. ကျုပ်မ မြင်ဘူး။
“အမြင်မှန်ရတယ် ” ဆိုတဲ့ စကားဟာ မြန်မာတို.ကြားမှာ ရိုးနေပြီး. တန်ဘိုးမရှိတဲ့ စကားလို. ဖြစ်လာနေရာက တန်ဘိုးပြန်ရလာ ပြီ ၊ ပြန်တက်လာပြီးဆိုရင်တော ၀မ်းသာရမှာ အမှန်ပါဘဲ ။ အမြင်မှန် မရခင်တုန်းက လူတွေ နစ်မနာခံစားခဲ့ ရတာ ၊ မတိုးတက် ဖွံဖြိုး ခဲ့ရတာတွေယ ဒုက္ခအဖုံဖုံ.နဲ နိုင်းယှဏ်ကြည်ဘို.တော့ လိုမယ် ထင်တယ် ။ သူ.တယောက်ထဲလို. မဆိုလိုပါဘူး၊ မဟုတ် ပါဘူး ၊ ၊ အမြင်မှန်ရပါပြီ ဆိုတဲ့ စကားလေးတလုံး လက်ကိုင်ထားပြီး ၆၅ နှစ်လုံးလုံး ခြံခုန်လိုက် ၀င်လိုက် ထွက်လိုက် လုပ်နေကြ သူတွေကို လူဆိုတာ မမှားသော သူ မရှိပါဘူးဆိုပြီး ထပ်တလဲလဲ ကိုယ့် ဖင် ဆော်နေသူတွေကို ၊ ကျေပါတယ် မအေးစိန် ရယ် ဆိုတာကတော့၊ လွန်လွန်းတာပေါ. ကိုရင်ကြီး ရဲ. ၊ ဘယ်သူမှ အပစ်မရှိဘူး ၀န်ခံရင် အပစ်ပျောက်တယ် တဲ့ ၊ ဘာမဆိုအတိုင်း အတာနဲ့ဖြစ်သင့်တာ
ပေါ့ဗျာ ၊ ဒါကြောင့်များတယောက်က ပြောလာတာလား “တရားဥပဒေ စိုးမိုးရေး” တဲ့ ကောင်းလိုက်တဲ့ စကား လုံးလေးတွေ သူကရော တရားကပဒေ ဘယ်လောက် နားလည် ကျွမ်းကျင်ပြီး ဘယ်လောက် လိုက်နာနေ သလဲလို.ကျုပ်မေးဘူး ပါတယ်။
“ ထွာဆိုင်လေးသေးသွယ် လူပုံလယ် ထိုခါးကို လေတိုးရင် ကျိုးမှာ လွန်စိုးတယ် ”ကိုအံ့ကြီး ဆိုတဲ့ မြိုမ အဖွဲ သီချင်းတပုဒ်လိုပေါ့ ၊ကျားကန် ကျားဒေါ့က် ထောက်မထားရင် သာခွေ ယိုင်သွားမဲ့ လုံမလေးပါ ၊ မသိသူ ကျော်သွား သိသူဖေါ်စားဆိုတဲ့ အတိုင်းဘဲ . လူတွေဟာ တယောက်ကို တယောက်က အသုံးချနေကြတာလဲ မဟုတ်လား ။ ကြံ့ဖွံ့မှာ တဗိုလ်ကျရင် တဗိုလ်တက်ဘို. အသင့်ရှိ တယ် ၊ ဒီမိုကရေစီအဖွဲ.ယချက်မှာ ဘယ်သူတက်မလဲ နိုင်ငံမှာ ဦးအောင်ဇေယျ ( အလောင်ဘုရား) လို လူ တယောက် ပေါ်ဘို.လို နေတယ် ၊ ဦးရာကျော် (သုပန္နက ဂဠုနရာဇာ) တယောက် ပေါ်ခဲ့ရင်လဲ ၀ဲ(လ) ကမ်းဘဲ ။ြ့ပည်သူတွေ အနေနဲ့
ဘယ်လိုခံယူတယ် ဆိုတာပေါ်မှာ မူတည်မယ် ။ ထီးလို မင်းလို ဆိုတာ ကြားဘူးမှာပေါ့ ။
မိသားစုစိတ်ဓါတ် ရှိသူတွေကို မိသားစုစိတ်နဲ့ ကြိုဆိုရမှာပေါ့ ၊ ဟုတ်ပါတယ် ၊ ဒါပေမဲ့ မားစီးတွေ ၊ ပါဒန်တွေ၊ အမ်နက်စတီးတွေက များလွန်းတော့ လူမလေး ခွေးမခန်. ၊ ကိုယ်မွေးတဲ့ မျောက်က ကိုယ် ပြန်ချောက် တာ ခံနေရတယ် ၊ ဘာကိုမှ ပြီးပြီး ပြတ်ပြတ် မလုပ်နိင်ဘူး၊ လူနာကို မွေးထာြး့ပီး သူဌေးဖြစ် ကြံနေကြတဲ့ ဇီဝကတွေလို ဖြစ်နေတယ် ။
မြန်မာ့ အတွက်အချက်နဲ့ ပြောရရင် ၆၇ နှစ် ဆိုတာ အသက် တ၀က် ဘဲရှိပါသေးတယ် ၊ အသက်ကြီးပြီလို လဲ မဆို ငယ်တယ်လို. လဲ အပြောနိုင်ဘူး၊ ကွေးသောလက် မဆန်.ခင် ဆိုတာ ပြောရင်တော့ “နက်ဖြန် သို.မဟုတ် ဘယ်သောခါ” ပေါ့ ၊ မြန်မာပညာရှိတွေ အပြောအရ ကတောမြန်မာ့သက်တန်း နှစ် ၁၂၀ ရှိတယ်လို.သိရတယ် ၊ ဒါကြောင့် နိဗ္ပာန်
မဂ်ဖိုလ် ရက်တိုတိုနဲ့ ရောက်ပါရစေ ဆို တာဟာ ၊ လူဘ၀ ဒုက္ခ မခံနိင်လို. မြန်မြန် သေဘို. ဆုတောင်း/ ဆုပေးတာဘဲ လို. တချို.က အဓိပါယ်ကောက်ကြတယ် ။
ကိုရင်ကြီးကလဲ ၊ “ တိုင်းပြည်ထူထောင် များကျိုးအောင်မဲ့အချိန် အမြန်ဆုံးရောက်ပါစေ ” လို.ဆိုတော့ ၊ ဘာများလဲ လို. ကျုပ်က စဉ်းစားနေတာဗျ၊ တိုင်းပြည်ထူထောင်တာ တဦးတည်းတယောက်ထဲ လုပ်လို.ရတာမှ မဟုတ်တာ ခေါင်းဆောင်တိုင်းသိအပ်ပါတယ် လက်တွေ. လုပ်တဲ့အခါ ပြည်သူကို ဘယ်သူကဘယ်လောက် လက်တွဲ ခေါ်နိင်မလဲ ၊ ဆွဲဆောင်နိုင်မလဲ ။ မြန်မာဆိုတာ ဆိုခါမှသာဆို သူတိုက အရာရာကို အလကားရဘို.မျှော် လင့်နေကြတာလို. ပြောရရင် ၊ လွန်တာပေါ့လို. မဆိုနဲ.။ ရော့ ပတ္တမြား ရော.နဂါး ဆိုတာ သူတိုစကားဘဲ ၊ သူတို.က ပတ္တမြားပေးမှာလား နဂါးပေးမှာလားတော့ ကျုပ်လဲ မပြောတတ်
ဘူး ။ သူတိုကို ဘယ်သူက ဘယ်လို ။ ချူ ချ လိုက်တယ် ဆိုတာ သူတိုလဲ သိပုံမရပါဘူး . စကားပုံတွေ ပုံတိုပတ်စတွေ ပေါများလွန်းလို.သူတိုဟာသူတို. နွံနစ်နေကြတာ ။
