Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

ရေဘေးနဲ့ ဘုန်းကြီးကို ခုတုန်းလုပ်ပြီး လဘ်ထိုးတဲ့ သူပုန်တွေ ။

9 views
Skip to first unread message

minkyaw thuyein

unread,
Aug 7, 2015, 2:56:10 AM8/7/15
to
တိုင်းချစ် ပြည်ချစ် မျိုးချစ် ပေါင်းတို.။

ဒီနေ. မြန်မာနိုငံမှာ ရေဘေးအန္တရယ် အကြီးအကျယ် ဆိုက်ရောက်နေတဲ့ အချိန် ။ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် တာဝန်ရှိသူတွေ ၊ လမ်းပေါ်က သာမန် လူတွေ စိတ်ရော ကိုယ်ပါ မအား လပ် ရှိနေကြတယ်။ ဒီထဲမှာ Jump on the wagon လိုပြောရင် ရမလား မြန်မာနိင်ငံမှာ လူတကာက ခွက်တစ်လုံး ချင်းတောင်း တစ်လုံးဆွဲပြီး လူတိုင်း လိုလို ရေဘေး ရံပုံငွေ ကောက်ခံ နေကြလိုတော့ မဖြစ်ဘူး ထင်တယ်။ အလှုခံ အဖွဲ.ဆိုတာ အစိုးရက အသိအမှတ်ပြု မှတ်ပုံတင်ထားတဲ့ အဖွဲ. တွေသာ ဖြစ်သင့်တယ် ၊ မြန်မာလို နိုင်ငံ မျိုးမှာ လုပ်ရတာ ခက်တယ် ဆိုတာလဲ သိပါတယ် ။ ခက်ခြင်ဘဲ ခက်ခက် ခက်တာကို အောငိမြင်အောင် လုပ်ရလိမ့်မယ် ၊ အလှုခံတာ ဟာ ဖုံးတောင်းရာစကာ သူတောင်းစားနဲ့ တန်းတူ သွားရင် တော့ မကောင်းဘူး လို ပြောခြင်တယ် ။

ဒီလို ပြောလိုက်လို ဗုဓ္ဒဘာသာဝင် မပီသရာ ၊ စေတနာ သဒ္ဒါတရားကင်းမဲ့ သူအဖြစ် သမုတ်ခံရနိုင်တယ်။ ပြောခြင်တာ ပြောကြ ပါစေ ဒီနေ. မြန်မာနိင့်မှာ ခေါင်းမှာ ဂျို မပါတဲ့ လူလိမ် လူကောက် တွေ .လမ်းပေါ်မှာ ပိုများနေတာကတော့ အမှန်ဘဲ ။ ၁၉၆၇ ခုနှစ် လောက်က ရခိုင်ရေးဘေး ၊၂၀၀၈ ခု က နာဂစ် လေမုန်တိုင်း အရေးတွေ မတိုင်ခင် ထဲက ဗုဓ္ဒဘာသာ ပါတ်ဝန်ကျင်မှာ အလှုခံ တွေ ပေါများလှတာ တွေရတယ် ။ အလိမ့် အညာ တွေကို အရေးယူ ရင် မီဒီယာတွေက အစိုးရကို ဘဲ အပစ်တင်အုံးမယ် မစစ်ဆေးပြန် တော့လဲ မစစ် ဆေးရမလားတဲ့ ။

ဒီနေ. စိတ်ဝင်စားစရာ သတင်း ၃ ပုတ်ကို ကောက်နှုတ်ပြီး ကိုယ် အမြင်အယူအဆ တွေကိုပါ တင်ပြလိုက် တာ ဖြစ်တယ် ။ ပဌမ ဆုံး တင်ပြခြင်တာက -

၁။ နိုင်ငံတွင်း သြဇာအရှိန်အ၀ါကြီးမားသူ သီတဂူဆရာတော်ဘုရား ဖွဲ့စည်းလိုက်သည့် ရေဘေးကယ်ဆယ်ရေး ကော်မတီသို့ ကိုးကန့်နှင့် ပလောင်တိုင်းရင်းသားလက်နက်ကိုင်မှ ငွေကျပ် ၈၀ သန်း ပေးပို့ လှူဒါန်းကြောင်း သတင်းရရှိသည် ။ ဆိုတာကို အံ့သြ စွာတွေ လိုကရတယ် ။

