သမ္မတဖြစ်ချင်သူများးငြိမ်းချမ်းရေးနှင့် အထွေထွေ ဆိုတာကို ပြောရရင် ၊ လက်ရှိသမတ ဦးသိန်းစိန် က တော့ နောက်သက်တန်းရလိုတဲ့ အတွက်လား ၊ ငြိမ်းချမ်းရေးဆု လိုခြင်လို လား ၊ သူကိုယ်တိုင်က ငြိမ်းချမ်းရေး တကယ် လိုလားလို.ဘဲ လား PR stunt လားဆိုတာ သူဟာသူ သာ သိပါလိမ့်မယ် ။
ဦးသိန်းစိန်ဟာ သူ.ရဲ့မှတ် တမ်း တွေအရ စစ်မြေပြင် ဆင်းဘူးသူ စစ်တိုက်ဘူးသူ မဟုတ် ဘူးလို သိရတယ် ။ KIA, KNU /SSA လို ကောင်တွေကတော့ သူ.ကို ချီနေ တုတ်နေ အကြပ် ကိုင်နေတာဘဲ ၊။ သမ္မတ ဟာ သမ္မတ ဖြစ်ပေမဲ့ စစ်မြေပြင် ရှေ.တန်းရဲ့ လက်ရှိ အခြေအနေမှန်ကို တိုင်း စစ်ဌာနချုပ်တိုင်းမှုးတွေနဲ့အတူ ကာချုပ်က သာ အသိဆုံးပါ ၊ ဦးသိန်းစိန် ဟာ ကာချုပ်ရဲ့ အကြံပေးချက်တွေကို မထေမျက်မြင်. လှစ်လှူရှူလို.မရပါဘူး။ ဒီအကြံပေးချက် တွေ အပေါ် မူတည် ပြီး ဆုံးဖြတ်စရာတွေ ရှိပါလိမ့်မယ် ။ ဦးသိန်းစိန် အနေနဲ့ ငြိမ်းချမ်းရေး ရခြင်တိုင်းလဲ မရနှိုင်ပါဘူး ဆိုတာ ပြောခဲ့ဘူးပါတယ် ။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တယောက်ဖြစ်တဲ့ အမေရီကံ သမ္မတ ဘယ်ရက် အိုဘားမား ကို ကြည့်ပါ ။ သူကိုယ်တိုငဟာ ကာချုပ်တယောက် ဖြစ်နေတယ် သူဗိုလ်ချုပ်ကြီးတွေက ပေးတဲ့ ရရှိတဲ့ သတင်းတွေအရ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုနေတာဘဲ ၊ သူ.ဆီက ငြိမ်းချမ်းရေးဆုကိုပြန်ပြီူ ရုတ်သိမ်းသင့်တယ် ။ ဗမာပြည်က အလှမယ် ဆိုတာတယောက် လို ပေါ့ဗျာ ။
ဦးသိန်းစိန်ဟာ သမ္မတအနေနဲ့ ကာချုပ်ရဲ အကြံပေးချက်တွေနဲ့ ဆန်.ကျင်တဲ့ အမိန့်တွေ ဆုံးဖြတ် ချက်တွေ ချမှတ်လိမ့်မယ် လဲ မဟုတ်ပါဘူး ၊ သူစကားမကျွံမိ ဘို.အရေးကြီးပါတယ် တပ်မတော် ကာချုပ်ကို သူက အမိန်းပေးနိုင်သည်တိုင် KIA,KNU, SSA ကိုတော့ သူ အမိန်. ပေး နိုင်မယ် မဟုတ်ပါဘူး။ ရိုးရိုးဘဲ ပြောရရင် သူဟာ သူတိုရဲ သမတ မဟုတ်ပါဘူး။ ဒါပေမဲ့ အထက်က ပြောသလို သူတိုကတော့ ဦးသိန်းစိန်ကို ကြိုးချ ကြိုးဆွဲ ဘို. ကြိုးစားနေကြတယ် ၊ သမတနဲ့ ကာချုပ်(တပ်မတော်) တို.ခွာပြဲအောင် လုပ်နေကြတယ် ဆိုတာ သိသာ ထင်ရှား နေတာဘဲ ကိုရင် ။
ရွှေမန်းတင်မောင် တယောက်ကတော့ငြိမ်းချမ်းရေးနဲ့ ပါတ်သက်လို တလုံးတပါဒ ဟသံ မကြားမိဘူး။ လွှတ်တော် ဥက္ကဌ အနေနဲ.မဆိုင်သေးဘူး ။ သမ္မတဖြစ်ဘို ရည်ရွယ်တယ်ဆို ရင်တော့  အစီအစဉ် စီမံကိန်း တခုတော့ အသင့်ရှိနေမှာဘဲ . သူကတော့ သူရရွှေမန်း ဆိုက ထဲက စစ်ပြန်တယောက် အတွေ.အကြုံရှိသူ၊ အခြေအနေမှန်ကို သိထားသူ တယောက်ဘဲ ။ သူ အနေနဲ့ ငြိမ်းချမ်းရေး အကြောင်း ပြောစရာ မလိုဘူး ။ ပြောဘို.အချိန် မကျ သေးဘူး လို.ယူဆနေပုံရှိတယ် ။
အောင်ဆန်းစုကြည် ကျပြန်တော့လဲ မအူမလည် တယောက်မို. ငတိတွေ က ဦးသိန်းစိန် ကို သုံးသလို သုံးဘို.ကြော့ကွင်းထောင် နေတာဘဲ ။ အောင်ဆန်းစုကြည်ကလဲ ဘာအစီအစဉ် ရှိတယ်တော့ မသိ၊ ၄ ပွင့် ၅ ပွင့် ဆိုတာတွေ ပေးနေတာဘဲ ၊ နှုတ်ကတော့ တိုက်ရိုက်ဘာ မှ ဖေါ်မပြောပေမဲ့ တဦးနဲ့ တဦး အားကို တဲ့ အရိပ်နိမိတ်တွေ ပြနေတာ ရှိတယ် ။
တရားဥပဒေ စိုးမိုးရေးတည်ငြိမ် အေးချမ်းရေး ဆိုတာ အပစ်အခတ်ရပ်ဆဲရေး ငြိမ်းချမ်းရေး ဘဲ လို.တော့ အဓိပါယ်ကောက်လို မရဘူးထင် တယ် ။ ငတိတွေ ထောင်ထားတဲ့ကြော့ကွင်း ထဲ ဥဒေါင်းမ ၀င်မိသွားရင် မောရပရိတ် ရွက်လို ရလိမ့်မယ် မဟုတ်ဘူးဆိုတာ သူသိရ မယ် လို.ဘဲ ပြောတော့မယ် ။
တာဝတိန်သာတို. ငရဲတို.ရောက်ဘို လွယ်ကောင်းလွယ်မယ် ၊ ဗမာပြည်မှာ ငြိမ်းချမ်းရေး ရဘို မလွယ်သေးပါဘူး ကိုရင်ရယ် ။ ဒါကြောင့် လဲ ၄ သင်္ချေနဲ ကမ္ဘာတသိန်းလို. ပြောတာ ပေါ့ ။ //