တခုခုကတော့ ဖြစ်မှာပါ ကိုရင်ကြီးလဲ အကဲခတ် ညံ့တာမှ မဟုတ်ဘဲ၊ “ဘယ်သူဘယ်ဝါ မရှိရင် မဖြစ်ဘူး” ဆိုတာ အလကားစကား၊ လူတိုင်းဟာ လဘက်ထုတ် တတ်တယ် ၊ ဠင်းတ တိုင်းဟာ ဌက်တိုင်းလောက် လှသတဲ့ ။ ကိုယ် ထင်ရင် ကုတင် ရွှေနန်း တဲ့။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ၊ သဘောတူသည်ဖြစ်စေ သဘောမတူသည်
ဖြစ်စေ။ ဒီနေ. မြန်မာနိင်ငံက လွတ်တော်မှာ ပါတီစုံရှိနေတယ် . အစိုးရဟာအဖွဲ.၊၀န်ကြီးအဖွဲ.ထဲ မှာ ပါတီစုံပါတယ်လို.တော့ မကြားမိဘူး ။ ကြံ့ဖွံ. ဟာ အကြီးဆုံးပါတီဖြစ်တာ မို. သူတို. လူတွေဘဲ ပါဘို.များတယ် ။
ဖြစ်စေခြင်တာက ဖြစ်သင့်ဖြစ်ထိုက်တာက. သက်ဆိုင်ရာဝန်ကြီးဌာနတွေက တာဝန်ခံတွေ၊ ၀န်ကြီးတွေဟာ သူတို. လုပ်ငန်း တာဝန်တွေကို ဘယ်လောကိ တတ်သိနားလည် ကြသလဲ ကျွမ်းကျင်ကြသလဲ ? ဆိုလိုတာက လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဟာ လယ်ယာစိုက်ပျိုး ရေးန.ဲလယ်ယာကိုင်ကျွန်းအကြောင်း ပါတ်သက်ပြီး ဘာတွေ သင်ကြား လေ့လာထားသလဲ ၊ ဆည်မြောင်းဌာန ၀န်ကြီးဟာ မြောင်းဘယ်နြှေံမာင်း၊ ဆည် ဘယ်နှဆည် ဖေါက်ဘူး ဆောက်
ဘူးသလဲ ၊ ငါး ဖမ်းလုပ်ငန်းဆိုင်ရာဝန်ကြီးဟာ ရေ ချို ငါး ၊ ရေငံငါး.တွေရဲ. သဘာဝတွေ ၊ ငါးပုဇွန် မွေးမြူုရေးတွေကို နားလည် ကျွမ်းကျင်ရဲ.လား အစရှိသည်တို.ပေါ့ ၊ ပြောရအုံးမလား
စာရှည်သွားရုံဘဲ ရှိမယ် ။
ဒီနေ.အခြေအနေတွေကို သိပ်တော ဘ၀င်မကျဘူး ကိုရင်ကြီးရဲ့ ဥပမာ ဆိုရရင် သစ်ဝလံ ပေါပါတယ် ဆိုတဲ့ မြန်မာနိုင်ငံမှာ ကိုယ်ဟာကို သစ်သီးရည် အလျှံပါယ် ထုတ်လုပ် တင်ပိုဘို. မကြိုးစားဘဲ ၊ ကိုကာကိုလာမှ၊ ပက်စီကိုလာမှ တင်သွင်း သောက်ရမှ အရသာရှိနေကြတာ
ကတော. လူ.အခွင်.အရေးအတိုင်းဘဲ ပေါ.နော် ။ သူအများတွေ သူတို.စီးပွားသူတို.ကာကွယ်
်ကြတုန်း ကိုယ်က လူ.အခ်ွင့အရေးအရ ကိုလာလေး ပက်စီလေးသာက်တာဘာဖြစ်သွားမှာမို.
လဲ ။ ခေတ်မီသူတိုင်း စတားဘတ်( ခ) မှာကော်ဖီ သောက်သည် တဲ့ လား။
သဘောထားသေး တာ အမြင်ကျဉ်းမြောင်းတာလို.များပြော အုံးမလား။
တချိန်က ကမ္ဘာမှာ မြန်မာ မပါလို.ရတယ် မြန်မာမှာ ကမ္ဘာမပါ လို.လဲ ရတယ် ဆိုတာတွေ ဟာ၊ သေသေချာချာစဉ်းစားလိုက်တော့ မြန်မာနိုငံက ထုတ်လုပ်ပြီး နိုင်ငံခြားကို တင်ပို ရောင်းချနိုင်တဲ့ ထုတ်ကုန်ပစ္စည်း ဘာတွေများရှိပါ့ မလဲ။ မြန်မာနိုင်ငံက တင်သွင်းရ မှာ ဘာတွေများလဲ။ သွင်းကုန် ထုတ်ကုန်မျှတအောင် ကုန်သွယ်မှု မျှတအောင်ဘာတွေ လုပ်ဘို.လိုမလဲ ? မလုပ်နိုငရင် ဘယ်မှာမှ ပါစရာမလို ပါနိုင်မယ် မဟုတ်။
အခေုတောင် စီးပွားရေးအရထက် နိုင်ငံရေးအရ မဟာဗြုဟာ တရပ်အနေနဲ အကြောင်းမရှိ အကြောင်းရှာ ကချင်ပြည်နယ်မှာ နျွှစ် ၇၀ ကြာမှ မြေလှန် မြေတူး တယ်ဆိုတာ တိုက်ဆိုင်
လွန်းတာတွေကတော. သိဘို.ကောင်းတယ် ။
နောက်မှဘဲ အလျှင်းသင့်သလို. ပြောကြ အုံး စို. ၊ ပျော်ပျော် ပါးပါးပေါ့ ။
မှန်ပါတယ် အဖြေရှာရင် မယေယျာတာတွေ အများကြီးတွေ.ရမယ် ၊
သောင်းခြောက်ထောင်သော ပြသနာတွေကို သောင်းခြောက် ထောင် သော မတထောင်တို.ရဲ့သား သမီးတွေက ဖန်တီးခဲ့ကြတာလဲ ဖြစ်ပါတယ် ၊ လွယ်လွယ်ပြောကြတဲ့ အူမ မတောင့် လို. သီလ မစောင့်နိုင်ကြ လို. ဘဲ ဆိုတာဟာ ရိုးနေပြီ ၊ စကားအရာ အားဖြင့် ပြောသာပြော
နေရတယ် သိပ်တော့ အဓိပါယ်ရှိမယ် မဟုတ်ဘူး။ သီလကို အရင်စောင့် မလား ၊ နောက်မှ စောင့်မလားဆိုတာ ကိုယ့်အခြေအနေနဲ့ ကိုယ်ပေါ့ ၊ ကျုပ်တို. ဗုဒ္ဒဘာသာတွေလေ ။ မမေ.ကောင်းပါဘူး ။
မမေ့ခင် ကြားဖြတ်ပြောလိုက်မယ် ဒီနေ. ပါလီမန်ဟာ သက်တန်း ၃ နှစ်ဘဲ ရှိပါသေးတယ် ၊ အမတ်တွေအားလုံး ကုလားကါ ပင့်လိုက်လို. သာ ကမန်းကတန်းထွက်လာကြတယ် ၊ သူတို.ကိုယ် သူတို.တောင် ဘာကောင်တွေမှန်းသိကြတာမဟုတ်ဘူး ။ သူတိုဟာ ဗဟုသူတ အတွေ.အကြုံရှိကြသူတွေ မဟုတ်ပါဘူး ။ ၀ါးလုံးခေါင်ထဲမှာ လ သာနေကြသူတွေ ဆိုရင်