“ မကြာသေးမီက မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ကိုးကန့်လက်နက် ကိုင်အဖွဲ့ (MNDAA) ထံမှ လှူဒါန်းငွေ ကျပ် ၅၀ သန်းနှင့် တအောင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် TNLA တို့ ထံမှာ ကျပ် ၃၀ သန်းတို့ကို လက်ခံရရှိခဲ့သည်ဟု ကော်မတီက ပြောကြားခဲ့သည်။” ဆိုတဲ့ နိုင်ငံတွင်း သြဇာ အရှိန် အ၀ါကြီးမားသူ သီတဂူ ဆရာတော်ဘုရား ဖွဲ့စည်းလိုက်သည့် ရေဘေးကယ်ဆယ်ရေးကော်မတီသို့ ကိုးကန့် နှင့် ပလောင်တိုင်းရင်းသားလက်နက်ကိုင်မှ ငွေကျပ် ၈၀ သန်း ပေးပို့ လှူဒါန်းကြောင်း သတင်း ရရှိသည်။” ဆိုတဲ့ သတင်း-

သူခိုးကြီး ငတက်ဖျား တယောက်ဟာ ခိုးရသမျှ ငွေနဲ့ ' မရှိခဏ ' စေတီ တည်ခဲ့တာ အခုထိ အညာဒေသမှာ ရှိတုန်းဘဲလို. သိရပါတယ် ။ ငတက်ဖျားဟာ သူခိုးမှန်သော်ငြားလဲ ဘုရား တကာဆိုတာတော့ မငြင်း နိုင်ပါ ဘူး။ ဒီနေ.မြန်မာတနိုင်ငံလုံး ဒေသအများမှာ ရေလွှမ်းမိုးမှု အန္တရယ် ကပ်ကြီး ဆိုက်ရောက်နေတာကြောင့် ရဟန်း ရှင် လူအများ ဒုက္ခကြုံ တွေ.နေရ ပါတယ် ။ အတိုင်းတိုင်းအပြည်ပြည် အနယ်နယ်အရပ်ရပ်က လူမျိုးဘာသာ မခွဲခြားသော သူတော်ကောင်း အလှုရှင်များရဲ စေတနာ သဒ္ဒါတရားထက်သန်မှု တွေကိုလဲ အားရ၀မ်းသာစွာ တွေယရပါတာ် သာဓု ၉ ကြိမ် ခေါ်ရပါတယ် ။

ဒါပေမဲ့ ကိုး ကန်.လက်နက်ကိုင်အဖွဲ့ (MNDAA) နဲ့ တအောင်းအမျိုးသား လွတ် မြောက် ရေးတပ်မတော် TNLA တို.ဟာ အစိုးရကို- တပ်အတော်ကို ဆန်ုကျင် တိုက်ခိုက်နေတဲ့အဖွဲ.တွေ၊ နိုင်ငံနဲ့ နိုင်ငံသားတွေကို တဖက်တလမ်းက ဆန်ုကျင် တိုကခိုက် ဒုက္ခပေး နေတဲ့ လူသတ်နေတဲ့ အဖွဲတွေ ဆိုတာကို လဲ သတိမေ့ လို.မဖြစ် နိုင်သေးပါဘူး။ ပြုဘူးတဲ့ ကောင်း မှု ကို ကောင်းမှု လို.သာ မှတ်ယူရပါ မယ် ၊၊

အခု လုပ်ရပ်ဟာ ဒိအဖွဲတွေက ရေဘေး ဒုက္ခသယ်တွေကို ခုတုန်းလုပ်ပြီး အင်အား ပြတာ လို. ယူဆသူတွေ ရှိနိုင်သလို၊ အစိုးရနဲ့ တပ်မတော်ကို သူတို အလိုသို.ပါအောင် သီတဂူ ဆရာတော်အဖွဲ့.ကို ပွဲစားအဖြစ်သုံးဘို စရန်ပေး လဘ်ထိုး လိုက်တာဘဲလို. ယူဆသူလဲရှိ နိုင်တယ် ။