မှန်ပါလိမ့်.မယ် ၊ သူတို.ဆီက ဘာတွေများမျှော်လင့် နေသလဲ ကိုရင်ကြီးရဲ့၊ မျှော်သူသာ
မောရ မယ် လို.သတိပေးပါရစေ ။ ဒီကြားထဲ ဆိုင်းသံ ဘုံသံ ကြေးစည်သံ ကြားရင် အူ သူတွေကလဲ ရှိသေး တယ် ၊ သူတို.ဟာသူတို.တောင် ဘာ ကောင်ဆိုတာတော့ သိဘို.ကောင်းတာပေါ့ ။
တခုတောရှိပါတယ် . ဖီး(လ) ၀ပ်(ခ) ဆိုတာဈ လုပ်ရင်းသင် သင်ရင်း လုပ် ရတာမျိုးပါ ၊ သဘောတရား စာတွေ.တွေကနေ လက်တွေလုပ်ရတဲ့ အါချိန်မှာ စာထဲ မပါတာတွေ စာထဲ
က အတိုင်း မဟုတ်တာတွေလဲ တွေ နိုင်ပါတယ် ၊ အဲဒီအချိန် မှာ ကိုယ် ဦးနှောက် ကိုယ် လွှာသုံးဘို. အသိဥာဏ် ဟာ အရေးကြီး ဂဏ္ဍက ပါဝင်ရမှာပါ ။
ရေကြည် မြက်နုရာ ဆိုနဲ့ စကားနဲ့ကြည့်ရင် မြန်မာနိုင်ငံဟာ ကြည် လိုက်သမျှ ရေ ၊ နုလိုက်သမျှ မြက် လို. ပြောခြင်တယ်၊ ရှေးဘ၀ ပါရမီ ကြောင့် ရတနာ ၃ ပါးပေး လို.ရတဲ့ ဆုလပ်တွေပေါ. ဗျာ၊ ကုဋေ ၈၀ ကြွယ်တဲ့ သူဌေးသားလို မြန်မာတွေ သေရင် အသုဘ ချစရာ ဘာမှ မရှိလို.၊ သရဏဂုဏ်တောင်မတင်နိုင်၊ ကောင်သေ ကို ဠင်းတ စားသွားရတယ် ။ ရေကြည်ပြီး မြက်နုလှတဲ့ ကျုပ်တို.ရဲ့ မြန်မာနိင်ငံကို လိုခြင်သူတွေ ပေါလှပါတယ် ။ ဘယ်လိုနည်းနဲ့ဘဲ ရရလိုခြင် ကြပါတယ်ဆိုတာ ယုံတော့ ။
မြန်မာနိုင်ငံဟာ ပစ္စည်းသယံဇါတ ပေါများတာမှန်ပေမဲ့ လူ သယံဇါတ အင်မတန်နဲပါတယ် ။ လုပ်တတ် ကိုင်တတ်သူ မရှိဘူးလို.ဆိုလိုတာပါ။ မြန်မာတွေံဟာ သဘာဝဓမ္မ ဆရာတွေ ။ အလေ.ကျပေါက် သစ်ပင်က သစ်သီးကိုခူးစားမယ် ၊ သစ်ကိုင်းကို ချိုးပြီး ထင်းအဖြစ် မီးထိုးမယ် ။ မြက်သီး မြက်ဥတွေ တူးစားမယ် ၊ မြစ်ချောင်းကမ်းပါး ကို မပြုပြင် ၊ မြေပြိုရင် ချောင်းပြိုရင် လယ်မြေ ယာမြေတွေပေါ်ရေ.ွှပြီး အိမ်ဆောက် မယ် ၊ အိမ်သာ ဆောက်မယ် ။ ဒါတွေကတော့ အနဲဆုံးပါ ပြောရင် မဆုံးပါဘူး။
ဒီလိုလူတွေကို ပညာပေးဘို အစီအစဉ်တွေကို လုံလောက် အောင် စီစဉ်ရမယ် ၊. ကျုပ်ပြောတဲ့ ထဲမှာပြည်သူလုထုကို ပညာပေးဘို. လက်တွဲ ခေါ်ဘို. ပြည်သူနဲ အစိုးရတို.အချိတ်အဆက် ရှိဘို.လိုတာတွေ ပါ ပါတယ် ။ အစိုးရ တခုထဲ က ဖြေရှင်းနိုင်ဘို. မဖြစ်နိုင်
ပါဘူး ၊ လူထုအားကို အများကြီးလိုပါတယ်လို. ၊ သာသာနဲ.လဲပြောခဲ့တယ် နာနာနဲ့လဲ ပြော
ခဲ့တယ်။
ကိုယ့်ပေါင်ကို လှန်ထောင်းရတာ အင်မတန်နာပါတယ် ၊ မြင်သူကလဲ ရှုစိမ်.လိမ်မယ်မဟုတ်ဘူး၊ ကိုယ့်ကိုတောင် ပစ်တင်ရှူံချလိမ့် အုံးမယ် ။ သိပါတယ်လေ ဒါပေမဲ့ ရှေ.မျက်နှာနောက်ထားပြီးပြောရမှာဘဲ ကောင်းစေခြင်လို.ပါ။ မပြင်မချင်းပြောရမှာဘဲ ပြေ ရုံကလွဲပြီး ဘာမှ ကိုယ်ထိ လက်ရောက် မလုပ်နိင်တာ ကိုတော့ ၀မ်းနဲမိတယ်၊ ယူကြုံးမရဖြစ်
မိတယ် ၊ ရင်ထုမနာဖြစ်ရတယ် အားမလိုအားမရ တွေ ဖြစ်ပါတယ်၊ ကြိတ်မနိုင်ခဲမရ နဲ့မျိုးသိပ်
မရလို အံ ထွက်လာတယ် လိုဘဲ ပြောရမလား ၊ တဖက်ကလဲ ၀မ်းသာတယ် တပ်ပျက်မှာ ဗိုလ်လုပ်ရမှာ သိပ်တော့ မဟန်ဘူး ၊ ဒီမိုကရေစီမှာ ကျုပ် သာ စတေးခံရဘို.များတယ်၊ မှန်တာ မှားတာနဲ့ အဆိုင်ဘူး ။
တချို.ယုံကြည်သလို ကမ္ဘာဟာ ဘုရားသခင်ဆိုတာက ၇ ရက်နဲ ဖန်ဆင်းခဲ့ တာ ဖြစ်ကောင်း
ဖြစ် လိမ့်မယ်၊ ဒါပေမဲ့ သူဖန်ဆင်းတုန်းက လူ ၂ ယောက် ထဲပါ ။ ဖန်ဆင်းတဲ့အချိန်ကစပြီးလဲ သူ.စကားနားမထောင်လို. ပြသနာတွေပေါ်ခဲ့တာဘဲ နောက်ဆုံး ဘုရားသခင် ကတောင် လက် မြောက်သွားရတာလို.ပြောရရင် မှန်တာကိုပြာတာလို.လဲ လက်ခံပါ ၊ ဘယ်ဘုရားပြော
စကားကိုမှ ဘယ်သူမှ နားမထောင်ရင် လူတွေဟာ သမိုင်း မှတ်တမ်းတင်ကာလမတိုင်မီနဲ. အခု ကါလ ဘာမှ မခြားပါဘူး ။ မြန်မာတွေကို သိကြားလဲ လက်မြောက်တယ် ၊ သူတို.အတွက် ဘယ်ဘုရားမှလဲ ကောင်းပုံမရှိဘူး၊ နောက် ဘုရားလဲ မပွင့် သေးဘူး။
မြန်မာတွေအတွက် မြန်မာခေါင်းဆောင်တွေ ဘယ်ခေါင်းဆောင်မှ ကောင်းတာမရှိဘူး ၊ ခေါင်းဆောင်တွေမကောင်းလို.သာ မြန်မာတွေ ဒီလို ဖြစ်ရတာလို.ယုံအောင် သူတို.ကိုပြော
ထားသူတွေက ပြောထားတယ် ။၊ မြန်မာတွေ(လူတွေ) မကောင်းလို.မဟုတ်ဘူး ၊ အသစ်မှ
ကောင်းတယ် ထင်တဲ့ မြန်မာတွေ ၊ ကောင်းလဲ ခဏဘဲဆိုတာ ခေါင်းဆောင်လုပ် ခြင်ရင်သူ
တွေသိရမယ် ၊ ခေါင်းဆောင်လုပ်ခြင်ရင် ဖျာလိပ် လိပ်ထား၊ သေတ္တာရှည် ၀ယ်ထား ။
တိမ်မှန်ရင် အဖျား အနားမှာ ငွေယောင် သန်းမြဲ ဆိုတဲ့ စကားအရ မျှော်လင့်ချက်ရောင်ခြည် ဟာ အမြဲဘဲ ရှိနေပါတယ် လို ယုံကြည်နေရ ပါတယ် ။ လမ်းဆုံးရင်ရွာ တွေ.မယ်လို.လဲ မြန်မာမှူမှာ ဆိုပါတယ် ။ မြန်မာနိုင်ငံ မြန်မာလူမျိုးအားလုံးဟာ ဒီမျှော်လင့်ချက်ရောင်ခြည်ကို တုန်းခုလိုလှမ်းရင် ၊ မမီတဲ့ ပန်းဟာလောကမှာ မရှိသေး မောင်တွေး ကြံယူခါ တံကျူနဲ့ ချူရင် အလွယ်တကူပါလို. ကိုအံ့ကြီးကတဆင့် မြို.မငြိမ်း ကပြောထားပါတယ် ၊ လမ်းဆုံးထိ ကိုယ်ဟာကိုယ် မလျှောက်ရင် လဲ ရွာဆိုတာတွေ.လိမ်.မယ် မဟုတ်ဘူးပေါ့။
သဘောတရား ပြောစကားတွေနဲ့ ပြည့်နေတဲ့ နွံအိုင်က ရုန်းထွက်ဘို.ကျုပ်တို.မြန်မာတွေ ကိုယ်တိုင် ကြိုးပန်းရမယ် ။ ပေါ်လာ စရာရှိတဲ့ စိတ်ဆင်ရိုင်းကို ပညာချွန်း အုပ်ဘို. လိုနေတယ် ချွန်းနဲ့အုပ်ရမယ် ဆိုရင် ။ ကျွမ်းကျင်တဲ့ ဆင်ဦးစီးလဲ လိုလိမ့်မယ် ။ ဥာဏဗလ ၊ စာရိတ္တဗလ ပြည့်စုံရင် ကျန်တဲ့ ဗလတွေကို စုစည်း ထိမ်းသိမ်းနိုင်မယ်ဆိုတာ ပြောဘို. လိုမယ် မထင်ပါဘူး။
လုံမလေးဘဲ ဖြစ်စေ. ကိုသိန်းစိန်ဘဲဖြစ်စေ တခြားသူ တယောက်ယောက်ဘဲ ဖြစ်စေ ၊ ချွန်ူးမပါဘဲ ဒီဆင်ရိုင်းတွေကိုမထိမ်းနိုင်ပါဘူး၊ဆင်ယဉ် တောင် မကြာခဏ ရိုင်းစိတ်ပြန်ဝင်လို.အဆုံးစီရင် လိုက်ရတာတွေ ကြားဘူးမှာပေါ့ ။ ရိုင်းစိတ်ဝင်လာနဲ့ ဆင်ဟာ လူနဲ.ပါတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်လာမှာ မို. မလုပ်မဖြစ် လုပ်လိုက်ရတာဘဲ မုန်းလို.ဟုတ်ဘူး ။
အုပ်ချုပ် ရမဲ့သူတွေကို အအုပ်ချုပ်ခံရမဲ.သူတွေက တာဝန်ပေးတာဟာ ဘာကြောင့်လဲ ? သူတို.ဘာမှ မလုပ်ခြင်လို. တရားခံရှာတာ မဖြစ်နိုင်ဘူးလား? အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံသူတို.ကြား အသိစိတ် ပညာအရည်အချင်းဟာ သိပ်ကွာနေလိုလဲ မဖြစ်ဘူး လို.မြင်တယ် ။ ၂ ဦးစလုံးကတော စာရိတ္တ ခိုင်ကြရမယ် ။
ကိုရင်ကြီးပြောတဲ့ “ စဉ်းစားတွေးခေါ်ဆုံးဖြတ်” နိုင်မှုဟာ၊ ဥာဏဗလ စာရိတ္တဗလ တို.နဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ် လို.ပြောခြင်တယ် ။ မနေ.က ပြောသလို မင်းတို.လဲ လွတ်လွတ်လပ်လပ် လုပ်ခြင်တာလုပ် - ငါတို.လဲ လူပ်ခြင်တာလုပ်ဆိုတဲ့ လွတ်လပ်မှုမျိုးကို
တော့ အားမကျ မိတာအမှန်ဘဲ ။ ဒီထဲက မြန်မာနိုင်ငံကို ဘယ်သူပိုင်သလဲ ဆိုတဲ့ မေးခွန်း အရ မြန်မာတွေ လုပ်ခြင်တိုင်း လုပ်လို.မရတာတွေရှိနေတယ် ဆိုတာတော့ မမေ့အပ်ဘူး ၊ လုပ်ခြင်တိုင်းလုပ်ရင် ဖြစ်ခြင်တိုင်းဖြစ်ကုန်လိမ့်မယ် ကောင်းကျိုးထက် ဆိုးကျိုးက များတဲ့ သာဓကတွေ အများ ကြီးရှိတယ် ။
ဥာဏဗလ ၊ စာရိတ္တဗလ ပြည်စုံ.ဘို. အားသွန် ခွန်စိုက် တတပ် တအားဆောင်ရွက်ကြရမယ် ဆိုတာ ရှင်းရှင်းလေးဘဲ ၊ ဒီဗလ တွေ နဲ့ ပြည်စုံတဲ့ မြန်မာတွေဟာ ဘယ်သူကို ခေါင်းဆောင
်ဘဲ တင်တင် သူတိုကိုယ်တိုင်ဘာလုပ်ကြရမယ် ဘာတာဝန်တွေ ယူကြရမယ်ဆိုတာ သူတို
အသိစိတ်နဲ့သူတို သိကြပါလိမ့် လုပ်ကြပါလိမ့်မယ် ၊ ခိုင်းဘို.တောင် လိုမယ် မထင်ပါဘူး ။ အဆိုရှိတဲ့ ပြသနာတွေ လျှော့ပါးလာနိုင် ပါတယ် ။ နှစ် ၂၀ လောက်နဲ ဖြစ်အောင် မလုပ်နိုင်
ရင် နှစ် ၂၀၀ ပေါ့ဗျာ ၊ နှစ် ၂၀၀ ဆိုတာ ဖင်လှဲ.ခေါင်းလှဲ.နဲခဏလေးပါ ။
“နိုင်ငံကို ဘယ်လိုထူထောင်ကြမလဲ အဖျက်တွေအနှောင့်တွေကိုဘယ်လိုဖယ်ရှားကြမလဲ” တဲ့ ကိုရင်ကြီးက ဘယ်လို လုပ်ခြင်တယ် ဆိုတာ ပြောလေ ၊ ငါသာဆို ဘယ်လိုလုပ်မယ်ဆိုတဲ့