သီတဂူ ဆရာတော်ရဲ့  ကောင်းမှု ဆောင်ရွက်ချက် တွေဟာ နိုင်ငံတွင်း သြဇာ အရှိန်အ၀ါကြီး မားသူ ဖြစ်လာစေသလို ။ အပြောမတော် တခွန်း။ အစားမတော် တစ်လုပ် အသွားမတော် တစ်လှမ်း ၊ အထိုင်အတော် ဂေါ်ပွေး ဆိုသလို ၊ သီတာဂူ ဆရာတော်ဟာ သြဇာ အရှိန်အ၀ါ ကျဆင်းဘို အချိန်များရောက်လာနေပြိလားလို စိုးရိမ်နေသူတွေလဲ ရှိနေပါတယ် လို. ဆိုခြင် တယ် ။

၂။ နောက်သတင်း တပုဒ်မှာတော့ “ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်-NCA ကို လက်မှတ်ရေး ထိုးနိုင်ရေးအပြင် နိုင်ငံရေးတွေ့ ဆုံ ဆွေးနွေးပွဲများ အမြန်ဆုံး ပြုလုပ်နိုင် ရန် အတွက် အစိုးရတပ်နှင့် တိုက် ခိုက်နေရ ဆဲဖြစ်သည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့က တပြိုင်နက်တည်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်လို ကြောင်း သြဂုတ်လ ၅ ရက်နေ့က အစိုးရထံ ကမ်းလှမ်းလိုက်သည်။ ဆိုတဲ KIC သတင်း ဘဲ ။

ထောက်ပြခြင်တာက မြန်မာနိုင်ငံတော် ဆိုတာ တနိုင်ငံဘဲ ရှိပါတယ် ဘယ်သိုသော ဆွေနွေး ပွဲ မဆိုတာဟာ တစ်ခုတည်းသော မြန်မာနိုင်ငံတော်နဲ တစ်သားတည်း သော နိင်ငံသားတိုအတွက် မူ တစ်မူ တည်း သာ ဖြစ်သင့်ပါတယ် ။

၂ နှစ်ကျော်ကြာ ဆွေးနွေးခဲ့ကြပြီး ဒိမိုကရေစီ ဘောင်အရ အများ သဘောတူညီချက် ရထားပြီး ဖြစ်တာကို ၈ျီးများနေတဲ့ ရီးစားတွေကို မလိုက်ရော သင့်တော့ပါဘူး။ သူတို လက်မခံ ဘဲ လက်တဲ့ စမ်းခဲ့တာ. အခုမှ ဘွာဘွာ ဆိုတာကိုလဲ လက်မခံ သင့်တော့ပါဘူး။ သမိုင်းစဉ် လာ အရလဲ သူတို ဖေါက်ခြင်တဲ့ အချိန်ဖေါက် နေတဲ့ ခွေးရူးပြန် ၀က်ရူးပြန် ရောဂါရှင်တွေပါ ။ ဘယ့်နဲ့ ဗျာ ကလေးတွေမှာ မဟုတ်တာ ။ သူတို စိတ် ဖေါက်လာရင် လူကြီးတွေကို ဆောင့် ကန်နေတာ ဘဲ ခံနေရတော့မှာ လား?

ေ ကောင်းတဲ့ စကား လူတိုင်း ပြောကြပေမဲ့ ကောင်းတာကို လူတိုင်း လုပ်ကြမှလဲ ဖြစ်မှာပါ ။ အစိုးရနဲ့ တပ်မတော် အပြင် တခြားအဖွဲဝင် လူကြီးတွေကိုပါ အသုံးမကျသူတွေလို မလေးမ စား လုပ်ခဲ့သူတွေဟာ ဘယ်တော့မှ ဖြောင့်မဲ့ သူတွေလဲ မဟုတ်ဘူး။ ပေးခဲ့ရတဲ့ သွေး ချွှေး အသက်တွေကို ထောက်ထားကြပါအုံး လူကြီးမင်းတို.ရယ် ။ ပြီးတာတွေ ပြီးပါစေလို လွယ်လွယ်ပြောခဲ့ ပေါင်းလဲများလှပါပြီး ။ 'ကိုယ့်ကိုကိုယ်ပင် သနားပါ များသတ္တ၀ါ' ဆိုတဲ့ စကားရှိပါတယ် ။ အဓိပါယ် နားလည်ဘို.ကြိုးစားပါ ။

၃။ နောက်ဆုံးတင်ပြခြင်တဲ့သတင်းကတော့ “ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အားလုံး ပါဝင် လက်မှတ်ရေး ထိုးနိုင်ရေးဆိုတဲ့ တိုင်းရင်းသားတွေဘက်က တောင်းဆိုထား တဲ့ မူ ကြောင့် ၂ နှစ်နီးပါးကြာ ဆွေးနွေးခဲ့တဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း ပျက်သွားမှာကို စိုးရိမ် တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောလိုက်ပါတယ်။” ဆိုတဲ့ RFA သတင်း ကို တုန်.ပြန်ခြင်တာပါ့ - - -

သာမန် နိုင်ငံသားတယောက်အနေနဲ့ခံစားချက်အတိုင်းပြော ရရင် 'အပစ်ရပ်စာချုပ်မူကြမ်း ပျက် သွားမှာ စိုးရိမ်တယ်' ဆိုရင် နောက်ထပ် အပြင် မခံသင့်ပါဘူး လို. ပြောခြင်တယ် ၊သဘောတူပြီးထားကြပြီးဘဲ မဟုတ်လား ။ ဒီမိုကရေစီအရ ၊ အများက သဘောတူထားရင် လုံလောက်နေတာဘဲ။ ဒီမိုကရေစီကို ပျက်ချော်အောင်လုပ်တာကို လုံးဝ ခွင့် မပြုသင့်ဘူး။

ကိုယ်ကို အရူးလုပ်တာ ခံ ရင် သူတိုလုပ်လို.မဟုတ်ဘူး ကိုယ်တိုင်က ရူးနေလို့၊ ကိုယ် ညံ့လို.ဘဲ လို.ပြောမယ် ။ ပြည်သူတွေက ကိုယ့် အပေါ် ယုံကြည်မှု ပိုပြီး လျှော့ပါး လာလိမ့်မယ် အခုလဲ ဘယ်လောက် သဘော တူတူ ဘာတွေဘဲ ရရ ၊ သူတို.ဖေါက်ခြင်တဲ့အချိန် ဖေါက် အုံး မှာဘဲ ဆို တာ ကို ၆၈ နှစ် သမိုင်းတလျှောက် တွေခဲ့ကြုံ.ခဲ့ရတာဘဲ မဟုတ်လား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ထည်.သွင်း စဉ်းစားဘို လိုလိမ့်မယ် ။ /

Sando

unread,
Aug 8, 2015, 4:25:37 AM8/8/15
to
" အလှုခံတာ ဟာ ဖုံးတောင်းရာစကာ သူတောင်းစားနဲ့ တန်းတူ သွားရင် တော့ မကောင်း ဘူး လို ပြောခြင်တယ် ။ " တဲ့

" ဒီလို ပြောလိုက်လို ဗုဓ္ဒဘာသာဝင် မပီသရာ ၊ စေတနာ သဒ္ဒါတရားကင်းမဲ့ သူအဖြစ် သမုတ်ခံရနိုင်တယ်။ ပြောခြင်တာ ပြောကြ ပါစေ ဒီနေ. မြန်မာနိင့်မှာ ခေါင်းမှာ ဂျို မပါတဲ့ လူလိမ် လူကောက် တွေ .လမ်းပေါ်မှာ ပိုများနေတာကတော့ အမှန်ဘဲ ။ ၁၉၆၇ ခုနှစ် လောက်က ရခိုင်ရေးဘေး ၊၂၀၀၈ ခု က နာဂစ် လေမုန်တိုင်း အရေးတွေ မတိုင်ခင် ထဲက ဗုဓ္ဒဘာသာ ပါတ်ဝန်ကျင်မှာ အလှုခံ တွေ ပေါများလှတာ တွေရတယ် ။ အလိမ့် အညာ တွေကို အရေးယူ ရင် မီဒီယာတွေက အစိုးရကို ဘဲ အပစ်တင်အုံးမယ် မစစ်ဆေးပြန် တော့ လဲ မစစ် ဆေးရမလားတဲ့ "။ လိုလဲ ပြောထားသေးတယ် ။