စိတ်ကူးလေးတော့ ရှိမှာပေါ့ ။ ၀ိုင်းပြီး စဉ်းစားကြတာပေါ့ ကိုယ်.မေးခွန်းဟာ ကိုယ့်ဟာကိုယ် တော့ အဖြေရှိမှာပေါ့။ အဖြေမရှိရင် မေးခွန်း ထုတ်လို. မရပါဘူး လို. လူကြီးတွေ ပြောဘူးပါ
တယ် ၊၊
သူများကို ကြိုးချည်တာ ၊ အထူးသဖြင် ကြိုချည် ကြိုးစွဲခံရတဲ့ အစိုးရတွေ ခေါင်းဆောင်တွေ ကိုယ့်အမေ့လင် ၊ ကိုယ့် ဖအေ ရင်းဘဲ ဖြစ်စေ မကြိုက်ဘူး။ ပညာစမ်းတာလဲ မကြိက်ဘူး ၊ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဆိုတဲ့ မြန်မာစကားရဲ့ အနှစ်သာရ က တိုင်ပင်ဆွေးနွေးဘို.ဘဲ လို ယုံကြည်ထားတယ် ။ နိုင်ငံတော် တိုးတက်ဖွံဖြိုးရေးအတွက် ကိုယ်မှာအကြံဥာဏ်ကောင်း
တွေများရှိရင် ရိုးသားစွာ ကိုယ်ကျိုးမငဲ့ဘဲ တင်ပြ သင့်တယ် ။ နင်တို.တတ်ရင် နင်တို.လုပ်ကြ
ငါက ဘာလို. နင်တို.ကို သင်ပေးရမှာလဲ ဆိုတာ ကတော့ တကိုယ်ကောင်း ဆန်လွန်းတယ် လို. ဆိုခြင်တယ် ။
ကိုရင်ကြီးနဲ့ ကျုပ်တို.ရဲ ဆွေးနွေးမှုကို စိတ်ဝင်စားသူတွေ ရှိနေတယ် ဆိုတာ သတိထားမိ
မှာပေါ့။ သူတို. သဘောထားတွေ ဘယ်လိုဘဲ ရှိရှိ သူတို.ကိုလဲ လေးစားရမယ် ဒါဟာအရေး
ကြီး တယ် ၊
ဒီနေ.မြန်မာနိုင်ငံဟာ ယေဘုံယျအားဖြင့် အေးဆေးနေတယ်၊ ၃ ပွင့်ဆိုင်ကြိုးပန်းမှု လို. ဆိုရင် မမှားဘူး၊ ဘယ်သူမှလဲ မဏ္ဍပ်တိုင်ဖက် တက်ပြစရာမလိုဘူး ။ ၄ ပွင့်ဆိုင်ဆိုရင် သာပြီးကောင်းမှာ ပေါ့ ။ အရိုးမျာတယ် ချီးခါးတယ် မလုပ်ဘဲ ရတာကို အမြတ်လို.ဘဲ တွက်ရမယ် ။ စကားနာထိုး စကားရည် လုနေစရာမလိုပါဘူး။
ဒီနေ.လုံမလေးနဲ့ သိန်းစိန်၊ နောက်နေ့ ဘယ်သူတွေ ပေါ်လာမယ် မသိဘူး။ ပုဂိုလ် ကိုးကွယ်မှူတွေ မရှိသင့် တော့ဘူးလို ထင်တယ် ၊ နိုင်ငံနဲ့ လူမျိုးတို.အတွက် ပေါ်လစီတွေ ဟာ အဓိကဖြစ်သင့်တယ် ၊ မစ္စစ်အဲရစ်ဟာ မစ္စစ်အဲရစ်ဘဲ . သူကို ကြိုက်သူရှိသလို မကြိုက်သူလဲ ရှိတယ် ဆိုတာလက်ခံရမယ် ၊ ကိုသိန်းစိန်ကိုလဲ ဒီအတိုင်းဘဲ ။ သူတို.နေရာကို ကိုယ်ရောက်တဲ့ အခါ ကိုယ်လုပ်ခြင်တာလုပ် ၊ ကိုယ့်ကိုလဲ ကြိုက်သူ ရှိမယ် မကြိုက်သူရှိမယ် ၊ မမုန်းရင်ကံကောင်း ။ အခုချိန်မှာကိုယ်ဟာ လွတ်လပ်စွာ အကြံဥာဏ်
ပေးနိုင်တယ် ဘယ်သူကမှ ကိုယ့်ကို ကြိုး ချည် မထားဘူးဆိုတာကိုဘဲ ၀မ်းသာ ။
သူများနောက်လိုက်ရင် ကိုယ့်ကိုကိုယ် နဖါးကြိုး တတ်တာဘဲ လို.သာမှတ်လိုက်တော့ ၊ ကိုယ့်အမြင် ကိုသာ ပြောပြတာပါ ၊ လူမှန်ရင် လူတိုင်းမှာ လူ.အခွင်အရေး ရှိပြီးသားဘဲ ။
ပျော် ပျော် ပါး ပါးပေါ့ ။
ဒီမိုကရေစီဟာ ငယ်မွေးခြံပေါက် မဟုတ်ပါဘူး၊ ပြည်တွင်းထွက်ပစ္စည်းမဟုတ်ပါဘူး၊ ဖေါ်ရင်းမေ့(ဒ်) ဖြစ်ပါတယ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ၁၉၄၈ ခုထဲကတကြိမ် အခုတကြိမ် အဓမ္မ သွတ်သွင်းခံရတယ် ၊ ဖရန်ချိုင့်(စ) နဲ. ဖေါက်ကားခ လိုင်စင်ခ ပေးဆောင် နေရတာ
ဆိုရင် မှန်သောစကား လို. ဆိုမလားဘဲ ။ (ဒီမိုကရက်တစ်) မြန်မာ နိုင်ငံဟာ သွေးနု သားနု မီးဖွားပြီးစ မီးနေသယ် နဲ့ နာရီပိုင်းဘဲ ရှိနေသေးတဲ့ လူမမယ် ခလေး လန်.ဖြန်.သွားရင် ဆူံးရှုံးရမှာကို သတိထားရမယ်၊ မီးနေသယ် သွေးတက် ၊ သွေးလေ ခြောက်ခြား သွားနိုင်
တယ် ၊ ကလေးရော လူကြီးပါ ဒုက္ခ အကြီး အကျယ် တွေ. နိုင်တယ် ဆိုတာကိုတော့ အားလုံး သတိထားရလိမ့်မယ် ။
အပြောကျယ်လှ တဲ့ ကိစ္စများမြောင် လူတို.ဘောင်မှာ လူတွေမလုပ်နိုင်တာမရှိဘူး မလုပ်ရသေးတာသာရှိတယ် ဆိုတဲ့ စကားအရ ။ လွယ်တာ ခက်တာရှိကောင်းရှိမယ်။ လုပ်သင့်တာ မလုပ်သင့်တာရှိကောင်းရှိမယ် ၊်သင်.တာက်ူလုပ် မလုပ်သင့်တာကိုမလုပ်မိဘို.အရေးကြီးတယ် ၊ လူဒါကြောင့် ပညာရှိသူ တွေက လူတွေကို အလျှင်းသင့်သလို လိုအပ်တာ
တွေ သွန်သင်ခဲ့ကြပါတယ်၊ နားလည်တာ မလယ်တာနားထောင်တာ မထောင်တာ သူတို.