ဟုတ်လိုက်လေဗျာ ၊ ပိုပြီးထင်ရှား အောင် ပြုဘိုမှာ ဗုဓ္ဒဘာသာက ဘယ်လိုဆိုထားတယ် ဆိုတာလေးလဲ ထည့်ပြောမှ သင့်မှာမို ဒီကဘဲ အမိုကခံ ပြောလိုက်တော့မယ် ။

မြန်မာတွေဟာ ဘုရားဟောတဲ့ တရားထဲက ဒါနဉ္စ ဒါနပြု ခြင်းဆိုတဲ့ အလှု ကို နိဗ္ပာန် သို. ရောက်ရာ အထောက်အပံ့ဖြစ်စေဘို.ဆိုတဲ့ ယုံကြည်ချက် နဲ့ လုပ်ကြ ပါတယ် ၊ မရှိရင် မစားဘူး မ၀တ်ဘူး မနေဘူး။ ရှိတာကိ ရှိသမျှကို အကုန်လှုမယ် ဆိုတာ မြန်မာတွေဘဲ ။
မ်ြမာတေါ လူ.အဆင့်အတန်း မမီဖြစ်နေရတာ လူတလုံး သူတလုံး မဖြစ်ရတာ ဒါကြောင့်များ လားလို စဉ်းစားစရာဖြစ်နေတယ် ။

သူတိုလှုတဲ့ အလှုဒါနကြောင့် ချမ်းသာသူတွေ ချမ်းသာနေကြတယ် သူတိုသာ ဆင်းရဲနေ တယ် ဆိုတာတွေကိုလဲ မျက်မြင် ဒိတ္တဘဲ မဟုတ်လား ။ ဆင်းရဲ ပါတယ် လို တညီးထဲ ညီးနေတယ် ဆင်းရဲခြင်းလွတ်ကင်းအောင် နောက်ထပ် ရသမျှကို လှုပြန်တယ် ။

ဗုဓ္ဒဘာသာမှာ ဒီလို လှုတယ်ဆိုတာ လှုသင့်သူကို လှူအပ်တယ် လို ဆုံးမထားတာ ကလဲ ရှီပါတယ် ။ လုပ်သင့် တာကို လုပ်ဘို. ဆိုတာကို ဗုဓ္ဒဘာသာမှာ ပြောထား ဆုံးမ တိုက်တွန်း ထားပါတယ်၊ သွန်သင် တာတွေကတော့ အများကြီးပါ ၊ ဂါရဝေါစ နိဝါတောစ ဆိုတဲ့ ရိုသေ ထိုက်သူကို ရိုသေပါ ဆိုတာ မျိုးတွေပေါ့ ။

ဒီထဲ မှာ ပေးကားပေး၏ မရ ၊ ကျွှေးကားကျွေး၏ မ၀ ဆိုတာလဲ ရှိပါသေးတယ် ။ လှုတိုင်း တန်းတိုင်း အလှု.ရှင် ကုသိုလ် မရဘူးလိုတော့ မဆိုပါဘူး။ အလှု ဒါန တိုင်းဟာ ကုသိုလ် တမျိုးမဟုတ် တမျိုးတော့ ရတာချည်းဘဲ လိုမှတ်သား ရဘူးတယ် ။

အလှု ဒါနပြုရာမှာ ဘယ်သို.သော( အလှုခံ ပုဂိုလ်)ကို ပြုတယ် ဆိုတာပေါ်မှာတည်ပြီး ကုသိုလ် ဘယ်လောက်ရတယ် ၊ ဘယ်လောက်မြတ်တယ် ဆိုတာကို သတ်မှတ် ထားတာ ရှိတယ်လို. တချို.ဘုန်းကြီးတွေ ပြောကြတာတော့ ကြားဘူး တယ်။

ခွေး တိရိစ္ဆာန် တွေကို လှုတာ - ပစ္စေက ဗုဓ္ဒ ရဟန္တာတွေကို လှု တဲ့ ကုသိုလ်အဆင့်ချင်း ကွားခြားမှု ရှိတယ် ဆိုတာတော့ ကြားဘူး သလားလို. ။

ဆင်းရဲ ချမ်းသာကွာခြားမှု ကို ဗုဓ္ဒဘာသာ က အတိတ် အစဉ်အဆက်က ပါရမီ ကုသိုလ် အကုသိုလ် တို.ကြောင့်လို ဆိုပါတယ် ။ ဆင်းရဲဒုက္ခ ကင်းအောင် နည်းလမ်းတွေလဲ ပေး ထားပါတယ် ။ သေသေချာချာ သိခြင်ရင် တော. သူတို ( ဘုန်းကြီး) တွေုကိုသာ မေးတော့ သူတိုပါးစပ်က ပြောတာကို ကိုယ့် နားနဲ့ဆပ်ဆပ်ကြားရရင် ပိုကောင်းတာပေါ့။

အခုခေတ် တချိုလူတွေရဲ့ ဆင်းရဲ ချမ်းသာမှုအေပါ် ယုံကြည်ချက်တွေကတော့ တမျိုးဆို တာ လဲ ပြောဘို လိုမယ် မထင်ပါဘူး။ ဥပမာ ငါတိုဆင်းရဲ ရတာ နင်တို ချမ်းသာလို ဆိုတဲ့ အမြင်မျိုးတွေ ၊ ငါတိုကို ခေါင်းပုံဖြတ်ပြီး နင်တိုချမ်းသာနေကြတာဆိုတဲ့ အမ်ြငမျိုးတွေနဲ.ချမ်းသားသူတွေကို ဆင်းရဲသူတွေက ရန်သူလိုသဘောထားတိုက်ခိုက် တတ်နိုင်သမျှ ပဋိပက္ခ တွေကို ဖန်တီးနေတယ် ။

ဒီနေရာမှာ ချမ်းသာသူတွေကလဲ ၊ ဆင်းရဲသူတွေကို ခုတုန်းလုပ်အသုံးချပြီး တခြား ချမ်းသာ သူတွေ ကို နည်းအမျိုးမျိုး ၊ အကြောင်းပြ ၊ဆင်ခြေအမျိုးမျိုးနဲ့ ဒါးပြတိုက် လုယူ နေကြတာ ကိုလဲ တွေ.နေရတယ်။

ခုတုန်းလုပ် အသုံးချခံရတဲ့ ဆင်းရဲသူတွေထဲ့ က ဘယ်နှစ်ယောက် ချမ်းသာလာတယ် ဆိုတာ တော့ လိုက်ပြီးလဲ စာရင်းမကောက် မိဘူး။

စေတနာ အရင်းခံကြောင့် အနဲအများမဆို ဘဲ ဖြစ်စေ ၊ ခေတ်စကားအရ ပကာသန ကြောင့် ဘဲ ဖြစ်စေ လှုတဲ့ ဒီအလှုရဲ့ အကျိုးကို ရရှိခံစား ရသူတွေကတော့ ရှိတာအမှန်ပါဘဲ ။

ဗုဓ္ဒ ကျမ်းခန် တွေမှာ သူဌေး သူကြွယ်တွေ မင်း စိုး ရာဇာ တွေရဲ အလှု ဆိုတာတွေကို ဖတ် ရပါတယ် ။သူတိုရဲ အလှုတွေဟာ မရှိခဲ့ရင် ဗုဓ္ဒဘာသာတောင် မထွန်းကားနိုင်ဘူးလို တချို.က ဆိုတယ် ။

ဒီနေ. မြန်မာနိင်ငံမှာလို သဘာဝ ဘေး ကပ်ကြီးတွေ ဆိုက်ရောက်တာကို - တချိုက မင်းဆိုး မင်းညစ် - အစိုးရ မကောင်း လို ဖြစ်ရတာ - မင်းပြောင်းမင်းလဲ ရှိတော့မယ် စသဖြင့် ကိုယ် လိုရာ တွေးကြ ပြောကြတယ်။ ဒါလောက်ဘဲ သူတို.စိတ်-၀င်စားနေတယ် အစိုးရ ပြောင်းလဲ သွားရင် သူတို ဘ၀ဟာ ဘယ်ပုံ ဘယ်ပုံ ပြောင်းလဲ သွားမယ် ဆိုတာ သေချာ ပေါက် သိနေ သလိုဘဲ သေချာပေါက် အစီအစဉ်တွေ ရှိနေတယ် ထင်ပါရဲ့ ။