အလုပ်မဟုတ် ဘူး သူတိုကတော ပြောသင့်တာပြောခဲ့တာဘဲ။ နားမထောင်တာ ထောင်တာ ကျုပ် တို.အလုပ်လိုက်နာတာမနာတာ ကျုပ်တို.အလုပ် ။ အားလုံးကိုသာ အားလုံးက တပြေးညီ နားထောင်ခဲ့ကြရင်ကျုပ်တို. ကိုရင်ကြီးတို.ပြောစရာ စကား တောင် ရှိတော့မယ် မဟုတ်ဘူး၊ ညီညွတ်ရေးတို.ဘာတို.ဆိုတာ ပြောစရာဘယ်လိုတော့မလဲ၊
စကားတွေက များလှပြီလေ နားတွေပူ မီးတွေတောက်ကုန်ပြီ။ ဘာတွေဘဲ ပြောခဲ့ ပြောခဲ့ လက်တွေ.မကျတဲ့ သဘော တရားသငက်သက်တွေတော့ မဟုတ်ပါဘူး သူတိုအတွေ.အကြုံနဲ့သူတို.ကိုယ်ထိလက်တွေ ဖြစ်ခဲ့တာတွေကိုနောင်လာ နောင်သားများဖြစ်တဲ့ ကျုပ်တို.အတွက်ရှောင်နိုင်/ဆောင်နိုင်အောင် မှာစကား အဖြစ် ထားခဲ့ကြတာဆိုတော့ ကျုပ်တို. ကလက်တွေ.ကိုယ်တွေ.လိုက်နာကျင့်ဆောင်ဘို.တာဝန်ဘဲ၊ ဒီထဲမှာ ဂေါတမ ဗုဒ္ဒဟောစကား
လေး ဖြစ်တဲ့ မဉ္ဖိမပဋိပထာ လေး ဖြူးလိုက်ရင် ၊ ကိုရင်ကြီး ပြောတဲ့ အားလုံးအစဉ်ပြေသွားကြ
မှာပါ၊ ကောင်းသွားကြမှာပါ ဆိုတာကို မျှော်လင့်နိုင်မယ် ။
အမေရိကန်ပြည်ထောင်စုက ဘိုးအေကြီးတွေ ရဲ့ တွေးခေါ်မျော်မြင်ရေးသဘောထားတွေ ကိုအကောင်အထည်ဖေါ်ရာ မှာ စာတွေ မှတ်တမ်းတွေအရသိရှိခဲ့ရပေမဲ့ အခု ဒီနေ.အမေရိကန်ပြည်ထောင်စု သူ.ကိုယ်သူက လွဲလိုယ ဘယ်သူမှ တရားမျှတမှု မရှိသလို ကမ္ဘာလှည့်ပြီး ပြောဆို ပြုမူဆောင်ရွက်နေတာတွေကို ကျုပ် မကြာခဏထောက်ပြခဲ့ တယ် ။ မြင်ခြင်တဲ့ ဘက်ကသာ မြင်ကြပေတော. ။ ပွင့်ပွင့်နဲ့ ဒဲ့ဒိုးပြောရမယ်ဆိုရင် အခု ၂၁ ရာစုမှာ
တောင် ဒီလိုလုပ် နေသေးရင် ပြီးခဲ့တဲ့ ၁၇ ရာစုက ဘာတွေ ဘယ်လောက်လုပ်ခဲ့တယ်
ဆိုတာကို သမိုင်းမှတ်တမ်းတင်ထားတာ နဲသေး တယ် ထင်တယ်၊ ။ ကိုယ်မြင်ခြင်တာမြင် ကိုယ်ထင်ခြင်တာထင်လို.ရပါတယ်။ ယဉ်ကျေးမှု မတိုးတက်သေးတဲ့ အချိန် ကာလက အဖြစ်
တွေပါလို.လဲ့ ဆင်ခြေတက်နိုင်တယ် ။ ၂၁ ရာစု လုပ်ရပ်တွေဟာ ယဉ်ကျေးတဲ့ တိုးတက်တဲ့ လူတွေရဲ. လုပ်ရပ် တွေလို. မျက်စေ့ စုံမှိတ်ပြီး လက်ခံရတော့ မယ်ပေါ့ ။ သြစတွေလီးယား နိုင်ငံမျာလည်းဌာနေတိုင်းရင်းသား အဲဘရင်ဂျင်းနီး တွေဟာ ခေါင်းမထောင်နိုင်ပါဘူး၊ အရက်ကြိုက် တတ်လွန်းလို.ထင်ပါရဲ့.။
စကားစပ်လို.ပြောရရင် ၊ ကိုယ်နဲ့ မဆိုင်တာ ပြောရတာတော့မကောင်းပါဘူး၊ သူတို.ကိစ္စနဲ့သူတိုပေါ့၊ ကျုပ်တို.ကိစ္စဟာ ကျုပ်တို.ကိစ္စဘဲ မဟုတ်လား၊ ယဉ်ကျေးသူတွေဟာ ဒီလိုဘဲ စည်းခြားထားပါတယ် ။ လောကကြီးတခုလုံးဟာ ကိုယ်နဲ့ ဆိုင်ပါတယ်၊ ကိုယ်ဝင်စွက်စရာမလိုဘူး၊ သင်္ခဏ်းစာ ယူနိုင်စရာတွေ အများကြီးပါ ၊ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာ ကို လုံးဝ သဘောပေါက် လက်ခံဘို.လိုပါတယ် ။
မှန်ပါတယ် ကောင်းတာ ရှိသလို မကောင်းတာလဲ ရှိတယ် ၊ ကောင်းတာ မကောင်းတာတွေ ဘေးချိတ် ။ လုပ်သလို မဖြစ်ရင် ဖြစ်သလိုလုပ် ။ ဒီလိုလုပ်မှ ဖြစ်မယ်ဆိုရင် ဒီလိုဘဲ လုပ်ရလိမ့်မယ် ။ ဆေးခါးကြီး သောက်ရသလိုပေါ့ဗျာ ။ သောက်ခြင်ရင်လဲသောက်၊ မသောက်ခြင်လဲသောက်ဘဲ ၊ သောက်ဘို.လိုရင် သောက်ရလိမ့်မယ်လို.ပြောရင် ပိုမှန် လိမ့်မယ်။ “ ပြတ်သားတဲ့ လုပ်ဆောင်မှုများ ” လို.ဘဲ ဆိုကြပါစို.၊ ဒါးထက်ထက်နဲ့ ခုတ်ရင် လူဆန်တယ်၊ ဒါးတုံးနဲ့ လှီးရင်လူမဆန်ဘူး ၊ ညှင်းပန်းရာရောက်တယ်။ ဒါးနဲ.တော့ဒါးနဲ.ဘဲ ခုတ်တာနဲ.လှီးတာ အသုံးအနှုန်း ကွဲပြားတယ် အဓိပါယ် ကွာတယ်။ ဘာကြေုာင်.လဲ ဆိုတော လူတိုင်းဟာ ကိုယ် အဘိဓာန်စာအုပ်နဲ့ကိုယ်လာပြီး ကိုယ်အဓိပါယ် ကိုယ်ဖွဲ.ဆို နေကြလို.ဘဲ ။ စကားဆိုတာ မဆုံးပါဘူး ကုန်တယ်လို.လဲ မရှိပါဘူး။ ထပ်ပြီးပြောရရင် ခေါင်းဆောင်ဆိုတာ လူထဲက လူပါဘဲ ။
မြန်မာနိုင်ငံတိုးတက်ရေးဟာ ပြည်သူလူထုကိုယ်တိုင် ဦးစွာ တိုးတက်ဖွံ.ဖြိုး ရပါလိမ့်မယ် ။ အဆိုရှိတဲ့စည်းကမ်းတွေရှိမှ လဲဖြစ်ပါလိမ့်မယ်။ အစားစည်းကမ်း၊ အ၀တ်စည်းကမ်း ၊အနေစည်းကမ်းဆိုတာတွေဟာ လူတွေကျန်းမာဘို.၊ ဦးနှောက် ဖွံ.ဖြိုးဘို.၊ ခန္ဒာကိုယ်
ထွားကြိုင်းသန်မာဘို.အထိ ရောက်တယ် ဆိုတာကို လူတွေ သိဘို.လိုပါတယ်။ အကောင်းအမြင် ပေါ့ဗျာ ၊ စည်းကမ်း ဆိုတာ လူတွေကို ချုပ်ချယ်တာဘဲ လို. အဆိုးမြင်တဲ့ သူကို ဘယ်လိုခေါ်ရင် ကောင်းမလဲ ။ အယူ လွဲပြီး သရဲ ဖြစ်နေသူလား ။ မိစ္ဆာဒိဌိ လားဘဲ ပေါ့ ၊ မြန်မာနိုင်ငံ တ၀ှမ်းနဲ.ကျုပ်တို.ပါတ်ဝန်းကျင်မှာ ဘယ် နှယောက် တောင် ရှိနေသလဲ ?