တချို.ကလဲ ဘေးကြီးကပ်ကြီးတွေဟာ လူတွေရဲ့ အကျင့်စာရိတ္တ တွေ ပျက်ဆီးနေကြလို.ဖြစ်ရတာလို ကျမ်းတော်လာ သာဓကတွေ နဲ့ ဆိုကြတယ် ။

ဒီစကားတွေ ထဲမှာ အလှု ပစ္စည်းတွေ ငွေတွေ လိုအပ်သူတွေဆီ လိုရာဆီရောက်ရဲ့ လားလို မေးစရာ တွေပေါ်လာတာကလဲ စီမံခန်းခွဲနေတဲ့သူတွေ တာဝန်ရှိသူ ဆိုသူတွေရဲ့ အကျင့် စာရိတ္တ သီလ တွေကို စမ်းစစ်တာတမျိုးဘဲ ။

မြန်မာနိင်ငံရေဘေးမှာ အမှန်တကယ် အကူအညီလို ဘယ်နှစ်ယောက်ရှိသလဲ .အကူအညီ မလိုဘဲ ကိုယ်ထူကိုယ်ထနိုင်သူ ဘယ်နှစ်ယောက်လဲ ? မလိုအပ်ဘဲ လိုခြင်သူတွေရှိမှာဘဲ အပ်သလို ကယ်ဆယ်ရေး ပြန်လည် ထူထောင် နေရာချ ထား ပေးတာကို အေးအေး ဆေးဆေး လက်ခံမဲ့သူ ရှိရဲလား ၊ ရတာကို မယူ အလကားရမဲ့နွား သွားဖြဲ ကြည့်မဲ့ သူတွေ လဲ ပါ အုံးမှာဘဲ ၊၊

ဒီနေ. အစိုးရလက်ထက်မှာ ရွှေ အစစ်နဲ့ ပြုလုပ်ထားတဲ့ အင်္ကျီ ၀တ်သူတွေတောင် ရှိနေ တာကို လဲ သိရတယ်. သိန်းသန်း ကုဋေ မက လှု တန်းနေတာတွေကိုလဲ တွေရပါတယ်။ သာဓု မခေါ် ဘဲ မနေနိင်ပါဘူး။

ကမ္ဘာမှာ အချမ်းသားဆုံ့းနိင်ငံတွေက အချမ်းသာဆုံးသူတွေတောင် မြန်မာနိုငံက ချမ်းသာ သူလို ရွှေအင်္ကျီ ၀တ်ကြတယ် လို. မကြားဘူး ဘူး။ ကိုယ်တိုင်း ကိုယ်ပြည် ကိုယ့်လူမျိုး အကြောင်း အကုန်အစုံ မသိသေးပါလားဆိုတာတော့ ၀န်ခံမယ် ။

မြန်မာတွေ ဆင်းရဲတယ် မြန်မာနိုင်ငံ ဆင်းရဲ တယ် ဆိုတာကို မြနမာတဦးတယောက်ရဲ ချမ်းသာမှု နဲ့ တော့ ဖုံးကွယ်လို. မရ ပါဘူး ။ အုံပုန်းသီးတွေ ဘယ်လောက်ရှိနေသလဲ တော့ မသိဘူး ပေါ့။

ေ နောက်ဆုံးပြောခြင် တာက မြန်မာနိုင်ငံမှာ ရေဘေး ဒုက္ခ မဖြစိခင်ကထဲ က ဖုန်းတောင် ယာစကာဆိုတာတွေဟာ အလှူပေးလိုသူတွေက်ု အထောက်အကူ သဘောပါ လို.ဘဲ ပြောပြော ၊ ရေသာခိုစိတ်နဲ့ အချောင်စားခြင်နေသူတွေဘဲ ဆိုဆို ရှိနေပြီး ဖြစ်တာကိုရေဘေးကြောင့် အကြောင်းပြချက် နဲ့ ဖုန်းတောင်းယာစကာ အရေအတွက်. ယာယီဖြစ်စေ ၊ အမြဲတန်းဖြစိစေ တိုးလာမှာမျိုးကို တော့ ဘယ်တော့မှ အဖြစ်မခံ ထိုက်ဘူး၊ မဖြစ်ရလေ အောင် ပြုပြင် ပညာပေး အရေး ယူမှုတွေ တော့ လုပ်ဘို လို တယ် လို. အကြံ ပြု ခြင်တယ် //့ 



0 new messages