ခေါင်းဆောင်ဆိုတာတွေဟာ လူတွေက ခေါင်းဆောင်အဖြစ်ဘို.ရွေးလိုက်တဲ့ လူထဲက လူတွေပါ လို. ကျုပ် မကြာခဏပြောဘူးပါတယ် ဘယ်လိုအရည်အချင်းတွေကြောင့် ဘယ်လိုအရည်အချင်း ရှိသူတွေက သူတို. ကိုရွေးလိုက်တာ လဲ ? ဒါကြောင့် အောက်ခြေက စဘို.လိုပါတယ်။ မြန်မာ့ခေါင်းဆောင်တွေ ညီညွတ်ဘို.ရာ မြန်မာတွေ ညီညွတ်ရပါလိမ့်မယ် ၊ ညီညွတ်ရုံ.နဲ့ မပြီးပါဘူး။ ညီညွတ်ဘို.က အခြေခံ ယုံကြည်ချက်ခြင်းတူဘို.လိုပါတယ် ။ သဘောမတူတာရှိရင် မတူကြဘူးဆိုတဲ့ အချက်ကို သဘောတူကြတယ် ဆိုတာမှာရပ်ပြီး ၊ ပဋိုပက္ခထိ မရောက်အောင် ထိမ်းထားနိုင်ဘို. လိုပါတယ် ။
အကယ်တော လုံမလေး ဟာ တယောက်ထဲပါ ၊ သူ ဘာတွေဘဲ သိသိဘာတွေဘဲတတ်တတ်
အတွေအကြုံအများကြီး လိုနေသေးတာတွေ.ရတယ် ၊ သူနဲ.အတူ ရှိသူတွေဟာ သူ.လောက် သိခြင်မှ သိမယ် တတ်ခြင်မှတတ်မယ်၊ သူတို.အချင်းချင်းညှိယူဘို.လို လိမ်အုံးမယ် ဆိုတာလဲ
တွေ.နေရတယ် ၊
ဒီမိုကရေစီခေါင်းဆောင်ဆိုတော့လဲ ဒီမိုကရေစီကို မျက်ခြေပြတ်လို.လဲမဖြစ်ဘူး ဆိုတာ သူကောင်းကောင်းသိပုံရတယ် ။ သူပြောတဲ့ စကားတွေကိုလေ.လာရင် သူလဲ အနေရ အထိုင်ရ ကြပ်နေပုံ ဘဲ ။ ဘယ်တော့နှုတ်ထွက်သွားမလဲလို.တောင် မကြာခဏ ထင်မိတယ် ။ သူလူတွေဟာ သူထင်သလောက်မဟုတ် ဘူး၊ သူမျှော်လင့် သလောက်မဟုတ်ဘူးဆိုတာ
ကို သူလဲ သိပုံရတယ် ၊ ဘုရားပြီး ငြမ်းဖျက် ဆိုတဲ့ စကားလို သူ.လူတွေကသူ.ကို ကန်မထုတ်
ရင်တော်သေးတယ်မှတ်၊ ဒါမျိုးတွေ နေရာတကာမှာဖြစ်တတ်တာဘဲ၊ သူအနီးအနားရှိသူတွေ
ကို သ ပညာပေးနိုင်ပေမဲ့ နားလည်နိုင်တဲ့ အခြေခံရှိမှလဲ ဖြစ်လိမ်မယ့်၊ သူကိုယ်သူအာဏာရှင်
တယောက်ဖြစ်ခဲ့ရင်တောင် နိုင်ငံတ၀ှမ်း အချိန်တိုနဲ့တော့ မဖြစ်ဘူးထင်တယ် ၊သူကိုယ်တိုင်
လဲ လူစင်စစ်က ခွေး မဖြစ် အောင် မနဲ သတိထားနေ ရတဲ့ ပုံရှိနေတယ် ၊ တလှမ်းမှားလို ချော်လဲတဲ့ ဘိုးသူတော်ကို တောင်မွှေးက မထူနိုင်သလို ပေါ့ဗျာ ၊
လူအပြောင်းအလဲ ရှိမှာကတော့ မလွဲပါဘူး ၊ ငကန်းသေ ငစွေ မလာဘို.အရေးကြီးတယ် လူထုအပေါ်ဘဲသတ္တုကျမယ်၊ လူတွေကို လူတွေကဘဲ ရွေးအုံးမယ် မဟုတ်လား။
ပြီးခဲ့တဲ့ အပိုင်းက အမာခံတွေ အမြုတေတွေ တင်းပြည့်တွေ တင်းမပြည့်တပြည့်တွေတောင် ဘာဖြစ်ကုန်သလဲ ၊ သူတို.တွေ ဘယ်ရောက်ကုန်ကြသလဲ၊ ကိုရင်ကြီးမှတ်မိမှာပေါ့ ။ ကျစ်လစ်လှပြီလို.မှတ်ယူခဲ့ကြတာဘဲ မဟုတ်လား ၊ ဘာသာ သသနာတွေဟာ သန်.ရှင်းပြီးသားပါ ၊ ညစ်ပတ်အောင်လုပ်နေတာ အလွဲသုံးစားလုပ်နေတာ လူတွေနဲ့.အယောင်
ဆောင် သင်္ဃန်းဝတ်တွေဘဲ ။ ဘာသာတိုင်းမှာ ဒါမျိုးတွေရှိကြတယ် ၊ဘာသာတရားကိုင်းရှိုင်း
သူတွေက အဲသလိုလူတွေ ပုဂိုလ်တွေကို လက်မခံ ကြတာမှန်ပေမဲ့ ဘယ်ရှားဖေါ်ထုတ်ဘို.တော့ ၀န်လေးကြမယ်ထင်တယ်။
တဆက်ထဲပြောခြင်တာက မြန်မာနိုင်ငံနဲ့ မြန်မာတွေကောင်းစားဘို. လူတို.အတွက် ရှိသင့် တဲ့ ဗလ ၅ တန်ဆိုတာ ၊ တကယ်သာ ပြည်စုံမယ် ဆိုရင် ၅ တန် ကုန်တင် ထရပ်ကားကြီး ၅ စင်း၊ အစင်း ၅၀ ၊ အစင်း ၅၀၀ မကတို.နဲ့.တောင် သယ်ယူလို.မရနိုင်အောင် များပြားလှလိမ့်
မယ်၊ ဒါကိုသဘောပေါက် ကြလို.ထင်ပါရဲ့ မနိုင်တဲ့ ၀န်ကိုမထမ်းလိုကြပုံရှိကြ တယ် ။
ဥာဏဗလ စာရိတ္တဗလအကြောင်း ပြောခြင် ဆိုခြင် ဆွေးနွေးခြင်ပုံ မရှိကြဘူး ။ ဘာကြောင့်
လဲ ။ ဥာဏဗလ စာရိတ္တဗလ ဟာ ဘယ်လောက် အရေးကြီး အရေးပါတယ် ဆိုတာ ပြောလို.မဆုံးနိုင်လို.ဘဲ ။စည်းကမ်းအကြောင်းပြော ရင်လဲ တီ ကို ဆားနဲ. တီကို တို.လိုက်သလို
ဆိုတော ကိုရင်ကြီးဘဲ စဉ်းစားံကြည့်လေ။ မြန်မာတွေ ဘာစည်းကမ်းကိုမှ ကြိုက်ပုံမရှိဘူး ။
မြန်မာတွေဟာ ဗုဓ္ဒဘာသာတွေ ဗုဓ္ဒယဉ်ကျေးမှု ဟာ မြန်မာ့ ယဉ်ကျေးမှူဘဲ . အခြားဘာသာ
တွေ နဲ့ နိုင်းယှဉ်ကြည့် ခြင် ကြည့်နိုင်သေးတယ် ။ ယဉ်ကျေးမှူဆိုတာထဲမှာ စည်းကမ်းပါလာ
တယ် ။ သံဃာတွေအတွက် ချနဲ့ စည်းကမ်း လူတွေအတွက် စည်းကမ်းစတဲ့ စည်းကမ်းတွေ နေရာတကာမှာ တွေရတယ်၊ ဘာသာတိုင်းမှာ တွေရတယ် ၊မြန်မာမှူ မှာ လူ.စည်း နတ်စည်း ခွေးစည်း ဆိုပြီး စည်း ၃ စည်း ပြောစမှတ်ရှိတယ် ။ စည်းမရှိတဲ.လူ ဟာ ဘာသာတရား မရှိတဲ့ သူ လို.မှတ်ယူရမှာ ဘဲပေါ့ ။
တခါ ဥာဏဗလ ဥာဏ်ပညာကြီး ခြင်း ၊ စာရိတ္တဗလ အကျင်.စာရိတ္တသီလ သမာဓိ ပြည်စုံခြင်း ဆိုတာဟာ အဓိက ဖြစ်ပြီး ၊ ကာယဗလ ခွန်အားကြီးခြင်း ၊ ဘောဂဗလ ပစ္စည်းဥစ္စာ ပေါများခြင်း ၊ မိတ္တဗလ မိတ်တွေ သင်္ဂဟပေါများခြင်း တွေကိုပါ ဖြစ်စေတယ် ၊ ကာမိတယ်လို. ဆိုလိုက်ပြန်တော့ ၊ အဲဒီမှ -၀က်ဝက် ပိုကွဲသွားပြန်ပါရော ။ ဒီ ဗလ ၂ တန်နဲ. ဘဲ မြန်မာတွေ မနိုင်မနင်းနဲ့.ထိုင်နေရာက မထနိင် ဖြစ်နေပုံရှိတယ် ။ အတော်ကို လေးနေပုံ
ရှိပြန်တယ် ။
စာရိတ္တဗလ ဆိုတော့ စကားသစ် စကားဆန်းလို.များ ထင်နေကြသူတွေ ရှိနေမလား ၊ နားများမလည်လို့လား ဘဲ၊ လူဘိန်း နားလည်အောင်ပြောရရင် အဂတိလိုက်စားမှု သောက်ကျင့်ဆိုးတွေ ကင်းရှင်းတာကိုပြောတာဘဲ ၊ ဘယ်လိုယူဆရမလဲ ? ဥာဏ်ပညာနဲပါးပါတယ် ၊ ဆိုတာကို မခံခြင်လို.လား ၊ ဥာဏ်ပညာတိုးပွား အောင် ပညာ ဗဟုသုတရှာရမှာကို ရှက်လို.လား ၊ ၊ သူများ ဆရာလုပ်မှာကို လက်မခံနိုင်လို.လား။ ဘယ်သူ.ကို ဆရာတင်ရမယ် မသိလို.လား ။ ဒီလိုဆိုရင်လဲ ၊ သင်ဆရာ မြင်ဆရာ ကြားဆရာ ဆိုတဲ့ ဆရာ ၃ ပါးထဲက၊ လက်ဦးဆရာပီထိုက်စွာ ပုဗ္ပါစရိယ မိနဲ့ဖ. ၂ ပါးနဲ့ ကို မြင်ဆရာနဲ့ ကြားဆရာတွေကိ မပြတ်စည်းကပ်ရင် အခြား ဘယ်သူ.မှဆရာ တင်နေ စရာမလိုဘူး. ကိုယ့်ဟာကိုယ် လေ.လာသိမှတ်လို.ရပါတယ်။ ဘယ်ဆရာဘဲ ဖြစ်ဖြစ်ကိုတော့ မမေ့ကောင်းဘူး ၊
မြန်မာမှူမှာ ဘုန်းကြီးတပါး အကြောင်း ကြားဘူးကြမှာပေါ့ ၊ သူ.ကို စာမတတ်ဘူး ငြုတ်ကြည်ပွေ. အတက်ပေါက်မှ စာတတ်မဲ့သူလို. အလေးမစားလှောင်ပြောင်ကြသတဲံ ၊ မခံနိုင်လို. ကြိတ်ပြီး စာသင်ခဲ့ရာက စာတတ်ရုံတင်မက စာမေးပွဲပါအောင်ခဲတဲ့ ဦးကြည်ပွေ. အဖြစ် ကျော်ကြားခဲ့ ရတယ် လို.မှတ်သားရဘူးပါတယ် ။
မြန်မာနိုငံမှာ အသက်အပိုင်းအခြားမရှိ ပညာသင်နိုင်ဘို. အခွင့်အလန်းတွေ ပေးထားတယ် ။ သက်ကြီး တက္ကသိုလ် ၊ လုပ်သားကောလိပ်၊ စာပေးစာယူသင်တန်း စက်မှု လက်မှုကျောင်း
တွေ အပါအ၀င် အခြားပညာ သင်ဌာနတွေ အသီးသီး ရှိကြပါတယ် ၊ ခုဆိုရင် ပုဂလိကတွေ ဖွင့်တဲ့ ပညာသင်ဌာနအမျိုးမျိုးလဲ အပြည့်ရှိနေပါတယ် ။ လူတိုင်းဟာ ဦးကြည်ပွေ.ဖြစ်နိုင်ပါ
တယ် ပညာမယူရင် ကိုယ် သာ ညံ့ရာရောက်ပါမယ်၊ ။ ပညာမရှိရင် ၊ နဲရင် သူတပါးမလေးစား
လှောင်ပြောင်တာ ခံရနိုင်ပါတယ် ၊ အဆိုးဆုံးက သူတပါး ခိုင်းဖတ် ၊ သူ.စိတ်နဲ့ကိုယ့် ကိုယ်.ဖြစ်ရပါလိမ့်မယ် ။ ဥာဏဗလ ဆိုတာ အချိန်အပိုင်းအခြားမရှိ ရယူနိုင်ပါတယ် ။ စွန်.အ
နားမကြား မျက်ကန်း သူတွေတောင် ပညာယူလို.ရကြပါ တယ် ။ ဗဟုသုတ ကြွယ်ကြ
ပါတယ် ။
ဥာဏဗလပြည့်စုံရင် အမှားအမှန် ပိုမို ဝေဖန်ပိုင်းခြားနိုင်ပါလိမ့်မယ် ၊ အမှန်ကို လက်ခံနိုင်ပါ
လိမ့်မယ်၊ အမှားနဲပါလိမ့် မယ် အမှားကျုးလွန်ဘို.လမ်းနဲ့ဝေးပါလိမ်.မယ် ၊ ဖြစ်လာတဲ့ အမှားကို အမြန်ပြင်ဆင်နိုင်ပါလိမ့်မယ် ၊ ဥာဏဗလ ပြည့်စုံကြရင် တာဝန်အရအုပ်ချုပ်သူ
ရော တာဝန်ပေးသူ အအုပ်ချုပ်ခံတွေကြား နားလည်မှူ အပြည့် ရှိကြမျာမို. နိုင်ငံသားအားလုံး
စည်းလုံးညီညွတ်ကြပြီး နိုငိငံတော် အေးချမ်းသာယာဘို မျှေင်လ့င်ရပါတယ် ။ အပ ပယောဂ မ၀င်ဘို. အရေးကြီးပါတယ်။
တခါတလေမှာ မိမိရဲ့ အောင်မြင်မှုအတွက် နားထင်သွေးရောက်ရာက သွေးကြောပြတ်ပြီး ဦးနှောက်ထဲ သွေးဝင်တဲ့ အခါ ၊ အုပ်ချုပ်သူဟာ သွေးရူးသွေးတန်းဖြစ် သူ.ကိုသူ အရှင်သခင်လို. မှတ်ယူတတ်ပါတယ် ။ မအောင်မြင်သူကလဲ ကိုယ် ဖြစ်ခြင်တာ မဖြစ်ရလို. ရှက်ရမ်းရမ်း ပြီး နီးရာဒါးနဲ. မြင်သူကို လိုက်တော့တာဘဲ ။ ဂေါတမနဲ့ မတွေ.ရင်ဘယ် အထိရောက်မယ်ဆိုတာ မသိနိုင်တဲ့ အင်္ဂုလိမါလနဲ.နိုင်းရမလား ? ဒါမျိုးတွေ ကျုပ်တိုဆီမှာ ရှိဘူးတယ် ၊ နောင်မှာ ရှိမလာဘူးလို.တော သေချာပေါက် ပြောလို မရဘူး ။ ဒီနေ. မြန်မာနိုင်ငံ ရဲ့ အခြေအနေမှန်ဟာ ဖွဲမီး လို. တငွေ.ငွေ. လောင်နေဆဲ ဘဲ ဖြစ်တာကို ၀န်ခံ ရလိမ့်မယ် ။ အသူရာဂျောက်ကြီး ဆိုတာရဲ့ နှုတ်ခမ်းဝ ကိုမရောက်ဘို.အရေးကြီး တယ် ကိုရင်ကြီး ။
တော်လိုက်အုံးမယ် ပျော် ပျော် ပါးပါးပေါ့ ။